【 ပညာရှင်များ၏ အမြင် 】 “ကြက်ဥတွေအားလုံးကို တစ်ခြင်းတည်း မထည့်ပါနဲ့”

【 ပညာရှင်များ၏ အမြင် 】 “ကြက်ဥတွေအားလုံးကို တစ်ခြင်းတည်း မထည့်ပါနဲ့”

တန့်နေသည့် မြန်မာ့စီးပွားရေးကို ပြန်လှုပ်ရှားသွက်လက်လာအောင် အစိုးရပိုင်းက အားစိုက်လုပ်ဆောင်နေသည့် အချိန်တွင် တည်ငြိမ်စပြုနေသည့် ရခိုင်မြောက်ပိုင်း၌ ရခိုင်လက်နက်ကိုင်အဖွဲ့၏ တိုက်ခိုက်မှု ဖြစ်ပေါ်ခဲ့ပြီး မကြာသေးမီက ပြည်နယ်ဝန်ကြီးအချို့အား နုတ်ပယ်ခဲ့ရမှု၊ လွှတ်တော်ကိုယ်စားလှယ်အချို့ကို ပါတီမှ ထုတ်ပယ်ခဲ့ရမှုများလည်း ရှိခဲ့ပါတယ်။ထိုအခြေအနေက အစိုးရ အားစိုက်လုပ်ဆောင်နေသည့် ပြည်တွင်းစီးပွားရေး တည်ငြိမ်မှုနှင့် ပြည်ရင်းနှီးမြုပ်နှံမှု တိုးတက်စေရန် လုပ်ဆောင်နေမှုများအပေါ်  ရိုက်ခတ်မှု မည်မျှရှိသည်ကို နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေးပုဂ္ဂိုလ်နှင့် ဝါရင့်စီးပွားရေးပညာရှင် ဆရာ ဒေါက်တာအောင်ထွန်းသက် ကို မေးမြန်းခဲ့ပါတယ်။ဆရာ ဒေါက်တာအောင်ထွန်းသက် ရဲ့ ရှုမြင်သုံးသပ်ချက် အပြည့်အစုံကို ယခုတစ်ပတ်အတွက် အထူးအစီအစဉ်အဖြစ် မေးမြန်းဖော်ပြလိုက်ပါတယ်။

(Opinion Leaders Media အယ်ဒီတာအဖွဲ့)

Opinion Leaders ။     ။ မကြာခင်က အစိုးရအဖွဲ့ကနေ ကချင်ပြည်နုယ်မှာ ဝန်ကြီးတွေကို နှုတ်ထွက်ခိုင်း ထားတာတွေ၊ NLD ပါတီက မင်္ဂလာဒုံလွှတ်တော်ကိုယ်စားလှယ်ကို ပါတီကထုတ်ပယ်တာတွေ၊ ဝန်ကြီးချုပ် တစ်ဦး နဲ့ပတ်သက်ပြီး ဒီ/ချုပ်ပါတီက ပြောတာဆိုတာတွေ အဲ့ဒါတွေအကုန်လုံးက အခုလတ်တလောမှာ AA နှိမ်နှင်းရေးအပေါ် ဒေါ်စုမှာကြားတာနဲ့ပတ်သက်ပြီး တပ်မတော် သတင်းစာရှင်းလင်းပွဲမှာ ပြောတာတွေ စတဲ့ ဒီလိုမျိုးဖြစ်တဲ့အနေအထားတွေက အာဏာရပါတီကို ပိုပြီးတော့ အင်အားချိနဲ့စေတာလား၊ ပိုပြီးတော့ သန့်စင် စေတာလား ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ နှစ်ပိုင်းပေါ့လေ၊ ဒီကိစ္စကို ဆရာတို့ကြည့်တဲ့အခါမှာ ခုနလိုအချင်းချင်း ပြောတာဆိုတာတွေကလေ သတင်းစာတွေမှာ တွေ့ရတာက ကိုယ့်ပါတီအချင်းချင်းမှာ ပြောနေသလား အ တိုက်အခံပါတီက ပြောနေတဲ့ ပုံစံများလားလို့ ရှိတာပေါ့ ။စဉ်းစားနိုင်တယ်ပေါ့နော်၊ ဒီကိစ္စကို ဆရာ တို့သုံး သပ်တဲ့အခါမှာ နှစ်မျိုး သုံးသပ်လို့ရတာပေါ့နော် တစ်ပိုင်းကတော့ ဆရာတို့ ပါတီသန့်ရှင်းရေး၊ ဒီစည်းမျဉ်း စည်းကမ်းနဲ့ မလိုက်နာတဲ့သူတွေကို ဆရာတို့ ဟိုရှင်းပေးတယ်။ ဒီလိုရှင်းပေးတယ်ဆိုတာ ပါတီအတွက် ကောင်းတယ်လို့ မြင်နိုင်တာပေါ့နော်၊ ကျောသားရင်သားမခွဲဘူး၊ တာဝန်ကျေမှုမရှိဘူးဆိုရင် မရှိတဲ့အတိုင်း အရေးယူမယ် ဆိုတာ ဒါကောင်းတဲ့ အစဉ်အလာတစ်ခုပါ၊ ဒါနဲ့ပတ်သက်လို့ကတော့ ဆရာထင်တယ်၊ ပါတီ တိုင်းလုပ်ရမှာပဲလေ။ ကိုယ်သတ်မှတ်ထားတဲ့ မူဘောင်အတွင်း မဆောင်ရွက်နိုင်ရင် မကျင့်သုံးနိုင်ရင် ပါတီ အတွက် သိက္ခာလည်း ကျတယ်၊ ပါတီရဲ့ Image ပေါ့နော်၊ ရုပ်ပြလည်းမကောင်းဘူး၊

ဒါတွေက တစ်ဖက်က အကောင်းဘက်ကကြည့်ရင်၊ တစ်ဖက်ကလည်း ကြည့်ရင် စိတ်ပူစရာကတော့ ဒါတွေခဏခဏ တစ်နေရာလည်း မဟုတ်ဘူး၊ ဟိုနားဖြစ်လိုက် ဒီနားဖြစ်လိုက်လို့ပြောရင် ဒါကို အတိုက်အခံ တွေအတွက် လက်နက်တစ်ခုရသလိုဖြစ်သွားမယ်၊ ဒါကိုဝေဖန်စရာတွေဖြစ်လာတယ်၊ ဒီလိုတွေ ဒီလိုအရေးယူ တယ်ဆိုတာ ဘာညာ လူသိထင်ရှားဖြစ်တာကိုး၊ သူတို့ကလည်း ဒီလိုငြိမ်နေမှာ မဟုတ်ဘူးလေ၊ သူတို့ကလည်း ထောက်ပြမှာလေ၊ ဒီလူတွေဒီလိုဖြစ်တယ် ဥပမာ ဧရာဝတီတိုင်းမှာ လွှတ်တော်ဒုတိယဥက္ကဋ္ဌ အဲ့ဒီလို ဖြစ်တယ် ဆိုတာ နေရာတိုင်းလိုလိုပေါ့၊ အဲဒီလိုဖြစ်လာတာက တစ်ဖက်ကကြည့်ရင် အလားအလာမကောင်းဘူးပေါ့၊ အဲ့ဒီ တော့ တစ်ခုပဲ ပြည်သူတွေက ဘယ်လိုမြင်လဲ အဲ့ဒီအပေါ်မှာပေါ့၊ မီဒီယာက ဒါကိုဘယ်လိုသုံးသပ်မလဲပေါ့နော်၊ အဲ့ဒီတော့ မီဒီယာသုံးသပ်ချက်ပေါ်မူတည်ပြီးတော့ ပြည်သူတွေရဲ့ အထင်အမြင်ပေါ့ သဘောထားကလည်း ကိုယ့်ရဲ့လွတ်လွတ်လပ်လပ် သဘောထားတည်ဆောက်တဲ့ သူတွေရှိသလို သူများပြောတဲ့ Social Media ကနေ တစ်ဆင့် နားယောင်တဲ့သူကလည်း ရှိတာကိုး။အဲ့ဒီတော့ ဆရာတို့အနေနဲ့ အခုထိမသေချာသေးတာ ဒီရလဒ်တွေအားလုံးဟာ အဆိုးဘက်လား အကောင်းဘက်လား ပေါ့နော်၊ ဘာကြောင့်လဲဆိုတော့ ဆရာထင် တာတော့ ကြည့်ရတာ ဒါကနိုင်ငံရေးနဲ့ပတ်သက်လာရင် သုံးသပ်ရင် ဘာဖြစ်ဖြစ်ထောက်ခံမယ့်သူတွေရှိတယ်၊ ဘာဖြစ်ဖြစ်ကန့်ကွက်မယ့်သူတွေရှိတယ်၊ အဲ့ဒီနှစ်ပိုင်းက ရှိနေသလို အလယ်မှာရှိနေတဲ့ သူတွေလည်းရှိတယ်၊

