【 ပညာရှင်များ၏အမြင် 】 “အနှစ် ၂၀ စီမံကိန်းတွေကို သွားစဉ်းစားလို့မရဘူး”

【 ပညာရှင်များ၏အမြင် 】 “အနှစ် ၂၀ စီမံကိန်းတွေကို သွားစဉ်းစားလို့မရဘူး”

ဘေကျင်းမှာ ကျင်းပတဲ့ OBOR ဒုတိယဖိုရမ်ကို တက်ရောက်ဖို့ သွားရောက်ခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ခရီးစဉ်နောက်ပိုင်း ပြည်တွင်းနိုင်ငံရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များကြား မျှော်လင့်ချက်ဖြစ်ထွန်းမှုများ ရှိခဲ့သလို အကောင်းဘက်က ရှုမြင်မှုများလည်း ရှိခဲ့ပါတယ်။ထိုခရီးစဉ်အတွင်း တရုတ်ဘက်မှ တာဝန်ရှိသူများနှင့် သဘောတူညီချက် သုံးခုကို လက်မှတ်ရေးထိုးခဲ့ပါတယ်။နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ခရီးစဉ်ကြောင့် လက်ရှိတုံ့နှေးနေသည့် မြန်မာ့စီးပွားရေးအပေါ် တရုတ်ဘက်မှ OBOR နှင့် ဆက်နွယ်သည့် ရင်းနှီးမြုပ်နှံမှုများကြောင့် ပြန်လှုပ်နိုးလာမှု ရှိ/မရှိ နှင့် နိုင်ငံရေးအခြေအနေများအပေါ် နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေးပုဂ္ဂိုလ်နှင့် ဝါရင့်စီးပွားရေးပညာရှင် ဆရာ ဒေါက်တာအောင်ထွန်းသက် အား မေးမြန်းခဲ့ပါတယ်။ဆရာ ဒေါက်တာအောင်ထွန်းသက်၏ ရှုမြင်သုံးသပ်ချက် အပြည့်အစုံကို ယခုတစ်ပတ်အတွက် အထူးအစီအစဉ်အဖြစ် မေးမြန်းဖော်ပြလိုက်ပါတယ်။

(Opinion Leaders Media အယ်ဒီတာအဖွဲ့)

Opinion Leaders ။     ။ မကြာခင်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ OBOR ခရီးစဉ်မှာ ဒီထဲမှာတော့ မြစ်ဆုံနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့တာမရှိပေမယ့် စီးပွားရေးစြင်္ကန်နဲ့ ပတ်သက်ပြီး ဆွေးနွေးတာရယ် ဆန်တစ်ချိန် တစ်သိန်းအတွက် ဆွေးနွေးခဲ့တဲ့ အနေအထားတွေ၊ တရုတ်ဘက်နဲ့  စီးပွားရေးအတွက် စာချုပ်တွေ ရေးထိုးခဲ့တာရှိတဲ့ အနေအထားအရ အကုန်လုံးခြုံကြည့်လိုက်လို့ရှိရင် မြန်မာ-တရုတ် စီးပွားရေးကုန်သွယ်မှုက လာမယ့်နှစ်တွေအတွင်း ပြန်ကောင်းလာနိုင်ချေရှိလား ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ အခု ဆရာထင်တယ်နော်၊ လက်ရှိ မြန်မာ-တရုတ် ကုန်သွယ်ရေး၊ လက်ရှိ နိုင်ငံရေးအခြေအနေ၊ လက်ရှိ စီးပွားရေးအခြေအနေကို ပြန်ကြည့်လိုက်လို့ရှိရင် နောက်တစ်ခါ geopolitics နိုင်ငံတကာဆက်ဆံရေး ဘာညာတွေ ကြည့်လိုက်ရင် တရုတ်-မြန်မာ ကုန်သွယ်ရေးကို တတ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် လုပ်နိုင်ရေးက ကိုယ့်တာဝန်ဖြစ်နေတယ်။

ဘာလို့လဲဆိုတော့ ဆရာတို့မှာ အဖြေမရှိဘူး။ဒါ ပွင့်ပွင့်လင်းလင်းပြောလို့ရှိရင် အနောက်နိုင်ငံဆိုတာလည်းပဲ တကယ့်ကို ဘာမှကို ဆရာတို့ ယုံစားလို့ရတာ မဟုတ်တော့ဘူး၊ အဲ့ဒီတော့ အဲ့ဒါကြီးကို တမျှော်မျှော်နဲ့ လုပ်နေဖို့ဆိုတာထက်ကို တရုတ်ကို အဆင်ပြေအောင် ဘယ်လိုလုပ်မလဲ။ဘာလို့လဲဆိုတော့ သူဟာ ကိုယ့်ရဲ့ သော့ချက်ဖြစ်နေတာ၊ ဟုတ်တယ်မဟုတ်လား၊ ဆန်နဲ့ ပတ်သက်လို့ရှိရင်လည်း သူပြဿနာလုပ်တာနဲ့ ဆရာတို့ ဒုက္ခရောက်တာ၊ သစ်သီးဝလံနဲ့ ပတ်သက်လို့လည်း ဒီလိုပဲကုန်သွယ်မှုစခန်းတွေမှာလည်း ဒီလိုပဲဆိုတော့ ဆရာတို့အနေနဲ့ကတော့ သူတို့နဲ့ ကိုယ်နဲ့ အဆင်ပြေအောင် ဘယ်လိုလုပ်ကြမလဲ၊ အဆင်ပြေအောင် ဘယ်လိုလုပ်ကြမလဲ ဆိုတဲ့အခါမှာ ပြဿနာကရှိနေတာက နိုင်ငံရေးပြဿနာဖြစ်နေတာ၊ နိုင်ငံရေးပြဿနာက တရုတ်နဲ့ ပတ်သက်လာရင် စိတ်ပူစရာတွေ စိုးရိမ်တဲ့သူကများတာကိုး။

အဲ့ဒီတော့ စိုးရိမ်စိတ်တွေကို ကိုယ့်ဆီမှာလည်း ဒီအတိုင်းပဲ စိုးရိမ်စိတ်ရှိတဲ့လူကို ဆရာတို့ အမျိုးအစားခွဲလိုက်ရင် တကယ့်ကို စိတ်သွေးရိုးသားရိုးနဲ့ ဆရာတို့ ဟိုစိတ်ပူတယ်၊ စိုးရိမ်တယ်၊ ကိုယ်နစ်နာမှာကြောက်လို့ ပြောတဲ့သူတွေရှိသလို တစ်ချို့ကျပြန်တော့လည်း ပြောရရင်ပြီးရောဆိုတဲ့ ဆန္ဒတွေနဲ့ ပြောနေတာရှိတယ်၊ ဟုတ်တယ်နော်၊ Activity ပေါ့၊ အရာရာကို ကန့်ကွက်မယ်၊ ဘာပဲလုပ်လုပ် ကန့်ကွက်မယ်ဆိုတဲ့ဟာမျိုးကို ဖြစ်နေရင်တော့ လုပ်လို့မရဘူးလေ။

အဲ့ဒီလိုပြောတယ်ဆိုတော့ ဆရာတို့အနေနဲ့ အားလုံးကိုလက်ခံရမယ်လို့ မဆိုလိုပေမယ့် တစ်ခုကြည့်ရမှာက National interest နဲ့ Trust Interest ပေါ့၊ အခုဖြစ်နေတာဟာ မြစ်ဆုံနဲ့ ပတ်သက်လို့ ပြောနေတဲ့ ဆိုနေတဲ့သူတွေ အားလုံးဟာ အခု ဆရာတို့ပြောနေတာတွေ အားလုံးဟာ လူကြိုက်များအောင် ပြောနေရတဲ့ သဘောတွေများတယ်လို့ ဆရာထင်တယ်။ ဟုတ်တယ်မဟုတ်လား၊ Cele သမားတွေ၊ ဒါတွေအားလုံးဟာ တစ်ယောက်ကို တစ်ကျပ် တစ်ဒေါ်လာ ဘာညာဆိုတဲ့ဟာတွေ အားလုံးဟာ လက်တွေ့မကျဘူးလေ။လူ ၅၀ သန်း ရှိတဲ့အထဲမှာ တကယ်တမ်း တစ်ဒေါ်လာ တင်နိုင်တဲ့သူ ဘယ်နှစ်ယောက်ရှိသလဲ၊ ဟုတ်တယ်မဟုတ်လား၊ အဲ့ဒီတော့ အဲ့ဒီလိုအခြေအနေမျိုးရှိတဲ့ အချိန်မျိုးမှာ ဒီလိုလှူပါလို့ အတင်းပြောနေတဲ့ဟာက သဘာဝမကျဘူးလို့ ထင်တယ်၊ သူတို့ရဲ့ ဟိုဟာကို နားလည်တယ်၊ အဲ့ဒါကလည်း နိုင်ငံရေးရင့်ကျက်မှုပဲ။

ဒီဘက်က ကိုယ့်ရဲ့ ကိုယ်လိုချင်တာကိုသာ ဒီမိုကရေစီနိုင်ငံ ဖြစ်လာပေမယ့် ကိုယ့်ဘက်ကလည်းပဲ ငါ့စကားနွားရ ကိုယ်လိုချင်တာချည်း ပြောနေတာရှိသလို တစ်ဖက်ကလည်း ပုံစံအမျိုးမျိုးနဲ့ ဆရာတို့ပြောနေတာ ရှိတယ်လေ၊ ပြောနေတာရှိတဲ့အခါကျတော့ တကယ်တမ်း ဘယ်သူ့အတွက်ကို ဒီလိုရတဲ့အဖြေသည် ဘယ်သူ့အတွက် အကျိုးရှိသလဲဆိုတာကို မေးခွန်းက မေးခွင့်မှမရှိတာလေ၊ အဲ့ဒီတော့ အဲ့ဒီလိုဖြစ်တော့ အခုတခြားနိုင်ငံတွေနော် ဆရာတို့ကြည့်လိုက်လို့ရှိရင် နိုင်ငံ့ခေါင်းဆောင်တွေလာတယ်၊ ဟိုးအတော်ကြီးကိုဝေးတဲ့ နိုင်ငံတွေလာတယ်၊ အမေရိကန် မလာတာက တစ်ပိုင်း၊ သူ့ရဲ့နိုင်ငံရေးပြဿနာရှိတယ်၊ ဥရောပခေါင်းဆောင်တွေ၊ အရှေ့တောင် အာရှခေါင်းဆောင်တွေ အားလုံးလာကြတာ။

