【 ပညာရှင်များ၏အမြင် 】 “မြောက်ပိုင်းမှာရှိတဲ့ စိန်ခေါ်မှုတွေကို မျက်ကွယ်ပြုလို့မရဘူး”

【 ပညာရှင်များ၏အမြင် 】 “မြောက်ပိုင်းမှာရှိတဲ့ စိန်ခေါ်မှုတွေကို မျက်ကွယ်ပြုလို့မရဘူး”

မကြာမီက ရခိုင်မြောက်ပိုင်းတွင် ရခိုင်လက်နက်ကိုင်အဖွဲ့နှင့် တပ်မတော်ကြား တိုက်ပွဲအရှိန်ကြီးလာသလို အရပ်သားများ ထိခိုက်သေဆုံးသည့်အထိ ဖြစ်လာခဲ့သဖြင့် ဘင်္ဂါလီအရေးကြောင့် ဖိအားများနေသည့် မြန်မာစီးပွားရေးအတွက် ထပ်မံထိုးနှက်ချက် ဖြစ်လာပါတယ်။လတ်တလောတွင် အိမ်ခြံမြေဈေးကွက်မှာ ရပ်တန့်လုနီးပါးဖြစ်နေသလို နယ်စပ်ရောင်းဝယ်မှုမှာလည်း တရုတ်ဘက်တွင် ထိုးကျနေသဖြင့် ပြည်တွင်း နိုင်ငံရေးနှင့် စီးပွားရေး မူဝါဒမှာ ပြန်လည်သုံးသပ်စရာ ဖြစ်လာခဲ့ပါတယ်။ထိုအခြေအနေကို  နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေးပုဂ္ဂိုလ်နှင့် ဝါရင့်စီးပွားရေးပညာရှင် ဆရာ ဒေါက်တာအောင်ထွန်းသက် အား မေးမြန်းခဲ့ပါတယ်။ဆရာ ဒေါက်တာအောင်ထွန်းသက်၏ ရှုမြင်သုံးသပ်ချက် အပြည့်အစုံကို ယခုတစ်ပတ်အတွက် အထူးအစီအစဉ်အဖြစ် မေးမြန်းဖော်ပြလိုက်ပါတယ်။

(Opinion Leaders Media အယ်ဒီတာအဖွဲ့)

Opinion Leaders ။     ။ လက်ရှိမှာ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ လုံခြုံရေးအခြေအနေက ဆိုးလာတယ်။အရပ်သားတွေ ထိခိုက်သေကြေမှုတွေ ဖြစ်လာတယ်။နောက် ကုလလူ့အခွင့်အရေးကောင်စီမှာ မြန်မာနိုင်ငံအပေါ် ဆုံးဖြတ်တာကို ခုခံကာကွယ်နေရတာတွေ ရှိလာတယ်။ပြည်တွင်းမှာလည်း လုံခြုံရေးအခြေအနေက မကောင်းသလို ပြည်ပမှာလည်း ဖိအားတွေပေးတာ ခံနေရတဲ့အတွက် လက်ရှိဖြစ်နေတဲ့ အခြေအနေတွေ ရခိုင်ပြည်နယ်အတွင်း ဆရာတို့လုပ်နေတဲ့ တည်ငြိမ်အေးချမ်းမှုအပေါ် ဘယ်လိုဂယက်ရိုက်လာနိုင်သလဲ။ဘာတွေဖြစ်လာနိုင်သလဲ ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ တလောက ငပလီမှာလေ သံတွဲတို့မှာ သွားလုပ်တယ်။နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေကို သွားလုပ်တဲ့အခါကျတော့ ဟိုသူတို့တွေကနေ ဆရာတို့ရှင်းပြလို့ သူတို့က တော်တော်ကြီး အားရလာတာတွေရှိတယ်။အခွင့်အရေးတွေ အများကြီးရှိတယ်။ဆရာတို့တတ်နိုင်သမျှ ဒီလိုပဲအခွင့်အရေးတွေပေးပါမယ်။အစောင့်အရှောက်တွေပေးပါမယ်။
အကာအကွယ်တွေပေးပါ့မယ်ဆိုပြီး တစ်ဖက်က အာမခံတာပေါ့။အာမခံပေမယ့် သူတို့အနေနဲ့ ကြည့်ပြန်ရင်လည်း ဆရာတို့ စီးပွားရေးလုပ်ငန်းရှင်တွေ အားလုံးလိုအပ်တာက ဆရာအမြဲတမ်းပြောသလို လုံခြုံမှုကိုလိုအပ်တယ်၊ တည်ငြိမ်မှုကိုလိုအပ်တယ်။

အဲဒီအခါမှာ အခု AA ဖြစ်လာတဲ့ ပြဿနာဟာ အလားအလာမကောင်းဘူးပေါ့။သူတို့လုပ်ချင်တဲ့သူတွေတောင် နည်းနည်းလေးရွံသွားတာရှိတယ်။အဲဒီတော့ အခုကပြဿနာက ဘာလဲဆိုရင် အရင်တုန်းက ဆရာတို့ရင်ဆိုင်နေရတဲ့ ပြဿနာက နိုင်ငံတကာက ဖိအားပေးတာက မူဆလင်နဲ့ ပတ်သက်တဲ့ ဖိအားပေးမှုတွေ၊ အခု ပြည်တွင်းဖိအားပေးမှုတွေ ဖြစ်လာပြန်ပြီ။ဖြစ်လာပြန်တော့ ဒီ AA ရဲ့ တောင်းဆိုချက်တွေ အားလုံးကလည်း ဆရာတို့ အခု ဦးသိန်းစိန် လက်ထက်ကနေ နောက်တစ်ဆင့် ဒေါ်စုလ က်ထက်မှာ လက်ခံထားတဲ့ NCA ထက် ကျော်လွန်ပြီး သူကတောင်းဆိုတာကိုး။သူက ဖက်ဒရယ်စနစ်တင်မကဘူး ကွန်ဖဒရိတ် ဘာညာတောင်းဆိုတယ်။အဲဒီတော့ သူ့တောင်းဆိုချက်တွေ တစ်ဖက်ကရှိတယ်။ပြီးတော့ သူ့ရဲ့အင်အားကလည်း မထင်မှတ်ပဲနဲ့ အင်အားကကြီးနေတာပေါ့။

အဲဒီလိုကြီးတော့ ဒါတွေအားလုံးပေါင်းလိုက်ရင် ဆရာတို့အတွက်က စိန်ခေါ်မှုတွေက အများကြီးပဲ။စိန်ခေါ်မှုတွေ အများကြီးရှိတာမို့ လက်ပိုက်ပြီးတော့ ကိုယ်ကတော့မနေပဲနဲ့ ကိုယ်လုပ်နိုင်တာလောက် ဘယ်လိုလုပ်ကြမလဲ။လုပ်ကြရမှာပါပဲ။ဒီအတိုင်း ဒါကြီးအားလုံးကို လက်လျှော့လို့ကလည်းမဖြစ် မဟုတ်ဘူးလား။ကိုယ့်နိုင်ငံအတွက် တကယ့်ကို အချုပ်အခြာအာဏာ ထိပါးတဲ့ပုံစံ။အခြေခံက တော်တော်ကြီးကို အရေးပါလာတဲ့ အနေအထားရှိနေတယ်။ပေါ့ပေါ့သေးသေး မဟုတ်တော့ဘူး။ပြောရရင် မျက်နှာစာနှစ်ခု ဖြစ်သွားတာပေါ့။တစ်ခုတည်း မျက်နှာစာမှာ တောင်တော်တောင် လုပ်နေရတဲ့အချိန်မှာ အခု AA ပြည်တွင်း အထူးသဖြင့် တိုင်းရင်းသားအချင်းချင်း ရခိုင်တွေရဲ့ လိုအပ်ချက်တွေ အဲဒါတွေအားလုံးကို။အဲဒီတော့ သူတို့ကလည်း သိတဲ့အတိုင်းပဲ နေ့ချင်း၊ ညချင်းတောင် ကြီးထွားလာတာ တွေ့ရတယ်။မထင်မှတ်ဘဲ အင်အားကြီးလာတယ်။အင်အားကြီးလာတဲ့အခါကျတော့ ဒါပေမယ့် ဆရာသတိထားစေချင်တာကတော့ သူတို့တွေအားလုံးရဲ့ ရခိုင်တိုင်းရင်းသားတွေ ထောက်ခံမှု ဘယ်လောက်ရှိတယ်/မရှိဘူး။

