【 ပညာရှင်များ၏အမြင် 】 “အချိန်က သိပ်မရှိတော့ဘူး”

【 ပညာရှင်များ၏အမြင် 】 “အချိန်က သိပ်မရှိတော့ဘူး”

ဂျပန်ဘုရင် နန်းတက်ပွဲသို့ သွားရောက်သည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဂျပန်နိုင်ငံခရီးစဉ်တွင် မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းရှင်များ ပါသွားခဲ့သည့် သတင်းနှင့်အတူ မကြာမီ မြန်မာပင်လယ်ပြင်တွင် တူးဖော်တွေ့ရှိခဲ့သည့် သဘာ၀ဓာတ်ငွေ့သိုက်အတွက် အပြီးသတ်စာချုပ် ချုပ်ဆိုရန်ရှိသည့် သတင်းများကြောင့် ယခု ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်အတွင်း မြန်မာစီးပွားရေးအခြေအနေနှင့် ပြည်ပရင်းနှီးမြုပ်နှံမှု ဝင်ရောက်နိုင်မှုအပေါ် အကောင်းဘက်မှ သုံးသပ်ခန့်မှန်းမှုများလည်း ရှိခဲ့ပါတယ်။လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေ၊ တိုင်းရင်းသားအရေးနှင့် ရင်းနှီးမြုပ်နှံသူများ၏ ရင်းနှီးယုံကြည်စိတ်ချမှုအပေါ်  ဝါရင့်စီးပွားရေးပညာရှင်နှင့် နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေးပုဂ္ဂိုလ် ဆရာ ဒေါက်တာအောင်ထွန်းသက်အား အထူးအစီအစဉ်တစ်ရပ်အနေဖြင့် မေးမြန်းခဲ့ပါတယ်။လတ်တလော မြန်မာ့စီးပွားရေးဆိုင်ရာ အကြောင်းကိစ္စများအပေါ် ဆရာ ဒေါက်တာအောင်ထွန်းသက်၏ ရှုမြင်သုံးသပ်ချက် အပြည့်အစုံကို ယခုတစ်ပတ် အထူးအစီအစဉ်အဖြစ် ဖော်ပြလိုက်ပါတယ်။

(Opinion Leaders Media အယ်ဒီတာအဖွဲ့)

Opinion leaders ။     ။ ဂျပန်ဘုရင်ရဲ့ နန်းတက်ပွဲကို ဒေါ်အောင်ဆန်းစုကြည် သွားတဲ့အခါမှာ မြန်မာ့စီးပွားရေးလုပ်ငန်းရှင် တော်တော်များများ ပါသွားတယ်လို့ သိရတယ်၊ လက်ရှိမှာလည်း မြန်မာနိုင်ငံမှာ ဂျပန်နဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေက တော်တော်လေးများတယ်၊ မြန်မာ့စီးပွားရေးမှာ တော်တော်လေးကို သိသာတဲ့အနေအထားလည်းရှိတော့ အခုသွားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်က ဘယ်လောက်အထိ မြန်မာ့စီးပွားရေးပြန်ကောင်းလာဖို့ မျှော်လင့်နိုင်မလဲ ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ မျှော်လင့်ချက်ကတော့ကွယ် အခု ကိုယ်နားလည်သလောက် ပြောရရင်တော့ ဝန်ကြီးချုပ် မစ္စတာအာဘေး ကလည်း ထိထိရောက်ရောက်ကူညီပေးမယ်လို့ ပြောတယ်။ကူညီပေးမယ်လို့ ပြောတဲ့နေရာမှာ ဆရာတို့ အခုသေချာနေတာပေါ့နော် အနောက်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတန်ဖိုးတွေက ထင်သလောက် မရောက်ဘူးလေ၊ ထင်သလောက်မရောက်တဲ့အခါကျတော့ ဆရာတို့ သူတို့အစိုးရအနေနဲ့ Look East ဆိုတဲ့ ပေါ်လစီသုံးနေတာ။အဲ့ဒီတော့ အရှေ့ကိုလှည့်တဲ့ ပေါ်လစီသုံးနေတော့ အရှေ့ကိုလှည့်တဲ့ ပေါ်လစီမှာ အခြေခံအားဖြင့်က တရုတ်ပေါ့နော်၊ တရုတ်နဲ့ပတ်သက်လို့ တရုတ်အပြင်ကို ဂျပန်ရယ်၊ ပြီးတော့မှ ကိုရီးယားရယ်ပေါ့၊ နောက်တစ်ခါ ထိုင်ဝမ်တို့၊ ဟောင်ကောင်တို့ စသဖြင့် ရှိနေတာကို။

အခု ဒီလိုလုပ်ငန်းရှင်တွေလည်း ခေါ်သွားတယ်၊ ပြောကြမယ်၊ နောက်တစ်ခါ ဆရာတို့မှာ အတွေ့အကြုံအနေနဲ့က ဂျပန်နဲ့ ဆက်စပ်နေတာ သီလဝါက အတော်လေးအောင်မြင်တဲ့ အထူးစီးပွားရေးဇုန်ပါ၊ တကယ်တမ်းပြောရင် မြန်မာပြည်တစ်ပြည်လုံးမှာ အအောင်မြင်ဆုံး စီးပွားရေးဇုန်က ဂျပန်ဟာ ဖြစ်နေတယ်လေ၊ အဲ့ဒီဟာပေါ် မူတည်ပြီးတော့ မျှော်လင့်တာပေါ့၊ မျှော်လင့်ချက်ကတော့ ဒါပါပဲ၊ မျှော်လင့်ချက်ကတော့ တကယ့်ကို လိုလိုချင်ချင်နဲ့ သူတို့နဲ့၊  ဆရာတို့ကို အားပေးမယ်ထင်တယ်၊ ဒါပေမဲ့တစ်ခုရှိတာကပေါ့နော်။ဒါကို အမြန်ဆုံးအကောင်အထည်ဖော်နိုင်အောင် လုပ်ဖို့လိုတယ်၊ အချိန်က သိပ်မရှိတော့ဘူး။

Opinion leaders ။     ။ မကြာခင်က ကမ္ဘာ့ဘဏ်ကနေ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ထုတ်ပြန်တာရှိတယ်၊ တကယ့် တကယ် Ground မှာတော့ အလုပ်လက်မဲ့နှုန်းကလည်း သိသိသာသာကို မကျသွားဘူး၊ နေထိုင်မှုစားသောက်စရိတ်မှာလည်း တော်တော်များများကို တက်လာတာရှိတယ်၊ ငွေကြေးဖောင်းပွမှုနှုန်းမှာဆိုရင် တော်တော်များများကို ပုံမှန်ထက်တောင် ပိုများလာတယ်၊ ငွေလဲလှယ်မှုမှာဆိုရင်လည်း လုံးလုံးထိုးကျသွားတာမရှိဘူး၊ ရွှေဈေးဆိုရင်လည်း ပြန်မကျဘဲနဲ့ နည်းနည်းလေး သွားတန့်နေတာရှိတယ်၊ အဲ့ဒီအနေအထားမှာ ကမ္ဘာ့ဘဏ်က မြန်မာ့စီးပွားရေး တိုးတက်တယ်လို့ ဖော်ပြတယ်။အခုသွားတဲ့ ဂျပန်ခရီးစဉ်မှာ မြန်မာနိုင်ငံက ဒေသတွင်းတိုးတက်မှု အမြင့်ဆုံးဖြစ်အောင်ဆိုတဲ့ ပြောတာတွေရှိတယ်။အဲ့ဒီအခြေအနေတွေ အကုန်လုံးက လက်ရှိမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးတည်ငြိမ်မှုရယ်၊ ဥပမာ - ဘင်္ဂါလီ၊ AA လို ကိစ္စမျိုးတွေရှိတဲ့ အနေအထားမှာ ဘယ်လိုရင်းနှီးမြှုပ်နှံမှုတွေကို ဝင်လာနိုင်စရာရှိလို့ ဒီလိုမျိုးခန့်မှန်းချက်တွေရှိပါသလဲ ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ အဲ့ဒါပေါ့၊ သူတို့ရထားတဲ့ ကိန်းဂဏန်းပေါ့၊ ကမ္ဘာ့ဘဏ်ကတော့ သူတို့တွေဟာ စနစ်တကျ အခြေခံကောင်းကောင်းရှိတဲ့ အခြေအမြစ်ရှိတဲ့ ကိန်းဂဏန်းတွေ စုစည်းပြီးတော့ သုံးသပ်တယ်လို့ ဆရာတို့ နားလည်တာပေါ့။အဲ့ဒီတော့ နားလည်တဲ့အခါကျတော့ ဒီကိန်းဂဏန်းတွေနဲ့ ပတ်သက်လို့ ဆရာတို့ အငြင်းပွားစရာတော့ မရှိဘူး၊ ဒါပေမဲ့ ဖြစ်နေတာက လက်တွေ့ဘဝမှာ ခုနပြောတာတွေ အားလုံးပေါ့နော်၊ ကုန်ဈေးနှုန်းနဲ့ ပတ်သက်လို့ ရွှေဈေးနဲ့ပတ်သက်လို့ ဒါတွေဖြစ်နေတဲ့အခါကျတော့ လူတွေမှာ သို့လော သို့လော ဖြစ်လာတယ်၊ တစ်ဖက်က ဘယ်လောက်ကောင်းအောင် တိုးတက်မှုအကောင်းဆုံးရှိရင် ဒါကို သိသာမြင်သာအောင် မဟုတ်ဘဲနဲ့ ဘာကြောင့် ဒီလိုရှိသလဲဆိုတဲ့ ပြဿနာပေါ့၊ အဲ့ဒီတော့ ဆရာထင်တယ် ဆရာတို့မှာ ဒီတာဝန်ရှိတာတော့ ဘယ်သူတာဝန်ရှိလဲ၊ ဘယ်သူတာဝန်ယူလဲတော့မသိဘူး၊ တာဝန်ယူရမှာတော့ ဒါကိုရှင်းပြဖို့လိုလိမ့်မယ်ထင်တယ်။ရှင်းပြဖို့လိုတာ ကိန်းဂဏန်းတွေက အင်မတန်မှကောင်းတယ်။

