【 ပညာရှင်များ၏အမြင် 】 “လူမျိုးချစ်တာထက် ကိုယ့်အကျိုးကို ထိခိုက်မှာစိုးလို့ စိတ်ပူနေကြတာ”

【 ပညာရှင်များ၏အမြင် 】 “လူမျိုးချစ်တာထက် ကိုယ့်အကျိုးကို ထိခိုက်မှာစိုးလို့ စိတ်ပူနေကြတာ”

ယခင်အစိုးရလက်ထက်က လုပ်ငန်းရှင်ကြီးများ၏ ချေးငွေများကို ပြန်ဆပ်ရန်အတွက် သတင်းများထွက်ပေါ်လာပြီးနောက် မကြာမီ ဘဏ်များအပေါ် စိတ်မချရမှုသတင်းများ၊ ကောလာဟလများ ထွက်ပေါ်လာခဲ့ပြီးနောက် ပြည်တွင်းရွှေဈေးနှင့် နိုင်ငံခြားငွေဈေးများ တက်လာခဲ့ပါတယ်။တစ်ရက်အတွင်း သောင်းနှင့်ချီကာ ရွှေဈေးဆောင့်တက်လာခဲ့သလို ရွှေဈေးကွက်အတွင်း အရောင်းပိတ်ထားရသည်အထိ ဖြစ်ခဲ့ပါတယ်။ရှမ်းမြောက်တိုက်ပွဲများ ဖြစ်နေချိန်၊ ကိုရီးယားသမ္မတ မြန်မာနိုင်ငံသု့ ရောက်ရှိနေသည့်အချိန်နှင့် တခြားသော နိုင်ငံရေးရေချိန် မြင့်တက်ချိန်တွင် ဖြစ်လာသဖြင့် ထိုပြဿနာမှာ သာမန်သဘောရိုးဖြစ်သည်ထက် ပိုမိုကာ ဈေးကစားခြင်းနှင့် နိုင်ငံရေးအရ မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်နေသည်လားဆိုသည့် သုံးသပ်ချက်များပေါ် ထွက်လာခဲ့ပါတယ်။ထိုယူဆချက်အပေါ် အခြေခံကာ  ဝါရင့်စီးပွားရေးပညာရှင်နှင့် နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေးပုဂ္ဂိုလ် ဆရာ ဒေါက်တာအောင်ထွန်းသက် အား အထူးအစီအစဉ်တစ်ရပ်အနေဖြင့် လတ်တလော ကုန်သွယ်ရေး၊ ဘဏ္ဍာရေးစနစ်နှင့် စီးပွားရေးအလားအလာအပေါ် မေးမြန်းခဲ့ပါတယ်။ဆရာ ဒေါက်တာအောင်ထွန်းသက်၏ ရှုမြင်သုံးသပ်ချက် အပြည့်အစုံကို ယခုတစ်ပတ် အထူးအစီအစဉ်အဖြစ် ဖော်ပြလိုက်ပါတယ်။

(Opinion Leaders Media အယ်ဒီတာအဖွဲ့)

Opinion Leaders ။     ။ မကြာခင်က ဒေါ်အောင်ဆန်းစုကြည် က တောင်ကိုရီးယားသမ္မတ လာတဲ့ခရီးစဉ်ထဲမှာ မြန်မာနိုင်ငံအတွက်ကို မြန်မာနိုင်ငံက အလုပ်သမားတွေ ပိုလွှတ်ခွင့်တောင်းတယ် ဆရာ။နောက်ထပ် စီးပွားရေးတွေနဲ့ ပတ်သက်ပြီးတော့လည်း နှစ်ခုလောက်အထိ တောင်းခဲ့တာ တွေ့ရတယ် ဆရာ။ဒီလို တောင်ကိုရီးယားနဲ့ ပတ်သက်တဲ့ စီးပွားရေးအခြေအနေတွေကြောင့် လက်ရှိ မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်ရေး ထိခိုက်နေတာတွေရယ်၊ ရခိုင်ပြဿနာတွေကြောင့် ထိခိုက်နေတဲ့ ရင်းနှီးမြုပ်နှံမှု လျော့ကျနေတာတွေ၊ မြန်မာ့စီးပွားရေး အခြေအနေတွေက အကောင်းဘက်ကို ရောက်လာနိုင်သလား ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ အခု အားလုံးသိတဲ့အတိုင်းပဲ နိုင်ငံရေးမတည်ငြိမ်မှုတွေ ဖြစ်လာတဲ့အတွက် အရှေ့သို့ဆိုတဲ့ Look East ပေါ်လစီပေါ့၊ Look East ပေါ်လစီရှိတော့ အဲ့ဒီ Look East ပေါ်လစီမှာက တရုတ်လည်းပါတယ်၊ ဂျပန်လည်းပါတယ်၊ ကိုရီးယားလည်းပါတယ်၊ တစ်ခါတရံ ထိုင်ဝမ်တောင်မှ ကြိုကြားကြိုကြား ပါသေးတယ်။အခုလို သမ္မတကြီးကိုယ်တိုင်လာတယ်၊ ဆရာတို့ နိုင်ငံ့ခေါင်းဆောင်အနေနဲ့က ကိုရီးယားရဲ့ ရင်းနှီးမြုပ်နှံမှု မြန်မာပြည်ကိုဝင်လာဖို့ မျှော်လင့်တာပေါ့၊ ဆရာတို့အနေနဲ့ တတ်နိုင်သမျှ ဒီဟာကို မျှော်လင့်ဖို့လိုတယ်၊ ကိုရီးယားနဲ့ ပုံစံအမျိုးမျိုးဆက်ဆံမှုတွေရှိခဲ့တော့ ဒါက အခွင့်အလမ်းတွေရမယ်လို့ အောက်မေ့တယ်။

ကိုရီးယားတွေကလည်း တကယ်တမ်းတော့ပြောရရင် သူတို့ အခု ကိုရီးယားလို့ပြောပေမယ့် ဂျပန်နဲ့ ကိုရီးယားနဲ့လည်း ပဋိပက္ခတွေဖြစ်နေတာပေါ့။ဒါပေမဲ့ ကိုယ့်အနေနဲ့ကတော့ Look East ပေါ်လစီကို ကျင့်သုံးမယ်ဆိုရင်တော့ ကိုယ်ရတဲ့ အခွင့်အရေးတွေအားလုံး ယူရမှာပဲ။ကိုယ်ကတော့ ဒါကိုအားပေးတယ်လေ၊ ဒါအများကြီး အလုပ်အကိုင် အခွင့်အလမ်းတွေ ရမယ်ဆိုရင် ကိုယ့်နိုင်ငံရဲ့ စီးပွားရေးအတွက် ကောင်းတာပေါ့၊ ကိုရီးယားကလည်း တကယ်တမ်းတော့ သူတို့မှာလည်း High Tech ကောင်းကောင်းလေး အဆင့်မြင့်တဲ့ နိုင်ငံတစ်နိုင်ငံလေ။သူတို့ဆီကနေ အလုပ်အကိုင် အခွင့်အလမ်းတွေအပြင် နည်းပညာ Technology transfer တွေ ရရင်လည်း ကိုယ့်အတွက်က တအားကြီးအခွင့်အရေးကောင်းတယ်လေ။ပြီးတော့ မြန်မာပြည်မှာလည်း ကိုရီးယားရင်းနှီးမြှုပ်နှံမှုက တော်တော်လေးရောက်နေတာကိုး။ရောက်နေတဲ့အခါကျတော့ ဒါကိုပဲ ဒီထက်ပိုပြီး အရှိန်အဟုန်မြင့်အောင် ဆရာတို့ ဆောင်ရွက်ဖို့လိုတယ်လို့ပဲ အောက်မေ့တာပါပဲ။

Opinion Leaders ။     ။ မကြာခင်က ပြည်တွင်းမှာ ဘဏ်တွေနဲ့ပတ်သက်ပြီး ဂယက်ထခဲ့ပြီးတဲ့နောက်ပိုင်းမှာ ရွှေဈေးမှာ ဆောင့်တက်ခဲ့တာရှိတယ်၊ ဒီအတွက် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က တည်ငြိမ်မှုအတွက် ဝင်ပြောခဲ့ရတာရှိတယ် ဆရာ။လက်ရှိ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ချေးထားတဲ့ ပိုက်ဆံကလည်း ဘီလျံကို သောင်းနဲ့ချီရှိတဲ့အခါကျတော့ ဒီလိုမျိုး ပြီးခဲ့တဲ့နှစ်ကလည်း ဒီအချိန်လောက်မှာ ဖြစ်ခဲ့ဘူးတယ်။ဒါက တကယ်ဆိုလို့ရှိရင် ဒီပြဿနာက ကြိုတင်ကြံစည်တဲ့ အနေအထားမျိုးလည်း ဖြစ်နေတယ်၊ နောက်တစ်ခါ စီးပွားရေးမှာလည်း သွားထိခိုက်တာတွေလည်းရှိတယ်။ဒီတော့ ဒီလိုမျိုးအဖြစ်တွေအတွက် စီးပွားရေးပေါ်လစီ ချတဲ့သူတွေအနေနဲ့ ဒါတွေကို ထည့်သွင်းစဉ်းစားမှု ရှိခဲ့မလား၊ ပြင်ဆင်မှုရှိမလား။နောက်တစ်ချက်က တရုတ် - မြန်မာ ကုန်သွယ်ရေးခက်ခဲနေတဲ့ အချိန်နဲ့တိုက်ဆိုင်ပြီး ဖြစ်လာတဲ့အတွက်ကို ဒါတွေက နောက်ပိုင်းမှာဆိုလို့ရှိရင် စီးပွားရေးမှာ ဘယ်လောက်အထိ သက်ရောက်လာနိုင်သလဲ ဆရာ။ဒီလို တစ်ခုခုဖြစ်တိုင်းဖြစ်တိုင်းမှာ ဘဏ်တွေနဲ့ စီးပွားရေးကို လာလာထိခိုက်နေတာဟာ  နိုင်ငံရေးနဲ့ စီးပွားရေးက ဒီနိုင်ငံမှာ တော်တော် ချိတ်ဆက်နေပြီလား ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ ပထမဆုံးက ယေဘုယျအားဖြင့်ကတော့ နိုင်ငံရေးနဲ့ စီးပွားရေးက ချိတ်ဆက်နေတာကတော့ ကိုယ့်နိုင်ငံက တကယ့်ကို နမူနာပြလို့ရတဲ့နိုင်ငံ၊ တစ်ကမ္ဘာလုံးမှာနော်၊ ကိုယ့်နိုင်ငံက အနေအထားကို ကြည့်လို့ရှိရင် လွတ်လပ်ရေးပြီးချိန်ကစပြီး တခြားနိုင်ငံတွေ နိုင်ငံရေးပြဿနာတွေ ကျော်လွှားနိုင်ခဲ့ပေမယ့် ကိုယ့်အနေနဲ့က နိုင်ငံရေးပြဿနာတွေ မကျော်လွှားနိုင်ဘူး၊ အဲ့ဒီတော့ နိုင်ငံရေးပြဿနာ မကျော်လွှားနိုင်တဲ့အတွက် ပဋိပက္ခတွေဟာ အခုအထိဖြစ်နေတာပေါ့၊ ပုံစံအမျိုးမျိုးနဲ့ လွတ်လပ်ရေးပြီးချိန်က တစ်ချိန်တုန်းကတော့ ပုံစံက နိုင်ငံရေးပုံစံ သူတို့အနေနဲ့ တောင်းဆိုတဲ့ပုံစံ ဗကပနဲ့ ဘာညာဆိုလည်း နိုင်ငံရေးပေါ်လစီနဲ့ မူဝါဒတွေမတူလို့ ဖြစ်တာကိုး။ဒီဘက်ပိုင်းမှာကျတော့လည်း ပုံစံတစ်မျိုးနဲ့ ဆရာတို့ ပဋိပက္ခတွေဖြစ်တယ်၊ ပဋိပက္ခတွေ ဖြစ်နေသရွေ့ကတော့ ကိုယ့်နိုင်ငံမှာ တိုးတက်ဖွံ့ဖြိုးမှုက အားနည်းတာပေါ့၊ အဲ့ဒီတော့ တစ်ဖက်ကလည်း ပြန်ပြောလို့ရတာက အသွားအပြန်ဖြစ်နေတာ ပဋိပက္ခအားနည်းလို့ ပဋိပက္ခတွေရှိနေလို့လည်း မဖွံ့ဖြိုးဘူး၊ မဖွံ့ဖြိုးလို့လည်း ပဋိပက္ခတွေရှိတယ်ဆိုပြီးတော့ အပြန်အလှန်ပြောလို့ရတာပေါ့။

