【 ပညာရှင်များ၏အမြင် 】 “အရင်အစိုးရ ဘာတွေကတိပြုထားသလဲ အသီးသီးပြန်ကြည့်ဖို့တော့ လိုလိမ့်မယ်”

【 ပညာရှင်များ၏အမြင် 】 “အရင်အစိုးရ ဘာတွေကတိပြုထားသလဲ အသီးသီးပြန်ကြည့်ဖို့တော့ လိုလိမ့်မယ်”

ဒုတိယအကြိမ်မြောက် One Belt One Road  ဖိုရမ်ကို ဘေကျင်းတွင် မကြာမီကျင်းပတော့မှာ ဖြစ်ပါတယ်။ထိုညီလာခံသို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည် ဖြစ်ပါတယ်။ယခုကျင်းပမည့် ဒုတိယအကြိမ်မြောက် OBOR ဖိုရမ်တွင် တရုတ်နိုင်ငံနှင့် တက်ရောက်လာသည့် နိုင်ငံများကြား စီမံကိန်းများလုပ်ဆောင်ရန် နားလည်မှု သဘောတူစာချုပ်များကို ရေးထိုးဖို့ ရှိသည့်အတွက် မြန်မာနိုင်ငံတွင် ယခင်အစိုးရလက်ထက်က သဘောတူခွင့်ပြု လက်မှတ်ထိုးခဲ့သည့် မြစ်ဆုံစီမံကိန်း အပါအဝင် OBOR နှင့် ဆက်နွယ်နေသည့် စီမံကိန်းများနှင့် ပတ်သက်ပြီး မည်သို့ ဖြစ်လာနိုင်သည်ဆိုသည့် အခြေအနေကို  အများပြည်သူ သိရှိနိုင်ရန် နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေးပုဂ္ဂိုလ်နှင့် ဝါရင့်စီးပွားရေးပညာရှင် ဆရာ ဒေါက်တာအောင်ထွန်းသက် အား မေးမြန်းခဲ့ပါတယ်။ဆရာ ဒေါက်တာအောင်ထွန်းသက် ၏ ရှုမြင်သုံးသပ်ချက် အပြည့်အစုံကို ယခုတစ်ပတ်အတွက် အထူးအစီအစဉ်အဖြစ် မေးမြန်းဖော်ပြလိုက်ပါတယ်။

(Opinion Leaders Media အယ်ဒီတာအဖွဲ့)

Opinion Leaders ။     ။ ဒီဧပြီလ နောက်ဆုံးအပတ်မှာ ဒေါ်အောင်ဆန်းစုကြည် က OBOR ဒုတိယဖိုရမ် တက်ဖို့အတွက် ဘေကျင်းကို သွားဖို့ရှိတယ် ဆရာ၊ အဲ့ဒီသွားမယ့် ခရီးစဉ်မှာ ပထမကြားတာက ချည်မျှင်နဲ့ အထည်ရယ်၊ နောက်ထပ် လျှပ်စစ်နဲ့ လမ်းပန်းဆက်သွယ်ရေးရယ်၊ လယ်ယာလုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ မြန်မာဘက်က အဆိုပြုမှု ရှိမယ်ဆိုပြီးတော့။
တကယ်လို့ ဒီကြားထဲမှာ လတ်တလော နိုင်ငံရေးအခြေအနေအရရယ်၊ စီးပွားရေးအခြေအနေအရရယ် ထူးခြားတဲ့ အခြေအနေကြောင့် ဘာတွေပြောင်းလဲပြီး တင်စရာများ ဖြစ်လာနိုင်မလဲ ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ ဆရာထင်တာကတော့ ကိုယ်သိသလောက်ပြောမယ်နော်။အခြေခံကတော့ OBOR ပေါ့၊ သူတို့လုပ်မယ့်ဟာက တရုတ်ပြည်မှာ One Belt One Road ၊ ပတ်ဝန်းကျင် ဘာညာ ဆွေးနွေးမှာ၊ ဒီလိုမျိုးနားလည်တယ်၊ ဒါက သူ့ရဲ့ဦးတည်ချက်ပေါ့။အဲ့ဒီတော့ နိုင်ငံတကာခေါင်းဆောင်တွေ လာမယ့် Summit လို့ ပြောတော့ ထိပ်သီးညီလာခံဖြစ်တော့ OBOR နဲ့ ပတ်သက်တဲ့ ခေါင်းဆောင်တွေ နိုင်ငံအသီးသီးက လာကြမယ်လို့ နားလည်တယ်၊ နားလည်တဲ့အခါကျတော့ ဆရာထင်တယ်၊ ဒီမှာနှစ်ပိုင်းပေါ့နော်၊ တစ်ခုက OBOR သည် ပိုးလမ်းကြီးသည် ကိုယ့်နိုင်ငံအတွက် တခြားနိုင်ငံတွေကလည်း ဆရာထင်တယ် ခင်ဗျားတို့လည်း သိတဲ့အတိုင်းပဲ။ဥပမာ- အီတလီနိုင်ငံတောင် ဟုတ်တယ်မဟုတ်လား သူတို့ဖြေရှင်းနည်း ဖြေရှင်းဖို့ သေချာပြုလုပ်ပြီးတော့ သူတို့ အီတလီမှာရှိတဲ့ ဆိပ်ကမ်းတွေကို ပြုပြင်ပြောင်းလဲဖို့ သူတို့စာချုပ်တွေ ဘာတွေ ထိုးတယ်လေ။ထိုးတဲ့အခါကျတော့ ကြည့်ရတာတော့ တစ်ကမ္ဘာလုံးမှာ OBOR နဲ့ ပတ်သက်လာရင် ကိုယ့်နိုင်ငံအတွက် အခွင့်အရေး ဘာတွေရမလဲဆိုတာ ဝိုင်းစဉ်းစားနေကြတယ်လေ။

အဲဒီလို ဝိုင်းစဉ်းစားနေကြတော့ တစ်ဖက်ကလည်းပဲ တရုတ်ကလည်း ဒါ သူ့အတွက် အခွင့်အရေး ဆိုတဲ့အတွက် ပုံစံတွေအမျိုးမျိုး လုပ်နေတာပေါ့နော်၊ လှုပ်ရှားနေတာပေါ့။လှုပ်ရှားနေတော့ ဆရာထင်တယ်၊ သူသွားရတဲ့ အကြောင်းအရင်းက OBOR Summit ကို သွားတယ်လို့ ဆရာနားလည်တာ။အဲ့ဒီလိုနားလည်တာလေ။အဲ့ဒီအပိုင်းမှာတော့ ပထမပိုင်းအနေနဲ့ ပြောချင်တာက OBOR ကို ဆရာတို့ အမြဲတမ်းပေါ့လေ၊ သတိထားဖို့လိုတာက ဒီအချက်တွေအားလုံးဟာ သူ့ရဲ့ စီမံချက်က တစ်ကမ္ဘာလုံးနဲ့ဆိုင်တဲ့ စီမံချက်ကြီးလေ။ geopolitics  အနေနဲ့တောင် အမေရိကန်တို့ အနောက်နိုင်ငံတို့က စိတ်ပူတယ်၊ OBOR ကိစ္စက ဘာလို့လဲဆိုတော့ သူတို့ရဲ့စီးပွားရေးကို လွှမ်းမိုးနိုင်တဲ့ အနေအထားကို စိတ်ပူတာ။

ဘာကြောင့်လဲဆိုတော့ OBOR ကို စဉ်းစားလို့ရှိရင် ဒီကုန်းလမ်းရော၊ ရေလမ်းရော နှစ်ခုစလုံးလုပ်တယ်။သူက အားလုံးချည်မှာလေ။အဲ့ဒီလို ချည်တဲ့အခါကျတော့ အရှေ့အလယ်ပိုင်းရော မာကိုပိုလိုတို့ သွားခဲ့တဲ့ ပိုးလမ်းကြီးဟာ အရှေ့အလယ်ပိုင်းအပြင် မဟုတ်တော့ဘဲနဲ့ သူက ကုန်းလမ်းတင်မကဘူး၊ ရေလမ်းလည်းပါတာ၊ ရေလမ်းပါတော့ trading ပေါ့။ကုန်သွယ်မှုကို အများကြီးကို အထောက်အကူဖြစ်အောင် သူလုပ်တဲ့ စီမံချက်ပေါ့၊ ဟို အကြံတော့ တော်တော်ကြီးတာနော် ဟုတ်တယ်မဟုတ်လား၊တကယ်တမ်း စဉ်းစားလိုက်လို့ရှိရင် တစ်ကမ္ဘာလုံးကိုတောင် လမ်းတွေ ရေကြောင်းတွေ၊ ကုန်းကြောင်း နှစ်ခုကို ချည်ထားတဲ့ပုံစံ။ဒါပေမယ့်အဲ့ဒီလို တစ်ဖက်ကရှိပေမယ့် ဆရာထင်တာတော့ ဒီ OBOR အပိုင်းနဲ့ စဉ်းစားရင် ကိုယ့်အတွက် အကျိုးရှိအောင် ဘယ်လိုလုပ်မလဲဆိုတာ စဉ်းစားဖို့တော့ လိုလိမ့်မယ်။