နောက်တစ်ခါ အခု ဆရာထင်တယ် ၂၄ ရက်နေ့မှာ ထွက်မယ်ထင်တယ်။ East of Grow Bussiness ပေါ့၊ မြန်မာပြည်မှာ စီးပွားရေးလုပ်ရတဲ့ အခြေအနေက အရင်တုန်းက ၁၇၀၊ ၁၇၁ က ဒီထက်ပိုပြီးကောင်းလာနိုင်မယ့် အနေအထား အရိပ်အယောင်ရှိတယ်လို့ ပြောတယ်။အဲ့ဒီတော့ အဲ့ဒါမျိုးက တကယ်တမ်းပဲ ဆရာတို့ဖြစ်လာပြီ မြင်သာထင်သာတာရှိရင်တော့ ကိုယ့်နိုင်ငံအတွက် ကောင်းတာပေါ့၊ အဲ့ဒီတော့ ရင်းနှီးမြှုပ်နှံသူတွေအတွက်က တစ်ခုရှိတာပေါ့နော်။ကမ္ဘာ့စီးပွားရေးထဲ တရုတ်နဲ့ အမေရိကန် ပြဿနာရှိနေတဲ့အခါကျတော့ နောက်တစ်ခုက တရုတ်ကလည်း နည်းနည်းလေး တိုးတက်မှုအဆင့်မြင့်လာတဲ့အခါကျတော့ သူတို့ဆီမှာတော့ ညစ်ညမ်းတဲ့ ပတ်ဝန်းကျင်ကို ထိခိုက်မယ့် စက်ရုံအလုပ်ရုံတွေကို လုပ်ဖို့အားမပေးတော့ဘူး၊ အားမပေးတဲ့အခါကျတော့ ဒီဘက်ကိုရွှေ့လာဖို့ အခြေအနေတွေက အများကြီးရှိလာတယ်၊ ကိုယ့်အနေနဲ့ကတော့ ဒါတွေကိုအခွင့်အရေးယူရမှာပဲ၊ ယူတဲ့အခါမှာ ကိုယ့်ပတ်ဝန်းကျင် မထိခိုက်အောင် ကိုယ့်ရဲ့ပတ်ဝန်းကျင်ရော ဝန်ထမ်းတွေရော ဘာညာပေါ့၊ စားသုံးသူတွေ မထိခိုက်အောင် ဆရာတို့က ထိန်းသိမ်းကာကွယ်ရမယ့် အနေအထားပေါ့၊ မျှော်လင့်တာကတော့ပေါ့နော်၊ ဒါအခု ဒီဘက်အပိုင်းမှာပေါ့၊ နောက်ဆုံးအခု ဘဏ္ဍာရေးနှစ်က စပြီလေ၊ ဆရာတို့ ဒီဘဏ္ဍာရေးနှစ် အောက်တိုဘာ လ ၁ ရက် စတဲ့ ဘဏ္ဍာရေးနှစ်မှာ မနှစ်ကထက်စာရင် အခြေအနေပိုကောင်းလာမလား၊ နောက်တစ်ခါ စီးပွားရေးနဲ့ ပတ်သက်လာရင် နိုင်ငံရေးတည်ငြိမ်မှု ဘယ်လောက်ရှိလဲ၊ အဲ့ဒီလိုတည်ငြိမ်ဖို့ လူတွေဘယ်လောက်လိုမလဲဆိုတဲ့ အပေါ်မှာလည်း မူတည်တယ်လို့ အောက်မေ့တာပါပဲ။

Opinion leaders ။     ။ ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်မှာဆိုလို့ရှိရင် FDI ဝင်ရောက်မှုက ၄ ကျော်ကျော်လေးပဲရှိတယ် ဆရာ။အဲ့ဒီမှာ တစ်ဝက်လောက်က manufacturing ဒီဘက်မှာ နှစ်ဘီလျံလောက်ရှိတယ် ဆရာ။နောက် လုံးလုံးမဝင်တဲ့ဟာတွေရှိတယ်။ mining တို့ဘာတို့ဆိုရင် လုံးလုံးမဝင်သွားဘူး။ရေနံနဲ့ သဘာ၀ဓာတ်ငွေ့ဆိုလို့ရှိရင် လုံးလုံးကို အသံမကြားရဘူး။ဒီဘက်မှာ အသစ်တွေ့တာတို့ ဘာတို့တွေလည်း အသံမကြားရဘူး။နောက်တစ်ခါ ဂတ်စ်နဲ့ ပတ်သက်လို့ရှိရင် မြန်မာနိုင်ငံမှာ စွမ်းအင်နဲ့ဆိုလို့ရှိရင် သူ့ကို depend လုပ်နေရတဲ့ အနေအထားဆိုတော့ ဒီဟာနဲ့ပတ်သက်လို့ရှိရင် သတင်းကောင်းတစ်ခုမှ မကြားရတဲ့အခါကျတော့ ဒီလာမယ့် ဘဏ္ဍာနှစ်မှာ ရင်းနှီးမြှုပ်နှံမှုတွေက ဘယ်ဘက်ကို အစိုးရအနေနဲ့ စောင်းပေးသင့်သလဲ။နောက်တစ်ချက်က အခုအလုပ်လက်မဲ့တွေကို တော်တော်များများ လျှော့ချနိုင်တာဟာ ဆောက်လုပ်ရေးကဏ္ဍမှာ ဆောက်လုပ်ရေးကလည်း အခုဆိုလို့ရှိရင် ရန်ကုန်မြို့သစ်စီမံကိန်းဆိုတာလည်း ဘယ်လိုကြီးမှန်းလဲမသိဘူး ဖြစ်နေတယ်၊ ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေတော့ အဲ့ဒီအနေအထားတွေက လာမယ့်ဘဏ္ဍာနှစ်မှာ ဘယ်လိုများ ပြောင်းလဲလာနိုင်မလဲ ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ ဆရာတို့မျှော်လင့်တာပေါ့လေ၊ ဒါကလည်း စဉ်းစားဖို့လိုတာက axis ပေါ့နော်။ဒီရေနံနဲ့ပတ်သက်လို့ ဓာတ်ငွေ့နဲ့ပတ်သက်လို့ ဒီဟာက ဆရာထင်တယ်၊ မကြာခင် အကောင်အထည်ဖော်လိမ့်မယ်လို့ အောက်မေ့တယ်။အဲ့ဒီတော့ အဲ့ဒီလိုနော် ဒီဘက်ကပေါ့နော်၊ ပမာဏကြီးကြီးနဲ့ ၆ ဘီလျံကျော်ကျော် ဘာညာ ပမာဏကြီးကြီး ရင်းနှီးမြှုပ်နှံမှု ဝင်လာမယ်ဆိုရင်တော့ ဒီဂက်စ်တွေတင်မကဘူး၊ ဂက်စ်လောင်စာဆီရတဲ့အတွက် စက်ရုံအလုပ်ရုံတွေ စီးပွားရေးဇုန်တွေ တိုးတက်လာလိမ့်မယ်၊ ဆရာတို့နားလည်တာကတော့ ဒါက အချောသပ်အဆင့်တော့ရှိပြီလို့ နားလည်တယ်၊ သတင်းမထုတ်ပြန်သေးတဲ့ အခြေအနေတစ်ခုပဲရှိတယ်။အဲဒီတော့ အခုလို axis ကမ်းလွန်ပိုင်းတွေ အဲဒီကနေ ဆရာတို့ ရတနာကိုပို့မယ်၊ ရတနာကနေတစ်ဆင့် ရောင်းစရာရှိလည်း ရောင်းမယ်၊ ပြည်တွင်းမှာလည်း သုံးမယ်ဆိုရင်တော့ ဆရာထင်တယ် အခြေအနေလည်း သိသိသာသာ ပြောင်းသွားလိမ့်မယ်လို့ အောက်မေ့တယ်၊ အဲ့ဒီတော့ မျှော်လင့်ချက်က ခုက ခင်ဗျားပြောတဲ့အတိုင်း မှန်တယ်လေ၊ အဓိက က Big Ticket တွေ လိုတာပေါ့၊ ပမာဏကြီးကြီးလိုတယ်။
အဲ့ဒီတော့ manufacturing ကလည်း သေချာ ဂဃနဏမရှိဘူး၊ ဒါပေမဲ့ အခု ဆရာတို့မျှော်လင့်တာက amateur ၊ ထိုင်းကဟာလည်း တစ်နေ့ကတင် MIC မှာ ခွင့်ပြုလိုက်တယ်လေ၊ အဲ့ဒီလို Project ကြီးကြီးတွေ များများဝင်လာဖို့ပဲ ဆရာတို့ မျှော်လင့်ရမှာပဲ။အဲ့ဒါဆိုရင်တော့ ဆရာထင်တယ် လာမယ့်နှစ်က ကိုယ်လိုချင်တဲ့ အခြေအနေထက်ကို ပိုပြီးမြင့်မယ်လို့ အောက်မေ့တာပဲလေ၊ မျှော်လင့်တာပေါ့နော်။