နောက်တစ်ခါ သူတို့ ဆရာတို့ ရခိုင်မှာလည်း သိတဲ့အတိုင်းပဲ။အပိုင်းသုံးပိုင်း ကွဲနေတာကိုး။မြောက်ပိုင်းရယ် အလယ်ပိုင်းရယ် တောင်ပိုင်းရယ် ဆိုပြီး။ဆရာတို့အနေနဲ့ လုပ်နိုင်သမျှက တောင်ပိုင်းက ဆရာတို့လုပ်နိုင်တယ်။တောင်ပိုင်းမှာ အမ်းတို့ ဘာတို့ အောက်ဖက်မှာ ကိုယ်တတ်နိုင်သလောက်လုပ် တစ်ဘက်ကလည်း အလယ်ပိုင်းမှာ ကျောက်ဖြူတို့ စစ်တွေတို့လုပ်။
အဲဒီလိုလုပ်တဲ့အခါမှာ ဟိုဘက်က မြောက်ပိုင်းမှာရှိတဲ့ စိန်ခေါ်မှုတွေဟာလည်း ကိုယ်ကတော့ မျက်ကွယ်ပြုလို့မရဘူးလေ။ထိန်းရမှာပဲ။ခက်တော့ တော်တော်ကြီးကို ခက်တယ်ကွယ်။ဆရာ စိတ်လည်းမကောင်းဘူး။ဘာကြောင့်လဲဆိုရင် အားလုံးက ရခိုင်တင်မကဘူးလေ၊ ဟုတ်တယ်မလား။ဆရာတို့ အခြားဒေသတွေမှာလည်း တိုင်းရင်းသားဒေသတွေမှာလည်း ဆရာတို့က အားလုံးက အေးအေးဆေးဆေး မဖြစ်သေးဘူးလေ။ဖြစ်အောင်တော့ ဆရာတို့က ကြိုးစားရမှာပါပဲ။

အဲဒီလိုဖြစ်နေရင် အခုနကမေးတဲ့ မေးခွန်းက နိုင်ငံခြားရင်းနှီးမြုပ်နှံမှု အလားအလာက ပိုပြီးခက်လာတာပေါ့။လွယ်လွယ်ကူကူတော့ မရနိုင်တာ သေချာတာပေါ့။သူတို့ကို ဖျောင်းဖျမှ သူတို့ကို နားလည်အောင် ပြောရမယ်ဆိုရင်လည်း စီးပွားရေးလုပ်ငန်းရှင်ကလည်း risk အမြဲတမ်းကြည့်တယ် risk ကိုချိန်တော့ risk များလေလေ သူ့မှာ စဉ်းစားရခက်လေဖြစ်တာပေါ့။

Opinion Leaders ။     ။  မကြာခင်က အိမ်ခြံမြေဈေးကွက်က လက်ရှိမှာ သိန်းတစ်ထောင်အထက် အရောင်းထွက်မှုက မရှိသလောက်ဘဲလို့ အိမ်ခြံမြေသမားတွေက ဆိုကြတယ်။တချို့နေရာတွေမှာ ကွန်ဒိုမီနီယံတွေက ထုနဲ့တည်နဲ့ ဆောက်နေတာကို တွေ့ရတယ်။ပြည်တွင်း တစ်ပိုင်တစ်နိုင် ဆောက်လုပ်တဲ့ တိုက်တွေကလည်း ရောင်းမထွက်ဘူး။နောက် မြို့သစ်စီမံကိန်းတွေကလည်း ဝင်လာဖို့ရှိနေတဲ့အတွက် ပြည်တွင်း အိမ်ခြံမြေဈေးကွက်က ဘာတွေဖြစ်လာနိုင်သလဲ။သြင်္ကန်အပြီး အိမ်ခြံမြေဈေးကွက်က ဘာဖြစ်လာနိုင်သလဲ ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ အခုက ဆရာတို့ အခုနကပြောသလို ဒီ ၂၀၁၅ တည်းက ပထမဆုံး အစိုးရအသစ် ပြုပြင်ပြောင်းလဲမှုမှာ ဆောက်လုပ်ရေးကဏ္ဍကို သွားပြီးလှုပ်လိုက်သလို ဖြစ်သွားတယ်။ဟုတ်တယ်နော်။အားလုံးအထပ်မြင့်တွေ၊ ဘာတွေညာတွေသွားပြီး လုပ်တဲ့သဘော (Construction Structor) ကြီးက ရပ်တယ်။ရပ်သလိုဖြစ်သွားတယ်။ ရပ်တော့ အဲဒီကနေဆရာတို့တစ်ခုဖြစ်ပြန်တယ်။ ဆရာတို့အဲဒီကနေ ပြီ းတော့သူတို့ကပြောတာက(Condominium Law)ပေါ့။ပိုင်ဆိုင်မှု နိုင်ငံခြားသားတွေ ပိုင်၏/မပိုင်၏ ပြဿနာက တော်တော်ကြီးတာ။ဆရာလည်းစဉ်းစားလို့မရဘူး။နိုင်ငံခြားသားပိုင်တော့ အဲ့ဒီတိုက်ခန်းကြီးတွေကို လေယာဉ်ပျံနဲ့ သယ်သွားလို့မရဘူး။ ဒါပေမယ့်လူတွေကလည်းခက်တယ်။တိုင်းပြည်ချစ်တဲ့သူ သိပ်များနေတာကိုး။ များနေတဲ့အခါကျတော့ ပိုင်လို့မရဘူး၊ ဘယ်နှစ်ချက်မှပိုင်ရမယ်လို့ တော်တော်ကြီးကို ခက်အောင်လုပ်တော့တာ။အဲဒီ တော့ (Condo) ဥပဒေကြီးကလည်း ထွက်လာပြန်တယ်။စောနကပြောသလို (Supply and Demand) ပေါ့လေ၊ ဆရာတို့စီးပွားရေးအခြေခံကဝယ်လိုအားနဲ့ ရောင်းလိုအား အခုကတွက်ချေကိုက်မယ်ထင်လို့ (Condo) ကြီး တွေကို အကြီးအကျယ်ဆောက်ပစ်တယ်။ နောက်တစ်ခါ လက်သိပ်ထိုးပြီး ပါမစ်တွေကို အဂတိလိုက်စားမှုတွေရှိတော့ ပါမစ်တွေကိုရသလို ချရအောင်လုပ်ပြီးတော့ ဆောက်ပစ်တာ။ဆောက်ပစ်တဲ့အခါကျတော့ အခုကျ စနစ်တကျမရှိတော့ တကယ်ဝယ်နိုင်တဲ့သူက မရှိတော့ပြန်ဘူး။နောက်အဲဒီပြဿနာထဲမှာ ရှုပ်ထွေးလာတာက အတော်များများ အခုနကပြောသလို တန်ဖိုးကြီးတွေမြေကြီးတွေ၊ ဘာတွေက ဘဏ်တွေမှာပေါင်ထားတာ များ ပြန်တယ်။ပေါင်ထားတာက တန်ဖိုးသင့်ပေါင်ထားတာ မဟုတ်ပဲနဲ့၊ ဟိုတုန်းကပုံစံတစ်မျိုးနဲ့ တစ်ထောင်တန်ကို တစ်သောင်းတန်ပြပြီး ချေးတာတွေများလာတာပေါ့။များလာတော့ ဘဏ်တွေမှာလည်းပြန်မဆပ်နိုင်တဲ့မြေကြီးတွေကို သိမ်းပြန်တော့လည်းမြေကြီးတွေကမတန်ဘူးလေ။

အစတည်းက မတန်တဆချေးထားတာကိုး။ ဒါတွေအားလုံးဟာဆရာထင်တယ်။ အိမ်၊ခြံ၊မြေဈေးကွက် ရော၊ဆရာလည်းသွားပြီးတော့သူတို့ကိုအားပေးတာပဲလေ၊အိမ်၊ခြံ၊မြေနဲ့ပတ်သက်လို့သူတို့အကျိုးတော်ဆောင်တွေ တာဝန်အသီးသီးလုပ်ပါဆိုတော့ အခုဖြစ်နေတာက အိမ်ခြံမြေဟာ သူတို့နဲ့တင်မဟုတ်ဘူး။ အကျိုးတော်ဆောင်တွေ ဘာမှတတ်နိုင်မှာမဟုတ်ဘူး။နောက်တစ်ခုက ဆရာတို့ဆီမှာက အဆိုးဆုံးက မြေကြီးကိစ္စပေါ့။ မြေကြီးပိုင်ဆိုင်မှုနဲ့ပတ်သက်တာနော်။

ကွန်ဒိုတို့၊ခြံတို့၊မြေတို့အားလုံးဟာပိုင်ဆိုင်မှုကလည်းမြန်မာပြည်မှာအခက်အခဲပြဿနာကဘာလဲဆို တော့မြေကြီးပိုင်ဆိုင်မှု။အဲ့ဒါကို ဘယ်လိုဖြေရှင်းကြမလဲဆိုတာကိုဝိုင်းစဉ်းစားပေးရမယ်။အဲဒီတော့အခုနကအ လားအလာကဘာလဲဆိုတော့ သြင်္ကန်ပြီးရင်ပြန်ပြီး နိုင်ငံရေးအခြေအနေအနေအထားကြည့်ရမှာဘဲ။ ဘာကြောင့် လဲဆိုတော့ ဆရာတို့ဆီမှာနိုင်ငံရေးနဲ့စီးပွားရေးကချိတ်နေတာကိုး။ နိုင်ငံရေးအခြေအနေတိုး တက်လာမှု၊ ပြောင်းလဲလာမှု ဖြစ်လာရင်တော့ စီးပွားရေးကလည်းပြောင်းလာနိုင်တယ်လေ။