အဲ့ဒီတော့ ဆရာတို့လုပ်တဲ့အလုပ်က ခုနမေးတဲ့မေးခွန်းမှာ လုပ်တဲ့ လုပ်ရပ်တွေဟာ အလယ်ကလူတွေ ကို ဘယ်လိုထိပါးမလဲပေါ့၊ ဘာလို့ဆိုတော့ အလယ်ကလူတွေက ဆုံးဖြတ် ပေးမှာပေါ့လေ၊ ဘာကြောင့်လဲဆို တော့ ကိုယ့်ကိုထောက်ခံတဲ့သူတွေက ဒီအခြေအနေတွေအားလုံး အကောင်းပဲ မြင်ပြီးတော့ပြောမှာ၊ ကိုယ့်ကို ကန့်ကွက်တဲ့သူတွေကလည်း ဒီအခြအနေကို အခွင့်အရေးယူပြီး အဆိုးကို ပြောမယ်လေ၊ အဲ့ဒီနှစ်ခုကြားမှာ ဆရာထင်တယ် Opinion ပေ့ါ၊ အဲ့ဒီတော့ ဒီ သဘောထားတွေကို ပြောင်းလဲမှုဖြစ်တာက အလယ်ပိုင်းလေ၊ ဟိုဘက်ဒီဘက်မဟုတ်တဲ့သူတွေကို ဆရာတို့ဘယ်လိုစွဲဆောင်မလဲ။ ဒီနေရာမှာ ဆရာထင်တယ်၊ အမေရိကန် နိုင်ငံရေးအနေအထားကိုကြည့်ရင် သူတို့မှာပြောတဲ့ Base ပေါ့လေ၊ ထရန့်ကို ဘယ်လောက်အထိဘာပြောပြော၊ ဘယ်သူတွေ ဘယ်လောက်အထိ ဝေဖန်ဝေဖန် အပြည့်အ၀ ထောက်ခံတဲ့သူတွေက ရှိနေတယ်၊ ပြီးတော့မှ သူ့ကိုလုံးဝလက်မခံတဲ့သူတွေလည်းရှိနေတယ်၊ အဲ့ဒီတော့ အခု သူတို့ရင်ဆိုင်နေရတာ လွန်ဆွဲနေရတာက အလယ်ကလူတွေကို ဘယ်လိုစည်းရုံးမလဲ ။ အလယ်ကလုံး၀ ထောက်ခံတာလည်းမဟုတ်ဘူး၊ လုံး၀ ကန့်ကွက် တာလည်းမဟုတ်ဘဲနဲ့ အခြေအနေပေါ်မူတည်ပြီးတော့မှ ဆုံးဖြတ်မယ်၊ အကြောင်းအရာတွေအပေါ်မှာ အကြောင်းအချက်တွေပေါ်မှာမူတည်ပြီးတော့ ဆုံးဖြတ်တဲ့သူတွေကို ဆရာတို့ ဘယ်လိုလွှမ်းမိုးနိုင်မလဲဆိုတာ ဆရာတို့ စဉ်းစားရမှာပေါ့။ ကိုယ့်အနေနဲ့ ဆရာထင်တယ် ပါတီအနေနဲ့ကတော့ ဒါကို မဟာဗျူဟာချဖို့ လို လိမ့်မယ်လို့အောက်မေ့တယ်။ ဒီဖြစ်တဲ့ဟာ တွေကို Positive ပေါ့နော်၊ ဒါတွေက သန့်ရှင်းရေးလုပ်တာ ဒီလူအပြစ်ရှိရင် အပြစ်ရှိသလိုအရေးယူတယ် ဆိုတာမျိုးကို များများပြောနိုင်ဖို့ လိုလိမ့်မယ်လို့ အောက်မေ့တယ်၊ မဟုတ်ရင် ဒီဘက်ကလည်း ဒါကို အခွင့်အရေးယူမှာပဲလေ၊ ဒါနိုင်ငံရေးကိုး မဟုတ်ဘူးလား၊ သူတို့ဘက်ကတော့ ထောက်ပြမှာပဲ၊ သူတို့ကတော့ ဒါဟာ ဒါကြီးပါလားနော်၊ ဒီလိုတွေ တာဝန်မကျေဘူး၊ ဒီလူတွေမှာ ဘာဖြစ်တယ် အပြစ်ရှိတယ် ဘာညာဆိုတာကို မပြောရင်တောင် အံ့သြစရာဖြစ်မယ်။ ဟုတ်တယ်နော်၊ ပြောကြရမှာလေ၊ ပြော ရမှာက ဒါကအခွင့်အရေးတစ်ခု၊ အဲ့ဒီလိုစဉ်းစားလို့ရပါတယ်လို့ ဆရာထင်တယ်။

Opinion Leaders ။     ။ နောက်တစ်ခုက ဆရာ နိုင်ငံရေးနဲ့ပါပဲဆရာ၊ လက်ရှိမှာ ရခိုင်က AA နဲ့ပတ်သက်ပြီး သူတို့ဘက်က ARSA နဲ့ လုပ်တာတွေက တစ်ချို့ဟာတွေက သွားချိတ်နေတယ်၊ ဒီလိုမျိုးလုပ်တဲ့အတွက်ကို ဆရာ တို့ ပြန်ပြီးတော့ ပြန်လည်နေရာချထားရေးတို့ ဘင်္ဂါလီတွေ ပြန်ဝင်လာဖို့ကိစ္စတွေ၊ နောက်တစ်ခုက ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနဲ့ ပတ်သက်တဲ့ဟာတွေက ဒီလိုမျိုးအခြေအနေကြောင့် ပိုပြီး နှောင့်နှေးသွား နိုင်လား ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ ဆရာထင်တယ် ဒီလိုပေါ်လာတဲ့ကိစ္စ၊ ၄ ရက်နေ့ ပေါ်လာတဲ့ကိစ္စ ရခိုင်ပြ ဿနာသည် နိုင်ငံခြားတွေက မေးသလို လွယ်လွယ်ကူကူ ပြဿနာမဟုတ်ဘူးလေ။ ဟုတ်တယ်မဟုတ်လား၊ အဲ့ဒီတော့ လူတွေ အပြတ်ရှင်းတာ ဘာညာ အဲ့လို သူတို့နားလည်တာ အဲ့ဒီလိုနားလည်တာ၊ အဲ့ဒီမှာ ရှုပ်ထွေးမှု တွေက complexity ပေါ့နော်၊ ရှုပ်ထွေးမှုတွေ၊ ရှုပ်ထွေးမှုတွေထဲမှာ အခြေခံအားဖြင့် လူမျိုးမတူတာတွေရှိတယ်၊ ဘာသာမတူတာတွေရှိတယ်၊ ဒါတွေက ရှိတယ်။ ဒါပေမဲ့ ခုနပြောတဲ့ ကျောက်ဖြူဆိုတဲ့ကိစ္စကလည်း geopolitics ပေ့ါ၊ ဟို စီးပွားရေးနဲ့ပတ်သက်လာရင် ဒီအနေအထားကိုပဲ အခြေခံတာပဲ။အင်အားကြီးနိုင်ငံတွေရဲ့ လွန်ဆွဲမှုကလည်း ရှိတာကိုး။ အဲ့ဒီတစ်ဖက်က ရှိနေသလို အဲ့ဒီကြားထဲမှာ အားလုံးရှုပ်ထွေးသွားတဲ့အထဲမှာ ပိုပြီး ရှုပ်အောင် AA ပြဿနာက ပေါ်လာတယ်။ AA ပြဿနာပေါ်လာပြန်တော့လည်း ဆရာတို့အနေနဲ့ ARSA ရဲ့ အကြမ်းဖက်မှုကို ရင်ဆိုင်နေရတဲ့ အချိန်မှာ အခုက ကိုယ့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအသစ် တစ်ခုကို ရင်ဆိုင်နေရတာ ဖြစ်ပြန်ရော။ ဖြစ်တော့ ဒါတွေအားလုံးဟာ သေချာတာကတော့ ရခိုင်ပြည်နယ်နဲ့ ပတ်သက်လာရင် အေးချမ်းမှုမရှိဘူး၊ တည်ငြိမ်မှုမရှိဘူး ဒါစိုးရိမ်စရာတွေဖြစ်တယ်ဆိုတာတော့ သေချာတာပေါ့၊

အဲ့ဒီတော့ အဲဒီအပေါ်မှာမူတည်ပြီးတော့မှ ခုနကလို အစကတည်းကပေါ့နော် ၂၀၁၆ လောက်က တည်း ကနေ ရခိုင်ကိစ္စကြောင့် ရင်းနှီးမြှုပ်နှံမှုတွေ လျော့ပါးလာတယ်၊ မြန်မာပြည်မှာ ယုံကြည်မှုတွေအား နည်းလာ တယ် ဆိုတဲ့ဟာတွေအားလုံးဟာ ၂၀၁၆ ရယ် ၂၀၁၇ ရယ် အခု ၂၀၁၉ ရယ် ပေါင်းလိုက်ရင်တော့ တော်တော် လေးကို စိတ်ပူစရာပေါ့၊ အဲ့ဒီတော့ ဆရာတို့အနေနဲ့ ဒီကိစ္စသည် စီးပွားရေးကိစ္စ၊ နိုင်ငံရေးကိစ္စ၊ လူမှုရေးကိစ္စ၊ ယဉ်ကျေးမှု ကိစ္စ ဒါတွေအားလုံးရောနေတာ၊ အဲ့ဒါကိုလူတွေသိအောင်တော့နော် အစိုးရလည်းတတ်နိုင်သမျှ ဖြေရှင်းနေရတာလေ၊ အဲ့ဒီတော့ ခုနပြောသလို စိုးရိမ်စရာဖြစ်စရာတော့ အများကြီးပေါ့၊ ဒါပေမဲ့ ဒီနေရာမှာ ရခိုင် တွေရဲ့ သဘောထားလည်း ထည့်မတွက်လို့မရဘူး၊ နောက်တစ်ခါ နိုင်ငံတကာသဘောထားလည်း ထည့်မ တွက်လို့မရဘူး။

