【 ပညာရှင်များ၏အမြင် 】 “PhD အတုဆိုတာလည်း အဂတိလိုက်စားမှုပဲ”

【 ပညာရှင်များ၏အမြင် 】 “PhD အတုဆိုတာလည်း အဂတိလိုက်စားမှုပဲ”

ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံအရေးမှာ ကမ္ဘာအလယ်တွင် ထင်ရှားသည့်အရေးကိစ္စ ဖြစ်လာသလို ပြည်တွင်းစီးပွားရေး အခြေအနေမှာလည်း သတိထားနေရသည့် အနေအထားရှိနေတာကို တွေ့ရပါတယ်။ထိုသို့သော အနေအထား အခြေအနေ ရှိနေသည်မှပင် စီးပွားရေးတွင် နိုင်ငံတကာရင်းနှီးမြုပ်နှံသူများက ပြန်လည်စိတ်ဝင်စားသည့် အခြေအနေကို ပြသခဲ့သလို နိုင်ငံရေးမှာလည်း ICJ ကြောင့် ဆန့်ကျင်ဘက်အဖွဲ့ အားလုံးနီးပါးထံမှ တစ်သံတည်းထွက်လာနိုင်သည့် အခြေအနေအထိ တိုးတက်လာခဲ့ပါတယ်။ထိုသို့ အလားအလာကောင်းများ ပေါ်ထွက်လာသည့် အနေအထားတွင် အဓိကအတားအဆီးမှာ ပြန်လည်ခေါင်းထောင်လာသည့် အစိုးရဌာန အချို့ဝန်ထမ်းအရာထမ်းများ၏ "မပေးလျှင် မလုပ်သည့် လာဘ်စားမှု ပြန်ထကြွလာမှု" အခြေအနေအပေါ် ဝါရင့်စီးပွားရေးပညာရှင်နှင့် နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေးပုဂ္ဂိုလ် ဆရာ ဒေါက်တာအောင်ထွန်းသက်အား အထူးအစီအစဉ်တစ်ရပ်အနေဖြင့် မေးမြန်းခဲ့ပါတယ်။လတ်တလော မြန်မာစီးပွားရေးဆိုင်ရာ အကြောင်းကိစ္စများအပေါ် ဆရာ ဒေါက်တာအောင်ထွန်းသက်၏ ရှုမြင်သုံးသပ်ချက် အပြည့်အစုံကို ယခုတစ်ပတ် အထူးအစီအစဉ်အဖြစ် ဖော်ပြလိုက်ပါတယ်။

(Opinion Leaders Media အယ်ဒီတာအဖွဲ့)

Opinion leaders ။     ။ နေပြည်တော်မှာ ကျင်းပတဲ့ အဂတိလိုက်စားမှုနဲ့ ပတ်သက်တဲ့ ပွဲမှာ သမ္မတက ပြောခဲ့တာရှိပါတယ်။ပြုပြင်ပြောင်းလဲရေးမှာ အဂတိလိုက်စားမှုက တကယ့်ခလုတ်ကန်သင်းဖြစ်နေတယ်။လက်ရှိမှာလည်း အဂတိလိုက်စားမှုနဲ့ ပတ်သက်ပြီးတော့ ကိုင်တွယ်နေတဲ့နေရာမှာ နည်းနည်းလေး အရှိန်ပြန်နှေးသွားတာ တွေ့ရတယ်၊ တွေ့ရတဲ့အတွက်ကို အခုလက်ရှိမှာ နောက်ဆုံးနှစ်လည်း ရောက်နေတာလည်းပါတယ်၊ နောက်တစ်ချက်က အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကိုလည်း ပိုပြီးစောင်းပေးနေတဲ့အတွက်ကို အရှိန်ကိုလျှော့ချလိုက်တာ ဒါအတွက်လား ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ ဆရာထင်တာတော့ ပြဿနာကလေ အစကတည်းကပေါ့နော်၊ အဂတိလိုက်စားမှုနဲ့ ပတ်သက်လာရင် ကော်မရှင်က ရှိခဲ့တာပေါ့နော်။ဒါက ဦးသိန်းစိန်လက်ထက်ကတည်းက၊ ဒါပေမဲ့ ဦးသိန်းစိန်လက်ထက်က ရှိခဲ့တာက သိပ်ပြီးတက်တက်ကြွကြွမရှိဘူး၊ နိုးနိုးကြားကြားမရှိဘူး။မရှိတော့ ဆရာတို့ အခုလက်ရှိ ဥက္ကဋ္ဌပေါ့နော်၊ ဦးအောင်ကြည် ကို တာဝန်ပေးတယ်၊ ဦးအောင်ကြည်ကလည်း သူလုပ်နိုင်တာကို အရင်ထက်စာရင်တော့ သိသိသာသာကြီး လုပ်နိုင်တာပေါ့၊ လုပ်နိုင်ပေမယ့် ဆရာတို့က ဒီ Culture ကြီးက ဖြစ်နေတာကိုး။

ဒီအဂတိလိုက်စားမှုဟာ တကယ်တမ်းကိုနော် လူတိုင်းမှာ ထုံးစံကြီးလိုဖြစ်နေတာ၊ မလိုက်စားရင်တောင် တစ်မျိုးဖြစ်နေတာပေါ့၊ အဲ့ဒီတော့ အဲ့ဒီလိုဖြစ်နေတော့ ဒါကိုကိုင်တွယ်ဖို့ဆိုရင် ဆရာတို့ ကော်မရှင်တစ်ခုတည်း တာဝန်ပေးလို့မရဘူး၊ ဆရာတို့ဖြစ်နေတဲ့ Risk Management ပေါ့နော်၊ ဘယ်နေရာမှာ အဂတိလိုက်စားမှု အလားအလာအများဆုံး ရှိတယ်ဆိုတာကို အာရုံစိုက်ပြီးတော့ အခုသိတာပဲကွဲ့ ဘယ်နေရာမှာ အဂတိလိုက်စားမှု အများဆုံးဖြစ်နိုင်တယ်ဆိုတာ အခုဆိုရင် နိုင်ငံတော်နဲ့ပတ်သက်လာရင် တင်ဒါခေါ်တဲ့စနစ်မှာ ဟုတ်တယ်မဟုတ်လား။ပြဿနာတွေအများဆုံးဖြစ်တာ၊ နိုင်ငံတော်ရဲ့ တန်ဖိုးရှိတဲ့ပစ္စည်းတွေ၊ မြေကွက်တွေ လုပ်ကွက်တွေ တလောကဆိုရင် ရွှေနဲ့ပတ်သက်လို့ ချပေးတာတို့ အများကြီးပါ။

အဲ့ဒီတော့ Corruption ဖြစ်စေနိုင်တဲ့ Corruption အလားအလာရှိတဲ့ နေရာတွေကို ဆရာတို့ တကယ့်ကို ထဲထဲဝင်ဝင် စဉ်းစားလိုက်ရင် ဒါကိုင်တွယ်လို့ရတယ်၊ ဒါပေမဲ့ အခုထိကနော် ကိုင်တွယ်တယ်ဆိုပေမယ့် သိသိသာသာ ထင်ထင်ရှားရှား ဝန်ကြီးချုပ်တို့ ဘာတို့ တစ်ချို့တွေ တနင်္သာရီဝန်ကြီးချုပ်တို့ ဘာတို့ကို အရေးယူတာမျိုးရှိတာတော့ ထင်သာမြင်သာတော့ ရှိတာပေါ့။သို့သော်လည်းပဲ သိသိသာသာကြီး ဆရာတို့ အဖြေမပေါ်သေးဘူးလေ၊ အဲ့ဒီတော့ ဆရာ ဟိုတလောက မန္တလေးသွားပြီးတော့ လူငယ်တွေနဲ့ပတ်သက်လို့ အဂတိလိုက်စားမှု ရိုးသားဖြောင့်မတ်မှုနဲ့ ပတ်သက်လို့ ဖြောင့်မတ်တည်ကြည်မှုကိစ္စကို ပြောတဲ့အခါမှာ တစ်ယောက်ချင်းအနေနဲ့ ယဉ်ကျေးမှုတစ်ရပ် မတည်ဆောက်နိုင်သေးတာ ဒီလိုဖြစ်နေမှာပဲလို့ ထင်တယ်နော်။