နောက်တစ်ခုကနိုင်ငံခြားသားတွေကိုကွန်ဒိုတွေကိုဝယ်ခွင့်ပေးတာတို့၊ပိုင်ဆိုင်ခွင့်ပေးတာတို့ဆိုရင် တက်လာမှာပေါ့။ဟုတ်တယ်မလား။အဲဒီလိုတော့တစ်ခုခုလုပ်မှရမယ်။ပြဿနာဖြစ်တာကလည်း အဲဒီလို (Demand) တက်လာတာ။ နိုင်ငံခြားသားလို့ပြောရင် အနောက်နိုင်ငံတွေထက်ကို တရုတ်တွေလာရင် ဘယ်လိုလုပ်မလဲ၊ ပြဿနာ။ ဟုတ်တယ်မလား၊အဲ့ဒါသူတို့ကလည်းရှာမယ်လေ၊ သူတို့ကလည်း ဒီငွေလောက်ကိုတော့ သူတို့က ဘာမှသိပ်ခေါင်းထဲသိပ်ရှိတာမဟုတ်ဘူး။အချိန်တန်ရင်မြုပ်ထားလိုက်မယ်။ အရင်းပြန် ထုတ်ရင်သူတို့အတွက်အကျိုးရှိတယ်လို့ဆိုတော့ အဲ့ဒါကိုလည်းလက်မခံဖို့ကလည်းခက်၊ ကိုယ့်မှာ ကိုယ်မျှော် လင့်တဲ့ပုံစံမျိုးကလည်း ဝင်ချင်မှဝင်မယ်၊ မပြောတတ်ဘူး။ဆရာတို့က အဲဒါတွေအားလုံးကို သတိထားရမှာပါပဲ။

Opinion Leaders ။     ။ မကြာခင်က နယ်စပ်ကုန်သွယ်ရေးဖြစ်တဲ့ မူဆယ်မှာ ဇန်နဝါရီအတွင်း တစ်ဘီလျံလောက် တက်လာတာ ရှိပါတယ်။ဒါပေမယ့် ဆန်တွေ တန်ချိန်သောင်းချီ စုပုံနေတာတွေ၊ နွားတွေ သောင်းနဲ့ချီပြီး စုပုံနေတာတွေ တွေ့ရပါတယ်။ဒီလိုမူဆယ်နယ်စပ်မှာ အဆင်မပြေရင် ထိုင်းဘက်လှည့်တော့ ထိုင်းဘက်က နဘုလယ်/ထီးခီးဘက်မှာ ပြန်တက်လာတာကို တွေ့ရတယ်။ဒီလိုဖြစ်နေတာတွေက တရုတ်လို ကြီးမားတဲ့ဈေးကွက်နဲ့ကို ငြိမ်အောင်မလုပ်နိုင်တာ လျစ်လျူတာက ကောင်းတဲ့အလားအလာလား၊ ဘယ်လိုတွေဖြစ်လာသင့်သလဲ ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ အဲ့ဒါပေါ့။ဆရာကတော့ ကိုယ်အနေနဲ့ကတော့မဟာဗျုဟာနည်းနဲ့ ပြောရင် တော့ မြန်မာပြည်ရဲ့နယ်စပ်ဂိတ်တွေကအားလုံးနယ်စပ်ကုန်သွယ်ရေး(Trade)ကိုအားပေးမှရမယ်။ ဘယ် ကနေစကြည့်မလဲဆိုရင် ဘင်္ဂလားဒေ့ရှ်နဲ့ ။ ဆရာတို့ပြဿနာတွေအများကြီးရှိပေမယ့် အခုထိ အငူမော်ကနေ ပစ္စည်းတွေရောင်းနေသေးတာပဲ။သူတို့ဆီက ရောင်းတာနဲ့ကိုယ်ကလိုချင်တာနဲ့ပေါင်းလိုက်ရင် လုပ်စရာတွေ အများကြီးရှိတာပေါ့။အဲဒီတော့ဘင်္ဂလားဒေ့ရှ်ကိုလည်းဆရာတို့အားကိုးရမယ်လေ။ကိုယ်ဆီကထွက်တဲ့ ဆန်တို့၊ ငါးခြောက်တို့ သူတို့ဆီကလာပစ္စည်းတွေနဲ့ ကုန်သွယ်မှု။ အိန္ဒိယကလည်း တကယ်တမ်းတော့သူတို့ဘက်က အာသံ တို့၊ မဏိပူရတို့၊ မီဇိုရမ်တို့ဟာ ထွက်ပေါက်မရှိဘူး။အဲဒီထွက်ပေါက်မရှိတာကို ဆရာတို့က အခွင့်အရေးယူပြီးတော့ နယ်စပ်ကုန်သွယ်ရေးကို တကယ်အားပေးရင် ဒါလည်းတိုးတက်စရာအကြောင်းရှိတယ်။ ပြီးတော့မှ တရုတ်၊ပြီးတော့မှ ထိုင်း၊လာအို။

အဲဒီတော့ဆရာတို့မှာနယ်စပ်ကုန်သွယ်ရေးကိုစဉ်းစားရင်ဆရာတို့မှာ မဟာဗျုဟာမရှိသလိုပဲကွယ့်။ အဲဒီတော့တို့က တစ်ကွက်ချင်းလုပ်နေတာ ငါးပွက်ရာငါးစာချသလိုဟုတ်တယ်မလား။ တရုတ်နဲ့အဆင်မပြေဘူး။ ထိုင်းကိုပြေးမယ်၊ထိုင်းနဲ့အဆင်မပြေဘူး။အမှန်ကတော့ဒီငါးခုလုံးအဆင်ပြေအောင်ဘယ်လိုလုပ်မလဲ။ ဟုတ် တယ်မလား။အခြေခံအားနည်းချက်တွေဘာတွေရှိလဲရှိရင် (Cross border trade) က နောက်တစ်ခါ (Cross border trade) ကို ဆရာအမြဲတမ်းပြောဘူးတာရှိတယ်။ ဒါပေမယ့်ပြောတာပဲရှိတာပါ။ ဆရာတို့ဥရောပမှာ စီးပွား ရေးပညာအယူအဆတစ်ခုအရ သြစတြီးယား နိုင်ငံ၊ သြစတြီးယား နိုင်ငံက နိုင်ငံသေးသေးလေး၊ အရင်တုန်းက တော့ ဂျာမန်အပိုင်ပေါ့နော်။နောက်တော့သီးခြား လွတ်လပ်တဲ့ သြစတြီးယား နိုင်ငံမှာအလယ်တည့်တည့်မှာ ဥရောပအရှေ့နဲ့အနောက်ကိုချိတ်ပေးတာ။

သူတို့ကဘာမှမလုပ်ဘူး။နယ်စပ်ကုန်သွယ်ရေးကိုအရှေ့ဘက်ကလာတဲ့ရုရှားတို့ဘာတို့ဘက်ကလာတဲ့ကုန်သွယ်ရေးကို ဒီဘက်အနောက်ဘက်ကိုပို့တယ်။ အနောက်ဘက်ကလာတာကိုအရှေ့ဘက်ကိုပို့တယ်။ အဲဒါ ကိုစီးပွားရေးအရ သြစတြီးယား ပုံစံလို့သုံးတာကိုမြန်မာပြည်က သုံးလို့ရတယ်ကွယ့်ဟုတ်တယ်မလား။ တကယ့် ကိုနော် စီးပွားရေးအရအင်အားကြီးတဲ့အိန္ဒိယနဲ့တရုတ်နိုင်ငံအလယ်တည့်တည့်မှာ ဆရာတို့ရှိနေတာ။ အဲဒီတော့ ကိုယ့်အနေနဲ့ ထုတ်လုပ်ဖို့မစဉ်းစားနဲ့။