ဘာလို့လဲဆိုတော့ ဒါကြီးကို ဆရာတို့ လက်ခံရတော့မယ်လေ၊ ဟုတ်တယ်မဟုတ်လား၊ အဲ့ဒီတော့တစ်ခုပဲရှိတာ ကိုယ့်အတွက် အကျိုးရှိဆုံး ဘယ်လိုတွန်းရမလဲဆိုတာကိုပဲ ဆရာထင်တယ် စဉ်းစားသင့်တယ်ထင်တယ်။မဟုတ်ဘဲနဲ့ ဒါကြီးကို အတင်းကန့်ကွက်တယ်၊ ဘာမှမလုပ်ဘူးလို့ပြောရင် ဘယ်လိုလုပ်ကြမလဲ၊ ကိုယ့်ဆီမှာလည်း မနေ့ကတောင် လုပ်ငန်းရှင်များနဲ့ တွေ့တဲ့အခါမှာ infrastructure တွေ၊ အခုတကယ်တမ်း နည်းလမ်းကိုပြောရင် infrastructure ကို ပြောတာ၊ ဟုတ်တယ်မဟုတ်လား၊ ကိုယ့်နိုင်ငံမှာလည်း ဘာလိုလဲလို့ပြောရင် infrastructure လိုတာလေ၊ အဲ့ဒီတော့ တစ်ဖက်ကလိုတာနဲ့ တစ်ဖက်က ပေးနိုင်တာနဲ့က ကွက်တိဖြစ်နေတာလေ။

ဒါပေမဲ့ အဲ့ဒါကို ကိုယ်က အိမ်နီးနားချင်းနိုင်ငံဖြစ်တယ် ကိုယ့်အတွက်က အခွင့်အရေးအများဆုံး နိုင်ငံဖြစ်လျက်နဲ့ ကိုယ်က မယူနိုင်တာ၊ ဆရာတို့ နိုင်ငံရေးတိုက်ကွက်တွေက များတာကိုး၊ ပြောတဲ့သူတွေက ပြောလိုက်ပြန်ပြီ လက်ပံတောင်းတောင် သွားစဉ်းစားမိတယ်၊ ပြောလိုက်တာနဲ့ မြစ်ဆုံသွားစဉ်းစားမိတယ် ဆိုတော့ ဒါပေမဲ့တစ်ခုရှိတာက လူတွေအားလုံးက တော်တော်လေးကို စိတ်ဝင်စားဖို့ကောင်းတာက အားလုံးက Emotion နဲ့၊ ခင်ဗျားတို့ ဂဃနဏချတွက်ရင် ချတွက်တဲ့သူ ဒုက္ခရောက်မှာ၊ ဟုတ်တယ်မဟုတ်လား၊ အကြောင်းအကျိုး စဉ်းစားမယ့်သူ မဟုတ်ဘူးလေ၊ ခင်ဗျားလာမပြောနဲ့ အလိုတော်ကြီး ဘာညာဖြစ်မှာ၊ အဲ့ဒီတော့ ချလိုက်လို့ရှိရင် မသေချာဘူးပေါ့နော်၊ ဟုတ်တယ်မဟုတ်လား၊ ရမယ့်အကျိုးနဲ့ စီးပွားရေးအခြေခံက ကုန်ကျစရိတ် ချိန်ကြတာလေ၊ အလုပ်တစ်ခု လုပ်တော့မယ်ဆိုရင် ကုန်ကျစရိတ် ဘယ်လောက်ရှိသလဲ၊ အလုပ်တစ်ခု လုပ်တော့မယ်ဆိုရင် အကျိုးအမြတ် ဘယ်လောက်ရှိမလဲ အဲ့ဒီနှစ်ခုချိန်ပြီးတော့ အကျိုးအမြတ်သည် အရင်းထက်များရင်တော့ လုပ်ပေါ့၊ မဟုတ်ရင်တော့ မလုပ်ရဘူးဆိုတဲ့ဟာမျိုးက ဆရာတို့အခုအနေအထားပဲ၊ အခုက အဲ့ဒီလိုချနိုင်တဲ့ အနေအထားတောင်မရှိဘူး၊ အကျိုးအမြတ်ကို လုံးဝမကြည့်ဘူး၊ အပြစ်ကိုပဲကြည့်ရင်တော့လည်း ဘာမှလုပ်လို့မရဘူး၊ တစ်ဖက်ကပဲရှိတာ တစ်မျိုး၊ ခေတ်ကလည်းရှိခဲ့တာက လူတွေနဲ့ ပေးမသိတာ အရင်တုန်းက ဘယ်သူနဲ့မှ မတိုင်ပင်ဘဲနဲ့ ကိုယ့်သဘော ကိုယ့်ဆန္ဒနဲ့ အဆုံးအဖြတ်တွေ ပေးခဲ့တာကိုး၊ ဟုတ်တယ်မဟုတ်လား၊ လူတွေကလည်း အဲ့ဒီဟာကြီးကို မမေ့နိုင်ဘူးလေ၊ မမေ့နိုင်တဲ့အခါကျတော့ ဆရာထင်တာက လိုတာထက် နည်းနည်းလေးများ ပိုနေမလားပေါ့နော်၊ ဒါပေမဲ့ ကုန်သွယ်ရေး အခု ဆရာတို့ပြောနေတာ မူဆယ်နဲ့ ကုန်သွယ်မှု အဆင်ချောဖို့ အဲ့ဒီမှာရှိတဲ့ တံခါးကို ဖွင့်ပစ်လိုက်ရမှာပေါ့၊ ဖွင့်ပါလို့ပြောနေတာ တော်တော်ကြာပြီ၊ ဒါပေမဲ့ အခုအထိ ဘယ်သူ့မှာတာဝန်ရှိလို့ ဟိုဘက်မှာ လွယ်လွယ်ကူကူ လုပ်လို့ရနိုင်ပေမယ့် ကိုယ့်ဘက်မှာက လုပ်ရကိုင်ရခက်နေရော၊ ဝန်ကြီးဌာနတွေ အများကြီးရှိပေမယ့် ညှိနှိုင်းမှုတွေ အားနည်းတော့ ဆရာတို့မှာ ခက်နေတာပေါ့၊

Opinion Leaders ။     ။ ရန်ကုန်မြို့သစ်စီမံကိန်းကို ဂျပန် ODA ချေးငွေ နှစ် ၄၀ နဲ့ လုပ်မယ်လို့ပြောတယ်။မြန်မာနိုင်ငံ စီးပွားရေး ပြန်နိုးထဖို့ တကယ်မောင်းနှင်မှာက ပြည်ပချေးငွေတွေနဲ့စမယ့် စီမံကိန်းတွေ ဖြစ်ပေမယ့် တော်တော်များများက မစနိုင်ဘူး။တင်သမျှ ချေးငွေတွေ၊ စီမံကိန်းတွေက လွှတ်တော်မှာ ကြန့်ကြာနေတာတွေ၊ ကန့်ကွက်တာတွေ ဖြစ်နေတယ်။လက်ရှိမှာ အစိုးရသက်တမ်းကလည်း ကုန်ခါနီးတဲ့ အနေအထားတွေဖြစ်လာသလို ဒီစီမံကိန်းတွေကလည်း လုံးလုံးမစနိုင်သေးလို့ ပြည်တွင်းစီးပွားရေးက အတက်ဘက်ကို လုံးလုံးမရောက်နိုင်ဘဲ အီနေတယ်။တစ်ချို့နေရာတွေမှာ တော်တော်လေး ပြန်ထိုးကျနိုင်တဲ့ အနေအထားရှိတယ်။ဒီအခြေအနေက လာမယ့် ရွေးကောက်ပွဲမှာ အာဏာရပါတီအတွက် ထိခိုက်နိုင်လား၊ နောက်တစ်ချက်က ဒီစီမံကိန်းတွေက တကယ်ပဲမလိုအပ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ကန့်ကွက်နေတာလား ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ အဲ့ဒီဟာတွေအားလုံးကပေါ့နော်၊ ပြည်သူတွေလိုအပ်ချက်က အခုက ဟို နိုင်ငံရေးအရ ၂၀၂၀ ရွေးကောက်ပွဲက ကပ်နေပြီဆိုတော့ တစ်ဖက်ကလည်း ဒါကို နိုင်ငံရေးပေါ့နော်။ Recycle ကြီးက လည်နေတဲ့အခါကျတော့ တဖြေးဖြေး ရွေးကောက်ပွဲနီးလာလေလေ ရေရှည်ကိစ္စ မလွှမ်းနိုင်လေပဲ၊ ကာလတိုပဲ စဉ်းစားရတော့မှာ၊ ဟုတ်တယ်မဟုတ်လား၊ ဒီမဲရဖို့ ဘယ်လိုလုပ်မလဲ၊ အကျိုးအမြတ်က ထင်သာမြင်သာတဲ့ Quick Queen ပေါ့၊ အမြန်ဆုံးရအောင် လုပ်ကြတာတို့ ဦးသိန်းစိန် လက်ထက်ကလည်း လုပ်ကြတာပဲ၊ အခုက ဆရာတို့မှာ စီးပွားရေးမှာ အတွေ့အကြုံတော့ အဲ့ဒါနဲ့နည်းနည်းယှဉ်လိုက်ရင် သူတို့မှာအထွက်မှာ သူတို့က Quick Queen ရအောင် လုပ်လိုက်တယ်လေ။ကားတွေသွင်းပေးလိုက်တာတို့ ဆင်းမ်ကတ်တွေကို ၁၅၀၀ နဲ့ ရအောင်လုပ်ပေးလိုက်တော့ သူတို့မှာ လူတွေက အမြန်ဆုံးယုံကြည်မှုရှိလာတယ်လေ၊ ရှိလာတဲ့အခါကျတော့ နောက်ပိုင်းမှာ သူတို့လုပ်ရည်ကိုင်ရည် အဆင်မပြေလို့ ဘာညာဆိုတာတွေကို တစ်မျိုးဖြစ်သွားတာပေါ့။