အခုက လူတွေအားလုံးက ကိုယ်အခွင့်အရေးရရင် ဒီအခွင့်အရေးကို ယူမယ်ဆိုတဲ့စိတ်က ရှိနေတာကို၊ အဲ့ဒီတော့ အလုပ်တစ်ခုက အဂတိလိုက်စားမှုလို့ ပြောလို့ရှိရင်လည်းပဲ ငွေတစ်ခုတည်းမဟုတ်ဘူး၊ လူတွေထင်တာက ငွေမှ အဂတိလိုက်စားမှု ဆရာတို့ ဒီမှာ ဆောင်းပါးတောင် ရေးနေသေးတယ် PhD အတုဆိုတာလည်း အဂတိလိုက်စားမှုပဲ။
သူများကိုလိမ်တာကို ဟုတ်တယ်မဟုတ်လား၊ ကိုယ့်မှာမရှိတဲ့ အရည်အချင်းကို ရှိတယ်လို့ပြပြီးတော့ ကိုယ့်ကိုယ်ကို ဒေါက်တာလို့ တပ်တဲ့သူတွေ အခုခေတ်မှာ အများကြီး ဟုတ်တယ် မဟုတ်လား၊ အံ့သြစရာကောင်းတာ ဒီခေတ်မှာမှ ဒေါက်တာတွေ ပိုပြီးပေါလာတယ်၊ အဲ့ဒါတွေက တော်တော်ဆန်းတာ ကိုယ်နဲ့မဆိုင်ဘူးဆိုပေမယ့် တကယ်တမ်းတော့ အဂတိလိုက်စားမှုတွေ၊ ဟုတ်တယ် မဟုတ်လား ဒါလိမ်တဲ့ဟာကိုး၊ အဲ့ဒီတော့ အခုက လာဘ်ထိုးရုံသက်သက် မဟုတ်တော့ဘူး၊ အဂတိလိုက်စားမှုတွေဟာ ပုံစံတွေအမျိုးမျိုးနဲ့ ပိုပြီးသိမ်မွေ့လာတယ်။မသိမသာလုပ်လာတာတွေ ဖြစ်နေတာကိုး၊ ကိုင်တွယ်ဖို့တော့လိုတယ်။

နောက်တစ်ခုက ကော်မရှင်အနေနဲ့က ဒီကနေ့ကို သမ္မတကြီးမိန့်ခွန်းပေးတဲ့ ပွဲလုပ်တာတော့ တစ်ပိုင်းပေါ့၊ နိစ္စဒူ၀ ဘယ်လိုလုပ်မလဲဆိုတာတော့ စဉ်းစားဖို့လိုတယ်၊ ဆရာတို့က အကျင့်တောင်မဟုတ်တော့ဘူး၊ ယဉ်ကျေးမှုဖြစ်တာ၊ အကျင့်ဆိုတာ ပြင်လို့ရတယ်၊ ယဉ်ကျေးမှုကျတော့ တော်တော်ခက်တာ ဆရာ ဟိုနေ့ညက ကလေးတွေကိုပြောတယ်၊ သူတို့ကတောင် လက်ခုပ်တီးတယ်၊ တကယ်တမ်းဖြောင့်ချင်ရင် နှစ်ခုပဲလိုတာပေါ့၊ “မပေးဘူး၊ မယူဘူး” ဟုတ်တယ်မဟုတ်လား။

Corruption ရှိတာက ဘာလဲဆိုတော့ ပေးတာရှိရင် ယူတာလည်းရှိနေမှာပဲ၊ ခက်တာလည်း ဘာလဲဆိုရင် ဆရာတို့ ဒါပေမဲ့ နည်းနည်းလေး ပိုပြီးထူးခြားလာတာက Corruption မရှိလို့ ယန္တရားနှေးသွားပြီဆိုတာလည်း ပြောလာတာရှိတယ် အရင်တုန်းကတော့ အပေးအယူလည်းရှိတော့ လုပ်ချင်ကိုင်ချင်စိတ်ရှိတာ ရှိနေတာ၊ အခုတော့ လုပ်ချင်ကိုင်ချင်စိတ်က လုံးဝမရှိတော့ဘူး။အစိုးရဌာနကဖြေတာ၊ ဘာကြောင့်လဲဆိုတော့ သွားလုပ်လို့ရှိရင် ကိုယ့်တစ်ပြားမှလည်း မရဘူးလေ။ကိုယ်ပင်ပန်းတာပဲရှိတယ်ဆိုတဲ့အတွက် ဘာမှမလုပ်တော့ဘူး၊ အားလုံးငြိမ်နေတာလည်း တစ်ခုပဲလေ။အဲ့ဒီလိုပြောပြန်တော့လည်း Corruption ကို အားပေးတယ်ဖြစ်ပြန်ရော။

နောက်တစ်ခု ဆရာတို့မှာ Corruption နဲ့ ပတ်သက်လို့ရှိရင် များသောအားဖြင့် ပြောလေ့ရှိတာက အစိုးရဌာနတွေ Corruption ရှိတာကို ပြောလေ့ရှိတယ်။အစိုးရဌာနတွေမှာ အဓိကတာဝန်ရှိတယ်ဆိုပေမယ့် လုပ်ငန်းရှင်တွေမှာ တာဝန်ရှိတယ်လေ။လုပ်ငန်းရှင်က ပေးတဲ့သူတွေ၊ ယူတဲ့သူနဲ့ ပေးတဲ့သူ နှစ်ဦးနှစ်ဖက်လုံး တာဝန်ရှိတယ်ဆိုတာကို လက်ခံလာရင်တော့ ဆရာထင်တယ် အဖြေတစ်ခုရလိမ့်မယ်လို့ အောက်မေ့တယ်။အခုတော့ ယူတဲ့သူပဲ အပြစ်ပေးတဲ့ ပေးတဲ့သူကို အပြစ်မပေးတော့ ဘယ်လိုလုပ်ရမလဲ။

ကိုယ်က တတ်နိုင်တဲ့ဘက်က တာဝန်ကျေတဲ့ လုပ်ငန်းရှင်တွေအားလုံးကို မပေးဘူးလို့ အဲ့ဒီတော့ မပေးပြန်လည်း သူကရမှာမဟုတ်ဘူး၊ ပေးတဲ့သူကရသွားပြီ မဟုတ်ဘူးလား၊ ကိုယ့်ဘက်က အသံကောင်းဟစ်နေတာက တစ်ပိုင်းလေ၊ ကိုယ်က ဘာမှပိုင်ဆိုင်မှုမရှိတော့လည်း ကိုယ်ကပြောလို့ရတယ်လေ၊ လုပ်ငန်းရှင်တွေဘက်ကလည်း ပိုင်ဆိုင်မှုရှိတော့ မပေးရင်ပြောလို့မရဘူး၊ အခုက ပိုဆိုးတာက ယူလည်း မယူရဲတော့ ဘာမှလည်းမလုပ်တော့ဘူး၊ အဲ့ဒီတော့ ယန္တရားကြီးတစ်ခုလုံးမှာ ရှင်းနေရတာ အဲ့ဒီပြဿနာပါတယ် ထင်တယ်၊ မသိမသာသွားလုပ်လိုက်တာကိုး။