အရင်တုန်းကတော့ ဒီကိစ္စမဖြစ်ခင်တုန်းကတော့ ဘာပဲဖြစ်ဖြစ် AA ဆိုတာ ရှိသာရှိတယ်၊ ဒီလောက် ကြီး စိုးရိမ်ရတဲ့အနေအထားမရှိဘူးလေနော်၊ အခုကတော့ စိုးရိမ်စရာ အနေအထား ရှိလာတာ၊ အဲ့ဒီအတွက်ကို ဆရာတို့က နည်းနည်းလေး ပိုပြီးသတိထားရမှာပေါ့နော်၊ အဲ့ဒီတော့ အရာရာကိုဆောင်ရွက်တဲ့အခါမှာ ခုနလို ပြန်လာဖို့ ဟိုဘက်က ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲကို စောင့်နေတဲ့ အချိန် ရွေးကောက်ပွဲပြီးသွားပြီ၊ ပြန်လာဖို့ နှစ်ဘက်က သဘောတူနေချိန်၊ တစ်နေ့ကတင် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးတွေအားလုံးက ပြန်လက်ခံဖို့ တိုက်တွန်းနေတဲ့အချိန် ဒီအခြေအနေတွေအားလုံး အဆင်သင့်ဖြစ်ကာ ကနေ ဒီလိုဖြစ်လာပြန်တော့ အခြေအ နေတွေက ဆိုးလာပြန်တာပေါ့နော်၊ အဲ့ဒီလိုတော့ စဉ်းစားလို့ ရတယ်။

Opinion Leaders ။     ။ နောက်တစ်ခုက ဒီဟာနဲ့ပဲဆိုင်ပါတယ်၊ အခုအဲ့ဒီလိုမျိုး နိုင်ငံရေးမှာ ကိုယ့်ပါတီ ထဲမှာလည်း ပြဿနာတွေ ဖြစ်တယ်၊ နောက် ဒီလိုမျိုး နယ်စပ်ရခိုင်မှာလည်း AAလို ပြဿနာမျိုးတွေ ဖြစ်တဲ့ အခါကျတော့ အဲ့ဒီမှာမကြာခင်က ဘဏ်နဲ့ပတ်သက်ပြီးတော့ ဘဏ်တိုးနှုန်းကို  ၁၆ ရာခိုင်နှုန်းအထိပဲ ယူခွင့်ပြု လိုက်တာတွေအပါအဝင် စီးပွားရေးဘက်ကနေ တည်ငြိမ်အောင် တစ်ချို့ဟာတွေ လုပ်ပိုင်ခွင့်တွေပို ပေး ၊ပိုမက်လုံးတွေပေးတဲ့အချိန်မှာ နိုင်ငံရေးကမတည်မငြိမ်ဖြစ်တဲ့အခါ ဒီလိုမျိုးလုပ်ဆောင်နေတဲ့ စီးပွားရေး လုပ် ဆောင်မှုတွေကရော ထင်သလောက် အကျိုးသက်ရောက်မှု ရှိနိုင်မလားဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ စောစောကလေ ဟိုအမြဲတမ်းပြောနေတာပေါ့လေနိုင်ငံရေးဘောဂဗေဒပေါ့၊ နိုင်ငံရေးနဲ့စီးပွားရေး ချိတ်ဆက်နေတော့ ဒီဘက်ကစီးပွားရေး တိုးတက်အောင်လုပ်နိုင်ရင်လည်းပဲ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ စိန်ခေါ်မှုတွေလျော့လာနိုင်မယ်လို့ တစ်ဖက်ကလည်း စဉ်းစားလို့ရပြန်တယ်လေ၊ အဲ့ဒီတော့ အခုမျှော်လင့် ရမှာက ဆရာတို့တကယ့်ကိုပေါ့နော် မူဘောင်အသစ်တွေနဲ့ ဥပဒေအသစ်တွေနဲ့ လူအသစ်တွေနဲ့ ဆောင်ရွက်တဲ့ အတွက်နော် ယုံကြည်မှုတွေပိုများလာမယ်၊ ယုံကြည်မှုတွေ တည်ဆောက်နိုင်မယ် တည်ဆောက်နိုင်လို့ရှိရင် ဒါတွေအားလုံးကို စီးပွားရေးတက်အောင်လုပ်ပေးနိုင်ရင် ဘာကြောင့်လဲဆိုတော့ ဆရာတို့နားလည်မှုလိုတာ တစ်ခုကတော့ မြန်မာပြည်မှာလည်း တောက်လျှောက်ဖြစ်လာတဲ့ ကိစ္စတွေအားလုံး နိုင်ငံရေးပြဿနာတွေ အားလုံးဟာ စီးပွားရေးအခြေခံတွေရှိတာ ဟုတ်တယ်မလား၊ တောက်လျှောက် ပြည်တွင်းငြိမ်းချမ်းရေး အခုလောက် ပဋိပက္ခတွေ ကာလရှည်နေတာရဲ့ အခြေခံတစ်ခုက အယူအဆအ တွေးအခေါ်ရှိသလို တစ်ဖက်ကလည်း စီးပွားရေးအခြေခံတွေရှိတယ်လေ၊ အဲ့ဒီတော့ resource sharing သယံဇာတ ပစ္စည်းခွဲဝေမှု နဲ့ပတ်သက်လို့ မကျေနပ်တာတွေဘာတွေရှိတော့ ဒီနိုင်ငံရေးချည်းပဲ ကြည့်နေလို့မရ ဘူး၊ စီးပွားရေးအခြေခံလည်း ကြည့်ဖို့လိုတယ်လေ၊ အဲ့ဒီတော့ဆရာတို့အနေနဲ့ တတ်နိုင်သမျှစီးပွားရေး အခြေခံကို လက်ခံစဉ်းစားနိုင်ရင်တော့ ကိုင်တွယ်နိုင်ရင်တော့ နိုင်ငံရေးကိုဖိအားတွေ နည်းနည်းလျော့ပါး နိုင်မယ်လို့ အောက်မေ့တာပါပဲ။

Opinion Leaders ။     ။ နောက်ဆုံးမေးခွန်းပါပဲဆရာ၊ မကြာခင်က ရန်ကုန်ကိုအခြေပြုပြီးတော့ စီမံကိန်း တော်တော်များများကို တရုတ်ဘက်က လာတင်တာလည်းရှိတယ်၊ မြစ်ဆုံနဲ့ပတ်သက်ပြီးတော့ တရုတ်ဘက်က အသံတွေ ပြန်လွှင့် လာတာလည်းရှိတယ်ဆရာ၊ နောက်တော်တော်များများ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ စီးပွား ရေး ပြန်နိုးထဖို့ လုပ်တဲ့ စီမံကိန်းတော်တော်အများစုက တရုတ်အပေါ် အခြေခံပြီးတော့ လုပ်တယ်၊ အဲ့ဒီတော့ နိုင်ငံရေးမှာလည်းဆရာ ဟိုဟာပေါ့ တောက်လျှောက်မှာ လိုက်ထောက်ပြနေတဲ့အဖွဲ့တွေကတော့ ရှိတာပေါ့၊ မတည်မငြိမ်မှုတွေက အခုနောက်ဆုံး အပြင်မှာခေါ်တာတော့ ဖြုတ်ထုတ်တွေပေါ့၊ အဲ့ဒီအဖွဲ့တွေကလည်း အဲ့ဒီဖြုတ်ခံရတဲ့သူတွေ ဘေးထုတ်ခံရတဲ့သူတွေက အခုနောက် ပိုင်းမှာ မီဒီယာ သတင်းစာရှင်းလင်းပွဲတွေမှာ ပြန်ပြီးတိုက်ခိုက်လာတာတွေရှိတယ်ဆရာ။ သတင်းစာရှင်းလင်း ပွဲတွေ လုပ်လာ တာတွေရှိတယ်၊ အဲ့ဒီအခြေ အနေတွေက တော်တော်တော့ ရှုပ်ထွေးလာတယ်၊ အစည်းအဝေးပွဲ မှာပြောရမယ့်စကားတွေကို တခြားအဖွဲ့ အစည်းက အပြင်ထုတ်ပြီးပြောလာတယ်၊ နောင်လာမယ့် ဒီနှစ်နှစ်အတွင်းမှာ ဆရာတို့ ရခိုင်ကိစ္စနဲ့ပတ်သက်ပြီး တည်ငြိမ်အောင်လုပ်တာတွေ၊ စီးပွားရေးပြန်တက်အောင် လုပ်တာတွေကို ဒါတွေက ဒီဟာတွေကပြန်ပြီး တော့ ချေဖျက်သွားနိုင်မလားဆရာ။ လာမယ့်  ၂၀၂၀ အဆင်ပြေမလားဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ အခုက အချိန်ကသိတဲ့အတိုင်းပဲ နိုင်ငံရေးနဲ့ပတ်သက်လာရင် ပြက္ခဒိန်က အင်မတန်တိုတောင်းတဲ့ဟာလေ၊ ဆရာတို့မှာ ငါးနှစ်တစ်ကြိမ်ဆိုတော့ တစ်ဝက်ကျိုးသွားတဲ့အနေအထား ရှိ တာကိုး၊ တစ်ဝက်ကျိုးသွားတဲ့ အနေအထားရှိတော့ ခုနဟို ပြောတဲ့ကိစ္စတွေ အားလုံးဟာ ဆရာတို့ရင်ဆိုင်ရမှာ ပဲ၊ အဲ့ဒီတော့ အမြန်ဆုံး ရင်ဆိုင်နိုင်အောင် ဘယ်လိုလုပ်ကြမလဲ ဆိုတဲ့ ပြဿနာပေါ့၊ ဘာကြောင့်လဲဆိုတော့ အခုက ဒီတရုတ်နဲ့ ပတ်သက်လာရင် အခုသေချာတာက သေချာတာတစ်ခုကတော့ အရင်တုန်းက ဆရာတို့ ၂၀၁၅ ရွေးကောက်ပွဲအပြီးမှာ မျှော်လင့်ချက်ကိုပြောရင် လူတိုင်းမျှော်လင့်တာက အနောက်နိုင်ငံက ရင်းနှီး မြှုပ်နှံမှုတွေ အများကြီးလာမယ်လို့ မျှော်လင့်တာ။ ကိုယ်ကိုယ်တိုင်လည်း ဒီလိုပဲ မျှော်လင့်ခဲ့တာ၊ ဘာကြောင့် လည်း ဆိုတော့ ဒီမိုကရေစီရောက်အောင် သူတို့ပဲအများကြီးအကူအညီပေးခဲ့တယ်လေ၊ အနောက်နိုင်ငံက EU တို့၊ US တို့၊ UK တို့ ။