Opinion leaders ။     ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျပန်ခရီးစဉ်မှာ ဂျပန်ဝန်ကြီးချုပ်က ပြောတာရှိတယ်၊ ရခိုင်-ဘင်္ဂါလီ ပြဿနာမှာ တာဝန်ယူမှု တာဝန်ခံမှုနဲ့ ပတ်သက်လို့ ပြောတာရှိတယ်။မကြာခင်က စစ်တွေမှာ ဂျပန်ဘက်ကနေ ဦးစီးဦးဆောင်လုပ်ပြီးတော့ investment forum တစ်ခု လုပ်သွားတာရှိတယ်၊ ရခိုင်ပြဿနာက မြန်မာပြည်ရဲ့ စီးပွားရေးရဲ့ အဓိကပြဿနာဖြစ်နေတာပေါ့၊ အဲ့ဒီအဓိကပြဿနာက အခုလက်ရှိမှာဆိုလို့ရှိရင် နည်းနည်းငြိမ်သလို အနေအထားရှိတယ်။အဲ့ဒီအနေအထားကို ဆက်ထိန်းနိုင်လို့ရှိရင် မြန်မာပြည်ရဲ့ စီးပွားရေးကိစ္စတွေက ပိုပြီးတော့ Investment တွေက ဝင်လာနိုင်လား၊ ဒါမှမဟုတ် နည်းနည်းလောက် ဝင်လာပြီဆိုတာနဲ့ ပြန်ပြီးတော့ ပြန်လှုပ်လာနိုင်လား အဲဒီလိုအခြေအနေရှိလား ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ အဓိက ကတော့လေ အခုလက်ရှိမှာ ဆရာတို့ ၂၀၁၆ ပြီးတဲ့အချိန်မှာ ၂၀၁၇ ပေါ့၊ သြဂုတ်လ ၂၅ ရက်နေ့က စပြီးဖြစ်လာတဲ့ ရခိုင်အရေးဟာ ဆရာတို့အတွက် စီးပွားရေးအတွက်ကို အင်မတန်မှ သိသိသာသာကြီး ထိခိုက်သွားတယ်၊ ထိခိုက်သွားတယ် ဆိုတဲ့အတွက်ကို ရခိုင်တင်မကဘူး၊ နိုင်ငံခြား ကမ္ဘာလှည့်ခရီးသည်တွေ အကြောပြတ်သွားတာတို့ အဲ့ဒါနဲ့နှီးနွှယ်ပြီးတော့ ဟိုတယ်တွေ ဒုက္ခရောက်တာတွေ အများကြီးရှိတယ်။အဲဒီလိုရှိတဲ့အခါကျတော့ ရခိုင်ပြဿနာကို ဖြေရှင်းနိုင်ဖို့ ဆိုတဲ့အခါမှာ အခုက နှစ်ပိုင်းဖြစ်နေတာလေ။တစ်ပိုင်းက ဟိုဘက်ရောက်နေတဲ့သူတွေ ပြန်လာ၏ မလာ၏ဆိုတာ တစ်ပိုင်း။အဲ့ဒါကအဓိကဖြစ်နေတာ။တစ်ခုက၊ လူတွေမြင်တာက ဟိုမှာ ၇ သိန်းလောက်ရှိနေတယ်။အဲ့ဒီ ၇ သိန်းလောက်ကို အခုထိပြန်မလာသေးဘူး၊ ဘာကြောင့်ပြန်မလာဘူးဆိုတဲ့ မေးခွန်းက အများကြီးထုတ်တယ်လေ။

ဒီဘက်က ဆရာတို့ဘက်က ကိုယ်ကိုယ်တိုင်လည်း ပါဝင်တော့ ကိုယ့်အနေနဲ့ အဆင်သင့်ဖြစ်နေပြီ ကြိုက်တဲ့အချိန် ပြန်လာနိုင်ပါပြီ။ဘာညာဆိုပြီးတော့ တစ်ဖက်က ကိုယ်က ကိုယ်အာမခံတာပေါ့၊ ဒါပေမဲ့ အခုက နိုင်ငံရေးပြဿနာ ဖြစ်နေတယ်ဆိုရင် သူတို့ကလည်း ဒါကို အခုထိ သေချာတာကတော့ တစ်ယောက်မှပြန်မလာသေးဘူး၊ တရားဝင်ပေါ့၊ အဲ့ဒီအခါကျတော့ ဆရာတို့ပြဿနာတစ်ခုက အမြန်ဆုံးပြန်လာအောင် ဘယ်လိုလုပ်ကြမလဲ အမြန်ဆုံးပြန်လာဖို့ဆိုတာကလည်း ကိုယ့်နိုင်ငံတစ်ခုတည်းမရဘူး၊ ဟိုဘက်နိုင်ငံကလည်း ရှိတယ်လေ၊ ပြီးတော့မှ ဟိုဘက်ရောက်နေတဲ့ လူတွေရဲ့ဆန္ဒလည်းရှိတယ်၊ အဲ့ဒီတော့ သူတို့ရဲ့တောင်းဆိုချက်တွေ တစ်ချို့ကလည်းပဲ အစိုးရအနေနဲ့ မလိုက်လျောနိုင်တဲ့ တောင်းဆိုချက်တွေ ဥပမာ - နိုင်ငံသားပေးတာတို့ ဘာတို့ ပြဿနာတွေ တိုင်းရင်းသားပေးတာတို့ ကိစ္စတွေ ဒါတွေအားလုံးက အဖြေရှင်းရှင်းလုပ်လို့မရဘူး၊ ဒါကတစ်ခုပေါ့။

နောက်တစ်ခုက အဲလိုပြန်လာဖို့ အနေအထားရှိဖို့အတွက်ကို ရခိုင်ပြည်နယ်မှာလည်း အေးချမ်းတဲ့ ဖွံ့ဖြိုးတဲ့ အခြေအနေတစ်ခုဖြစ်အောင် ဘယ်လိုဖန်တီးမလဲ၊ ဒီအချိန်မှာပိုပြီး ဆရာတို့နော် ရှုပ်ထွေးသွားတာ AA ရဲ့ လှုပ်ရှားမှုကြောင့်ပေါ့နော်။ AA ရဲ့ လှုပ်ရှားမှုကြောင့် အခုဆိုရင် အထူးသဖြင့် တစ်ချို့မြို့နယ်တွေ သွားလို့မရတော့ဘူး၊ သွားလို့မရတော့ဘူးဖြစ်တော့ ဟိုဟာပေါ့ ဘယ်လက်ရော ညာလက်ရော ဒုက္ခရောက်နေတာဖြစ်တာပေါ့၊ နှစ်ဖက်လုံး၊ တစ်ဖက်က ပြန်လာဖို့ကိစ္စကို တစ်ဖက်က ကြိုးပမ်းနေတဲ့အခါမှာ ဒီဘက်ကလည်း ငြိမ်းချမ်းရေးမရဘူး တည်ငြိမ်မှုမရှိဘူး ပဋိပက္ခတွေဖြစ်နေတယ်။နောက် AA နဲ့ ဆိုတာလည်းပဲ စကားသာပြောနေတာ တကယ်တမ်းတော့ အကြီးအကျယ်ကို ဆရာတို့ အခင်းတွေဖြစ်နေတာ၊ အဲ့တော့ အဲ့လိုဖြစ်တဲ့အခါကျတော့ အဲ့ဒါဟာ ရင်းနှီးမြှုပ်နှံတဲ့သူတွေကတော့ ဆရာတို့ အခက်အခဲရှိတယ်၊ ဆရာတို့ ခဏခဏပြောသလိုပေါ့ အကယ်၍များ စစ်တွေမှာကို အခြေခံပြီးလုပ်ရင် မရဘူးလားဆိုတာကို။ဒါပေမဲ့ခက်တာက ရင်းနှီးမြှုပ်နှံမယ့်သူကလည်း စိုးရိမ်မှာပဲလေ၊ သူ့မှာလည်း Risk တွေ သိပ်များရင် သူလုပ်မှာမဟုတ်ဘူး၊ အဲ့ဒီတော့ ဆရာတို့အနေနဲ့က အဲ့ဒါတော့ သူ Risk က စီးပွားရေးလုပ်ရင်တော့ Risk ကတော့ ရှိတာပဲ၊ သို့သော်လည်း လိုတာထက်ပိုတဲ့ Risk မရှိပါဘူးလို့ တိုက်တွန်းနေရတာပေါ့။