Opinion leaders ။     ။ ဒီရက်ပိုင်းမှာပဲ ဂျပန်ကလည်း ထုတ်ပြန်တဲ့ စစ်တမ်းတစ်ခုမှာ အာဆီယံ ထုတ်လုပ်ရေးကဏ္ဍမှာ မြန်မာက အဆင့် ၁ နေရာမှာ ၁၀ လဆက်တိုက် ဆိုပြီးတော့ ရပ်တည်တာရှိတယ်။ဒါပေမဲ့ ဒီဘက်တစ်ခြမ်းမှာ ဆန်စပါးနဲ့ ပတ်သက်လို့ရှိရင်လည်း စပါးကလည်း အစိုးရကနေ အခြေခံဈေးနှုန်းနဲ့ဝယ်ဖို့ ပြန်လုပ်နေတာရှိတယ်။
မကြာခင်က ကျားဖောင်ကိစ္စလိုမျိုးဟာတွေမှာလည်း သား၊ ငါး ထုတ်လုပ်မှုမှာလည်း ပြန်ပြီးတော့ ဂယက်ရိုက်မှုတွေရှိတဲ့အခါ လက်ကျန်ဘတ်ဂျက် တစ်နှစ်တာကာလထဲမှာ ထုတ်လုပ်ရေးကဏ္ဍ အလားအလာကောင်းတွေက ဒီလိုမျိုးပြဿနာတွေကြောင့် ကျသွားနိုင်လား၊ သီလဝါလို SEZ ဟာမျိုးမှာ Production က တော်တော်တက်နေချိန် ဒီလိုမျိုးတွေကြောင့် သွားထိခိုက်သွားနိုင်လား ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။အဲ့ဒါပေါ့။ဆရာတို့က ပမာဏအနေနဲ့ကြည့်တယ်။စီးပွားရေးအဆောက်အအုံကိုလေ။သီလဝါကို လူတိုင်းက ချီးကျူးနေကြတယ်၊ အောင်မြင်နေကြတယ်။သီလဝါက ဘာလဲဆိုရင် အတုကြီးလိုဖြစ်နေတာ။ဒါက တော်တော်ကြီး ထူးထူးခြားခြားကြီး ဂျပန်တွေကလည်း တကယ်ကိုကြပ်မတ်တယ်၊ အဲ့ဒီမှာလည်း အစိုးရဌာနတွေအားလုံးက အာရုံစိုက်ပြီးလုပ်နေတော့ သီလဝါ အောင်မြင်တယ်။ဒါပေမဲ့ ဆရာတို့မှာ ပြောလေ့ရှိတာက စီမံချက်နဲ့ပတ်သက်လာရင် Pilot လိုပေါ့၊ Pilot Project က အောင်မြင်တယ်၊ အဲ့ဒီအောင်မြင်တဲ့ Project ကို skill less လုပ်တယ်။

တစ်တိုင်းပြည်လုံး အတိုင်းအတာနဲ့ လုပ်နေပြန်တော့ မအောင်မြင်ပြန်ဘူး၊ အခုက ဆရာထင်တယ် သီလဝါကို တစ်ဖက်ကချီးကျူးတာကို ဆရာတို့လက်ခံတယ် အဲ့ဒီမှာ ဆရာ တလောကလည်း ဧရာဝတီတိုင်းက ပြန်လာတယ်နော်။လယ်ယာကဏ္ဍမှာ လယ်လုပ်မယ့်သူတောင် မရှိတော့ဘူး၊ မြေပြဿနာ။နောက်တစ်ခါ ဟိုတလောကကြည့်လိုက်တယ် စိတ်မကောင်းတာက ကမ္ဘာ့ဆန်ဈေးကွက်မှာ ထိုင်းက သူတို့ဘာသာသူတို့ အဆင့်မြှင့်တာ နံပါတ် ၂ ဖြစ်သွားတယ်။၁ က ဗီယက်နမ် ဖြစ်သွားတာ။တကယ့်ကိုနော် စိစိညက်ညက်ကျေအောင် ဗုံးအကြဲခံရတဲ့နိုင်ငံက ကမ္ဘာ့နံပါတ် ၁ ဖြစ်သွားတာ အံ့သြစရာကြီးလေ၊ ဟုတ်တယ်မဟုတ်လား။ကိုယ်က အစကတည်းက တစ်ဖြစ်ခဲ့တဲ့သူ။အခုအထိ မဖြစ်နိုင်ဘူးလေ။ဟုတ်တယ်မဟုတ်လား အရည်အသွေးကလည်း မကောင်းဘူးဖြစ်တော့ အဲ့ဒီဟာလည်း လယ်ယာစိုက်ပျိုးရေးကဏ္ဍကိုတော့ ဆရာထင်တယ် ဦးစိုက်မှရမယ်ထင်တယ်၊ ဒါပေမဲ့ အခုက လူဦးရေကလည်း တော်တော်နည်းသွားပြီလေ။

Opinion leaders ။     ။ လက်ရှိ နိုင်ငံခြားရင်းနှီးမြုပ်ပ်နှံတဲ့ Production မှာ အခြေအနေကောင်းတယ်။Corruption တွေလည်း ဖိလုပ်စောင့်ကြည့်လာတဲ့အခါကျတော့ နိုင်ငံခြားငွေလဲနှုန်းကလည်း လိုက်ပြီးတည်ငြိမ်ပြီး မြန်မာငွေ မာလာတယ်။ဒီလိုကျတော့  ဗဟိုဘဏ်က ဝင်ထိန်းတာတွေလည်း ရှိလာတယ်။နောက်တစ်ချက်က ဒီကာလမှာ နိုင်ငံတကာက ဖိအားတွေလည်း ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ထွက်ရှင်းနေတဲ့အခါကျတော့ သိက္ခာပိုင်းအရ တက်လာတယ်။ယုံကြည်မှုရှိလာတယ်။ဒီလိုအချိန် ငွေကြေးဈေးကွက်ထဲ ဗဟိုဘဏ်က နိုင်ငံခြားငွေကြေး ဝင်ထိန်းတာ ကောင်းတဲ့လုပ်ဆောင်မှုလား။ပြင်ပမှာတော့ ရွှေဈေးတွေ ဘာတွေကလည်း ကျလာလို့ရှိရင် တော်တော်လေးကောင်းတဲ့ အခြေအနေပေါ့နော်၊ ရတဲ့ လုပ်ခလစာနဲ့ နိုင်ငံခြားငွေကျတဲ့အတွက် အရမ်းကောင်းတဲ့ အခြေအနေဖြစ်ပေါ်လာမှာကို  ဗဟိုဘဏ်ကနေ ဝင်ထိန်းတာက ဘဏ္ဍာရေးကျင့်ဝတ်အရ ဆီလျော်သလား၊ ဒါမှမဟုတ် လုပ်ငန်းရှင်တွေဘက်ကိုပဲ စဉ်းစားပြီးလုပ်နေတာလား ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ မဟုတ်ဘူး။အဲ့ဒါပေါ့၊ ဗဟိုဘဏ်တို့ ဘာတို့ ဝင်ထိန်းတာတွေက စနစ်တကျဝင်ထိန်းဖို့ လိုလိမ့်မယ်။ဆေးမြီးတိုလုပ်ဖို့ မသင့်ဘူး၊ ဆေးမြီးတိုလုပ်ရင် ခဏပဲခံမှာလေ၊ တကယ်တမ်းက စနစ်ကြီးတစ်ခုလုံး ပြင်ရမှာလေ၊ အဲ့ဒီတော့ ပြင်တဲ့အခါမှာ ဥပမာ - ဆရာတို့ လူနာနေမကောင်းဖြစ်တာကို နဖူးစမ်းပြီး ဆေးတိုက်သလိုပေါ့ အခုလိုဖြစ်တယ်၊ တကယ်တမ်း နဖူးစမ်းလိုက်ရင် ဘာကြောင့်ဖျားနေသလဲဆိုတာကို သေချာသိပြီး စိစစ်ပြီးမှ ဖြေရှင်းရင်တော့ အဖြေတစ်ခုရလိမ့်မယ်လို့ အောက်မေ့တာပဲ။မဟုတ်ရင်တော့ ဒီအတိုင်းကြီးပဲ လက်ပူတိုက်ပြီးတော့ လုပ်နေတာ၊ ဗဟိုဘဏ်ကလည်း ဝင်ထိန်းရင် ဘယ်လောက်ထိန်းနိုင်မလဲ ဟုတ်တယ်မဟုတ်လား။

