【 ပညာရှင်မျာ၏အမြင် 】 “အတိုးနဲ့ချေးရတဲ့ ဟာမျိုးဆိုရင်ကို စဉ်းစားဖို့လိုတယ်”

【 ပညာရှင်မျာ၏အမြင် 】 “အတိုးနဲ့ချေးရတဲ့ ဟာမျိုးဆိုရင်ကို စဉ်းစားဖို့လိုတယ်”

မကြာသေးခင်က လျှပ်စစ်ကဲ့သို့ အခြေခံဝန်ဆောင်မှု အခကြေးများ မြင့်တက်လာခဲ့သလို သက်ဆိုင်ရာ ADB လို စီးပွားရေးအဖွဲ့အစည်းမှာ ချေးငွေရဖို့ သတင်းတွေလည်း ပေါ်ထွက်လာခဲ့ပါတယ်။နိုင်ငံအတွင်း အခြေခံအဆောက်အအုံဖြစ်သည့် လမ်းပန်းဆက်သွယ်ရေးတွင် အစိုးရ၏ အကောင်အထည်ဖော်မှုအတွက် ပြည်ပချေးငွေများက အရေးကြီးသလို ယခင်အစိုးရအဆက်ဆက် ချေးယူခဲ့သည့် ချေးငွေများအတွက် ကျရောက်အတိုးကို ပေးဆပ်နေရသည့်အတွက်လည်း အရပ်သားအစိုးရ၏ ပြည်တွင်းစီးပွားရေး အပြောင်းအလဲက ထင်သလောက် ခရီးမပေါက်ခဲ့သည်လည်း ရှိခဲ့ပါတယ်။ယခုမေလတွင် ပြည်တွင်းသို့ ပြည်ပမှ ရင်းနှီးမြုပ်နှံမှု စီးဝင်မှုက ကန်ဒေါ်လာ သန်း ၁၀၀ အောက် ရောက်ခဲ့သည့်အတွက် ပြည်ပချေးငွေ၊ မြေယာပြဿနာနှင့် နိုင်ငံရေးမတည်ငြိမ်မှုက မြန်မာ့စီးပွားရေးအပေါ် သက်ရောက်နေပုံကို ဝါရင့်စီးပွားရေးပညာရှင်နှင့် နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေးပုဂ္ဂိုလ် ဆရာ ဒေါက်တာအောင်ထွန်းသက်အား မေးမြန်းခဲ့ပါတယ်။ဆရာ ဒေါက်တာအောင်ထွန်းသက်၏ ရှုမြင်သုံးသပ်ချက် အပြည့်အစုံကို ယခုတစ်ပတ် အထူးအစီအစဉ်အဖြစ် မေးမြန်းဖော်ပြလိုက်ပါတယ်။

(Opinion Leaders Media အယ်ဒီတာအဖွဲ့)

Opinion Leaders ။     ။ မကြာခင်က တိုင်းနဲ့ပြည်နယ် ၁၄ ခုစလုံးမှာ လူဝင်မှုကြီးကြပ်ရေးနဲ့ ပတ်သက်ပြီးတော့ ဝန်ကြီးဌာနအသစ်ကို ထပ်ဖွဲ့ဖို့ စာထုတ်တာတွေ့တယ် ဆရာ။အဲဒီအခါကျတော့ အဲ့ဒီအကျိုးဆက်က ဥပမာဆိုပါတော့ ရခိုင်ပြည်နယ်ကနေ ပြည်တွင်းကို ဝင်လာတာတွေရှိတယ်၊ ခိုးခိုးပြီးဝင်လာတဲ့ဟာမျိုးတွေ၊ ပြီးတော့ အိမ်နီးချင်းနိုင်ငံတွေက လူမျိုးတွေ ပြည်တွင်းမှာ လာအခြေချတယ်၊ ဒီဟာတွေက ပိုပြီးတော့ စစ်ဆေးတဲ့နေရာမှာ ပိုအားကောင်းလာမလား။တစ်ကယ်လို့ ၂၀၂၀ အပြောင်းအလဲမှာ ယခင်အာဏာရှင်အစိုးရဘက် ယိမ်းတဲ့ အစိုးရတက်လာခဲ့ရင် ဒီဝန်ကြီးဌာနက ဒေသတွင်း လူအဝင်အထွက်နဲ့ ဒေသခံတွေကို ပိုထိန်းချုပ်နိုင်ဖို့ ဖြစ်သွားနိုင်လား ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ တိုင်းဒေသကြီးအစိုးရတွေမှာ သူတို့အခုပြောတဲ့ပေါ့နော် immigration ဝန်ကြီးတွေကို immigration အလုပ်တွေ ပိုပြီးတော့ ထိထိရောက်ရောက်လုပ်နိုင်မယ်လို့ အောက်မေ့တာပဲ၊ ဆရာကတော့ အကြံပေးချင်တာက တိုင်းဒေသကြီးအစိုးရတွေမှာ တကယ်လိုတဲ့ အလုပ်တွေက ဘာတွေလဲ၊ မရှိမဖြစ်လုပ်သင့်တဲ့ အလုပ်တွေက ဘာတွေလဲ၊ မလိုတဲ့အလုပ်တွေက ဘာတွေလဲ အဲ့ဒီအပေါ်မူတည်ပြီးတော့ ဘယ်ဝန်ကြီးဌာန ရှိတယ်၊ မရှိတယ် စဉ်းစားရမှာပေါ့။တစ်ချိန်တုန်းက ရန်ကုန်တိုင်းမှာတောင် နိုင်ငံခြားရေးဝန်ကြီးတွေ လုပ်လိုက်ကြသေးတယ်လေ။အခုထိ သေချာမရေရာတာက ဒီမေးခွန်းက ပိုပြီးအခြေခံကျတဲ့ မေးခွန်းဖြစ်တာကိုး။

ဆရာတို့ဆီမှာ ဝန်ကြီး၊ ဝန်ကြီးလို့ ပြောတဲ့အခါမှာ ပြည်ထောင်စုဝန်ကြီးက နေပြည်တော်မှာရှိတဲ့ အဆင့်ရှိတယ်၊ ပြီးတော့မှ တိုင်းဒေသကြီးမှာရှိတယ်၊ ဝန်ကြီးက နှစ်ဆင့်ပေါ့၊ ဝန်ကြီးနှစ်ဆင့်ရှိတော့ တစ်နိုင်ငံလုံးအတွက် ဘယ်သူက တာဝန်ယူမလဲ။ တိုင်းဒေသကြီးအတွက် ဘယ်သူက တာဝန်ယူမလဲ ဘာကို တာဝန်ယူမလဲဆိုတာ စဉ်းစားဖို့လိုတယ်လေ၊ အဲ့ဒီအပေါ်မှာ စဉ်းစားပြီးတော့မှ အခုသူတို့ကြည့်ရတာ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးတွေ လိုတယ်လို့ ယူဆလို့လုပ်တာပေါ့၊ အဲ့ဒီတော့ အရေးကြီးတာက ဝန်ကြီးဌာနတွေ အသစ်လုပ်တာက အရေးမကြီးဘူး၊ လုပ်တဲ့ဝန်ကြီးတွေ လုပ်ပိုင်ခွင့်ရှိဖို့လိုတယ်။လုပ်ပိုင်ခွင့်ရှိဖို့ လိုတဲ့အပြင်ကို လူတွေက ဝန်ကြီးလို့ပြောရင် သူ့မှာ ဝန်ကြီးဌာနကြီးတစ်ခုလုံး ရှိတယ်လို့ ထင်တယ်၊ တကယ်တမ်းတော့ တိုင်းဒေသကြီးမှာက ဝန်ကြီးလို့ပြောရင် သူတစ်ယောက်တည်း ကားတစ်စီးနဲ့ နောက်တစ်ယောက် ပေးထားတာပဲ ရှိတယ်။

အရေးကြီးတာက ဆရာတို့ အခု တိုင်းဒေသကြီးတွေ အားလုံးကြည့်လိုက်ရင် တကယ်ဝန်ကြီးလို့ စဉ်းစားလို့ရှိရင် မြို့တော်ဝန်ပဲရှိတာ၊ ဟုတ်တယ်မဟုတ်လား။ရန်ကုန်တိုင်းနဲ့ မန္တလေးမှာ ဆိုရင်လည်း မြို့တော်ဝန်ပဲရှိတာ၊ ကျန်တဲ့လူတွေက နှစ်ယောက်တစ်ပိုင်းပြောနေတာ၊ တကယ်တမ်း ဆရာတို့ စီးပွားရေးဝန်ကြီးဌာနကို တာဝန်ယူတော့မယ် Public အရ လုပ်တော့မယ်ဆိုရင် လူဝင်မှုကြီးကြပ်ရေး၊ ဘာလို့လဲဆိုတော့ ပြဿနာက ဘာလဲဆိုတော့ ဒီဟာက ဝန်ကြီးဌာနအသစ် တိုးတာ၊ မတိုးတာထက်ကို ကိုယ့်အောက်မှာ ဘယ်သူတွေကို စီမံရလဲ၊ ဥပမာ စက်မှုဝန်ကြီးဆိုရင် သူ့မှာ စက်မှုဝန်ကြီးတစ်ပါးသည် စက်မှုဝန်ကြီးဌာနကို အုပ်ချုပ်ရလား၊ အုပ်ချုပ်ရတာမှ မဟုတ်တာ။ဟုတ်တယ် မဟုတ်လား။

စက်မှုဝန်ကြီးကို ပြည်ထောင်စုက ကိုင်တာလေ၊ အဲ့ဒီတော့ ရန်ကုန်တိုင်းက စက်မှုဝန်ကြီးသည် ရန်ကုန်တိုင်းက စက်မှုဝန်ကြီးဌာနနဲ့ ဘာမှမပတ်သက်ဘူး၊ သူ့ခမျာ တာဝန်သာပေးထားတယ်၊ လုပ်ကိုင်ခွင့်တွေ ဘာမှမရှိဘူး၊ ဆရာကတော့ အဲ့ဒီလို ယူဆတယ်။အရေးကြီးတာက တာဝန်ပေးတာ အရေးမကြီးဘူး၊ လုပ်ပိုင်ခွင့်တွေ ပေးဖို့လိုတယ်။ဟုတ်တယ် မဟုတ်လား၊ အဲ့ဒီတော့ ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ လူဝင်မှုကြီးကြပ်ရေးဌာနတွေဟာ ဘယ်သူ့အောက်မှာလဲ ဟုတ်တယ်နော်။အဲ့ဒီတော့ ဟို ဘယ်သူ့အောက်မှာလဲ ဆိုလို့ရှိရင် နေပြည်တော်ကသူတွေ ကြိုက်မှာမဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ တိုင်းဒေသကြီး ဝန်ကြီးတွေအားလုံးက တိုင်းဒေသကြီးမှာရှိတဲ့ ဒီဆရာတို့ တိုင်းဒေသကြီးမှာရှိတဲ့ လူဝင်မှုကြီးကြပ်ရေးကို တာဝန်ယူမယ်ဆိုရင် နေပြည်တော်က ဘာမှမကျန်ပြန်ဘူး၊ ဒီပြဿနာက တိုင်းဒေသကြီး အစိုးရဝန်ကြီးဌာန အသစ်ထုတ်တာထက် ပိုပြီးအရေးကြီးတဲ့ဟာတစ်ခု ထင်တယ်။စဉ်းစားရမှာလေ ဟုတ်တယ် မဟုတ်လား၊ ပြည်နယ် တိုင်းဒေသကြီးမှာ ဘာလုပ်မလဲ ပြည်ထောင်စုအဆင့်မှာ ဘာလုပ်မလဲ ဟုတ်တယ် မဟုတ်လား၊

Opinion Leaders ။     ။ ဒီလိုဆို အစိုးရဝန်ကြီးဌာနတွေမှာ ပြည်ထောင်စုဝန်ကြီးအောက်မှာ တိုင်းနဲ့ ပြည်နယ် ဝန်ကြီးတွေ ထားလို့ရှိရင် တကယ်ထိရောက်နိုင်တဲ့ အနေအထားပေါ့နော် ဆရာ အဲ့ဒီလိုဆိုလို့ရှိရင်။

ဒေါက်တာအောင်ထွန်းသက် ။     ။ အရေးကြီးတာ ဆရာတို့ အဓိက ကတော့နော် ဝန်ကြီးဌာန တိုးတာ၊ မတိုးတာထက်ကို အုပ်ချုပ်ရေးယန္တရားကြီး တောင့်တောင့်တင်းတင်းရှိဖို့ပဲ။ဟုတ်တယ်နော်၊ ဥပမာ ဆရာတို့ တိုင်းရင်းသားဝန်ကြီးဌာန အသစ်ဖွင့်လိုက်တယ်။တိုင်းရင်းသားဝန်ကြီးတွေကို ပြည်နယ်တိုင်းတွေမှာ လုပ်တယ်၊ ပြည်နယ်တိုင်းတွေမှာ လုပ်တဲ့အခါကျတော့ ဥပမာ- ရန်ကုန်တိုင်းမှာဆိုရင် မှတ်မိတာက ရခိုင်ဝန်ကြီးတစ်ပါးရှိတယ်၊ နောက်တစ်ခါ ကရင်ဝန်ကြီးတစ်ပါး ရှိတယ်၊ ကရင်ပြည်နယ်မှာ ဆိုရင်လည်း ဗမာဝန်ကြီးတစ်ပါးရှိတယ် စသည်ဖြင့်ပေါ့၊ အဲ့ဒီလူတွေကို ဆရာတို့ ဝန်ကြီးဌာနလို့ ပေးလိုက်ရင် ဝန်ကြီးဌာနနဲ့ ကိုက်ညီတဲ့ လုပ်ပိုင်ခွင့်တွေရော အဲ့ဒီနောက်မှာပါမယ့် ဝန်ထမ်းတွေ ဘာတွေလိုလိမ့်မယ်ထင်တယ်၊ မရှိဘဲသူကရှိသကဲ့ လုပ်နေတာလား၊ ပြဿနာက အဲ့ဒါပဲထင်တယ်။