အဲဒီတော့ တစ်ခါတစ်လေ ဆရာနားမလည်ဘူးကွယ်။ကိုယ်လည်းကိုယ့်အနေနဲ့ လက်လှမ်းမမီလို့ ထင် ပါရဲ့။ တစ်ခါတစ်လေငါလည်း တော်တော်ဦးနှောက်အားမရှိဘူးလို့ထင်တယ်။ ဟုတ်တယ်မလား၊သူတို့သွား လုပ် တာ လျှပ်စစ်ကားတွေလုပ်နေတယ်။နောက်ကိုယ့်ဆီမှာ ဘာလဲဆိုတော့ ဟိုဟာတွေထုတ်ဖို့ လူနာတင်ယာဉ် တွေ ထုတ်ဖို့တွေဘာညာတွေ ဘယ်လိုဦးနှောက်နဲ့စဉ်းစားနေလဲတော့မသိဘူး။ မဟုတ်ဘူးလား။ သူများဆီမှာ ဒီအီလက်ထရစ်ကားဆိုတာ ဒါတခြားစီလုပ်နေတာ၊အခုကဘာနဲ့သွားတူလဲဆိုရင်မဟာသီယာ လုပ်သလို ဖြစ် နေတယ်။ ပရိုတွန်ကားကြီးဟာ အနှစ်လေးဆယ်လောက်အထိဘာမှမဖြစ်လာဘူး။ ဟုတ်တယ်မလား။ အဲဒီ တော့ ဆရာတို့က ကိုယ့်မှာအမှန်ကတော့ တရုတ်နဲ့(Trading)ပေါ့။ ကိုယ့်နိုင်ငံရဲ့မဟာဗျုဟာသည် Trading လား Production လား ။

အဲဒီလိုပြတ်ပြတ်သားသားစဉ်းစားမှရမယ်။ကုန်သွယ်တဲ့နိုင်ငံလား၊ထုတ်လုပ်တဲ့နိုင်ငံလား။ဆရာတို့မှာ ထုတ်လုပ်တဲ့အင်အားမရှိဘူး။လျှပ်စစ်မှမရှိတာကိုး၊မဟုတ်ဘူးလား၊လျှပ်စစ်မရှိပဲနဲ့ဒီလျှပ်စစ်ကားလုပ်မယ်ဆိုတာကတော်တော်လေးစဉ်းစားရခက်တယ်။အဲ့တော့ဆရာထင်တာတော့ ကိုယ့်မှာရှိတာကကုန်သွယ်မှု၊ရောင်းတတ် ဝယ်တတ်တယ်။တရုတ်ပစ္စည်းနဲ့အိန္ဒိယပစ္စည်းကို ဝယ်ရောင်းလုပ်ရုံနဲ့ကိုယ့်ဘက်ကတော်တော် အခြေအနေ ကောင်းနေပြီ။ဒီမှာလည်းပဲ ဆရာထင်တယ်၊စဉ်းစားတဲ့ပုံစံပြောင်းမှရမယ်ထင်တယ်နော်။ အခုမူဆယ်မှာ ဆို လည်း သူတို့ဆီက(One Day)ပတ်စ်ပို့ပေးတယ်။ အဲဒီပတ်စ်ပို့စ်ကိစ္စကလည်း တော်တော်အကြီးအကျယ်ဖြစ် နေ တာ။ ဟုတ်တယ်မလား၊ ဟိုဘက်နဲ့ဒီဘက်နဲ့က ဒီပြဿနာ။ အဲဒီလိုလည်း လာအိုလည်း ဒီအတိုင်းပဲ။ ထိုင်းတို့၊ အိန္ဒိယဘက်တို့၊ဘင်္ဂလားဒေ့ရှ်တို့ဆို ပိုဆိုးတာပေါ့။အဲ့ဒီ(Trading Nation)ပေါ့။

တို့နိုင်ငံသည်ကုန်သွယ်မှု ကို အားပေးတဲ့နိုင်ငံဆိုပြီးတော့ မဟာဗျုဟာကိုလုပ်ပြီးတော့ ဆရာတို့ (export strategy)မလုပ်ပဲ နဲ့ အဝယ်အရောင်းကိုပဲ ဇောင်းပေးလိုက်ရင် ဆရာတို့မှာအလားအလာရှိတယ် ကွယ့်(Border Trade)နဲ့။ သူတို့စဉ်းစားတာ ကစက်ရုံတွေ အလုပ်ရုံတွေကို။ စဉ်းစားတာ တကယ်တမ်းတော့ လည်း ဆရာတို့အခုနကပြောသလို နယ်စပ်ကုန်သွယ်ရေးကနေ တစ်ဆင့်လာမယ်။လေယာဉ်ပျံနဲ့လာစရာမလိုပဲ ကုန်းလမ်းနဲ့လာနိုင်တဲ့ကမ္ဘာ့လှည့်ခရီးသည်တွေကို ဘယ်လိုဆွဲဆောင်မလဲ။ ဟုတ်တယ်မလား။ နောက် မူဆယ် က ဘယ်လိုဆွဲဆောင်မလဲ။ ကြယ်ခေါင် ကနေဘယ်လိုဆွဲဆောင်မလဲ။ အိန္ဒိယဘက်ကနေ ဘယ်လိုဆွဲဆောင် မလဲ။ ထိုင်းဘက်ကနေဘယ်လိုဆွဲဆောင်မလဲဆိုတာကို။ အဲဒီလိုမဟာဗျုဟာကိုကျကျနနချဖို့ကောင်း တယ်လို့ ထင်တာပါပဲ။ ကိုယ့်ဘက်ကတော့ အဲဒါမရှိပဲနဲ့ ဒီစမ်းတဝါးဝါးနဲ့ ထုတ်လုပ်မှုကို သွားစဉ်းစားနေတာကိုး။

အဲဒီတော့လူကြီးကြိုက်လုပ်နေတယ်ထင်တာပါပဲကွယ်။အဲတော့သူတို့နဲ့က တော်တော်ခက်တယ်လေ။ သူတို့စဉ်းစားတဲ့ပုံစံနဲ့က တကယ်တမ်းတော့လက်တွေ့မကျတာတင် လက်ရှိပကတိအခြေအနေဘယ်လိုလဲ။ ဟုတ်တယ်မလား၊ပကတိအခြေအနေက(Trading)ကိုဘဲဇောင်းပေးနေရတာ (Manufacturing )ကိုကိုယ်က လုပ်ဖို့ဟာကိုယ့်မှာ အင်အားရှိသလား။ ဟုတ်တယ်မလား၊ (Trading)လိုတယ်(Investment)ကလည်း မနည်း ဘူးလေ။ အဲဒီတော့အရေးကြီးတာကဘာလဲဆိုရင် ကိုယ့်အနေနဲ့ဆရာတို့ လွယ်လွယ်ကူကူဆရာတို့ခေါ်တဲ့ ဆူလွယ်နပ်လွယ် အဖြေတွေရှာဖို့လိုတယ်လို့တော့ကိုယ်ကတော့ အဲ့လိုပဲစဉ်းစားတာပေါ့လေ။ ဟုတ်တယ်။ အဲဒီလို(Trading)နဲ့(Investment)ကိုတွဲလို့ရတယ်လေ။(Trading)လုပ်ပေးနိုင်မယ့်(Investor)တွေခေါ်ပေါ့။ နောက်(Investor)တွေခေါ်တဲ့အခါမှာလည်းအစိုးရကခေါ်တာထက်ကို (B to B)ပေါ့ ကုမ္ပဏီအချင်းချင်း ခေါ် တာပိုပြီးထိရောက်မယ်လို့ဆရာကတော့အဲ့လိုအောက်မေ့ပါတယ်။ ဆရာကတော့ အဲ့လိုဖြစ်စေချင်တာလေ။       

Opinion Leaders ။     ။  ကျေးဇူးတင်ပါတယ်ဆရာ။

ဒေါက်တာအောင်ထွန်းသက်
မတ် - ၂၈

( Zawgyi )

မၾကာမီက ရခိုင္ေျမာက္ပိုင္းတြင္ ရခိုင္လက္နက္ကိုင္အဖြဲ႕ႏွင့္ တပ္မေတာ္ၾကား တိုက္ပြဲအရွိန္ႀကီးလာသလို အရပ္သားမ်ား ထိခိုက္ေသဆုံးသည့္အထိ ျဖစ္လာခဲ့သျဖင့္ ဘဂၤါလီအေရးေၾကာင့္ ဖိအားမ်ားေနသည့္ ျမန္မာစီးပြားေရးအတြက္ ထပ္မံထိုးႏွက္ခ်က္ ျဖစ္လာပါတယ္။လတ္တေလာတြင္ အိမ္ၿခံေျမေဈးကြက္မွာ ရပ္တန႔္လုနီးပါးျဖစ္ေနသလို နယ္စပ္ေရာင္းဝယ္မႈမွာလည္း တ႐ုတ္ဘက္တြင္ ထိုးက်ေနသျဖင့္ ျပည္တြင္း ႏိုင္ငံေရးႏွင့္ စီးပြားေရး မူဝါဒမွာ ျပန္လည္သုံးသပ္စရာ ျဖစ္လာခဲ့ပါတယ္။ထိုအေျခအေနကို  ႏိုင္ငံေတာ္သမၼတ၏ စီးပြားေရးအႀကံေပးပုဂၢိဳလ္ႏွင့္ ဝါရင့္စီးပြားေရးပညာရွင္ ဆရာ ေဒါက္တာေအာင္ထြန္းသက္ အား ေမးျမန္းခဲ့ပါတယ္။ဆရာ ေဒါက္တာေအာင္ထြန္းသက္၏ ရႈျမင္သုံးသပ္ခ်က္ အျပည့္အစုံကို ယခုတစ္ပတ္အတြက္ အထူးအစီအစဥ္အျဖစ္ ေမးျမန္းေဖာ္ျပလိုက္ပါတယ္။