ကိုယ့်နိုင်ငံကတော့ တကယ့်ကို နမူနာပြလို့ရတဲ့ ပုံစံလိုဖြစ်နေတယ်၊ မတိုးတက်လို့ မငြိမ်းချမ်း၊ မငြိမ်းချမ်းလို့ မတိုးတက်ဆိုတဲ့ လည်နေတာပေါ့၊ အဲ့ဒီသံသရာကြီးကို လည်ဖို့ဆိုရင် တစ်ချို့တွေက ပြောကြတာကဟာ ဒါဆိုလို့ရှိရင် တိုးတက်အောင်အရင်လုပ်မယ်၊ ပြီးမှ ငြိမ်းချမ်းအောင်လုပ်မယ် တစ်ချို့တွေကလည်း ငြိမ်းချမ်းအောင်လုပ်မယ်၊ ပြီးတော့မှ တိုးတက်အောင်လုပ်မယ်ဆိုတဲ့ပုံစံ အဲ့လိုစဉ်းစားတာထက် ကိုယ့်သဘောကတော့ နှစ်ဘက်စလုံးပေါ့နော်၊ တစ်ပြိုင်နက်တည်းလုပ်ရမှာပဲ၊ လုပ်ရတာခက်မှန်းတော့ သိတယ်၊ သို့သော်လည်း ဒီလိုမလုပ်မှမရဘူး၊ ဆရာတို့မှာ စောင့်ဖို့အချိန်တွေ မရှိဘူးလေ၊ ကဲ ငြိမ်းချမ်းရေးကို အရင်လုပ်မယ်၊ ဖွံ့ဖြိုးမှုက နောက်ကလိုက်လာလိမ့်မယ်၊ သို့တည်းမဟုတ် ဖွံ့ဖြိုးမှုကို အရင်လုပ်မယ်၊ ငြိမ်းချမ်းရေးက အနောက်က လိုက်လာလိမ့်မယ်ဆိုပြီးတော့ အဲ့လိုလုပ်လို့ရတဲ့ အနေအထားမရှိဘူး၊ တစ်ချိန်တုန်းကလည်း ဆရာတို့ ငြိမ်းချမ်းရေးကို အရင်ပေါ့နော်၊ ပုံစံအမျိုးမျိုးတွေနဲ့ရအောင် နားလည်မှုတွေယူခဲ့ပေမယ့် ရေရှည်ခံတဲ့ စနစ်ကျတဲ့ နည်းလမ်းလေးတွေ မဟုတ်ဘူးလေ၊ စစ်မှန်တဲ့ ငြိမ်းချမ်းရေးတွေ မဟုတ်တဲ့အခါကျတော့ ခဏပဲနော်၊ နားလည်မှုရတဲ့အချိန် အဆင်ပြေတဲ့အချိန်မှာပဲ ဖြစ်ပြီးတော့ တကယ်တမ်းပြန်ပြီး နဂိုပြန်ဖြစ်တာပေါ့၊ ကိုယ်က သံသရာကြီးက လည်နေတော့ ဒီတစ်ခါပေါ့နော် ဆရာတို့ ငြိမ်းချမ်းရေးရော ကိုယ့်သဘောကတော့လေ ငြိမ်းချမ်းရေးရော စီးပွားရေးရော တစ်ပြိုင်နက် ဆရာတို့လုပ်လို့ရမယ်၊ အခု ဆရာတို့နိုင်ငံမှာ နောက်တစ်ခုဖြစ်နေတာက အဲ့ဒီခုနပြောတဲ့ Geo Politics တရုတ်နဲ့ ပတ်သက်လို့ ဖြစ်နေတယ်။

နောက်တစ်ခါ ဒီဘက်ကလည်း အိန္ဒိယနဲ့ ပတ်သက်လို့ အခုအနေနဲ့ကတော့ ကိုယ့်နိုင်ငံမှာ လွတ်လပ်တဲ့ နိုင်ငံတစ်နိုင်ငံအနေနဲ့ ဆရာ့သဘောကတော့ပေါ့နော် အခွင့်အရေးတွေ ရသလောက်တော့ ယူရမှာပဲ။တရုတ်ကပဲဖြစ်ဖြစ် ကိုရီးယားကပဲဖြစ်ဖြစ် ထိုင်ဝမ်ပဲဖြစ်ဖြစ် ဂျပန်ကပဲဖြစ်ဖြစ် အခု ဂျပန်ဆိုလည်း သီလဝါမှာ တလောကပဲ ခင်ဗျားတို့လည်း ကြားလိုက်မှာပဲ သီလဝါမှာ ဂျပန်ကလည်း ထဲထဲဝင်ဝင်လုပ်နေတော့ ဟိုတနေ့က ဂျပန်နဲ့ အမေရိကန်နဲ့ နိုဗိုတယ်မှာနော် လုပ်လိုက်သေးတယ်။ဒါတွေက အလားအလာကောင်းတဲ့ဟာတွေ၊ ကိုယ်ကတော့ ဟိုတစ်ဖက်ကကြည့်တာက CNA က ဖြစ်လာတဲ့ ဘဏ်ကိစ္စဟာ မနေ့တစ်နေ့ကဖြစ်တဲ့ကိစ္စမှ မဟုတ်တာ၊ ဟုတ်တယ် မဟုတ်လား။ဒါကြီးက လိပ်ခဲတည်းလည်းကြီး ဖြစ်နေတာနော်၊ နှစ်နဲ့ချီနေပြီ၊

အစကတည်းကကို လုပ်သင့်လုပ်ထိုက်တဲ့ပုံစံနဲ့ ငွေချေးခဲ့တာမဟုတ်ဘဲနဲ့ အဆင်ပြေသလိုလုပ်ခဲ့တာ ရှိခဲ့တာပေါ့၊ အဲ့ဒါတွေကလည်း ဆရာတို့ အားလုံးလည်း လူတွေကသိနေတာ၊ အခုကျမှ အစအဆုံးပြန်ကိုင်ဖို့ဆိုရင် ပေးနိုင်တဲ့သူကလည်း မပေးနိုင်တော့ဘူး၊ အဲ့ဒီတော့ ဘဏ်တွေအနေနဲ့ကလည်း အကြွေးတွေပြန်သိမ်းပါ ဘာညာဆိုတော့လည်း ဒါကလည်း မဖြစ်နိုင်ဘူး၊ ဒါပေမဲ့ အခုတလောမှာ ခင်ဗျားတို့လည်းကြားမှာပေါ့၊ အခွန်တွေကိစ္စနဲ့ ပတ်သက်ပြီး၊ ဆရာ ခဏခဏပြောတယ် အတိုးနဲ့ အခွန်ပဲကွဲ့၊ စီးပွားရေးကစားတာ ဒီတစ်ခုပဲ။

နိုင်ငံတော်အစိုးရအနေနဲ့ ကစားနိုင်တဲ့ ဝင်ပြီးပါဝင်နိုင်တာ အခုဆိုရင် ဒေါ်နယ်ထရမ့်တောင် သူ့ရဲ့ ဗဟိုဘဏ်ဥက္ကဋ္ဌကို ဆဲနေတာ၊ သူပြောတဲ့အတိုင်း အတိုးတွေမလျှော့လို့၊ သူတို့ ဗဟိုဘဏ်က တကယ့်ကို လွတ်လွတ်လပ်လပ်လေ။ဘယ်သူဘာပြောပြော သူလုပ်ချင်တာ သူလုပ်တာ၊ ဆရာတို့ ဆီမှာတော့ ဗဟိုဘဏ်နဲ့ အခုပြဿနာတွေက မျိုးစုံပေါ့။ဗဟိုဘဏ်တွေ ပြဿနာမျိုးစုံရှိတဲ့အကြောင်း ဒီဘက်ခေတ်မှာလည်း လုပ်ငန်းရှင်တွေကလည်း ဟိုပြောဒီပြောတွေ ပြောကြတယ်၊ ဒီရက်မှာ အခုဖြစ်နေတာက ပိုပြီးပေါ့နော်၊ ဒီကိစ္စမှာ ပိုပြီးရှုပ်လာပြန်တာက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကြီးကို ကြိုဆိုတာကိုပဲ ပြည်တွင်းလုပ်ငန်းရှင်တွေက မကျေနပ်တဲ့ပုံစံဖြစ်နေတာ။

အဲ့ဒီဟာကြောင့် တစ်ဖက်ကလည်း ကိုယ်က ရင်းနှီးမြှုပ်နှံမှု လာပါလာပါလို့ ကိုယ်က တစ်ကမ္ဘာလုံး လှည့်သွားပြီး တောင်းခံတဲ့အခါမှာ ဒီမှာလည်း ဒီကကောင်တွေက တင်းခံနေပြန်ရော၊ အဲ့ဒီတော့ တင်းခံနေပြန်တော့လည်း ဒီဘက်ကကြည့်ပြန်တော့လည်း သူတို့ကို အခွင့်အရေးတွေ ပေးထားတယ် မြေကြီးတွေ ပေးထားတယ်၊ မြေတွေခြံတွေ ပေးထားတယ် ဘာမှမလုပ်ကြဘူး။အားလုံးက ရှိတဲ့ဟာတွေပေါ်မှာ ထိုင်ပြီးတော့ ဈေးတက်တဲ့အထိ စောင့်နေတာလေ၊ စက်မှုဇုန်တွေလို့ ပြောပေမယ့် တကယ့်ကိုဖော်တဲ့သူတွေက တော်တော်နည်းတာ၊ အဲ့ဒီတော့ အဲ့ဒါကိုသိတော့လည်း နင်နင်ငါငါ လုပ်နိုင်မယ့်သူ နိုင်ငံခြားသားတွေ ခေါ်ပြန်တော့လည်း ဒါပြောခံရပြန်ရော။

ကိုယ်ကျတော့လည်း မလုပ်ဘူး၊ အခုကတော့ အမျိုးမျိုးရေးနေကြတာ နိုင်ငံတော်အစိုးရကပဲ ပိုက်ဆံမရှိလို့ နိုင်ငံခြားသားပဲ အထင်ကြီးလို့။ဒါတွေက ဆရာထင်တယ် ခုနပြောတဲ့ နိုင်ငံရေး၊ စီးပွားရေး ဆက်စပ်မှုတွေကို ပေါ်လွင်စေတဲ့ဟာတွေ။တကယ်တမ်းပေါ့နော်၊ ဟိုလုပ်ငန်းရှင်တွေအနေနဲ့ကလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို စိုးရိမ်ကြောင့်ကျစရာမလိုဘဲနဲ့ သူတို့နဲ့ ကိုယ်နဲ့ ဘယ်လိုပေါင်းမလဲ ဆိုတာမျိုးပေါ့။အခုဆိုရင် ဘဏ်တွေကို လာခွင့်ပေးပြီ။ဘဏ်တွေလာခွင့်ပေးတဲ့အခါမှာ နောက်တစ်ခါ ဒီနေ့ပဲ insurance ပေါ့၊ ဒီအာမခံတွေ ဝင်ခွင့်ပေးတယ်၊ ဒါတွေအားလုံးဟာ ကိုယ့်အတွက်က အခွင့်အရေးလို့မြင်ရင်တော့ တစ်မျိုးပေါ့၊ အဲ့လို မဟုတ်ဘဲနဲ့ ကိုယ့်အတွက် ဒါတွေက အခက်အခဲတွေရှိတယ်နော် ကိုယ့်ကိုတော့မကြည့်ဘူး၊ သူများကိုတော့ကြည့်တယ်၊ နိုင်ငံခြားသားတွေပဲကြည့်တယ်၊ ကိုယ့်ကိုမကြည့်ဘူးဆိုတဲ့ nationalistic ပေ့ါနော်၊ လူမျိုးချစ်တဲ့ ဝါဒီသမားတွေက တော်တော်များတယ်။

တကယ်တမ်းတော့ လူမျိုးချစ်တာထက် ကိုယ့်အကျိုးကို ထိခိုက်မှာစိုးလို့ စိတ်ပူလို့ပြောနေကြတာ၊ ဒါကိုသိဖို့လိုတယ်၊ အခုက ခက်တာနောက်တစ်ခုက တစ်နေ့ကတောင် စဉ်းစားနေသေးတာနော်၊ အခု စီးပွားရေးအခြေအနေ တစ်ချို့တွေကလည်း မသိမသာ နှေးတယ်နှေးတယ် ပြောနေတယ်။ဒါ ဒီဘက်က၊ နှေးတယ် လုပ်လို့ကိုင်လို့မရဘူး အော်တာငိုတာတွေ ရှိနေတယ် တစ်ဘက်က။တစ်ဘက်ကလည်း အားလုံးကောင်းတယ်လို့ ပြောတယ်၊ အဲ့ဒီတော့ ကိုယ့်အနေနဲ့ ဘယ်ဟာကမှန်သလဲဆိုတာကလည်း နှစ်ခုစလုံးမှန်သလို ဖြစ်နေတယ်၊ ဒီဘက်က ကမ္ဘာ့ဘဏ် ကိန်းဂဏန်းတွေကလည်း ကော့နေတာပဲ၊ သူတို့အနေနဲ့က ကိုယ့်နိုင်ငံဟာ အရှေ့တောင်အာရှမှာ အတိုးတက်ဆုံးနိုင်ငံ အရှိန်အဟုန်အမြင့်ဆုံးနိုင်ငံဆိုတော့ ဒါကိုလည်းပဲ လစ်လျူရှုလို့မရဘူးလေ။