ဒါပေမဲ့ အတက်မှာတော့ တော်တော်လေး လူထုရဲ့ထောက်ခံမှု သူတို့တော်တော်လေးရခဲ့တယ်၊ ဆရာတို့ ဒီဘက်မှာကျတော့ အထွက်မှာ စီးပွားရေးကို မတွက်ခဲ့တော့ လူတစ်စုရဲ့ယုံကြည်မှု ပြန်ပြီးတည်ဆောက်နေရတာပေါ့၊ အဲ့ဒီတော့ အခု ကိုယ်ကတော့ တာဝန်မဲ့အချိန် ဖြစ်နေပြီလေ၊ တာဝန်မဲ့အချိန်မှာ ဘယ်လောက်လုပ်နိုင်မလဲ၊ သူတို့ပြောတဲ့ ပြဿနာမှာဆိုရင် တစ်ကမ္ဘာလုံးကလည်း ပြောနေတာက ဒီ OBOR ဆိုတာက အကြွေးထောင်ချောက်ကြီးလားဆိုတဲ့ မေးခွန်းပေါ့၊ တစ်ချို့တွေကတော့ ပြောကြတာ ဒါတကယ်တမ်းက အကြွေးထောင်ချောက်မဟုတ်ဘူး၊ တရုတ်ကို ပေးရမယ့်ဟာမဟုတ်ဘူး၊ ကိုယ့်ဟာနဲ့ကိုယ် ငွေကြေးစီမံခန့်ခွဲမှု အားနည်းလို့ဖြစ်တဲ့ ကိစ္စလို့ ပြောနေတာမျိုးရှိတယ်။

အဲ့ဒီတော့ အခု ရန်ကုန်မြို့သစ် ကိစ္စဟာလည်းပဲ ဒီအတိုင်းပေါ့၊ အစကတည်းကကို ပြောကြတယ်၊ ဒါတွေက အားလုံးကိုခြုံလိုက်ရင် ဆရာတစ်ခုပဲ သုံးသပ်မိတာက Communication ကိစ္စပေါ့၊ တစ်ဖက်နဲ့ တစ်ဖက် နားလည်အောင် မပြောနိုင်တဲ့ စိန်ခေါ်မှုက ရှိတုန်းပဲ၊ ဒီလွှတ်တော်နဲ့ အစိုးရနဲ့လည်း ရန်ကုန်တိုင်းမှာဆိုရင် တစ်ယောက်နဲ့ တစ်ယောက် နားလည်မှု တော်တော်အားနည်းတာလေ။အားနည်းတဲ့အခါကျတော့ ကိုယ်မြင်တာကိုပဲ ပြောနေတာ တစ်ဖက်ကလည်း၊ ဟိုဘက်ကလည်း တစ်ချို့ကိစ္စတွေမှာလည်း အစိုးရက ဆရာတို့ မရင့်ကျက်သေးဘူးလို့ ပြောလို့တော့ရတာပေါ့။

တကယ်တမ်းတော့ ဘာပဲလုပ်လုပ် တိုင်တိုင်ပင်ပင် Check and Balance ဆိုမျိုးတော့ အဖြေတစ်ခု ရနိုင်တယ်လေ၊ အဲ့ဒီလိုမဟုတ်ဘဲနဲ့ ငါပြောချင်ရာပြောမယ် ငါလုပ်ချင်ရာလုပ်မယ် မင်းနဲ့ဘာဆိုင်လဲဆိုတဲ့ အတွေးနဲ့လုပ်ရင်တော့ ပြီးတော့မှ ဟိုဘက်ကလည်း ကြပ်လို့ရတဲ့အချိန်၊ တားလို့ရတဲ့အချိန်မှာ တားကြတာကိုး၊ တားကြတဲ့အခါကျတော့ ဖျက်လို့ဖျက်ဆီးဖြစ်တော့ အခုက ဒီလိုပဲဖြစ်တာလေ။ဒီလိုပဲ လုံးလည်ပတ်ချာရိုက် ပြီးတော့ ကျန်တဲ့နှစ်နှစ်ကုန်တော့မယ်။တဖြေးဖြေးနဲ့ ကုန်သွားတာလေ၊ အခု သုံးနှစ်ရှိသွားပြီ၊ အခု နှစ်နှစ်ကျန်တာကို ဆရာတို့ ဘယ်လိုလုပ်ကြမလဲ။

ဆရာထင်တာတော့ ပြတ်ပြတ်သားသားပဲ။ကိုယ်လုပ်နိုင်သလောက်တော့ လုပ်ဖို့ပဲ လိုလိမ့်မယ်လို့ အောက်မေ့တယ်။အဲ့ဒီတော့ အဲ့ဒီမှာလည်း ကိုယ့်ရဲ့အမာခံတွေပေါ့၊ Base တွေပေါ့၊ ဆရာထင်တယ်နော် ကိုယ့်နိုင်ငံအတွက်ကိုလေ သူများနိုင်ငံ ကြည့်ဖို့ကောင်းတယ်၊ ဥပမာ - ဒေါ်နယ်ထရန့် ဆိုပါတော့ သူ ၂၀၂၀ သူ့မှာ လေးနှစ်ပဲရှိတယ်၊ သူနှစ်နှစ်ပြီးသွားပြီ နှစ်နှစ်ပဲကျန်တယ်၊ သူတစ်နှစ်ကျော်ကျော်ပဲကျန်တယ်၊ သူက Base ကို ခိုင်အောင်လုပ်ထားတာနော်၊ ဆရာတို့အနေနဲ့ မကြိုက်တာကြိုက်တာက တစ်ပိုင်း၊ ပရိသတ်ကိုတော့ သူက စည်းရုံးထားနိုင်တယ်လေ၊ အဲ့ဒီတော့ ဆရာတို့အနေနဲ့ ကိုယ့်ပရိသတ်ကိုကိုယ် စည်းရုံးနိုင်အောင် ဘာလုပ်ကြမလဲ၊ ဆရာထင်တယ် စဉ်းစားကြတာပေါ့၊ အတိုက်အခံက အငြိမ်နေတာ မဟုတ်ဘူးလေ၊ နောက်တစ်ခါ ကိုယ့်မှာ အတိုက်အခံဆိုတာကလည်း ပါတီတင်မကဘူး တခြားနည်းတွေနဲ့ အတိုက်အခံတွေ ရှိနေတာ၊ အဲ့ဒါလေးပေါ့နော် သူတို့လည်း ထည့်တွက်မယ်လို့ အောက်မေ့တယ်၊ အတိုက်အခံအင်အားကလည်း သေးတာမှ မဟုတ်တာ၊ အဲ့ဒါကြီးကို ပြန်ပြီးတန်ပြန်လှန်ဖို့က တော်တော်လုပ်မှရမယ်လို့ အောက်မေ့တယ်။

Opinion Leaders ။     ။ ဆရာ ဒါက နောက်ဆုံးမေးခွန်းပါပဲ ဆရာ၊ အခုလက်ရှိအနေအထားအရဆိုရင် OBOR နဲ့ ပတ်သက်တဲ့ စီမံကိန်းတွေနဲ့ ပတ်သက်လို့ရှိရင် ပြည်တွင်းစီးပွားရေးအရ မဖြစ်မနေယူရမယ့် အနေအထားမျိုး ဖြစ်နေတယ်။
နောက်တစ်ချက်က ရန်ကုန်မှာရှိတဲ့ စီမံကိန်းအများစုကလည်း တရုတ်နဲ့ ပတ်သက်တဲ့ စီမံကိန်း၊ တရုတ်နဲ့ ပတ်သက်တဲ့ လုပ်ငန်းကလည်း အရမ်းများတယ်။မကြာခင်က OBOR ဒုတိယဖိုရမ်မှာ တရုတ်သမ္မတက ထပ်ပြီးရင်းနှီးမြှုပ်နှံမယ်လို့ ပြောခဲ့တဲ့အတွက် ရန်ကုန်မြို့သစ်စီမံကိန်းက ဒီနှစ်ထဲမှာ မြန်မြန်ဆန်ဆန် ပြန်ဖြစ်နိုင်မလား ဆရာ။ရခိုင်မှာလုပ်နေတဲ့ တစ်ချို့စီမံကိန်းတွေဆိုရင် ထိုးရပ်ထားတာတွေရှိတယ်၊ ဒီဟာမျိုးတွေ။မူဆယ် စီးပွားရေးစြင်္ကန်နဲ့ ပတ်သက်လို့ရှိရင် လေ့လာနေတာပဲရှိသေးတယ်၊ ဒီဟာတွေက မီးရထားလမ်းတို့၊ ကားလမ်းတို့ ကုန်သွယ်စီးပွားရေးဇုန်တို့၊ ကန်ပိုက်တီးမှာလုပ်မယ့် စီးပွားရေးဇုန်လို ဟာမျိုးတွေက ဆရာ ခုနပြောတဲ့ မြန်မြန်ဆန်ဆန် ပြီးမြောက်နိုင်မယ့်ဟာမျိုးဆိုရင် ဒီနှစ်ထဲမှာ ဒီလုပ်ငန်းတွေဟာ သွက်သွက်လက်လက်နဲ့ စတင်လာနိုင်မလား ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ အဲ့ဒီတော့ ကိုယ်ကစဉ်းစားရမှာလေ၊ ခုနလို လူတွေအားလုံးရဲ့ အာရုံအနေနဲ့ကတော့ တရုတ် OBOR ကိစ္စ ရှိနေတဲ့အခါကျတော့ ဆရာတို့ နိုင်ငံတစ်နိုင်ငံအနေနဲ့ရော၊ ကုမ္ပဏီတစ်ခုအနေနဲ့ရော လူတစ်ယောက်အနေနဲ့တော့ Risk Management ပေါ့၊ ဒီအန္တရာယ်နဲ့ ပတ်သက်လို့ ဆရာတို့ အားလုံးပြောတာတော့ အားလုံးသိတဲ့အတိုင်းပဲ၊ အိတ်တစ်အိတ်ထဲမှာ ကြက်ဥတွေအားလုံး ထည့်ထားရင် အဲ့ဒီအိတ် ပြုတ်ကျသွားရင် အားလုံး ကြက်ဥတွေကွဲမှာ။ဟို ဖြစ်နိုင်ရင်တော့ ဖြန့်ထားဖို့လိုတယ်၊ အခုတလောက ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှာ ဘယ်သူ့ကို ကြိုဆိုသလဲဆိုရင် အိန္ဒိယပေါ့။အိန္ဒိယကလည်း အခုဆိုရင် Port ပေ့ါလေ၊ ဆိပ်ကမ်းလုပ်ပေးနိုင်တဲ့ ကမ္ဘာကျော် ထုတ်ကုန်ကုမ္ပဏီတွေရှိတယ်၊ အခုအချိန်မှာတော့ စစ်တွေမှာ အိန္ဒိယဖော်ခဲ့တဲ့ ကုလားတန် Project ပေါ့၊ ကုလားတန် Project လိုဟာမျိုးကို လုပ်ပေးနိုင်ရင် တရုတ်ကို တိုက်တာမျိုးမဟုတ်ပေမယ့် ကိုယ့််မှာ ရွေးချယ်စရာတွေရှိတယ်ဆိုတာ ပြဖို့လိုတယ်။