Opinion leaders ။     ။ အခု ဒီဘက် အရပ်သားအစိုးရလက်ထက်က လေးနှစ်ပြီးသွားပြီပေါ့၊ ရှေ့နှစ်နှစ်မှာက အစိုးရပေါ်လစီက တရုတ်ဘက်ကို နည်းနည်းဟိုဟာဖြစ်တယ်၊ နောက်ပိုင်းနှစ်နှစ်မှာ သတိထားမိတာက ဂျပန်ဘက်က ပိုပြီးတော့ဖြစ်လာတယ်၊ ဖြစ်လာတဲ့အခါကျတော့ အစိုးရရဲ့ တကယ့် တကယ်အလုပ်ဖြစ်တဲ့ တာဝန်ယူမှု တာဝန်ခံမှုဖြစ်တဲ့ လုပ်ငန်းဘက်ကို ပိုပြီးဦးစားပေးတဲ့အခါကျတော့ ဂျပန်ဘက်က ပိုပြီးတော့ တာဝန်ယူမှု တာဝန်ခံမှုလည်း ရှိတယ်၊ နောက်တစ်ခုက သီလဝါကလည်း တော်တော်လေးလည်း အဆင်ပြေတဲ့ဟာက ရှိတဲ့အခါကျတော့ နောက်လုပ်မယ့် လုပ်ငန်းကြီးအများစုက တရုတ်နဲ့ ပတ်သက်တဲ့ လုပ်ငန်းကြီးတွေများတယ်၊ အစိုးရပေါ်လစီက ဂျပန်ဘက်နဲ့ ပိုပြီးဦးစားပေးတဲ့ အနေအထားရှိတော့ ဒီနှစ်ခုကြားထဲမှာ ဘယ် Investment က မြန်မာပြည်ကို တကယ်ဖြစ်လာနိုင်လဲ၊ မြန်မာပြည်ရဲ့ စီးပွားရေးကို တကယ် Boost လုပ်နိုင်မလား ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ ဆရာတို့ စဉ်းစားတာ ဒီလိုစဉ်းစားတယ်။တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးမှုမှာ သူတို့အားကိုးနေတာတော့ One Belt One Road ပေါ့။ပိုးလမ်းမကြီးကိစ္စ၊ အဲ့ဒီတော့ ပိုးလမ်းမကြီးက သူတို့ထွက်ပေါက်က မြန်မာပြည်ဖြစ်နေတယ်၊ ဒါကြောင့် သူက အရှေ့တောင်အာရှ ဈေးကွက်ကိုရမယ်၊ လာအိုတို့ ဘာတို့နဲ့ ထိတယ်ဆိုပေမယ့် တကယ်တမ်းတော့ ဆရာတို့ကနေတစ်ဆင့်သွားရင် အာဆီယံရော၊ ဒီဘက်က ပါကစ္စတန်တို့၊ ဘင်္ဂလားဒေ့ရှ်တို့ ရောက်နိုင်တာလေ၊ အဲ့ဒါကြောင့်မို့လို့လဲ သူတို့က ဒီကျောက်ဖြူကို တော်တော်ကြီး စိတ်ဝင်စားကြတာလေ၊ အဲ့ဒီတော့ ကိုယ်ကတော့ ထင်တာတော့ တရုတ်လား၊ ဂျပန်လားလို့ မမေးဘဲနဲ့ပေါ့၊ ကိုယ့်ဆန္ဒကတော့ နှစ်ခုလုံးပြိုင်ပြီးတော့ ဝင်ကစားတတ်ရင် လိမ်လိမ်မာမာကစားတတ်ရင် ကိုယ့်အတွက် အကျိုးရှိလိမ့်မယ်လို့ အောက်မေ့တယ်။

ပြီးတော့ နောက်တစ်ခု မမေ့သင့်တာက အိန္ဒိယကိစ္စ၊ အိန္ဒိယကလည်း ဆရာတို့အတွက် အင်မတန်အရေးကြီးတဲ့ မဟာမိတ်ဖြစ်တယ်လေ၊ အဲ့ဒီတော့ အိန္ဒိယရယ်၊ တရုတ်ရယ်၊ ဂျပန်ရယ် သုံးခုကို နောက် ထိုင်းရယ်ပေါ့၊ ထိုင်းကိုလည်း အထင်သေးလို့တော့မရဘူး၊ အဲ့ဒီတော့ ဒီ ကိုယ့်စိတ်ထဲတော့ တကယ်တမ်း ကိုယ့်သဘောသာဆိုရင်တော့ ဒီနိုင်ငံလေးခုကို လိမ်လိမ်မာမာ ပါးပါးနပ်နပ် တစ်ယောက်နဲ့ တစ်ယောက် ဆက်ဆံရတာချင်း မတူဘူးပေါ့လေ၊ တရုတ်နဲ့ ဆက်ဆံရတာနဲ့ ဂျပန်နဲ့ ဆက်ဆံရတာ မတူဘူး၊ နောက်တစ်ခါ ထိုင်းနဲ့ ဆက်ဆံတာနဲ့ အိန္ဒိယနဲ့ ဆက်ဆံရတာ မတူဘူး၊ သူတို့လည်း ဘာပဲဖြစ်ဖြစ် ဒါတွေနဲ့ ဆရာတို့က ကင်းလို့မှမရတာ၊ ထိုင်းနဲ့ တရုတ်ကျပြန်တော့လည်း အိန္ဒိယနဲ့ ဒီသုံးခုက ကိုယ့်အိမ်နီးနားချင်းတွေ၊ ဂျပန်ကတော့ နည်းနည်းဝေးတယ်၊ ဟုတ်တယ် မဟုတ်လား သူတို့ဆီက မျှော်လင့်နိုင်ထားတဲ့ ပုံစံကတစ်မျိုး၊ ဥပမာ - သီလဝါနဲ့ ပတ်သက်လာရင် သူတို့မှာ စေ့စပ်သေချာအောင် သူတို့နဲ့လုပ်ရတာက နည်းနည်းကြာတယ်၊ ခပ်မြန်မြန်လုပ်ဖို့ဆိုရင် သူတို့က တော်တော်လေးကို အချိန်ယူတယ်၊ စဉ်းစားတယ်နော်၊ စိစစ်တယ်ဆိုတော့ အဲ့ဒီဟာကို သည်းခံဖို့တော့ လိုလိမ့်မယ်၊ ဒါကတစ်ဖက်ကပေါ့။

တရုတ်ကျပြန်တော့လည်း မြန်မြန်ဆိုတော့ သူက မြန်ပြီးတော့ အရမ်းမြန် သူ့အနေနဲ့က အဆင်ပြေအောင်လုပ်တာတွေ အများကြီးရှိတယ်၊ အဲ့ဒါကိုလည်း ဆရာတို့က ထိန်းပေးမယ်ဆိုရင်တော့ ဆရာထင်တယ် ဒါအခွင့်အရေးပါကွဲ့ ကိုယ်ကတော့ ကစားတတ်ရင် ရမယ်အောက်မေ့တာပါပဲ၊ ဟုတ်တယ် မဟုတ်လား တစ်ခုပဲရှိတာက တရုတ်ဘက်သွားတာတို့ ဂျပန်ဘက်သွားတာမျိုးဆိုတာ မဟုတ်ဘဲနဲ့ ကိုယ့်မဟာဗျူဟာက ဒီနိုင်ငံတွေ ကိုယ့်နဲ့တကယ့်ကို အဓိကကျတဲ့ နိုင်ငံလေးခုကို ကိုင်တွယ်မယ်ဆိုရင်တော့ ဆရာထင်တယ် အဖြေတစ်ခုရလိမ့်မယ်လို့ အောက်မေ့တာပဲ။

ဒါဆိုရင်တော့ အကုန်လုံးပြန်ခြုံပြီး သုံးသပ်လို့ရှိရင် ကျွန်တော်တို့ လာမယ့်ဘတ်ဂျက်မှာ အကောင်းတွေ အများကြီး မျှော်လင့်လို့ရတဲ့ အနေအထားရှိတာပေါ့နော်။အဲ့ဒါပေါ့၊ အဲ့ဒီလိုပဲစဉ်းစားရမှာပဲ၊ ကိုယ်ကတော့ မျှော်လင့်ချက်အပြည့်နဲ့ပဲနော်။

Opinion leaders ။     ။ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးပါ ဆရာ။

‌ဒေါက်တာအောင်ထွန်းသက်
အောက်တိုဘာ - ၂၄

( Zawgyi )

ဂ်ပန္ဘုရင္ နန္းတက္ပြဲသို႔ သြားေရာက္သည့္ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္၏ ဂ်ပန္ႏိုင္ငံခရီးစဥ္တြင္ ျမန္မာႏိုင္ငံမွာ စီးပြားေရးလုပ္ငန္းရွင္မ်ား ပါသြားခဲ့သည့္ သတင္းႏွင့္အတူ မၾကာမီ ျမန္မာပင္လယ္ျပင္တြင္ တူးေဖာ္ေတြ႕ရွိခဲ့သည့္ သဘာ၀ဓာတ္ေငြ႕သိုက္အတြက္ အၿပီးသတ္စာခ်ဳပ္ ခ်ဳပ္ဆိုရန္ရွိသည့္ သတင္းမ်ားေၾကာင့္ ယခု ၂၀၁၉ -၂၀၂၀ ဘ႑ာႏွစ္အတြင္း ျမန္မာစီးပြားေရးအေျခအေနႏွင့္ ျပည္ပရင္းႏွီးျမဳပ္ႏွံမႈ ဝင္ေရာက္ႏိုင္မႈအေပၚ အေကာင္းဘက္မွ သုံးသပ္ခန႔္မွန္းမႈမ်ားလည္း ရွိခဲ့ပါတယ္။လက္ရွိ ျမန္မာ့ႏိုင္ငံေရးအေျခအေန၊ တိုင္းရင္းသားအေရးႏွင့္ ရင္းႏွီးျမဳပ္ႏွံသူမ်ား၏ ရင္းႏွီးယုံၾကည္စိတ္ခ်မႈအေပၚ  ဝါရင့္စီးပြားေရးပညာရွင္ႏွင့္ ႏိုင္ငံေတာ္သမၼတ၏ စီးပြားေရးအႀကံေပးပုဂၢိဳလ္ ဆရာ ေဒါက္တာေအာင္ထြန္းသက္အား အထူးအစီအစဥ္တစ္ရပ္အေနျဖင့္ ေမးျမန္းခဲ့ပါတယ္။လတ္တေလာ ျမန္မာ့စီးပြားေရးဆိုင္ရာ အေၾကာင္းကိစၥမ်ားအေပၚ ဆရာ ေဒါက္တာေအာင္ထြန္းသက္၏ ရႈျမင္သုံးသပ္ခ်က္ အျပည့္အစုံကို ယခုတစ္ပတ္ အထူးအစီအစဥ္အျဖစ္ ေဖာ္ျပလိုက္ပါတယ္။