(Opinion Leaders Media အယ္ဒီတာအဖြဲ႕)

Opinion Leaders ။     ။ လက္ရွိမွာ ရခိုင္ျပည္နယ္ ေျမာက္ပိုင္းမွာ လုံၿခဳံေရးအေျခအေနက ဆိုးလာတယ္။အရပ္သားေတြ ထိခိုက္ေသေၾကမႈေတြ ျဖစ္လာတယ္။ေနာက္ ကုလလူ႔အခြင့္အေရးေကာင္စီမွာ ျမန္မာႏိုင္ငံအေပၚ ဆုံးျဖတ္တာကို ခုခံကာကြယ္ေနရတာေတြ ရွိလာတယ္။ျပည္တြင္းမွာလည္း လုံၿခဳံေရးအေျခအေနက မေကာင္းသလို ျပည္ပမွာလည္း ဖိအားေတြေပးတာ ခံေနရတဲ့အတြက္ လက္ရွိျဖစ္ေနတဲ့ အေျခအေနေတြ ရခိုင္ျပည္နယ္အတြင္း ဆရာတို႔လုပ္ေနတဲ့ တည္ၿငိမ္ေအးခ်မ္းမႈအေပၚ ဘယ္လိုဂယက္႐ိုက္လာႏိုင္သလဲ။ဘာေတြျဖစ္လာႏိုင္သလဲ ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ တေလာက ငပလီမွာေလ သံတြဲတို႔မွာ သြားလုပ္တယ္။ႏိုင္ငံျခားရင္းႏွီးျမဳပ္ႏွံမႈေတြကို သြားလုပ္တဲ့အခါက်ေတာ့ ဟိုသူတို႔ေတြကေန ဆရာတို႔ရွင္းျပလို႔ သူတို႔က ေတာ္ေတာ္ႀကီး အားရလာတာေတြရွိတယ္။အခြင့္အေရးေတြ အမ်ားႀကီးရွိတယ္။ဆရာတို႔တတ္ႏိုင္သမွ် ဒီလိုပဲအခြင့္အေရးေတြေပးပါမယ္။အေစာင့္အေရွာက္ေတြေပးပါမယ္။
အကာအကြယ္ေတြေပးပါ့မယ္ဆိုၿပီး တစ္ဖက္က အာမခံတာေပါ့။အာမခံေပမယ့္ သူတို႔အေနနဲ႔ ၾကည့္ျပန္ရင္လည္း ဆရာတို႔ စီးပြားေရးလုပ္ငန္းရွင္ေတြ အားလုံးလိုအပ္တာက ဆရာအၿမဲတမ္းေျပာသလို လုံၿခဳံမႈကိုလိုအပ္တယ္၊ တည္ၿငိမ္မႈကိုလိုအပ္တယ္။

အဲဒီအခါမွာ အခု AA ျဖစ္လာတဲ့ ျပႆနာဟာ အလားအလာမေကာင္းဘူးေပါ့။သူတို႔လုပ္ခ်င္တဲ့သူေတြေတာင္ နည္းနည္းေလး႐ြံသြားတာရွိတယ္။အဲဒီေတာ့ အခုကျပႆနာက ဘာလဲဆိုရင္ အရင္တုန္းက ဆရာတို႔ရင္ဆိုင္ေနရတဲ့ ျပႆနာက ႏိုင္ငံတကာက ဖိအားေပးတာက မူဆလင္နဲ႔ ပတ္သက္တဲ့ ဖိအားေပးမႈေတြ၊ အခု ျပည္တြင္းဖိအားေပးမႈေတြ ျဖစ္လာျပန္ၿပီ။ျဖစ္လာျပန္ေတာ့ ဒီ AA ရဲ႕ ေတာင္းဆိုခ်က္ေတြ အားလုံးကလည္း ဆရာတို႔ အခု ဦးသိန္းစိန္ လက္ထက္ကေန ေနာက္တစ္ဆင့္ ေဒၚစုလ က္ထက္မွာ လက္ခံထားတဲ့ NCA ထက္ ေက်ာ္လြန္ၿပီး သူကေတာင္းဆိုတာကိုး။သူက ဖက္ဒရယ္စနစ္တင္မကဘူး ကြန္ဖဒရိတ္ ဘာညာေတာင္းဆိုတယ္။အဲဒီေတာ့ သူ႔ေတာင္းဆိုခ်က္ေတြ တစ္ဖက္ကရွိတယ္။ၿပီးေတာ့ သူ႔ရဲ႕အင္အားကလည္း မထင္မွတ္ပဲနဲ႔ အင္အားကႀကီးေနတာေပါ့။

အဲဒီလိုႀကီးေတာ့ ဒါေတြအားလုံးေပါင္းလိုက္ရင္ ဆရာတို႔အတြက္က စိန္ေခၚမႈေတြက အမ်ားႀကီးပဲ။စိန္ေခၚမႈေတြ အမ်ားႀကီးရွိတာမို႔ လက္ပိုက္ၿပီးေတာ့ ကိုယ္ကေတာ့မေနပဲနဲ႔ ကိုယ္လုပ္ႏိုင္တာေလာက္ ဘယ္လိုလုပ္ၾကမလဲ။လုပ္ၾကရမွာပါပဲ။ဒီအတိုင္း ဒါႀကီးအားလုံးကို လက္ေလွ်ာ့လို႔ကလည္းမျဖစ္ မဟုတ္ဘူးလား။ကိုယ့္ႏိုင္ငံအတြက္ တကယ့္ကို အခ်ဳပ္အျခာအာဏာ ထိပါးတဲ့ပုံစံ။အေျခခံက ေတာ္ေတာ္ႀကီးကို အေရးပါလာတဲ့ အေနအထားရွိေနတယ္။ေပါ့ေပါ့ေသးေသး မဟုတ္ေတာ့ဘူး။ေျပာရရင္ မ်က္ႏွာစာႏွစ္ခု ျဖစ္သြားတာေပါ့။တစ္ခုတည္း မ်က္ႏွာစာမွာ ေတာင္ေတာ္ေတာင္ လုပ္ေနရတဲ့အခ်ိန္မွာ အခု AA ျပည္တြင္း အထူးသျဖင့္ တိုင္းရင္းသားအခ်င္းခ်င္း ရခိုင္ေတြရဲ႕ လိုအပ္ခ်က္ေတြ အဲဒါေတြအားလုံးကို။အဲဒီေတာ့ သူတို႔ကလည္း သိတဲ့အတိုင္းပဲ ေန႔ခ်င္း၊ ညခ်င္းေတာင္ ႀကီးထြားလာတာ ေတြ႕ရတယ္။မထင္မွတ္ဘဲ အင္အားႀကီးလာတယ္။အင္အားႀကီးလာတဲ့အခါက်ေတာ့ ဒါေပမယ့္ ဆရာသတိထားေစခ်င္တာကေတာ့ သူတို႔ေတြအားလုံးရဲ႕ ရခိုင္တိုင္းရင္းသားေတြ ေထာက္ခံမႈ ဘယ္ေလာက္ရွိတယ္/မရွိဘူး။

ေနာက္တစ္ခါ သူတို႔ ဆရာတို႔ ရခိုင္မွာလည္း သိတဲ့အတိုင္းပဲ။အပိုင္းသုံးပိုင္း ကြဲေနတာကိုး။ေျမာက္ပိုင္းရယ္ အလယ္ပိုင္းရယ္ ေတာင္ပိုင္းရယ္ ဆိုၿပီး။ဆရာတို႔အေနနဲ႔ လုပ္ႏိုင္သမွ်က ေတာင္ပိုင္းက ဆရာတို႔လုပ္ႏိုင္တယ္။ေတာင္ပိုင္းမွာ အမ္းတို႔ ဘာတို႔ ေအာက္ဖက္မွာ ကိုယ္တတ္ႏိုင္သေလာက္လုပ္ တစ္ဘက္ကလည္း အလယ္ပိုင္းမွာ ေက်ာက္ျဖဴတို႔ စစ္ေတြတို႔လုပ္။
အဲဒီလိုလုပ္တဲ့အခါမွာ ဟိုဘက္က ေျမာက္ပိုင္းမွာရွိတဲ့ စိန္ေခၚမႈေတြဟာလည္း ကိုယ္ကေတာ့ မ်က္ကြယ္ျပဳလို႔မရဘူးေလ။ထိန္းရမွာပဲ။ခက္ေတာ့ ေတာ္ေတာ္ႀကီးကို ခက္တယ္ကြယ္။ဆရာ စိတ္လည္းမေကာင္းဘူး။ဘာေၾကာင့္လဲဆိုရင္ အားလုံးက ရခိုင္တင္မကဘူးေလ၊ ဟုတ္တယ္မလား။ဆရာတို႔ အျခားေဒသေတြမွာလည္း တိုင္းရင္းသားေဒသေတြမွာလည္း ဆရာတို႔က အားလုံးက ေအးေအးေဆးေဆး မျဖစ္ေသးဘူးေလ။ျဖစ္ေအာင္ေတာ့ ဆရာတို႔က ႀကိဳးစားရမွာပါပဲ။