ဒီနေရာမှာတော့ ကိုယ့်နိုင်ငံရဲ့အနေအထားက သိတဲ့အတိုင်းပဲ၊ တရုတ်နဲ့ ပတ်သက်လာလို့ရှိရင် ဆရာတို့မှာ အမြဲတမ်းပေါ့နော်၊ လွတ်လပ်ရေးရပြီးချိန်ကတည်းက ပြန်ကြည့်ရင် ၁၉၄၈ ထဲက ကြည့်လို့ရှိရင် ၁၉၄၈ က ဆရာတို့က စောစောရတာလေ။သူတို့ တရုတ်ကွန်မြူနစ်ပါတီ အာဏာရတာ ၁၉၅၀ မှ ရတာလေ၊ ကိုယ့်ထက်နောက်ကျတယ်၊ ကွန်မြူနစ်ပါတီ မော်စီတုန်းတို့ တက်လာတဲ့အချိန်ပေါ့၊ အဲ့ဒီတော့ အဲ့ဒီအချိန် တောက်လျှောက်မှာ ဆရာတို့ ပြန်ကြည့်လိုက်လို့ရှိရင် ဒါက သမိုင်းနဲ့ကြည့်ရမှာလေ၊ သမိုင်းကြည့်တဲ့နေရာမှာ တရုတ်ရဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဖြစ်လာဖို့ အသိအမှတ်ပြုတဲ့အထဲမှာ ကိုယ့်နိုင်ငံက ရှေ့တန်းက ပါတယ်လေ၊ ပြီးတော့မှ အရှေ့ပိုင်းမှာ အရှေ့တောင်အာရှနဲ့ ခုနက ပိုးလမ်းဆိုတဲ့ ကိစ္စဟာ အရှေ့တောင်အာရှအပြင် ဘက်မလိုက် အဖွဲ့အစည်းကြီးတစ်ခုပေါ့။

non-aligned မှာ ဆရာတို့ တကယ်ကိုထူးချွန်တဲ့ အဲ့ဒီတုန်းကပေါ့လေ။ဦးနုတို့ ပါတယ်၊ မော်စီတုန်း ပါတယ်၊ ဆူကာနို ပါတယ်၊ နောက်တစ်ခါ ဟိုဘက်က အီဂျစ်က နာဆာ ပါတယ်၊ ဂါနာက နခူးမား ပါတယ်၊ ပြီးတော့မှ ယူဂိုဆလပ်က တီတိုး ပါတယ်၊ ဒါတွေအားလုံးဟာ ဆရာတို့အနေနဲ့ပေါ့နော်၊ သတင်းစာတွေထဲမှာ မှတ်မိခဲ့သေးတယ်၊ အဲ့ဒီတော့ ဒီတောက်လျှောက်က ဆရာတို့ အဆင်ပြေခဲ့တယ်၊ အဆင်ပြေခဲ့ပေမယ့် ထုံးစံအတိုင်းပေါ့၊ နိုင်ငံရေးမှာ ပြဿနာရှိတာက ဘာလဲဆိုတော့ ဦးနုတို့ ဒီဘက်အပိုင်းမှာ ကွန်မြူနစ်ပါတီ၊ ကွန်မြူနစ်ပါတီ ဟိုဘက်ကို အရှေ့မြောက်ဒေသမှာ ကွန်းခိုတဲ့အချိန်ကစပြီး ကွန်မြူနစ်ပါတီကို တောက်လျှောက် ညီနောင်ပါတီအနေနဲ့ အသိအမှတ်ပြုခဲ့တယ်လေ၊ အစကတည်းက။

အဲ့ဒီတော့ တရုတ်နဲ့ ပတ်သက်လာလို့ရှိရင် ဆရာတို့မှာ တစ်ဖက်ကလည်း ရင်းနှီးမှု၊ သူတို့ခေါ်တဲ့ ပေါက်ဖော်ဆိုတာ တောက်လျှောက်ရှိခဲ့သလို တစ်ဖက်ကလည်း နိုင်ငံရေးအရ ဟိုတစ်ချိန်တုန်းကပေါ့နော် မြန်မာကွန်မြူနစ်ပါတီကို သူတို့အားပေးခဲ့တာရှိပါတယ်၊ ရှိတဲ့အခါကျတော့ သူတို့နဲ့ ကိုယ်နဲ့ ဆက်ဆံရေးဟာ အမြဲတမ်း ဆရာထင်တာ tension ရှိတယ်လေ။တစ်ဖက်က လုံးဝဥသုံ ယုံတဲ့အနေအထားမရှိဘူး။ဒါပေမဲ့ အခုဒီကိစ္စမှာ အဲ့ဒါ ဒုတိယပိုင်းပေါ့နော်၊ ခုနပြောတဲ့အထဲမှာ နှစ်နိုင်ငံ ဆက်ဆံရေးမှာကျတော့ ဆရာတို့မှာ အခုလက်ရှိ တရုတ်နဲ့ ပတ်သက်လို့ပြောရင် မြစ်ဆုံနဲ့ ဖြစ်တာပေါ့။

မြစ်ဆုံပြဿနာဘယ်လိုလဲ၊ နောက်တစ်ခါ လက်ပံတောင်းတောင်ကိစ္စ။ဒါတွေအားလုံးဟာ ကိုယ့်နိုင်ငံကို ကိုယ့်နိုင်ငံမှာရှိတဲ့ ပြည်သူပြည်သားတွေရဲ့စိုးရိမ်ပူပန်မှုတွေက ရှိနေတယ်လေ။ အဲ့ဒါတွေလည်း ထည့်တွက် ရမယ်ဆိုတော့ ဆရာထင်တယ်၊ ဟို နှစ်ပိုင်းပေါ့လေ၊ တခြားနိုင်ငံက လာတာက သူ့နိုင်ငံ OBOR နဲ့ ပတ်သက်လို့ အကျိုးဘယ်လိုရှိမလဲ ဘာညာလာတာထက် ဆရာတို့နိုင်ငံသွားတဲ့ သူတွေဟာ နှစ်ခုလုပ်ရတာလေ။ တစ်ခုက တော့ နိုင်ငံတကာကိစ္စကို ဆရာတို့ ပါဝင်ပတ်သက်မှုကို ဆရာတို့ သွားတာက တစ်ပိုင်း။အခုကျတော့ အသီးသီး ကိုယ်နဲ့ပတ်သက်တဲ့ စီမံချက်တွေ စီမံကိန်းတွေ ရှိတာပေါ့။နောက်တစ်ခါ ဆရာတို့မှာ ကျောက်ဖြူကိစ္စ၊ ကျောက်ဖြူကိစ္စကလည်း legality အချောသတ်အောင် ဘယ်လိုလုပ်မလဲ။

ခုနက ပြည်သူတွေ စိုးရိမ်နေတဲ့ စိတ်ပူတဲ့ ဒီဟိုဟာကိစ္စကလည်း ရှိသေးတာပေါ့နော်၊ ဆရာတို့ အခုပြောနေတဲ့ မြစ်ဆုံကိစ္စကလည်း ရှိနေတာပေါ့နော်၊ အဲ့ဒီတော့ အဲ့ဒါတွေအားလုံးဟာ ကိုယ်က နောက်တစ်ခုက ဆရာတို့ မေ့လို့မရတာပေါ့နော်၊ တခြားနိုင်ငံကပြောတာက တရုတ်က သူတို့နဲ့ဝေးတယ်၊ ကိုယ်က အိမ်နီးနားချင်း၊ ဟုတ်တယ်မဟုတ်လား၊ အဲ့ဒီတော့ သူတို့မှာကြည့်နေရတာလေ၊ သူတို့နိုင်ငံရဲ့ တိုးတက်မှုအရှိန်ကို ကြည့်လိုက်ရင်လည်း အခုအတိုင်းဆိုရင် နံပါတ်နှစ် ဖြစ်နေပြီလေ၊ နှစ်ကနေ တစ်ဖြစ်ဖို့က သိပ်မကြာတော့ဘူး၊ အဲ့ဒီအခါကျတော့ သူတို့နဲ့အဆင်ပြေအောင် ဘယ်လိုနေကြမလဲ၊ တစ်ဖက်က အဆင်ပြေအောင် နေပေမယ့် တစ်ဖက်ကလည်း ကိုယ့်နိုင်ငံရဲ့ လိုအပ်ချက်တွေကို အလျှော့ပေးရတာမျိုး အစတေးခံတာမျိုး မဖြစ်နိုင်ဘူး၊ အဲ့ဒီတော့ နိုင်ငံရေးတာဝန် ယူတဲ့သူတွေကတော့ ဆရာထင်ပါတယ်၊ နားလည်တဲ့သူတွေပါ၊ သူတို့အနေနဲ့ ဒါကို လိမ်လိမ်မာမာနဲ့ ပါးပါးနပ်နပ် လုပ်မှရမယ်ထင်တယ်။