အဲ့ဒီတော့ အဲ့လိုမျှော်လင့်ချက်တွေရှိတဲ့အချိန်မှာ ရခိုင်ကိစ္စက ဝုန်းခနဲဖြစ်လာတဲ့ အခါကျ တော့ လူ့အခွင့်အရေးဘာညာနဲ့ ဒါတွေအားလုံးရှုပ်ထွေးလာတဲ့အခါ အချိန်မှာ အခုအချိန်မှာတော့ကာလတိုမှာတော့ အနောက်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုလာဖို့ဆိုတာ အင်မတန်မှ ခဲယဉ်းသွားတဲ့အခြေအနေရှိတယ်၊ အဲဒီတော့ အဲဒီလိုရှိတဲ့အခါကျတော့ လှည့်နိုင်တာက ဘာလဲဆိုတော့ Look East ပေါ့၊ အရှေ့သို့ဆိုတဲ့ ပေါ်လစီကို ကျင့်သုံးရမှာပဲလေ၊ ကျင့်သုံးတဲ့အခါမှာ ဘယ်သူတွေပါလာနိုင်မလဲဆိုတော့ ဆရာထင်တယ်၊ တရုတ်တင် မကဘူး တရုတ်နဲ့ယှဉ်နိုင်တဲ့ ဂျပန်တို့၊ ကိုရီးယားတို့ ထိုင်ဝမ်တို့ ဟောင်ကောင်တို့ ဒါတွေလည်း လှည့်ကြည့်ဖို့ လိုတယ်၊ ပြီးတော့မှ အိန္ဒိယပေါ့၊ အိန္ဒိယလည်း လှည့်ကြည့်ဖို့လိုတယ်။

ပြီးတော့မှ ဟိုဆရာတို့ ဒီ အနောက် နိုင်ငံလို့ပြောခဲ့ပေမယ့် အားလုံးကတစ်စည်းတစ်လုံးတည်း မဟုတ် ဘူးလေ၊ ဟို တစ်ချို့နိုင်ငံတွေက ဟို ဆရာတို့ နည်းနည်းပိုပြီးနားလည်မှုပေးနိုင်တဲ့  နိုင်ငံတွေရှိတယ်၊ ဥပမာ- သြစတြေးလျနိုင်ငံတို့ဘာတို့၊ တစ်ချို့နိုင်ငံ တွေကျတော့လည်း လိုတာထက်ပိုပြီး ပြင်းပြင်းထန်ထန်ဝေဖန်တဲ့ နိုင်ငံတွေရှိတယ်၊ အနောက်နိုင်ငံက၊ အဲ့ဒီတော့ ဆရာအောက်မေ့တာက အနောက်နိုင်ငံကို ဆရာတို့ သုံးသပ်တဲ့ အခါမှာလည်းပဲ အနောက်နိုင်ငံတွေအားလုံးလို့ ဝါးလုံးရှည်နဲ့ရမ်းမယ့်အစား ဟို ကိုယ့်ကိုနားလည်မှု ပေးနိုင်မယ့် သူတွေကို စွဲဆောင်ရမှာလေ၊ ဘာကြောင့်လဲဆိုတော့ တကယ်တမ်းတော့ စီးပွားရေးလုပ်ငန်းရှင်တွေက အကျိုး အမြတ်ရရင် မက်လုံးရှိရင်လာမှာပဲကွဲ့၊နိုင်ငံရေးအခြေအနေ ဘယ်လောက်ကြီးဆိုးလို့ ဆရာတို့အခုဟိုမှာ အီရတ်ကို ဆန်ရှင်တွေ အပြည့်လုပ်တဲ့အချိန်မှာ ဝင်လာပြီးစီးပွားရေးလုပ်တဲ့ အနောက်နိုင်ငံကုမ္ပဏီတွေ ရှိခဲ့ တာပဲလေ၊ အီရန်မှာလည်း ရှိခဲ့တာပဲ၊ အဲ့ဒီတော့ ဆရာတို့ အနေနဲ့ကတော့ တစ်ခုကတော့ လတ်တလောမှာ တော့ Look East ပေါ့လေ။

နိုင်ငံတော်အစိုးရကလည်း ကြေညာထားတယ်နော် ဟို ဒီ တရုတ်၊ တရုတ်တစ်ခုတည်း စဉ်းစားနေ လို့တော့ မရဘူး၊ နိုင်ငံတစ်နိုင်ငံတည်း အားကိုးရရင်တော့ အန္တရာယ်ရှိတာပေါ့၊ အဲ့ဒီတော့ ဖြန့်ပြီး ဆရာတို့ ရင်းနှီးမြှုပ်နှံမှုတွေရအောင် ကြိုးစားမယ်၊ ကိုရီးယားတို့၊ ကိုယ့်ဆီမှာလည်း ကိုယ့်အိမ်နီးနားချင်း အင်ဒိုနီးရှားတို့ ထိုင်းတို့ဘာတို့ကလည်း သူတို့ကလည်း ရင်းနှီးမြှုပ်နှံချင်တဲ့ အခြေအနေတွေရှိလာပြီလေ၊ အဲ့ဒီတော့ ကိုယ့် ထက် နည်းနည်းလေးချမ်းသာတဲ့နိုင်ငံတွေဆီကနေ ရင်းနှီးမြှုပ်နှံမှုတွေကို စွဲဆောင်နိုင်ရင်းနဲ့ပဲ ခုနလို အ နောက်နိုင်ငံက မျှော်လင့်တဲ့ဟာတွေ မလာတာကို တုန့်ပြန်နိုင်မယ်လို့ ဆရာတော့ အဲ့ဒီလိုယူဆတာပဲ။

Opinion Leaders ။     ။ ဒါဆို ဆရာ အကုန်လုံးခြုံပြီး ကြည့်လိုက်မယ်ဆိုရင် ရင်းနှီးမြှုပ်နှံမှုကတော့ အကုန် လုံးကို မျှော်လင့်ထားမှ ရမှာပေါ့နော်၊ တစ်ခုတည်းတော့ ပုံထားဖို့မသင့်ဘူးပေါ့။

ဒေါက်တာအောင်ထွန်းသက် ။     ။ တစ်နေရာတည်းပုံထားရင် Risk သိပ်များတယ်လေ၊ ဟုတ်တယ်မဟုတ် လား၊ အဆင်ပြေရင်တစ်မျိုး ။ အဆင်မပြေတဲ့အခါမှာ ကိုယ့်အတွက်အန္တရာယ်က တော်တော်ကြီးတော့ ဖြစ်နိုင် ရင်တစ်နေရာတည်း ဟိုဟာပေါ့ ကြက်ဥတွေအားလုံးကို တစ်ခြင်းတည်းမထည့်ပါနဲ့လို့ ဆရာတို့ အမြဲတမ်း သတိ ပေးသလို အဲ့ဒီခြင်းကြီး ပြုတ်ကျ သွားရင် ကြက်ဥတွေအားလုံးကွဲမှာလေ၊ အဲ့ဒီတော့ ဒါအင်္ဂလိပ်စကားပုံအတိုင်း ဆရာတို့လည်း အဲ့ဒီလိုစဉ်းစားဖို့ လိုလိမ့်မယ်လို့ အောက်မေ့တာပဲ။

Opinion Leaders ။     ။ အခုလို အချိန်ယူဖြေကြားပေးတဲ့အတွက် ကျေးဇူးပါ ဆရာ။

ဒေါက်တာအောင်ထွန်းသက်
ဇန်နဝါရီ - ၂၄

( Zawgyi )

【 ပညာရွင္မ်ား၏ အျမင္ 】 “ၾကက္ဥေတြအားလုံးကို တစ္ျခင္းတည္း မထည့္ပါနဲ႔”

တန႔္ေနသည့္ ျမန္မာ့စီးပြားေရးကို ျပန္လႈပ္ရွားသြက္လက္လာေအာင္ အစိုးရပိုင္းက အားစိုက္လုပ္ေဆာင္ေနသည့္ အခ်ိန္တြင္ တည္ၿငိမ္စျပဳေနသည့္ ရခိုင္ေျမာက္ပိုင္း၌ ရခိုင္လက္နက္ကိုင္အဖြဲ႕၏ တိုက္ခိုက္မႈ ျဖစ္ေပၚခဲ့ၿပီး မၾကာေသးမီက ျပည္နယ္ဝန္ႀကီးအခ်ိဳ႕အား ႏုတ္ပယ္ခဲ့ရမႈ၊ လႊတ္ေတာ္ကိုယ္စားလွယ္အခ်ိဳ႕ကို ပါတီမွ ထုတ္ပယ္ခဲ့ရမႈမ်ားလည္း ရွိခဲ့ပါတယ္။ထိုအေျခအေနက အစိုးရ အားစိုက္လုပ္ေဆာင္ေနသည့္ ျပည္တြင္းစီးပြားေရး တည္ၿငိမ္မႈႏွင့္ ျပည္ရင္းႏွီးျမဳပ္ႏွံမႈ တိုးတက္ေစရန္ လုပ္ေဆာင္ေနမႈမ်ားအေပၚ  ႐ိုက္ခတ္မႈ မည္မွ်ရွိသည္ကို ႏိုင္ငံေတာ္သမၼတ၏ စီးပြားေရးအႀကံေပးပုဂၢိဳလ္ႏွင့္ ဝါရင့္စီးပြားေရးပညာရွင္ ဆရာ ေဒါက္တာေအာင္ထြန္းသက္ ကို ေမးျမန္းခဲ့ပါတယ္။ဆရာ ေဒါက္တာေအာင္ထြန္းသက္ ရဲ႕ ရႈျမင္သုံးသပ္ခ်က္ အျပည့္အစုံကို ယခုတစ္ပတ္အတြက္ အထူးအစီအစဥ္အျဖစ္ ေမးျမန္းေဖာ္ျပလိုက္ပါတယ္။