သူ့မှာ Result ဘယ်လောက်ရှိသလဲ သူ့မှာရှိတဲ့ အတိုင်းအတာကလည်း အကန့်အသတ်နဲ့ပဲလေ၊ အဲ့ဒီတော့ ဗဟိုဘဏ် ထိန်းထားလည်း ဟိုကောင်တွေက ဝင်ကစားမှာပဲ၊ ဘယ်လောက်ကစားခံနိုင်မလဲ ဟုတ်တယ်မဟုတ်လား၊ အဲ့ဒီတော့မခံနိုင်လို့ရှိရင် ပိုပြီးတော့တောင်ပိုဆိုးတယ်၊ အဲ့ဒီတော့ မထိန်းနိုင်လို့ ထိန်းနိုင်ပြီးတော့ ကဲမထိန်းနိုင်ဘူးလို့ ပြန်ပြီးလျှော့လိုက်ပြန်ရင်လည်း ဘယ်လိုလုပ်မလဲ။အရင်အခြေအနေထက်တောင် ပိုဆိုးနိုင်တယ်။စဉ်းစားဖို့တော့ စဉ်းစားမယ်လို့တော့ ထင်တာပါပဲကွယ်။

Opinion leaders ။     ။ နှစ်ဆန်းပိုင်းလောက်တုန်းက ရန်ကုန်မြို့သစ် စီမံကိန်းတို့ မိုးပျံတံတားတို့ စီမံကိန်းအသံတွေကြားရတယ်။နောက် ရန်ကုန်ဘူတာကြီးစီမံကိန်း ပရောဂျက်တို့ ဘာတို့ အများကြီးကြားရတယ်။ပြောတာတွေအရ အကုန်လုပ်မယ်လို့ဆိုတယ်။လက်ရှိမှာတော့ ဒလမြစ်ဖြတ်ကူးတဲ့ တံတားလောက်သာ လုပ်နေတာ ထင်ထင်ရှားရှားမြင်ရတယ်။မြင်ရတဲ့အခါကျတော့ နောက်ကျန်တဲ့ဘဏ္ဍာနှစ်မှာ ဆရာတို့ ပြောထားတာလည်းရှိတယ်၊ ရေတိုမြင်သာတဲ့ စီမံကိန်းတွေကို ဦးစားပေးပြီးတော့ လုပ်သင့်တယ်လို့ပြောတယ်၊ လက်ရှိမှာ တိုင်းအစိုးရရော ပြည်ထောင်စုအစိုးရရော လုပ်နေတဲ့ဟာတွေ အများစုက ဒီသက်တမ်းမှာ မစနိုင် မပြီးနိုင်တဲ့အတွက် နောက်သက်တမ်းအထိ မျှော်ပြီးလုပ်နေတဲ့ ပုံစံဖြစ်နေတယ်။လက်ရှိ ဒေါ်အောင်ဆန်းစုကြည် က သွားဖြေရှင်းနေတဲ့ ICJ ရော၊ မကြာမီက တရုတ်ဝန်ကြီးချုပ် ရုတ်တရက်လာတာရော၊ နိုင်ငံခြားငွေဈေးကျတာတွေ စဖြစ်လာတဲ့ အခြေနေအားလုံးဟာ နောက်လာမယ့် ရွေးကောက်ပွဲမှာ လက်ရှိအစိုးရ ပြန်ရွေးကောက်ခံရမယ်ဆိုတဲ့ ယုံကြည်မှုရှိနေကြလို့လား ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ နိုင်ငံရေး၊ စီးပွားရေး ချိတ်နေတာကိုး၊ လုပ်တဲ့ Project တွေက မြင်သာထင်သာ အမြန်ဆုံး quick race ရတဲ့အချိန်မှာ အမြန်ဆုံးရအောင်လုပ်မယ်။ဥပမာ - ဦးသိန်းစိန်တုန်းက လုပ်ခဲ့တာက ဆရာတို့ ဟန်းဖုန်းတွေထုတ်ပေးတာတို့ ဆင်းမ်ကတ်တွေ ထုတ်ပေးတာတို့ ဘာတို့ပေါ့။ဒီမှာလည်း quick race က လုပ်ဖို့လိုတယ်၊ ရေရှည်မှာတော့ ကာလရှည်စဉ်းစားရမှာပဲလေ အဲ့ဒီတော့ နိုင်ငံရေးအနေနဲ့ ကြည့်တယ်ဆိုရင် သူတို့ရဲ့မျှော်မှန်းချက် ဘယ်လိုလဲ ၂၀၂၀ အလွန်၊ အဲ့ဒီတော့ ၂၀၂၀ အလွန် ၂၀၂၅၊ ၂၀၃၀ အဲ့ဒီတော့ သူတို့ကြိုပြီးတော့ စဉ်းစားဖို့တော့ လိုလိမ့်မယ်ထင်တယ်။လုပ်တဲ့အခါမှာလည်း အခုက ရန်ကုန်တိုင်းကလည်း သိတဲ့အတိုင်းပဲ တစ်ကမ္ဘာလုံးမှာ နေထိုင်စရာမကောင်းဆုံးမြို့ထဲမှာ ပါသွားတာ၊ တို့မြို့တော်ဝန်ကြီး ပြောတာလည်းတစ်မျိုး၊ သူ့ရဲ့မှတ်ချက်ကြီးကလည်း တစ်မျိုးလေ၊ အဲ့ဒါတွေဖြစ်တော့ တကယ်တမ်းအရေးကြီးတာက ဘာပဲတွေးတွေး ကိုယ့်ရဲ့ ရန်ကုန်တိုင်းက အရေးကြီးတယ်၊ စီမံချက်တွေကို အမြန်ဆုံးအကောင်အထည်ဖော်ဖို့ လိုလိမ့်မယ်ပေါ့၊ အဲ့ဒါလေးပဲပြောချင်တယ်။

Opinion leaders ။     ။ အဲ့ဒါဆိုရင် ကျွန်တော်တို့ အကုန်လုံးခြုံလိုက်မယ်ဆိုရင်တော့ လာမယ့်နှစ်မှာက စီးပွားရေးနဲ့ပတ်သက်ပြီးတော့ အများကြီးတော့ မျှော်လင့်လို့ရတယ်ဆိုတဲ့ အနေအထားပေါ့နော် ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ ဒီလိုပဲ မျှော်လင့်ရမှာပဲပေါ့နော်၊ ဟုတ်တယ်မဟုတ်လား၊ အလားအလာကောင်းတယ် အခြေခံပြီးတော့ ပြည်ပအခြေအနေတွေကို ကြည့်ပြီးတော့ နိုင်ငံရေး၊ စီးပွားရေး တိုးတက်အောင် လုပ်ကြရမှာပါပဲ။

Opinion leaders ။     ။ ကျေးဇူးတင်ပါတယ် ဆရာ။

ဒေါက်တာအောင်ထွန်းသက်
ဒီဇင်ဘာ - ၁၂

( Zawgyi )

ယခုရက္ပိုင္းအတြင္း ျမန္မာႏိုင္ငံအေရးမွာ ကမာၻအလယ္တြင္ ထင္ရွားသည့္အေရးကိစၥ ျဖစ္လာသလို ျပည္တြင္းစီးပြားေရး အေျခအေနမွာလည္း သတိထားေနရသည့္ အေနအထားရွိေနတာကို ေတြ႕ရပါတယ္။ထိုသို႔ေသာ အေနအထား အေျခအေန ရွိေနသည္မွပင္ စီးပြားေရးတြင္ ႏိုင္ငံတကာရင္းႏွီးျမဳပ္ႏွံသူမ်ားက ျပန္လည္စိတ္ဝင္စားသည့္ အေျခအေနကို ျပသခဲ့သလို ႏိုင္ငံေရးမွာလည္း ICJ ေၾကာင့္ ဆန႔္က်င္ဘက္အဖြဲ႕ အားလုံးနီးပါးထံမွ တစ္သံတည္းထြက္လာႏိုင္သည့္ အေျခအေနအထိ တိုးတက္လာခဲ့ပါတယ္။ထိုသို႔ အလားအလာေကာင္းမ်ား ေပၚထြက္လာသည့္ အေနအထားတြင္ အဓိကအတားအဆီးမွာ ျပန္လည္ေခါင္းေထာင္လာသည့္ အစိုးရဌာန အခ်ိဳ႕ဝန္ထမ္းအရာထမ္းမ်ား၏ "မေပးလွ်င္ မလုပ္သည့္ လာဘ္စားမႈ ျပန္ထႂကြလာမႈ" အေျခအေနအေပၚ ဝါရင့္စီးပြားေရးပညာရွင္ႏွင့္ ႏိုင္ငံေတာ္သမၼတ၏ စီးပြားေရးအႀကံေပးပုဂၢိဳလ္ ဆရာ ေဒါက္တာေအာင္ထြန္းသက္အား အထူးအစီအစဥ္တစ္ရပ္အေနျဖင့္ ေမးျမန္းခဲ့ပါတယ္။လတ္တေလာ ျမန္မာစီးပြားေရးဆိုင္ရာ အေၾကာင္းကိစၥမ်ားအေပၚ ဆရာ ေဒါက္တာေအာင္ထြန္းသက္၏ ရႈျမင္သုံးသပ္ခ်က္ အျပည့္အစုံကို ယခုတစ္ပတ္ အထူးအစီအစဥ္အျဖစ္ ေဖာ္ျပလိုက္ပါတယ္။