ဒါပေမဲ့ တစ်ဖက်ကလည်း လုပ်ငန်းရှင်တွေကို သွားမေးလိုက်ပြန်ရင်လည်း ကုန်ဈေးနှုန်းတက်တာတို့ ဒါတွေကလည်းရှိတယ်၊ ဝန်ထမ်းတွေကြည့်ပြန်တော့လည်း ဝန်ထမ်းတွေမှာ ထုတ်ကုန်စရိတ်တွေက အများကြီးရှိနေတာ၊ အဲ့ဒီတော့ ဒီနှစ်ခုက ရှိနေတာကို လက်ခံမှရမယ်၊ တစ်ဖက်ကမှန်တယ်၊ တစ်ဖက်ကမှားတယ်ဆိုတာထက်ကို အဲ့ဒီတော့ အဲ့ဒါကို ဆရာတို့က ပူးပေါင်းပြီး အဖြေရှာဖို့တော့ လိုတယ်လေ၊ တစ်ဖက်ကလည်း ကြည့်ပြန်တော့လည်း အချိန်ကလည်း မရှိတော့ဘူး၊ အထွေထွေရွေးကောက်ပွဲကာလ ကပ်လာတဲ့အခါမှာ လူတွေအားလုံးဟာ သူ့ဘက်ကိုယ့်ဘက် အတင်းလုပ်နေကြတာကိုး၊ ကိုယ့်ဘက်က အသာစီးရမယ့်ပုံစံနဲ့ ဒီဘက်ကလည်းတစ်မျိုး ဟိုဘက်ကလည်းတစ်မျိုး ဖြစ်နေတော့။

အခုက နိုင်ငံရေးကို စီးပွားရေးက တကယ့်ကိုကွက်တိ နိုင်ငံရေးနယ်ပယ်ထဲမှာ အခြေခံကျတဲ့ဟာတွေဖြစ်တယ်၊ နောက်တစ်ခါ ဗဟိုဘဏ်နဲ့ ပတ်သက်လာပြန်ရင်လည်း သိတဲ့အတိုင်းပဲ၊ အားလုံးက တိုင်ပင်၊ ပြောတာဆိုတာတွေကအစ၊ အဲ့ဒီတော့ ဒီအပြောအဆိုတွေပြောတာ မှန်တယ်မှားတယ် ဆိုတာထက်ကို ပြောသင့်ပြောထိုက်တဲ့အချိန်မှာ ပြောသင့်ပြောထိုက်တဲ့ အကြောင်းတွေ ပြောနေတော့ အခြေအနေကတစ်မျိုးပေါ့၊ အခုကျတော့လည်း တစ်မျိုးတွေဖြစ်ကုန်တော့ အားလုံးက စိတ်ပူတာကလေ စီးပွားရေးနဲ့ပတ်သက်လာရင် Emotion ပေ့ါနော်။ဆရာတို့က ကိန်းဂဏန်းတွေ ဘယ်လောက်ကြီး တိတိကျကျနဲ့ ကိန်းဂဏန်းတွေ မှန်ကန်တယ်လို့ပြောပေမယ့် လူတိုင်းက ခံစားချက်တွေနဲ့ လုပ်ကြတာများတယ်လေ။

အဲ့ဒီတော့ ကိုယ့်အနေနဲ့ Shock Country ပေ့ါလေ၊ ဒါကြီးက တထိတ်တလန့်ဖြစ်တယ်ဆိုရင် ဒါနဲ့တကယ်ဆို ဟုတ်တာ မဟုတ်တာ တစ်ပိုင်း လူတွေရဲ့အမြင်မှာ အခြေခံပြီးတော့ အဆုံးအဖြတ်တွေပေးလို့ရှိရင် ပွားတတ်တယ်လေ၊ ဒါကိုလည်း အေးချမ်းသွားအောင် လူကြီးတွေလည်း ထွက်ပြောနေပြီလေ၊ စိတ်မပူပါနဲ့ အားလုံးကအဆင်ပြေပါမယ်လို့ပြောတယ်၊ ဒါပေမဲ့ ဒီဟာကို ပိုပြီး ဒီထက်ပိုပြီး လူတိုင်းကပြောဖို့လိုလိမ့်မယ်လို့ အောက်မေ့တာပါပဲ။ မဟုတ်ရင် လန့်နေရင်ပေါ့နော် တထိတ်တလန့်ဖြစ်တတ်တဲ့ ဆရာတို့ပုံစံကလည်း ရှိတာကိုး၊ အခုပိုဆိုးတာက ခင်ဗျားတို့ အရင်တုန်းကမရှိဘူး အခု Social Media ရှိတယ်လေ၊ ပေါက်ကရပြောမယ့်ကောင်တွေက အများကြီး။

ကိုယ်ဒီ စာလေးတစ်ကြောင်း ရေးလိုက်တာနဲ့ အားလုံးကိုလှုပ်ရှားနိုင်တာကို၊ အဲ့ဒီတော့ လူတွေကလည်း Fake News ဘာညာလည်း မသိဘူးလေ၊ အခုက Cele တွေလည်း များတာကိုး၊ စာလေးတစ်ကြောင်း ရေးပြန်ရင်လည်း ကမ္ဘာကျော် နိုဗယ်ဆု ရတယ်လို့ထင်တာ၊ ဟုတ်တယ် မဟုတ်လား၊ အဲ့ဒါ တော်တော်ကြီးခက်ကုန်တာလေ၊ ဒါကလည်း ထိန်းလို့မရတော့ဘူး၊ Social Media နဲ့ ကိုယ်က ဟုတ်လား၊ ဘယ်လိုမှ မလေးရှားနိုင်ငံတောင် ထိန်းလို့မရရင် ကိုယ့်နိုင်ငံ ဘယ်လိုလုပ်ထိန်းမလဲ၊ အဲ့ဒီတော့ ဒါကို အခုကဖြစ်နေတာက ဘာလိုချင်လဲဆိုတဲ့ဟာက တော်တော်ကြီး ပြဿနာဖြစ်နေတာ။

ခုနမေးတဲ့ကိစ္စကိုနော်၊ တရုတ်နဲ့ ပတ်သက်လာရင်ပဲ ပြောပစ်လိုက်တာ တူးတူးခါးခါးပဲ။သူလည်း ဖိအား ပေးမှာပေါ့၊ ဟုတ်တယ် မဟုတ်လား၊ ဒီဘက်ကနေ သူ့ကိုမကြည့်တော့ဘူး နောက်တစ်ဖက်ကို လှည့်မယ်ဆိုရင် သူလည်းစိတ်ပူမှာပဲလေ၊ သူကလည်း သူ့နည်းသူ့ဟန်နဲ့ သူလည်း Project တွေ ကိုင်ထားတာတွေ သူ့မှာလည်း ကိုယ့်စီးပွားရေးရဲ့ နောက်တစ်ခါ သူ့မှာက သူများနဲ့မတူတာက ဂျပန်တို့ ကိုရီးယားတို့မှာ နိုင်ငံရေးကို လုပ်နိုင်တဲ့အနေအထားမျိုးမရှိဘူး၊ စီးပွားရေးပဲလုပ်နိုင်တာ။တရုတ်ကျတော့ အဲ့ဒီလို မဟုတ်ဘူး၊ တရုတ်ကတော့ အချိန်မရွေးကြိုက်တဲ့ပုံစံနဲ့ ဒီမှာသူဝင်ပြီး လှုပ်ရှားလို့ရတယ်လေ။

သူကြိုက်ရင်တစ်မျိုး မကြိုက်ရင်တစ်မျိုး နောက်ပြီး ဒေသကုန်သွယ်မှုကိုလည်း ပိတ်လိုက်ဖွင့်လိုက်က သူလုပ်လို့ ရတယ်လေ၊ ယိုးဒယားမှာတော့ ပိတ်လို့ဖွင့်လို့ မရဘူးလေ၊ ဟုတ်တယ် မဟုတ်လား၊ ဂျပန်အနေနဲ့ ပိတ်လို့ဖွင့်လို့မရဘူး၊ သူ့မှာက အားသာချက်က အဲ့ဒါပဲ၊ သူ့အားသာချက်ကို ဆရာတို့အနေနဲ့ကတော့နော် ကိုယ့်အတွက် အကျိုးရှိအောင် ဘယ်လိုလုပ်မလဲဆိုတဲ့ အဖြေကို ရှာဖို့လိုလိမ့်မယ်လို့တော့ အောက်မေ့တာပဲ။

Opinion Leaders ။     ။ မကြာခင်က ကုန်သွယ်ရေးဇုန်တွေကို နောက်ဆုတ်ဖို့ ကြားခံဇုန်တစ်ခုထားပြီးတော့ ဒီအတွင်းထဲ ရောက်ဖို့အတွက် ကုန်စည်ဒိုင်တွေက လုပ်လာတာတွေရှိတယ် ဆရာ။နောက်တစ်ချက်က တရုတ်ဘက်ကလည်း ငှက်ပျောတစ်သျှူးတွေ ကိစ္စနဲ့ စပါးကိစ္စနောက်ပိုင်းမှာ မြန်မာဘက်က ကုန်စည်တွေ တော်တော်များများကို သူတို့က ပေါ်လစီပိုင်းဆိုင်ရာ အကြောင်းပြပြီးတော့ တော်တော်ကြီးဖျက်ချလာတာ တွေ့ရတယ် ဆရာ၊ အဲ့ဒီတော့ မြန်မာဘက်ကလုပ်တဲ့ စနစ်က ဘာတွေများ အခက်အခဲတွေဖြစ်လာနိုင်သလဲ၊ နောက်တစ်ချက်က ဘာတွေများ တရုတ်ဘက်က တုန့်ပြန်လာနိုင်သလဲ၊ ဖြစ်လာနိုင်သလဲ၊ နောက်တစ်ချက်က အစိုးရအနေနဲ့ကရော ဒါတွေကို ဘယ်လောက်အထိ အကူအညီပေးနိုင်မလဲ ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ အခု ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ဥပမာအားဖြင့် ဥပမာတစ်ခုပေါ့နော်၊ သူတို့ဆီမှာ ဆေးလိပ်တွေထုတ်လို့ မရတော့ဘူး၊ သူတို့ဆီမှာ ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ထိန်းသိမ်းကာကွယ်တဲ့ ဖိအားတွေ များတဲ့အခါမှာ သူတို့ စက်ရုံအလုပ်ရုံတွေ ပိတ်ရတယ်၊ ပိတ်တဲ့အခါကျလို့ရှိရင် သူက ဒါကိုရွှေ့မှာပဲ၊ ရွှေ့တဲ့အခါကျလို့ရှိရင် အိမ်နီးနားချင်းနိုင်ငံတွေကို ရွှေ့တယ်ပေါ့။ရွှေ့တဲ့အခါမှာ ဥပမာ - ဖိလစ်ပိုင်တို့ ဘာတို့မှာ ဒူတာတေး က ခပ်ပြတ်ပြတ်ပဲ၊ ဒါမျိုးတွေလက်မခံဘူး၊ ဘာညာဆိုတာမျိုး ကိုယ့်မှာကျတော့ သူကတော့ ပင်လယ်ခြားနေတာကိုး။

ကိုယ့်မှာကျတော့ နယ်စပ်ဖြစ်နေတယ်၊ နယ်စပ်ဖြစ်တော့ ကိုယ့်ဆီမှာ ဒီနေရာမှာ ဆရာတို့ ကွင်းဆက်ဖြစ်နေတာက တရားဥပဒေစိုးမိုးရေးကိစ္စပေ့ါ၊ နယ်စပ်ကုန်သွယ်ရေးမှာ ကိုယ်က နယ်စပ်ကုန်သွယ်ရေးသာ ပြောတာ၊ တကယ်တမ်းတော့ တရားမဝင်တဲ့ informal flow ဟာ formal flow ထက် အစတွေအများကြီး ဟုတ်တယ် မဟုတ်လား၊ ဒါအများကြီး အများကြီးဆိုတာက အခုပြောနေတာက တရားဝင်ပြောနေတာ၊ တရားမဝင်တဲ့ ကုန်သွယ်မှုတွေက အများကြီးဖြစ်နေတာလေ၊ ထိုင်းနဲ့ ပတ်သက်လို့လည်း ဒီလိုပဲ အိန္ဒိယနဲ့ ပတ်သက်လို့ ဒီအတိုင်းပဲ၊ နယ်စပ်တွေအားလုံးမှာ formal trade ဆိုတာထက်ကို informal trade တွေက များနေတယ်၊ အဲ့ဒီတော့ ဆရာတို့အနေနဲ့ informal trade တွေ များလေလေ ခုနက အဂတိလိုက်စားမှုတွေ မလိုအပ်ဘဲနဲ့ တိုးတဲ့အပြင်ကို နိုင်ငံတော်အတွက် ဘဏ္ဍာတွေလည်း တော်တော်နစ်နာတယ်၊ အခွန်အခလည်း ရတာမဟုတ်ဘူး။

အခုဖြစ်နေတာက ပြဿနာတွေအားလုံးက အဲ့ဒီပြဿနာပဲ၊ အဲ့ဒီတော့ တစ်ဖက်ကဟုတ်လား နိုင်ငံတော်အစိုးရအနေနဲ့ တလောကတော့ ပလတ်စတစ်တွေ၊ တလောကတောင် ပလတ်စတစ်တွေ စွန့်ပစ်ပစ္စည်းတွေနဲ့ ပတ်သက်လို့ ဒါတွေကိုလက်မခံဘူး၊ မလေးရှားမှာဆိုရင် သူတို့ဆီက ပလတ်စတစ်တွေကို ပြန်ပို့တယ်၊ ဟုတ်တယ် မဟုတ်လား၊ အဲ့ဒီတော့ အဲ့ဒီကိစ္စတွေ ဆရာတို့ ကြားနေရတဲ့အခါကျတော့ ကိုယ့်ဆီမှာ ဒါမျိုးတွေမဝင်အောင် ဘယ်လိုတားမလဲ ပြောပြန်တော့လည်း ခုနက တရားဥပဒေစိုးမိုးရေးက အဓိကဖြစ်နေတယ်လေ၊