ဟိုတစ်ခုပဲ တစ်နေရာပဲ တစ်နိုင်ငံပဲ အားထားနေမယ့်အစား ကိုယ့်ကိုရင်းနှီးမြှုပ်နှံချင်တဲ့ အိန္ဒိယလည်း ရင်းနှီးမြှုပ်နှံမယ်ဆိုပါတော့ ထိုင်းလည်း ရင်းနှီးမြှုပ်နှံမယ်၊ ကိုရီးယားလည်း၊ ဂျပန်လည်း အစရှိသဖြင့်ပေါ့၊ အဲ့ဒီလိုဖြန့်နိုင်ရင်တော့ ခုနလူတွေရဲ့ negative အနေနဲ့ နည်းနည်းလျှော့နိုင်မယ် အောက်မေ့တယ်၊ ဟိုတစ်နေ့ကတောင် ပြောလိုက်သေးတယ်၊ အိန္ဒိယ ကမ္ဘာကျော်ကုမ္ပဏီ၊ ခင်ဗျားတို့ လုပ်ပေးပါဗျာ၊ ရန်ကုန်တင်မကဘူး မြန်မာပြည်မှာ မြို့ရွာစီမံကိန်း မန္တလေးမှာ၊ ဆိပ်ကမ်းနဲ့ပတ်သက်လို့ မန္တလေးဆိုတော့ အိန္ဒိယနဲ့နီးစပ်တယ်၊ အဲ့ဒီလိုဟာမျိုးကို သူတို့ ဆရာတို့အနေနဲ့လည်း ခွင့်ပြုပေးရင် ပြည်သူလူထုမှာလည်းရှိမှာက တရုတ်တစ်ခုတည်း ထားနေတာမဟုတ်ဘူး။

ကိုယ့်နိုင်ငံအတွက် အကျိုးရှိမယ့် ဘယ်သူပဲဖြစ်ဖြစ် အခုမှ နည်းနည်းလေး ကိုယ့်မှာ ရင်းနှီးစရာ နည်းနည်းလေး ကြပ်သွားတာက ဥရောပနဲ့ အနောက်နိုင်ငံတွေမလာတဲ့ ပြဿနာပေါ့။အဲ့ဒါလည်းပဲ ဆရာတို့ နိုင်ငံရေးနဲ့ သွားပြီးတော့ ပတ်သက်နေပြန်ရော၊ အစတုန်းက တောက်လျှောက် ဦးသန်းရွှေ လက်ထက်မှာ အနောက်နိုင်ငံ စီးပွားရေးပိတ်ဆို့မှုတွေရှိတာမို့ တရုတ်ကိုပဲလှည့်ပြီး အားကိုးနေရတာပဲလေ၊ တရုတ်တို့၊ စင်ကာပူတို့ အိမ်နီးနားချင်းနိုင်ငံတို့ကိုပဲ အားကိုးနေရတာလေ၊ အခု ၂၀၁၅ ရွေးကောက်ပွဲအပြီးမှာ ဒေါ်စု တက်လာလို့ ဒီမိုကရေစီနိုင်ငံ ဖြစ်လာလို့ အနောက်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုတွေကို မျှော်တုန်းရှိသေးတယ်၊ ရခိုင်အရေးက အမှတ်မထင်ပေါ်လာတော့ ဘာမှမလုပ်ရဘဲ ဖြစ်သွားရော၊ အဲ့ဒါကြီးကလည်း ဆရာတို့ ဝမ်းနည်းစရာပေါ့၊ မဟုတ်ရင် အရင်တုန်းကလို အခုက ဘာဖြစ်သွားလဲဆိုတော့ ရခိုင်ကိစ္စကြောင့် အရင်တုန်းကပုံစံ ပြန်ဖြစ်သွားပြန်ရော၊ ဟုတ်တယ်မဟုတ်လား၊ တရုတ်ကိုပဲ အားကိုးရမယ့် အနေအထားဖြစ်တယ်၊ ဘာလို့လဲဆိုတော့ ကျန်တဲ့ ရင်းနှီးမြှုပ်နှံမှု ဂျပန်ဆိုရင်လည်း တရုတ်နဲ့ယှဉ်လိုက်ရင် သူတို့လည်း စီးပွားရေးအင်အား ဒီလောက်မတောင့်တော့ဘူး၊ ဟုတ်တယ်မဟုတ်လား။ဒါပေမဲ့ ကိုယ့်အနေနဲ့ ဂျပန်တို့၊ ကိုရီးယားတို့ ဟို ကျန်တဲ့ အိမ်နီးနားချင်းနိုင်ငံ အာဆီယံ ဒီလောက်ကိုပဲ အားကိုးရမယ်လို့ ဖြစ်နေတာ၊ အဲ့ဒီလိုမြန်မြန်လေး များများလုပ်ပေးနိုင်ရင်တော့ Quick Queen ရမယ် အောက်မေ့တာပဲ။

Opinion Leaders ။     ။ ဆရာ ဒါဆိုရင် အားလုံးခြုံကြည့်လိုက်ရင် တရုတ်နဲ့ ပတ်သက်တဲ့ စီမံကိန်းတွေကို negative နဲ့ မြင်ဖို့တော့ မလိုတော့ဘူး၊ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ငွေကြေးဆိုင်ရာ စီမံခန့်ခွဲမှုက ပြန်ပြီးတော့ ဂရုစိုက်ရမယ်၊ နောက်တစ်ချက်က လာမယ့်နှစ်နှစ်အတွင်းမှာ သေသေချာချာ မြန်မြန်ဆန်ဆန် ထိရောက်နိုင်မယ့်ဟာတွေကို ဦးစားပေးရမယ်ဆိုတဲ့ သဘောပေါ့နော် ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ အဲ့ဒါပဲ။ဘာဖြစ်လို့လဲဆိုတော့ ကိုယ်က ကိုယ့်မှာ ဒါပဲကျန်တာကိုး၊ စီမံချက်တွေကို ဒီတိုင်း၊ နောက်တစ်ခါ အနှစ် ၂၀ စီမံကိန်းတွေကို သွားစဉ်းစားလို့မရဘူး၊ ဟုတ်တယ်မဟုတ်လား၊ ဒါတွေက ကိုယ့်လက်ထဲ ဖြစ်ချင်မှလည်းဖြစ်မှာ၊ ကိုယ်ကလည်း ရှိချင်မှလည်းရှိမှာပေါ့လေ၊ အဲ့ဒီအခါကျတော့ ကိုယ်ရှိတုန်း ဘာလုပ်လို့ရသလဲဆိုတော့ ဆရာထင်တာတော့ ဦးစားပေးပြီး Focus ပဲ လိုတယ်လို့ အောက်မေ့တာပဲ၊ ဟုတ်တယ်မဟုတ်လား။

Opinion Leaders ။     ။ ကျေးဇူးတင်ပါတယ် ဆရာ။

( Zawgyi )

ေဘက်င္းမွာ က်င္းပတဲ့ OBOR ဒုတိယဖိုရမ္ကို တက္ေရာက္ဖို႔ သြားေရာက္ခဲ့တဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၏ တ႐ုတ္ခရီးစဥ္ေနာက္ပိုင္း ျပည္တြင္းႏိုင္ငံေရးႏွင့္ စီးပြားေရးလုပ္ငန္းရွင္မ်ားၾကား ေမွ်ာ္လင့္ခ်က္ျဖစ္ထြန္းမႈမ်ား ရွိခဲ့သလို အေကာင္းဘက္က ရႈျမင္မႈမ်ားလည္း ရွိခဲ့ပါတယ္။ထိုခရီးစဥ္အတြင္း တ႐ုတ္ဘက္မွ တာဝန္ရွိသူမ်ားႏွင့္ သေဘာတူညီခ်က္ သုံးခုကို လက္မွတ္ေရးထိုးခဲ့ပါတယ္။ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၏ တ႐ုတ္ခရီးစဥ္ေၾကာင့္ လက္ရွိတုံ႔ေႏွးေနသည့္ ျမန္မာ့စီးပြားေရးအေပၚ တ႐ုတ္ဘက္မွ OBOR ႏွင့္ ဆက္ႏြယ္သည့္ ရင္းႏွီးျမဳပ္ႏွံမႈမ်ားေၾကာင့္ ျပန္လႈပ္ႏိုးလာမႈ ရွိ/မရွိ ႏွင့္ ႏိုင္ငံေရးအေျခအေနမ်ားအေပၚ ႏိုင္ငံေတာ္သမၼတ၏ စီးပြားေရးအႀကံေပးပုဂၢိဳလ္ႏွင့္ ဝါရင့္စီးပြားေရးပညာရွင္ ဆရာ ေဒါက္တာေအာင္ထြန္းသက္ အား ေမးျမန္းခဲ့ပါတယ္။ဆရာ ေဒါက္တာေအာင္ထြန္းသက္၏ ရႈျမင္သုံးသပ္ခ်က္ အျပည့္အစုံကို ယခုတစ္ပတ္အတြက္ အထူးအစီအစဥ္အျဖစ္ ေမးျမန္းေဖာ္ျပလိုက္ပါတယ္။