(Opinion Leaders Media အယ္ဒီတာအဖြဲ႕)

Opinion leaders ။     ။ ေနျပည္ေတာ္မွာ က်င္းပတဲ့ အဂတိလိုက္စားမႈနဲ႔ ပတ္သက္တဲ့ ပြဲမွာ သမၼတက ေျပာခဲ့တာရွိပါတယ္။ျပဳျပင္ေျပာင္းလဲေရးမွာ အဂတိလိုက္စားမႈက တကယ့္ခလုတ္ကန္သင္းျဖစ္ေနတယ္။လက္ရွိမွာလည္း အဂတိလိုက္စားမႈနဲ႔ ပတ္သက္ၿပီးေတာ့ ကိုင္တြယ္ေနတဲ့ေနရာမွာ နည္းနည္းေလး အရွိန္ျပန္ေႏွးသြားတာ ေတြ႕ရတယ္၊ ေတြ႕ရတဲ့အတြက္ကို အခုလက္ရွိမွာ ေနာက္ဆုံးႏွစ္လည္း ေရာက္ေနတာလည္းပါတယ္၊ ေနာက္တစ္ခ်က္က အမ်ိဳးသားျပန္လည္ရင္ၾကားေစ့ေရးကိုလည္း ပိုၿပီးေစာင္းေပးေနတဲ့အတြက္ကို အရွိန္ကိုေလွ်ာ့ခ်လိုက္တာ ဒါအတြက္လား ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ ဆရာထင္တာေတာ့ ျပႆနာကေလ အစကတည္းကေပါ့ေနာ္၊ အဂတိလိုက္စားမႈနဲ႔ ပတ္သက္လာရင္ ေကာ္မရွင္က ရွိခဲ့တာေပါ့ေနာ္။ဒါက ဦးသိန္းစိန္လက္ထက္ကတည္းက၊ ဒါေပမဲ့ ဦးသိန္းစိန္လက္ထက္က ရွိခဲ့တာက သိပ္ၿပီးတက္တက္ႂကြႂကြမရွိဘူး၊ ႏိုးႏိုးၾကားၾကားမရွိဘူး။မရွိေတာ့ ဆရာတို႔ အခုလက္ရွိ ဥကၠ႒ေပါ့ေနာ္၊ ဦးေအာင္ၾကည္ ကို တာဝန္ေပးတယ္၊ ဦးေအာင္ၾကည္ကလည္း သူလုပ္ႏိုင္တာကို အရင္ထက္စာရင္ေတာ့ သိသိသာသာႀကီး လုပ္ႏိုင္တာေပါ့၊ လုပ္ႏိုင္ေပမယ့္ ဆရာတို႔က ဒီ Culture ႀကီးက ျဖစ္ေနတာကိုး။

ဒီအဂတိလိုက္စားမႈဟာ တကယ္တမ္းကိုေနာ္ လူတိုင္းမွာ ထုံးစံႀကီးလိုျဖစ္ေနတာ၊ မလိုက္စားရင္ေတာင္ တစ္မ်ိဳးျဖစ္ေနတာေပါ့၊ အဲ့ဒီေတာ့ အဲ့ဒီလိုျဖစ္ေနေတာ့ ဒါကိုကိုင္တြယ္ဖို႔ဆိုရင္ ဆရာတို႔ ေကာ္မရွင္တစ္ခုတည္း တာဝန္ေပးလို႔မရဘူး၊ ဆရာတို႔ျဖစ္ေနတဲ့ Risk Management ေပါ့ေနာ္၊ ဘယ္ေနရာမွာ အဂတိလိုက္စားမႈ အလားအလာအမ်ားဆုံး ရွိတယ္ဆိုတာကို အာ႐ုံစိုက္ၿပီးေတာ့ အခုသိတာပဲကြဲ႕ ဘယ္ေနရာမွာ အဂတိလိုက္စားမႈ အမ်ားဆုံးျဖစ္ႏိုင္တယ္ဆိုတာ အခုဆိုရင္ ႏိုင္ငံေတာ္နဲ႔ပတ္သက္လာရင္ တင္ဒါေခၚတဲ့စနစ္မွာ ဟုတ္တယ္မဟုတ္လား။ျပႆနာေတြအမ်ားဆုံးျဖစ္တာ၊ ႏိုင္ငံေတာ္ရဲ႕ တန္ဖိုးရွိတဲ့ပစၥည္းေတြ၊ ေျမကြက္ေတြ လုပ္ကြက္ေတြ တေလာကဆိုရင္ ေ႐ႊနဲ႔ပတ္သက္လို႔ ခ်ေပးတာတို႔ အမ်ားႀကီးပါ။

အဲ့ဒီေတာ့ Corruption ျဖစ္ေစႏိုင္တဲ့ Corruption အလားအလာရွိတဲ့ ေနရာေတြကို ဆရာတို႔ တကယ့္ကို ထဲထဲဝင္ဝင္ စဥ္းစားလိုက္ရင္ ဒါကိုင္တြယ္လို႔ရတယ္၊ ဒါေပမဲ့ အခုထိကေနာ္ ကိုင္တြယ္တယ္ဆိုေပမယ့္ သိသိသာသာ ထင္ထင္ရွားရွား ဝန္ႀကီးခ်ဳပ္တို႔ ဘာတို႔ တစ္ခ်ိဳ႕ေတြ တနသၤာရီဝန္ႀကီးခ်ဳပ္တို႔ ဘာတို႔ကို အေရးယူတာမ်ိဳးရွိတာေတာ့ ထင္သာျမင္သာေတာ့ ရွိတာေပါ့။သို႔ေသာ္လည္းပဲ သိသိသာသာႀကီး ဆရာတို႔ အေျဖမေပၚေသးဘူးေလ၊ အဲ့ဒီေတာ့ ဆရာ ဟိုတေလာက မႏၲေလးသြားၿပီးေတာ့ လူငယ္ေတြနဲ႔ပတ္သက္လို႔ အဂတိလိုက္စားမႈ ႐ိုးသားေျဖာင့္မတ္မႈနဲ႔ ပတ္သက္လို႔ ေျဖာင့္မတ္တည္ၾကည္မႈကိစၥကို ေျပာတဲ့အခါမွာ တစ္ေယာက္ခ်င္းအေနနဲ႔ ယဥ္ေက်းမႈတစ္ရပ္ မတည္ေဆာက္ႏိုင္ေသးတာ ဒီလိုျဖစ္ေနမွာပဲလို႔ ထင္တယ္ေနာ္။