Opinion Leaders ။     ။ အာရှဖွံ့ဖြိုးရေးဘဏ်နဲ့ ဒေါ်စု သွားခဲ့တဲ့ ခရီးစဉ်ထဲမှာပဲ ဒီလေးနှစ်အတွင်း မြန်မာနိုင်ငံကို ဒေါ်လာ ၁ ဒသမ ၆ ဘီလျံ ချေးဖို့ ရှာထားတယ်ပေါ့နော်၊ အခုက အချိန်သိပ်မကျန်တော့ဘူး။ဒီချေးငွေက နောက်လာမယ့် ရွေးကောက်ပွဲကို ဆက်ခံမယ့်အစိုးရနဲ့ သွားသက်ဆိုင်မယ်လို့ ထင်တယ်။နောက်ပြီး လာမယ့် ငါးနှစ်အတွင်းမှာ ရန်ကုန် မိုးပျံရထားစီမံကိန်းရှိတယ်၊ မြို့သစ်စီမံကိန်းတွေရှိတယ်။ပြီးတော့ တခြားစီမံကိန်းကြီးတွေ။ဒါတွေက ADB က ချေးငွေကြောင့် ပိုမြန်လာနိုင်မလား။စီးပွားရေးမှာ ဘာတွေသက်ရောက်လာနိုင်မလဲ ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ ဆရာတို့ ခုနလေ ပထမမေးခွန်းနဲ့ ခပ်ဆင်ဆင်ပဲ နိုင်ငံတော်က သူတာဝန်ယူတဲ့အချိန်မှာ ငွေချေးရင် ဒီချေးလိုက်တဲ့ငွေသည် သူတာဝန်ယူတဲ့ ကာလအတွင်းမှာတင်မကဘူး၊ သူတာဝန်ရှိတဲ့ ကာလမှာပဲ ခေါင်းခံရမယ့်ဟာမျိုးဖြစ်နေတာ၊ အဲ့ဒီတော့ ဆရာတို့ အခု လက်ရှိအစိုးရသည် ဦးသိန်းစိန် လက်ထက်က ချေးထားတဲ့ဟာတွေ ဦးသန်းရွှေ လက်ထက်က ချေးထားတဲ့ဟာတွေအားလုံး သူတို့ဆပ်နေရတာ၊ ဟုတ်တယ်နော်၊ အဲ့ဒီတော့ ကိုယ့်အနေနဲ့ ဝန်ထုပ်ဝန်ပိုးက ဘာလဲဆိုတော့ ရှေ့အဆက်ဆက် အစိုးရတွေ တာဝန်ယူပြီးချေးတဲ့ဟာတွေ အားလုံးဟာ ကိုယ့်မှာချေးငွေတွေ အတိုးဆပ်ရမယ့် တာဝန်တွေက ကြီးကြီးလာတယ်၊ အဲ့ဒါကို နားလည်ဖို့ လိုလိမ့်မယ်ထင်တယ်။

ဥပမာ - ချေးတာကလွယ်တယ်၊ ဒါပေမဲ့တစ်ချို့တွေက ဆရာမှတ်မိသေးတယ်၊ ဆရာတာဝန်ကျတဲ့ နိုင်ငံတစ်နိုင်ငံမှာ၊ နိုင်ငံခြားမှာ အဲ့ဒီလိုပြောလိုက်တဲ့အခါကျတော့ ငါလည်းမရှိတော့ဘူး၊ ဒီအကြွေးဆပ်တဲ့အချိန်မှာ ငါတာဝန်မှမရှိတော့တာလို့ စဉ်းစားလို့မရဘူးလေ၊ ဟုတ်တယ်မဟုတ်လား။အမှန်က ငါတာဝန်ရှိတယ်၊ ချေးလိုက်တဲ့ဟာက အတိုးတွေနဲ့ အမြဲတမ်းပေးနေရမှာကိုး၊ ချေးတဲ့ပမာဏ များလေလေ အတိုးတွေက များလေလေပဲ၊ အတိုးမဲ့ချေးတာတို့ ဘာတို့က တစ်မျိုးပေါ့၊ အတိုးနဲ့ချေးရတဲ့ ဟာမျိုးဆိုရင်ကို စဉ်းစားဖို့လိုတယ်၊ ဒါကတော့ မြန်မာပြည်တစ်ပြည်ထဲ မဟုတ်ပါဘူး၊ နိုင်ငံတကာမှာလည်း ဒီလိုအနေအထားပေါ့၊

အရေးအကြီးဆုံးက ဘာလဲဆိုတော့ ဆရာတို့ အခက်အခဲတွေဖြစ်နေတာ အဲ့ဒီကိစ္စပေါ့၊ အဆက်ဆက်က အုပ်ချုပ်လာတဲ့သူတွေရဲ့ အဆုံးအဖြတ်တွေကို ကျန်တဲ့ နောက်ထပ် လက်ဆင့်ကမ်း အစိုးရတွေက တာဝန်ခံရတာကို ဟုတ်တယ်မဟုတ်လား၊ တာဝန်ခံမှုမရှိရင် ဟိုဘက်ကလည်း ဘယ်သူမှ ကိုယ့်ကိုယုံမှာ မဟုတ်တော့ဘူး၊ အရင်တုန်းက လက်မှတ်ထိုးတာတွေအားလုံး၊ အရင်တုန်းက စာချုပ်စာတမ်းတွေနဲ့ လုပ်တာတွေအားလုံး အခုက တာဝန်ခံနေရတာ၊ အဲ့ဒီမှာဂျွမ်းပစ်နေတာ၊ အခက်အခဲတွေ ကိုယ်မသိတာတွေ ကိုယ်တက်လာတုန်းက လုံးဝတက်လာတဲ့ အစိုးရသစ်ဟာ အကြွေးလုံးဝမရှိတဲ့ အတိုးလုံးဝပေးစရာမလိုတဲ့ အစိုးရမျိုးမှ မဟုတ်တာ၊ သူ့မှာ အလိုလိုကတည်းက အကြွေးတင်ခဲ့တာလေ၊ အရှေ့အစိုးရကဟာတွေ၊ အခုလည်း ဒီလို ချေးလိုက်လို့ရှိရင် နောက်အစိုးရလည်း အကြွေးတင်ရင် သူဆပ်ရမှာလေ၊ ဒါကို ကတိကဝတ် အလိုအလျှောက် ပေးပြီးသားလေ၊ အဲ့ဒါကို ဆရာတို့က တာဝန်ယူရမှာ။

Opinion Leaders ။     ။ ဒီဟာဆိုလို့ရှိရင် အခုလက်ရှိလုပ်နေတဲ့ စီမံကိန်းတွေလည်း ရှိတယ်၊ အထူးသဖြင့် ရခိုင်ပြည်နယ်မှာပေါ့၊ ဒီလိုမျိုး ချေးငွေတွေကလည်း ဒီအထဲမှာသုံးနေတာလည်း ရှိချင်ရှိမယ်၊ နောက် တခြားနေရာတွေမှာလည်း သုံးနေတာရှိမယ်၊ တခြား infrastructure ပေါ့၊ ဆက်သွယ်ရေးနဲ့ ပတ်သက်တဲ့ဟာတွေ နောက်ခရီးသွားလမ်း လုပ်တဲ့ဟာတွေက အဲ့ဒီလိုမျိုးချေးငွေတွေက တောင့်တောင့်တင်းတင်း တကယ်ရလာလို့ရှိရင် ဆရာတို့လုပ်နေတဲ့ ဒေသတွေမှာ ဘယ်လိုမျိုး သွားသက်ရောက်လာနိုင်မလဲ ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ ဆရာထင်တယ် ချေးတာအပြစ်မဟုတ်ဘူး၊ ချေးရမှာပဲလေ၊ ကိုယ့်မှာ လိုငွေကျတော့ နိုင်ငံတကာက ချေးငွေတွေနဲ့ အခုအကြီးအကျယ်ပေါ့။အခုဆရာတို့ စဉ်းစားလို့ရှိရင် ထရန့် ကနော် သူ့ရဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှု လုပ်တဲ့အခါမှာ အခွန်အခတွေ လျှော့ပစ်လိုက်တယ်၊ အခွန်အခတွေ လျှော့ပစ်လိုက်တော့ အကြွေးတွေက သူ့ဆီမှာ နင့်ခနဲတက်လာတယ်၊ သူ့စိတ်ထဲမှာ အဲ့ဒါကို ခေါင်းထဲမှာကို မရှိတာ၊ ဒါသူနဲ့မဆိုင်တော့ဘူး၊ လုံးဝကို တာဝန်မဲ့မဲ့နဲ့ စဉ်းစားလိုက်တာ၊ ဆရာတို့မှာ အဲ့ဒီဟာကို ဘာပြဿနာဖြစ်သွားလဲဆိုတော့ အရေးကြီးတဲ့ကိစ္စက နိုင်ငံရေးပြက္ခဒိန်နဲ့ စီးပွားရေးပြက္ခဒိန်ပေါ့၊ economic calendar နဲ့ political calendar ပေါ့၊

အခုကဖြစ်နေတာက လူတွေနားလည်တာက ငါးနှစ်တာကာလမှာ အစိုးရတာဝန်ယူတဲ့ကာလမှာ ဒီငါးနှစ်ကလေးကိုပဲ တာဝန်ယူရတာလို့ထင်တယ်၊ မဟုတ်ဘူး၊ ဟုတ်တယ်မဟုတ်လား၊ သူ့အရှေ့က လုပ်ခဲ့တဲ့ဟာတွေအားလုံး တာဝန်ယူရသလို သူကလည်း ငါးနှစ်ပြည့်လို့ရှိရင် ဥပမာ - ဦးသိန်းစိန် ငါးနှစ်ပြီးသွားတဲ့အချိန်မှာ သူ့ရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို NLD က ဒီတာဝန်ယူနေရတာ၊ ဦးသိန်းစိန် ကလည်း ဟိုဘက်က ဦးသန်းရွှေ လုပ်တဲ့ဟာ တာဝန်ယူနေရတာ။အဲ့ဒါတွေအားလုံးက ဒီလိုဖြစ်နေတာ၊ ဆရာတို့အနေနဲ့ အကောင်းဆုံးဖြစ်အောင်တော့ ချေးတာက ဆရာထင်တာ ချေးတာကို အတိုးပေးရတာကို တစ်ချို့တွေက ချေးစရာမလိုဘူးလို့ ပြောပေမယ့် မချေးတော့ ဘယ်လိုလုပ်မလဲ၊ ကိုယ့်မှာကိုလေ ပြည်တွင်းမှာ အရင်းအနှီးရှိရင်တော့ တစ်မျိုးပေါ့၊ အရင်းအနှီး မရှိရင်တော့ ချေးရမှာပဲ၊ ရေရှည်နဲ့ပတ်သက်လို့ ပြည်သူလူထုအတွက် ဝန်ထုပ်ဝန်ပိုး သိပ်ပြီးမပိအောင် ဆရာတို့ ဘယ်လိုလုပ်ကြမလဲပဲ ဆရာတို့ စဉ်းစားရမှာပေါ့။

Opinion Leaders ။     ။ နောက်ဆုံးမေးခွန်းပါပဲ ဆရာ၊ ဆရာတို့ ရခိုင်ပြည်နယ်နဲ့ ပတ်သက်ပြီးတော့ ရင်းနှီးမြုပ်နှံမှု ခေါ်တဲ့အခါ ဒီမေလမှာ FDI ဝင်ရောက်မှုက ကန်ဒေါ်လာ ၈၆ သန်း ဝန်းကျင်လောက်ပဲ ဝင်တယ်။တော်တော်ကြီးနည်းတယ်၊ ဒေါ်လာသန်း ၁၀၀ အောက် ဆင်းသွားတယ်၊ မကြာခင်က ရခိုင်ပြည်နယ်မှာ ဆက်သွယ်ရေး ကော်နက်ရှင်တွေ ဖြတ်တောက်လိုက်တာ ရှိတယ်။စီးပွားရေးသမားဘက်က ကြည့်ရင် ဒီလိုအဖြစ်တွေကြောင့် ပြည်ပက ရင်းနှီးမြှုပ်နှံမှုတွေ လာရောက်မယ့်သူတွေက ရေရှည်မှာ ဒီလိုတွေကြောင့် ယုံကြည်မှုလျော့ကျလာနိုင်မလား။ဒါမှမဟုတ် နားလည်ပေးနိုင်မလား၊ ဒီလိုမျိုးဖြစ်နေတာတွေ လက်ရှိ ရင်းနှီးမြှုပ်နှံမှုကို ဘယ်လိုအခက်အခဲဖြစ်စေလဲ။

ဒေါက်တာအောင်ထွန်းသက် ။     ။ ရင်းနှီးမြှုပ်နှံမှုလို့ပြောရင် မျက်စိမှိတ်ပြီး ရင်းနှီးမယ့်သူ မြုပ်နှံမယ့်သူ တစ်ယောက်မှမရှိဘူး။ဟုတ်တယ်မဟုတ်လား၊ သူ့အတွက်အကျိုးအရှိဆုံးဖြစ်အောင် သူကကြိုးစားမှာပဲ၊ သူက ရင်းနှီးမြှုပ်နှံသူကိုး။ဟုတ်တယ်မဟုတ်လား၊ သူက အခြေအနေတွေကို သုံးသပ်မယ်၊ စိစစ်မယ်၊ ဆန်းစစ်မယ်၊ ပြီးတော့မှ သူ့ငွေတွေကို အကြံအားဖြင့် အကောင်းဆုံး စိတ်အချရဆုံး သူ့အတွက်ကို လုံးဝကို သူကစဉ်းစားမှာပဲ၊ စဉ်းစားတဲ့အခါမှာ ဆရာတို့ တစ်ခုတော့ရှိတာက ဘာလဲဆိုတော့ အဲ့ဒီလိုတည်တည်ငြိမ်ငြိမ် ရှိတဲ့အခါမှာတော့ Rate က နည်းတော့ ပြန်ရတဲ့အခါကလည်း နည်းကောင်းနည်းမယ်။