ကိုယ့်မှာ တားနိုင်တဲ့အင်အား သေချာမရှိတဲ့အခါကျတော့ informal တရားမဝင်တဲ့ပုံစံနဲ့ အခုဆိုရင် မြန်မာပြည်မှာရှိတဲ့ အရက်တွေအားလုံး တရားဝင်တဲ့လမ်းကြောင်းမှ မဟုတ်တာ၊ ဟုတ်တယ် မဟုတ်လား၊ အရက်တို့ ဝိုင်တို့ဘာတို့ အားလုံးဟာ ဒီပုံစံနဲ့ပဲ၊ အစိုးရက အခွန်တွေနစ်နာတယ်၊ ဒါဆိုလို့ရှိရင်လည်း မထူးဘူး၊ အားလုံးရပ်လိုက်ဆိုရင် မရဘူးလား၊ တကယ်တမ်းတော့ စီးပွားရေးအခြေခံသည် informal sector များလေလေ ကိုယ့်နိုင်ငံစီးပွားရေး နစ်နာလေပဲ။ဆရာတို့ တစ်ချိန်တုန်းက မှောင်ခိုစီးပွားရေးစနစ်ကြီးကို ကျင့်သုံးသွားတဲ့အခါကျတော့ မှောင်ခိုကြီးထွားလေလေ တရားဝင်စီးပွားရေးစနစ်က နှေးလေလေ၊ အဲ့ဒီတော့ ဆရာတို့အနေနဲ့ တရားမဝင်တာကို တရားဝင်အောင် ဘယ်လိုလုပ်မလဲ။

အဲ့ဒီတော့ တစ်ခုရှိတာက ကိုယ့်နိုင်ငံ တစ်နိုင်ငံတည်း မဟုတ်ဘူးလေ၊ ဟိုဘက်မှာလည်း နိုင်ငံရှိတယ်၊ နောက်တစ်ခုက ကိုယ်ကိုယ်တိုင်လည်း အဲ့ဒီနိုင်ငံနဲ့ရင်းနှီးတော့ တရုတ်၊ တရုတ်လို့ ပြောပေမယ့် ဆရာတို့ ဟိုဟာလိုမျိုးပေါ့နော်၊ နေပြည်တော်နဲ့ ရှမ်းပြည်နယ် ဒေသအစိုးရနဲ့က မတူဘူးလေ၊ အဲ့ဒီမှာလည်း သူတို့က ကိုယ့်နယ်မြေနဲ့ ကပ်နေတာ ယူနန်၊ ယူနန်မှာရှိတဲ့ သူတို့ရဲ့ အုပ်ချုပ်တဲ့ အုပ်ချုပ်ရေးမှူးတို့ ဆရာတို့ခေါ်တဲ့ ဝန်ကြီးချုပ်ပေါ့၊ ကိုယ့်ဘက်ကဆိုရင်တော့၊ အဲ့ဒီ သူတို့ပေါ်လစီနဲ့ ဟိုးပြည်မက ဘေဂျင်းက ပေါ်လစီနဲ့လည်း မတူပြန်ဘူး၊ ဟုတ်တယ်နော်၊ အဲ့ဒီတော့ သူတို့ကလည်း တောင်းဆိုတယ်၊ သူတို့ကလည်း ဒီမှာ စီးပွားရေးဇုန်တွေ ဖွင့်ချင်တယ်ဘာညာ၊ ဟုတ်တယ် မဟုတ်လား၊ အခုဖြစ်နေတာက သူတို့က တရားဝင်တောင်းဆိုတာ၊ တစ်ဖက်ကလည်း တရားမဝင်တဲ့ တရုတ်တွေဝင်လာတာ လူတိုင်းသိတာပဲ၊ ဟုတ်တယ် မဟုတ်လား၊ မှတ်ပုံတင်ကလည်းမရှိ၊ တဖြေးဖြေး လားရှိုးတို့၊ မန္တလေးတို့ အဲ့ဒီအပိုင်းမှာ။

အားလုံးက ဒီတရုတ်လုပ်ငန်းရှင်တွေ၊ ခုနပြောတဲ့ တစ်သျှူးကိစ္စတွေပေါ့၊ ဒီတစ်သျှူးငှက်ပျောဟာ ဆရာတို့ စိတ်ပူတာက ဂေဟစနစ်ကို ထိခိုက်မယ့်ဟာမျိုး ဖြစ်မလားလို့၊ ဒါတွေက ရေရှည်ထွက်မယ့်ကိစ္စ၊ အဲ့ဒီတော့ ရေရှည်ထွက်မယ့်ကိစ္စကို ဘယ်လိုလုပ်မလဲ၊ အဲ့ဒါနဲ့ပတ်သက်လို့ သူက ခင်ဗျားမေးတာနဲ့ ပတ်သက်လို့စဉ်းစား၊ ဒီနေ့ ဂျာနယ်တစ်ခုမှာတောင် တွေ့လိုက်တယ်နော်၊ အခု မန္တလေးမှာ မြို့သာမှာ ဆေးခြောက်တွေစိုက်တဲ့ ကိစ္စကြီး က အကြီးအကျယ်ဖြစ်သွားပြီးတော့ အခုမှဘာပြောလဲဆိုတော့ တခြားနိုင်ငံတွေက ဒါကို လျှော်အဖြစ်လုပ်နေတာ အခုမှသိတယ်၊ ဟုတ်တယ် မဟုတ်လား၊ ဒါတွေအားလုံးဟာ သေသေချာချာနဲ့ နိုးနိုးကြားကြားရှိဖို့ လိုတဲ့အကြောင်းအရာတွေလေ၊ ထိုင်းမှာ အကြီးအကျယ်စိုက်နေတဲ့အချိန် ဟုတ်တယ် မဟုတ်လား၊ အဲ့ဒီတော့ ကိုယ်နဲ့ အိမ်နားနီးချင်းနိုင်ငံ ထိုင်းမှာ ဒီလောက်တောင် standardizegoal။

ကိုယ်က ဆေးခြောက်လို့ မြင်လိုက်တာနဲ့ ကိုယ့်စိတ်ထဲမှာနော် ပုံစံတစ်မျိုးမြင်တာကိုး၊ အခုက ဆေးခြောက်က ဆေးခြောက်မှ မဟုတ်တော့တာ ဒါကို ဆရာတို့ လျှော်လုပ်လို့ရတယ်၊ ဆရာတို့ ဆေးဝါးလုပ်လို့ရတယ်၊ ဘာညာ အဲ့ဒါမျိုးတွေကိုတော့ ဆရာထင်တယ်၊ အမှန်တော့ အဓိကတော့ကွယ် မနိုးကြားတဲ့ပြဿနာပဲ၊ ဒီလိုပဲသိသလောက်လေးနဲ့တင် ကြိတ်နေကြတဲ့အခါကျတော့ နိုးနိုးကြားကြားမရှိတော့ ပိုပြီးဖြစ်တာပေါ့၊ အဲ့ဒီတော့ စီးပွားရေးမှာလည်း တို့က တကယ်တမ်းပြောရင် ဘယ်သူကမှန်လဲဆိုတာ ပြောရတော်တော်ခက်တာ၊ ဟုတ်တယ် မဟုတ်လား၊ စီးပွားရေးကဘာလဲ သူတို့ကပြောတာက နှေးတယ်လို့ပြောတယ်၊ ပြောတဲ့သူကလည်း ပြောနေတာပဲ၊ နှေးတယ်၊ ဒီဘက်ကလည်း စီးပွားရေးက တိုးတက်တယ်လို့ ပြောတယ်၊ အဲ့ဒီတော့ ဆရာထင်တာတော့ ဒါကြီးကိုနော် အားလုံးလူတွေ မီဒီယာလည်း အပါအဝင်ပေါ့နော် ဘယ်လိုအခြေအနေမှန်တွေရှိတယ် တစ်ချို့ကိစ္စတွေမှာတော့ တိုးတက်တာတော့အမှန်ပဲ၊ ဟုတ်တယ် မဟုတ်လား တစ်ချို့နေရာတွေမှာ၊ တစ်ချို့နေရာတွေမှာလည်း တကယ့်ကို အခက်အခဲတွေရှိနေတာ အမှန်ပဲ၊ အမှန်တွေကို ဆရာတို့လက်ခံနိုင်မှ ရမယ်ထင်တယ်၊ မဟုတ်ဘဲနဲ့ တစ်ယောက်နဲ့ တစ်ယောက်လေ ကိုယ့်အယူအဆ ကိုယ့်အမြင်တစ်ခုနဲ့ လုပ်နေလို့ကတော့ ဆရာထင်တယ်၊ အဖြေမရဘူးထင်တယ်။

Opinion Leaders ။     ။ အဲ့ဒါဆိုရင် ဆရာ အကုန်လုံးခြုံပြောလိုက်လို့ရှိရင်တော့ လက်ရှိ စီးပွားရေး၊နိုင်ငံရေး ကိစ္စတွေမှာ အတော်ကို အမြင်ကျယ်ကျယ်ကြည့်မှပဲရမယ့် သဘောဖြစ်သွားတာပေါ့နော် ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ ဆရာတို့မှာ အားနည်းတာ၊ တိုက်တွန်းချင်တာက dialogue ပေါ့၊ အမြင်ချင်း ဖလှယ်ပြီးတော့ သူ့အမြင်ကိုယ့်အမြင်နဲ့ ကိုယ်ချည်းမှန်တာမဟုတ်ဘူး၊ သူချည်းမှန်တာမဟုတ်ဘူး၊ သူရောကိုယ်ရော မှန်နိုင်တယ်၊ သူရောကိုယ်ရော မှားနိုင်တယ်ဆိုတဲ့ အယူအဆရှိရင်တော့ ကိုယ့်နိုင်ငံအတွက် အကောင်းဆုံးဖြစ်အောင် လုပ်ချင်တာပါပဲ။
မဟုတ်ဘူးလား။အဲ့ဒါဆိုရင်တော့လည်း ဆရာတို့ အဖြေရမယ်ထင်တယ်၊ အခုကတော့ ကလေးကစားသလို ရန်ပြုနေတာပေါ့လေ၊ ငါပြောတာမှန်တယ်ဆိုတာမျိုး တစ်ဘက်နဲ့ တစ်ဘက် အတင်းလုနေတဲ့အခါကျတော့ အားလုံးလက်ခံနိုင်တဲ့ အဖြေတစ်ခု မရနိုင်တဲ့အနေအထား ရှိတာတော့ စိတ်တော့မကောင်းဘူးပေါ့ကွယ်။

Opinion Leaders ။     ။ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာ။

ဒေါက်တာအောင်ထွန်းသက်
စက်တင်ဘာ - ၁၂

( Zawgyi )

ယခင္အစိုးရလက္ထက္က လုပ္ငန္းရွင္ႀကီးမ်ား၏ ေခ်းေငြမ်ားကို ျပန္ဆပ္ရန္အတြက္ သတင္းမ်ားထြက္ေပၚလာၿပီးေနာက္ မၾကာမီ ဘဏ္မ်ားအေပၚ စိတ္မခ်ရမႈသတင္းမ်ား၊ ေကာလာဟလမ်ား ထြက္ေပၚလာခဲ့ၿပီးေနာက္ ျပည္တြင္းေ႐ႊေဈးႏွင့္ ႏိုင္ငံျခားေငြေဈးမ်ား တက္လာခဲ့ပါတယ္။တစ္ရက္အတြင္း ေသာင္းႏွင့္ခ်ီကာ ေ႐ႊေဈးေဆာင့္တက္လာခဲ့သလို ေ႐ႊေဈးကြက္အတြင္း အေရာင္းပိတ္ထားရသည္အထိ ျဖစ္ခဲ့ပါတယ္။ရွမ္းေျမာက္တိုက္ပြဲမ်ား ျဖစ္ေနခ်ိန္၊ ကိုရီးယားသမၼတ ျမန္မာႏိုင္ငံသု႔ ေရာက္ရွိေနသည့္အခ်ိန္ႏွင့္ တျခားေသာ ႏိုင္ငံေရးေရခ်ိန္ ျမင့္တက္ခ်ိန္တြင္ ျဖစ္လာသျဖင့္ ထိုျပႆနာမွာ သာမန္သေဘာ႐ိုးျဖစ္သည္ထက္ ပိုမိုကာ ေဈးကစားျခင္းႏွင့္ ႏိုင္ငံေရးအရ မတည္မၿငိမ္ျဖစ္ေအာင္ လုပ္ေဆာင္ေနသည္လားဆိုသည့္ သုံးသပ္ခ်က္မ်ားေပၚ ထြက္လာခဲ့ပါတယ္။ထိုယူဆခ်က္အေပၚ အေျခခံကာ  ဝါရင့္စီးပြားေရးပညာရွင္ႏွင့္ ႏိုင္ငံေတာ္သမၼတ၏ စီးပြားေရးအႀကံေပးပုဂၢိဳလ္ ဆရာ ေဒါက္တာေအာင္ထြန္းသက္ အား အထူးအစီအစဥ္တစ္ရပ္အေနျဖင့္ လတ္တေလာ ကုန္သြယ္ေရး၊ ဘ႑ာေရးစနစ္ႏွင့္ စီးပြားေရးအလားအလာအေပၚ ေမးျမန္းခဲ့ပါတယ္။ဆရာ ေဒါက္တာေအာင္ထြန္းသက္၏ ရႈျမင္သုံးသပ္ခ်က္ အျပည့္အစုံကို ယခုတစ္ပတ္ အထူးအစီအစဥ္အျဖစ္ ေဖာ္ျပလိုက္ပါတယ္။