ဒီအစည်းအဝေးတော့ Summit ပေါ့လေ ဒီထိပ်သီးအစည်းအဝေး သွားတက်တာရယ်၊ နောက်တစ်ခါ အဲ့ဒီအစည်းအဝေးတက်တဲ့ အတွင်းကို ကိုယ့်နိုင်ငံ နှစ်နိုင်ငံနဲ့ ပတ်သက်လို့ ဟိုလုပ်ရတာရှိတယ်၊ ရင်းနှီးမြုပ်နှံမှုကိုတော့ ဆရာတို့ငြင်းလို့ မရဘူးကွဲ့။နောက်ပြီးတော့ ကိုယ့်နိုင်ငံမှာ တကယ်တမ်းပြောရင် ရခိုင်အရေးကြောင့် အနောက်နိုင်ငံ ရင်းနှီးမြုပ်နှံမှု လာဖို့ဆိုတာ လတ်တလောကာလမှာတော့ ဖြစ်နိုင်ခြေ တော်တော်နည်းတာလေ၊ ဆရာတို့ မျှော်ရမှာက ဆရာတို့ပြောတဲ့ Look East ပေါ်လစီပေါ့။အရှေ့သို့ဆိုတဲ့ဟာမျိုး။အဲ့ဒီတော့ တရုတ်၊ ကိုရီးယား၊ ဂျပန်၊ ထိုင်ဝမ် သူတို့ပဲအားကိုးရမှာလေ။အဲ့ဒီလိုစဉ်းစားမှရမယ်ထင်တယ်။

Opinion Leaders ။     ။ အပြင်မှာ နိုင်ငံတော်အတိုင်ပင်ခံရဲ့ ဒီခရီးစဉ်နဲ့ ပတ်သက်ပြီးတော့ ခန့်မှန်းမှုတွေ အများကြီးထွက်နေတယ်၊ မြစ်ဆုံကိစ္စရယ်၊ နောက်တစ်ချက်က ရန်ကုန်မြို့သစ် စီမံကိန်းရယ်၊ ရန်ကုန်မြို့သစ် စီမံကိန်းကို ပိုပြီး ဇောင်းပေးတယ်။မြစ်ဆုံကိစ္စကိုတော့ ဒီတစ်ခေါက်မှာ အခြေအနေအဆင့်တစ်ခုအထိ ဖြေရှင်းဦးမယ်ဆိုတဲ့ ခန့်မှန်းမှုတွေလည်းရှိတယ်။နောက်တစ်ချက်က “ဝ” ကိစ္စ၊ အခုသွားတဲ့ခရီးစဉ်မှာ ဒေါ်စုအနေနဲ့ အခက်အခဲတွေ့နိုင်သလား၊ ဒါမှမဟုတ် ကျွန်တော်တို့ လက်ရှိဖြစ်နေတဲ့ တိုင်းရင်းသားအရေးတွေနဲ့ ပတ်သက်ပြီး ပဋိပက္ခလျှော့ချနိုင်ဖို့အတွက် စွမ်းဆောင်နိုင်မလား ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ အခုပြောတဲ့ကိစ္စတွေအားလုံးဟာ ကိုယ့်စိန်ခေါ်မှုတွေပေါ့၊ စိန်ခေါ်မှုတွေဖြစ်နေတာဟာ တရုတ်နဲ့ ပတ်သက်လာရင် စီးပွားရေးတင်မကဘူး နိုင်ငံရေးပြဿနာလည်းရှိတယ်၊ နိုင်ငံရေးပြဿနာတင် မကဘူး၊ လူမှုရေးပြဿနာလည်းရှိတယ်၊ ဘာလို့လဲဆိုတော့ ဆရာတို့က ချိတ်နေတာပါ့၊ ချိတ်နေတဲ့အခါကျတော့ ဒါတွေ စီးပွားရေး လူမှုရေး နိုင်ငံရေး ကိစ္စတွေအားလုံးကို တစ်ပြိုင်နက်တည်း ကိုယ့်နိုင်ငံ အကျိုးရှိအောင်လုပ်ဖို့ ဆရာတို့ စဉ်းစားကြရမယ်ထင်တယ်၊ ဒါကအဓိကဖြစ်နေတာပေါ့၊ ဘာကြောင့်လဲဆိုတော့ စီးပွားရေးအရ လုံးဝအလျှော့ပေးလို့လည်း မရပြန်ဘူး။အမှန်တကယ် တစ်ဖက်က အဲ့ဒီလိုဖြစ်နေတော့ အားလုံးက ချိတ်နေတာကိုး။ဥပမာ- ရခိုင်ကိစ္စဆိုရင်လည်း ကိုယ်က ရခိုင်ကြောင့် ရင်းနှီးမြှုပ်နှံမှုတွေ အနောက်နိုင်ငံက မျှော်လင့်လို့ မရတဲ့အတွက်ကြောင့် အရှေ့ကိုလှည့်ပါ ဆိုပြန်တော့လည်း အရှေ့မှာ တကယ်ကို အင်အားကြီးတာ တရုတ်ဖြစ်နေတယ်၊ ဒါကတစ်ခု။

နောက်တစ်ခါ မြစ်ဆုံနဲ့ ပတ်သက်လာရင် ဆရာတို့က emotion တွေပေါ့နော်၊ ဟို emotion တွေက သိပ်များတာကိုး၊ လူတွေ အခုစဉ်းစားတဲ့အခါ ဒါလည်း ဆရာတို့နားလည်ရမှာက လူတွေရဲ့စဉ်းစားချက်က ခံစားမှုကို ရှေ့တန်းတင်တာ၊ ခေါင်းအေးအေးထား စဉ်းစားရင် ဘယ်လိုလုပ်ရင်ရမလဲဆိုတာ အဖြေရှိနိုင်တယ်လေ၊ အခုကတော့ အားလုံးက emotional level သိပ်မြင့်တဲ့အခါကျတော့ အကြောင်းအကျိုး သွားချပြရင်တောင် ပြဿနာတော်တော်ကြီးမယ်လေ၊ အဲ့ဒီတော့ ဒါကို အစိုးရမှာ လုပ်ရတဲ့ space က သိပ်ကိုကျဲသွားတယ်၊ နောက်တစ်ခုက သူတို့နိုင်ငံတိုင်းမှာဖြစ်တာက အရင်အစိုးရတစ်ခု ကတိကဝတ်ပြုထားတာကို နောက်အစိုးရက ဆက်ပြီးတာဝန်ယူတာကို ဘယ်လောက်အထိ ယူနိုင်တယ်၊ မယူနိုင်တယ် ဆိုတဲ့ ပြဿနာက တစ်ကမ္ဘာလုံးမှာရှိတဲ့ ပြဿနာတစ်ခုလေ။

အဲ့ဒီတော့ နိုင်ငံရေးအရ အစိုးရတွေ ပြောင်းသွားပေမယ့် အရင်အစိုးရ လက်မှတ်ထိုးတာတွေ ကတိပြုတာတွေအားလုံး အဲ့ဒီတော့ အရင်အစိုးရ ဘာတွေကတိပြုထားသလဲ အသီးသီးပြန်ကြည့်ဖို့တော့ လိုလိမ့်မယ်လေ၊ အဲ့ဒီတော့ အရေးကြီးတာ ဆရာထင်တာပေါ့နော် ကိုယ့်နိုင်ငံအတွက် အကောင်းဆုံးဖြစ်အောင် ဆရာတို့ လုပ်ကြရမှာပဲ၊ အဲ့ဒီမှာ ဆရာအောက်မေ့တာကတော့ အားလုံးပေါ့လေ၊ ပြည်သူတွေ အပါအဝင်က ဆရာထင်တယ်၊ နည်းနည်းလေး နားလည်မှုရှိဖို့ လိုလိမ့်မယ်ထင်တယ်၊ လုပ်ရကိုင်ရတာလေ တကယ့်ကို အင်မတန်မှ သူတို့ပြောနေတဲ့ သိမ်မွေ့တဲ့ ခက်ခဲတဲ့ လမ်းကို လျှောက်နေရတာပေါ့၊ balance က အမြဲတမ်းခြေချနေရတာလေ၊ ကြိုးတန်းလျှောက်နေရတာလေ၊ အစွန်းရောက်လို့မရဘူး၊ အစွန်းရောက်တာနဲ့ အားလုံးက ဒုက္ခရောက်သွားလိမ့်မယ်၊ ဒီနေရာမှာ နိုင်ငံရေးအရလည်း သတိထားရမှာ၊ စီးပွားရေးအရလည်း သတိထားရမှာ၊ နောက်တစ်ခါ ဆရာတို့ အတိတ်သမိုင်းကိုလည်း မေ့လို့မရဘူး၊ တရုတ်နဲ့ ကိုယ်နဲ့ ပေါက်ဖော် ပေါက်ဖော် ပြောနေပေမယ့် လူတွေရဲ့စိတ်ထဲမှာ တစ်မျိုးရှိနေတာလေ၊ အဲ့ဒီတော့ ခံစားချက်တွေက ရှိနေတဲ့အခါကျတော့ ဒါတွေကို ကျော်လွှားနိုင်အောင် ဆရာထင်တယ် သိမ်သိမ်မွေ့မွေ့ လုပ်ကြလိမ့်မယ်၊ လုပ်နိုင်လိမ့်မယ်လို့ ကိုယ်ကတော့ မျှော်လင့်တာပေါ့လေ။