အခုက လူေတြအားလုံးက ကိုယ္အခြင့္အေရးရရင္ ဒီအခြင့္အေရးကို ယူမယ္ဆိုတဲ့စိတ္က ရွိေနတာကို၊ အဲ့ဒီေတာ့ အလုပ္တစ္ခုက အဂတိလိုက္စားမႈလို႔ ေျပာလို႔ရွိရင္လည္းပဲ ေငြတစ္ခုတည္းမဟုတ္ဘူး၊ လူေတြထင္တာက ေငြမွ အဂတိလိုက္စားမႈ ဆရာတို႔ ဒီမွာ ေဆာင္းပါးေတာင္ ေရးေနေသးတယ္ PhD အတုဆိုတာလည္း အဂတိလိုက္စားမႈပဲ။
သူမ်ားကိုလိမ္တာကို ဟုတ္တယ္မဟုတ္လား၊ ကိုယ့္မွာမရွိတဲ့ အရည္အခ်င္းကို ရွိတယ္လို႔ျပၿပီးေတာ့ ကိုယ့္ကိုယ္ကို ေဒါက္တာလို႔ တပ္တဲ့သူေတြ အခုေခတ္မွာ အမ်ားႀကီး ဟုတ္တယ္ မဟုတ္လား၊ အံ့ၾသစရာေကာင္းတာ ဒီေခတ္မွာမွ ေဒါက္တာေတြ ပိုၿပီးေပါလာတယ္၊ အဲ့ဒါေတြက ေတာ္ေတာ္ဆန္းတာ ကိုယ္နဲ႔မဆိုင္ဘူးဆိုေပမယ့္ တကယ္တမ္းေတာ့ အဂတိလိုက္စားမႈေတြ၊ ဟုတ္တယ္ မဟုတ္လား ဒါလိမ္တဲ့ဟာကိုး၊ အဲ့ဒီေတာ့ အခုက လာဘ္ထိုး႐ုံသက္သက္ မဟုတ္ေတာ့ဘူး၊ အဂတိလိုက္စားမႈေတြဟာ ပုံစံေတြအမ်ိဳးမ်ိဳးနဲ႔ ပိုၿပီးသိမ္ေမြ႕လာတယ္။မသိမသာလုပ္လာတာေတြ ျဖစ္ေနတာကိုး၊ ကိုင္တြယ္ဖို႔ေတာ့လိုတယ္။

ေနာက္တစ္ခုက ေကာ္မရွင္အေနနဲ႔က ဒီကေန႔ကို သမၼတႀကီးမိန႔္ခြန္းေပးတဲ့ ပြဲလုပ္တာေတာ့ တစ္ပိုင္းေပါ့၊ နိစၥဒူ၀ ဘယ္လိုလုပ္မလဲဆိုတာေတာ့ စဥ္းစားဖို႔လိုတယ္၊ ဆရာတို႔က အက်င့္ေတာင္မဟုတ္ေတာ့ဘူး၊ ယဥ္ေက်းမႈျဖစ္တာ၊ အက်င့္ဆိုတာ ျပင္လို႔ရတယ္၊ ယဥ္ေက်းမႈက်ေတာ့ ေတာ္ေတာ္ခက္တာ ဆရာ ဟိုေန႔ညက ကေလးေတြကိုေျပာတယ္၊ သူတို႔ကေတာင္ လက္ခုပ္တီးတယ္၊ တကယ္တမ္းေျဖာင့္ခ်င္ရင္ ႏွစ္ခုပဲလိုတာေပါ့၊ “မေပးဘူး၊ မယူဘူး” ဟုတ္တယ္မဟုတ္လား။

Corruption ရွိတာက ဘာလဲဆိုေတာ့ ေပးတာရွိရင္ ယူတာလည္းရွိေနမွာပဲ၊ ခက္တာလည္း ဘာလဲဆိုရင္ ဆရာတို႔ ဒါေပမဲ့ နည္းနည္းေလး ပိုၿပီးထူးျခားလာတာက Corruption မရွိလို႔ ယႏၲရားေႏွးသြားၿပီဆိုတာလည္း ေျပာလာတာရွိတယ္ အရင္တုန္းကေတာ့ အေပးအယူလည္းရွိေတာ့ လုပ္ခ်င္ကိုင္ခ်င္စိတ္ရွိတာ ရွိေနတာ၊ အခုေတာ့ လုပ္ခ်င္ကိုင္ခ်င္စိတ္က လုံးဝမရွိေတာ့ဘူး။အစိုးရဌာနကေျဖတာ၊ ဘာေၾကာင့္လဲဆိုေတာ့ သြားလုပ္လို႔ရွိရင္ ကိုယ့္တစ္ျပားမွလည္း မရဘူးေလ။ကိုယ္ပင္ပန္းတာပဲရွိတယ္ဆိုတဲ့အတြက္ ဘာမွမလုပ္ေတာ့ဘူး၊ အားလုံးၿငိမ္ေနတာလည္း တစ္ခုပဲေလ။အဲ့ဒီလိုေျပာျပန္ေတာ့လည္း Corruption ကို အားေပးတယ္ျဖစ္ျပန္ေရာ။

ေနာက္တစ္ခု ဆရာတို႔မွာ Corruption နဲ႔ ပတ္သက္လို႔ရွိရင္ မ်ားေသာအားျဖင့္ ေျပာေလ့ရွိတာက အစိုးရဌာနေတြ Corruption ရွိတာကို ေျပာေလ့ရွိတယ္။အစိုးရဌာနေတြမွာ အဓိကတာဝန္ရွိတယ္ဆိုေပမယ့္ လုပ္ငန္းရွင္ေတြမွာ တာဝန္ရွိတယ္ေလ။လုပ္ငန္းရွင္က ေပးတဲ့သူေတြ၊ ယူတဲ့သူနဲ႔ ေပးတဲ့သူ ႏွစ္ဦးႏွစ္ဖက္လုံး တာဝန္ရွိတယ္ဆိုတာကို လက္ခံလာရင္ေတာ့ ဆရာထင္တယ္ အေျဖတစ္ခုရလိမ့္မယ္လို႔ ေအာက္ေမ့တယ္။အခုေတာ့ ယူတဲ့သူပဲ အျပစ္ေပးတဲ့ ေပးတဲ့သူကို အျပစ္မေပးေတာ့ ဘယ္လိုလုပ္ရမလဲ။

ကိုယ္က တတ္ႏိုင္တဲ့ဘက္က တာဝန္ေက်တဲ့ လုပ္ငန္းရွင္ေတြအားလုံးကို မေပးဘူးလို႔ အဲ့ဒီေတာ့ မေပးျပန္လည္း သူကရမွာမဟုတ္ဘူး၊ ေပးတဲ့သူကရသြားၿပီ မဟုတ္ဘူးလား၊ ကိုယ့္ဘက္က အသံေကာင္းဟစ္ေနတာက တစ္ပိုင္းေလ၊ ကိုယ္က ဘာမွပိုင္ဆိုင္မႈမရွိေတာ့လည္း ကိုယ္ကေျပာလို႔ရတယ္ေလ၊ လုပ္ငန္းရွင္ေတြဘက္ကလည္း ပိုင္ဆိုင္မႈရွိေတာ့ မေပးရင္ေျပာလို႔မရဘူး၊ အခုက ပိုဆိုးတာက ယူလည္း မယူရဲေတာ့ ဘာမွလည္းမလုပ္ေတာ့ဘူး၊ အဲ့ဒီေတာ့ ယႏၲရားႀကီးတစ္ခုလုံးမွာ ရွင္းေနရတာ အဲ့ဒီျပႆနာပါတယ္ ထင္တယ္၊ မသိမသာသြားလုပ္လိုက္တာကိုး။