(Opinion Leaders Media အယ္ဒီတာအဖြဲ႕)

Opinion leaders ။     ။ ဂ်ပန္ဘုရင္ရဲ႕ နန္းတက္ပြဲကို ေဒၚေအာင္ဆန္းစုၾကည္ သြားတဲ့အခါမွာ ျမန္မာ့စီးပြားေရးလုပ္ငန္းရွင္ ေတာ္ေတာ္မ်ားမ်ား ပါသြားတယ္လို႔ သိရတယ္၊ လက္ရွိမွာလည္း ျမန္မာႏိုင္ငံမွာ ဂ်ပန္နဲ႔ ပတ္သက္တဲ့ လုပ္ငန္းေတြက ေတာ္ေတာ္ေလးမ်ားတယ္၊ ျမန္မာ့စီးပြားေရးမွာ ေတာ္ေတာ္ေလးကို သိသာတဲ့အေနအထားလည္းရွိေတာ့ အခုသြားတဲ့ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ခရီးစဥ္က ဘယ္ေလာက္အထိ ျမန္မာ့စီးပြားေရးျပန္ေကာင္းလာဖို႔ ေမွ်ာ္လင့္ႏိုင္မလဲ ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ ေမွ်ာ္လင့္ခ်က္ကေတာ့ကြယ္ အခု ကိုယ္နားလည္သေလာက္ ေျပာရရင္ေတာ့ ဝန္ႀကီးခ်ဳပ္ မစၥတာအာေဘး ကလည္း ထိထိေရာက္ေရာက္ကူညီေပးမယ္လို႔ ေျပာတယ္။ကူညီေပးမယ္လို႔ ေျပာတဲ့ေနရာမွာ ဆရာတို႔ အခုေသခ်ာေနတာေပါ့ေနာ္ အေနာက္ႏိုင္ငံရဲ႕ ရင္းႏွီးျမႇဳပ္ႏွံမႈတန္ဖိုးေတြက ထင္သေလာက္ မေရာက္ဘူးေလ၊ ထင္သေလာက္မေရာက္တဲ့အခါက်ေတာ့ ဆရာတို႔ သူတို႔အစိုးရအေနနဲ႔ Look East ဆိုတဲ့ ေပၚလစီသုံးေနတာ။အဲ့ဒီေတာ့ အေရွ႕ကိုလွည့္တဲ့ ေပၚလစီသုံးေနေတာ့ အေရွ႕ကိုလွည့္တဲ့ ေပၚလစီမွာ အေျခခံအားျဖင့္က တ႐ုတ္ေပါ့ေနာ္၊ တ႐ုတ္နဲ႔ပတ္သက္လို႔ တ႐ုတ္အျပင္ကို ဂ်ပန္ရယ္၊ ၿပီးေတာ့မွ ကိုရီးယားရယ္ေပါ့၊ ေနာက္တစ္ခါ ထိုင္ဝမ္တို႔၊ ေဟာင္ေကာင္တို႔ စသျဖင့္ ရွိေနတာကို။

အခု ဒီလိုလုပ္ငန္းရွင္ေတြလည္း ေခၚသြားတယ္၊ ေျပာၾကမယ္၊ ေနာက္တစ္ခါ ဆရာတို႔မွာ အေတြ႕အႀကဳံအေနနဲ႔က ဂ်ပန္နဲ႔ ဆက္စပ္ေနတာ သီလဝါက အေတာ္ေလးေအာင္ျမင္တဲ့ အထူးစီးပြားေရးဇုန္ပါ၊ တကယ္တမ္းေျပာရင္ ျမန္မာျပည္တစ္ျပည္လုံးမွာ အေအာင္ျမင္ဆုံး စီးပြားေရးဇုန္က ဂ်ပန္ဟာ ျဖစ္ေနတယ္ေလ၊ အဲ့ဒီဟာေပၚ မူတည္ၿပီးေတာ့ ေမွ်ာ္လင့္တာေပါ့၊ ေမွ်ာ္လင့္ခ်က္ကေတာ့ ဒါပါပဲ၊ ေမွ်ာ္လင့္ခ်က္ကေတာ့ တကယ့္ကို လိုလိုခ်င္ခ်င္နဲ႔ သူတို႔နဲ႔၊  ဆရာတို႔ကို အားေပးမယ္ထင္တယ္၊ ဒါေပမဲ့တစ္ခုရွိတာကေပါ့ေနာ္။ဒါကို အျမန္ဆုံးအေကာင္အထည္ေဖာ္ႏိုင္ေအာင္ လုပ္ဖို႔လိုတယ္၊ အခ်ိန္က သိပ္မရွိေတာ့ဘူး။

Opinion leaders ။     ။ မၾကာခင္က ကမာၻ႔ဘဏ္ကေန ျမန္မာႏိုင္ငံနဲ႔ ပတ္သက္ၿပီး ထုတ္ျပန္တာရွိတယ္၊ တကယ့္ တကယ္ Ground မွာေတာ့ အလုပ္လက္မဲ့ႏႈန္းကလည္း သိသိသာသာကို မက်သြားဘူး၊ ေနထိုင္မႈစားေသာက္စရိတ္မွာလည္း ေတာ္ေတာ္မ်ားမ်ားကို တက္လာတာရွိတယ္၊ ေငြေၾကးေဖာင္းပြမႈႏႈန္းမွာဆိုရင္ ေတာ္ေတာ္မ်ားမ်ားကို ပုံမွန္ထက္ေတာင္ ပိုမ်ားလာတယ္၊ ေငြလဲလွယ္မႈမွာဆိုရင္လည္း လုံးလုံးထိုးက်သြားတာမရွိဘူး၊ ေ႐ႊေဈးဆိုရင္လည္း ျပန္မက်ဘဲနဲ႔ နည္းနည္းေလး သြားတန႔္ေနတာရွိတယ္၊ အဲ့ဒီအေနအထားမွာ ကမာၻ႔ဘဏ္က ျမန္မာ့စီးပြားေရး တိုးတက္တယ္လို႔ ေဖာ္ျပတယ္။အခုသြားတဲ့ ဂ်ပန္ခရီးစဥ္မွာ ျမန္မာႏိုင္ငံက ေဒသတြင္းတိုးတက္မႈ အျမင့္ဆုံးျဖစ္ေအာင္ဆိုတဲ့ ေျပာတာေတြရွိတယ္။အဲ့ဒီအေျခအေနေတြ အကုန္လုံးက လက္ရွိမွာ ျမန္မာႏိုင္ငံရဲ႕ ႏိုင္ငံေရးတည္ၿငိမ္မႈရယ္၊ ဥပမာ - ဘဂၤါလီ၊ AA လို ကိစၥမ်ိဳးေတြရွိတဲ့ အေနအထားမွာ ဘယ္လိုရင္းႏွီးျမႇဳပ္ႏွံမႈေတြကို ဝင္လာႏိုင္စရာရွိလို႔ ဒီလိုမ်ိဳးခန႔္မွန္းခ်က္ေတြရွိပါသလဲ ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ အဲ့ဒါေပါ့၊ သူတို႔ရထားတဲ့ ကိန္းဂဏန္းေပါ့၊ ကမာၻ႔ဘဏ္ကေတာ့ သူတို႔ေတြဟာ စနစ္တက် အေျခခံေကာင္းေကာင္းရွိတဲ့ အေျခအျမစ္ရွိတဲ့ ကိန္းဂဏန္းေတြ စုစည္းၿပီးေတာ့ သုံးသပ္တယ္လို႔ ဆရာတို႔ နားလည္တာေပါ့။အဲ့ဒီေတာ့ နားလည္တဲ့အခါက်ေတာ့ ဒီကိန္းဂဏန္းေတြနဲ႔ ပတ္သက္လို႔ ဆရာတို႔ အျငင္းပြားစရာေတာ့ မရွိဘူး၊ ဒါေပမဲ့ ျဖစ္ေနတာက လက္ေတြ႕ဘဝမွာ ခုနေျပာတာေတြ အားလုံးေပါ့ေနာ္၊ ကုန္ေဈးႏႈန္းနဲ႔ ပတ္သက္လို႔ ေ႐ႊေဈးနဲ႔ပတ္သက္လို႔ ဒါေတြျဖစ္ေနတဲ့အခါက်ေတာ့ လူေတြမွာ သို႔ေလာ သို႔ေလာ ျဖစ္လာတယ္၊ တစ္ဖက္က ဘယ္ေလာက္ေကာင္းေအာင္ တိုးတက္မႈအေကာင္းဆုံးရွိရင္ ဒါကို သိသာျမင္သာေအာင္ မဟုတ္ဘဲနဲ႔ ဘာေၾကာင့္ ဒီလိုရွိသလဲဆိုတဲ့ ျပႆနာေပါ့၊ အဲ့ဒီေတာ့ ဆရာထင္တယ္ ဆရာတို႔မွာ ဒီတာဝန္ရွိတာေတာ့ ဘယ္သူတာဝန္ရွိလဲ၊ ဘယ္သူတာဝန္ယူလဲေတာ့မသိဘူး၊ တာဝန္ယူရမွာေတာ့ ဒါကိုရွင္းျပဖို႔လိုလိမ့္မယ္ထင္တယ္။ရွင္းျပဖို႔လိုတာ ကိန္းဂဏန္းေတြက အင္မတန္မွေကာင္းတယ္။