Opinion Leaders ။     ။  တကယ်လို့ အခုသွားတဲ့ဖိုရမ်မှာ တရုတ်ဘက်က အဆိုပြုတာတွေကို မြန်မာဘက်က မလိုက်လျောနိုင်တဲ့ မြစ်ဆုံကိစ္စ ဆိုတာမျိုးတွေ၊ ရခိုင်က ကျောက်ဖြူလိုဟာမျိုးတွေ ရန်ကုန်မြို့သစ်လို စီမံကိန်းတွေမှာ ဟိုဘက်က စီမံကိန်းတွေချပြလို့ လက်မခံနိုင်တဲ့အခါကျရင် ဆိုးကျိုးတွေက ဘယ်လိုဖြစ်လာနိုင်သလဲ။တကယ်လို့ ဟိုဘက်က အဆိုပြုတဲ့ဟာက တကယ်လို့အဆင်မပြေလာလို့ရှိရင် တော်တော်များများ သိထားတဲ့ AA ကိစ္စတွေ၊ “ဝ” ကိစ္စနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြဿနာတွေမှာ ဘယ်လိုတွေဖြစ်လာနိုင်သလဲ ဆရာ။တကယ်လို့ လက်မခံနိုင်ခဲ့လို့ရှိရင်။

ဒေါက်တာအောင်ထွန်းသက် ။     ။ အခုပြောတာတွေအားလုံး ချပြလိုက်ရင်နော် ဆရာတို့ ထိလွယ်ရှလွယ် ကိစ္စတစ်ခုကတော့ ဥပမာ - အားလုံးပြောတဲ့ မြစ်ဆုံကိစ္စ၊ နောက်တစ်ခါ ရန်ကုန်မြို့သစ် စီမံကိန်းကိစ္စ နောက်တစ်ခါ ကျောက်ဖြူကိစ္စ၊ ဒါကသုံးခု၊ ပြီးတော့မှ “ဝ” နဲ့ ရခိုင် ကိစ္စပေါ့၊ အဲ့ဒီတော့ ဒါတွေအားလုံးကို ဆရာတို့ လွှမ်းခြုံကြည့်လိုက်လို့ရှိရင် ဥပမာ - ကျောက်ဖြူတို့၊ ရန်ကုန်တို့ဟာ စီးပွားရေးပြဿနာတွေ၊ ဒီသုံးခုက စီးပွားရေးပြဿနာ၊ ဟိုနှစ်ခုက နိုင်ငံရေးပြဿနာ၊ အဲ့ဒီတော့ နိုင်ငံရေးပြဿနာနဲ့ စီးပွားရေးပြဿနာ သွားပြီးတော့ ချိတ်နေတာပေါ့၊ ချိတ်နေတော့ ဒီလို ဆရာတို့ ဆရာထင်ပါတယ်နော် တစ်ဖက်က ဒီဖိုရမ်မှာပေါ့နော်၊ Summit မှာ ထိပ်သီးအစည်းအဝေးမှာ တခြားနိုင်ငံတွေ လုပ်တဲ့ပုံစံအတိုင်း၊ တခြားနိုင်ငံတွေကလည်း ကိုယ့်နိုင်ငံအတွက် အကျိုးရှိအောင် သူတို့လုပ်တဲ့ပုံစံအတိုင်း တရုတ်တွေကလည်း သူတို့အကျိုးရှိအောင် လုပ်မယ်ဆိုတော့ ကိုယ့်ဘက်က မနစ်နာအောင် နစ်နာမှုအနည်းဆုံး အကောင်းဆုံးဖြစ်အောင် ဆရာထင်တယ် ဆွေးနွေးကြတာမျိုး အောက်မေ့တယ်။

တစ်ဖက်က သူများနိုင်ငံနဲ့မတူတာက ခုနပြောတဲ့ အချက်ငါးချက်က သူများနိုင်ငံမှာ မရှိတဲ့ပြဿနာလေ၊ အခု အီတလီနိုင်ငံမှာဆိုရင် သူတို့က သူတို့ဆီမှာရှိတဲ့ ယိုယွင်းနေတဲ့ ဆိပ်ကမ်းတွေကို ပြန်ပြီးပြုပြင်ပြောင်းလဲဖို့ လုပ်ပေးပါလို့ပြောတော့ သူတို့မှာ အပေးအယူက စီးပွားရေးအပေးအယူပဲရှိတယ်၊ ဆရာတို့လို စီးပွားရေးရော၊ နိုင်ငံရေးရော၊ လူမှုရေးရော ယဉ်ကျေးမှုရော ပါတဲ့ဟာမျိုး မဟုတ်ဘူး။အခုဆိုပါစို့ ခုနပြောနေတဲ့ ရခိုင်ကိစ္စ ဆိုပြန်တော့လည်း AA ပြဿနာက တရုတ်အားပေးတဲ့ ပုံစံလိုဖြစ်နေတယ်။ဟုတ်တယ်မဟုတ်လား။နောက်တစ်ခုက ကိုယ့်ပြည်တွင်းငြိမ်းချမ်းရေးကိစ္စ KIA လည်း ပါတယ်၊ နောက်တစ်ခါ “ဝ” လည်း ပါတဲ့ဟာမျိုး ဖြစ်နေတော့ ဆရာတို့မှာ ဒါကြောင့် ဆရာ ခဏခဏပြောတယ်၊ Space က သိပ်ကျဉ်းတာ၊ ရွှေ့ဖို့ သူများတွေလို လွတ်လွတ်လပ်လပ် ရွှေ့နိုင်တဲ့ အနေအထားမျိုးမရှိဘူးလေ။

ဆရာထင်ပါတယ် ယုံပါတယ်။သွားမယ့်သူက ပြောတတ်ဆိုတတ်တဲ့ နားလည်တတ်တဲ့လူနဲ့ သွားလို့ရှိရင် ဆရာအမြဲတမ်းအောက်မေ့တာလေ အစွန်းနှစ်စကို ဒီကနေ ကိုယ့်အတွက် အကောင်းဆုံးရအောင် ဘာလုပ်မလဲ။ရလဒ်ကို minimum ပေါ့လေ။ဒါလေးတော့ အနည်းဆုံးရအောင် လုပ်မှရမယ်၊ လုံးဝကြီးလည်း ပြတ်တောက်သွားအောင် ဖြစ်နိုင်တဲ့ အခြေအနေကလည်း ဒါကိုလက်ခံနိုင်တဲ့ အခြေအနေမှ မရှိတာကိုး၊ ကိုယ့်နိုင်ငံရဲ့အနေအထားအရလေ၊ ဒါပေမဲ့ တစ်ဖက်ကလည်း ရှိသမျှအားလုံးကို လက်ခံလိုက်ပြီးတော့ ဝကွက်အပ်လိုက်လို့ကလည်း မဖြစ်နိုင်ဘူးလေ။အဲ့ဒီတော့ အဲ့ဒီနှစ်ခုကြားထဲမှာ ဆရာထင်တယ် အကောင်းဆုံးဖြစ်အောင်လို့ အဖြေထွက်လိမ့်မယ်လို့ အောက်မေ့တာပဲ၊ ဆရာတို့ မျှော်လင့်ကြတာပေါ့လေ။

Opinion Leaders ။     ။ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာ။

ဒေါက်တာအောင်ထွန်းသက်
ဧပြီ - ၂၄

( Zawgyi )

ဒုတိယအႀကိမ္ေျမာက္ One Belt One Road  ဖိုရမ္ကို ေဘက်င္းတြင္ မၾကာမီက်င္းပေတာ့မွာ ျဖစ္ပါတယ္။ထိုညီလာခံသို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ တက္ေရာက္မည္ ျဖစ္ပါတယ္။ယခုက်င္းပမည့္ ဒုတိယအႀကိမ္ေျမာက္ OBOR ဖိုရမ္တြင္ တ႐ုတ္ႏိုင္ငံႏွင့္ တက္ေရာက္လာသည့္ ႏိုင္ငံမ်ားၾကား စီမံကိန္းမ်ားလုပ္ေဆာင္ရန္ နားလည္မႈ သေဘာတူစာခ်ဳပ္မ်ားကို ေရးထိုးဖို႔ ရွိသည့္အတြက္ ျမန္မာႏိုင္ငံတြင္ ယခင္အစိုးရလက္ထက္က သေဘာတူခြင့္ျပဳ လက္မွတ္ထိုးခဲ့သည့္ ျမစ္ဆုံစီမံကိန္း အပါအဝင္ OBOR ႏွင့္ ဆက္ႏြယ္ေနသည့္ စီမံကိန္းမ်ားႏွင့္ ပတ္သက္ၿပီး မည္သို႔ ျဖစ္လာႏိုင္သည္ဆိုသည့္ အေျခအေနကို  အမ်ားျပည္သူ သိရွိႏိုင္ရန္ ႏိုင္ငံေတာ္သမၼတ၏ စီးပြားေရးအႀကံေပးပုဂၢိဳလ္ႏွင့္ ဝါရင့္စီးပြားေရးပညာရွင္ ဆရာ ေဒါက္တာေအာင္ထြန္းသက္ အား ေမးျမန္းခဲ့ပါတယ္။ဆရာ ေဒါက္တာေအာင္ထြန္းသက္ ၏ ရႈျမင္သုံးသပ္ခ်က္ အျပည့္အစုံကို ယခုတစ္ပတ္အတြက္ အထူးအစီအစဥ္အျဖစ္ ေမးျမန္းေဖာ္ျပလိုက္ပါတယ္။