အဲဒီလိုျဖစ္ေနရင္ အခုနကေမးတဲ့ ေမးခြန္းက ႏိုင္ငံျခားရင္းႏွီးျမဳပ္ႏွံမႈ အလားအလာက ပိုၿပီးခက္လာတာေပါ့။လြယ္လြယ္ကူကူေတာ့ မရႏိုင္တာ ေသခ်ာတာေပါ့။သူတို႔ကို ေဖ်ာင္းဖ်မွ သူတို႔ကို နားလည္ေအာင္ ေျပာရမယ္ဆိုရင္လည္း စီးပြားေရးလုပ္ငန္းရွင္ကလည္း risk အၿမဲတမ္းၾကည့္တယ္ risk ကိုခ်ိန္ေတာ့ risk မ်ားေလေလ သူ႔မွာ စဥ္းစားရခက္ေလျဖစ္တာေပါ့။

Opinion Leaders ။     ။  မၾကာခင္က အိမ္ၿခံေျမေဈးကြက္က လက္ရွိမွာ သိန္းတစ္ေထာင္အထက္ အေရာင္းထြက္မႈက မရွိသေလာက္ဘဲလို႔ အိမ္ၿခံေျမသမားေတြက ဆိုၾကတယ္။တခ်ိဳ႕ေနရာေတြမွာ ကြန္ဒိုမီနီယံေတြက ထုနဲ႔တည္နဲ႔ ေဆာက္ေနတာကို ေတြ႕ရတယ္။ျပည္တြင္း တစ္ပိုင္တစ္ႏိုင္ ေဆာက္လုပ္တဲ့ တိုက္ေတြကလည္း ေရာင္းမထြက္ဘူး။ေနာက္ ၿမိဳ႕သစ္စီမံကိန္းေတြကလည္း ဝင္လာဖို႔ရွိေနတဲ့အတြက္ ျပည္တြင္း အိမ္ၿခံေျမေဈးကြက္က ဘာေတြျဖစ္လာႏိုင္သလဲ။ၾသကၤန္အၿပီး အိမ္ၿခံေျမေဈးကြက္က ဘာျဖစ္လာႏိုင္သလဲ ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ အခုက ဆရာတို႔ အခုနကေျပာသလို ဒီ ၂၀၁၅ တည္းက ပထမဆုံး အစိုးရအသစ္ ျပဳျပင္ေျပာင္းလဲမႈမွာ ေဆာက္လုပ္ေရးက႑ကို သြားၿပီးလႈပ္လိုက္သလို ျဖစ္သြားတယ္။ဟုတ္တယ္ေနာ္။အားလုံးအထပ္ျမင့္ေတြ၊ ဘာေတြညာေတြသြားၿပီး လုပ္တဲ့သေဘာ (Construction Structor) ႀကီးက ရပ္တယ္။ရပ္သလိုျဖစ္သြားတယ္။ ရပ္ေတာ့ အဲဒီကေနဆရာတို႔တစ္ခုျဖစ္ျပန္တယ္။ ဆရာတို႔အဲဒီကေန ၿပီ းေတာ့သူတို႔ကေျပာတာက(Condominium Law)ေပါ့။ပိုင္ဆိုင္မႈ ႏိုင္ငံျခားသားေတြ ပိုင္၏/မပိုင္၏ ျပႆနာက ေတာ္ေတာ္ႀကီးတာ။ဆရာလည္းစဥ္းစားလို႔မရဘူး။ႏိုင္ငံျခားသားပိုင္ေတာ့ အဲ့ဒီတိုက္ခန္းႀကီးေတြကို ေလယာဥ္ပ်ံနဲ႔ သယ္သြားလို႔မရဘူး။ ဒါေပမယ့္လူေတြကလည္းခက္တယ္။တိုင္းျပည္ခ်စ္တဲ့သူ သိပ္မ်ားေနတာကိုး။ မ်ားေနတဲ့အခါက်ေတာ့ ပိုင္လို႔မရဘူး၊ ဘယ္ႏွစ္ခ်က္မွပိုင္ရမယ္လို႔ ေတာ္ေတာ္ႀကီးကို ခက္ေအာင္လုပ္ေတာ့တာ။အဲဒီ ေတာ့ (Condo) ဥပေဒႀကီးကလည္း ထြက္လာျပန္တယ္။ေစာနကေျပာသလို (Supply and Demand) ေပါ့ေလ၊ ဆရာတို႔စီးပြားေရးအေျခခံကဝယ္လိုအားနဲ႔ ေရာင္းလိုအား အခုကတြက္ေခ်ကိုက္မယ္ထင္လို႔ (Condo) ႀကီး ေတြကို အႀကီးအက်ယ္ေဆာက္ပစ္တယ္။ ေနာက္တစ္ခါ လက္သိပ္ထိုးၿပီး ပါမစ္ေတြကို အဂတိလိုက္စားမႈေတြရွိေတာ့ ပါမစ္ေတြကိုရသလို ခ်ရေအာင္လုပ္ၿပီးေတာ့ ေဆာက္ပစ္တာ။ေဆာက္ပစ္တဲ့အခါက်ေတာ့ အခုက် စနစ္တက်မရွိေတာ့ တကယ္ဝယ္ႏိုင္တဲ့သူက မရွိေတာ့ျပန္ဘူး။ေနာက္အဲဒီျပႆနာထဲမွာ ရႈပ္ေထြးလာတာက အေတာ္မ်ားမ်ား အခုနကေျပာသလို တန္ဖိုးႀကီးေတြေျမႀကီးေတြ၊ ဘာေတြက ဘဏ္ေတြမွာေပါင္ထားတာ မ်ား ျပန္တယ္။ေပါင္ထားတာက တန္ဖိုးသင့္ေပါင္ထားတာ မဟုတ္ပဲနဲ႔၊ ဟိုတုန္းကပုံစံတစ္မ်ိဳးနဲ႔ တစ္ေထာင္တန္ကို တစ္ေသာင္းတန္ျပၿပီး ေခ်းတာေတြမ်ားလာတာေပါ့။မ်ားလာေတာ့ ဘဏ္ေတြမွာလည္းျပန္မဆပ္ႏိုင္တဲ့ေျမႀကီးေတြကို သိမ္းျပန္ေတာ့လည္းေျမႀကီးေတြကမတန္ဘူးေလ။

အစတည္းက မတန္တဆေခ်းထားတာကိုး။ ဒါေတြအားလုံးဟာဆရာထင္တယ္။ အိမ္၊ၿခံ၊ေျမေဈးကြက္ ေရာ၊ဆရာလည္းသြားၿပီးေတာ့သူတို႔ကိုအားေပးတာပဲေလ၊အိမ္၊ၿခံ၊ေျမနဲ႔ပတ္သက္လို႔သူတို႔အက်ိဳးေတာ္ေဆာင္ေတြ တာဝန္အသီးသီးလုပ္ပါဆိုေတာ့ အခုျဖစ္ေနတာက အိမ္ၿခံေျမဟာ သူတို႔နဲ႔တင္မဟုတ္ဘူး။ အက်ိဳးေတာ္ေဆာင္ေတြ ဘာမွတတ္ႏိုင္မွာမဟုတ္ဘူး။ေနာက္တစ္ခုက ဆရာတို႔ဆီမွာက အဆိုးဆုံးက ေျမႀကီးကိစၥေပါ့။ ေျမႀကီးပိုင္ဆိုင္မႈနဲ႔ပတ္သက္တာေနာ္။