ေနာက္တစ္ခါ အခု ဆရာထင္တယ္ ၂၄ ရက္ေန႔မွာ ထြက္မယ္ထင္တယ္။ East of Grow Bussiness ေပါ့၊ ျမန္မာျပည္မွာ စီးပြားေရးလုပ္ရတဲ့ အေျခအေနက အရင္တုန္းက ၁၇၀၊ ၁၇၁ က ဒီထက္ပိုၿပီးေကာင္းလာႏိုင္မယ့္ အေနအထား အရိပ္အေယာင္ရွိတယ္လို႔ ေျပာတယ္။အဲ့ဒီေတာ့ အဲ့ဒါမ်ိဳးက တကယ္တမ္းပဲ ဆရာတို႔ျဖစ္လာၿပီ ျမင္သာထင္သာတာရွိရင္ေတာ့ ကိုယ့္ႏိုင္ငံအတြက္ ေကာင္းတာေပါ့၊ အဲ့ဒီေတာ့ ရင္းႏွီးျမႇဳပ္ႏွံသူေတြအတြက္က တစ္ခုရွိတာေပါ့ေနာ္။ကမာၻ႔စီးပြားေရးထဲ တ႐ုတ္နဲ႔ အေမရိကန္ ျပႆနာရွိေနတဲ့အခါက်ေတာ့ ေနာက္တစ္ခုက တ႐ုတ္ကလည္း နည္းနည္းေလး တိုးတက္မႈအဆင့္ျမင့္လာတဲ့အခါက်ေတာ့ သူတို႔ဆီမွာေတာ့ ညစ္ညမ္းတဲ့ ပတ္ဝန္းက်င္ကို ထိခိုက္မယ့္ စက္႐ုံအလုပ္႐ုံေတြကို လုပ္ဖို႔အားမေပးေတာ့ဘူး၊ အားမေပးတဲ့အခါက်ေတာ့ ဒီဘက္ကိုေ႐ႊ႕လာဖို႔ အေျခအေနေတြက အမ်ားႀကီးရွိလာတယ္၊ ကိုယ့္အေနနဲ႔ကေတာ့ ဒါေတြကိုအခြင့္အေရးယူရမွာပဲ၊ ယူတဲ့အခါမွာ ကိုယ့္ပတ္ဝန္းက်င္ မထိခိုက္ေအာင္ ကိုယ့္ရဲ႕ပတ္ဝန္းက်င္ေရာ ဝန္ထမ္းေတြေရာ ဘာညာေပါ့၊ စားသုံးသူေတြ မထိခိုက္ေအာင္ ဆရာတို႔က ထိန္းသိမ္းကာကြယ္ရမယ့္ အေနအထားေပါ့၊ ေမွ်ာ္လင့္တာကေတာ့ေပါ့ေနာ္၊ ဒါအခု ဒီဘက္အပိုင္းမွာေပါ့၊ ေနာက္ဆုံးအခု ဘ႑ာေရးႏွစ္က စၿပီေလ၊ ဆရာတို႔ ဒီဘ႑ာေရးႏွစ္ ေအာက္တိုဘာ လ ၁ ရက္ စတဲ့ ဘ႑ာေရးႏွစ္မွာ မႏွစ္ကထက္စာရင္ အေျခအေနပိုေကာင္းလာမလား၊ ေနာက္တစ္ခါ စီးပြားေရးနဲ႔ ပတ္သက္လာရင္ ႏိုင္ငံေရးတည္ၿငိမ္မႈ ဘယ္ေလာက္ရွိလဲ၊ အဲ့ဒီလိုတည္ၿငိမ္ဖို႔ လူေတြဘယ္ေလာက္လိုမလဲဆိုတဲ့ အေပၚမွာလည္း မူတည္တယ္လို႔ ေအာက္ေမ့တာပါပဲ။

Opinion leaders ။     ။ ၿပီးခဲ့တဲ့ ဘ႑ာေရးႏွစ္မွာဆိုလို႔ရွိရင္ FDI ဝင္ေရာက္မႈက ၄ ေက်ာ္ေက်ာ္ေလးပဲရွိတယ္ ဆရာ။အဲ့ဒီမွာ တစ္ဝက္ေလာက္က manufacturing ဒီဘက္မွာ ႏွစ္ဘီလ်ံေလာက္ရွိတယ္ ဆရာ။ေနာက္ လုံးလုံးမဝင္တဲ့ဟာေတြရွိတယ္။ mining တို႔ဘာတို႔ဆိုရင္ လုံးလုံးမဝင္သြားဘူး။ေရနံနဲ႔ သဘာ၀ဓာတ္ေငြ႕ဆိုလို႔ရွိရင္ လုံးလုံးကို အသံမၾကားရဘူး။ဒီဘက္မွာ အသစ္ေတြ႕တာတို႔ ဘာတို႔ေတြလည္း အသံမၾကားရဘူး။ေနာက္တစ္ခါ ဂတ္စ္နဲ႔ ပတ္သက္လို႔ရွိရင္ ျမန္မာႏိုင္ငံမွာ စြမ္းအင္နဲ႔ဆိုလို႔ရွိရင္ သူ႔ကို depend လုပ္ေနရတဲ့ အေနအထားဆိုေတာ့ ဒီဟာနဲ႔ပတ္သက္လို႔ရွိရင္ သတင္းေကာင္းတစ္ခုမွ မၾကားရတဲ့အခါက်ေတာ့ ဒီလာမယ့္ ဘ႑ာႏွစ္မွာ ရင္းႏွီးျမႇဳပ္ႏွံမႈေတြက ဘယ္ဘက္ကို အစိုးရအေနနဲ႔ ေစာင္းေပးသင့္သလဲ။ေနာက္တစ္ခ်က္က အခုအလုပ္လက္မဲ့ေတြကို ေတာ္ေတာ္မ်ားမ်ား ေလွ်ာ့ခ်ႏိုင္တာဟာ ေဆာက္လုပ္ေရးက႑မွာ ေဆာက္လုပ္ေရးကလည္း အခုဆိုလို႔ရွိရင္ ရန္ကုန္ၿမိဳ႕သစ္စီမံကိန္းဆိုတာလည္း ဘယ္လိုႀကီးမွန္းလဲမသိဘူး ျဖစ္ေနတယ္၊ ေရွ႕မတိုးသာ ေနာက္မဆုတ္သာ ျဖစ္ေနေတာ့ အဲ့ဒီအေနအထားေတြက လာမယ့္ဘ႑ာႏွစ္မွာ ဘယ္လိုမ်ား ေျပာင္းလဲလာႏိုင္မလဲ ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ ဆရာတို႔ေမွ်ာ္လင့္တာေပါ့ေလ၊ ဒါကလည္း စဥ္းစားဖို႔လိုတာက axis ေပါ့ေနာ္။ဒီေရနံနဲ႔ပတ္သက္လို႔ ဓာတ္ေငြ႕နဲ႔ပတ္သက္လို႔ ဒီဟာက ဆရာထင္တယ္၊ မၾကာခင္ အေကာင္အထည္ေဖာ္လိမ့္မယ္လို႔ ေအာက္ေမ့တယ္။အဲ့ဒီေတာ့ အဲ့ဒီလိုေနာ္ ဒီဘက္ကေပါ့ေနာ္၊ ပမာဏႀကီးႀကီးနဲ႔ ၆ ဘီလ်ံေက်ာ္ေက်ာ္ ဘာညာ ပမာဏႀကီးႀကီး ရင္းႏွီးျမႇဳပ္ႏွံမႈ ဝင္လာမယ္ဆိုရင္ေတာ့ ဒီဂက္စ္ေတြတင္မကဘူး၊ ဂက္စ္ေလာင္စာဆီရတဲ့အတြက္ စက္႐ုံအလုပ္႐ုံေတြ စီးပြားေရးဇုန္ေတြ တိုးတက္လာလိမ့္မယ္၊ ဆရာတို႔နားလည္တာကေတာ့ ဒါက အေခ်ာသပ္အဆင့္ေတာ့ရွိၿပီလို႔ နားလည္တယ္၊ သတင္းမထုတ္ျပန္ေသးတဲ့ အေျခအေနတစ္ခုပဲရွိတယ္။အဲဒီေတာ့ အခုလို axis ကမ္းလြန္ပိုင္းေတြ အဲဒီကေန ဆရာတို႔ ရတနာကိုပို႔မယ္၊ ရတနာကေနတစ္ဆင့္ ေရာင္းစရာရွိလည္း ေရာင္းမယ္၊ ျပည္တြင္းမွာလည္း သုံးမယ္ဆိုရင္ေတာ့ ဆရာထင္တယ္ အေျခအေနလည္း သိသိသာသာ ေျပာင္းသြားလိမ့္မယ္လို႔ ေအာက္ေမ့တယ္၊ အဲ့ဒီေတာ့ ေမွ်ာ္လင့္ခ်က္က ခုက ခင္ဗ်ားေျပာတဲ့အတိုင္း မွန္တယ္ေလ၊ အဓိက က Big Ticket ေတြ လိုတာေပါ့၊ ပမာဏႀကီးႀကီးလိုတယ္။
အဲ့ဒီေတာ့ manufacturing ကလည္း ေသခ်ာ ဂဃနဏမရွိဘူး၊ ဒါေပမဲ့ အခု ဆရာတို႔ေမွ်ာ္လင့္တာက amateur ၊ ထိုင္းကဟာလည္း တစ္ေန႔ကတင္ MIC မွာ ခြင့္ျပဳလိုက္တယ္ေလ၊ အဲ့ဒီလို Project ႀကီးႀကီးေတြ မ်ားမ်ားဝင္လာဖို႔ပဲ ဆရာတို႔ ေမွ်ာ္လင့္ရမွာပဲ။အဲ့ဒါဆိုရင္ေတာ့ ဆရာထင္တယ္ လာမယ့္ႏွစ္က ကိုယ္လိုခ်င္တဲ့ အေျခအေနထက္ကို ပိုၿပီးျမင့္မယ္လို႔ ေအာက္ေမ့တာပဲေလ၊ ေမွ်ာ္လင့္တာေပါ့ေနာ္။