(Opinion Leaders Media အယ္ဒီတာအဖြဲ႕)

Opinion Leaders ။     ။ ဒီဧၿပီလ ေနာက္ဆုံးအပတ္မွာ ေဒၚေအာင္ဆန္းစုၾကည္ က OBOR ဒုတိယဖိုရမ္ တက္ဖို႔အတြက္ ေဘက်င္းကို သြားဖို႔ရွိတယ္ ဆရာ၊ အဲ့ဒီသြားမယ့္ ခရီးစဥ္မွာ ပထမၾကားတာက ခ်ည္မွ်င္နဲ႔ အထည္ရယ္၊ ေနာက္ထပ္ လွ်ပ္စစ္နဲ႔ လမ္းပန္းဆက္သြယ္ေရးရယ္၊ လယ္ယာလုပ္ငန္းနဲ႔ ပတ္သက္ၿပီးေတာ့ ျမန္မာဘက္က အဆိုျပဳမႈ ရွိမယ္ဆိုၿပီးေတာ့။
တကယ္လို႔ ဒီၾကားထဲမွာ လတ္တေလာ ႏိုင္ငံေရးအေျခအေနအရရယ္၊ စီးပြားေရးအေျခအေနအရရယ္ ထူးျခားတဲ့ အေျခအေနေၾကာင့္ ဘာေတြေျပာင္းလဲၿပီး တင္စရာမ်ား ျဖစ္လာႏိုင္မလဲ ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ ဆရာထင္တာကေတာ့ ကိုယ္သိသေလာက္ေျပာမယ္ေနာ္။အေျခခံကေတာ့ OBOR ေပါ့၊ သူတို႔လုပ္မယ့္ဟာက တ႐ုတ္ျပည္မွာ One Belt One Road ၊ ပတ္ဝန္းက်င္ ဘာညာ ေဆြးေႏြးမွာ၊ ဒီလိုမ်ိဳးနားလည္တယ္၊ ဒါက သူ႔ရဲ႕ဦးတည္ခ်က္ေပါ့။အဲ့ဒီေတာ့ ႏိုင္ငံတကာေခါင္းေဆာင္ေတြ လာမယ့္ Summit လို႔ ေျပာေတာ့ ထိပ္သီးညီလာခံျဖစ္ေတာ့ OBOR နဲ႔ ပတ္သက္တဲ့ ေခါင္းေဆာင္ေတြ ႏိုင္ငံအသီးသီးက လာၾကမယ္လို႔ နားလည္တယ္၊ နားလည္တဲ့အခါက်ေတာ့ ဆရာထင္တယ္၊ ဒီမွာႏွစ္ပိုင္းေပါ့ေနာ္၊ တစ္ခုက OBOR သည္ ပိုးလမ္းႀကီးသည္ ကိုယ့္ႏိုင္ငံအတြက္ တျခားႏိုင္ငံေတြကလည္း ဆရာထင္တယ္ ခင္ဗ်ားတို႔လည္း သိတဲ့အတိုင္းပဲ။ဥပမာ- အီတလီႏိုင္ငံေတာင္ ဟုတ္တယ္မဟုတ္လား သူတို႔ေျဖရွင္းနည္း ေျဖရွင္းဖို႔ ေသခ်ာျပဳလုပ္ၿပီးေတာ့ သူတို႔ အီတလီမွာရွိတဲ့ ဆိပ္ကမ္းေတြကို ျပဳျပင္ေျပာင္းလဲဖို႔ သူတို႔စာခ်ဳပ္ေတြ ဘာေတြ ထိုးတယ္ေလ။ထိုးတဲ့အခါက်ေတာ့ ၾကည့္ရတာေတာ့ တစ္ကမာၻလုံးမွာ OBOR နဲ႔ ပတ္သက္လာရင္ ကိုယ့္ႏိုင္ငံအတြက္ အခြင့္အေရး ဘာေတြရမလဲဆိုတာ ဝိုင္းစဥ္းစားေနၾကတယ္ေလ။

အဲဒီလို ဝိုင္းစဥ္းစားေနၾကေတာ့ တစ္ဖက္ကလည္းပဲ တ႐ုတ္ကလည္း ဒါ သူ႔အတြက္ အခြင့္အေရး ဆိုတဲ့အတြက္ ပုံစံေတြအမ်ိဳးမ်ိဳး လုပ္ေနတာေပါ့ေနာ္၊ လႈပ္ရွားေနတာေပါ့။လႈပ္ရွားေနေတာ့ ဆရာထင္တယ္၊ သူသြားရတဲ့ အေၾကာင္းအရင္းက OBOR Summit ကို သြားတယ္လို႔ ဆရာနားလည္တာ။အဲ့ဒီလိုနားလည္တာေလ။အဲ့ဒီအပိုင္းမွာေတာ့ ပထမပိုင္းအေနနဲ႔ ေျပာခ်င္တာက OBOR ကို ဆရာတို႔ အၿမဲတမ္းေပါ့ေလ၊ သတိထားဖို႔လိုတာက ဒီအခ်က္ေတြအားလုံးဟာ သူ႔ရဲ႕ စီမံခ်က္က တစ္ကမာၻလုံးနဲ႔ဆိုင္တဲ့ စီမံခ်က္ႀကီးေလ။ geopolitics  အေနနဲ႔ေတာင္ အေမရိကန္တို႔ အေနာက္ႏိုင္ငံတို႔က စိတ္ပူတယ္၊ OBOR ကိစၥက ဘာလို႔လဲဆိုေတာ့ သူတို႔ရဲ႕စီးပြားေရးကို လႊမ္းမိုးႏိုင္တဲ့ အေနအထားကို စိတ္ပူတာ။

ဘာေၾကာင့္လဲဆိုေတာ့ OBOR ကို စဥ္းစားလို႔ရွိရင္ ဒီကုန္းလမ္းေရာ၊ ေရလမ္းေရာ ႏွစ္ခုစလုံးလုပ္တယ္။သူက အားလုံးခ်ည္မွာေလ။အဲ့ဒီလို ခ်ည္တဲ့အခါက်ေတာ့ အေရွ႕အလယ္ပိုင္းေရာ မာကိုပိုလိုတို႔ သြားခဲ့တဲ့ ပိုးလမ္းႀကီးဟာ အေရွ႕အလယ္ပိုင္းအျပင္ မဟုတ္ေတာ့ဘဲနဲ႔ သူက ကုန္းလမ္းတင္မကဘူး၊ ေရလမ္းလည္းပါတာ၊ ေရလမ္းပါေတာ့ trading ေပါ့။ကုန္သြယ္မႈကို အမ်ားႀကီးကို အေထာက္အကူျဖစ္ေအာင္ သူလုပ္တဲ့ စီမံခ်က္ေပါ့၊ ဟို အႀကံေတာ့ ေတာ္ေတာ္ႀကီးတာေနာ္ ဟုတ္တယ္မဟုတ္လား၊တကယ္တမ္း စဥ္းစားလိုက္လို႔ရွိရင္ တစ္ကမာၻလုံးကိုေတာင္ လမ္းေတြ ေရေၾကာင္းေတြ၊ ကုန္းေၾကာင္း ႏွစ္ခုကို ခ်ည္ထားတဲ့ပုံစံ။ဒါေပမယ့္အဲ့ဒီလို တစ္ဖက္ကရွိေပမယ့္ ဆရာထင္တာေတာ့ ဒီ OBOR အပိုင္းနဲ႔ စဥ္းစားရင္ ကိုယ့္အတြက္ အက်ိဳးရွိေအာင္ ဘယ္လိုလုပ္မလဲဆိုတာ စဥ္းစားဖို႔ေတာ့ လိုလိမ့္မယ္။