Opinion leaders ။     ။ ဒီရက္ပိုင္းမွာပဲ ဂ်ပန္ကလည္း ထုတ္ျပန္တဲ့ စစ္တမ္းတစ္ခုမွာ အာဆီယံ ထုတ္လုပ္ေရးက႑မွာ ျမန္မာက အဆင့္ ၁ ေနရာမွာ ၁၀ လဆက္တိုက္ ဆိုၿပီးေတာ့ ရပ္တည္တာရွိတယ္။ဒါေပမဲ့ ဒီဘက္တစ္ျခမ္းမွာ ဆန္စပါးနဲ႔ ပတ္သက္လို႔ရွိရင္လည္း စပါးကလည္း အစိုးရကေန အေျခခံေဈးႏႈန္းနဲ႔ဝယ္ဖို႔ ျပန္လုပ္ေနတာရွိတယ္။
မၾကာခင္က က်ားေဖာင္ကိစၥလိုမ်ိဳးဟာေတြမွာလည္း သား၊ ငါး ထုတ္လုပ္မႈမွာလည္း ျပန္ၿပီးေတာ့ ဂယက္႐ိုက္မႈေတြရွိတဲ့အခါ လက္က်န္ဘတ္ဂ်က္ တစ္ႏွစ္တာကာလထဲမွာ ထုတ္လုပ္ေရးက႑ အလားအလာေကာင္းေတြက ဒီလိုမ်ိဳးျပႆနာေတြေၾကာင့္ က်သြားႏိုင္လား၊ သီလဝါလို SEZ ဟာမ်ိဳးမွာ Production က ေတာ္ေတာ္တက္ေနခ်ိန္ ဒီလိုမ်ိဳးေတြေၾကာင့္ သြားထိခိုက္သြားႏိုင္လား ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။အဲ့ဒါေပါ့။ဆရာတို႔က ပမာဏအေနနဲ႔ၾကည့္တယ္။စီးပြားေရးအေဆာက္အအုံကိုေလ။သီလဝါကို လူတိုင္းက ခ်ီးက်ဴးေနၾကတယ္၊ ေအာင္ျမင္ေနၾကတယ္။သီလဝါက ဘာလဲဆိုရင္ အတုႀကီးလိုျဖစ္ေနတာ။ဒါက ေတာ္ေတာ္ႀကီး ထူးထူးျခားျခားႀကီး ဂ်ပန္ေတြကလည္း တကယ္ကိုၾကပ္မတ္တယ္၊ အဲ့ဒီမွာလည္း အစိုးရဌာနေတြအားလုံးက အာ႐ုံစိုက္ၿပီးလုပ္ေနေတာ့ သီလဝါ ေအာင္ျမင္တယ္။ဒါေပမဲ့ ဆရာတို႔မွာ ေျပာေလ့ရွိတာက စီမံခ်က္နဲ႔ပတ္သက္လာရင္ Pilot လိုေပါ့၊ Pilot Project က ေအာင္ျမင္တယ္၊ အဲ့ဒီေအာင္ျမင္တဲ့ Project ကို skill less လုပ္တယ္။

တစ္တိုင္းျပည္လုံး အတိုင္းအတာနဲ႔ လုပ္ေနျပန္ေတာ့ မေအာင္ျမင္ျပန္ဘူး၊ အခုက ဆရာထင္တယ္ သီလဝါကို တစ္ဖက္ကခ်ီးက်ဴးတာကို ဆရာတို႔လက္ခံတယ္ အဲ့ဒီမွာ ဆရာ တေလာကလည္း ဧရာဝတီတိုင္းက ျပန္လာတယ္ေနာ္။လယ္ယာက႑မွာ လယ္လုပ္မယ့္သူေတာင္ မရွိေတာ့ဘူး၊ ေျမျပႆနာ။ေနာက္တစ္ခါ ဟိုတေလာကၾကည့္လိုက္တယ္ စိတ္မေကာင္းတာက ကမာၻ႔ဆန္ေဈးကြက္မွာ ထိုင္းက သူတို႔ဘာသာသူတို႔ အဆင့္ျမႇင့္တာ နံပါတ္ ၂ ျဖစ္သြားတယ္။၁ က ဗီယက္နမ္ ျဖစ္သြားတာ။တကယ့္ကိုေနာ္ စိစိညက္ညက္ေက်ေအာင္ ဗုံးအႀကဲခံရတဲ့ႏိုင္ငံက ကမာၻ႔နံပါတ္ ၁ ျဖစ္သြားတာ အံ့ၾသစရာႀကီးေလ၊ ဟုတ္တယ္မဟုတ္လား။ကိုယ္က အစကတည္းက တစ္ျဖစ္ခဲ့တဲ့သူ။အခုအထိ မျဖစ္ႏိုင္ဘူးေလ။ဟုတ္တယ္မဟုတ္လား အရည္အေသြးကလည္း မေကာင္းဘူးျဖစ္ေတာ့ အဲ့ဒီဟာလည္း လယ္ယာစိုက္ပ်ိဳးေရးက႑ကိုေတာ့ ဆရာထင္တယ္ ဦးစိုက္မွရမယ္ထင္တယ္၊ ဒါေပမဲ့ အခုက လူဦးေရကလည္း ေတာ္ေတာ္နည္းသြားၿပီေလ။

Opinion leaders ။     ။ လက္ရွိ ႏိုင္ငံျခားရင္းႏွီးျမဳပ္ပ္ႏွံတဲ့ Production မွာ အေျခအေနေကာင္းတယ္။Corruption ေတြလည္း ဖိလုပ္ေစာင့္ၾကည့္လာတဲ့အခါက်ေတာ့ ႏိုင္ငံျခားေငြလဲႏႈန္းကလည္း လိုက္ၿပီးတည္ၿငိမ္ၿပီး ျမန္မာေငြ မာလာတယ္။ဒီလိုက်ေတာ့  ဗဟိုဘဏ္က ဝင္ထိန္းတာေတြလည္း ရွိလာတယ္။ေနာက္တစ္ခ်က္က ဒီကာလမွာ ႏိုင္ငံတကာက ဖိအားေတြလည္း ေဒၚေအာင္ဆန္းစုၾကည္ ကိုယ္တိုင္က ထြက္ရွင္းေနတဲ့အခါက်ေတာ့ သိကၡာပိုင္းအရ တက္လာတယ္။ယုံၾကည္မႈရွိလာတယ္။ဒီလိုအခ်ိန္ ေငြေၾကးေဈးကြက္ထဲ ဗဟိုဘဏ္က ႏိုင္ငံျခားေငြေၾကး ဝင္ထိန္းတာ ေကာင္းတဲ့လုပ္ေဆာင္မႈလား။ျပင္ပမွာေတာ့ ေ႐ႊေဈးေတြ ဘာေတြကလည္း က်လာလို႔ရွိရင္ ေတာ္ေတာ္ေလးေကာင္းတဲ့ အေျခအေနေပါ့ေနာ္၊ ရတဲ့ လုပ္ခလစာနဲ႔ ႏိုင္ငံျခားေငြက်တဲ့အတြက္ အရမ္းေကာင္းတဲ့ အေျခအေနျဖစ္ေပၚလာမွာကို  ဗဟိုဘဏ္ကေန ဝင္ထိန္းတာက ဘ႑ာေရးက်င့္ဝတ္အရ ဆီေလ်ာ္သလား၊ ဒါမွမဟုတ္ လုပ္ငန္းရွင္ေတြဘက္ကိုပဲ စဥ္းစားၿပီးလုပ္ေနတာလား ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ မဟုတ္ဘူး။အဲ့ဒါေပါ့၊ ဗဟိုဘဏ္တို႔ ဘာတို႔ ဝင္ထိန္းတာေတြက စနစ္တက်ဝင္ထိန္းဖို႔ လိုလိမ့္မယ္။ေဆးၿမီးတိုလုပ္ဖို႔ မသင့္ဘူး၊ ေဆးၿမီးတိုလုပ္ရင္ ခဏပဲခံမွာေလ၊ တကယ္တမ္းက စနစ္ႀကီးတစ္ခုလုံး ျပင္ရမွာေလ၊ အဲ့ဒီေတာ့ ျပင္တဲ့အခါမွာ ဥပမာ - ဆရာတို႔ လူနာေနမေကာင္းျဖစ္တာကို နဖူးစမ္းၿပီး ေဆးတိုက္သလိုေပါ့ အခုလိုျဖစ္တယ္၊ တကယ္တမ္း နဖူးစမ္းလိုက္ရင္ ဘာေၾကာင့္ဖ်ားေနသလဲဆိုတာကို ေသခ်ာသိၿပီး စိစစ္ၿပီးမွ ေျဖရွင္းရင္ေတာ့ အေျဖတစ္ခုရလိမ့္မယ္လို႔ ေအာက္ေမ့တာပဲ။မဟုတ္ရင္ေတာ့ ဒီအတိုင္းႀကီးပဲ လက္ပူတိုက္ၿပီးေတာ့ လုပ္ေနတာ၊ ဗဟိုဘဏ္ကလည္း ဝင္ထိန္းရင္ ဘယ္ေလာက္ထိန္းႏိုင္မလဲ ဟုတ္တယ္မဟုတ္လား။