(Opinion Leaders Media အယ္ဒီတာအဖြဲ႕)

Opinion Leaders ။     ။ မၾကာခင္က ေဒၚေအာင္ဆန္းစုၾကည္ က ေတာင္ကိုရီးယားသမၼတ လာတဲ့ခရီးစဥ္ထဲမွာ ျမန္မာႏိုင္ငံအတြက္ကို ျမန္မာႏိုင္ငံက အလုပ္သမားေတြ ပိုလႊတ္ခြင့္ေတာင္းတယ္ ဆရာ။ေနာက္ထပ္ စီးပြားေရးေတြနဲ႔ ပတ္သက္ၿပီးေတာ့လည္း ႏွစ္ခုေလာက္အထိ ေတာင္းခဲ့တာ ေတြ႕ရတယ္ ဆရာ။ဒီလို ေတာင္ကိုရီးယားနဲ႔ ပတ္သက္တဲ့ စီးပြားေရးအေျခအေနေတြေၾကာင့္ လက္ရွိ ျမန္မာ - တ႐ုတ္ နယ္စပ္ကုန္သြယ္ေရး ထိခိုက္ေနတာေတြရယ္၊ ရခိုင္ျပႆနာေတြေၾကာင့္ ထိခိုက္ေနတဲ့ ရင္းႏွီးျမဳပ္ႏွံမႈ ေလ်ာ့က်ေနတာေတြ၊ ျမန္မာ့စီးပြားေရး အေျခအေနေတြက အေကာင္းဘက္ကို ေရာက္လာႏိုင္သလား ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ အခု အားလုံးသိတဲ့အတိုင္းပဲ ႏိုင္ငံေရးမတည္ၿငိမ္မႈေတြ ျဖစ္လာတဲ့အတြက္ အေရွ႕သို႔ဆိုတဲ့ Look East ေပၚလစီေပါ့၊ Look East ေပၚလစီရွိေတာ့ အဲ့ဒီ Look East ေပၚလစီမွာက တ႐ုတ္လည္းပါတယ္၊ ဂ်ပန္လည္းပါတယ္၊ ကိုရီးယားလည္းပါတယ္၊ တစ္ခါတရံ ထိုင္ဝမ္ေတာင္မွ ႀကိဳၾကားႀကိဳၾကား ပါေသးတယ္။အခုလို သမၼတႀကီးကိုယ္တိုင္လာတယ္၊ ဆရာတို႔ ႏိုင္ငံ့ေခါင္းေဆာင္အေနနဲ႔က ကိုရီးယားရဲ႕ ရင္းႏွီးျမဳပ္ႏွံမႈ ျမန္မာျပည္ကိုဝင္လာဖို႔ ေမွ်ာ္လင့္တာေပါ့၊ ဆရာတို႔အေနနဲ႔ တတ္ႏိုင္သမွ် ဒီဟာကို ေမွ်ာ္လင့္ဖို႔လိုတယ္၊ ကိုရီးယားနဲ႔ ပုံစံအမ်ိဳးမ်ိဳးဆက္ဆံမႈေတြရွိခဲ့ေတာ့ ဒါက အခြင့္အလမ္းေတြရမယ္လို႔ ေအာက္ေမ့တယ္။

ကိုရီးယားေတြကလည္း တကယ္တမ္းေတာ့ေျပာရရင္ သူတို႔ အခု ကိုရီးယားလို႔ေျပာေပမယ့္ ဂ်ပန္နဲ႔ ကိုရီးယားနဲ႔လည္း ပဋိပကၡေတြျဖစ္ေနတာေပါ့။ဒါေပမဲ့ ကိုယ့္အေနနဲ႔ကေတာ့ Look East ေပၚလစီကို က်င့္သုံးမယ္ဆိုရင္ေတာ့ ကိုယ္ရတဲ့ အခြင့္အေရးေတြအားလုံး ယူရမွာပဲ။ကိုယ္ကေတာ့ ဒါကိုအားေပးတယ္ေလ၊ ဒါအမ်ားႀကီး အလုပ္အကိုင္ အခြင့္အလမ္းေတြ ရမယ္ဆိုရင္ ကိုယ့္ႏိုင္ငံရဲ႕ စီးပြားေရးအတြက္ ေကာင္းတာေပါ့၊ ကိုရီးယားကလည္း တကယ္တမ္းေတာ့ သူတို႔မွာလည္း High Tech ေကာင္းေကာင္းေလး အဆင့္ျမင့္တဲ့ ႏိုင္ငံတစ္ႏိုင္ငံေလ။သူတို႔ဆီကေန အလုပ္အကိုင္ အခြင့္အလမ္းေတြအျပင္ နည္းပညာ Technology transfer ေတြ ရရင္လည္း ကိုယ့္အတြက္က တအားႀကီးအခြင့္အေရးေကာင္းတယ္ေလ။ၿပီးေတာ့ ျမန္မာျပည္မွာလည္း ကိုရီးယားရင္းႏွီးျမႇဳပ္ႏွံမႈက ေတာ္ေတာ္ေလးေရာက္ေနတာကိုး။ေရာက္ေနတဲ့အခါက်ေတာ့ ဒါကိုပဲ ဒီထက္ပိုၿပီး အရွိန္အဟုန္ျမင့္ေအာင္ ဆရာတို႔ ေဆာင္႐ြက္ဖို႔လိုတယ္လို႔ပဲ ေအာက္ေမ့တာပါပဲ။

Opinion Leaders ။     ။ မၾကာခင္က ျပည္တြင္းမွာ ဘဏ္ေတြနဲ႔ပတ္သက္ၿပီး ဂယက္ထခဲ့ၿပီးတဲ့ေနာက္ပိုင္းမွာ ေ႐ႊေဈးမွာ ေဆာင့္တက္ခဲ့တာရွိတယ္၊ ဒီအတြက္ ေဒၚေအာင္ဆန္းစုၾကည္ ကိုယ္တိုင္က တည္ၿငိမ္မႈအတြက္ ဝင္ေျပာခဲ့ရတာရွိတယ္ ဆရာ။လက္ရွိ ျမန္မာႏိုင္ငံမွာ စီးပြားေရးလုပ္ငန္းရွင္ေတြရဲ႕ ေခ်းထားတဲ့ ပိုက္ဆံကလည္း ဘီလ်ံကို ေသာင္းနဲ႔ခ်ီရွိတဲ့အခါက်ေတာ့ ဒီလိုမ်ိဳး ၿပီးခဲ့တဲ့ႏွစ္ကလည္း ဒီအခ်ိန္ေလာက္မွာ ျဖစ္ခဲ့ဘူးတယ္။ဒါက တကယ္ဆိုလို႔ရွိရင္ ဒီျပႆနာက ႀကိဳတင္ႀကံစည္တဲ့ အေနအထားမ်ိဳးလည္း ျဖစ္ေနတယ္၊ ေနာက္တစ္ခါ စီးပြားေရးမွာလည္း သြားထိခိုက္တာေတြလည္းရွိတယ္။ဒီေတာ့ ဒီလိုမ်ိဳးအျဖစ္ေတြအတြက္ စီးပြားေရးေပၚလစီ ခ်တဲ့သူေတြအေနနဲ႔ ဒါေတြကို ထည့္သြင္းစဥ္းစားမႈ ရွိခဲ့မလား၊ ျပင္ဆင္မႈရွိမလား။ေနာက္တစ္ခ်က္က တ႐ုတ္ - ျမန္မာ ကုန္သြယ္ေရးခက္ခဲေနတဲ့ အခ်ိန္နဲ႔တိုက္ဆိုင္ၿပီး ျဖစ္လာတဲ့အတြက္ကို ဒါေတြက ေနာက္ပိုင္းမွာဆိုလို႔ရွိရင္ စီးပြားေရးမွာ ဘယ္ေလာက္အထိ သက္ေရာက္လာႏိုင္သလဲ ဆရာ။ဒီလို တစ္ခုခုျဖစ္တိုင္းျဖစ္တိုင္းမွာ ဘဏ္ေတြနဲ႔ စီးပြားေရးကို လာလာထိခိုက္ေနတာဟာ  ႏိုင္ငံေရးနဲ႔ စီးပြားေရးက ဒီႏိုင္ငံမွာ ေတာ္ေတာ္ ခ်ိတ္ဆက္ေနၿပီလား ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ ပထမဆုံးက ေယဘုယ်အားျဖင့္ကေတာ့ ႏိုင္ငံေရးနဲ႔ စီးပြားေရးက ခ်ိတ္ဆက္ေနတာကေတာ့ ကိုယ့္ႏိုင္ငံက တကယ့္ကို နမူနာျပလို႔ရတဲ့ႏိုင္ငံ၊ တစ္ကမာၻလုံးမွာေနာ္၊ ကိုယ့္ႏိုင္ငံက အေနအထားကို ၾကည့္လို႔ရွိရင္ လြတ္လပ္ေရးၿပီးခ်ိန္ကစၿပီး တျခားႏိုင္ငံေတြ ႏိုင္ငံေရးျပႆနာေတြ ေက်ာ္လႊားႏိုင္ခဲ့ေပမယ့္ ကိုယ့္အေနနဲ႔က ႏိုင္ငံေရးျပႆနာေတြ မေက်ာ္လႊားႏိုင္ဘူး၊ အဲ့ဒီေတာ့ ႏိုင္ငံေရးျပႆနာ မေက်ာ္လႊားႏိုင္တဲ့အတြက္ ပဋိပကၡေတြဟာ အခုအထိျဖစ္ေနတာေပါ့၊ ပုံစံအမ်ိဳးမ်ိဳးနဲ႔ လြတ္လပ္ေရးၿပီးခ်ိန္က တစ္ခ်ိန္တုန္းကေတာ့ ပုံစံက ႏိုင္ငံေရးပုံစံ သူတို႔အေနနဲ႔ ေတာင္းဆိုတဲ့ပုံစံ ဗကပနဲ႔ ဘာညာဆိုလည္း ႏိုင္ငံေရးေပၚလစီနဲ႔ မူဝါဒေတြမတူလို႔ ျဖစ္တာကိုး။ဒီဘက္ပိုင္းမွာက်ေတာ့လည္း ပုံစံတစ္မ်ိဳးနဲ႔ ဆရာတို႔ ပဋိပကၡေတြျဖစ္တယ္၊ ပဋိပကၡေတြ ျဖစ္ေနသေ႐ြ႕ကေတာ့ ကိုယ့္ႏိုင္ငံမွာ တိုးတက္ဖြံ႕ၿဖိဳးမႈက အားနည္းတာေပါ့၊ အဲ့ဒီေတာ့ တစ္ဖက္ကလည္း ျပန္ေျပာလို႔ရတာက အသြားအျပန္ျဖစ္ေနတာ ပဋိပကၡအားနည္းလို႔ ပဋိပကၡေတြရွိေနလို႔လည္း မဖြံ႕ၿဖိဳးဘူး၊ မဖြံ႕ၿဖိဳးလို႔လည္း ပဋိပကၡေတြရွိတယ္ဆိုၿပီးေတာ့ အျပန္အလွန္ေျပာလို႔ရတာေပါ့။

ကိုယ့္ႏိုင္ငံကေတာ့ တကယ့္ကို နမူနာျပလို႔ရတဲ့ ပုံစံလိုျဖစ္ေနတယ္၊ မတိုးတက္လို႔ မၿငိမ္းခ်မ္း၊ မၿငိမ္းခ်မ္းလို႔ မတိုးတက္ဆိုတဲ့ လည္ေနတာေပါ့၊ အဲ့ဒီသံသရာႀကီးကို လည္ဖို႔ဆိုရင္ တစ္ခ်ိဳ႕ေတြက ေျပာၾကတာကဟာ ဒါဆိုလို႔ရွိရင္ တိုးတက္ေအာင္အရင္လုပ္မယ္၊ ၿပီးမွ ၿငိမ္းခ်မ္းေအာင္လုပ္မယ္ တစ္ခ်ိဳ႕ေတြကလည္း ၿငိမ္းခ်မ္းေအာင္လုပ္မယ္၊ ၿပီးေတာ့မွ တိုးတက္ေအာင္လုပ္မယ္ဆိုတဲ့ပုံစံ အဲ့လိုစဥ္းစားတာထက္ ကိုယ့္သေဘာကေတာ့ ႏွစ္ဘက္စလုံးေပါ့ေနာ္၊ တစ္ၿပိဳင္နက္တည္းလုပ္ရမွာပဲ၊ လုပ္ရတာခက္မွန္းေတာ့ သိတယ္၊ သို႔ေသာ္လည္း ဒီလိုမလုပ္မွမရဘူး၊ ဆရာတို႔မွာ ေစာင့္ဖို႔အခ်ိန္ေတြ မရွိဘူးေလ၊ ကဲ ၿငိမ္းခ်မ္းေရးကို အရင္လုပ္မယ္၊ ဖြံ႕ၿဖိဳးမႈက ေနာက္ကလိုက္လာလိမ့္မယ္၊ သို႔တည္းမဟုတ္ ဖြံ႕ၿဖိဳးမႈကို အရင္လုပ္မယ္၊ ၿငိမ္းခ်မ္းေရးက အေနာက္က လိုက္လာလိမ့္မယ္ဆိုၿပီးေတာ့ အဲ့လိုလုပ္လို႔ရတဲ့ အေနအထားမရွိဘူး၊ တစ္ခ်ိန္တုန္းကလည္း ဆရာတို႔ ၿငိမ္းခ်မ္းေရးကို အရင္ေပါ့ေနာ္၊ ပုံစံအမ်ိဳးမ်ိဳးေတြနဲ႔ရေအာင္ နားလည္မႈေတြယူခဲ့ေပမယ့္ ေရရွည္ခံတဲ့ စနစ္က်တဲ့ နည္းလမ္းေလးေတြ မဟုတ္ဘူးေလ၊ စစ္မွန္တဲ့ ၿငိမ္းခ်မ္းေရးေတြ မဟုတ္တဲ့အခါက်ေတာ့ ခဏပဲေနာ္၊ နားလည္မႈရတဲ့အခ်ိန္ အဆင္ေျပတဲ့အခ်ိန္မွာပဲ ျဖစ္ၿပီးေတာ့ တကယ္တမ္းျပန္ၿပီး နဂိုျပန္ျဖစ္တာေပါ့၊ ကိုယ္က သံသရာႀကီးက လည္ေနေတာ့ ဒီတစ္ခါေပါ့ေနာ္ ဆရာတို႔ ၿငိမ္းခ်မ္းေရးေရာ ကိုယ့္သေဘာကေတာ့ေလ ၿငိမ္းခ်မ္းေရးေရာ စီးပြားေရးေရာ တစ္ၿပိဳင္နက္ ဆရာတို႔လုပ္လို႔ရမယ္၊ အခု ဆရာတို႔ႏိုင္ငံမွာ ေနာက္တစ္ခုျဖစ္ေနတာက အဲ့ဒီခုနေျပာတဲ့ Geo Politics တ႐ုတ္နဲ႔ ပတ္သက္လို႔ ျဖစ္ေနတယ္။