သူ့အနေနဲ့ မြန်မာပြည်မှာ ဘာကြောင့်ရင်းနှီးမလဲဆိုတော့ ကျန်တဲ့သူတွေ မရင်းနှီးရင် သူရင်းနှီးရင် သူပဲရမယ်ပေါ့။ဟုတ်တယ်နော်။သူတစ်ယောက်ပဲ ရှုံးလို့ရှိရင် ကျန်တဲ့သူမရှိတော့ သူပဲစဉ်းစားတဲ့အတွက် သူ့မှာအကျိုးအမြတ်ရမယ် ဆိုပြီးတော့ အဲ့ဒီမျှော်လင့်ချက်နဲ့လုပ်တာပေါ့၊ သူကတော့ ဆရာတို့ထင်ရတာ investor တွေအနေနဲ့ကတော့ အခွင့်အရေးတွေ လိုက်ရှာတာပဲလေ၊ အခွင့်အရေးလိုက်ရှာတဲ့အခါမှာ ကမ္ဘောဒီးယားမှာ အခွင့်အရေး ပိုကောင်းတယ်၊ ဗီယက်နမ်မှာ ပိုပြီးတည်ငြိမ်တယ်၊ ဗီယက်နမ်မှာလည်း အားလုံးပြဿနာတွေနည်းတယ်ဆိုရင် ဗီယက်နမ်မှာ သွားပြီးတော့ သူရင်းနှီးမှာပဲလေ၊ ဟုတ်တယ်မဟုတ်လား။

ကိုယ့်နိုင်ငံကို စေတနာရှိလွန်းလို့ ရင်းနှီးတဲ့သူ တစ်ယောက်မှမရှိဘူးကွဲ့၊ အဲ့ဒါ ပွင့်ပွင့်လင်းလင်း ပြောမှရမယ်၊ ဟုတ်တယ်မဟုတ်လား၊ ရင်းနှီးမြှုပ်နှံမယ့်သူက သူ့အကျိုးကြည့်တာ။အဲ့ဒီတော့ သူ့အကျိုးသူကြည့်တော့ ဆရာတို့က သူ့ကိုဆွဲတဲ့နေရာမှာ မက်လုံးပေးတဲ့အခါမှာ တို့ဆီလာရင်းနှီး။တို့ဆီလာရင်းနှီးရင် ရတဲ့ အကျိုးအမြတ်သည် ကမ္ဘောဒီးယား သွားတာထက်၊ ဗီယက်နမ် သွားတာထက်၊ လာအို သွားတာထက်၊ ထိုင်း သွားတာထက် ကိုယ်ကသာလိမ့်မယ်လို့ မပြောနိုင်ရင်တော့ ရင်းနှီးမှာမဟုတ်ဘူး၊ ဆရာတို့ အထွက်မှာလည်း ပြောကြတာပဲ၊ ကိုယ်ကိုယ်တိုင်လည်း ပြောကြတာပဲ တို့ဆီမှာလာပါ၊ တို့ဆီမှာလာလို့ရှိရင် မင်းပိုပြီးစိတ်ချရတယ် ဘာညာပြောတော့ ပြောရင်းဆိုရင်းနဲ့ကို ရခိုင်မှာ အခြေအနေကောင်းတယ်တို့ ထင်ရတဲ့အခါမှာ AA က ဖြစ်လာပြန်ရော၊ အဲ့ဒီတော့ တော်ရုံတန်ရုံ လူတွေအားလုံးက လန့်သွားပြန်ရော။

နောက်တစ်ခါ သူတို့အနေနဲ့ စဉ်းစားတာက ဒါဆိုရင် ရင်းနှီးမြှုပ်နှံမှုကို One Stop Service OSS ပေါ့ ရင်းနှီးမြှုပ်နှံမှုကို အလွယ်ဆုံးဖြစ်အောင် လုပ်မယ်လို့ပြောတယ်။ဒါက ဌာနတစ်ခုကပြောတာ၊ တကယ်သွားလုပ်လိုက်တဲ့အခါကျတော့ ဌာန ၁၀ ခုက လုပ်ခွင့်အခက်အခဲတွေ ဖြစ်အောင်လုပ်တာ၊ အဲ့ဒီအခါကျတော့ ဟိုလူက ဘယ်သူ့ယုံရမှန်းမသိဘူး၊ ဘယ်သူ့ယုံရမှန်း မသိတဲ့အခါကျတော့ နောက်ဆုံး ဆရာထင်တာတော့လေ၊ လူတစ်ယောက်လိုပေါ့လေ၊ စိတ်ညစ်ပြီးတော့ ပင်ပန်းခံပြီးတော့ မြန်မာပြည်မှာ ရင်းနှီးမှာမဟုတ်တော့ဘူးလို့ သူတို့ဆုံးဖြတ်လိမ့်မယ်။သွားပြီးတော့ သွားလုပ်ရင် ငါပင်ပန်းတာပဲရှိမယ်၊ အဲ့ဒီတော့ ငါ့ကိုလည်း အာမခံတာလည်း ဘာမှမရှိတဲ့အပြင် ဒါဆိုရင်ဘာလုပ်မလဲ။

ဒီအတိုင်းဆိုရင်တော့ အခြေအနေမကောင်းဘူးဆိုပြီးရင် ကိုယ်က ဒီပေါ့နော်၊ နိုင်ငံတကာကြည့်တဲ့ဟာက မက်လုံးပေးတယ်၊ မြန်မာပြည်မှာ ခုနစ်နှစ်ပေးတယ်ဆိုပါတော့၊ အခွန်ကင်းလွတ်ခွင့် ခုနစ်နှစ်ပေးတယ်၊ အခု လာအိုက ၁၅ နှစ် ပေးတယ်ဆိုရင် ခုနစ်နှစ်မှာ လာပြီးရင်းနှီးမယ့်သူက တော်တော်ရှားသွားပြီ၊ ဘာလို့လဲဆိုတော့ သူက တခြားဟာကိုသွားမှာပဲ၊ ကိုယ်ကလိုက်ရမှာ၊ ကိုယ်ကလိုချင်တဲ့သူလေ၊ ရင်းနှီးမြှုပ်နှံတဲ့သူအနေနဲ့ ကိုယ်ကလိုချင်တဲ့သူလည်းပါတော့ ကိုယ့်သဘောကတော့ သူများနိုင်ငံထက် မက်လုံးတွေ ပိုပေးနိုင်ဖို့က ကိုယ့်နိုင်ငံမှာ တည်ငြိမ်ဖို့လိုတယ်။ကိုယ့်နိုင်ငံမှာ တရားဥပဒေစိုးမိုးမှုရှိရင် အခုပြဿနာက ဘာလဲဆိုတော့ ဆရာတို့ ရင်းနှီးမြှုပ်နှံမှုလို့ ပြောလိုက်လို့ရှိရင် ပြောတဲ့အထဲမှာ မြေယာပြဿနာက အဆိုးဆုံးပဲ။

မြန်မာတစ်ပြည်လုံးမှာ မြေယာပြဿနာက အဆိုးဆုံးဖြစ်နေတာ၊ ဒီမြေကြီး ဘယ်သူပိုင်မှန်းကို မသိတာ၊ တကယ် ရင်းနှီးမြှုပ်နှံမယ် ဆိုလို့ရှိရင် အစိုးရပိုင်မြေလား၊ ပုဂ္ဂလိကပိုင်မြေလား တပ်မတော်က ပိုင်တဲ့မြေလား၊ ပိုင်ဆိုင်မှုတွေက မရေမရာ ဖြစ်လာတဲ့အခါကျတော့ သူ့အနေနဲ့က ရင်းနှီးမြှုပ်နှံတဲ့အခါကျရင် အခြေခံကတော့ မြေကြီးလိုတယ်၊ မြေကြီးကို လွယ်လွယ်ကူကူ မပေးနိုင်လို့ ဥပမာ- ဆမ်ဆောင်း လက်လွှတ်လိုက်ရတယ်၊ မြေကြီးမပေးနိုင်နဲ့ နစ်ဆန်းက ကိုယ်လိုချင်တဲ့အတိုင်း မဖြစ်ဘူး၊ ဒီသင်ခန်းစာတွေက ဆရာတို့ ရနေပေမယ့် အခုအထိ မြေကြီးပြဿနာက မပြေလည်သေးဘူး၊ Land policy က မပြတ်တာ၊ ဆရာထင်တယ် ရင်းနှီးမြှုပ်နှံမှုအတွက် အဓိကဘာလဲဆိုရင် Land policy ပဲ။မြန်မာနိုင်ငံမှာရှိတဲ့ မြေကြီးတွေကို ဘယ်လိုလုပ်ကြမလဲ၊ ကိုယ်က အခု စိုက်ပျိုးရေးမြေကြီးတွေကို တခြားလုပ်ပိုင်ခွင့်တွေ လျှောက်ခွင့် ရှိ၊ မရှိ ဆိုတဲ့ ပြဿနာ တော်တော်ကြီးတာ၊ ဟုတ်တယ်မဟုတ်လား၊ တစ်ဖက်ကလည်း ခေတ်အဆက်ဆက်က ကိုယ့်နိုင်ငံမှာ စားဝတ်နေရေး သီးနှံဖူလုံမှုရှိအောင် ဆိုတဲ့အတွက် မြေကြီးတွေကို ချန်ထားတယ်လို့ပြောတယ်။

မြေကြီးတွေကို စိုက်ပျိုးရေး၊ ဥယျာဉ်၊ ခြံမြေ ဟုတ်တယ်မဟုတ်လား၊ ဥယျာဉ်ခြံမြေနဲ့ သတ်မှတ်ထားတဲ့ မြေကြီးတွေကို တခြားလုပ်ပိုင်ခွင့်ပေးဖို့ ပြောင်းဖို့ဆိုတာ တော်တော်ကြီးကိုခက်တာ။အခုအထိပဲ၊ ဆရာတို့မှာ တော်တော်ခက်သွားရော၊ အဲ့ဒီမှာ စက်မှုဇုန်တွေ ဖော်တာတို့ဘာတို့မှာ မြေကြီးတွေပြဿနာက တော်တော်ကြီးကို ကြီးလာတဲ့အခါကျတော့ ဒီလိုဖြစ်တာပေါ့လေ၊ တစ်ဖက်ကကျပြန်တော့လည်း ကိုယ့်ဆီမှာ တရားဥပဒေစိုးမိုးရေး၊ အဂတိလိုက်စားမှုတွေ များတဲ့အခါကျတော့ တန်ရာတန်ကြေး မြေကြီးခတင် မယူဘဲနဲ့ အစိုးရတွေက ကိုယ်နဲ့ပတ်သက်တဲ့သူတွေကို အစိုးရဌာနတွေက အလကားပေးသလို ပေးပစ်လိုက်တာ။

နောက်ဆုံးတော့ ဒီအစိုးရဌာနလည်း ဘာမှမရ အစိုးရဌာနဆိုတာ ပြည်သူကိုပြောတာ၊ အဲ့ဒီလိုတွေဖြစ်သွားတယ်၊ အဲ့ဒီတော့ ဟို အဓိက ကတော့ အဲ့ဒီပြဿနာပဲ။နိုင်ငံခြားသားတွေနဲ့ ပတ်သက်လာရင် သူတို့ စိတ်အပူဆုံးက အဲ့ဒါပဲ။သူတို့လာရင်းနှီးပြီးတော့ မြေကြီးပြဿနာကို မဖြေရှင်းပေးနိုင်ရင် သူတို့အတွက်က အင်မတန်မှ ဆရာထင်တယ်၊ ခက်တယ်လို့ထင်တယ်၊

နောက်တစ်ခုက ဆရာတို့မှာက အတွေးအခေါ်တွေက မြေကြီးမြေကြီးဆိုရင် မျိုးချစ်စိတ်တွေ ရှိတဲ့သူက သိပ်များတာ၊ ဟုတ်တယ်မဟုတ်လား၊ အားလုံးက ဒီမြေကြီးတွေကို မစွန့်လွှတ်နိုင်ဘူး။မြေကြီးကို လေယာဉ်ပျံနဲ့ သယ်သွားလို့လည်းမရဘူး၊ သင်္ဘောနဲ့ တင်သွားလို့လည်းမရဘူး၊ မြေကြီးက ကိုယ့်ပစ္စည်းပဲ ဟုတ်တယ်မဟုတ်လား၊ ဘယ်သူပိုင်ပိုင် အချိန်တန်တော့ ကိုယ်ပိုင်ပဲလေ၊ အဲ့ဒီလိုမစဉ်းစားနိုင်ပဲနဲ့ မြေကြီးအပေါ်မှာ စွဲလန်းမှုတွေ သံယောဇဉ်ထားမှုတွေ များတဲ့အခါကျတော့ လုပ်ရကိုင်ရ တော်တော်ခက်သွားတယ်၊ အဲ့ဒီလိုဖြစ်ပြန်တာက ကိုယ့်မြေကြီးတွေကို သူများယူသွားပြီ နိုင်ငံခြားသားယူသွားပြီ တရုတ်လာပြီ ဘာညာဆိုပြီး အထိတ်တလန့်ပေါ့။

ရှိတာထက် ပိုပြီးဆိုးအောင် ပြောတဲ့သူတွေကလည်း အပြည့်ရှိတာပေါ့၊ အဲ့ဒီတော့ ရင်းနှီးမြှုပ်နှံမှုမှာ စိတ်အပူရဆုံးက မြေကြီးကိစ္စ၊ နောက်တစ်ခုက အရေးပေါ်ဖြစ်နေတဲ့ လျှပ်စစ်ကိစ္စ၊ လျှပ်စစ်ရမယ်ရမယ် ပြောပေမယ့် အထူးသဖြင့် Hight Tech တွေပေါ့နော်၊ တကယ့်ကို ရင်းနှီးတာ အသစ်အဆန်းလုပ်မယ့် ကုမ္ပဏီတွေကျတော့ သူက လျှပ်စစ်ရရုံနဲ့မကျေနပ်ဘူး၊ သူ့လျှပ်စစ်က ဓာတ်အားက consecutive ဖြစ်ရမယ်၊ အခုက ခဏခဏ Braker တွေ ပျက်နေတော့ အင်မတန်အရေးကြီးတဲ့ ပစ္စည်းတွေ ထုတ်တဲ့ စက်ရုံတွေက မခံနိုင်ဘူးလေ၊ ဟုတ်တယ်မဟုတ်လား၊ သူတို့လိုချင်တာက အဲ့ဒီတော့ ဆရာတို့မှာက ဆရာထင်တယ် သုံးခုပေါ့လေ။