(Opinion Leaders Media အယ္ဒီတာအဖြဲ႕)

Opinion Leaders ။     ။ မၾကာခင္က ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ရဲ႕ OBOR ခရီးစဥ္မွာ ဒီထဲမွာေတာ့ ျမစ္ဆုံနဲ႔ ပတ္သက္ၿပီး ေဆြးေႏြးခဲ့တာမရွိေပမယ့္ စီးပြားေရးျစကၤန္နဲ႔ ပတ္သက္ၿပီး ေဆြးေႏြးတာရယ္ ဆန္တစ္ခ်ိန္ တစ္သိန္းအတြက္ ေဆြးေႏြးခဲ့တဲ့ အေနအထားေတြ၊ တ႐ုတ္ဘက္နဲ႔  စီးပြားေရးအတြက္ စာခ်ဳပ္ေတြ ေရးထိုးခဲ့တာရွိတဲ့ အေနအထားအရ အကုန္လုံးၿခဳံၾကည့္လိုက္လို႔ရွိရင္ ျမန္မာ-တ႐ုတ္ စီးပြားေရးကုန္သြယ္မႈက လာမယ့္ႏွစ္ေတြအတြင္း ျပန္ေကာင္းလာႏိုင္ေခ်ရွိလား ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ အခု ဆရာထင္တယ္ေနာ္၊ လက္ရွိ ျမန္မာ-တ႐ုတ္ ကုန္သြယ္ေရး၊ လက္ရွိ ႏိုင္ငံေရးအေျခအေန၊ လက္ရွိ စီးပြားေရးအေျခအေနကို ျပန္ၾကည့္လိုက္လို႔ရွိရင္ ေနာက္တစ္ခါ geopolitics ႏိုင္ငံတကာဆက္ဆံေရး ဘာညာေတြ ၾကည့္လိုက္ရင္ တ႐ုတ္-ျမန္မာ ကုန္သြယ္ေရးကို တတ္ႏိုင္သမွ် အေကာင္းဆုံးျဖစ္ေအာင္ လုပ္ႏိုင္ေရးက ကိုယ့္တာဝန္ျဖစ္ေနတယ္။

ဘာလို႔လဲဆိုေတာ့ ဆရာတို႔မွာ အေျဖမရွိဘူး။ဒါ ပြင့္ပြင့္လင္းလင္းေျပာလို႔ရွိရင္ အေနာက္ႏိုင္ငံဆိုတာလည္းပဲ တကယ့္ကို ဘာမွကို ဆရာတို႔ ယုံစားလို႔ရတာ မဟုတ္ေတာ့ဘူး၊ အဲ့ဒီေတာ့ အဲ့ဒါႀကီးကို တေမွ်ာ္ေမွ်ာ္နဲ႔ လုပ္ေနဖို႔ဆိုတာထက္ကို တ႐ုတ္ကို အဆင္ေျပေအာင္ ဘယ္လိုလုပ္မလဲ။ဘာလို႔လဲဆိုေတာ့ သူဟာ ကိုယ့္ရဲ႕ ေသာ့ခ်က္ျဖစ္ေနတာ၊ ဟုတ္တယ္မဟုတ္လား၊ ဆန္နဲ႔ ပတ္သက္လို႔ရွိရင္လည္း သူျပႆနာလုပ္တာနဲ႔ ဆရာတို႔ ဒုကၡေရာက္တာ၊ သစ္သီးဝလံနဲ႔ ပတ္သက္လို႔လည္း ဒီလိုပဲကုန္သြယ္မႈစခန္းေတြမွာလည္း ဒီလိုပဲဆိုေတာ့ ဆရာတို႔အေနနဲ႔ကေတာ့ သူတို႔နဲ႔ ကိုယ္နဲ႔ အဆင္ေျပေအာင္ ဘယ္လိုလုပ္ၾကမလဲ၊ အဆင္ေျပေအာင္ ဘယ္လိုလုပ္ၾကမလဲ ဆိုတဲ့အခါမွာ ျပႆနာကရွိေနတာက ႏိုင္ငံေရးျပႆနာျဖစ္ေနတာ၊ ႏိုင္ငံေရးျပႆနာက တ႐ုတ္နဲ႔ ပတ္သက္လာရင္ စိတ္ပူစရာေတြ စိုးရိမ္တဲ့သူကမ်ားတာကိုး။

အဲ့ဒီေတာ့ စိုးရိမ္စိတ္ေတြကို ကိုယ့္ဆီမွာလည္း ဒီအတိုင္းပဲ စိုးရိမ္စိတ္ရွိတဲ့လူကို ဆရာတို႔ အမ်ိဳးအစားခြဲလိုက္ရင္ တကယ့္ကို စိတ္ေသြး႐ိုးသား႐ိုးနဲ႔ ဆရာတို႔ ဟိုစိတ္ပူတယ္၊ စိုးရိမ္တယ္၊ ကိုယ္နစ္နာမွာေၾကာက္လို႔ ေျပာတဲ့သူေတြရွိသလို တစ္ခ်ိဳ႕က်ျပန္ေတာ့လည္း ေျပာရရင္ၿပီးေရာဆိုတဲ့ ဆႏၵေတြနဲ႔ ေျပာေနတာရွိတယ္၊ ဟုတ္တယ္ေနာ္၊ Activity ေပါ့၊ အရာရာကို ကန႔္ကြက္မယ္၊ ဘာပဲလုပ္လုပ္ ကန႔္ကြက္မယ္ဆိုတဲ့ဟာမ်ိဳးကို ျဖစ္ေနရင္ေတာ့ လုပ္လို႔မရဘူးေလ။

အဲ့ဒီလိုေျပာတယ္ဆိုေတာ့ ဆရာတို႔အေနနဲ႔ အားလုံးကိုလက္ခံရမယ္လို႔ မဆိုလိုေပမယ့္ တစ္ခုၾကည့္ရမွာက National interest နဲ႔ Trust Interest ေပါ့၊ အခုျဖစ္ေနတာဟာ ျမစ္ဆုံနဲ႔ ပတ္သက္လို႔ ေျပာေနတဲ့ ဆိုေနတဲ့သူေတြ အားလုံးဟာ အခု ဆရာတို႔ေျပာေနတာေတြ အားလုံးဟာ လူႀကိဳက္မ်ားေအာင္ ေျပာေနရတဲ့ သေဘာေတြမ်ားတယ္လို႔ ဆရာထင္တယ္။ ဟုတ္တယ္မဟုတ္လား၊ Cele သမားေတြ၊ ဒါေတြအားလုံးဟာ တစ္ေယာက္ကို တစ္က်ပ္ တစ္ေဒၚလာ ဘာညာဆိုတဲ့ဟာေတြ အားလုံးဟာ လက္ေတြ႕မက်ဘူးေလ။လူ ၅၀ သန္း ရွိတဲ့အထဲမွာ တကယ္တမ္း တစ္ေဒၚလာ တင္ႏိုင္တဲ့သူ ဘယ္ႏွစ္ေယာက္ရွိသလဲ၊ ဟုတ္တယ္မဟုတ္လား၊ အဲ့ဒီေတာ့ အဲ့ဒီလိုအေျခအေနမ်ိဳးရွိတဲ့ အခ်ိန္မ်ိဳးမွာ ဒီလိုလႉပါလို႔ အတင္းေျပာေနတဲ့ဟာက သဘာဝမက်ဘူးလို႔ ထင္တယ္၊ သူတို႔ရဲ႕ ဟိုဟာကို နားလည္တယ္၊ အဲ့ဒါကလည္း ႏိုင္ငံေရးရင့္က်က္မႈပဲ။

ဒီဘက္က ကိုယ့္ရဲ႕ ကိုယ္လိုခ်င္တာကိုသာ ဒီမိုကေရစီႏိုင္ငံ ျဖစ္လာေပမယ့္ ကိုယ့္ဘက္ကလည္းပဲ ငါ့စကားႏြားရ ကိုယ္လိုခ်င္တာခ်ည္း ေျပာေနတာရွိသလို တစ္ဖက္ကလည္း ပုံစံအမ်ိဳးမ်ိဳးနဲ႔ ဆရာတို႔ေျပာေနတာ ရွိတယ္ေလ၊ ေျပာေနတာရွိတဲ့အခါက်ေတာ့ တကယ္တမ္း ဘယ္သူ႔အတြက္ကို ဒီလိုရတဲ့အေျဖသည္ ဘယ္သူ႔အတြက္ အက်ိဳးရွိသလဲဆိုတာကို ေမးခြန္းက ေမးခြင့္မွမရွိတာေလ၊ အဲ့ဒီေတာ့ အဲ့ဒီလိုျဖစ္ေတာ့ အခုတျခားႏိုင္ငံေတြေနာ္ ဆရာတို႔ၾကည့္လိုက္လို႔ရွိရင္ ႏိုင္ငံ့ေခါင္းေဆာင္ေတြလာတယ္၊ ဟိုးအေတာ္ႀကီးကိုေဝးတဲ့ ႏိုင္ငံေတြလာတယ္၊ အေမရိကန္ မလာတာက တစ္ပိုင္း၊ သူ႔ရဲ႕ႏိုင္ငံေရးျပႆနာရွိတယ္၊ ဥေရာပေခါင္းေဆာင္ေတြ၊ အေရွ႕ေတာင္ အာရွေခါင္းေဆာင္ေတြ အားလုံးလာၾကတာ။