(Opinion Leaders Media အယ္ဒီတာအဖြဲ႕)

Opinion Leaders ။     ။ မၾကာခင္က အစိုးရအဖြဲ႕ကေန ကခ်င္ျပည္ႏုယ္မွာ ဝန္ႀကီးေတြကို ႏႈတ္ထြက္ခိုင္း ထားတာေတြ၊ NLD ပါတီက မဂၤလာဒုံလႊတ္ေတာ္ကိုယ္စားလွယ္ကို ပါတီကထုတ္ပယ္တာေတြ၊ ဝန္ႀကီးခ်ဳပ္ တစ္ဦး နဲ႔ပတ္သက္ၿပီး ဒီ/ခ်ဳပ္ပါတီက ေျပာတာဆိုတာေတြ အဲ့ဒါေတြအကုန္လုံးက အခုလတ္တေလာမွာ AA ႏွိမ္ႏွင္းေရးအေပၚ ေဒၚစုမွာၾကားတာနဲ႔ပတ္သက္ၿပီး တပ္မေတာ္ သတင္းစာရွင္းလင္းပြဲမွာ ေျပာတာေတြ စတဲ့ ဒီလိုမ်ိဳးျဖစ္တဲ့အေနအထားေတြက အာဏာရပါတီကို ပိုၿပီးေတာ့ အင္အားခ်ိနဲ႔ေစတာလား၊ ပိုၿပီးေတာ့ သန႔္စင္ ေစတာလား ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ ႏွစ္ပိုင္းေပါ့ေလ၊ ဒီကိစၥကို ဆရာတို႔ၾကည့္တဲ့အခါမွာ ခုနလိုအခ်င္းခ်င္း ေျပာတာဆိုတာေတြကေလ သတင္းစာေတြမွာ ေတြ႕ရတာက ကိုယ့္ပါတီအခ်င္းခ်င္းမွာ ေျပာေနသလား အ တိုက္အခံပါတီက ေျပာေနတဲ့ ပုံစံမ်ားလားလို႔ ရွိတာေပါ့ ။စဥ္းစားႏိုင္တယ္ေပါ့ေနာ္၊ ဒီကိစၥကို ဆရာ တို႔သုံး သပ္တဲ့အခါမွာ ႏွစ္မ်ိဳး သုံးသပ္လို႔ရတာေပါ့ေနာ္ တစ္ပိုင္းကေတာ့ ဆရာတို႔ ပါတီသန႔္ရွင္းေရး၊ ဒီစည္းမ်ဥ္း စည္းကမ္းနဲ႔ မလိုက္နာတဲ့သူေတြကို ဆရာတို႔ ဟိုရွင္းေပးတယ္။ ဒီလိုရွင္းေပးတယ္ဆိုတာ ပါတီအတြက္ ေကာင္းတယ္လို႔ ျမင္ႏိုင္တာေပါ့ေနာ္၊ ေက်ာသားရင္သားမခြဲဘူး၊ တာဝန္ေက်မႈမရွိဘူးဆိုရင္ မရွိတဲ့အတိုင္း အေရးယူမယ္ ဆိုတာ ဒါေကာင္းတဲ့ အစဥ္အလာတစ္ခုပါ၊ ဒါနဲ႔ပတ္သက္လို႔ကေတာ့ ဆရာထင္တယ္၊ ပါတီ တိုင္းလုပ္ရမွာပဲေလ။ ကိုယ္သတ္မွတ္ထားတဲ့ မူေဘာင္အတြင္း မေဆာင္႐ြက္ႏိုင္ရင္ မက်င့္သုံးႏိုင္ရင္ ပါတီ အတြက္ သိကၡာလည္း က်တယ္၊ ပါတီရဲ႕ Image ေပါ့ေနာ္၊ ႐ုပ္ျပလည္းမေကာင္းဘူး၊

ဒါေတြက တစ္ဖက္က အေကာင္းဘက္ကၾကည့္ရင္၊ တစ္ဖက္ကလည္း ၾကည့္ရင္ စိတ္ပူစရာကေတာ့ ဒါေတြခဏခဏ တစ္ေနရာလည္း မဟုတ္ဘူး၊ ဟိုနားျဖစ္လိုက္ ဒီနားျဖစ္လိုက္လို႔ေျပာရင္ ဒါကို အတိုက္အခံ ေတြအတြက္ လက္နက္တစ္ခုရသလိုျဖစ္သြားမယ္၊ ဒါကိုေဝဖန္စရာေတြျဖစ္လာတယ္၊ ဒီလိုေတြ ဒီလိုအေရးယူ တယ္ဆိုတာ ဘာညာ လူသိထင္ရွားျဖစ္တာကိုး၊ သူတို႔ကလည္း ဒီလိုၿငိမ္ေနမွာ မဟုတ္ဘူးေလ၊ သူတို႔ကလည္း ေထာက္ျပမွာေလ၊ ဒီလူေတြဒီလိုျဖစ္တယ္ ဥပမာ ဧရာဝတီတိုင္းမွာ လႊတ္ေတာ္ဒုတိယဥကၠ႒ အဲ့ဒီလို ျဖစ္တယ္ ဆိုတာ ေနရာတိုင္းလိုလိုေပါ့၊ အဲဒီလိုျဖစ္လာတာက တစ္ဖက္ကၾကည့္ရင္ အလားအလာမေကာင္းဘူးေပါ့၊ အဲ့ဒီ ေတာ့ တစ္ခုပဲ ျပည္သူေတြက ဘယ္လိုျမင္လဲ အဲ့ဒီအေပၚမွာေပါ့၊ မီဒီယာက ဒါကိုဘယ္လိုသုံးသပ္မလဲေပါ့ေနာ္၊ အဲ့ဒီေတာ့ မီဒီယာသုံးသပ္ခ်က္ေပၚမူတည္ၿပီးေတာ့ ျပည္သူေတြရဲ႕ အထင္အျမင္ေပါ့ သေဘာထားကလည္း ကိုယ့္ရဲ႕လြတ္လြတ္လပ္လပ္ သေဘာထားတည္ေဆာက္တဲ့ သူေတြရွိသလို သူမ်ားေျပာတဲ့ Social Media ကေန တစ္ဆင့္ နားေယာင္တဲ့သူကလည္း ရွိတာကိုး။အဲ့ဒီေတာ့ ဆရာတို႔အေနနဲ႔ အခုထိမေသခ်ာေသးတာ ဒီရလဒ္ေတြအားလုံးဟာ အဆိုးဘက္လား အေကာင္းဘက္လား ေပါ့ေနာ္၊ ဘာေၾကာင့္လဲဆိုေတာ့ ဆရာထင္ တာေတာ့ ၾကည့္ရတာ ဒါကႏိုင္ငံေရးနဲ႔ပတ္သက္လာရင္ သုံးသပ္ရင္ ဘာျဖစ္ျဖစ္ေထာက္ခံမယ့္သူေတြရွိတယ္၊ ဘာျဖစ္ျဖစ္ကန႔္ကြက္မယ့္သူေတြရွိတယ္၊ အဲ့ဒီႏွစ္ပိုင္းက ရွိေနသလို အလယ္မွာရွိေနတဲ့ သူေတြလည္းရွိတယ္၊