ဒီေနရာမွာေတာ့ ကိုယ့္ႏိုင္ငံရဲ႕အေနအထားက သိတဲ့အတိုင္းပဲ၊ တ႐ုတ္နဲ႔ ပတ္သက္လာလို႔ရွိရင္ ဆရာတို႔မွာ အၿမဲတမ္းေပါ့ေနာ္၊ လြတ္လပ္ေရးရၿပီးခ်ိန္ကတည္းက ျပန္ၾကည့္ရင္ ၁၉၄၈ ထဲက ၾကည့္လို႔ရွိရင္ ၁၉၄၈ က ဆရာတို႔က ေစာေစာရတာေလ။သူတို႔ တ႐ုတ္ကြန္ျမဴနစ္ပါတီ အာဏာရတာ ၁၉၅၀ မွ ရတာေလ၊ ကိုယ့္ထက္ေနာက္က်တယ္၊ ကြန္ျမဴနစ္ပါတီ ေမာ္စီတုန္းတို႔ တက္လာတဲ့အခ်ိန္ေပါ့၊ အဲ့ဒီေတာ့ အဲ့ဒီအခ်ိန္ ေတာက္ေလွ်ာက္မွာ ဆရာတို႔ ျပန္ၾကည့္လိုက္လို႔ရွိရင္ ဒါက သမိုင္းနဲ႔ၾကည့္ရမွာေလ၊ သမိုင္းၾကည့္တဲ့ေနရာမွာ တ႐ုတ္ရဲ႕ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ ျဖစ္လာဖို႔ အသိအမွတ္ျပဳတဲ့အထဲမွာ ကိုယ့္ႏိုင္ငံက ေရွ႕တန္းက ပါတယ္ေလ၊ ၿပီးေတာ့မွ အေရွ႕ပိုင္းမွာ အေရွ႕ေတာင္အာရွနဲ႔ ခုနက ပိုးလမ္းဆိုတဲ့ ကိစၥဟာ အေရွ႕ေတာင္အာရွအျပင္ ဘက္မလိုက္ အဖြဲ႕အစည္းႀကီးတစ္ခုေပါ့။

non-aligned မွာ ဆရာတို႔ တကယ္ကိုထူးခြၽန္တဲ့ အဲ့ဒီတုန္းကေပါ့ေလ။ဦးႏုတို႔ ပါတယ္၊ ေမာ္စီတုန္း ပါတယ္၊ ဆူကာႏို ပါတယ္၊ ေနာက္တစ္ခါ ဟိုဘက္က အီဂ်စ္က နာဆာ ပါတယ္၊ ဂါနာက နခူးမား ပါတယ္၊ ၿပီးေတာ့မွ ယူဂိုဆလပ္က တီတိုး ပါတယ္၊ ဒါေတြအားလုံးဟာ ဆရာတို႔အေနနဲ႔ေပါ့ေနာ္၊ သတင္းစာေတြထဲမွာ မွတ္မိခဲ့ေသးတယ္၊ အဲ့ဒီေတာ့ ဒီေတာက္ေလွ်ာက္က ဆရာတို႔ အဆင္ေျပခဲ့တယ္၊ အဆင္ေျပခဲ့ေပမယ့္ ထုံးစံအတိုင္းေပါ့၊ ႏိုင္ငံေရးမွာ ျပႆနာရွိတာက ဘာလဲဆိုေတာ့ ဦးႏုတို႔ ဒီဘက္အပိုင္းမွာ ကြန္ျမဴနစ္ပါတီ၊ ကြန္ျမဴနစ္ပါတီ ဟိုဘက္ကို အေရွ႕ေျမာက္ေဒသမွာ ကြန္းခိုတဲ့အခ်ိန္ကစၿပီး ကြန္ျမဴနစ္ပါတီကို ေတာက္ေလွ်ာက္ ညီေနာင္ပါတီအေနနဲ႔ အသိအမွတ္ျပဳခဲ့တယ္ေလ၊ အစကတည္းက။

အဲ့ဒီေတာ့ တ႐ုတ္နဲ႔ ပတ္သက္လာလို႔ရွိရင္ ဆရာတို႔မွာ တစ္ဖက္ကလည္း ရင္းႏွီးမႈ၊ သူတို႔ေခၚတဲ့ ေပါက္ေဖာ္ဆိုတာ ေတာက္ေလွ်ာက္ရွိခဲ့သလို တစ္ဖက္ကလည္း ႏိုင္ငံေရးအရ ဟိုတစ္ခ်ိန္တုန္းကေပါ့ေနာ္ ျမန္မာကြန္ျမဴနစ္ပါတီကို သူတို႔အားေပးခဲ့တာရွိပါတယ္၊ ရွိတဲ့အခါက်ေတာ့ သူတို႔နဲ႔ ကိုယ္နဲ႔ ဆက္ဆံေရးဟာ အၿမဲတမ္း ဆရာထင္တာ tension ရွိတယ္ေလ။တစ္ဖက္က လုံးဝဥသုံ ယုံတဲ့အေနအထားမရွိဘူး။ဒါေပမဲ့ အခုဒီကိစၥမွာ အဲ့ဒါ ဒုတိယပိုင္းေပါ့ေနာ္၊ ခုနေျပာတဲ့အထဲမွာ ႏွစ္ႏိုင္ငံ ဆက္ဆံေရးမွာက်ေတာ့ ဆရာတို႔မွာ အခုလက္ရွိ တ႐ုတ္နဲ႔ ပတ္သက္လို႔ေျပာရင္ ျမစ္ဆုံနဲ႔ ျဖစ္တာေပါ့။

ျမစ္ဆုံျပႆနာဘယ္လိုလဲ၊ ေနာက္တစ္ခါ လက္ပံေတာင္းေတာင္ကိစၥ။ဒါေတြအားလုံးဟာ ကိုယ့္ႏိုင္ငံကို ကိုယ့္ႏိုင္ငံမွာရွိတဲ့ ျပည္သူျပည္သားေတြရဲ႕စိုးရိမ္ပူပန္မႈေတြက ရွိေနတယ္ေလ။ အဲ့ဒါေတြလည္း ထည့္တြက္ ရမယ္ဆိုေတာ့ ဆရာထင္တယ္၊ ဟို ႏွစ္ပိုင္းေပါ့ေလ၊ တျခားႏိုင္ငံက လာတာက သူ႔ႏိုင္ငံ OBOR နဲ႔ ပတ္သက္လို႔ အက်ိဳးဘယ္လိုရွိမလဲ ဘာညာလာတာထက္ ဆရာတို႔ႏိုင္ငံသြားတဲ့ သူေတြဟာ ႏွစ္ခုလုပ္ရတာေလ။ တစ္ခုက ေတာ့ ႏိုင္ငံတကာကိစၥကို ဆရာတို႔ ပါဝင္ပတ္သက္မႈကို ဆရာတို႔ သြားတာက တစ္ပိုင္း။အခုက်ေတာ့ အသီးသီး ကိုယ္နဲ႔ပတ္သက္တဲ့ စီမံခ်က္ေတြ စီမံကိန္းေတြ ရွိတာေပါ့။ေနာက္တစ္ခါ ဆရာတို႔မွာ ေက်ာက္ျဖဴကိစၥ၊ ေက်ာက္ျဖဴကိစၥကလည္း legality အေခ်ာသတ္ေအာင္ ဘယ္လိုလုပ္မလဲ။

ခုနက ျပည္သူေတြ စိုးရိမ္ေနတဲ့ စိတ္ပူတဲ့ ဒီဟိုဟာကိစၥကလည္း ရွိေသးတာေပါ့ေနာ္၊ ဆရာတို႔ အခုေျပာေနတဲ့ ျမစ္ဆုံကိစၥကလည္း ရွိေနတာေပါ့ေနာ္၊ အဲ့ဒီေတာ့ အဲ့ဒါေတြအားလုံးဟာ ကိုယ္က ေနာက္တစ္ခုက ဆရာတို႔ ေမ့လို႔မရတာေပါ့ေနာ္၊ တျခားႏိုင္ငံကေျပာတာက တ႐ုတ္က သူတို႔နဲ႔ေဝးတယ္၊ ကိုယ္က အိမ္နီးနားခ်င္း၊ ဟုတ္တယ္မဟုတ္လား၊ အဲ့ဒီေတာ့ သူတို႔မွာၾကည့္ေနရတာေလ၊ သူတို႔ႏိုင္ငံရဲ႕ တိုးတက္မႈအရွိန္ကို ၾကည့္လိုက္ရင္လည္း အခုအတိုင္းဆိုရင္ နံပါတ္ႏွစ္ ျဖစ္ေနၿပီေလ၊ ႏွစ္ကေန တစ္ျဖစ္ဖို႔က သိပ္မၾကာေတာ့ဘူး၊ အဲ့ဒီအခါက်ေတာ့ သူတို႔နဲ႔အဆင္ေျပေအာင္ ဘယ္လိုေနၾကမလဲ၊ တစ္ဖက္က အဆင္ေျပေအာင္ ေနေပမယ့္ တစ္ဖက္ကလည္း ကိုယ့္ႏိုင္ငံရဲ႕ လိုအပ္ခ်က္ေတြကို အေလွ်ာ့ေပးရတာမ်ိဳး အစေတးခံတာမ်ိဳး မျဖစ္ႏိုင္ဘူး၊ အဲ့ဒီေတာ့ ႏိုင္ငံေရးတာဝန္ ယူတဲ့သူေတြကေတာ့ ဆရာထင္ပါတယ္၊ နားလည္တဲ့သူေတြပါ၊ သူတို႔အေနနဲ႔ ဒါကို လိမ္လိမ္မာမာနဲ႔ ပါးပါးနပ္နပ္ လုပ္မွရမယ္ထင္တယ္။