ဘာလို႔လဲဆိုေတာ့ ဒါႀကီးကို ဆရာတို႔ လက္ခံရေတာ့မယ္ေလ၊ ဟုတ္တယ္မဟုတ္လား၊ အဲ့ဒီေတာ့တစ္ခုပဲရွိတာ ကိုယ့္အတြက္ အက်ိဳးရွိဆုံး ဘယ္လိုတြန္းရမလဲဆိုတာကိုပဲ ဆရာထင္တယ္ စဥ္းစားသင့္တယ္ထင္တယ္။မဟုတ္ဘဲနဲ႔ ဒါႀကီးကို အတင္းကန႔္ကြက္တယ္၊ ဘာမွမလုပ္ဘူးလို႔ေျပာရင္ ဘယ္လိုလုပ္ၾကမလဲ၊ ကိုယ့္ဆီမွာလည္း မေန႔ကေတာင္ လုပ္ငန္းရွင္မ်ားနဲ႔ ေတြ႕တဲ့အခါမွာ infrastructure ေတြ၊ အခုတကယ္တမ္း နည္းလမ္းကိုေျပာရင္ infrastructure ကို ေျပာတာ၊ ဟုတ္တယ္မဟုတ္လား၊ ကိုယ့္ႏိုင္ငံမွာလည္း ဘာလိုလဲလို႔ေျပာရင္ infrastructure လိုတာေလ၊ အဲ့ဒီေတာ့ တစ္ဖက္ကလိုတာနဲ႔ တစ္ဖက္က ေပးႏိုင္တာနဲ႔က ကြက္တိျဖစ္ေနတာေလ။

ဒါေပမဲ့ အဲ့ဒါကို ကိုယ္က အိမ္နီးနားခ်င္းႏိုင္ငံျဖစ္တယ္ ကိုယ့္အတြက္က အခြင့္အေရးအမ်ားဆုံး ႏိုင္ငံျဖစ္လ်က္နဲ႔ ကိုယ္က မယူႏိုင္တာ၊ ဆရာတို႔ ႏိုင္ငံေရးတိုက္ကြက္ေတြက မ်ားတာကိုး၊ ေျပာတဲ့သူေတြက ေျပာလိုက္ျပန္ၿပီ လက္ပံေတာင္းေတာင္ သြားစဥ္းစားမိတယ္၊ ေျပာလိုက္တာနဲ႔ ျမစ္ဆုံသြားစဥ္းစားမိတယ္ ဆိုေတာ့ ဒါေပမဲ့တစ္ခုရွိတာက လူေတြအားလုံးက ေတာ္ေတာ္ေလးကို စိတ္ဝင္စားဖို႔ေကာင္းတာက အားလုံးက Emotion နဲ႔၊ ခင္ဗ်ားတို႔ ဂဃနဏခ်တြက္ရင္ ခ်တြက္တဲ့သူ ဒုကၡေရာက္မွာ၊ ဟုတ္တယ္မဟုတ္လား၊ အေၾကာင္းအက်ိဳး စဥ္းစားမယ့္သူ မဟုတ္ဘူးေလ၊ ခင္ဗ်ားလာမေျပာနဲ႔ အလိုေတာ္ႀကီး ဘာညာျဖစ္မွာ၊ အဲ့ဒီေတာ့ ခ်လိုက္လို႔ရွိရင္ မေသခ်ာဘူးေပါ့ေနာ္၊ ဟုတ္တယ္မဟုတ္လား၊ ရမယ့္အက်ိဳးနဲ႔ စီးပြားေရးအေျခခံက ကုန္က်စရိတ္ ခ်ိန္ၾကတာေလ၊ အလုပ္တစ္ခု လုပ္ေတာ့မယ္ဆိုရင္ ကုန္က်စရိတ္ ဘယ္ေလာက္ရွိသလဲ၊ အလုပ္တစ္ခု လုပ္ေတာ့မယ္ဆိုရင္ အက်ိဳးအျမတ္ ဘယ္ေလာက္ရွိမလဲ အဲ့ဒီႏွစ္ခုခ်ိန္ၿပီးေတာ့ အက်ိဳးအျမတ္သည္ အရင္းထက္မ်ားရင္ေတာ့ လုပ္ေပါ့၊ မဟုတ္ရင္ေတာ့ မလုပ္ရဘူးဆိုတဲ့ဟာမ်ိဳးက ဆရာတို႔အခုအေနအထားပဲ၊ အခုက အဲ့ဒီလိုခ်ႏိုင္တဲ့ အေနအထားေတာင္မရွိဘူး၊ အက်ိဳးအျမတ္ကို လုံးဝမၾကည့္ဘူး၊ အျပစ္ကိုပဲၾကည့္ရင္ေတာ့လည္း ဘာမွလုပ္လို႔မရဘူး၊ တစ္ဖက္ကပဲရွိတာ တစ္မ်ိဳး၊ ေခတ္ကလည္းရွိခဲ့တာက လူေတြနဲ႔ ေပးမသိတာ အရင္တုန္းက ဘယ္သူနဲ႔မွ မတိုင္ပင္ဘဲနဲ႔ ကိုယ့္သေဘာ ကိုယ့္ဆႏၵနဲ႔ အဆုံးအျဖတ္ေတြ ေပးခဲ့တာကိုး၊ ဟုတ္တယ္မဟုတ္လား၊ လူေတြကလည္း အဲ့ဒီဟာႀကီးကို မေမ့ႏိုင္ဘူးေလ၊ မေမ့ႏိုင္တဲ့အခါက်ေတာ့ ဆရာထင္တာက လိုတာထက္ နည္းနည္းေလးမ်ား ပိုေနမလားေပါ့ေနာ္၊ ဒါေပမဲ့ ကုန္သြယ္ေရး အခု ဆရာတို႔ေျပာေနတာ မူဆယ္နဲ႔ ကုန္သြယ္မႈ အဆင္ေခ်ာဖို႔ အဲ့ဒီမွာရွိတဲ့ တံခါးကို ဖြင့္ပစ္လိုက္ရမွာေပါ့၊ ဖြင့္ပါလို႔ေျပာေနတာ ေတာ္ေတာ္ၾကာၿပီ၊ ဒါေပမဲ့ အခုအထိ ဘယ္သူ႔မွာတာဝန္ရွိလို႔ ဟိုဘက္မွာ လြယ္လြယ္ကူကူ လုပ္လို႔ရႏိုင္ေပမယ့္ ကိုယ့္ဘက္မွာက လုပ္ရကိုင္ရခက္ေနေရာ၊ ဝန္ႀကီးဌာနေတြ အမ်ားႀကီးရွိေပမယ့္ ညႇိႏႈိင္းမႈေတြ အားနည္းေတာ့ ဆရာတို႔မွာ ခက္ေနတာေပါ့၊

Opinion Leaders ။     ။ ရန္ကုန္ၿမိဳ႕သစ္စီမံကိန္းကို ဂ်ပန္ ODA ေခ်းေငြ ႏွစ္ ၄၀ နဲ႔ လုပ္မယ္လို႔ေျပာတယ္။ျမန္မာႏိုင္ငံ စီးပြားေရး ျပန္ႏိုးထဖို႔ တကယ္ေမာင္းႏွင္မွာက ျပည္ပေခ်းေငြေတြနဲ႔စမယ့္ စီမံကိန္းေတြ ျဖစ္ေပမယ့္ ေတာ္ေတာ္မ်ားမ်ားက မစႏိုင္ဘူး။တင္သမွ် ေခ်းေငြေတြ၊ စီမံကိန္းေတြက လႊတ္ေတာ္မွာ ၾကန႔္ၾကာေနတာေတြ၊ ကန႔္ကြက္တာေတြ ျဖစ္ေနတယ္။လက္ရွိမွာ အစိုးရသက္တမ္းကလည္း ကုန္ခါနီးတဲ့ အေနအထားေတြျဖစ္လာသလို ဒီစီမံကိန္းေတြကလည္း လုံးလုံးမစႏိုင္ေသးလို႔ ျပည္တြင္းစီးပြားေရးက အတက္ဘက္ကို လုံးလုံးမေရာက္ႏိုင္ဘဲ အီေနတယ္။တစ္ခ်ိဳ႕ေနရာေတြမွာ ေတာ္ေတာ္ေလး ျပန္ထိုးက်ႏိုင္တဲ့ အေနအထားရွိတယ္။ဒီအေျခအေနက လာမယ့္ ေ႐ြးေကာက္ပြဲမွာ အာဏာရပါတီအတြက္ ထိခိုက္ႏိုင္လား၊ ေနာက္တစ္ခ်က္က ဒီစီမံကိန္းေတြက တကယ္ပဲမလိုအပ္လို႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြက ကန႔္ကြက္ေနတာလား ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ အဲ့ဒီဟာေတြအားလုံးကေပါ့ေနာ္၊ ျပည္သူေတြလိုအပ္ခ်က္က အခုက ဟို ႏိုင္ငံေရးအရ ၂၀၂၀ ေ႐ြးေကာက္ပြဲက ကပ္ေနၿပီဆိုေတာ့ တစ္ဖက္ကလည္း ဒါကို ႏိုင္ငံေရးေပါ့ေနာ္။ Recycle ႀကီးက လည္ေနတဲ့အခါက်ေတာ့ တေျဖးေျဖး ေ႐ြးေကာက္ပြဲနီးလာေလေလ ေရရွည္ကိစၥ မလႊမ္းႏိုင္ေလပဲ၊ ကာလတိုပဲ စဥ္းစားရေတာ့မွာ၊ ဟုတ္တယ္မဟုတ္လား၊ ဒီမဲရဖို႔ ဘယ္လိုလုပ္မလဲ၊ အက်ိဳးအျမတ္က ထင္သာျမင္သာတဲ့ Quick Queen ေပါ့၊ အျမန္ဆုံးရေအာင္ လုပ္ၾကတာတို႔ ဦးသိန္းစိန္ လက္ထက္ကလည္း လုပ္ၾကတာပဲ၊ အခုက ဆရာတို႔မွာ စီးပြားေရးမွာ အေတြ႕အႀကဳံေတာ့ အဲ့ဒါနဲ႔နည္းနည္းယွဥ္လိုက္ရင္ သူတို႔မွာအထြက္မွာ သူတို႔က Quick Queen ရေအာင္ လုပ္လိုက္တယ္ေလ။ကားေတြသြင္းေပးလိုက္တာတို႔ ဆင္းမ္ကတ္ေတြကို ၁၅၀၀ နဲ႔ ရေအာင္လုပ္ေပးလိုက္ေတာ့ သူတို႔မွာ လူေတြက အျမန္ဆုံးယုံၾကည္မႈရွိလာတယ္ေလ၊ ရွိလာတဲ့အခါက်ေတာ့ ေနာက္ပိုင္းမွာ သူတို႔လုပ္ရည္ကိုင္ရည္ အဆင္မေျပလို႔ ဘာညာဆိုတာေတြကို တစ္မ်ိဳးျဖစ္သြားတာေပါ့။