ဒီရင်းနှီးမြှုပ်နှံမှုမှာ လုပ်ဖို့လိုတာက infrastructure ပေါ့၊ အခြေခံမှာ လမ်းတံတား၊ သွားရေးလာရေးမှာ အဆင်မှမပြေတာလေ ဟုတ်တယ်မဟုတ်လား၊ အဆင်မပြေတော့ ဘာဖြစ်သွားလဲဆိုရင် သယ်ယူပို့ဆောင်ရေး စရိတ်ကို ရင်းနှီးမယ့်သူက ခံရမှာလေ၊ လွယ်လွယ်ကူကူ ချောချောမွေ့မွေ့ infrastructure က မရှိဘူး၊ လမ်းတံတားတွေ၊ မြေကြီး၊ နောက်တစ်ခါ လျှပ်စစ်၊ နောက်တစ်ခါ Technology ကလည်း အားနည်းတယ်၊ Technology အားနည်းတော့ ဆရာတို့မှာ နည်းပညာ Fourth infrastructure Revolution ဘာညာပြောနေပေမယ့်  အပြောပဲရှိတာ၊ တကယ်အမှန်မရဘူး။

နောက်ဆုံးတစ်ခုက addition ပေါ့။ဒီသုံးခုကို အခြေခံပြီးမှ နိုင်ငံတစ်နိုင်ငံ တိုးတက်ရတာကိုး၊ infrastructure  ကောင်းဖို့ရယ် နောက်တစ်ခါ လျှပ်စစ်၊ လမ်းတံတား အခြေခံအဆောက်အအုံတွေ ကောင်းဖို့က အဓိကဖြစ်တယ်၊ ပြီးတော့မှ နည်းပညာပိုင်း၊ ပြီးတော့မှ အခု ပညာရေးစနစ်ပေါ့၊ ပညာရေးစနစ်ကလည်း ဆရာတို့ နှစ်ပေါင်းများစွာ အရည်အသွေးကို မစဉ်းစားဘဲနဲ့ အရည်အတွက်ကို သွားစဉ်းစားပြီး ရွေးချယ်တဲ့ ဒုက္ခကြီးက တော်တော်လေးကို ကြီးသွားပြီ။အဲ့ဒီတော့ လူသိများပြီးတော့ တကယ်လုပ်နိုင်တဲ့ကောင်တွေက မရှိတော့ဘူး၊ အဲ့ဒီတော့ အဲ့ဒီပညာရေးစနစ်ကို ပြင်ဖို့ဆိုတာကလည်း ချက်ချင်း ရာစုတစ်စုပြင်ရမှာလေ၊ လုပ်တော့လည်း လုပ်နေတာပဲ ဒါပေမဲ့ ပြင်ဖို့လည်း လိုနေသေးတာ။အဲ့ဒီလိုရှိနေတော့ ဆရာတို့ သူတို့ ဗီယက်နမ်တို့ ဘာတို့မှာ သူတို့က ပြတ်တယ်လေ၊ ကိုရီးယားမှာလည်း ဒီပုံစံနဲ့ပဲ၊ ကိုရီးယားရဲ့ ပြုပြင်ပြောင်းလဲမှုကိုကြည့်ရင် ဒီမြေကြီးနဲ့ပဲ ပြောင်းသွားတာ၊ လယ်ယာဒီမြေကြီးကို လုပ်ပိုင်ခွင့် ပေး၏၊ မပေး၏ကို။ဒါကိုပတ်ခြုံကြည့်ပြီးတော့ စတာပဲလေ။သူလည်းပဲ လျှပ်စစ်ကိုအာရုံစိုက်ခဲ့တာလေ၊ တခြား သူဘာမှမကြည့်ဘူး လျှပ်စစ်တစ်ခုပဲ ကြည့်ပြီးတော့ လုပ်ပါဆိုပြီးတော့ လုပ်လိုက်တော့ ဆရာတို့ တက်သွားတယ်လေ။

အဲ့ဒီလိုဟာမျိုးတွေက ဆရာတို့ အတွေ့အကြုံတွေရှိပြီးသား၊ တစ်နေ့ကတောင် ဆရာ ယူနန်ကနေ ပြန်လာတာ၊ ယူနန်ဆိုတာက သူတို့ပြည်နယ်ထဲမှာ နောက်ကျတဲ့ ပြည်နယ်တစ်ခုလို့ ပြောလို့ရပေမယ့် သူ့တို့ရဲ့အနေအထားက ဆရာတို့နဲ့ ဘာမှမဆိုင်တော့ဘူး၊ သူတို့ရဲ့ လူဦးရေက ၄၈ သန်းရှိတယ်၊ ကိုယ်က ၅၄ သန်းရှိတော့ သိပ်မကွာဘူး၊ သူတို့ ပြည်နယ်တစ်ခုက ကိုယ့်နိုင်ငံတစ်နိုင်ငံနဲ့ သွားတူတယ်၊ အဲ့ဒီတော့ ဆရာအောက်မေ့တာ တရုတ်၊ တရုတ်လို့ ပြောရင် တခြားတရုတ်ကို သွားမကြည့်နဲ့ ယူနန်ပဲကြည့်၊ ကိုယ့်နဲ့အနီးဆုံးလေ၊ သူတို့ ရင်းနှီးမြှုပ်နှံမှုကို ကြည့်ရင် သူတို့ရင်းနှီးမြှုပ်နှံမှုက တကယ့်ကို နိုင်ငံတကာ ကုမ္ပဏီတွေ အများကြီးရောက်နေတာ တွေ့တယ်၊ ရောက်အောင်လည်း သူတို့က ဖိတ်ခေါ်တယ်၊ ရောက်လာတဲ့သူတွေ လွယ်လွယ်ကူကူဖြစ်အောင်လည်း ကြိုးစားပေးတယ်၊ ဒါတွေက လုပ်လို့ရပါတယ်ကွယ်၊ ဆရာထင်တာလေးတွေ၊ မလုပ်လို့သာ ခက်နေတာပါ၊ ဒါကြောင့် ပြောရရင်လည်း တော်တော်ကြီးကိုခက်တာ၊ ကိုယ်က တစ်ဖက်က လိုချင်ပေမယ့် လာမယ့်လူ လွယ်လွယ်ကူကူဖြစ်အောင် မလုပ်နိုင်သေးတဲ့ အနေအထားရှိတယ်။

Opinion Leaders ။     ။ အဲ့ဒါဆိုလို့ရှိရင် အကုန်ခြုံလိုက်လို့ရှိရင် ကျွန်တော်တို့က ဒီလိုပြုပြင်ပြောင်းလဲမှုတွေကို လုပ်တော့လုပ်နေတယ်၊ ဒါပေမဲ့ ဒီအခက်အခဲတွေနဲ့ လုံးလည်ချာလည်လိုက်ပြီး ရှေ့မရောက်ဘူးဆိုတဲ့ အနေအထားမျိုး ဖြစ်နေတာပေါ့နော် ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ အဲ့ဒါပေါ့ ဆရာတို့မှာ ဂျာအေး သူ့အမေရိုက်နေတာလေ၊ ဟုတ်တယ်မဟုတ်လား၊ တစ်ဖက်ကလည်း လုပ်တယ်၊ စေတနာနဲ့ဖြစ်စေချင်တယ်၊ လူတွေကသိနေတာပဲ ဘယ်လိုလုပ်ရမယ်ဆိုတာသိတယ်၊ အခုဟာက ခက်တာက အဖြေမသိလို့မဟုတ်ဘူး၊ သိတဲ့အဖြေကို အကောင်အထည်မဖော်နိုင်တဲ့ဒုက္ခ၊ မေးလိုက်ရင်လည်း ဘယ်သူ့မှာ တာဝန်ရှိသလဲဆိုရင် လည်နေတာကို၊ တကယ့်ကို ရွာလည်တယ်ဆိုတာ အခုမှအစစ်၊ ဟုတ်တယ်မဟုတ်လား၊ လည်ကိုလည်နေတော့တာပဲ၊ ဘယ်ကိုမေးရမှန်းကို မသိတော့တာ၊ ကိုယ်ကတော့ ဒီနိုင်ငံမှာဆိုတော့ နိုင်ငံသားတစ်ယောက်အနေနဲ့ သိသာပေမယ့် ရင်းနှီးမြှုပ်နှံမယ့် နိုင်ငံခြားသားကျတော့ အဲ့ဒီလောက်စိတ်မရှည်ဘူးလေ၊ သူတစ်ယောက်တည်း ရွာလည်မခံနိုင်ဘူး၊

ဆရာတို့ အခုလုပ်တဲ့ ဥပမာတစ်ခုပေးရင် သီလဝါဆိုရင် ရွာမလည်ဘူး၊ တစ်ထိုင်တည်းလုပ်လို့ရတယ်၊ အဲ့ဒီတော့ ဆရာအောက်မေ့တာက သီလဝါလည်း မြန်မာပြည်ပဲ။သန်လျင်မှာပဲ။သီလဝါမှာ လုပ်လို့ရရင် ကျန်တဲ့နေရာ ဘာလို့လုပ်လို့မရလဲ၊ အဲ့ဒီလိုလေး ကိုင်ဖို့လည်းလိုတယ် ထင်တယ်၊ ကိုယ်ကတော့ ဆရာတို့ အခု နိုင်ငံရေးစနစ် ပြောင်းလာတဲ့အခါကျတော့ ဟိုအားလုံးက ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင် ဆွေးနွေးနေတော့ ဒီဆွေးနွေးတာက မပြီးနိုင်တော့ဘူး၊ ဘယ်သူမှလဲ ပြတ်ပြတ်သားသား လုပ်ရင်လုပ် မလုပ်ရင်ဘာဖြစ်မယ်ဆိုတာမျိုး ပြောနိုင်တဲ့သူ တစ်ယောက်မှမရှိတာ၊ လုပ်ပါတောင်းပန်ပါတယ်၊ ဆိုတော့ မြန်မာလူမျိုးက တောင်းပန်နေလို့က ဒီလိုပဲနေမှာပဲ၊ သူက ဘာမှ သူ့အတွက် အကျိုးမရှိဘူးထင်တာကိုး၊ အကျိုးမရှိဘူးထင်တော့ သူက ခုနလို တကယ့်ကို ငါ့မှာတာဝန်ရှိတယ်၊ လုပ်မယ်ဆိုတဲ့ စိတ်စေတနာ လိုတယ်လေ၊ အဲ့ဒါကလည်း မီဒီယာကနေ ဆရာတို့ကို နည်းနည်းတွန်းပေးပါဦး၊ ဒီလိုပဲ ပြောကြရမှာပဲလေ ဒီအတိုင်းနေလို့တော့ ဘယ်လိုလုပ်ရမလဲ၊ အခက်အခဲတွေရှိနေတာ သိရဲ့သားနဲ့ အဖြေကလည်း ရှိရဲ့သားနဲ့ မထုတ်နိုင်တာ ဝမ်းနည်းစရာအကောင်းဆုံးပေါ့နော် စီးပွားရေးကတော့။

Opinion Leaders ။     ။ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာ။

ဒေါက်တာအောင်ထွန်းသက်
ဇွန် - ၂၇

( Zawgyi )

မၾကာေသးခင္က လွ်ပ္စစ္ကဲ့သို႔ အေျခခံဝန္ေဆာင္မႈ အခေၾကးမ်ား ျမင့္တက္လာခဲ့သလို သက္ဆိုင္ရာ ADB လို စီးပြားေရးအဖြဲ႕အစည္းမွာ ေခ်းေငြရဖို႔ သတင္းေတြလည္း ေပၚထြက္လာခဲ့ပါတယ္။ႏိုင္ငံအတြင္း အေျခခံအေဆာက္အအုံျဖစ္သည့္ လမ္းပန္းဆက္သြယ္ေရးတြင္ အစိုးရ၏ အေကာင္အထည္ေဖာ္မႈအတြက္ ျပည္ပေခ်းေငြမ်ားက အေရးႀကီးသလို ယခင္အစိုးရအဆက္ဆက္ ေခ်းယူခဲ့သည့္ ေခ်းေငြမ်ားအတြက္ က်ေရာက္အတိုးကို ေပးဆပ္ေနရသည့္အတြက္လည္း အရပ္သားအစိုးရ၏ ျပည္တြင္းစီးပြားေရး အေျပာင္းအလဲက ထင္သေလာက္ ခရီးမေပါက္ခဲ့သည္လည္း ရွိခဲ့ပါတယ္။ယခုေမလတြင္ ျပည္တြင္းသို႔ ျပည္ပမွ ရင္းႏွီးျမဳပ္ႏွံမႈ စီးဝင္မႈက ကန္ေဒၚလာ သန္း ၁၀၀ ေအာက္ ေရာက္ခဲ့သည့္အတြက္ ျပည္ပေခ်းေငြ၊ ေျမယာျပႆနာႏွင့္ ႏိုင္ငံေရးမတည္ၿငိမ္မႈက ျမန္မာ့စီးပြားေရးအေပၚ သက္ေရာက္ေနပုံကို ဝါရင့္စီးပြားေရးပညာရွင္ႏွင့္ ႏိုင္ငံေတာ္သမၼတ၏ စီးပြားေရးအႀကံေပးပုဂၢိဳလ္ ဆရာ ေဒါက္တာေအာင္ထြန္းသက္အား ေမးျမန္းခဲ့ပါတယ္။ဆရာ ေဒါက္တာေအာင္ထြန္းသက္၏ ရႈျမင္သုံးသပ္ခ်က္ အျပည့္အစုံကို ယခုတစ္ပတ္ အထူးအစီအစဥ္အျဖစ္ ေမးျမန္းေဖာ္ျပလိုက္ပါတယ္။