ဒီအစည္းအေဝးေတာ့ Summit ေပါ့ေလ ဒီထိပ္သီးအစည္းအေဝး သြားတက္တာရယ္၊ ေနာက္တစ္ခါ အဲ့ဒီအစည္းအေဝးတက္တဲ့ အတြင္းကို ကိုယ့္ႏိုင္ငံ ႏွစ္ႏိုင္ငံနဲ႔ ပတ္သက္လို႔ ဟိုလုပ္ရတာရွိတယ္၊ ရင္းႏွီးျမဳပ္ႏွံမႈကိုေတာ့ ဆရာတို႔ျငင္းလို႔ မရဘူးကြဲ႕။ေနာက္ၿပီးေတာ့ ကိုယ့္ႏိုင္ငံမွာ တကယ္တမ္းေျပာရင္ ရခိုင္အေရးေၾကာင့္ အေနာက္ႏိုင္ငံ ရင္းႏွီးျမဳပ္ႏွံမႈ လာဖို႔ဆိုတာ လတ္တေလာကာလမွာေတာ့ ျဖစ္ႏိုင္ေျခ ေတာ္ေတာ္နည္းတာေလ၊ ဆရာတို႔ ေမွ်ာ္ရမွာက ဆရာတို႔ေျပာတဲ့ Look East ေပၚလစီေပါ့။အေရွ႕သို႔ဆိုတဲ့ဟာမ်ိဳး။အဲ့ဒီေတာ့ တ႐ုတ္၊ ကိုရီးယား၊ ဂ်ပန္၊ ထိုင္ဝမ္ သူတို႔ပဲအားကိုးရမွာေလ။အဲ့ဒီလိုစဥ္းစားမွရမယ္ထင္တယ္။

Opinion Leaders ။     ။ အျပင္မွာ ႏိုင္ငံေတာ္အတိုင္ပင္ခံရဲ႕ ဒီခရီးစဥ္နဲ႔ ပတ္သက္ၿပီးေတာ့ ခန႔္မွန္းမႈေတြ အမ်ားႀကီးထြက္ေနတယ္၊ ျမစ္ဆုံကိစၥရယ္၊ ေနာက္တစ္ခ်က္က ရန္ကုန္ၿမိဳ႕သစ္ စီမံကိန္းရယ္၊ ရန္ကုန္ၿမိဳ႕သစ္ စီမံကိန္းကို ပိုၿပီး ေဇာင္းေပးတယ္။ျမစ္ဆုံကိစၥကိုေတာ့ ဒီတစ္ေခါက္မွာ အေျခအေနအဆင့္တစ္ခုအထိ ေျဖရွင္းဦးမယ္ဆိုတဲ့ ခန႔္မွန္းမႈေတြလည္းရွိတယ္။ေနာက္တစ္ခ်က္က “ဝ” ကိစၥ၊ အခုသြားတဲ့ခရီးစဥ္မွာ ေဒၚစုအေနနဲ႔ အခက္အခဲေတြ႕ႏိုင္သလား၊ ဒါမွမဟုတ္ ကြၽန္ေတာ္တို႔ လက္ရွိျဖစ္ေနတဲ့ တိုင္းရင္းသားအေရးေတြနဲ႔ ပတ္သက္ၿပီး ပဋိပကၡေလွ်ာ့ခ်ႏိုင္ဖို႔အတြက္ စြမ္းေဆာင္ႏိုင္မလား ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ အခုေျပာတဲ့ကိစၥေတြအားလုံးဟာ ကိုယ့္စိန္ေခၚမႈေတြေပါ့၊ စိန္ေခၚမႈေတြျဖစ္ေနတာဟာ တ႐ုတ္နဲ႔ ပတ္သက္လာရင္ စီးပြားေရးတင္မကဘူး ႏိုင္ငံေရးျပႆနာလည္းရွိတယ္၊ ႏိုင္ငံေရးျပႆနာတင္ မကဘူး၊ လူမႈေရးျပႆနာလည္းရွိတယ္၊ ဘာလို႔လဲဆိုေတာ့ ဆရာတို႔က ခ်ိတ္ေနတာပါ့၊ ခ်ိတ္ေနတဲ့အခါက်ေတာ့ ဒါေတြ စီးပြားေရး လူမႈေရး ႏိုင္ငံေရး ကိစၥေတြအားလုံးကို တစ္ၿပိဳင္နက္တည္း ကိုယ့္ႏိုင္ငံ အက်ိဳးရွိေအာင္လုပ္ဖို႔ ဆရာတို႔ စဥ္းစားၾကရမယ္ထင္တယ္၊ ဒါကအဓိကျဖစ္ေနတာေပါ့၊ ဘာေၾကာင့္လဲဆိုေတာ့ စီးပြားေရးအရ လုံးဝအေလွ်ာ့ေပးလို႔လည္း မရျပန္ဘူး။အမွန္တကယ္ တစ္ဖက္က အဲ့ဒီလိုျဖစ္ေနေတာ့ အားလုံးက ခ်ိတ္ေနတာကိုး။ဥပမာ- ရခိုင္ကိစၥဆိုရင္လည္း ကိုယ္က ရခိုင္ေၾကာင့္ ရင္းႏွီးျမႇဳပ္ႏွံမႈေတြ အေနာက္ႏိုင္ငံက ေမွ်ာ္လင့္လို႔ မရတဲ့အတြက္ေၾကာင့္ အေရွ႕ကိုလွည့္ပါ ဆိုျပန္ေတာ့လည္း အေရွ႕မွာ တကယ္ကို အင္အားႀကီးတာ တ႐ုတ္ျဖစ္ေနတယ္၊ ဒါကတစ္ခု။

ေနာက္တစ္ခါ ျမစ္ဆုံနဲ႔ ပတ္သက္လာရင္ ဆရာတို႔က emotion ေတြေပါ့ေနာ္၊ ဟို emotion ေတြက သိပ္မ်ားတာကိုး၊ လူေတြ အခုစဥ္းစားတဲ့အခါ ဒါလည္း ဆရာတို႔နားလည္ရမွာက လူေတြရဲ႕စဥ္းစားခ်က္က ခံစားမႈကို ေရွ႕တန္းတင္တာ၊ ေခါင္းေအးေအးထား စဥ္းစားရင္ ဘယ္လိုလုပ္ရင္ရမလဲဆိုတာ အေျဖရွိႏိုင္တယ္ေလ၊ အခုကေတာ့ အားလုံးက emotional level သိပ္ျမင့္တဲ့အခါက်ေတာ့ အေၾကာင္းအက်ိဳး သြားခ်ျပရင္ေတာင္ ျပႆနာေတာ္ေတာ္ႀကီးမယ္ေလ၊ အဲ့ဒီေတာ့ ဒါကို အစိုးရမွာ လုပ္ရတဲ့ space က သိပ္ကိုက်ဲသြားတယ္၊ ေနာက္တစ္ခုက သူတို႔ႏိုင္ငံတိုင္းမွာျဖစ္တာက အရင္အစိုးရတစ္ခု ကတိကဝတ္ျပဳထားတာကို ေနာက္အစိုးရက ဆက္ၿပီးတာဝန္ယူတာကို ဘယ္ေလာက္အထိ ယူႏိုင္တယ္၊ မယူႏိုင္တယ္ ဆိုတဲ့ ျပႆနာက တစ္ကမာၻလုံးမွာရွိတဲ့ ျပႆနာတစ္ခုေလ။

အဲ့ဒီေတာ့ ႏိုင္ငံေရးအရ အစိုးရေတြ ေျပာင္းသြားေပမယ့္ အရင္အစိုးရ လက္မွတ္ထိုးတာေတြ ကတိျပဳတာေတြအားလုံး အဲ့ဒီေတာ့ အရင္အစိုးရ ဘာေတြကတိျပဳထားသလဲ အသီးသီးျပန္ၾကည့္ဖို႔ေတာ့ လိုလိမ့္မယ္ေလ၊ အဲ့ဒီေတာ့ အေရးႀကီးတာ ဆရာထင္တာေပါ့ေနာ္ ကိုယ့္ႏိုင္ငံအတြက္ အေကာင္းဆုံးျဖစ္ေအာင္ ဆရာတို႔ လုပ္ၾကရမွာပဲ၊ အဲ့ဒီမွာ ဆရာေအာက္ေမ့တာကေတာ့ အားလုံးေပါ့ေလ၊ ျပည္သူေတြ အပါအဝင္က ဆရာထင္တယ္၊ နည္းနည္းေလး နားလည္မႈရွိဖို႔ လိုလိမ့္မယ္ထင္တယ္၊ လုပ္ရကိုင္ရတာေလ တကယ့္ကို အင္မတန္မွ သူတို႔ေျပာေနတဲ့ သိမ္ေမြ႕တဲ့ ခက္ခဲတဲ့ လမ္းကို ေလွ်ာက္ေနရတာေပါ့၊ balance က အၿမဲတမ္းေျခခ်ေနရတာေလ၊ ႀကိဳးတန္းေလွ်ာက္ေနရတာေလ၊ အစြန္းေရာက္လို႔မရဘူး၊ အစြန္းေရာက္တာနဲ႔ အားလုံးက ဒုကၡေရာက္သြားလိမ့္မယ္၊ ဒီေနရာမွာ ႏိုင္ငံေရးအရလည္း သတိထားရမွာ၊ စီးပြားေရးအရလည္း သတိထားရမွာ၊ ေနာက္တစ္ခါ ဆရာတို႔ အတိတ္သမိုင္းကိုလည္း ေမ့လို႔မရဘူး၊ တ႐ုတ္နဲ႔ ကိုယ္နဲ႔ ေပါက္ေဖာ္ ေပါက္ေဖာ္ ေျပာေနေပမယ့္ လူေတြရဲ႕စိတ္ထဲမွာ တစ္မ်ိဳးရွိေနတာေလ၊ အဲ့ဒီေတာ့ ခံစားခ်က္ေတြက ရွိေနတဲ့အခါက်ေတာ့ ဒါေတြကို ေက်ာ္လႊားႏိုင္ေအာင္ ဆရာထင္တယ္ သိမ္သိမ္ေမြ႕ေမြ႕ လုပ္ၾကလိမ့္မယ္၊ လုပ္ႏိုင္လိမ့္မယ္လို႔ ကိုယ္ကေတာ့ ေမွ်ာ္လင့္တာေပါ့ေလ။