ဒါေပမဲ့ အတက္မွာေတာ့ ေတာ္ေတာ္ေလး လူထုရဲ႕ေထာက္ခံမႈ သူတို႔ေတာ္ေတာ္ေလးရခဲ့တယ္၊ ဆရာတို႔ ဒီဘက္မွာက်ေတာ့ အထြက္မွာ စီးပြားေရးကို မတြက္ခဲ့ေတာ့ လူတစ္စုရဲ႕ယုံၾကည္မႈ ျပန္ၿပီးတည္ေဆာက္ေနရတာေပါ့၊ အဲ့ဒီေတာ့ အခု ကိုယ္ကေတာ့ တာဝန္မဲ့အခ်ိန္ ျဖစ္ေနၿပီေလ၊ တာဝန္မဲ့အခ်ိန္မွာ ဘယ္ေလာက္လုပ္ႏိုင္မလဲ၊ သူတို႔ေျပာတဲ့ ျပႆနာမွာဆိုရင္ တစ္ကမာၻလုံးကလည္း ေျပာေနတာက ဒီ OBOR ဆိုတာက အေႂကြးေထာင္ေခ်ာက္ႀကီးလားဆိုတဲ့ ေမးခြန္းေပါ့၊ တစ္ခ်ိဳ႕ေတြကေတာ့ ေျပာၾကတာ ဒါတကယ္တမ္းက အေႂကြးေထာင္ေခ်ာက္မဟုတ္ဘူး၊ တ႐ုတ္ကို ေပးရမယ့္ဟာမဟုတ္ဘူး၊ ကိုယ့္ဟာနဲ႔ကိုယ္ ေငြေၾကးစီမံခန႔္ခြဲမႈ အားနည္းလို႔ျဖစ္တဲ့ ကိစၥလို႔ ေျပာေနတာမ်ိဳးရွိတယ္။

အဲ့ဒီေတာ့ အခု ရန္ကုန္ၿမိဳ႕သစ္ ကိစၥဟာလည္းပဲ ဒီအတိုင္းေပါ့၊ အစကတည္းကကို ေျပာၾကတယ္၊ ဒါေတြက အားလုံးကိုၿခဳံလိုက္ရင္ ဆရာတစ္ခုပဲ သုံးသပ္မိတာက Communication ကိစၥေပါ့၊ တစ္ဖက္နဲ႔ တစ္ဖက္ နားလည္ေအာင္ မေျပာႏိုင္တဲ့ စိန္ေခၚမႈက ရွိတုန္းပဲ၊ ဒီလႊတ္ေတာ္နဲ႔ အစိုးရနဲ႔လည္း ရန္ကုန္တိုင္းမွာဆိုရင္ တစ္ေယာက္နဲ႔ တစ္ေယာက္ နားလည္မႈ ေတာ္ေတာ္အားနည္းတာေလ။အားနည္းတဲ့အခါက်ေတာ့ ကိုယ္ျမင္တာကိုပဲ ေျပာေနတာ တစ္ဖက္ကလည္း၊ ဟိုဘက္ကလည္း တစ္ခ်ိဳ႕ကိစၥေတြမွာလည္း အစိုးရက ဆရာတို႔ မရင့္က်က္ေသးဘူးလို႔ ေျပာလို႔ေတာ့ရတာေပါ့။

တကယ္တမ္းေတာ့ ဘာပဲလုပ္လုပ္ တိုင္တိုင္ပင္ပင္ Check and Balance ဆိုမ်ိဳးေတာ့ အေျဖတစ္ခု ရႏိုင္တယ္ေလ၊ အဲ့ဒီလိုမဟုတ္ဘဲနဲ႔ ငါေျပာခ်င္ရာေျပာမယ္ ငါလုပ္ခ်င္ရာလုပ္မယ္ မင္းနဲ႔ဘာဆိုင္လဲဆိုတဲ့ အေတြးနဲ႔လုပ္ရင္ေတာ့ ၿပီးေတာ့မွ ဟိုဘက္ကလည္း ၾကပ္လို႔ရတဲ့အခ်ိန္၊ တားလို႔ရတဲ့အခ်ိန္မွာ တားၾကတာကိုး၊ တားၾကတဲ့အခါက်ေတာ့ ဖ်က္လို႔ဖ်က္ဆီးျဖစ္ေတာ့ အခုက ဒီလိုပဲျဖစ္တာေလ။ဒီလိုပဲ လုံးလည္ပတ္ခ်ာ႐ိုက္ ၿပီးေတာ့ က်န္တဲ့ႏွစ္ႏွစ္ကုန္ေတာ့မယ္။တေျဖးေျဖးနဲ႔ ကုန္သြားတာေလ၊ အခု သုံးႏွစ္ရွိသြားၿပီ၊ အခု ႏွစ္ႏွစ္က်န္တာကို ဆရာတို႔ ဘယ္လိုလုပ္ၾကမလဲ။

ဆရာထင္တာေတာ့ ျပတ္ျပတ္သားသားပဲ။ကိုယ္လုပ္ႏိုင္သေလာက္ေတာ့ လုပ္ဖို႔ပဲ လိုလိမ့္မယ္လို႔ ေအာက္ေမ့တယ္။အဲ့ဒီေတာ့ အဲ့ဒီမွာလည္း ကိုယ့္ရဲ႕အမာခံေတြေပါ့၊ Base ေတြေပါ့၊ ဆရာထင္တယ္ေနာ္ ကိုယ့္ႏိုင္ငံအတြက္ကိုေလ သူမ်ားႏိုင္ငံ ၾကည့္ဖို႔ေကာင္းတယ္၊ ဥပမာ - ေဒၚနယ္ထရန႔္ ဆိုပါေတာ့ သူ ၂၀၂၀ သူ႔မွာ ေလးႏွစ္ပဲရွိတယ္၊ သူႏွစ္ႏွစ္ၿပီးသြားၿပီ ႏွစ္ႏွစ္ပဲက်န္တယ္၊ သူတစ္ႏွစ္ေက်ာ္ေက်ာ္ပဲက်န္တယ္၊ သူက Base ကို ခိုင္ေအာင္လုပ္ထားတာေနာ္၊ ဆရာတို႔အေနနဲ႔ မႀကိဳက္တာႀကိဳက္တာက တစ္ပိုင္း၊ ပရိသတ္ကိုေတာ့ သူက စည္း႐ုံးထားႏိုင္တယ္ေလ၊ အဲ့ဒီေတာ့ ဆရာတို႔အေနနဲ႔ ကိုယ့္ပရိသတ္ကိုကိုယ္ စည္း႐ုံးႏိုင္ေအာင္ ဘာလုပ္ၾကမလဲ၊ ဆရာထင္တယ္ စဥ္းစားၾကတာေပါ့၊ အတိုက္အခံက အၿငိမ္ေနတာ မဟုတ္ဘူးေလ၊ ေနာက္တစ္ခါ ကိုယ့္မွာ အတိုက္အခံဆိုတာကလည္း ပါတီတင္မကဘူး တျခားနည္းေတြနဲ႔ အတိုက္အခံေတြ ရွိေနတာ၊ အဲ့ဒါေလးေပါ့ေနာ္ သူတို႔လည္း ထည့္တြက္မယ္လို႔ ေအာက္ေမ့တယ္၊ အတိုက္အခံအင္အားကလည္း ေသးတာမွ မဟုတ္တာ၊ အဲ့ဒါႀကီးကို ျပန္ၿပီးတန္ျပန္လွန္ဖို႔က ေတာ္ေတာ္လုပ္မွရမယ္လို႔ ေအာက္ေမ့တယ္။

Opinion Leaders ။     ။ ဆရာ ဒါက ေနာက္ဆုံးေမးခြန္းပါပဲ ဆရာ၊ အခုလက္ရွိအေနအထားအရဆိုရင္ OBOR နဲ႔ ပတ္သက္တဲ့ စီမံကိန္းေတြနဲ႔ ပတ္သက္လို႔ရွိရင္ ျပည္တြင္းစီးပြားေရးအရ မျဖစ္မေနယူရမယ့္ အေနအထားမ်ိဳး ျဖစ္ေနတယ္။
ေနာက္တစ္ခ်က္က ရန္ကုန္မွာရွိတဲ့ စီမံကိန္းအမ်ားစုကလည္း တ႐ုတ္နဲ႔ ပတ္သက္တဲ့ စီမံကိန္း၊ တ႐ုတ္နဲ႔ ပတ္သက္တဲ့ လုပ္ငန္းကလည္း အရမ္းမ်ားတယ္။မၾကာခင္က OBOR ဒုတိယဖိုရမ္မွာ တ႐ုတ္သမၼတက ထပ္ၿပီးရင္းႏွီးျမႇဳပ္ႏွံမယ္လို႔ ေျပာခဲ့တဲ့အတြက္ ရန္ကုန္ၿမိဳ႕သစ္စီမံကိန္းက ဒီႏွစ္ထဲမွာ ျမန္ျမန္ဆန္ဆန္ ျပန္ျဖစ္ႏိုင္မလား ဆရာ။ရခိုင္မွာလုပ္ေနတဲ့ တစ္ခ်ိဳ႕စီမံကိန္းေတြဆိုရင္ ထိုးရပ္ထားတာေတြရွိတယ္၊ ဒီဟာမ်ိဳးေတြ။မူဆယ္ စီးပြားေရးျစကၤန္နဲ႔ ပတ္သက္လို႔ရွိရင္ ေလ့လာေနတာပဲရွိေသးတယ္၊ ဒီဟာေတြက မီးရထားလမ္းတို႔၊ ကားလမ္းတို႔ ကုန္သြယ္စီးပြားေရးဇုန္တို႔၊ ကန္ပိုက္တီးမွာလုပ္မယ့္ စီးပြားေရးဇုန္လို ဟာမ်ိဳးေတြက ဆရာ ခုနေျပာတဲ့ ျမန္ျမန္ဆန္ဆန္ ၿပီးေျမာက္ႏိုင္မယ့္ဟာမ်ိဳးဆိုရင္ ဒီႏွစ္ထဲမွာ ဒီလုပ္ငန္းေတြဟာ သြက္သြက္လက္လက္နဲ႔ စတင္လာႏိုင္မလား ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ အဲ့ဒီေတာ့ ကိုယ္ကစဥ္းစားရမွာေလ၊ ခုနလို လူေတြအားလုံးရဲ႕ အာ႐ုံအေနနဲ႔ကေတာ့ တ႐ုတ္ OBOR ကိစၥ ရွိေနတဲ့အခါက်ေတာ့ ဆရာတို႔ ႏိုင္ငံတစ္ႏိုင္ငံအေနနဲ႔ေရာ၊ ကုမၸဏီတစ္ခုအေနနဲ႔ေရာ လူတစ္ေယာက္အေနနဲ႔ေတာ့ Risk Management ေပါ့၊ ဒီအႏၲရာယ္နဲ႔ ပတ္သက္လို႔ ဆရာတို႔ အားလုံးေျပာတာေတာ့ အားလုံးသိတဲ့အတိုင္းပဲ၊ အိတ္တစ္အိတ္ထဲမွာ ၾကက္ဥေတြအားလုံး ထည့္ထားရင္ အဲ့ဒီအိတ္ ျပဳတ္က်သြားရင္ အားလုံး ၾကက္ဥေတြကြဲမွာ။ဟို ျဖစ္ႏိုင္ရင္ေတာ့ ျဖန႔္ထားဖို႔လိုတယ္၊ အခုတေလာက ရင္းႏွီးျမႇဳပ္ႏွံမႈ ေကာ္မရွင္မွာ ဘယ္သူ႔ကို ႀကိဳဆိုသလဲဆိုရင္ အိႏၵိယေပါ့။အိႏၵိယကလည္း အခုဆိုရင္ Port ေပ့ါေလ၊ ဆိပ္ကမ္းလုပ္ေပးႏိုင္တဲ့ ကမာၻေက်ာ္ ထုတ္ကုန္ကုမၸဏီေတြရွိတယ္၊ အခုအခ်ိန္မွာေတာ့ စစ္ေတြမွာ အိႏၵိယေဖာ္ခဲ့တဲ့ ကုလားတန္ Project ေပါ့၊ ကုလားတန္ Project လိုဟာမ်ိဳးကို လုပ္ေပးႏိုင္ရင္ တ႐ုတ္ကို တိုက္တာမ်ိဳးမဟုတ္ေပမယ့္ ကိုယ့္္မွာ ေ႐ြးခ်ယ္စရာေတြရွိတယ္ဆိုတာ ျပဖို႔လိုတယ္။