(Opinion Leaders Media အယ္ဒီတာအဖြဲ႕)

Opinion Leaders ။     ။ မၾကာခင္က တိုင္းနဲ႔ျပည္နယ္ ၁၄ ခုစလုံးမွာ လူဝင္မႈႀကီးၾကပ္ေရးနဲ႔ ပတ္သက္ၿပီးေတာ့ ဝန္ႀကီးဌာနအသစ္ကို ထပ္ဖြဲ႕ဖို႔ စာထုတ္တာေတြ႕တယ္ ဆရာ။အဲဒီအခါက်ေတာ့ အဲ့ဒီအက်ိဳးဆက္က ဥပမာဆိုပါေတာ့ ရခိုင္ျပည္နယ္ကေန ျပည္တြင္းကို ဝင္လာတာေတြရွိတယ္၊ ခိုးခိုးၿပီးဝင္လာတဲ့ဟာမ်ိဳးေတြ၊ ၿပီးေတာ့ အိမ္နီးခ်င္းႏိုင္ငံေတြက လူမ်ိဳးေတြ ျပည္တြင္းမွာ လာအေျခခ်တယ္၊ ဒီဟာေတြက ပိုၿပီးေတာ့ စစ္ေဆးတဲ့ေနရာမွာ ပိုအားေကာင္းလာမလား။တစ္ကယ္လို႔ ၂၀၂၀ အေျပာင္းအလဲမွာ ယခင္အာဏာရွင္အစိုးရဘက္ ယိမ္းတဲ့ အစိုးရတက္လာခဲ့ရင္ ဒီဝန္ႀကီးဌာနက ေဒသတြင္း လူအဝင္အထြက္နဲ႔ ေဒသခံေတြကို ပိုထိန္းခ်ဳပ္ႏိုင္ဖို႔ ျဖစ္သြားႏိုင္လား ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ တိုင္းေဒသႀကီးအစိုးရေတြမွာ သူတို႔အခုေျပာတဲ့ေပါ့ေနာ္ immigration ဝန္ႀကီးေတြကို immigration အလုပ္ေတြ ပိုၿပီးေတာ့ ထိထိေရာက္ေရာက္လုပ္ႏိုင္မယ္လို႔ ေအာက္ေမ့တာပဲ၊ ဆရာကေတာ့ အႀကံေပးခ်င္တာက တိုင္းေဒသႀကီးအစိုးရေတြမွာ တကယ္လိုတဲ့ အလုပ္ေတြက ဘာေတြလဲ၊ မရွိမျဖစ္လုပ္သင့္တဲ့ အလုပ္ေတြက ဘာေတြလဲ၊ မလိုတဲ့အလုပ္ေတြက ဘာေတြလဲ အဲ့ဒီအေပၚမူတည္ၿပီးေတာ့ ဘယ္ဝန္ႀကီးဌာန ရွိတယ္၊ မရွိတယ္ စဥ္းစားရမွာေပါ့။တစ္ခ်ိန္တုန္းက ရန္ကုန္တိုင္းမွာေတာင္ ႏိုင္ငံျခားေရးဝန္ႀကီးေတြ လုပ္လိုက္ၾကေသးတယ္ေလ။အခုထိ ေသခ်ာမေရရာတာက ဒီေမးခြန္းက ပိုၿပီးအေျခခံက်တဲ့ ေမးခြန္းျဖစ္တာကိုး။

ဆရာတို႔ဆီမွာ ဝန္ႀကီး၊ ဝန္ႀကီးလို႔ ေျပာတဲ့အခါမွာ ျပည္ေထာင္စုဝန္ႀကီးက ေနျပည္ေတာ္မွာရွိတဲ့ အဆင့္ရွိတယ္၊ ၿပီးေတာ့မွ တိုင္းေဒသႀကီးမွာရွိတယ္၊ ဝန္ႀကီးက ႏွစ္ဆင့္ေပါ့၊ ဝန္ႀကီးႏွစ္ဆင့္ရွိေတာ့ တစ္ႏိုင္ငံလုံးအတြက္ ဘယ္သူက တာဝန္ယူမလဲ။ တိုင္းေဒသႀကီးအတြက္ ဘယ္သူက တာဝန္ယူမလဲ ဘာကို တာဝန္ယူမလဲဆိုတာ စဥ္းစားဖို႔လိုတယ္ေလ၊ အဲ့ဒီအေပၚမွာ စဥ္းစားၿပီးေတာ့မွ အခုသူတို႔ၾကည့္ရတာ လူဝင္မႈႀကီးၾကပ္ေရး ဝန္ႀကီးေတြ လိုတယ္လို႔ ယူဆလို႔လုပ္တာေပါ့၊ အဲ့ဒီေတာ့ အေရးႀကီးတာက ဝန္ႀကီးဌာနေတြ အသစ္လုပ္တာက အေရးမႀကီးဘူး၊ လုပ္တဲ့ဝန္ႀကီးေတြ လုပ္ပိုင္ခြင့္ရွိဖို႔လိုတယ္။လုပ္ပိုင္ခြင့္ရွိဖို႔ လိုတဲ့အျပင္ကို လူေတြက ဝန္ႀကီးလို႔ေျပာရင္ သူ႔မွာ ဝန္ႀကီးဌာနႀကီးတစ္ခုလုံး ရွိတယ္လို႔ ထင္တယ္၊ တကယ္တမ္းေတာ့ တိုင္းေဒသႀကီးမွာက ဝန္ႀကီးလို႔ေျပာရင္ သူတစ္ေယာက္တည္း ကားတစ္စီးနဲ႔ ေနာက္တစ္ေယာက္ ေပးထားတာပဲ ရွိတယ္။

အေရးႀကီးတာက ဆရာတို႔ အခု တိုင္းေဒသႀကီးေတြ အားလုံးၾကည့္လိုက္ရင္ တကယ္ဝန္ႀကီးလို႔ စဥ္းစားလို႔ရွိရင္ ၿမိဳ႕ေတာ္ဝန္ပဲရွိတာ၊ ဟုတ္တယ္မဟုတ္လား။ရန္ကုန္တိုင္းနဲ႔ မႏၲေလးမွာ ဆိုရင္လည္း ၿမိဳ႕ေတာ္ဝန္ပဲရွိတာ၊ က်န္တဲ့လူေတြက ႏွစ္ေယာက္တစ္ပိုင္းေျပာေနတာ၊ တကယ္တမ္း ဆရာတို႔ စီးပြားေရးဝန္ႀကီးဌာနကို တာဝန္ယူေတာ့မယ္ Public အရ လုပ္ေတာ့မယ္ဆိုရင္ လူဝင္မႈႀကီးၾကပ္ေရး၊ ဘာလို႔လဲဆိုေတာ့ ျပႆနာက ဘာလဲဆိုေတာ့ ဒီဟာက ဝန္ႀကီးဌာနအသစ္ တိုးတာ၊ မတိုးတာထက္ကို ကိုယ့္ေအာက္မွာ ဘယ္သူေတြကို စီမံရလဲ၊ ဥပမာ စက္မႈဝန္ႀကီးဆိုရင္ သူ႔မွာ စက္မႈဝန္ႀကီးတစ္ပါးသည္ စက္မႈဝန္ႀကီးဌာနကို အုပ္ခ်ဳပ္ရလား၊ အုပ္ခ်ဳပ္ရတာမွ မဟုတ္တာ။ဟုတ္တယ္ မဟုတ္လား။

စက္မႈဝန္ႀကီးကို ျပည္ေထာင္စုက ကိုင္တာေလ၊ အဲ့ဒီေတာ့ ရန္ကုန္တိုင္းက စက္မႈဝန္ႀကီးသည္ ရန္ကုန္တိုင္းက စက္မႈဝန္ႀကီးဌာနနဲ႔ ဘာမွမပတ္သက္ဘူး၊ သူ႔ခမ်ာ တာဝန္သာေပးထားတယ္၊ လုပ္ကိုင္ခြင့္ေတြ ဘာမွမရွိဘူး၊ ဆရာကေတာ့ အဲ့ဒီလို ယူဆတယ္။အေရးႀကီးတာက တာဝန္ေပးတာ အေရးမႀကီးဘူး၊ လုပ္ပိုင္ခြင့္ေတြ ေပးဖို႔လိုတယ္။ဟုတ္တယ္ မဟုတ္လား၊ အဲ့ဒီေတာ့ ရန္ကုန္တိုင္းေဒသႀကီးမွာရွိတဲ့ လူဝင္မႈႀကီးၾကပ္ေရးဌာနေတြဟာ ဘယ္သူ႔ေအာက္မွာလဲ ဟုတ္တယ္ေနာ္။အဲ့ဒီေတာ့ ဟို ဘယ္သူ႔ေအာက္မွာလဲ ဆိုလို႔ရွိရင္ ေနျပည္ေတာ္ကသူေတြ ႀကိဳက္မွာမဟုတ္ဘူး၊ ဘာလို႔လဲဆိုေတာ့ တိုင္းေဒသႀကီး ဝန္ႀကီးေတြအားလုံးက တိုင္းေဒသႀကီးမွာရွိတဲ့ ဒီဆရာတို႔ တိုင္းေဒသႀကီးမွာရွိတဲ့ လူဝင္မႈႀကီးၾကပ္ေရးကို တာဝန္ယူမယ္ဆိုရင္ ေနျပည္ေတာ္က ဘာမွမက်န္ျပန္ဘူး၊ ဒီျပႆနာက တိုင္းေဒသႀကီး အစိုးရဝန္ႀကီးဌာန အသစ္ထုတ္တာထက္ ပိုၿပီးအေရးႀကီးတဲ့ဟာတစ္ခု ထင္တယ္။စဥ္းစားရမွာေလ ဟုတ္တယ္ မဟုတ္လား၊ ျပည္နယ္ တိုင္းေဒသႀကီးမွာ ဘာလုပ္မလဲ ျပည္ေထာင္စုအဆင့္မွာ ဘာလုပ္မလဲ ဟုတ္တယ္ မဟုတ္လား၊

Opinion Leaders ။     ။ ဒီလိုဆို အစိုးရဝန္ႀကီးဌာနေတြမွာ ျပည္ေထာင္စုဝန္ႀကီးေအာက္မွာ တိုင္းနဲ႔ ျပည္နယ္ ဝန္ႀကီးေတြ ထားလို႔ရွိရင္ တကယ္ထိေရာက္ႏိုင္တဲ့ အေနအထားေပါ့ေနာ္ ဆရာ အဲ့ဒီလိုဆိုလို႔ရွိရင္။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ အေရးႀကီးတာ ဆရာတို႔ အဓိက ကေတာ့ေနာ္ ဝန္ႀကီးဌာန တိုးတာ၊ မတိုးတာထက္ကို အုပ္ခ်ဳပ္ေရးယႏၲရားႀကီး ေတာင့္ေတာင့္တင္းတင္းရွိဖို႔ပဲ။ဟုတ္တယ္ေနာ္၊ ဥပမာ ဆရာတို႔ တိုင္းရင္းသားဝန္ႀကီးဌာန အသစ္ဖြင့္လိုက္တယ္။တိုင္းရင္းသားဝန္ႀကီးေတြကို ျပည္နယ္တိုင္းေတြမွာ လုပ္တယ္၊ ျပည္နယ္တိုင္းေတြမွာ လုပ္တဲ့အခါက်ေတာ့ ဥပမာ- ရန္ကုန္တိုင္းမွာဆိုရင္ မွတ္မိတာက ရခိုင္ဝန္ႀကီးတစ္ပါးရွိတယ္၊ ေနာက္တစ္ခါ ကရင္ဝန္ႀကီးတစ္ပါး ရွိတယ္၊ ကရင္ျပည္နယ္မွာ ဆိုရင္လည္း ဗမာဝန္ႀကီးတစ္ပါးရွိတယ္ စသည္ျဖင့္ေပါ့၊ အဲ့ဒီလူေတြကို ဆရာတို႔ ဝန္ႀကီးဌာနလို႔ ေပးလိုက္ရင္ ဝန္ႀကီးဌာနနဲ႔ ကိုက္ညီတဲ့ လုပ္ပိုင္ခြင့္ေတြေရာ အဲ့ဒီေနာက္မွာပါမယ့္ ဝန္ထမ္းေတြ ဘာေတြလိုလိမ့္မယ္ထင္တယ္၊ မရွိဘဲသူကရွိသကဲ့ လုပ္ေနတာလား၊ ျပႆနာက အဲ့ဒါပဲထင္တယ္။