ကြန္ဒိုတို႔၊ၿခံတို႔၊ေျမတို႔အားလုံးဟာပိုင္ဆိုင္မႈကလည္းျမန္မာျပည္မွာအခက္အခဲျပႆနာကဘာလဲဆို ေတာ့ေျမႀကီးပိုင္ဆိုင္မႈ။အဲ့ဒါကို ဘယ္လိုေျဖရွင္းၾကမလဲဆိုတာကိုဝိုင္းစဥ္းစားေပးရမယ္။အဲဒီေတာ့အခုနကအ လားအလာကဘာလဲဆိုေတာ့ ၾသကၤန္ၿပီးရင္ျပန္ၿပီး ႏိုင္ငံေရးအေျခအေနအေနအထားၾကည့္ရမွာဘဲ။ ဘာေၾကာင့္ လဲဆိုေတာ့ ဆရာတို႔ဆီမွာႏိုင္ငံေရးနဲ႔စီးပြားေရးကခ်ိတ္ေနတာကိုး။ ႏိုင္ငံေရးအေျခအေနတိုး တက္လာမႈ၊ ေျပာင္းလဲလာမႈ ျဖစ္လာရင္ေတာ့ စီးပြားေရးကလည္းေျပာင္းလာႏိုင္တယ္ေလ။

ေနာက္တစ္ခုကႏိုင္ငံျခားသားေတြကိုကြန္ဒိုေတြကိုဝယ္ခြင့္ေပးတာတို႔၊ပိုင္ဆိုင္ခြင့္ေပးတာတို႔ဆိုရင္ တက္လာမွာေပါ့။ဟုတ္တယ္မလား။အဲဒီလိုေတာ့တစ္ခုခုလုပ္မွရမယ္။ျပႆနာျဖစ္တာကလည္း အဲဒီလို (Demand) တက္လာတာ။ ႏိုင္ငံျခားသားလို႔ေျပာရင္ အေနာက္ႏိုင္ငံေတြထက္ကို တ႐ုတ္ေတြလာရင္ ဘယ္လိုလုပ္မလဲ၊ ျပႆနာ။ ဟုတ္တယ္မလား၊အဲ့ဒါသူတို႔ကလည္းရွာမယ္ေလ၊ သူတို႔ကလည္း ဒီေငြေလာက္ကိုေတာ့ သူတို႔က ဘာမွသိပ္ေခါင္းထဲသိပ္ရွိတာမဟုတ္ဘူး။အခ်ိန္တန္ရင္ျမဳပ္ထားလိုက္မယ္။ အရင္းျပန္ ထုတ္ရင္သူတို႔အတြက္အက်ိဳးရွိတယ္လို႔ဆိုေတာ့ အဲ့ဒါကိုလည္းလက္မခံဖို႔ကလည္းခက္၊ ကိုယ့္မွာ ကိုယ္ေမွ်ာ္ လင့္တဲ့ပုံစံမ်ိဳးကလည္း ဝင္ခ်င္မွဝင္မယ္၊ မေျပာတတ္ဘူး။ဆရာတို႔က အဲဒါေတြအားလုံးကို သတိထားရမွာပါပဲ။

Opinion Leaders ။     ။ မၾကာခင္က နယ္စပ္ကုန္သြယ္ေရးျဖစ္တဲ့ မူဆယ္မွာ ဇန္နဝါရီအတြင္း တစ္ဘီလ်ံေလာက္ တက္လာတာ ရွိပါတယ္။ဒါေပမယ့္ ဆန္ေတြ တန္ခ်ိန္ေသာင္းခ်ီ စုပုံေနတာေတြ၊ ႏြားေတြ ေသာင္းနဲ႔ခ်ီၿပီး စုပုံေနတာေတြ ေတြ႕ရပါတယ္။ဒီလိုမူဆယ္နယ္စပ္မွာ အဆင္မေျပရင္ ထိုင္းဘက္လွည့္ေတာ့ ထိုင္းဘက္က နဘုလယ္/ထီးခီးဘက္မွာ ျပန္တက္လာတာကို ေတြ႕ရတယ္။ဒီလိုျဖစ္ေနတာေတြက တ႐ုတ္လို ႀကီးမားတဲ့ေဈးကြက္နဲ႔ကို ၿငိမ္ေအာင္မလုပ္ႏိုင္တာ လ်စ္လ်ဴတာက ေကာင္းတဲ့အလားအလာလား၊ ဘယ္လိုေတြျဖစ္လာသင့္သလဲ ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ အဲ့ဒါေပါ့။ဆရာကေတာ့ ကိုယ္အေနနဲ႔ကေတာ့မဟာဗ်ဳဟာနည္းနဲ႔ ေျပာရင္ ေတာ့ ျမန္မာျပည္ရဲ႕နယ္စပ္ဂိတ္ေတြကအားလုံးနယ္စပ္ကုန္သြယ္ေရး(Trade)ကိုအားေပးမွရမယ္။ ဘယ္ ကေနစၾကည့္မလဲဆိုရင္ ဘဂၤလားေဒ့ရွ္နဲ႔ ။ ဆရာတို႔ျပႆနာေတြအမ်ားႀကီးရွိေပမယ့္ အခုထိ အငူေမာ္ကေန ပစၥည္းေတြေရာင္းေနေသးတာပဲ။သူတို႔ဆီက ေရာင္းတာနဲ႔ကိုယ္ကလိုခ်င္တာနဲ႔ေပါင္းလိုက္ရင္ လုပ္စရာေတြ အမ်ားႀကီးရွိတာေပါ့။အဲဒီေတာ့ဘဂၤလားေဒ့ရွ္ကိုလည္းဆရာတို႔အားကိုးရမယ္ေလ။ကိုယ္ဆီကထြက္တဲ့ ဆန္တို႔၊ ငါးေျခာက္တို႔ သူတို႔ဆီကလာပစၥည္းေတြနဲ႔ ကုန္သြယ္မႈ။ အိႏၵိယကလည္း တကယ္တမ္းေတာ့သူတို႔ဘက္က အာသံ တို႔၊ မဏိပူရတို႔၊ မီဇိုရမ္တို႔ဟာ ထြက္ေပါက္မရွိဘူး။အဲဒီထြက္ေပါက္မရွိတာကို ဆရာတို႔က အခြင့္အေရးယူၿပီးေတာ့ နယ္စပ္ကုန္သြယ္ေရးကို တကယ္အားေပးရင္ ဒါလည္းတိုးတက္စရာအေၾကာင္းရွိတယ္။ ၿပီးေတာ့မွ တ႐ုတ္၊ၿပီးေတာ့မွ ထိုင္း၊လာအို။

အဲဒီေတာ့ဆရာတို႔မွာနယ္စပ္ကုန္သြယ္ေရးကိုစဥ္းစားရင္ဆရာတို႔မွာ မဟာဗ်ဳဟာမရွိသလိုပဲကြယ့္။ အဲဒီေတာ့တို႔က တစ္ကြက္ခ်င္းလုပ္ေနတာ ငါးပြက္ရာငါးစာခ်သလိုဟုတ္တယ္မလား။ တ႐ုတ္နဲ႔အဆင္မေျပဘူး။ ထိုင္းကိုေျပးမယ္၊ထိုင္းနဲ႔အဆင္မေျပဘူး။အမွန္ကေတာ့ဒီငါးခုလုံးအဆင္ေျပေအာင္ဘယ္လိုလုပ္မလဲ။ ဟုတ္ တယ္မလား။အေျခခံအားနည္းခ်က္ေတြဘာေတြရွိလဲရွိရင္ (Cross border trade) က ေနာက္တစ္ခါ (Cross border trade) ကို ဆရာအၿမဲတမ္းေျပာဘူးတာရွိတယ္။ ဒါေပမယ့္ေျပာတာပဲရွိတာပါ။ ဆရာတို႔ဥေရာပမွာ စီးပြား ေရးပညာအယူအဆတစ္ခုအရ ၾသစႀတီးယား ႏိုင္ငံ၊ ၾသစႀတီးယား ႏိုင္ငံက ႏိုင္ငံေသးေသးေလး၊ အရင္တုန္းက ေတာ့ ဂ်ာမန္အပိုင္ေပါ့ေနာ္။ေနာက္ေတာ့သီးျခား လြတ္လပ္တဲ့ ၾသစႀတီးယား ႏိုင္ငံမွာအလယ္တည့္တည့္မွာ ဥေရာပအေရွ႕နဲ႔အေနာက္ကိုခ်ိတ္ေပးတာ။

သူတို႔ကဘာမွမလုပ္ဘူး။နယ္စပ္ကုန္သြယ္ေရးကိုအေရွ႕ဘက္ကလာတဲ့႐ုရွားတို႔ဘာတို႔ဘက္ကလာတဲ့ကုန္သြယ္ေရးကို ဒီဘက္အေနာက္ဘက္ကိုပို႔တယ္။ အေနာက္ဘက္ကလာတာကိုအေရွ႕ဘက္ကိုပို႔တယ္။ အဲဒါ ကိုစီးပြားေရးအရ ၾသစႀတီးယား ပုံစံလို႔သုံးတာကိုျမန္မာျပည္က သုံးလို႔ရတယ္ကြယ့္ဟုတ္တယ္မလား။ တကယ့္ ကိုေနာ္ စီးပြားေရးအရအင္အားႀကီးတဲ့အိႏၵိယနဲ႔တ႐ုတ္ႏိုင္ငံအလယ္တည့္တည့္မွာ ဆရာတို႔ရွိေနတာ။ အဲဒီေတာ့ ကိုယ့္အေနနဲ႔ ထုတ္လုပ္ဖို႔မစဥ္းစားနဲ႔။