ဟိုတစ္ခုပဲ တစ္ေနရာပဲ တစ္ႏိုင္ငံပဲ အားထားေနမယ့္အစား ကိုယ့္ကိုရင္းႏွီးျမႇဳပ္ႏွံခ်င္တဲ့ အိႏၵိယလည္း ရင္းႏွီးျမႇဳပ္ႏွံမယ္ဆိုပါေတာ့ ထိုင္းလည္း ရင္းႏွီးျမႇဳပ္ႏွံမယ္၊ ကိုရီးယားလည္း၊ ဂ်ပန္လည္း အစရွိသျဖင့္ေပါ့၊ အဲ့ဒီလိုျဖန႔္ႏိုင္ရင္ေတာ့ ခုနလူေတြရဲ႕ negative အေနနဲ႔ နည္းနည္းေလွ်ာ့ႏိုင္မယ္ ေအာက္ေမ့တယ္၊ ဟိုတစ္ေန႔ကေတာင္ ေျပာလိုက္ေသးတယ္၊ အိႏၵိယ ကမာၻေက်ာ္ကုမၸဏီ၊ ခင္ဗ်ားတို႔ လုပ္ေပးပါဗ်ာ၊ ရန္ကုန္တင္မကဘူး ျမန္မာျပည္မွာ ၿမိဳ႕႐ြာစီမံကိန္း မႏၲေလးမွာ၊ ဆိပ္ကမ္းနဲ႔ပတ္သက္လို႔ မႏၲေလးဆိုေတာ့ အိႏၵိယနဲ႔နီးစပ္တယ္၊ အဲ့ဒီလိုဟာမ်ိဳးကို သူတို႔ ဆရာတို႔အေနနဲ႔လည္း ခြင့္ျပဳေပးရင္ ျပည္သူလူထုမွာလည္းရွိမွာက တ႐ုတ္တစ္ခုတည္း ထားေနတာမဟုတ္ဘူး။

ကိုယ့္ႏိုင္ငံအတြက္ အက်ိဳးရွိမယ့္ ဘယ္သူပဲျဖစ္ျဖစ္ အခုမွ နည္းနည္းေလး ကိုယ့္မွာ ရင္းႏွီးစရာ နည္းနည္းေလး ၾကပ္သြားတာက ဥေရာပနဲ႔ အေနာက္ႏိုင္ငံေတြမလာတဲ့ ျပႆနာေပါ့။အဲ့ဒါလည္းပဲ ဆရာတို႔ ႏိုင္ငံေရးနဲ႔ သြားၿပီးေတာ့ ပတ္သက္ေနျပန္ေရာ၊ အစတုန္းက ေတာက္ေလွ်ာက္ ဦးသန္းေ႐ႊ လက္ထက္မွာ အေနာက္ႏိုင္ငံ စီးပြားေရးပိတ္ဆို႔မႈေတြရွိတာမို႔ တ႐ုတ္ကိုပဲလွည့္ၿပီး အားကိုးေနရတာပဲေလ၊ တ႐ုတ္တို႔၊ စင္ကာပူတို႔ အိမ္နီးနားခ်င္းႏိုင္ငံတို႔ကိုပဲ အားကိုးေနရတာေလ၊ အခု ၂၀၁၅ ေ႐ြးေကာက္ပြဲအၿပီးမွာ ေဒၚစု တက္လာလို႔ ဒီမိုကေရစီႏိုင္ငံ ျဖစ္လာလို႔ အေနာက္ႏိုင္ငံ ရင္းႏွီးျမႇဳပ္ႏွံမႈေတြကို ေမွ်ာ္တုန္းရွိေသးတယ္၊ ရခိုင္အေရးက အမွတ္မထင္ေပၚလာေတာ့ ဘာမွမလုပ္ရဘဲ ျဖစ္သြားေရာ၊ အဲ့ဒါႀကီးကလည္း ဆရာတို႔ ဝမ္းနည္းစရာေပါ့၊ မဟုတ္ရင္ အရင္တုန္းကလို အခုက ဘာျဖစ္သြားလဲဆိုေတာ့ ရခိုင္ကိစၥေၾကာင့္ အရင္တုန္းကပုံစံ ျပန္ျဖစ္သြားျပန္ေရာ၊ ဟုတ္တယ္မဟုတ္လား၊ တ႐ုတ္ကိုပဲ အားကိုးရမယ့္ အေနအထားျဖစ္တယ္၊ ဘာလို႔လဲဆိုေတာ့ က်န္တဲ့ ရင္းႏွီးျမႇဳပ္ႏွံမႈ ဂ်ပန္ဆိုရင္လည္း တ႐ုတ္နဲ႔ယွဥ္လိုက္ရင္ သူတို႔လည္း စီးပြားေရးအင္အား ဒီေလာက္မေတာင့္ေတာ့ဘူး၊ ဟုတ္တယ္မဟုတ္လား။ဒါေပမဲ့ ကိုယ့္အေနနဲ႔ ဂ်ပန္တို႔၊ ကိုရီးယားတို႔ ဟို က်န္တဲ့ အိမ္နီးနားခ်င္းႏိုင္ငံ အာဆီယံ ဒီေလာက္ကိုပဲ အားကိုးရမယ္လို႔ ျဖစ္ေနတာ၊ အဲ့ဒီလိုျမန္ျမန္ေလး မ်ားမ်ားလုပ္ေပးႏိုင္ရင္ေတာ့ Quick Queen ရမယ္ ေအာက္ေမ့တာပဲ။

Opinion Leaders ။     ။ ဆရာ ဒါဆိုရင္ အားလုံးၿခဳံၾကည့္လိုက္ရင္ တ႐ုတ္နဲ႔ ပတ္သက္တဲ့ စီမံကိန္းေတြကို negative နဲ႔ ျမင္ဖို႔ေတာ့ မလိုေတာ့ဘူး၊ ဒါေပမဲ့ ကြၽန္ေတာ္တို႔ရဲ႕ ေငြေၾကးဆိုင္ရာ စီမံခန႔္ခြဲမႈက ျပန္ၿပီးေတာ့ ဂ႐ုစိုက္ရမယ္၊ ေနာက္တစ္ခ်က္က လာမယ့္ႏွစ္ႏွစ္အတြင္းမွာ ေသေသခ်ာခ်ာ ျမန္ျမန္ဆန္ဆန္ ထိေရာက္ႏိုင္မယ့္ဟာေတြကို ဦးစားေပးရမယ္ဆိုတဲ့ သေဘာေပါ့ေနာ္ ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ အဲ့ဒါပဲ။ဘာျဖစ္လို႔လဲဆိုေတာ့ ကိုယ္က ကိုယ့္မွာ ဒါပဲက်န္တာကိုး၊ စီမံခ်က္ေတြကို ဒီတိုင္း၊ ေနာက္တစ္ခါ အႏွစ္ ၂၀ စီမံကိန္းေတြကို သြားစဥ္းစားလို႔မရဘူး၊ ဟုတ္တယ္မဟုတ္လား၊ ဒါေတြက ကိုယ့္လက္ထဲ ျဖစ္ခ်င္မွလည္းျဖစ္မွာ၊ ကိုယ္ကလည္း ရွိခ်င္မွလည္းရွိမွာေပါ့ေလ၊ အဲ့ဒီအခါက်ေတာ့ ကိုယ္ရွိတုန္း ဘာလုပ္လို႔ရသလဲဆိုေတာ့ ဆရာထင္တာေတာ့ ဦးစားေပးၿပီး Focus ပဲ လိုတယ္လို႔ ေအာက္ေမ့တာပဲ၊ ဟုတ္တယ္မဟုတ္လား။

Opinion Leaders ။     ။ ေက်းဇူးတင္ပါတယ္ ဆရာ။