Opinion Leaders ။     ။ အာရွဖြံ႕ၿဖိဳးေရးဘဏ္နဲ႔ ေဒၚစု သြားခဲ့တဲ့ ခရီးစဥ္ထဲမွာပဲ ဒီေလးႏွစ္အတြင္း ျမန္မာႏိုင္ငံကို ေဒၚလာ ၁ ဒသမ ၆ ဘီလ်ံ ေခ်းဖို႔ ရွာထားတယ္ေပါ့ေနာ္၊ အခုက အခ်ိန္သိပ္မက်န္ေတာ့ဘူး။ဒီေခ်းေငြက ေနာက္လာမယ့္ ေ႐ြးေကာက္ပြဲကို ဆက္ခံမယ့္အစိုးရနဲ႔ သြားသက္ဆိုင္မယ္လို႔ ထင္တယ္။ေနာက္ၿပီး လာမယ့္ ငါးႏွစ္အတြင္းမွာ ရန္ကုန္ မိုးပ်ံရထားစီမံကိန္းရွိတယ္၊ ၿမိဳ႕သစ္စီမံကိန္းေတြရွိတယ္။ၿပီးေတာ့ တျခားစီမံကိန္းႀကီးေတြ။ဒါေတြက ADB က ေခ်းေငြေၾကာင့္ ပိုျမန္လာႏိုင္မလား။စီးပြားေရးမွာ ဘာေတြသက္ေရာက္လာႏိုင္မလဲ ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ ဆရာတို႔ ခုနေလ ပထမေမးခြန္းနဲ႔ ခပ္ဆင္ဆင္ပဲ ႏိုင္ငံေတာ္က သူတာဝန္ယူတဲ့အခ်ိန္မွာ ေငြေခ်းရင္ ဒီေခ်းလိုက္တဲ့ေငြသည္ သူတာဝန္ယူတဲ့ ကာလအတြင္းမွာတင္မကဘူး၊ သူတာဝန္ရွိတဲ့ ကာလမွာပဲ ေခါင္းခံရမယ့္ဟာမ်ိဳးျဖစ္ေနတာ၊ အဲ့ဒီေတာ့ ဆရာတို႔ အခု လက္ရွိအစိုးရသည္ ဦးသိန္းစိန္ လက္ထက္က ေခ်းထားတဲ့ဟာေတြ ဦးသန္းေ႐ႊ လက္ထက္က ေခ်းထားတဲ့ဟာေတြအားလုံး သူတို႔ဆပ္ေနရတာ၊ ဟုတ္တယ္ေနာ္၊ အဲ့ဒီေတာ့ ကိုယ့္အေနနဲ႔ ဝန္ထုပ္ဝန္ပိုးက ဘာလဲဆိုေတာ့ ေရွ႕အဆက္ဆက္ အစိုးရေတြ တာဝန္ယူၿပီးေခ်းတဲ့ဟာေတြ အားလုံးဟာ ကိုယ့္မွာေခ်းေငြေတြ အတိုးဆပ္ရမယ့္ တာဝန္ေတြက ႀကီးႀကီးလာတယ္၊ အဲ့ဒါကို နားလည္ဖို႔ လိုလိမ့္မယ္ထင္တယ္။

ဥပမာ - ေခ်းတာကလြယ္တယ္၊ ဒါေပမဲ့တစ္ခ်ိဳ႕ေတြက ဆရာမွတ္မိေသးတယ္၊ ဆရာတာဝန္က်တဲ့ ႏိုင္ငံတစ္ႏိုင္ငံမွာ၊ ႏိုင္ငံျခားမွာ အဲ့ဒီလိုေျပာလိုက္တဲ့အခါက်ေတာ့ ငါလည္းမရွိေတာ့ဘူး၊ ဒီအေႂကြးဆပ္တဲ့အခ်ိန္မွာ ငါတာဝန္မွမရွိေတာ့တာလို႔ စဥ္းစားလို႔မရဘူးေလ၊ ဟုတ္တယ္မဟုတ္လား။အမွန္က ငါတာဝန္ရွိတယ္၊ ေခ်းလိုက္တဲ့ဟာက အတိုးေတြနဲ႔ အၿမဲတမ္းေပးေနရမွာကိုး၊ ေခ်းတဲ့ပမာဏ မ်ားေလေလ အတိုးေတြက မ်ားေလေလပဲ၊ အတိုးမဲ့ေခ်းတာတို႔ ဘာတို႔က တစ္မ်ိဳးေပါ့၊ အတိုးနဲ႔ေခ်းရတဲ့ ဟာမ်ိဳးဆိုရင္ကို စဥ္းစားဖို႔လိုတယ္၊ ဒါကေတာ့ ျမန္မာျပည္တစ္ျပည္ထဲ မဟုတ္ပါဘူး၊ ႏိုင္ငံတကာမွာလည္း ဒီလိုအေနအထားေပါ့၊

အေရးအႀကီးဆုံးက ဘာလဲဆိုေတာ့ ဆရာတို႔ အခက္အခဲေတြျဖစ္ေနတာ အဲ့ဒီကိစၥေပါ့၊ အဆက္ဆက္က အုပ္ခ်ဳပ္လာတဲ့သူေတြရဲ႕ အဆုံးအျဖတ္ေတြကို က်န္တဲ့ ေနာက္ထပ္ လက္ဆင့္ကမ္း အစိုးရေတြက တာဝန္ခံရတာကို ဟုတ္တယ္မဟုတ္လား၊ တာဝန္ခံမႈမရွိရင္ ဟိုဘက္ကလည္း ဘယ္သူမွ ကိုယ့္ကိုယုံမွာ မဟုတ္ေတာ့ဘူး၊ အရင္တုန္းက လက္မွတ္ထိုးတာေတြအားလုံး၊ အရင္တုန္းက စာခ်ဳပ္စာတမ္းေတြနဲ႔ လုပ္တာေတြအားလုံး အခုက တာဝန္ခံေနရတာ၊ အဲ့ဒီမွာဂြၽမ္းပစ္ေနတာ၊ အခက္အခဲေတြ ကိုယ္မသိတာေတြ ကိုယ္တက္လာတုန္းက လုံးဝတက္လာတဲ့ အစိုးရသစ္ဟာ အေႂကြးလုံးဝမရွိတဲ့ အတိုးလုံးဝေပးစရာမလိုတဲ့ အစိုးရမ်ိဳးမွ မဟုတ္တာ၊ သူ႔မွာ အလိုလိုကတည္းက အေႂကြးတင္ခဲ့တာေလ၊ အေရွ႕အစိုးရကဟာေတြ၊ အခုလည္း ဒီလို ေခ်းလိုက္လို႔ရွိရင္ ေနာက္အစိုးရလည္း အေႂကြးတင္ရင္ သူဆပ္ရမွာေလ၊ ဒါကို ကတိကဝတ္ အလိုအေလွ်ာက္ ေပးၿပီးသားေလ၊ အဲ့ဒါကို ဆရာတို႔က တာဝန္ယူရမွာ။

Opinion Leaders ။     ။ ဒီဟာဆိုလို႔ရွိရင္ အခုလက္ရွိလုပ္ေနတဲ့ စီမံကိန္းေတြလည္း ရွိတယ္၊ အထူးသျဖင့္ ရခိုင္ျပည္နယ္မွာေပါ့၊ ဒီလိုမ်ိဳး ေခ်းေငြေတြကလည္း ဒီအထဲမွာသုံးေနတာလည္း ရွိခ်င္ရွိမယ္၊ ေနာက္ တျခားေနရာေတြမွာလည္း သုံးေနတာရွိမယ္၊ တျခား infrastructure ေပါ့၊ ဆက္သြယ္ေရးနဲ႔ ပတ္သက္တဲ့ဟာေတြ ေနာက္ခရီးသြားလမ္း လုပ္တဲ့ဟာေတြက အဲ့ဒီလိုမ်ိဳးေခ်းေငြေတြက ေတာင့္ေတာင့္တင္းတင္း တကယ္ရလာလို႔ရွိရင္ ဆရာတို႔လုပ္ေနတဲ့ ေဒသေတြမွာ ဘယ္လိုမ်ိဳး သြားသက္ေရာက္လာႏိုင္မလဲ ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ ဆရာထင္တယ္ ေခ်းတာအျပစ္မဟုတ္ဘူး၊ ေခ်းရမွာပဲေလ၊ ကိုယ့္မွာ လိုေငြက်ေတာ့ ႏိုင္ငံတကာက ေခ်းေငြေတြနဲ႔ အခုအႀကီးအက်ယ္ေပါ့။အခုဆရာတို႔ စဥ္းစားလို႔ရွိရင္ ထရန႔္ ကေနာ္ သူ႔ရဲ႕ စီးပြားေရးျပဳျပင္ေျပာင္းလဲမႈ လုပ္တဲ့အခါမွာ အခြန္အခေတြ ေလွ်ာ့ပစ္လိုက္တယ္၊ အခြန္အခေတြ ေလွ်ာ့ပစ္လိုက္ေတာ့ အေႂကြးေတြက သူ႔ဆီမွာ နင့္ခနဲတက္လာတယ္၊ သူ႔စိတ္ထဲမွာ အဲ့ဒါကို ေခါင္းထဲမွာကို မရွိတာ၊ ဒါသူနဲ႔မဆိုင္ေတာ့ဘူး၊ လုံးဝကို တာဝန္မဲ့မဲ့နဲ႔ စဥ္းစားလိုက္တာ၊ ဆရာတို႔မွာ အဲ့ဒီဟာကို ဘာျပႆနာျဖစ္သြားလဲဆိုေတာ့ အေရးႀကီးတဲ့ကိစၥက ႏိုင္ငံေရးျပကၡဒိန္နဲ႔ စီးပြားေရးျပကၡဒိန္ေပါ့၊ economic calendar နဲ႔ political calendar ေပါ့၊

အခုကျဖစ္ေနတာက လူေတြနားလည္တာက ငါးႏွစ္တာကာလမွာ အစိုးရတာဝန္ယူတဲ့ကာလမွာ ဒီငါးႏွစ္ကေလးကိုပဲ တာဝန္ယူရတာလို႔ထင္တယ္၊ မဟုတ္ဘူး၊ ဟုတ္တယ္မဟုတ္လား၊ သူ႔အေရွ႕က လုပ္ခဲ့တဲ့ဟာေတြအားလုံး တာဝန္ယူရသလို သူကလည္း ငါးႏွစ္ျပည့္လို႔ရွိရင္ ဥပမာ - ဦးသိန္းစိန္ ငါးႏွစ္ၿပီးသြားတဲ့အခ်ိန္မွာ သူ႔ရဲ႕ ဝန္ထုပ္ဝန္ပိုးေတြကို NLD က ဒီတာဝန္ယူေနရတာ၊ ဦးသိန္းစိန္ ကလည္း ဟိုဘက္က ဦးသန္းေ႐ႊ လုပ္တဲ့ဟာ တာဝန္ယူေနရတာ။အဲ့ဒါေတြအားလုံးက ဒီလိုျဖစ္ေနတာ၊ ဆရာတို႔အေနနဲ႔ အေကာင္းဆုံးျဖစ္ေအာင္ေတာ့ ေခ်းတာက ဆရာထင္တာ ေခ်းတာကို အတိုးေပးရတာကို တစ္ခ်ိဳ႕ေတြက ေခ်းစရာမလိုဘူးလို႔ ေျပာေပမယ့္ မေခ်းေတာ့ ဘယ္လိုလုပ္မလဲ၊ ကိုယ့္မွာကိုေလ ျပည္တြင္းမွာ အရင္းအႏွီးရွိရင္ေတာ့ တစ္မ်ိဳးေပါ့၊ အရင္းအႏွီး မရွိရင္ေတာ့ ေခ်းရမွာပဲ၊ ေရရွည္နဲ႔ပတ္သက္လို႔ ျပည္သူလူထုအတြက္ ဝန္ထုပ္ဝန္ပိုး သိပ္ၿပီးမပိေအာင္ ဆရာတို႔ ဘယ္လိုလုပ္ၾကမလဲပဲ ဆရာတို႔ စဥ္းစားရမွာေပါ့။

Opinion Leaders ။     ။ ေနာက္ဆုံးေမးခြန္းပါပဲ ဆရာ၊ ဆရာတို႔ ရခိုင္ျပည္နယ္နဲ႔ ပတ္သက္ၿပီးေတာ့ ရင္းႏွီးျမဳပ္ႏွံမႈ ေခၚတဲ့အခါ ဒီေမလမွာ FDI ဝင္ေရာက္မႈက ကန္ေဒၚလာ ၈၆ သန္း ဝန္းက်င္ေလာက္ပဲ ဝင္တယ္။ေတာ္ေတာ္ႀကီးနည္းတယ္၊ ေဒၚလာသန္း ၁၀၀ ေအာက္ ဆင္းသြားတယ္၊ မၾကာခင္က ရခိုင္ျပည္နယ္မွာ ဆက္သြယ္ေရး ေကာ္နက္ရွင္ေတြ ျဖတ္ေတာက္လိုက္တာ ရွိတယ္။စီးပြားေရးသမားဘက္က ၾကည့္ရင္ ဒီလိုအျဖစ္ေတြေၾကာင့္ ျပည္ပက ရင္းႏွီးျမႇဳပ္ႏွံမႈေတြ လာေရာက္မယ့္သူေတြက ေရရွည္မွာ ဒီလိုေတြေၾကာင့္ ယုံၾကည္မႈေလ်ာ့က်လာႏိုင္မလား။ဒါမွမဟုတ္ နားလည္ေပးႏိုင္မလား၊ ဒီလိုမ်ိဳးျဖစ္ေနတာေတြ လက္ရွိ ရင္းႏွီးျမႇဳပ္ႏွံမႈကို ဘယ္လိုအခက္အခဲျဖစ္ေစလဲ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ ရင္းႏွီးျမႇဳပ္ႏွံမႈလို႔ေျပာရင္ မ်က္စိမွိတ္ၿပီး ရင္းႏွီးမယ့္သူ ျမဳပ္ႏွံမယ့္သူ တစ္ေယာက္မွမရွိဘူး။ဟုတ္တယ္မဟုတ္လား၊ သူ႔အတြက္အက်ိဳးအရွိဆုံးျဖစ္ေအာင္ သူကႀကိဳးစားမွာပဲ၊ သူက ရင္းႏွီးျမႇဳပ္ႏွံသူကိုး။ဟုတ္တယ္မဟုတ္လား၊ သူက အေျခအေနေတြကို သုံးသပ္မယ္၊ စိစစ္မယ္၊ ဆန္းစစ္မယ္၊ ၿပီးေတာ့မွ သူ႔ေငြေတြကို အႀကံအားျဖင့္ အေကာင္းဆုံး စိတ္အခ်ရဆုံး သူ႔အတြက္ကို လုံးဝကို သူကစဥ္းစားမွာပဲ၊ စဥ္းစားတဲ့အခါမွာ ဆရာတို႔ တစ္ခုေတာ့ရွိတာက ဘာလဲဆိုေတာ့ အဲ့ဒီလိုတည္တည္ၿငိမ္ၿငိမ္ ရွိတဲ့အခါမွာေတာ့ Rate က နည္းေတာ့ ျပန္ရတဲ့အခါကလည္း နည္းေကာင္းနည္းမယ္။