အဲ့ဒီေတာ့ ဆရာတို႔လုပ္တဲ့အလုပ္က ခုနေမးတဲ့ေမးခြန္းမွာ လုပ္တဲ့ လုပ္ရပ္ေတြဟာ အလယ္ကလူေတြ ကို ဘယ္လိုထိပါးမလဲေပါ့၊ ဘာလို႔ဆိုေတာ့ အလယ္ကလူေတြက ဆုံးျဖတ္ ေပးမွာေပါ့ေလ၊ ဘာေၾကာင့္လဲဆို ေတာ့ ကိုယ့္ကိုေထာက္ခံတဲ့သူေတြက ဒီအေျခအေနေတြအားလုံး အေကာင္းပဲ ျမင္ၿပီးေတာ့ေျပာမွာ၊ ကိုယ့္ကို ကန႔္ကြက္တဲ့သူေတြကလည္း ဒီအျခအေနကို အခြင့္အေရးယူၿပီး အဆိုးကို ေျပာမယ္ေလ၊ အဲ့ဒီႏွစ္ခုၾကားမွာ ဆရာထင္တယ္ Opinion ေပ့ါ၊ အဲ့ဒီေတာ့ ဒီ သေဘာထားေတြကို ေျပာင္းလဲမႈျဖစ္တာက အလယ္ပိုင္းေလ၊ ဟိုဘက္ဒီဘက္မဟုတ္တဲ့သူေတြကို ဆရာတို႔ဘယ္လိုစြဲေဆာင္မလဲ။ ဒီေနရာမွာ ဆရာထင္တယ္၊ အေမရိကန္ ႏိုင္ငံေရးအေနအထားကိုၾကည့္ရင္ သူတို႔မွာေျပာတဲ့ Base ေပါ့ေလ၊ ထရန႔္ကို ဘယ္ေလာက္အထိဘာေျပာေျပာ၊ ဘယ္သူေတြ ဘယ္ေလာက္အထိ ေဝဖန္ေဝဖန္ အျပည့္အ၀ ေထာက္ခံတဲ့သူေတြက ရွိေနတယ္၊ ၿပီးေတာ့မွ သူ႔ကိုလုံးဝလက္မခံတဲ့သူေတြလည္းရွိေနတယ္၊ အဲ့ဒီေတာ့ အခု သူတို႔ရင္ဆိုင္ေနရတာ လြန္ဆြဲေနရတာက အလယ္ကလူေတြကို ဘယ္လိုစည္း႐ုံးမလဲ ။ အလယ္ကလုံး၀ ေထာက္ခံတာလည္းမဟုတ္ဘူး၊ လုံး၀ ကန႔္ကြက္ တာလည္းမဟုတ္ဘဲနဲ႔ အေျခအေနေပၚမူတည္ၿပီးေတာ့မွ ဆုံးျဖတ္မယ္၊ အေၾကာင္းအရာေတြအေပၚမွာ အေၾကာင္းအခ်က္ေတြေပၚမွာမူတည္ၿပီးေတာ့ ဆုံးျဖတ္တဲ့သူေတြကို ဆရာတို႔ ဘယ္လိုလႊမ္းမိုးႏိုင္မလဲဆိုတာ ဆရာတို႔ စဥ္းစားရမွာေပါ့။ ကိုယ့္အေနနဲ႔ ဆရာထင္တယ္ ပါတီအေနနဲ႔ကေတာ့ ဒါကို မဟာဗ်ဴဟာခ်ဖို႔ လို လိမ့္မယ္လို႔ေအာက္ေမ့တယ္။ ဒီျဖစ္တဲ့ဟာ ေတြကို Positive ေပါ့ေနာ္၊ ဒါေတြက သန႔္ရွင္းေရးလုပ္တာ ဒီလူအျပစ္ရွိရင္ အျပစ္ရွိသလိုအေရးယူတယ္ ဆိုတာမ်ိဳးကို မ်ားမ်ားေျပာႏိုင္ဖို႔ လိုလိမ့္မယ္လို႔ ေအာက္ေမ့တယ္၊ မဟုတ္ရင္ ဒီဘက္ကလည္း ဒါကို အခြင့္အေရးယူမွာပဲေလ၊ ဒါႏိုင္ငံေရးကိုး မဟုတ္ဘူးလား၊ သူတို႔ဘက္ကေတာ့ ေထာက္ျပမွာပဲ၊ သူတို႔ကေတာ့ ဒါဟာ ဒါႀကီးပါလားေနာ္၊ ဒီလိုေတြ တာဝန္မေက်ဘူး၊ ဒီလူေတြမွာ ဘာျဖစ္တယ္ အျပစ္ရွိတယ္ ဘာညာဆိုတာကို မေျပာရင္ေတာင္ အံ့ၾသစရာျဖစ္မယ္။ ဟုတ္တယ္ေနာ္၊ ေျပာၾကရမွာေလ၊ ေျပာ ရမွာက ဒါကအခြင့္အေရးတစ္ခု၊ အဲ့ဒီလိုစဥ္းစားလို႔ရပါတယ္လို႔ ဆရာထင္တယ္။

Opinion Leaders ။     ။ ေနာက္တစ္ခုက ဆရာ ႏိုင္ငံေရးနဲ႔ပါပဲဆရာ၊ လက္ရွိမွာ ရခိုင္က AA နဲ႔ပတ္သက္ၿပီး သူတို႔ဘက္က ARSA နဲ႔ လုပ္တာေတြက တစ္ခ်ိဳ႕ဟာေတြက သြားခ်ိတ္ေနတယ္၊ ဒီလိုမ်ိဳးလုပ္တဲ့အတြက္ကို ဆရာ တို႔ ျပန္ၿပီးေတာ့ ျပန္လည္ေနရာခ်ထားေရးတို႔ ဘဂၤါလီေတြ ျပန္ဝင္လာဖို႔ကိစၥေတြ၊ ေနာက္တစ္ခုက ေက်ာက္ျဖဴ ေရနက္ဆိပ္ကမ္းနဲ႔ ပတ္သက္တဲ့ဟာေတြက ဒီလိုမ်ိဳးအေျခအေနေၾကာင့္ ပိုၿပီး ေႏွာင့္ေႏွးသြား ႏိုင္လား ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ ဆရာထင္တယ္ ဒီလိုေပၚလာတဲ့ကိစၥ၊ ၄ ရက္ေန႔ ေပၚလာတဲ့ကိစၥ ရခိုင္ျပ ႆနာသည္ ႏိုင္ငံျခားေတြက ေမးသလို လြယ္လြယ္ကူကူ ျပႆနာမဟုတ္ဘူးေလ။ ဟုတ္တယ္မဟုတ္လား၊ အဲ့ဒီေတာ့ လူေတြ အျပတ္ရွင္းတာ ဘာညာ အဲ့လို သူတို႔နားလည္တာ အဲ့ဒီလိုနားလည္တာ၊ အဲ့ဒီမွာ ရႈပ္ေထြးမႈ ေတြက complexity ေပါ့ေနာ္၊ ရႈပ္ေထြးမႈေတြ၊ ရႈပ္ေထြးမႈေတြထဲမွာ အေျခခံအားျဖင့္ လူမ်ိဳးမတူတာေတြရွိတယ္၊ ဘာသာမတူတာေတြရွိတယ္၊ ဒါေတြက ရွိတယ္။ ဒါေပမဲ့ ခုနေျပာတဲ့ ေက်ာက္ျဖဴဆိုတဲ့ကိစၥကလည္း geopolitics ေပ့ါ၊ ဟို စီးပြားေရးနဲ႔ပတ္သက္လာရင္ ဒီအေနအထားကိုပဲ အေျခခံတာပဲ။အင္အားႀကီးႏိုင္ငံေတြရဲ႕ လြန္ဆြဲမႈကလည္း ရွိတာကိုး။ အဲ့ဒီတစ္ဖက္က ရွိေနသလို အဲ့ဒီၾကားထဲမွာ အားလုံးရႈပ္ေထြးသြားတဲ့အထဲမွာ ပိုၿပီး ရႈပ္ေအာင္ AA ျပႆနာက ေပၚလာတယ္။ AA ျပႆနာေပၚလာျပန္ေတာ့လည္း ဆရာတို႔အေနနဲ႔ ARSA ရဲ႕ အၾကမ္းဖက္မႈကို ရင္ဆိုင္ေနရတဲ့ အခ်ိန္မွာ အခုက ကိုယ့္တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕အစည္းအသစ္ တစ္ခုကို ရင္ဆိုင္ေနရတာ ျဖစ္ျပန္ေရာ။ ျဖစ္ေတာ့ ဒါေတြအားလုံးဟာ ေသခ်ာတာကေတာ့ ရခိုင္ျပည္နယ္နဲ႔ ပတ္သက္လာရင္ ေအးခ်မ္းမႈမရွိဘူး၊ တည္ၿငိမ္မႈမရွိဘူး ဒါစိုးရိမ္စရာေတြျဖစ္တယ္ဆိုတာေတာ့ ေသခ်ာတာေပါ့၊

အဲ့ဒီေတာ့ အဲဒီအေပၚမွာမူတည္ၿပီးေတာ့မွ ခုနကလို အစကတည္းကေပါ့ေနာ္ ၂၀၁၆ ေလာက္က တည္း ကေန ရခိုင္ကိစၥေၾကာင့္ ရင္းႏွီးျမႇဳပ္ႏွံမႈေတြ ေလ်ာ့ပါးလာတယ္၊ ျမန္မာျပည္မွာ ယုံၾကည္မႈေတြအား နည္းလာ တယ္ ဆိုတဲ့ဟာေတြအားလုံးဟာ ၂၀၁၆ ရယ္ ၂၀၁၇ ရယ္ အခု ၂၀၁၉ ရယ္ ေပါင္းလိုက္ရင္ေတာ့ ေတာ္ေတာ္ ေလးကို စိတ္ပူစရာေပါ့၊ အဲ့ဒီေတာ့ ဆရာတို႔အေနနဲ႔ ဒီကိစၥသည္ စီးပြားေရးကိစၥ၊ ႏိုင္ငံေရးကိစၥ၊ လူမႈေရးကိစၥ၊ ယဥ္ေက်းမႈ ကိစၥ ဒါေတြအားလုံးေရာေနတာ၊ အဲ့ဒါကိုလူေတြသိေအာင္ေတာ့ေနာ္ အစိုးရလည္းတတ္ႏိုင္သမွ် ေျဖရွင္းေနရတာေလ၊ အဲ့ဒီေတာ့ ခုနေျပာသလို စိုးရိမ္စရာျဖစ္စရာေတာ့ အမ်ားႀကီးေပါ့၊ ဒါေပမဲ့ ဒီေနရာမွာ ရခိုင္ ေတြရဲ႕ သေဘာထားလည္း ထည့္မတြက္လို႔မရဘူး၊ ေနာက္တစ္ခါ ႏိုင္ငံတကာသေဘာထားလည္း ထည့္မ တြက္လို႔မရဘူး။

အရင္တုန္းကေတာ့ ဒီကိစၥမျဖစ္ခင္တုန္းကေတာ့ ဘာပဲျဖစ္ျဖစ္ AA ဆိုတာ ရွိသာရွိတယ္၊ ဒီေလာက္ ႀကီး စိုးရိမ္ရတဲ့အေနအထားမရွိဘူးေလေနာ္၊ အခုကေတာ့ စိုးရိမ္စရာ အေနအထား ရွိလာတာ၊ အဲ့ဒီအတြက္ကို ဆရာတို႔က နည္းနည္းေလး ပိုၿပီးသတိထားရမွာေပါ့ေနာ္၊ အဲ့ဒီေတာ့ အရာရာကိုေဆာင္႐ြက္တဲ့အခါမွာ ခုနလို ျပန္လာဖို႔ ဟိုဘက္က ဘဂၤလားေဒ့ရွ္ေ႐ြးေကာက္ပြဲကို ေစာင့္ေနတဲ့ အခ်ိန္ ေ႐ြးေကာက္ပြဲၿပီးသြားၿပီ၊ ျပန္လာဖို႔ ႏွစ္ဘက္က သေဘာတူေနခ်ိန္၊ တစ္ေန႔ကတင္ အာဆီယံႏိုင္ငံျခားေရး ဝန္ႀကီးေတြအားလုံးက ျပန္လက္ခံဖို႔ တိုက္တြန္းေနတဲ့အခ်ိန္ ဒီအေျခအေနေတြအားလုံး အဆင္သင့္ျဖစ္ကာ ကေန ဒီလိုျဖစ္လာျပန္ေတာ့ အေျခအ ေနေတြက ဆိုးလာျပန္တာေပါ့ေနာ္၊ အဲ့ဒီလိုေတာ့ စဥ္းစားလို႔ ရတယ္။