သူ႔မွာ Result ဘယ္ေလာက္ရွိသလဲ သူ႔မွာရွိတဲ့ အတိုင္းအတာကလည္း အကန႔္အသတ္နဲ႔ပဲေလ၊ အဲ့ဒီေတာ့ ဗဟိုဘဏ္ ထိန္းထားလည္း ဟိုေကာင္ေတြက ဝင္ကစားမွာပဲ၊ ဘယ္ေလာက္ကစားခံႏိုင္မလဲ ဟုတ္တယ္မဟုတ္လား၊ အဲ့ဒီေတာ့မခံႏိုင္လို႔ရွိရင္ ပိုၿပီးေတာ့ေတာင္ပိုဆိုးတယ္၊ အဲ့ဒီေတာ့ မထိန္းႏိုင္လို႔ ထိန္းႏိုင္ၿပီးေတာ့ ကဲမထိန္းႏိုင္ဘူးလို႔ ျပန္ၿပီးေလွ်ာ့လိုက္ျပန္ရင္လည္း ဘယ္လိုလုပ္မလဲ။အရင္အေျခအေနထက္ေတာင္ ပိုဆိုးႏိုင္တယ္။စဥ္းစားဖို႔ေတာ့ စဥ္းစားမယ္လို႔ေတာ့ ထင္တာပါပဲကြယ္။

Opinion leaders ။     ။ ႏွစ္ဆန္းပိုင္းေလာက္တုန္းက ရန္ကုန္ၿမိဳ႕သစ္ စီမံကိန္းတို႔ မိုးပ်ံတံတားတို႔ စီမံကိန္းအသံေတြၾကားရတယ္။ေနာက္ ရန္ကုန္ဘူတာႀကီးစီမံကိန္း ပေရာဂ်က္တို႔ ဘာတို႔ အမ်ားႀကီးၾကားရတယ္။ေျပာတာေတြအရ အကုန္လုပ္မယ္လို႔ဆိုတယ္။လက္ရွိမွာေတာ့ ဒလျမစ္ျဖတ္ကူးတဲ့ တံတားေလာက္သာ လုပ္ေနတာ ထင္ထင္ရွားရွားျမင္ရတယ္။ျမင္ရတဲ့အခါက်ေတာ့ ေနာက္က်န္တဲ့ဘ႑ာႏွစ္မွာ ဆရာတို႔ ေျပာထားတာလည္းရွိတယ္၊ ေရတိုျမင္သာတဲ့ စီမံကိန္းေတြကို ဦးစားေပးၿပီးေတာ့ လုပ္သင့္တယ္လို႔ေျပာတယ္၊ လက္ရွိမွာ တိုင္းအစိုးရေရာ ျပည္ေထာင္စုအစိုးရေရာ လုပ္ေနတဲ့ဟာေတြ အမ်ားစုက ဒီသက္တမ္းမွာ မစႏိုင္ မၿပီးႏိုင္တဲ့အတြက္ ေနာက္သက္တမ္းအထိ ေမွ်ာ္ၿပီးလုပ္ေနတဲ့ ပုံစံျဖစ္ေနတယ္။လက္ရွိ ေဒၚေအာင္ဆန္းစုၾကည္ က သြားေျဖရွင္းေနတဲ့ ICJ ေရာ၊ မၾကာမီက တ႐ုတ္ဝန္ႀကီးခ်ဳပ္ ႐ုတ္တရက္လာတာေရာ၊ ႏိုင္ငံျခားေငြေဈးက်တာေတြ စျဖစ္လာတဲ့ အေျခေနအားလုံးဟာ ေနာက္လာမယ့္ ေ႐ြးေကာက္ပြဲမွာ လက္ရွိအစိုးရ ျပန္ေ႐ြးေကာက္ခံရမယ္ဆိုတဲ့ ယုံၾကည္မႈရွိေနၾကလို႔လား ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ ႏိုင္ငံေရး၊ စီးပြားေရး ခ်ိတ္ေနတာကိုး၊ လုပ္တဲ့ Project ေတြက ျမင္သာထင္သာ အျမန္ဆုံး quick race ရတဲ့အခ်ိန္မွာ အျမန္ဆုံးရေအာင္လုပ္မယ္။ဥပမာ - ဦးသိန္းစိန္တုန္းက လုပ္ခဲ့တာက ဆရာတို႔ ဟန္းဖုန္းေတြထုတ္ေပးတာတို႔ ဆင္းမ္ကတ္ေတြ ထုတ္ေပးတာတို႔ ဘာတို႔ေပါ့။ဒီမွာလည္း quick race က လုပ္ဖို႔လိုတယ္၊ ေရရွည္မွာေတာ့ ကာလရွည္စဥ္းစားရမွာပဲေလ အဲ့ဒီေတာ့ ႏိုင္ငံေရးအေနနဲ႔ ၾကည့္တယ္ဆိုရင္ သူတို႔ရဲ႕ေမွ်ာ္မွန္းခ်က္ ဘယ္လိုလဲ ၂၀၂၀ အလြန္၊ အဲ့ဒီေတာ့ ၂၀၂၀ အလြန္ ၂၀၂၅၊ ၂၀၃၀ အဲ့ဒီေတာ့ သူတို႔ႀကိဳၿပီးေတာ့ စဥ္းစားဖို႔ေတာ့ လိုလိမ့္မယ္ထင္တယ္။လုပ္တဲ့အခါမွာလည္း အခုက ရန္ကုန္တိုင္းကလည္း သိတဲ့အတိုင္းပဲ တစ္ကမာၻလုံးမွာ ေနထိုင္စရာမေကာင္းဆုံးၿမိဳ႕ထဲမွာ ပါသြားတာ၊ တို႔ၿမိဳ႕ေတာ္ဝန္ႀကီး ေျပာတာလည္းတစ္မ်ိဳး၊ သူ႔ရဲ႕မွတ္ခ်က္ႀကီးကလည္း တစ္မ်ိဳးေလ၊ အဲ့ဒါေတြျဖစ္ေတာ့ တကယ္တမ္းအေရးႀကီးတာက ဘာပဲေတြးေတြး ကိုယ့္ရဲ႕ ရန္ကုန္တိုင္းက အေရးႀကီးတယ္၊ စီမံခ်က္ေတြကို အျမန္ဆုံးအေကာင္အထည္ေဖာ္ဖို႔ လိုလိမ့္မယ္ေပါ့၊ အဲ့ဒါေလးပဲေျပာခ်င္တယ္။

Opinion leaders ။     ။ အဲ့ဒါဆိုရင္ ကြၽန္ေတာ္တို႔ အကုန္လုံးၿခဳံလိုက္မယ္ဆိုရင္ေတာ့ လာမယ့္ႏွစ္မွာက စီးပြားေရးနဲ႔ပတ္သက္ၿပီးေတာ့ အမ်ားႀကီးေတာ့ ေမွ်ာ္လင့္လို႔ရတယ္ဆိုတဲ့ အေနအထားေပါ့ေနာ္ ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ ဒီလိုပဲ ေမွ်ာ္လင့္ရမွာပဲေပါ့ေနာ္၊ ဟုတ္တယ္မဟုတ္လား၊ အလားအလာေကာင္းတယ္ အေျခခံၿပီးေတာ့ ျပည္ပအေျခအေနေတြကို ၾကည့္ၿပီးေတာ့ ႏိုင္ငံေရး၊ စီးပြားေရး တိုးတက္ေအာင္ လုပ္ၾကရမွာပါပဲ။

Opinion leaders ။     ။ ေက်းဇူးတင္ပါတယ္ ဆရာ။

ေဒါက္တာေအာင္ထြန္းသက္
ဒီဇင္ဘာ - ၁၂