သူ႔အေနနဲ႔ ျမန္မာျပည္မွာ ဘာေၾကာင့္ရင္းႏွီးမလဲဆိုေတာ့ က်န္တဲ့သူေတြ မရင္းႏွီးရင္ သူရင္းႏွီးရင္ သူပဲရမယ္ေပါ့။ဟုတ္တယ္ေနာ္။သူတစ္ေယာက္ပဲ ရႈံးလို႔ရွိရင္ က်န္တဲ့သူမရွိေတာ့ သူပဲစဥ္းစားတဲ့အတြက္ သူ႔မွာအက်ိဳးအျမတ္ရမယ္ ဆိုၿပီးေတာ့ အဲ့ဒီေမွ်ာ္လင့္ခ်က္နဲ႔လုပ္တာေပါ့၊ သူကေတာ့ ဆရာတို႔ထင္ရတာ investor ေတြအေနနဲ႔ကေတာ့ အခြင့္အေရးေတြ လိုက္ရွာတာပဲေလ၊ အခြင့္အေရးလိုက္ရွာတဲ့အခါမွာ ကေမာၻဒီးယားမွာ အခြင့္အေရး ပိုေကာင္းတယ္၊ ဗီယက္နမ္မွာ ပိုၿပီးတည္ၿငိမ္တယ္၊ ဗီယက္နမ္မွာလည္း အားလုံးျပႆနာေတြနည္းတယ္ဆိုရင္ ဗီယက္နမ္မွာ သြားၿပီးေတာ့ သူရင္းႏွီးမွာပဲေလ၊ ဟုတ္တယ္မဟုတ္လား။

ကိုယ့္ႏိုင္ငံကို ေစတနာရွိလြန္းလို႔ ရင္းႏွီးတဲ့သူ တစ္ေယာက္မွမရွိဘူးကြဲ႕၊ အဲ့ဒါ ပြင့္ပြင့္လင္းလင္း ေျပာမွရမယ္၊ ဟုတ္တယ္မဟုတ္လား၊ ရင္းႏွီးျမႇဳပ္ႏွံမယ့္သူက သူ႔အက်ိဳးၾကည့္တာ။အဲ့ဒီေတာ့ သူ႔အက်ိဳးသူၾကည့္ေတာ့ ဆရာတို႔က သူ႔ကိုဆြဲတဲ့ေနရာမွာ မက္လုံးေပးတဲ့အခါမွာ တို႔ဆီလာရင္းႏွီး။တို႔ဆီလာရင္းႏွီးရင္ ရတဲ့ အက်ိဳးအျမတ္သည္ ကေမာၻဒီးယား သြားတာထက္၊ ဗီယက္နမ္ သြားတာထက္၊ လာအို သြားတာထက္၊ ထိုင္း သြားတာထက္ ကိုယ္ကသာလိမ့္မယ္လို႔ မေျပာႏိုင္ရင္ေတာ့ ရင္းႏွီးမွာမဟုတ္ဘူး၊ ဆရာတို႔ အထြက္မွာလည္း ေျပာၾကတာပဲ၊ ကိုယ္ကိုယ္တိုင္လည္း ေျပာၾကတာပဲ တို႔ဆီမွာလာပါ၊ တို႔ဆီမွာလာလို႔ရွိရင္ မင္းပိုၿပီးစိတ္ခ်ရတယ္ ဘာညာေျပာေတာ့ ေျပာရင္းဆိုရင္းနဲ႔ကို ရခိုင္မွာ အေျခအေနေကာင္းတယ္တို႔ ထင္ရတဲ့အခါမွာ AA က ျဖစ္လာျပန္ေရာ၊ အဲ့ဒီေတာ့ ေတာ္႐ုံတန္႐ုံ လူေတြအားလုံးက လန႔္သြားျပန္ေရာ။

ေနာက္တစ္ခါ သူတို႔အေနနဲ႔ စဥ္းစားတာက ဒါဆိုရင္ ရင္းႏွီးျမႇဳပ္ႏွံမႈကို One Stop Service OSS ေပါ့ ရင္းႏွီးျမႇဳပ္ႏွံမႈကို အလြယ္ဆုံးျဖစ္ေအာင္ လုပ္မယ္လို႔ေျပာတယ္။ဒါက ဌာနတစ္ခုကေျပာတာ၊ တကယ္သြားလုပ္လိုက္တဲ့အခါက်ေတာ့ ဌာန ၁၀ ခုက လုပ္ခြင့္အခက္အခဲေတြ ျဖစ္ေအာင္လုပ္တာ၊ အဲ့ဒီအခါက်ေတာ့ ဟိုလူက ဘယ္သူ႔ယုံရမွန္းမသိဘူး၊ ဘယ္သူ႔ယုံရမွန္း မသိတဲ့အခါက်ေတာ့ ေနာက္ဆုံး ဆရာထင္တာေတာ့ေလ၊ လူတစ္ေယာက္လိုေပါ့ေလ၊ စိတ္ညစ္ၿပီးေတာ့ ပင္ပန္းခံၿပီးေတာ့ ျမန္မာျပည္မွာ ရင္းႏွီးမွာမဟုတ္ေတာ့ဘူးလို႔ သူတို႔ဆုံးျဖတ္လိမ့္မယ္။သြားၿပီးေတာ့ သြားလုပ္ရင္ ငါပင္ပန္းတာပဲရွိမယ္၊ အဲ့ဒီေတာ့ ငါ့ကိုလည္း အာမခံတာလည္း ဘာမွမရွိတဲ့အျပင္ ဒါဆိုရင္ဘာလုပ္မလဲ။

ဒီအတိုင္းဆိုရင္ေတာ့ အေျခအေနမေကာင္းဘူးဆိုၿပီးရင္ ကိုယ္က ဒီေပါ့ေနာ္၊ ႏိုင္ငံတကာၾကည့္တဲ့ဟာက မက္လုံးေပးတယ္၊ ျမန္မာျပည္မွာ ခုနစ္ႏွစ္ေပးတယ္ဆိုပါေတာ့၊ အခြန္ကင္းလြတ္ခြင့္ ခုနစ္ႏွစ္ေပးတယ္၊ အခု လာအိုက ၁၅ ႏွစ္ ေပးတယ္ဆိုရင္ ခုနစ္ႏွစ္မွာ လာၿပီးရင္းႏွီးမယ့္သူက ေတာ္ေတာ္ရွားသြားၿပီ၊ ဘာလို႔လဲဆိုေတာ့ သူက တျခားဟာကိုသြားမွာပဲ၊ ကိုယ္ကလိုက္ရမွာ၊ ကိုယ္ကလိုခ်င္တဲ့သူေလ၊ ရင္းႏွီးျမႇဳပ္ႏွံတဲ့သူအေနနဲ႔ ကိုယ္ကလိုခ်င္တဲ့သူလည္းပါေတာ့ ကိုယ့္သေဘာကေတာ့ သူမ်ားႏိုင္ငံထက္ မက္လုံးေတြ ပိုေပးႏိုင္ဖို႔က ကိုယ့္ႏိုင္ငံမွာ တည္ၿငိမ္ဖို႔လိုတယ္။ကိုယ့္ႏိုင္ငံမွာ တရားဥပေဒစိုးမိုးမႈရွိရင္ အခုျပႆနာက ဘာလဲဆိုေတာ့ ဆရာတို႔ ရင္းႏွီးျမႇဳပ္ႏွံမႈလို႔ ေျပာလိုက္လို႔ရွိရင္ ေျပာတဲ့အထဲမွာ ေျမယာျပႆနာက အဆိုးဆုံးပဲ။

ျမန္မာတစ္ျပည္လုံးမွာ ေျမယာျပႆနာက အဆိုးဆုံးျဖစ္ေနတာ၊ ဒီေျမႀကီး ဘယ္သူပိုင္မွန္းကို မသိတာ၊ တကယ္ ရင္းႏွီးျမႇဳပ္ႏွံမယ္ ဆိုလို႔ရွိရင္ အစိုးရပိုင္ေျမလား၊ ပုဂၢလိကပိုင္ေျမလား တပ္မေတာ္က ပိုင္တဲ့ေျမလား၊ ပိုင္ဆိုင္မႈေတြက မေရမရာ ျဖစ္လာတဲ့အခါက်ေတာ့ သူ႔အေနနဲ႔က ရင္းႏွီးျမႇဳပ္ႏွံတဲ့အခါက်ရင္ အေျခခံကေတာ့ ေျမႀကီးလိုတယ္၊ ေျမႀကီးကို လြယ္လြယ္ကူကူ မေပးႏိုင္လို႔ ဥပမာ- ဆမ္ေဆာင္း လက္လႊတ္လိုက္ရတယ္၊ ေျမႀကီးမေပးႏိုင္နဲ႔ နစ္ဆန္းက ကိုယ္လိုခ်င္တဲ့အတိုင္း မျဖစ္ဘူး၊ ဒီသင္ခန္းစာေတြက ဆရာတို႔ ရေနေပမယ့္ အခုအထိ ေျမႀကီးျပႆနာက မေျပလည္ေသးဘူး၊ Land policy က မျပတ္တာ၊ ဆရာထင္တယ္ ရင္းႏွီးျမႇဳပ္ႏွံမႈအတြက္ အဓိကဘာလဲဆိုရင္ Land policy ပဲ။ျမန္မာႏိုင္ငံမွာရွိတဲ့ ေျမႀကီးေတြကို ဘယ္လိုလုပ္ၾကမလဲ၊ ကိုယ္က အခု စိုက္ပ်ိဳးေရးေျမႀကီးေတြကို တျခားလုပ္ပိုင္ခြင့္ေတြ ေလွ်ာက္ခြင့္ ရွိ၊ မရွိ ဆိုတဲ့ ျပႆနာ ေတာ္ေတာ္ႀကီးတာ၊ ဟုတ္တယ္မဟုတ္လား၊ တစ္ဖက္ကလည္း ေခတ္အဆက္ဆက္က ကိုယ့္ႏိုင္ငံမွာ စားဝတ္ေနေရး သီးႏွံဖူလုံမႈရွိေအာင္ ဆိုတဲ့အတြက္ ေျမႀကီးေတြကို ခ်န္ထားတယ္လို႔ေျပာတယ္။

ေျမႀကီးေတြကို စိုက္ပ်ိဳးေရး၊ ဥယ်ာဥ္၊ ၿခံေျမ ဟုတ္တယ္မဟုတ္လား၊ ဥယ်ာဥ္ၿခံေျမနဲ႔ သတ္မွတ္ထားတဲ့ ေျမႀကီးေတြကို တျခားလုပ္ပိုင္ခြင့္ေပးဖို႔ ေျပာင္းဖို႔ဆိုတာ ေတာ္ေတာ္ႀကီးကိုခက္တာ။အခုအထိပဲ၊ ဆရာတို႔မွာ ေတာ္ေတာ္ခက္သြားေရာ၊ အဲ့ဒီမွာ စက္မႈဇုန္ေတြ ေဖာ္တာတို႔ဘာတို႔မွာ ေျမႀကီးေတြျပႆနာက ေတာ္ေတာ္ႀကီးကို ႀကီးလာတဲ့အခါက်ေတာ့ ဒီလိုျဖစ္တာေပါ့ေလ၊ တစ္ဖက္ကက်ျပန္ေတာ့လည္း ကိုယ့္ဆီမွာ တရားဥပေဒစိုးမိုးေရး၊ အဂတိလိုက္စားမႈေတြ မ်ားတဲ့အခါက်ေတာ့ တန္ရာတန္ေၾကး ေျမႀကီးခတင္ မယူဘဲနဲ႔ အစိုးရေတြက ကိုယ္နဲ႔ပတ္သက္တဲ့သူေတြကို အစိုးရဌာနေတြက အလကားေပးသလို ေပးပစ္လိုက္တာ။

ေနာက္ဆုံးေတာ့ ဒီအစိုးရဌာနလည္း ဘာမွမရ အစိုးရဌာနဆိုတာ ျပည္သူကိုေျပာတာ၊ အဲ့ဒီလိုေတြျဖစ္သြားတယ္၊ အဲ့ဒီေတာ့ ဟို အဓိက ကေတာ့ အဲ့ဒီျပႆနာပဲ။ႏိုင္ငံျခားသားေတြနဲ႔ ပတ္သက္လာရင္ သူတို႔ စိတ္အပူဆုံးက အဲ့ဒါပဲ။သူတို႔လာရင္းႏွီးၿပီးေတာ့ ေျမႀကီးျပႆနာကို မေျဖရွင္းေပးႏိုင္ရင္ သူတို႔အတြက္က အင္မတန္မွ ဆရာထင္တယ္၊ ခက္တယ္လို႔ထင္တယ္၊

ေနာက္တစ္ခုက ဆရာတို႔မွာက အေတြးအေခၚေတြက ေျမႀကီးေျမႀကီးဆိုရင္ မ်ိဳးခ်စ္စိတ္ေတြ ရွိတဲ့သူက သိပ္မ်ားတာ၊ ဟုတ္တယ္မဟုတ္လား၊ အားလုံးက ဒီေျမႀကီးေတြကို မစြန႔္လႊတ္ႏိုင္ဘူး။ေျမႀကီးကို ေလယာဥ္ပ်ံနဲ႔ သယ္သြားလို႔လည္းမရဘူး၊ သေဘၤာနဲ႔ တင္သြားလို႔လည္းမရဘူး၊ ေျမႀကီးက ကိုယ့္ပစၥည္းပဲ ဟုတ္တယ္မဟုတ္လား၊ ဘယ္သူပိုင္ပိုင္ အခ်ိန္တန္ေတာ့ ကိုယ္ပိုင္ပဲေလ၊ အဲ့ဒီလိုမစဥ္းစားႏိုင္ပဲနဲ႔ ေျမႀကီးအေပၚမွာ စြဲလန္းမႈေတြ သံေယာဇဥ္ထားမႈေတြ မ်ားတဲ့အခါက်ေတာ့ လုပ္ရကိုင္ရ ေတာ္ေတာ္ခက္သြားတယ္၊ အဲ့ဒီလိုျဖစ္ျပန္တာက ကိုယ့္ေျမႀကီးေတြကို သူမ်ားယူသြားၿပီ ႏိုင္ငံျခားသားယူသြားၿပီ တ႐ုတ္လာၿပီ ဘာညာဆိုၿပီး အထိတ္တလန႔္ေပါ့။