Opinion leaders ။     ။ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ဂ်ပန္ခရီးစဥ္မွာ ဂ်ပန္ဝန္ႀကီးခ်ဳပ္က ေျပာတာရွိတယ္၊ ရခိုင္-ဘဂၤါလီ ျပႆနာမွာ တာဝန္ယူမႈ တာဝန္ခံမႈနဲ႔ ပတ္သက္လို႔ ေျပာတာရွိတယ္။မၾကာခင္က စစ္ေတြမွာ ဂ်ပန္ဘက္ကေန ဦးစီးဦးေဆာင္လုပ္ၿပီးေတာ့ investment forum တစ္ခု လုပ္သြားတာရွိတယ္၊ ရခိုင္ျပႆနာက ျမန္မာျပည္ရဲ႕ စီးပြားေရးရဲ႕ အဓိကျပႆနာျဖစ္ေနတာေပါ့၊ အဲ့ဒီအဓိကျပႆနာက အခုလက္ရွိမွာဆိုလို႔ရွိရင္ နည္းနည္းၿငိမ္သလို အေနအထားရွိတယ္။အဲ့ဒီအေနအထားကို ဆက္ထိန္းႏိုင္လို႔ရွိရင္ ျမန္မာျပည္ရဲ႕ စီးပြားေရးကိစၥေတြက ပိုၿပီးေတာ့ Investment ေတြက ဝင္လာႏိုင္လား၊ ဒါမွမဟုတ္ နည္းနည္းေလာက္ ဝင္လာၿပီဆိုတာနဲ႔ ျပန္ၿပီးေတာ့ ျပန္လႈပ္လာႏိုင္လား အဲဒီလိုအေျခအေနရွိလား ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ အဓိက ကေတာ့ေလ အခုလက္ရွိမွာ ဆရာတို႔ ၂၀၁၆ ၿပီးတဲ့အခ်ိန္မွာ ၂၀၁၇ ေပါ့၊ ၾသဂုတ္လ ၂၅ ရက္ေန႔က စၿပီးျဖစ္လာတဲ့ ရခိုင္အေရးဟာ ဆရာတို႔အတြက္ စီးပြားေရးအတြက္ကို အင္မတန္မွ သိသိသာသာႀကီး ထိခိုက္သြားတယ္၊ ထိခိုက္သြားတယ္ ဆိုတဲ့အတြက္ကို ရခိုင္တင္မကဘူး၊ ႏိုင္ငံျခား ကမာၻလွည့္ခရီးသည္ေတြ အေၾကာျပတ္သြားတာတို႔ အဲ့ဒါနဲ႔ႏွီးႏႊယ္ၿပီးေတာ့ ဟိုတယ္ေတြ ဒုကၡေရာက္တာေတြ အမ်ားႀကီးရွိတယ္။အဲဒီလိုရွိတဲ့အခါက်ေတာ့ ရခိုင္ျပႆနာကို ေျဖရွင္းႏိုင္ဖို႔ ဆိုတဲ့အခါမွာ အခုက ႏွစ္ပိုင္းျဖစ္ေနတာေလ။တစ္ပိုင္းက ဟိုဘက္ေရာက္ေနတဲ့သူေတြ ျပန္လာ၏ မလာ၏ဆိုတာ တစ္ပိုင္း။အဲ့ဒါကအဓိကျဖစ္ေနတာ။တစ္ခုက၊ လူေတြျမင္တာက ဟိုမွာ ၇ သိန္းေလာက္ရွိေနတယ္။အဲ့ဒီ ၇ သိန္းေလာက္ကို အခုထိျပန္မလာေသးဘူး၊ ဘာေၾကာင့္ျပန္မလာဘူးဆိုတဲ့ ေမးခြန္းက အမ်ားႀကီးထုတ္တယ္ေလ။

ဒီဘက္က ဆရာတို႔ဘက္က ကိုယ္ကိုယ္တိုင္လည္း ပါဝင္ေတာ့ ကိုယ့္အေနနဲ႔ အဆင္သင့္ျဖစ္ေနၿပီ ႀကိဳက္တဲ့အခ်ိန္ ျပန္လာႏိုင္ပါၿပီ။ဘာညာဆိုၿပီးေတာ့ တစ္ဖက္က ကိုယ္က ကိုယ္အာမခံတာေပါ့၊ ဒါေပမဲ့ အခုက ႏိုင္ငံေရးျပႆနာ ျဖစ္ေနတယ္ဆိုရင္ သူတို႔ကလည္း ဒါကို အခုထိ ေသခ်ာတာကေတာ့ တစ္ေယာက္မွျပန္မလာေသးဘူး၊ တရားဝင္ေပါ့၊ အဲ့ဒီအခါက်ေတာ့ ဆရာတို႔ျပႆနာတစ္ခုက အျမန္ဆုံးျပန္လာေအာင္ ဘယ္လိုလုပ္ၾကမလဲ အျမန္ဆုံးျပန္လာဖို႔ဆိုတာကလည္း ကိုယ့္ႏိုင္ငံတစ္ခုတည္းမရဘူး၊ ဟိုဘက္ႏိုင္ငံကလည္း ရွိတယ္ေလ၊ ၿပီးေတာ့မွ ဟိုဘက္ေရာက္ေနတဲ့ လူေတြရဲ႕ဆႏၵလည္းရွိတယ္၊ အဲ့ဒီေတာ့ သူတို႔ရဲ႕ေတာင္းဆိုခ်က္ေတြ တစ္ခ်ိဳ႕ကလည္းပဲ အစိုးရအေနနဲ႔ မလိုက္ေလ်ာႏိုင္တဲ့ ေတာင္းဆိုခ်က္ေတြ ဥပမာ - ႏိုင္ငံသားေပးတာတို႔ ဘာတို႔ ျပႆနာေတြ တိုင္းရင္းသားေပးတာတို႔ ကိစၥေတြ ဒါေတြအားလုံးက အေျဖရွင္းရွင္းလုပ္လို႔မရဘူး၊ ဒါကတစ္ခုေပါ့။

ေနာက္တစ္ခုက အဲလိုျပန္လာဖို႔ အေနအထားရွိဖို႔အတြက္ကို ရခိုင္ျပည္နယ္မွာလည္း ေအးခ်မ္းတဲ့ ဖြံ႕ၿဖိဳးတဲ့ အေျခအေနတစ္ခုျဖစ္ေအာင္ ဘယ္လိုဖန္တီးမလဲ၊ ဒီအခ်ိန္မွာပိုၿပီး ဆရာတို႔ေနာ္ ရႈပ္ေထြးသြားတာ AA ရဲ႕ လႈပ္ရွားမႈေၾကာင့္ေပါ့ေနာ္။ AA ရဲ႕ လႈပ္ရွားမႈေၾကာင့္ အခုဆိုရင္ အထူးသျဖင့္ တစ္ခ်ိဳ႕ၿမိဳ႕နယ္ေတြ သြားလို႔မရေတာ့ဘူး၊ သြားလို႔မရေတာ့ဘူးျဖစ္ေတာ့ ဟိုဟာေပါ့ ဘယ္လက္ေရာ ညာလက္ေရာ ဒုကၡေရာက္ေနတာျဖစ္တာေပါ့၊ ႏွစ္ဖက္လုံး၊ တစ္ဖက္က ျပန္လာဖို႔ကိစၥကို တစ္ဖက္က ႀကိဳးပမ္းေနတဲ့အခါမွာ ဒီဘက္ကလည္း ၿငိမ္းခ်မ္းေရးမရဘူး တည္ၿငိမ္မႈမရွိဘူး ပဋိပကၡေတြျဖစ္ေနတယ္။ေနာက္ AA နဲ႔ ဆိုတာလည္းပဲ စကားသာေျပာေနတာ တကယ္တမ္းေတာ့ အႀကီးအက်ယ္ကို ဆရာတို႔ အခင္းေတြျဖစ္ေနတာ၊ အဲ့ေတာ့ အဲ့လိုျဖစ္တဲ့အခါက်ေတာ့ အဲ့ဒါဟာ ရင္းႏွီးျမႇဳပ္ႏွံတဲ့သူေတြကေတာ့ ဆရာတို႔ အခက္အခဲရွိတယ္၊ ဆရာတို႔ ခဏခဏေျပာသလိုေပါ့ အကယ္၍မ်ား စစ္ေတြမွာကို အေျခခံၿပီးလုပ္ရင္ မရဘူးလားဆိုတာကို။ဒါေပမဲ့ခက္တာက ရင္းႏွီးျမႇဳပ္ႏွံမယ့္သူကလည္း စိုးရိမ္မွာပဲေလ၊ သူ႔မွာလည္း Risk ေတြ သိပ္မ်ားရင္ သူလုပ္မွာမဟုတ္ဘူး၊ အဲ့ဒီေတာ့ ဆရာတို႔အေနနဲ႔က အဲ့ဒါေတာ့ သူ Risk က စီးပြားေရးလုပ္ရင္ေတာ့ Risk ကေတာ့ ရွိတာပဲ၊ သို႔ေသာ္လည္း လိုတာထက္ပိုတဲ့ Risk မရွိပါဘူးလို႔ တိုက္တြန္းေနရတာေပါ့။