ေနာက္တစ္ခါ ဒီဘက္ကလည္း အိႏၵိယနဲ႔ ပတ္သက္လို႔ အခုအေနနဲ႔ကေတာ့ ကိုယ့္ႏိုင္ငံမွာ လြတ္လပ္တဲ့ ႏိုင္ငံတစ္ႏိုင္ငံအေနနဲ႔ ဆရာ့သေဘာကေတာ့ေပါ့ေနာ္ အခြင့္အေရးေတြ ရသေလာက္ေတာ့ ယူရမွာပဲ။တ႐ုတ္ကပဲျဖစ္ျဖစ္ ကိုရီးယားကပဲျဖစ္ျဖစ္ ထိုင္ဝမ္ပဲျဖစ္ျဖစ္ ဂ်ပန္ကပဲျဖစ္ျဖစ္ အခု ဂ်ပန္ဆိုလည္း သီလဝါမွာ တေလာကပဲ ခင္ဗ်ားတို႔လည္း ၾကားလိုက္မွာပဲ သီလဝါမွာ ဂ်ပန္ကလည္း ထဲထဲဝင္ဝင္လုပ္ေနေတာ့ ဟိုတေန႔က ဂ်ပန္နဲ႔ အေမရိကန္နဲ႔ ႏိုဗိုတယ္မွာေနာ္ လုပ္လိုက္ေသးတယ္။ဒါေတြက အလားအလာေကာင္းတဲ့ဟာေတြ၊ ကိုယ္ကေတာ့ ဟိုတစ္ဖက္ကၾကည့္တာက CNA က ျဖစ္လာတဲ့ ဘဏ္ကိစၥဟာ မေန႔တစ္ေန႔ကျဖစ္တဲ့ကိစၥမွ မဟုတ္တာ၊ ဟုတ္တယ္ မဟုတ္လား။ဒါႀကီးက လိပ္ခဲတည္းလည္းႀကီး ျဖစ္ေနတာေနာ္၊ ႏွစ္နဲ႔ခ်ီေနၿပီ၊

အစကတည္းကကို လုပ္သင့္လုပ္ထိုက္တဲ့ပုံစံနဲ႔ ေငြေခ်းခဲ့တာမဟုတ္ဘဲနဲ႔ အဆင္ေျပသလိုလုပ္ခဲ့တာ ရွိခဲ့တာေပါ့၊ အဲ့ဒါေတြကလည္း ဆရာတို႔ အားလုံးလည္း လူေတြကသိေနတာ၊ အခုက်မွ အစအဆုံးျပန္ကိုင္ဖို႔ဆိုရင္ ေပးႏိုင္တဲ့သူကလည္း မေပးႏိုင္ေတာ့ဘူး၊ အဲ့ဒီေတာ့ ဘဏ္ေတြအေနနဲ႔ကလည္း အေႂကြးေတြျပန္သိမ္းပါ ဘာညာဆိုေတာ့လည္း ဒါကလည္း မျဖစ္ႏိုင္ဘူး၊ ဒါေပမဲ့ အခုတေလာမွာ ခင္ဗ်ားတို႔လည္းၾကားမွာေပါ့၊ အခြန္ေတြကိစၥနဲ႔ ပတ္သက္ၿပီး၊ ဆရာ ခဏခဏေျပာတယ္ အတိုးနဲ႔ အခြန္ပဲကြဲ႕၊ စီးပြားေရးကစားတာ ဒီတစ္ခုပဲ။

ႏိုင္ငံေတာ္အစိုးရအေနနဲ႔ ကစားႏိုင္တဲ့ ဝင္ၿပီးပါဝင္ႏိုင္တာ အခုဆိုရင္ ေဒၚနယ္ထရမ့္ေတာင္ သူ႔ရဲ႕ ဗဟိုဘဏ္ဥကၠ႒ကို ဆဲေနတာ၊ သူေျပာတဲ့အတိုင္း အတိုးေတြမေလွ်ာ့လို႔၊ သူတို႔ ဗဟိုဘဏ္က တကယ့္ကို လြတ္လြတ္လပ္လပ္ေလ။ဘယ္သူဘာေျပာေျပာ သူလုပ္ခ်င္တာ သူလုပ္တာ၊ ဆရာတို႔ ဆီမွာေတာ့ ဗဟိုဘဏ္နဲ႔ အခုျပႆနာေတြက မ်ိဳးစုံေပါ့။ဗဟိုဘဏ္ေတြ ျပႆနာမ်ိဳးစုံရွိတဲ့အေၾကာင္း ဒီဘက္ေခတ္မွာလည္း လုပ္ငန္းရွင္ေတြကလည္း ဟိုေျပာဒီေျပာေတြ ေျပာၾကတယ္၊ ဒီရက္မွာ အခုျဖစ္ေနတာက ပိုၿပီးေပါ့ေနာ္၊ ဒီကိစၥမွာ ပိုၿပီးရႈပ္လာျပန္တာက ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈႀကီးကို ႀကိဳဆိုတာကိုပဲ ျပည္တြင္းလုပ္ငန္းရွင္ေတြက မေက်နပ္တဲ့ပုံစံျဖစ္ေနတာ။

အဲ့ဒီဟာေၾကာင့္ တစ္ဖက္ကလည္း ကိုယ္က ရင္းႏွီးျမႇဳပ္ႏွံမႈ လာပါလာပါလို႔ ကိုယ္က တစ္ကမာၻလုံး လွည့္သြားၿပီး ေတာင္းခံတဲ့အခါမွာ ဒီမွာလည္း ဒီကေကာင္ေတြက တင္းခံေနျပန္ေရာ၊ အဲ့ဒီေတာ့ တင္းခံေနျပန္ေတာ့လည္း ဒီဘက္ကၾကည့္ျပန္ေတာ့လည္း သူတို႔ကို အခြင့္အေရးေတြ ေပးထားတယ္ ေျမႀကီးေတြ ေပးထားတယ္၊ ေျမေတြၿခံေတြ ေပးထားတယ္ ဘာမွမလုပ္ၾကဘူး။အားလုံးက ရွိတဲ့ဟာေတြေပၚမွာ ထိုင္ၿပီးေတာ့ ေဈးတက္တဲ့အထိ ေစာင့္ေနတာေလ၊ စက္မႈဇုန္ေတြလို႔ ေျပာေပမယ့္ တကယ့္ကိုေဖာ္တဲ့သူေတြက ေတာ္ေတာ္နည္းတာ၊ အဲ့ဒီေတာ့ အဲ့ဒါကိုသိေတာ့လည္း နင္နင္ငါငါ လုပ္ႏိုင္မယ့္သူ ႏိုင္ငံျခားသားေတြ ေခၚျပန္ေတာ့လည္း ဒါေျပာခံရျပန္ေရာ။

ကိုယ္က်ေတာ့လည္း မလုပ္ဘူး၊ အခုကေတာ့ အမ်ိဳးမ်ိဳးေရးေနၾကတာ ႏိုင္ငံေတာ္အစိုးရကပဲ ပိုက္ဆံမရွိလို႔ ႏိုင္ငံျခားသားပဲ အထင္ႀကီးလို႔။ဒါေတြက ဆရာထင္တယ္ ခုနေျပာတဲ့ ႏိုင္ငံေရး၊ စီးပြားေရး ဆက္စပ္မႈေတြကို ေပၚလြင္ေစတဲ့ဟာေတြ။တကယ္တမ္းေပါ့ေနာ္၊ ဟိုလုပ္ငန္းရွင္ေတြအေနနဲ႔ကလည္း ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈေတြကို စိုးရိမ္ေၾကာင့္က်စရာမလိုဘဲနဲ႔ သူတို႔နဲ႔ ကိုယ္နဲ႔ ဘယ္လိုေပါင္းမလဲ ဆိုတာမ်ိဳးေပါ့။အခုဆိုရင္ ဘဏ္ေတြကို လာခြင့္ေပးၿပီ။ဘဏ္ေတြလာခြင့္ေပးတဲ့အခါမွာ ေနာက္တစ္ခါ ဒီေန႔ပဲ insurance ေပါ့၊ ဒီအာမခံေတြ ဝင္ခြင့္ေပးတယ္၊ ဒါေတြအားလုံးဟာ ကိုယ့္အတြက္က အခြင့္အေရးလို႔ျမင္ရင္ေတာ့ တစ္မ်ိဳးေပါ့၊ အဲ့လို မဟုတ္ဘဲနဲ႔ ကိုယ့္အတြက္ ဒါေတြက အခက္အခဲေတြရွိတယ္ေနာ္ ကိုယ့္ကိုေတာ့မၾကည့္ဘူး၊ သူမ်ားကိုေတာ့ၾကည့္တယ္၊ ႏိုင္ငံျခားသားေတြပဲၾကည့္တယ္၊ ကိုယ့္ကိုမၾကည့္ဘူးဆိုတဲ့ nationalistic ေပ့ါေနာ္၊ လူမ်ိဳးခ်စ္တဲ့ ဝါဒီသမားေတြက ေတာ္ေတာ္မ်ားတယ္။

တကယ္တမ္းေတာ့ လူမ်ိဳးခ်စ္တာထက္ ကိုယ့္အက်ိဳးကို ထိခိုက္မွာစိုးလို႔ စိတ္ပူလို႔ေျပာေနၾကတာ၊ ဒါကိုသိဖို႔လိုတယ္၊ အခုက ခက္တာေနာက္တစ္ခုက တစ္ေန႔ကေတာင္ စဥ္းစားေနေသးတာေနာ္၊ အခု စီးပြားေရးအေျခအေန တစ္ခ်ိဳ႕ေတြကလည္း မသိမသာ ေႏွးတယ္ေႏွးတယ္ ေျပာေနတယ္။ဒါ ဒီဘက္က၊ ေႏွးတယ္ လုပ္လို႔ကိုင္လို႔မရဘူး ေအာ္တာငိုတာေတြ ရွိေနတယ္ တစ္ဘက္က။တစ္ဘက္ကလည္း အားလုံးေကာင္းတယ္လို႔ ေျပာတယ္၊ အဲ့ဒီေတာ့ ကိုယ့္အေနနဲ႔ ဘယ္ဟာကမွန္သလဲဆိုတာကလည္း ႏွစ္ခုစလုံးမွန္သလို ျဖစ္ေနတယ္၊ ဒီဘက္က ကမာၻ႔ဘဏ္ ကိန္းဂဏန္းေတြကလည္း ေကာ့ေနတာပဲ၊ သူတို႔အေနနဲ႔က ကိုယ့္ႏိုင္ငံဟာ အေရွ႕ေတာင္အာရွမွာ အတိုးတက္ဆုံးႏိုင္ငံ အရွိန္အဟုန္အျမင့္ဆုံးႏိုင္ငံဆိုေတာ့ ဒါကိုလည္းပဲ လစ္လ်ဴရႈလို႔မရဘူးေလ။