ရွိတာထက္ ပိုၿပီးဆိုးေအာင္ ေျပာတဲ့သူေတြကလည္း အျပည့္ရွိတာေပါ့၊ အဲ့ဒီေတာ့ ရင္းႏွီးျမႇဳပ္ႏွံမႈမွာ စိတ္အပူရဆုံးက ေျမႀကီးကိစၥ၊ ေနာက္တစ္ခုက အေရးေပၚျဖစ္ေနတဲ့ လွ်ပ္စစ္ကိစၥ၊ လွ်ပ္စစ္ရမယ္ရမယ္ ေျပာေပမယ့္ အထူးသျဖင့္ Hight Tech ေတြေပါ့ေနာ္၊ တကယ့္ကို ရင္းႏွီးတာ အသစ္အဆန္းလုပ္မယ့္ ကုမၸဏီေတြက်ေတာ့ သူက လွ်ပ္စစ္ရ႐ုံနဲ႔မေက်နပ္ဘူး၊ သူ႔လွ်ပ္စစ္က ဓာတ္အားက consecutive ျဖစ္ရမယ္၊ အခုက ခဏခဏ Braker ေတြ ပ်က္ေနေတာ့ အင္မတန္အေရးႀကီးတဲ့ ပစၥည္းေတြ ထုတ္တဲ့ စက္႐ုံေတြက မခံႏိုင္ဘူးေလ၊ ဟုတ္တယ္မဟုတ္လား၊ သူတို႔လိုခ်င္တာက အဲ့ဒီေတာ့ ဆရာတို႔မွာက ဆရာထင္တယ္ သုံးခုေပါ့ေလ။

ဒီရင္းႏွီးျမႇဳပ္ႏွံမႈမွာ လုပ္ဖို႔လိုတာက infrastructure ေပါ့၊ အေျခခံမွာ လမ္းတံတား၊ သြားေရးလာေရးမွာ အဆင္မွမေျပတာေလ ဟုတ္တယ္မဟုတ္လား၊ အဆင္မေျပေတာ့ ဘာျဖစ္သြားလဲဆိုရင္ သယ္ယူပို႔ေဆာင္ေရး စရိတ္ကို ရင္းႏွီးမယ့္သူက ခံရမွာေလ၊ လြယ္လြယ္ကူကူ ေခ်ာေခ်ာေမြ႕ေမြ႕ infrastructure က မရွိဘူး၊ လမ္းတံတားေတြ၊ ေျမႀကီး၊ ေနာက္တစ္ခါ လွ်ပ္စစ္၊ ေနာက္တစ္ခါ Technology ကလည္း အားနည္းတယ္၊ Technology အားနည္းေတာ့ ဆရာတို႔မွာ နည္းပညာ Fourth infrastructure Revolution ဘာညာေျပာေနေပမယ့္  အေျပာပဲရွိတာ၊ တကယ္အမွန္မရဘူး။

ေနာက္ဆုံးတစ္ခုက addition ေပါ့။ဒီသုံးခုကို အေျခခံၿပီးမွ ႏိုင္ငံတစ္ႏိုင္ငံ တိုးတက္ရတာကိုး၊ infrastructure  ေကာင္းဖို႔ရယ္ ေနာက္တစ္ခါ လွ်ပ္စစ္၊ လမ္းတံတား အေျခခံအေဆာက္အအုံေတြ ေကာင္းဖို႔က အဓိကျဖစ္တယ္၊ ၿပီးေတာ့မွ နည္းပညာပိုင္း၊ ၿပီးေတာ့မွ အခု ပညာေရးစနစ္ေပါ့၊ ပညာေရးစနစ္ကလည္း ဆရာတို႔ ႏွစ္ေပါင္းမ်ားစြာ အရည္အေသြးကို မစဥ္းစားဘဲနဲ႔ အရည္အတြက္ကို သြားစဥ္းစားၿပီး ေ႐ြးခ်ယ္တဲ့ ဒုကၡႀကီးက ေတာ္ေတာ္ေလးကို ႀကီးသြားၿပီ။အဲ့ဒီေတာ့ လူသိမ်ားၿပီးေတာ့ တကယ္လုပ္ႏိုင္တဲ့ေကာင္ေတြက မရွိေတာ့ဘူး၊ အဲ့ဒီေတာ့ အဲ့ဒီပညာေရးစနစ္ကို ျပင္ဖို႔ဆိုတာကလည္း ခ်က္ခ်င္း ရာစုတစ္စုျပင္ရမွာေလ၊ လုပ္ေတာ့လည္း လုပ္ေနတာပဲ ဒါေပမဲ့ ျပင္ဖို႔လည္း လိုေနေသးတာ။အဲ့ဒီလိုရွိေနေတာ့ ဆရာတို႔ သူတို႔ ဗီယက္နမ္တို႔ ဘာတို႔မွာ သူတို႔က ျပတ္တယ္ေလ၊ ကိုရီးယားမွာလည္း ဒီပုံစံနဲ႔ပဲ၊ ကိုရီးယားရဲ႕ ျပဳျပင္ေျပာင္းလဲမႈကိုၾကည့္ရင္ ဒီေျမႀကီးနဲ႔ပဲ ေျပာင္းသြားတာ၊ လယ္ယာဒီေျမႀကီးကို လုပ္ပိုင္ခြင့္ ေပး၏၊ မေပး၏ကို။ဒါကိုပတ္ၿခဳံၾကည့္ၿပီးေတာ့ စတာပဲေလ။သူလည္းပဲ လွ်ပ္စစ္ကိုအာ႐ုံစိုက္ခဲ့တာေလ၊ တျခား သူဘာမွမၾကည့္ဘူး လွ်ပ္စစ္တစ္ခုပဲ ၾကည့္ၿပီးေတာ့ လုပ္ပါဆိုၿပီးေတာ့ လုပ္လိုက္ေတာ့ ဆရာတို႔ တက္သြားတယ္ေလ။

အဲ့ဒီလိုဟာမ်ိဳးေတြက ဆရာတို႔ အေတြ႕အႀကဳံေတြရွိၿပီးသား၊ တစ္ေန႔ကေတာင္ ဆရာ ယူနန္ကေန ျပန္လာတာ၊ ယူနန္ဆိုတာက သူတို႔ျပည္နယ္ထဲမွာ ေနာက္က်တဲ့ ျပည္နယ္တစ္ခုလို႔ ေျပာလို႔ရေပမယ့္ သူ႔တို႔ရဲ႕အေနအထားက ဆရာတို႔နဲ႔ ဘာမွမဆိုင္ေတာ့ဘူး၊ သူတို႔ရဲ႕ လူဦးေရက ၄၈ သန္းရွိတယ္၊ ကိုယ္က ၅၄ သန္းရွိေတာ့ သိပ္မကြာဘူး၊ သူတို႔ ျပည္နယ္တစ္ခုက ကိုယ့္ႏိုင္ငံတစ္ႏိုင္ငံနဲ႔ သြားတူတယ္၊ အဲ့ဒီေတာ့ ဆရာေအာက္ေမ့တာ တ႐ုတ္၊ တ႐ုတ္လို႔ ေျပာရင္ တျခားတ႐ုတ္ကို သြားမၾကည့္နဲ႔ ယူနန္ပဲၾကည့္၊ ကိုယ့္နဲ႔အနီးဆုံးေလ၊ သူတို႔ ရင္းႏွီးျမႇဳပ္ႏွံမႈကို ၾကည့္ရင္ သူတို႔ရင္းႏွီးျမႇဳပ္ႏွံမႈက တကယ့္ကို ႏိုင္ငံတကာ ကုမၸဏီေတြ အမ်ားႀကီးေရာက္ေနတာ ေတြ႕တယ္၊ ေရာက္ေအာင္လည္း သူတို႔က ဖိတ္ေခၚတယ္၊ ေရာက္လာတဲ့သူေတြ လြယ္လြယ္ကူကူျဖစ္ေအာင္လည္း ႀကိဳးစားေပးတယ္၊ ဒါေတြက လုပ္လို႔ရပါတယ္ကြယ္၊ ဆရာထင္တာေလးေတြ၊ မလုပ္လို႔သာ ခက္ေနတာပါ၊ ဒါေၾကာင့္ ေျပာရရင္လည္း ေတာ္ေတာ္ႀကီးကိုခက္တာ၊ ကိုယ္က တစ္ဖက္က လိုခ်င္ေပမယ့္ လာမယ့္လူ လြယ္လြယ္ကူကူျဖစ္ေအာင္ မလုပ္ႏိုင္ေသးတဲ့ အေနအထားရွိတယ္။

Opinion Leaders ။     ။ အဲ့ဒါဆိုလို႔ရွိရင္ အကုန္ၿခဳံလိုက္လို႔ရွိရင္ ကြၽန္ေတာ္တို႔က ဒီလိုျပဳျပင္ေျပာင္းလဲမႈေတြကို လုပ္ေတာ့လုပ္ေနတယ္၊ ဒါေပမဲ့ ဒီအခက္အခဲေတြနဲ႔ လုံးလည္ခ်ာလည္လိုက္ၿပီး ေရွ႕မေရာက္ဘူးဆိုတဲ့ အေနအထားမ်ိဳး ျဖစ္ေနတာေပါ့ေနာ္ ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ အဲ့ဒါေပါ့ ဆရာတို႔မွာ ဂ်ာေအး သူ႔အေမ႐ိုက္ေနတာေလ၊ ဟုတ္တယ္မဟုတ္လား၊ တစ္ဖက္ကလည္း လုပ္တယ္၊ ေစတနာနဲ႔ျဖစ္ေစခ်င္တယ္၊ လူေတြကသိေနတာပဲ ဘယ္လိုလုပ္ရမယ္ဆိုတာသိတယ္၊ အခုဟာက ခက္တာက အေျဖမသိလို႔မဟုတ္ဘူး၊ သိတဲ့အေျဖကို အေကာင္အထည္မေဖာ္ႏိုင္တဲ့ဒုကၡ၊ ေမးလိုက္ရင္လည္း ဘယ္သူ႔မွာ တာဝန္ရွိသလဲဆိုရင္ လည္ေနတာကို၊ တကယ့္ကို ႐ြာလည္တယ္ဆိုတာ အခုမွအစစ္၊ ဟုတ္တယ္မဟုတ္လား၊ လည္ကိုလည္ေနေတာ့တာပဲ၊ ဘယ္ကိုေမးရမွန္းကို မသိေတာ့တာ၊ ကိုယ္ကေတာ့ ဒီႏိုင္ငံမွာဆိုေတာ့ ႏိုင္ငံသားတစ္ေယာက္အေနနဲ႔ သိသာေပမယ့္ ရင္းႏွီးျမႇဳပ္ႏွံမယ့္ ႏိုင္ငံျခားသားက်ေတာ့ အဲ့ဒီေလာက္စိတ္မရွည္ဘူးေလ၊ သူတစ္ေယာက္တည္း ႐ြာလည္မခံႏိုင္ဘူး၊

ဆရာတို႔ အခုလုပ္တဲ့ ဥပမာတစ္ခုေပးရင္ သီလဝါဆိုရင္ ႐ြာမလည္ဘူး၊ တစ္ထိုင္တည္းလုပ္လို႔ရတယ္၊ အဲ့ဒီေတာ့ ဆရာေအာက္ေမ့တာက သီလဝါလည္း ျမန္မာျပည္ပဲ။သန္လ်င္မွာပဲ။သီလဝါမွာ လုပ္လို႔ရရင္ က်န္တဲ့ေနရာ ဘာလို႔လုပ္လို႔မရလဲ၊ အဲ့ဒီလိုေလး ကိုင္ဖို႔လည္းလိုတယ္ ထင္တယ္၊ ကိုယ္ကေတာ့ ဆရာတို႔ အခု ႏိုင္ငံေရးစနစ္ ေျပာင္းလာတဲ့အခါက်ေတာ့ ဟိုအားလုံးက ညႇိညႇိႏႈိင္းႏႈိင္း တိုင္တိုင္ပင္ပင္ ေဆြးေႏြးေနေတာ့ ဒီေဆြးေႏြးတာက မၿပီးႏိုင္ေတာ့ဘူး၊ ဘယ္သူမွလဲ ျပတ္ျပတ္သားသား လုပ္ရင္လုပ္ မလုပ္ရင္ဘာျဖစ္မယ္ဆိုတာမ်ိဳး ေျပာႏိုင္တဲ့သူ တစ္ေယာက္မွမရွိတာ၊ လုပ္ပါေတာင္းပန္ပါတယ္၊ ဆိုေတာ့ ျမန္မာလူမ်ိဳးက ေတာင္းပန္ေနလို႔က ဒီလိုပဲေနမွာပဲ၊ သူက ဘာမွ သူ႔အတြက္ အက်ိဳးမရွိဘူးထင္တာကိုး၊ အက်ိဳးမရွိဘူးထင္ေတာ့ သူက ခုနလို တကယ့္ကို ငါ့မွာတာဝန္ရွိတယ္၊ လုပ္မယ္ဆိုတဲ့ စိတ္ေစတနာ လိုတယ္ေလ၊ အဲ့ဒါကလည္း မီဒီယာကေန ဆရာတို႔ကို နည္းနည္းတြန္းေပးပါဦး၊ ဒီလိုပဲ ေျပာၾကရမွာပဲေလ ဒီအတိုင္းေနလို႔ေတာ့ ဘယ္လိုလုပ္ရမလဲ၊ အခက္အခဲေတြရွိေနတာ သိရဲ႕သားနဲ႔ အေျဖကလည္း ရွိရဲ႕သားနဲ႔ မထုတ္ႏိုင္တာ ဝမ္းနည္းစရာအေကာင္းဆုံးေပါ့ေနာ္ စီးပြားေရးကေတာ့။

Opinion Leaders ။     ။ အခုလိုေျဖၾကားေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္ ဆရာ။

ေဒါက္တာေအာင္ထြန္းသက္
ဇြန္ - ၂၇