Opinion leaders ။     ။ အခု ဒီဘက္ အရပ္သားအစိုးရလက္ထက္က ေလးႏွစ္ၿပီးသြားၿပီေပါ့၊ ေရွ႕ႏွစ္ႏွစ္မွာက အစိုးရေပၚလစီက တ႐ုတ္ဘက္ကို နည္းနည္းဟိုဟာျဖစ္တယ္၊ ေနာက္ပိုင္းႏွစ္ႏွစ္မွာ သတိထားမိတာက ဂ်ပန္ဘက္က ပိုၿပီးေတာ့ျဖစ္လာတယ္၊ ျဖစ္လာတဲ့အခါက်ေတာ့ အစိုးရရဲ႕ တကယ့္ တကယ္အလုပ္ျဖစ္တဲ့ တာဝန္ယူမႈ တာဝန္ခံမႈျဖစ္တဲ့ လုပ္ငန္းဘက္ကို ပိုၿပီးဦးစားေပးတဲ့အခါက်ေတာ့ ဂ်ပန္ဘက္က ပိုၿပီးေတာ့ တာဝန္ယူမႈ တာဝန္ခံမႈလည္း ရွိတယ္၊ ေနာက္တစ္ခုက သီလဝါကလည္း ေတာ္ေတာ္ေလးလည္း အဆင္ေျပတဲ့ဟာက ရွိတဲ့အခါက်ေတာ့ ေနာက္လုပ္မယ့္ လုပ္ငန္းႀကီးအမ်ားစုက တ႐ုတ္နဲ႔ ပတ္သက္တဲ့ လုပ္ငန္းႀကီးေတြမ်ားတယ္၊ အစိုးရေပၚလစီက ဂ်ပန္ဘက္နဲ႔ ပိုၿပီးဦးစားေပးတဲ့ အေနအထားရွိေတာ့ ဒီႏွစ္ခုၾကားထဲမွာ ဘယ္ Investment က ျမန္မာျပည္ကို တကယ္ျဖစ္လာႏိုင္လဲ၊ ျမန္မာျပည္ရဲ႕ စီးပြားေရးကို တကယ္ Boost လုပ္ႏိုင္မလား ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ ဆရာတို႔ စဥ္းစားတာ ဒီလိုစဥ္းစားတယ္။တ႐ုတ္ႏိုင္ငံရဲ႕ ဖြံ႕ၿဖိဳးမႈမွာ သူတို႔အားကိုးေနတာေတာ့ One Belt One Road ေပါ့။ပိုးလမ္းမႀကီးကိစၥ၊ အဲ့ဒီေတာ့ ပိုးလမ္းမႀကီးက သူတို႔ထြက္ေပါက္က ျမန္မာျပည္ျဖစ္ေနတယ္၊ ဒါေၾကာင့္ သူက အေရွ႕ေတာင္အာရွ ေဈးကြက္ကိုရမယ္၊ လာအိုတို႔ ဘာတို႔နဲ႔ ထိတယ္ဆိုေပမယ့္ တကယ္တမ္းေတာ့ ဆရာတို႔ကေနတစ္ဆင့္သြားရင္ အာဆီယံေရာ၊ ဒီဘက္က ပါကစၥတန္တို႔၊ ဘဂၤလားေဒ့ရွ္တို႔ ေရာက္ႏိုင္တာေလ၊ အဲ့ဒါေၾကာင့္မို႔လို႔လဲ သူတို႔က ဒီေက်ာက္ျဖဴကို ေတာ္ေတာ္ႀကီး စိတ္ဝင္စားၾကတာေလ၊ အဲ့ဒီေတာ့ ကိုယ္ကေတာ့ ထင္တာေတာ့ တ႐ုတ္လား၊ ဂ်ပန္လားလို႔ မေမးဘဲနဲ႔ေပါ့၊ ကိုယ့္ဆႏၵကေတာ့ ႏွစ္ခုလုံးၿပိဳင္ၿပီးေတာ့ ဝင္ကစားတတ္ရင္ လိမ္လိမ္မာမာကစားတတ္ရင္ ကိုယ့္အတြက္ အက်ိဳးရွိလိမ့္မယ္လို႔ ေအာက္ေမ့တယ္။

ၿပီးေတာ့ ေနာက္တစ္ခု မေမ့သင့္တာက အိႏၵိယကိစၥ၊ အိႏၵိယကလည္း ဆရာတို႔အတြက္ အင္မတန္အေရးႀကီးတဲ့ မဟာမိတ္ျဖစ္တယ္ေလ၊ အဲ့ဒီေတာ့ အိႏၵိယရယ္၊ တ႐ုတ္ရယ္၊ ဂ်ပန္ရယ္ သုံးခုကို ေနာက္ ထိုင္းရယ္ေပါ့၊ ထိုင္းကိုလည္း အထင္ေသးလို႔ေတာ့မရဘူး၊ အဲ့ဒီေတာ့ ဒီ ကိုယ့္စိတ္ထဲေတာ့ တကယ္တမ္း ကိုယ့္သေဘာသာဆိုရင္ေတာ့ ဒီႏိုင္ငံေလးခုကို လိမ္လိမ္မာမာ ပါးပါးနပ္နပ္ တစ္ေယာက္နဲ႔ တစ္ေယာက္ ဆက္ဆံရတာခ်င္း မတူဘူးေပါ့ေလ၊ တ႐ုတ္နဲ႔ ဆက္ဆံရတာနဲ႔ ဂ်ပန္နဲ႔ ဆက္ဆံရတာ မတူဘူး၊ ေနာက္တစ္ခါ ထိုင္းနဲ႔ ဆက္ဆံတာနဲ႔ အိႏၵိယနဲ႔ ဆက္ဆံရတာ မတူဘူး၊ သူတို႔လည္း ဘာပဲျဖစ္ျဖစ္ ဒါေတြနဲ႔ ဆရာတို႔က ကင္းလို႔မွမရတာ၊ ထိုင္းနဲ႔ တ႐ုတ္က်ျပန္ေတာ့လည္း အိႏၵိယနဲ႔ ဒီသုံးခုက ကိုယ့္အိမ္နီးနားခ်င္းေတြ၊ ဂ်ပန္ကေတာ့ နည္းနည္းေဝးတယ္၊ ဟုတ္တယ္ မဟုတ္လား သူတို႔ဆီက ေမွ်ာ္လင့္ႏိုင္ထားတဲ့ ပုံစံကတစ္မ်ိဳး၊ ဥပမာ - သီလဝါနဲ႔ ပတ္သက္လာရင္ သူတို႔မွာ ေစ့စပ္ေသခ်ာေအာင္ သူတို႔နဲ႔လုပ္ရတာက နည္းနည္းၾကာတယ္၊ ခပ္ျမန္ျမန္လုပ္ဖို႔ဆိုရင္ သူတို႔က ေတာ္ေတာ္ေလးကို အခ်ိန္ယူတယ္၊ စဥ္းစားတယ္ေနာ္၊ စိစစ္တယ္ဆိုေတာ့ အဲ့ဒီဟာကို သည္းခံဖို႔ေတာ့ လိုလိမ့္မယ္၊ ဒါကတစ္ဖက္ကေပါ့။

တ႐ုတ္က်ျပန္ေတာ့လည္း ျမန္ျမန္ဆိုေတာ့ သူက ျမန္ၿပီးေတာ့ အရမ္းျမန္ သူ႔အေနနဲ႔က အဆင္ေျပေအာင္လုပ္တာေတြ အမ်ားႀကီးရွိတယ္၊ အဲ့ဒါကိုလည္း ဆရာတို႔က ထိန္းေပးမယ္ဆိုရင္ေတာ့ ဆရာထင္တယ္ ဒါအခြင့္အေရးပါကြဲ႕ ကိုယ္ကေတာ့ ကစားတတ္ရင္ ရမယ္ေအာက္ေမ့တာပါပဲ၊ ဟုတ္တယ္ မဟုတ္လား တစ္ခုပဲရွိတာက တ႐ုတ္ဘက္သြားတာတို႔ ဂ်ပန္ဘက္သြားတာမ်ိဳးဆိုတာ မဟုတ္ဘဲနဲ႔ ကိုယ့္မဟာဗ်ဴဟာက ဒီႏိုင္ငံေတြ ကိုယ့္နဲ႔တကယ့္ကို အဓိကက်တဲ့ ႏိုင္ငံေလးခုကို ကိုင္တြယ္မယ္ဆိုရင္ေတာ့ ဆရာထင္တယ္ အေျဖတစ္ခုရလိမ့္မယ္လို႔ ေအာက္ေမ့တာပဲ။

ဒါဆိုရင္ေတာ့ အကုန္လုံးျပန္ၿခဳံၿပီး သုံးသပ္လို႔ရွိရင္ ကြၽန္ေတာ္တို႔ လာမယ့္ဘတ္ဂ်က္မွာ အေကာင္းေတြ အမ်ားႀကီး ေမွ်ာ္လင့္လို႔ရတဲ့ အေနအထားရွိတာေပါ့ေနာ္။အဲ့ဒါေပါ့၊ အဲ့ဒီလိုပဲစဥ္းစားရမွာပဲ၊ ကိုယ္ကေတာ့ ေမွ်ာ္လင့္ခ်က္အျပည့္နဲ႔ပဲေနာ္။

Opinion leaders ။     ။ အခုလိုေျဖၾကားေပးတဲ့အတြက္ ေက်းဇူးပါ ဆရာ။

‌ေဒါက္တာေအာင္ထြန္းသက္
ေအာက္တိုဘာ - ၂၄