Opinion Leaders ။     ။ ေနာက္တစ္ခုက ဒီဟာနဲ႔ပဲဆိုင္ပါတယ္၊ အခုအဲ့ဒီလိုမ်ိဳး ႏိုင္ငံေရးမွာ ကိုယ့္ပါတီ ထဲမွာလည္း ျပႆနာေတြ ျဖစ္တယ္၊ ေနာက္ ဒီလိုမ်ိဳး နယ္စပ္ရခိုင္မွာလည္း AAလို ျပႆနာမ်ိဳးေတြ ျဖစ္တဲ့ အခါက်ေတာ့ အဲ့ဒီမွာမၾကာခင္က ဘဏ္နဲ႔ပတ္သက္ၿပီးေတာ့ ဘဏ္တိုးႏႈန္းကို  ၁၆ ရာခိုင္ႏႈန္းအထိပဲ ယူခြင့္ျပဳ လိုက္တာေတြအပါအဝင္ စီးပြားေရးဘက္ကေန တည္ၿငိမ္ေအာင္ တစ္ခ်ိဳ႕ဟာေတြ လုပ္ပိုင္ခြင့္ေတြပို ေပး ၊ပိုမက္လုံးေတြေပးတဲ့အခ်ိန္မွာ ႏိုင္ငံေရးကမတည္မၿငိမ္ျဖစ္တဲ့အခါ ဒီလိုမ်ိဳးလုပ္ေဆာင္ေနတဲ့ စီးပြားေရး လုပ္ ေဆာင္မႈေတြကေရာ ထင္သေလာက္ အက်ိဳးသက္ေရာက္မႈ ရွိႏိုင္မလားဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ ေစာေစာကေလ ဟိုအၿမဲတမ္းေျပာေနတာေပါ့ေလႏိုင္ငံေရးေဘာဂေဗဒေပါ့၊ ႏိုင္ငံေရးနဲ႔စီးပြားေရး ခ်ိတ္ဆက္ေနေတာ့ ဒီဘက္ကစီးပြားေရး တိုးတက္ေအာင္လုပ္ႏိုင္ရင္လည္းပဲ ႏိုင္ငံေရးနဲ႔ ပတ္သက္တဲ့ စိန္ေခၚမႈေတြေလ်ာ့လာႏိုင္မယ္လို႔ တစ္ဖက္ကလည္း စဥ္းစားလို႔ရျပန္တယ္ေလ၊ အဲ့ဒီေတာ့ အခုေမွ်ာ္လင့္ ရမွာက ဆရာတို႔တကယ့္ကိုေပါ့ေနာ္ မူေဘာင္အသစ္ေတြနဲ႔ ဥပေဒအသစ္ေတြနဲ႔ လူအသစ္ေတြနဲ႔ ေဆာင္႐ြက္တဲ့ အတြက္ေနာ္ ယုံၾကည္မႈေတြပိုမ်ားလာမယ္၊ ယုံၾကည္မႈေတြ တည္ေဆာက္ႏိုင္မယ္ တည္ေဆာက္ႏိုင္လို႔ရွိရင္ ဒါေတြအားလုံးကို စီးပြားေရးတက္ေအာင္လုပ္ေပးႏိုင္ရင္ ဘာေၾကာင့္လဲဆိုေတာ့ ဆရာတို႔နားလည္မႈလိုတာ တစ္ခုကေတာ့ ျမန္မာျပည္မွာလည္း ေတာက္ေလွ်ာက္ျဖစ္လာတဲ့ ကိစၥေတြအားလုံး ႏိုင္ငံေရးျပႆနာေတြ အားလုံးဟာ စီးပြားေရးအေျခခံေတြရွိတာ ဟုတ္တယ္မလား၊ ေတာက္ေလွ်ာက္ ျပည္တြင္းၿငိမ္းခ်မ္းေရး အခုေလာက္ ပဋိပကၡေတြ ကာလရွည္ေနတာရဲ႕ အေျခခံတစ္ခုက အယူအဆအ ေတြးအေခၚရွိသလို တစ္ဖက္ကလည္း စီးပြားေရးအေျခခံေတြရွိတယ္ေလ၊ အဲ့ဒီေတာ့ resource sharing သယံဇာတ ပစၥည္းခြဲေဝမႈ နဲ႔ပတ္သက္လို႔ မေက်နပ္တာေတြဘာေတြရွိေတာ့ ဒီႏိုင္ငံေရးခ်ည္းပဲ ၾကည့္ေနလို႔မရ ဘူး၊ စီးပြားေရးအေျခခံလည္း ၾကည့္ဖို႔လိုတယ္ေလ၊ အဲ့ဒီေတာ့ဆရာတို႔အေနနဲ႔ တတ္ႏိုင္သမွ်စီးပြားေရး အေျခခံကို လက္ခံစဥ္းစားႏိုင္ရင္ေတာ့ ကိုင္တြယ္ႏိုင္ရင္ေတာ့ ႏိုင္ငံေရးကိုဖိအားေတြ နည္းနည္းေလ်ာ့ပါး ႏိုင္မယ္လို႔ ေအာက္ေမ့တာပါပဲ။

Opinion Leaders ။     ။ ေနာက္ဆုံးေမးခြန္းပါပဲဆရာ၊ မၾကာခင္က ရန္ကုန္ကိုအေျချပဳၿပီးေတာ့ စီမံကိန္း ေတာ္ေတာ္မ်ားမ်ားကို တ႐ုတ္ဘက္က လာတင္တာလည္းရွိတယ္၊ ျမစ္ဆုံနဲ႔ပတ္သက္ၿပီးေတာ့ တ႐ုတ္ဘက္က အသံေတြ ျပန္လႊင့္ လာတာလည္းရွိတယ္ဆရာ၊ ေနာက္ေတာ္ေတာ္မ်ားမ်ား ျမန္မာႏိုင္ငံနဲ႔ပတ္သက္တဲ့ စီးပြား ေရး ျပန္ႏိုးထဖို႔ လုပ္တဲ့ စီမံကိန္းေတာ္ေတာ္အမ်ားစုက တ႐ုတ္အေပၚ အေျခခံၿပီးေတာ့ လုပ္တယ္၊ အဲ့ဒီေတာ့ ႏိုင္ငံေရးမွာလည္းဆရာ ဟိုဟာေပါ့ ေတာက္ေလွ်ာက္မွာ လိုက္ေထာက္ျပေနတဲ့အဖြဲ႕ေတြကေတာ့ ရွိတာေပါ့၊ မတည္မၿငိမ္မႈေတြက အခုေနာက္ဆုံး အျပင္မွာေခၚတာေတာ့ ျဖဳတ္ထုတ္ေတြေပါ့၊ အဲ့ဒီအဖြဲ႕ေတြကလည္း အဲ့ဒီျဖဳတ္ခံရတဲ့သူေတြ ေဘးထုတ္ခံရတဲ့သူေတြက အခုေနာက္ ပိုင္းမွာ မီဒီယာ သတင္းစာရွင္းလင္းပြဲေတြမွာ ျပန္ၿပီးတိုက္ခိုက္လာတာေတြရွိတယ္ဆရာ။ သတင္းစာရွင္းလင္း ပြဲေတြ လုပ္လာ တာေတြရွိတယ္၊ အဲ့ဒီအေျခ အေနေတြက ေတာ္ေတာ္ေတာ့ ရႈပ္ေထြးလာတယ္၊ အစည္းအေဝးပြဲ မွာေျပာရမယ့္စကားေတြကို တျခားအဖြဲ႕ အစည္းက အျပင္ထုတ္ၿပီးေျပာလာတယ္၊ ေနာင္လာမယ့္ ဒီႏွစ္ႏွစ္အတြင္းမွာ ဆရာတို႔ ရခိုင္ကိစၥနဲ႔ပတ္သက္ၿပီး တည္ၿငိမ္ေအာင္လုပ္တာေတြ၊ စီးပြားေရးျပန္တက္ေအာင္ လုပ္တာေတြကို ဒါေတြက ဒီဟာေတြကျပန္ၿပီး ေတာ့ ေခ်ဖ်က္သြားႏိုင္မလားဆရာ။ လာမယ့္  ၂၀၂၀ အဆင္ေျပမလားဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ အခုက အခ်ိန္ကသိတဲ့အတိုင္းပဲ ႏိုင္ငံေရးနဲ႔ပတ္သက္လာရင္ ျပကၡဒိန္က အင္မတန္တိုေတာင္းတဲ့ဟာေလ၊ ဆရာတို႔မွာ ငါးႏွစ္တစ္ႀကိမ္ဆိုေတာ့ တစ္ဝက္က်ိဳးသြားတဲ့အေနအထား ရွိ တာကိုး၊ တစ္ဝက္က်ိဳးသြားတဲ့ အေနအထားရွိေတာ့ ခုနဟို ေျပာတဲ့ကိစၥေတြ အားလုံးဟာ ဆရာတို႔ရင္ဆိုင္ရမွာ ပဲ၊ အဲ့ဒီေတာ့ အျမန္ဆုံး ရင္ဆိုင္ႏိုင္ေအာင္ ဘယ္လိုလုပ္ၾကမလဲ ဆိုတဲ့ ျပႆနာေပါ့၊ ဘာေၾကာင့္လဲဆိုေတာ့ အခုက ဒီတ႐ုတ္နဲ႔ ပတ္သက္လာရင္ အခုေသခ်ာတာက ေသခ်ာတာတစ္ခုကေတာ့ အရင္တုန္းက ဆရာတို႔ ၂၀၁၅ ေ႐ြးေကာက္ပြဲအၿပီးမွာ ေမွ်ာ္လင့္ခ်က္ကိုေျပာရင္ လူတိုင္းေမွ်ာ္လင့္တာက အေနာက္ႏိုင္ငံက ရင္းႏွီး ျမႇဳပ္ႏွံမႈေတြ အမ်ားႀကီးလာမယ္လို႔ ေမွ်ာ္လင့္တာ။ ကိုယ္ကိုယ္တိုင္လည္း ဒီလိုပဲ ေမွ်ာ္လင့္ခဲ့တာ၊ ဘာေၾကာင့္ လည္း ဆိုေတာ့ ဒီမိုကေရစီေရာက္ေအာင္ သူတို႔ပဲအမ်ားႀကီးအကူအညီေပးခဲ့တယ္ေလ၊ အေနာက္ႏိုင္ငံက EU တို႔၊ US တို႔၊ UK တို႔ ။