အဲဒီေတာ့ တစ္ခါတစ္ေလ ဆရာနားမလည္ဘူးကြယ္။ကိုယ္လည္းကိုယ့္အေနနဲ႔ လက္လွမ္းမမီလို႔ ထင္ ပါရဲ႕။ တစ္ခါတစ္ေလငါလည္း ေတာ္ေတာ္ဦးေႏွာက္အားမရွိဘူးလို႔ထင္တယ္။ ဟုတ္တယ္မလား၊သူတို႔သြား လုပ္ တာ လွ်ပ္စစ္ကားေတြလုပ္ေနတယ္။ေနာက္ကိုယ့္ဆီမွာ ဘာလဲဆိုေတာ့ ဟိုဟာေတြထုတ္ဖို႔ လူနာတင္ယာဥ္ ေတြ ထုတ္ဖို႔ေတြဘာညာေတြ ဘယ္လိုဦးေႏွာက္နဲ႔စဥ္းစားေနလဲေတာ့မသိဘူး။ မဟုတ္ဘူးလား။ သူမ်ားဆီမွာ ဒီအီလက္ထရစ္ကားဆိုတာ ဒါတျခားစီလုပ္ေနတာ၊အခုကဘာနဲ႔သြားတူလဲဆိုရင္မဟာသီယာ လုပ္သလို ျဖစ္ ေနတယ္။ ပ႐ိုတြန္ကားႀကီးဟာ အႏွစ္ေလးဆယ္ေလာက္အထိဘာမွမျဖစ္လာဘူး။ ဟုတ္တယ္မလား။ အဲဒီ ေတာ့ ဆရာတို႔က ကိုယ့္မွာအမွန္ကေတာ့ တ႐ုတ္နဲ႔(Trading)ေပါ့။ ကိုယ့္ႏိုင္ငံရဲ႕မဟာဗ်ဳဟာသည္ Trading လား Production လား ။

အဲဒီလိုျပတ္ျပတ္သားသားစဥ္းစားမွရမယ္။ကုန္သြယ္တဲ့ႏိုင္ငံလား၊ထုတ္လုပ္တဲ့ႏိုင္ငံလား။ဆရာတို႔မွာ ထုတ္လုပ္တဲ့အင္အားမရွိဘူး။လွ်ပ္စစ္မွမရွိတာကိုး၊မဟုတ္ဘူးလား၊လွ်ပ္စစ္မရွိပဲနဲ႔ဒီလွ်ပ္စစ္ကားလုပ္မယ္ဆိုတာကေတာ္ေတာ္ေလးစဥ္းစားရခက္တယ္။အဲ့ေတာ့ဆရာထင္တာေတာ့ ကိုယ့္မွာရွိတာကကုန္သြယ္မႈ၊ေရာင္းတတ္ ဝယ္တတ္တယ္။တ႐ုတ္ပစၥည္းနဲ႔အိႏၵိယပစၥည္းကို ဝယ္ေရာင္းလုပ္႐ုံနဲ႔ကိုယ့္ဘက္ကေတာ္ေတာ္ အေျခအေန ေကာင္းေနၿပီ။ဒီမွာလည္းပဲ ဆရာထင္တယ္၊စဥ္းစားတဲ့ပုံစံေျပာင္းမွရမယ္ထင္တယ္ေနာ္။ အခုမူဆယ္မွာ ဆို လည္း သူတို႔ဆီက(One Day)ပတ္စ္ပို႔ေပးတယ္။ အဲဒီပတ္စ္ပို႔စ္ကိစၥကလည္း ေတာ္ေတာ္အႀကီးအက်ယ္ျဖစ္ ေန တာ။ ဟုတ္တယ္မလား၊ ဟိုဘက္နဲ႔ဒီဘက္နဲ႔က ဒီျပႆနာ။ အဲဒီလိုလည္း လာအိုလည္း ဒီအတိုင္းပဲ။ ထိုင္းတို႔၊ အိႏၵိယဘက္တို႔၊ဘဂၤလားေဒ့ရွ္တို႔ဆို ပိုဆိုးတာေပါ့။အဲ့ဒီ(Trading Nation)ေပါ့။

တို႔ႏိုင္ငံသည္ကုန္သြယ္မႈ ကို အားေပးတဲ့ႏိုင္ငံဆိုၿပီးေတာ့ မဟာဗ်ဳဟာကိုလုပ္ၿပီးေတာ့ ဆရာတို႔ (export strategy)မလုပ္ပဲ နဲ႔ အဝယ္အေရာင္းကိုပဲ ေဇာင္းေပးလိုက္ရင္ ဆရာတို႔မွာအလားအလာရွိတယ္ ကြယ့္(Border Trade)နဲ႔။ သူတို႔စဥ္းစားတာ ကစက္႐ုံေတြ အလုပ္႐ုံေတြကို။ စဥ္းစားတာ တကယ္တမ္းေတာ့ လည္း ဆရာတို႔အခုနကေျပာသလို နယ္စပ္ကုန္သြယ္ေရးကေန တစ္ဆင့္လာမယ္။ေလယာဥ္ပ်ံနဲ႔လာစရာမလိုပဲ ကုန္းလမ္းနဲ႔လာႏိုင္တဲ့ကမာၻ႔လွည့္ခရီးသည္ေတြကို ဘယ္လိုဆြဲေဆာင္မလဲ။ ဟုတ္တယ္မလား။ ေနာက္ မူဆယ္ က ဘယ္လိုဆြဲေဆာင္မလဲ။ ၾကယ္ေခါင္ ကေနဘယ္လိုဆြဲေဆာင္မလဲ။ အိႏၵိယဘက္ကေန ဘယ္လိုဆြဲေဆာင္ မလဲ။ ထိုင္းဘက္ကေနဘယ္လိုဆြဲေဆာင္မလဲဆိုတာကို။ အဲဒီလိုမဟာဗ်ဳဟာကိုက်က်နနခ်ဖို႔ေကာင္း တယ္လို႔ ထင္တာပါပဲ။ ကိုယ့္ဘက္ကေတာ့ အဲဒါမရွိပဲနဲ႔ ဒီစမ္းတဝါးဝါးနဲ႔ ထုတ္လုပ္မႈကို သြားစဥ္းစားေနတာကိုး။

အဲဒီေတာ့လူႀကီးႀကိဳက္လုပ္ေနတယ္ထင္တာပါပဲကြယ္။အဲေတာ့သူတို႔နဲ႔က ေတာ္ေတာ္ခက္တယ္ေလ။ သူတို႔စဥ္းစားတဲ့ပုံစံနဲ႔က တကယ္တမ္းေတာ့လက္ေတြ႕မက်တာတင္ လက္ရွိပကတိအေျခအေနဘယ္လိုလဲ။ ဟုတ္တယ္မလား၊ပကတိအေျခအေနက(Trading)ကိုဘဲေဇာင္းေပးေနရတာ (Manufacturing )ကိုကိုယ္က လုပ္ဖို႔ဟာကိုယ့္မွာ အင္အားရွိသလား။ ဟုတ္တယ္မလား၊ (Trading)လိုတယ္(Investment)ကလည္း မနည္း ဘူးေလ။ အဲဒီေတာ့အေရးႀကီးတာကဘာလဲဆိုရင္ ကိုယ့္အေနနဲ႔ဆရာတို႔ လြယ္လြယ္ကူကူဆရာတို႔ေခၚတဲ့ ဆူလြယ္နပ္လြယ္ အေျဖေတြရွာဖို႔လိုတယ္လို႔ေတာ့ကိုယ္ကေတာ့ အဲ့လိုပဲစဥ္းစားတာေပါ့ေလ။ ဟုတ္တယ္။ အဲဒီလို(Trading)နဲ႔(Investment)ကိုတြဲလို႔ရတယ္ေလ။(Trading)လုပ္ေပးႏိုင္မယ့္(Investor)ေတြေခၚေပါ့။ ေနာက္(Investor)ေတြေခၚတဲ့အခါမွာလည္းအစိုးရကေခၚတာထက္ကို (B to B)ေပါ့ ကုမၸဏီအခ်င္းခ်င္း ေခၚ တာပိုၿပီးထိေရာက္မယ္လို႔ဆရာကေတာ့အဲ့လိုေအာက္ေမ့ပါတယ္။ ဆရာကေတာ့ အဲ့လိုျဖစ္ေစခ်င္တာေလ။       

Opinion Leaders ။     ။  ေက်းဇူးတင္ပါတယ္ဆရာ။

ေဒါက္တာေအာင္ထြန္းသက္
မတ္ - ၂၈