ဒါေပမဲ့ တစ္ဖက္ကလည္း လုပ္ငန္းရွင္ေတြကို သြားေမးလိုက္ျပန္ရင္လည္း ကုန္ေဈးႏႈန္းတက္တာတို႔ ဒါေတြကလည္းရွိတယ္၊ ဝန္ထမ္းေတြၾကည့္ျပန္ေတာ့လည္း ဝန္ထမ္းေတြမွာ ထုတ္ကုန္စရိတ္ေတြက အမ်ားႀကီးရွိေနတာ၊ အဲ့ဒီေတာ့ ဒီႏွစ္ခုက ရွိေနတာကို လက္ခံမွရမယ္၊ တစ္ဖက္ကမွန္တယ္၊ တစ္ဖက္ကမွားတယ္ဆိုတာထက္ကို အဲ့ဒီေတာ့ အဲ့ဒါကို ဆရာတို႔က ပူးေပါင္းၿပီး အေျဖရွာဖို႔ေတာ့ လိုတယ္ေလ၊ တစ္ဖက္ကလည္း ၾကည့္ျပန္ေတာ့လည္း အခ်ိန္ကလည္း မရွိေတာ့ဘူး၊ အေထြေထြေ႐ြးေကာက္ပြဲကာလ ကပ္လာတဲ့အခါမွာ လူေတြအားလုံးဟာ သူ႔ဘက္ကိုယ့္ဘက္ အတင္းလုပ္ေနၾကတာကိုး၊ ကိုယ့္ဘက္က အသာစီးရမယ့္ပုံစံနဲ႔ ဒီဘက္ကလည္းတစ္မ်ိဳး ဟိုဘက္ကလည္းတစ္မ်ိဳး ျဖစ္ေနေတာ့။

အခုက ႏိုင္ငံေရးကို စီးပြားေရးက တကယ့္ကိုကြက္တိ ႏိုင္ငံေရးနယ္ပယ္ထဲမွာ အေျခခံက်တဲ့ဟာေတြျဖစ္တယ္၊ ေနာက္တစ္ခါ ဗဟိုဘဏ္နဲ႔ ပတ္သက္လာျပန္ရင္လည္း သိတဲ့အတိုင္းပဲ၊ အားလုံးက တိုင္ပင္၊ ေျပာတာဆိုတာေတြကအစ၊ အဲ့ဒီေတာ့ ဒီအေျပာအဆိုေတြေျပာတာ မွန္တယ္မွားတယ္ ဆိုတာထက္ကို ေျပာသင့္ေျပာထိုက္တဲ့အခ်ိန္မွာ ေျပာသင့္ေျပာထိုက္တဲ့ အေၾကာင္းေတြ ေျပာေနေတာ့ အေျခအေနကတစ္မ်ိဳးေပါ့၊ အခုက်ေတာ့လည္း တစ္မ်ိဳးေတြျဖစ္ကုန္ေတာ့ အားလုံးက စိတ္ပူတာကေလ စီးပြားေရးနဲ႔ပတ္သက္လာရင္ Emotion ေပ့ါေနာ္။ဆရာတို႔က ကိန္းဂဏန္းေတြ ဘယ္ေလာက္ႀကီး တိတိက်က်နဲ႔ ကိန္းဂဏန္းေတြ မွန္ကန္တယ္လို႔ေျပာေပမယ့္ လူတိုင္းက ခံစားခ်က္ေတြနဲ႔ လုပ္ၾကတာမ်ားတယ္ေလ။

အဲ့ဒီေတာ့ ကိုယ့္အေနနဲ႔ Shock Country ေပ့ါေလ၊ ဒါႀကီးက တထိတ္တလန႔္ျဖစ္တယ္ဆိုရင္ ဒါနဲ႔တကယ္ဆို ဟုတ္တာ မဟုတ္တာ တစ္ပိုင္း လူေတြရဲ႕အျမင္မွာ အေျခခံၿပီးေတာ့ အဆုံးအျဖတ္ေတြေပးလို႔ရွိရင္ ပြားတတ္တယ္ေလ၊ ဒါကိုလည္း ေအးခ်မ္းသြားေအာင္ လူႀကီးေတြလည္း ထြက္ေျပာေနၿပီေလ၊ စိတ္မပူပါနဲ႔ အားလုံးကအဆင္ေျပပါမယ္လို႔ေျပာတယ္၊ ဒါေပမဲ့ ဒီဟာကို ပိုၿပီး ဒီထက္ပိုၿပီး လူတိုင္းကေျပာဖို႔လိုလိမ့္မယ္လို႔ ေအာက္ေမ့တာပါပဲ။ မဟုတ္ရင္ လန႔္ေနရင္ေပါ့ေနာ္ တထိတ္တလန႔္ျဖစ္တတ္တဲ့ ဆရာတို႔ပုံစံကလည္း ရွိတာကိုး၊ အခုပိုဆိုးတာက ခင္ဗ်ားတို႔ အရင္တုန္းကမရွိဘူး အခု Social Media ရွိတယ္ေလ၊ ေပါက္ကရေျပာမယ့္ေကာင္ေတြက အမ်ားႀကီး။

ကိုယ္ဒီ စာေလးတစ္ေၾကာင္း ေရးလိုက္တာနဲ႔ အားလုံးကိုလႈပ္ရွားႏိုင္တာကို၊ အဲ့ဒီေတာ့ လူေတြကလည္း Fake News ဘာညာလည္း မသိဘူးေလ၊ အခုက Cele ေတြလည္း မ်ားတာကိုး၊ စာေလးတစ္ေၾကာင္း ေရးျပန္ရင္လည္း ကမာၻေက်ာ္ ႏိုဗယ္ဆု ရတယ္လို႔ထင္တာ၊ ဟုတ္တယ္ မဟုတ္လား၊ အဲ့ဒါ ေတာ္ေတာ္ႀကီးခက္ကုန္တာေလ၊ ဒါကလည္း ထိန္းလို႔မရေတာ့ဘူး၊ Social Media နဲ႔ ကိုယ္က ဟုတ္လား၊ ဘယ္လိုမွ မေလးရွားႏိုင္ငံေတာင္ ထိန္းလို႔မရရင္ ကိုယ့္ႏိုင္ငံ ဘယ္လိုလုပ္ထိန္းမလဲ၊ အဲ့ဒီေတာ့ ဒါကို အခုကျဖစ္ေနတာက ဘာလိုခ်င္လဲဆိုတဲ့ဟာက ေတာ္ေတာ္ႀကီး ျပႆနာျဖစ္ေနတာ။

ခုနေမးတဲ့ကိစၥကိုေနာ္၊ တ႐ုတ္နဲ႔ ပတ္သက္လာရင္ပဲ ေျပာပစ္လိုက္တာ တူးတူးခါးခါးပဲ။သူလည္း ဖိအား ေပးမွာေပါ့၊ ဟုတ္တယ္ မဟုတ္လား၊ ဒီဘက္ကေန သူ႔ကိုမၾကည့္ေတာ့ဘူး ေနာက္တစ္ဖက္ကို လွည့္မယ္ဆိုရင္ သူလည္းစိတ္ပူမွာပဲေလ၊ သူကလည္း သူ႔နည္းသူ႔ဟန္နဲ႔ သူလည္း Project ေတြ ကိုင္ထားတာေတြ သူ႔မွာလည္း ကိုယ့္စီးပြားေရးရဲ႕ ေနာက္တစ္ခါ သူ႔မွာက သူမ်ားနဲ႔မတူတာက ဂ်ပန္တို႔ ကိုရီးယားတို႔မွာ ႏိုင္ငံေရးကို လုပ္ႏိုင္တဲ့အေနအထားမ်ိဳးမရွိဘူး၊ စီးပြားေရးပဲလုပ္ႏိုင္တာ။တ႐ုတ္က်ေတာ့ အဲ့ဒီလို မဟုတ္ဘူး၊ တ႐ုတ္ကေတာ့ အခ်ိန္မေ႐ြးႀကိဳက္တဲ့ပုံစံနဲ႔ ဒီမွာသူဝင္ၿပီး လႈပ္ရွားလို႔ရတယ္ေလ။

သူႀကိဳက္ရင္တစ္မ်ိဳး မႀကိဳက္ရင္တစ္မ်ိဳး ေနာက္ၿပီး ေဒသကုန္သြယ္မႈကိုလည္း ပိတ္လိုက္ဖြင့္လိုက္က သူလုပ္လို႔ ရတယ္ေလ၊ ယိုးဒယားမွာေတာ့ ပိတ္လို႔ဖြင့္လို႔ မရဘူးေလ၊ ဟုတ္တယ္ မဟုတ္လား၊ ဂ်ပန္အေနနဲ႔ ပိတ္လို႔ဖြင့္လို႔မရဘူး၊ သူ႔မွာက အားသာခ်က္က အဲ့ဒါပဲ၊ သူ႔အားသာခ်က္ကို ဆရာတို႔အေနနဲ႔ကေတာ့ေနာ္ ကိုယ့္အတြက္ အက်ိဳးရွိေအာင္ ဘယ္လိုလုပ္မလဲဆိုတဲ့ အေျဖကို ရွာဖို႔လိုလိမ့္မယ္လို႔ေတာ့ ေအာက္ေမ့တာပဲ။

Opinion Leaders ။     ။ မၾကာခင္က ကုန္သြယ္ေရးဇုန္ေတြကို ေနာက္ဆုတ္ဖို႔ ၾကားခံဇုန္တစ္ခုထားၿပီးေတာ့ ဒီအတြင္းထဲ ေရာက္ဖို႔အတြက္ ကုန္စည္ဒိုင္ေတြက လုပ္လာတာေတြရွိတယ္ ဆရာ။ေနာက္တစ္ခ်က္က တ႐ုတ္ဘက္ကလည္း ငွက္ေပ်ာတစ္သွ်ဴးေတြ ကိစၥနဲ႔ စပါးကိစၥေနာက္ပိုင္းမွာ ျမန္မာဘက္က ကုန္စည္ေတြ ေတာ္ေတာ္မ်ားမ်ားကို သူတို႔က ေပၚလစီပိုင္းဆိုင္ရာ အေၾကာင္းျပၿပီးေတာ့ ေတာ္ေတာ္ႀကီးဖ်က္ခ်လာတာ ေတြ႕ရတယ္ ဆရာ၊ အဲ့ဒီေတာ့ ျမန္မာဘက္ကလုပ္တဲ့ စနစ္က ဘာေတြမ်ား အခက္အခဲေတြျဖစ္လာႏိုင္သလဲ၊ ေနာက္တစ္ခ်က္က ဘာေတြမ်ား တ႐ုတ္ဘက္က တုန႔္ျပန္လာႏိုင္သလဲ၊ ျဖစ္လာႏိုင္သလဲ၊ ေနာက္တစ္ခ်က္က အစိုးရအေနနဲ႔ကေရာ ဒါေတြကို ဘယ္ေလာက္အထိ အကူအညီေပးႏိုင္မလဲ ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ အခု ဒီကိစၥနဲ႔ပတ္သက္ၿပီးေတာ့ ဥပမာအားျဖင့္ ဥပမာတစ္ခုေပါ့ေနာ္၊ သူတို႔ဆီမွာ ေဆးလိပ္ေတြထုတ္လို႔ မရေတာ့ဘူး၊ သူတို႔ဆီမွာ ပတ္ဝန္းက်င္ညစ္ညမ္းမႈကို ထိန္းသိမ္းကာကြယ္တဲ့ ဖိအားေတြ မ်ားတဲ့အခါမွာ သူတို႔ စက္႐ုံအလုပ္႐ုံေတြ ပိတ္ရတယ္၊ ပိတ္တဲ့အခါက်လို႔ရွိရင္ သူက ဒါကိုေ႐ႊ႕မွာပဲ၊ ေ႐ႊ႕တဲ့အခါက်လို႔ရွိရင္ အိမ္နီးနားခ်င္းႏိုင္ငံေတြကို ေ႐ႊ႕တယ္ေပါ့။ေ႐ႊ႕တဲ့အခါမွာ ဥပမာ - ဖိလစ္ပိုင္တို႔ ဘာတို႔မွာ ဒူတာေတး က ခပ္ျပတ္ျပတ္ပဲ၊ ဒါမ်ိဳးေတြလက္မခံဘူး၊ ဘာညာဆိုတာမ်ိဳး ကိုယ့္မွာက်ေတာ့ သူကေတာ့ ပင္လယ္ျခားေနတာကိုး။

ကိုယ့္မွာက်ေတာ့ နယ္စပ္ျဖစ္ေနတယ္၊ နယ္စပ္ျဖစ္ေတာ့ ကိုယ့္ဆီမွာ ဒီေနရာမွာ ဆရာတို႔ ကြင္းဆက္ျဖစ္ေနတာက တရားဥပေဒစိုးမိုးေရးကိစၥေပ့ါ၊ နယ္စပ္ကုန္သြယ္ေရးမွာ ကိုယ္က နယ္စပ္ကုန္သြယ္ေရးသာ ေျပာတာ၊ တကယ္တမ္းေတာ့ တရားမဝင္တဲ့ informal flow ဟာ formal flow ထက္ အစေတြအမ်ားႀကီး ဟုတ္တယ္ မဟုတ္လား၊ ဒါအမ်ားႀကီး အမ်ားႀကီးဆိုတာက အခုေျပာေနတာက တရားဝင္ေျပာေနတာ၊ တရားမဝင္တဲ့ ကုန္သြယ္မႈေတြက အမ်ားႀကီးျဖစ္ေနတာေလ၊ ထိုင္းနဲ႔ ပတ္သက္လို႔လည္း ဒီလိုပဲ အိႏၵိယနဲ႔ ပတ္သက္လို႔ ဒီအတိုင္းပဲ၊ နယ္စပ္ေတြအားလုံးမွာ formal trade ဆိုတာထက္ကို informal trade ေတြက မ်ားေနတယ္၊ အဲ့ဒီေတာ့ ဆရာတို႔အေနနဲ႔ informal trade ေတြ မ်ားေလေလ ခုနက အဂတိလိုက္စားမႈေတြ မလိုအပ္ဘဲနဲ႔ တိုးတဲ့အျပင္ကို ႏိုင္ငံေတာ္အတြက္ ဘ႑ာေတြလည္း ေတာ္ေတာ္နစ္နာတယ္၊ အခြန္အခလည္း ရတာမဟုတ္ဘူး။