အဲ့ဒီေတာ့ အဲ့လိုေမွ်ာ္လင့္ခ်က္ေတြရွိတဲ့အခ်ိန္မွာ ရခိုင္ကိစၥက ဝုန္းခနဲျဖစ္လာတဲ့ အခါက် ေတာ့ လူ႔အခြင့္အေရးဘာညာနဲ႔ ဒါေတြအားလုံးရႈပ္ေထြးလာတဲ့အခါ အခ်ိန္မွာ အခုအခ်ိန္မွာေတာ့ကာလတိုမွာေတာ့ အေနာက္ႏိုင္ငံက ရင္းႏွီးျမႇဳပ္ႏွံမႈလာဖို႔ဆိုတာ အင္မတန္မွ ခဲယဥ္းသြားတဲ့အေျခအေနရွိတယ္၊ အဲဒီေတာ့ အဲဒီလိုရွိတဲ့အခါက်ေတာ့ လွည့္ႏိုင္တာက ဘာလဲဆိုေတာ့ Look East ေပါ့၊ အေရွ႕သို႔ဆိုတဲ့ ေပၚလစီကို က်င့္သုံးရမွာပဲေလ၊ က်င့္သုံးတဲ့အခါမွာ ဘယ္သူေတြပါလာႏိုင္မလဲဆိုေတာ့ ဆရာထင္တယ္၊ တ႐ုတ္တင္ မကဘူး တ႐ုတ္နဲ႔ယွဥ္ႏိုင္တဲ့ ဂ်ပန္တို႔၊ ကိုရီးယားတို႔ ထိုင္ဝမ္တို႔ ေဟာင္ေကာင္တို႔ ဒါေတြလည္း လွည့္ၾကည့္ဖို႔ လိုတယ္၊ ၿပီးေတာ့မွ အိႏၵိယေပါ့၊ အိႏၵိယလည္း လွည့္ၾကည့္ဖို႔လိုတယ္။

ၿပီးေတာ့မွ ဟိုဆရာတို႔ ဒီ အေနာက္ ႏိုင္ငံလို႔ေျပာခဲ့ေပမယ့္ အားလုံးကတစ္စည္းတစ္လုံးတည္း မဟုတ္ ဘူးေလ၊ ဟို တစ္ခ်ိဳ႕ႏိုင္ငံေတြက ဟို ဆရာတို႔ နည္းနည္းပိုၿပီးနားလည္မႈေပးႏိုင္တဲ့  ႏိုင္ငံေတြရွိတယ္၊ ဥပမာ- ၾသစေၾတးလ်ႏိုင္ငံတို႔ဘာတို႔၊ တစ္ခ်ိဳ႕ႏိုင္ငံ ေတြက်ေတာ့လည္း လိုတာထက္ပိုၿပီး ျပင္းျပင္းထန္ထန္ေဝဖန္တဲ့ ႏိုင္ငံေတြရွိတယ္၊ အေနာက္ႏိုင္ငံက၊ အဲ့ဒီေတာ့ ဆရာေအာက္ေမ့တာက အေနာက္ႏိုင္ငံကို ဆရာတို႔ သုံးသပ္တဲ့ အခါမွာလည္းပဲ အေနာက္ႏိုင္ငံေတြအားလုံးလို႔ ဝါးလုံးရွည္နဲ႔ရမ္းမယ့္အစား ဟို ကိုယ့္ကိုနားလည္မႈ ေပးႏိုင္မယ့္ သူေတြကို စြဲေဆာင္ရမွာေလ၊ ဘာေၾကာင့္လဲဆိုေတာ့ တကယ္တမ္းေတာ့ စီးပြားေရးလုပ္ငန္းရွင္ေတြက အက်ိဳး အျမတ္ရရင္ မက္လုံးရွိရင္လာမွာပဲကြဲ႕၊ႏိုင္ငံေရးအေျခအေန ဘယ္ေလာက္ႀကီးဆိုးလို႔ ဆရာတို႔အခုဟိုမွာ အီရတ္ကို ဆန္ရွင္ေတြ အျပည့္လုပ္တဲ့အခ်ိန္မွာ ဝင္လာၿပီးစီးပြားေရးလုပ္တဲ့ အေနာက္ႏိုင္ငံကုမၸဏီေတြ ရွိခဲ့ တာပဲေလ၊ အီရန္မွာလည္း ရွိခဲ့တာပဲ၊ အဲ့ဒီေတာ့ ဆရာတို႔ အေနနဲ႔ကေတာ့ တစ္ခုကေတာ့ လတ္တေလာမွာ ေတာ့ Look East ေပါ့ေလ။

ႏိုင္ငံေတာ္အစိုးရကလည္း ေၾကညာထားတယ္ေနာ္ ဟို ဒီ တ႐ုတ္၊ တ႐ုတ္တစ္ခုတည္း စဥ္းစားေန လို႔ေတာ့ မရဘူး၊ ႏိုင္ငံတစ္ႏိုင္ငံတည္း အားကိုးရရင္ေတာ့ အႏၲရာယ္ရွိတာေပါ့၊ အဲ့ဒီေတာ့ ျဖန႔္ၿပီး ဆရာတို႔ ရင္းႏွီးျမႇဳပ္ႏွံမႈေတြရေအာင္ ႀကိဳးစားမယ္၊ ကိုရီးယားတို႔၊ ကိုယ့္ဆီမွာလည္း ကိုယ့္အိမ္နီးနားခ်င္း အင္ဒိုနီးရွားတို႔ ထိုင္းတို႔ဘာတို႔ကလည္း သူတို႔ကလည္း ရင္းႏွီးျမႇဳပ္ႏွံခ်င္တဲ့ အေျခအေနေတြရွိလာၿပီေလ၊ အဲ့ဒီေတာ့ ကိုယ့္ ထက္ နည္းနည္းေလးခ်မ္းသာတဲ့ႏိုင္ငံေတြဆီကေန ရင္းႏွီးျမႇဳပ္ႏွံမႈေတြကို စြဲေဆာင္ႏိုင္ရင္းနဲ႔ပဲ ခုနလို အ ေနာက္ႏိုင္ငံက ေမွ်ာ္လင့္တဲ့ဟာေတြ မလာတာကို တုန႔္ျပန္ႏိုင္မယ္လို႔ ဆရာေတာ့ အဲ့ဒီလိုယူဆတာပဲ။

Opinion Leaders ။     ။ ဒါဆို ဆရာ အကုန္လုံးၿခဳံၿပီး ၾကည့္လိုက္မယ္ဆိုရင္ ရင္းႏွီးျမႇဳပ္ႏွံမႈကေတာ့ အကုန္ လုံးကို ေမွ်ာ္လင့္ထားမွ ရမွာေပါ့ေနာ္၊ တစ္ခုတည္းေတာ့ ပုံထားဖို႔မသင့္ဘူးေပါ့။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ တစ္ေနရာတည္းပုံထားရင္ Risk သိပ္မ်ားတယ္ေလ၊ ဟုတ္တယ္မဟုတ္ လား၊ အဆင္ေျပရင္တစ္မ်ိဳး ။ အဆင္မေျပတဲ့အခါမွာ ကိုယ့္အတြက္အႏၲရာယ္က ေတာ္ေတာ္ႀကီးေတာ့ ျဖစ္ႏိုင္ ရင္တစ္ေနရာတည္း ဟိုဟာေပါ့ ၾကက္ဥေတြအားလုံးကို တစ္ျခင္းတည္းမထည့္ပါနဲ႔လို႔ ဆရာတို႔ အၿမဲတမ္း သတိ ေပးသလို အဲ့ဒီျခင္းႀကီး ျပဳတ္က် သြားရင္ ၾကက္ဥေတြအားလုံးကြဲမွာေလ၊ အဲ့ဒီေတာ့ ဒါအဂၤလိပ္စကားပုံအတိုင္း ဆရာတို႔လည္း အဲ့ဒီလိုစဥ္းစားဖို႔ လိုလိမ့္မယ္လို႔ ေအာက္ေမ့တာပဲ။

Opinion Leaders ။     ။ အခုလို အခ်ိန္ယူေျဖၾကားေပးတဲ့အတြက္ ေက်းဇူးပါ ဆရာ။

ေဒါက္တာေအာင္ထြန္းသက္
ဇန္နဝါရီ - ၂၄