Opinion Leaders ။     ။  တကယ္လို႔ အခုသြားတဲ့ဖိုရမ္မွာ တ႐ုတ္ဘက္က အဆိုျပဳတာေတြကို ျမန္မာဘက္က မလိုက္ေလ်ာႏိုင္တဲ့ ျမစ္ဆုံကိစၥ ဆိုတာမ်ိဳးေတြ၊ ရခိုင္က ေက်ာက္ျဖဴလိုဟာမ်ိဳးေတြ ရန္ကုန္ၿမိဳ႕သစ္လို စီမံကိန္းေတြမွာ ဟိုဘက္က စီမံကိန္းေတြခ်ျပလို႔ လက္မခံႏိုင္တဲ့အခါက်ရင္ ဆိုးက်ိဳးေတြက ဘယ္လိုျဖစ္လာႏိုင္သလဲ။တကယ္လို႔ ဟိုဘက္က အဆိုျပဳတဲ့ဟာက တကယ္လို႔အဆင္မေျပလာလို႔ရွိရင္ ေတာ္ေတာ္မ်ားမ်ား သိထားတဲ့ AA ကိစၥေတြ၊ “ဝ” ကိစၥနဲ႔ ႏိုင္ငံေရး၊ စီးပြားေရး၊ လူမႈေရး ျပႆနာေတြမွာ ဘယ္လိုေတြျဖစ္လာႏိုင္သလဲ ဆရာ။တကယ္လို႔ လက္မခံႏိုင္ခဲ့လို႔ရွိရင္။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ အခုေျပာတာေတြအားလုံး ခ်ျပလိုက္ရင္ေနာ္ ဆရာတို႔ ထိလြယ္ရွလြယ္ ကိစၥတစ္ခုကေတာ့ ဥပမာ - အားလုံးေျပာတဲ့ ျမစ္ဆုံကိစၥ၊ ေနာက္တစ္ခါ ရန္ကုန္ၿမိဳ႕သစ္ စီမံကိန္းကိစၥ ေနာက္တစ္ခါ ေက်ာက္ျဖဴကိစၥ၊ ဒါကသုံးခု၊ ၿပီးေတာ့မွ “ဝ” နဲ႔ ရခိုင္ ကိစၥေပါ့၊ အဲ့ဒီေတာ့ ဒါေတြအားလုံးကို ဆရာတို႔ လႊမ္းၿခဳံၾကည့္လိုက္လို႔ရွိရင္ ဥပမာ - ေက်ာက္ျဖဴတို႔၊ ရန္ကုန္တို႔ဟာ စီးပြားေရးျပႆနာေတြ၊ ဒီသုံးခုက စီးပြားေရးျပႆနာ၊ ဟိုႏွစ္ခုက ႏိုင္ငံေရးျပႆနာ၊ အဲ့ဒီေတာ့ ႏိုင္ငံေရးျပႆနာနဲ႔ စီးပြားေရးျပႆနာ သြားၿပီးေတာ့ ခ်ိတ္ေနတာေပါ့၊ ခ်ိတ္ေနေတာ့ ဒီလို ဆရာတို႔ ဆရာထင္ပါတယ္ေနာ္ တစ္ဖက္က ဒီဖိုရမ္မွာေပါ့ေနာ္၊ Summit မွာ ထိပ္သီးအစည္းအေဝးမွာ တျခားႏိုင္ငံေတြ လုပ္တဲ့ပုံစံအတိုင္း၊ တျခားႏိုင္ငံေတြကလည္း ကိုယ့္ႏိုင္ငံအတြက္ အက်ိဳးရွိေအာင္ သူတို႔လုပ္တဲ့ပုံစံအတိုင္း တ႐ုတ္ေတြကလည္း သူတို႔အက်ိဳးရွိေအာင္ လုပ္မယ္ဆိုေတာ့ ကိုယ့္ဘက္က မနစ္နာေအာင္ နစ္နာမႈအနည္းဆုံး အေကာင္းဆုံးျဖစ္ေအာင္ ဆရာထင္တယ္ ေဆြးေႏြးၾကတာမ်ိဳး ေအာက္ေမ့တယ္။

တစ္ဖက္က သူမ်ားႏိုင္ငံနဲ႔မတူတာက ခုနေျပာတဲ့ အခ်က္ငါးခ်က္က သူမ်ားႏိုင္ငံမွာ မရွိတဲ့ျပႆနာေလ၊ အခု အီတလီႏိုင္ငံမွာဆိုရင္ သူတို႔က သူတို႔ဆီမွာရွိတဲ့ ယိုယြင္းေနတဲ့ ဆိပ္ကမ္းေတြကို ျပန္ၿပီးျပဳျပင္ေျပာင္းလဲဖို႔ လုပ္ေပးပါလို႔ေျပာေတာ့ သူတို႔မွာ အေပးအယူက စီးပြားေရးအေပးအယူပဲရွိတယ္၊ ဆရာတို႔လို စီးပြားေရးေရာ၊ ႏိုင္ငံေရးေရာ၊ လူမႈေရးေရာ ယဥ္ေက်းမႈေရာ ပါတဲ့ဟာမ်ိဳး မဟုတ္ဘူး။အခုဆိုပါစို႔ ခုနေျပာေနတဲ့ ရခိုင္ကိစၥ ဆိုျပန္ေတာ့လည္း AA ျပႆနာက တ႐ုတ္အားေပးတဲ့ ပုံစံလိုျဖစ္ေနတယ္။ဟုတ္တယ္မဟုတ္လား။ေနာက္တစ္ခုက ကိုယ့္ျပည္တြင္းၿငိမ္းခ်မ္းေရးကိစၥ KIA လည္း ပါတယ္၊ ေနာက္တစ္ခါ “ဝ” လည္း ပါတဲ့ဟာမ်ိဳး ျဖစ္ေနေတာ့ ဆရာတို႔မွာ ဒါေၾကာင့္ ဆရာ ခဏခဏေျပာတယ္၊ Space က သိပ္က်ဥ္းတာ၊ ေ႐ႊ႕ဖို႔ သူမ်ားေတြလို လြတ္လြတ္လပ္လပ္ ေ႐ႊ႕ႏိုင္တဲ့ အေနအထားမ်ိဳးမရွိဘူးေလ။

ဆရာထင္ပါတယ္ ယုံပါတယ္။သြားမယ့္သူက ေျပာတတ္ဆိုတတ္တဲ့ နားလည္တတ္တဲ့လူနဲ႔ သြားလို႔ရွိရင္ ဆရာအၿမဲတမ္းေအာက္ေမ့တာေလ အစြန္းႏွစ္စကို ဒီကေန ကိုယ့္အတြက္ အေကာင္းဆုံးရေအာင္ ဘာလုပ္မလဲ။ရလဒ္ကို minimum ေပါ့ေလ။ဒါေလးေတာ့ အနည္းဆုံးရေအာင္ လုပ္မွရမယ္၊ လုံးဝႀကီးလည္း ျပတ္ေတာက္သြားေအာင္ ျဖစ္ႏိုင္တဲ့ အေျခအေနကလည္း ဒါကိုလက္ခံႏိုင္တဲ့ အေျခအေနမွ မရွိတာကိုး၊ ကိုယ့္ႏိုင္ငံရဲ႕အေနအထားအရေလ၊ ဒါေပမဲ့ တစ္ဖက္ကလည္း ရွိသမွ်အားလုံးကို လက္ခံလိုက္ၿပီးေတာ့ ဝကြက္အပ္လိုက္လို႔ကလည္း မျဖစ္ႏိုင္ဘူးေလ။အဲ့ဒီေတာ့ အဲ့ဒီႏွစ္ခုၾကားထဲမွာ ဆရာထင္တယ္ အေကာင္းဆုံးျဖစ္ေအာင္လို႔ အေျဖထြက္လိမ့္မယ္လို႔ ေအာက္ေမ့တာပဲ၊ ဆရာတို႔ ေမွ်ာ္လင့္ၾကတာေပါ့ေလ။

Opinion Leaders ။     ။ အခုလိုေျဖၾကားေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္ ဆရာ။

ေဒါက္တာေအာင္ထြန္းသက္
ဧၿပီ - ၂၄