အခုျဖစ္ေနတာက ျပႆနာေတြအားလုံးက အဲ့ဒီျပႆနာပဲ၊ အဲ့ဒီေတာ့ တစ္ဖက္ကဟုတ္လား ႏိုင္ငံေတာ္အစိုးရအေနနဲ႔ တေလာကေတာ့ ပလတ္စတစ္ေတြ၊ တေလာကေတာင္ ပလတ္စတစ္ေတြ စြန႔္ပစ္ပစၥည္းေတြနဲ႔ ပတ္သက္လို႔ ဒါေတြကိုလက္မခံဘူး၊ မေလးရွားမွာဆိုရင္ သူတို႔ဆီက ပလတ္စတစ္ေတြကို ျပန္ပို႔တယ္၊ ဟုတ္တယ္ မဟုတ္လား၊ အဲ့ဒီေတာ့ အဲ့ဒီကိစၥေတြ ဆရာတို႔ ၾကားေနရတဲ့အခါက်ေတာ့ ကိုယ့္ဆီမွာ ဒါမ်ိဳးေတြမဝင္ေအာင္ ဘယ္လိုတားမလဲ ေျပာျပန္ေတာ့လည္း ခုနက တရားဥပေဒစိုးမိုးေရးက အဓိကျဖစ္ေနတယ္ေလ၊

ကိုယ့္မွာ တားႏိုင္တဲ့အင္အား ေသခ်ာမရွိတဲ့အခါက်ေတာ့ informal တရားမဝင္တဲ့ပုံစံနဲ႔ အခုဆိုရင္ ျမန္မာျပည္မွာရွိတဲ့ အရက္ေတြအားလုံး တရားဝင္တဲ့လမ္းေၾကာင္းမွ မဟုတ္တာ၊ ဟုတ္တယ္ မဟုတ္လား၊ အရက္တို႔ ဝိုင္တို႔ဘာတို႔ အားလုံးဟာ ဒီပုံစံနဲ႔ပဲ၊ အစိုးရက အခြန္ေတြနစ္နာတယ္၊ ဒါဆိုလို႔ရွိရင္လည္း မထူးဘူး၊ အားလုံးရပ္လိုက္ဆိုရင္ မရဘူးလား၊ တကယ္တမ္းေတာ့ စီးပြားေရးအေျခခံသည္ informal sector မ်ားေလေလ ကိုယ့္ႏိုင္ငံစီးပြားေရး နစ္နာေလပဲ။ဆရာတို႔ တစ္ခ်ိန္တုန္းက ေမွာင္ခိုစီးပြားေရးစနစ္ႀကီးကို က်င့္သုံးသြားတဲ့အခါက်ေတာ့ ေမွာင္ခိုႀကီးထြားေလေလ တရားဝင္စီးပြားေရးစနစ္က ေႏွးေလေလ၊ အဲ့ဒီေတာ့ ဆရာတို႔အေနနဲ႔ တရားမဝင္တာကို တရားဝင္ေအာင္ ဘယ္လိုလုပ္မလဲ။

အဲ့ဒီေတာ့ တစ္ခုရွိတာက ကိုယ့္ႏိုင္ငံ တစ္ႏိုင္ငံတည္း မဟုတ္ဘူးေလ၊ ဟိုဘက္မွာလည္း ႏိုင္ငံရွိတယ္၊ ေနာက္တစ္ခုက ကိုယ္ကိုယ္တိုင္လည္း အဲ့ဒီႏိုင္ငံနဲ႔ရင္းႏွီးေတာ့ တ႐ုတ္၊ တ႐ုတ္လို႔ ေျပာေပမယ့္ ဆရာတို႔ ဟိုဟာလိုမ်ိဳးေပါ့ေနာ္၊ ေနျပည္ေတာ္နဲ႔ ရွမ္းျပည္နယ္ ေဒသအစိုးရနဲ႔က မတူဘူးေလ၊ အဲ့ဒီမွာလည္း သူတို႔က ကိုယ့္နယ္ေျမနဲ႔ ကပ္ေနတာ ယူနန္၊ ယူနန္မွာရွိတဲ့ သူတို႔ရဲ႕ အုပ္ခ်ဳပ္တဲ့ အုပ္ခ်ဳပ္ေရးမႉးတို႔ ဆရာတို႔ေခၚတဲ့ ဝန္ႀကီးခ်ဳပ္ေပါ့၊ ကိုယ့္ဘက္ကဆိုရင္ေတာ့၊ အဲ့ဒီ သူတို႔ေပၚလစီနဲ႔ ဟိုးျပည္မက ေဘဂ်င္းက ေပၚလစီနဲ႔လည္း မတူျပန္ဘူး၊ ဟုတ္တယ္ေနာ္၊ အဲ့ဒီေတာ့ သူတို႔ကလည္း ေတာင္းဆိုတယ္၊ သူတို႔ကလည္း ဒီမွာ စီးပြားေရးဇုန္ေတြ ဖြင့္ခ်င္တယ္ဘာညာ၊ ဟုတ္တယ္ မဟုတ္လား၊ အခုျဖစ္ေနတာက သူတို႔က တရားဝင္ေတာင္းဆိုတာ၊ တစ္ဖက္ကလည္း တရားမဝင္တဲ့ တ႐ုတ္ေတြဝင္လာတာ လူတိုင္းသိတာပဲ၊ ဟုတ္တယ္ မဟုတ္လား၊ မွတ္ပုံတင္ကလည္းမရွိ၊ တေျဖးေျဖး လားရႈိးတို႔၊ မႏၲေလးတို႔ အဲ့ဒီအပိုင္းမွာ။

အားလုံးက ဒီတ႐ုတ္လုပ္ငန္းရွင္ေတြ၊ ခုနေျပာတဲ့ တစ္သွ်ဴးကိစၥေတြေပါ့၊ ဒီတစ္သွ်ဴးငွက္ေပ်ာဟာ ဆရာတို႔ စိတ္ပူတာက ေဂဟစနစ္ကို ထိခိုက္မယ့္ဟာမ်ိဳး ျဖစ္မလားလို႔၊ ဒါေတြက ေရရွည္ထြက္မယ့္ကိစၥ၊ အဲ့ဒီေတာ့ ေရရွည္ထြက္မယ့္ကိစၥကို ဘယ္လိုလုပ္မလဲ၊ အဲ့ဒါနဲ႔ပတ္သက္လို႔ သူက ခင္ဗ်ားေမးတာနဲ႔ ပတ္သက္လို႔စဥ္းစား၊ ဒီေန႔ ဂ်ာနယ္တစ္ခုမွာေတာင္ ေတြ႕လိုက္တယ္ေနာ္၊ အခု မႏၲေလးမွာ ၿမိဳ႕သာမွာ ေဆးေျခာက္ေတြစိုက္တဲ့ ကိစၥႀကီး က အႀကီးအက်ယ္ျဖစ္သြားၿပီးေတာ့ အခုမွဘာေျပာလဲဆိုေတာ့ တျခားႏိုင္ငံေတြက ဒါကို ေလွ်ာ္အျဖစ္လုပ္ေနတာ အခုမွသိတယ္၊ ဟုတ္တယ္ မဟုတ္လား၊ ဒါေတြအားလုံးဟာ ေသေသခ်ာခ်ာနဲ႔ ႏိုးႏိုးၾကားၾကားရွိဖို႔ လိုတဲ့အေၾကာင္းအရာေတြေလ၊ ထိုင္းမွာ အႀကီးအက်ယ္စိုက္ေနတဲ့အခ်ိန္ ဟုတ္တယ္ မဟုတ္လား၊ အဲ့ဒီေတာ့ ကိုယ္နဲ႔ အိမ္နားနီးခ်င္းႏိုင္ငံ ထိုင္းမွာ ဒီေလာက္ေတာင္ standardizegoal။

ကိုယ္က ေဆးေျခာက္လို႔ ျမင္လိုက္တာနဲ႔ ကိုယ့္စိတ္ထဲမွာေနာ္ ပုံစံတစ္မ်ိဳးျမင္တာကိုး၊ အခုက ေဆးေျခာက္က ေဆးေျခာက္မွ မဟုတ္ေတာ့တာ ဒါကို ဆရာတို႔ ေလွ်ာ္လုပ္လို႔ရတယ္၊ ဆရာတို႔ ေဆးဝါးလုပ္လို႔ရတယ္၊ ဘာညာ အဲ့ဒါမ်ိဳးေတြကိုေတာ့ ဆရာထင္တယ္၊ အမွန္ေတာ့ အဓိကေတာ့ကြယ္ မႏိုးၾကားတဲ့ျပႆနာပဲ၊ ဒီလိုပဲသိသေလာက္ေလးနဲ႔တင္ ႀကိတ္ေနၾကတဲ့အခါက်ေတာ့ ႏိုးႏိုးၾကားၾကားမရွိေတာ့ ပိုၿပီးျဖစ္တာေပါ့၊ အဲ့ဒီေတာ့ စီးပြားေရးမွာလည္း တို႔က တကယ္တမ္းေျပာရင္ ဘယ္သူကမွန္လဲဆိုတာ ေျပာရေတာ္ေတာ္ခက္တာ၊ ဟုတ္တယ္ မဟုတ္လား၊ စီးပြားေရးကဘာလဲ သူတို႔ကေျပာတာက ေႏွးတယ္လို႔ေျပာတယ္၊ ေျပာတဲ့သူကလည္း ေျပာေနတာပဲ၊ ေႏွးတယ္၊ ဒီဘက္ကလည္း စီးပြားေရးက တိုးတက္တယ္လို႔ ေျပာတယ္၊ အဲ့ဒီေတာ့ ဆရာထင္တာေတာ့ ဒါႀကီးကိုေနာ္ အားလုံးလူေတြ မီဒီယာလည္း အပါအဝင္ေပါ့ေနာ္ ဘယ္လိုအေျခအေနမွန္ေတြရွိတယ္ တစ္ခ်ိဳ႕ကိစၥေတြမွာေတာ့ တိုးတက္တာေတာ့အမွန္ပဲ၊ ဟုတ္တယ္ မဟုတ္လား တစ္ခ်ိဳ႕ေနရာေတြမွာ၊ တစ္ခ်ိဳ႕ေနရာေတြမွာလည္း တကယ့္ကို အခက္အခဲေတြရွိေနတာ အမွန္ပဲ၊ အမွန္ေတြကို ဆရာတို႔လက္ခံႏိုင္မွ ရမယ္ထင္တယ္၊ မဟုတ္ဘဲနဲ႔ တစ္ေယာက္နဲ႔ တစ္ေယာက္ေလ ကိုယ့္အယူအဆ ကိုယ့္အျမင္တစ္ခုနဲ႔ လုပ္ေနလို႔ကေတာ့ ဆရာထင္တယ္၊ အေျဖမရဘူးထင္တယ္။

Opinion Leaders ။     ။ အဲ့ဒါဆိုရင္ ဆရာ အကုန္လုံးၿခဳံေျပာလိုက္လို႔ရွိရင္ေတာ့ လက္ရွိ စီးပြားေရး၊ႏိုင္ငံေရး ကိစၥေတြမွာ အေတာ္ကို အျမင္က်ယ္က်ယ္ၾကည့္မွပဲရမယ့္ သေဘာျဖစ္သြားတာေပါ့ေနာ္ ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ ဆရာတို႔မွာ အားနည္းတာ၊ တိုက္တြန္းခ်င္တာက dialogue ေပါ့၊ အျမင္ခ်င္း ဖလွယ္ၿပီးေတာ့ သူ႔အျမင္ကိုယ့္အျမင္နဲ႔ ကိုယ္ခ်ည္းမွန္တာမဟုတ္ဘူး၊ သူခ်ည္းမွန္တာမဟုတ္ဘူး၊ သူေရာကိုယ္ေရာ မွန္ႏိုင္တယ္၊ သူေရာကိုယ္ေရာ မွားႏိုင္တယ္ဆိုတဲ့ အယူအဆရွိရင္ေတာ့ ကိုယ့္ႏိုင္ငံအတြက္ အေကာင္းဆုံးျဖစ္ေအာင္ လုပ္ခ်င္တာပါပဲ။
မဟုတ္ဘူးလား။အဲ့ဒါဆိုရင္ေတာ့လည္း ဆရာတို႔ အေျဖရမယ္ထင္တယ္၊ အခုကေတာ့ ကေလးကစားသလို ရန္ျပဳေနတာေပါ့ေလ၊ ငါေျပာတာမွန္တယ္ဆိုတာမ်ိဳး တစ္ဘက္နဲ႔ တစ္ဘက္ အတင္းလုေနတဲ့အခါက်ေတာ့ အားလုံးလက္ခံႏိုင္တဲ့ အေျဖတစ္ခု မရႏိုင္တဲ့အေနအထား ရွိတာေတာ့ စိတ္ေတာ့မေကာင္းဘူးေပါ့ကြယ္။

Opinion Leaders ။     ။ အခုလိုေျဖၾကားေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္ ဆရာ။

ေဒါက္တာေအာင္ထြန္းသက္
စက္တင္ဘာ - ၁၂