【 ပညာရှင်များ၏အမြင် 】 “ဒီအချိန်က အကုန်ဝိုင်းလုပ်ရတော့မယ့်အချိန်”

【 ပညာရှင်များ၏အမြင် 】 “ဒီအချိန်က အကုန်ဝိုင်းလုပ်ရတော့မယ့်အချိန်”

ကိုရိုနာဗိုင်းရပ်စ်မှာ ယခုအခါ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအကုန်နီးပါး ပျံ့နှံ့သွားခဲ့ပြီဖြစ်သဖြင့် နိုင်ငံတိုင်းက အဆိုပါကူးစက်ရောဂါကို တုံ့ပြန်ရန်အတွက် ကြိုးစားနေသလို နောက်ဆက်တွဲဖြစ်လာမည့် စီးပွားရေးဆိုင်ရာ ဆိုးဆိုးဝါးဝါးထိခိုက်လာနိုင်သည့် အကျိုးဆက်ကိုလည်း တုံ့ပြန်ဖြေရှင်းနိုင်ရန် ကြိုးစားလျှက်ရှိပါတယ်။မြန်မာနိုင်ငံမှာလည်း ရောဂါစတင်တွေ့ရှိသည့် မတ် ၂၃ ရက်မှ စတင်ကာ ကူးစက်ရောဂါကို မပြန့်ပွားရန် ထိန်းချုပ်ဆောင်ရွက်နေသလို နောက်ဆက်တွဲ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ ပြဿနာများကိုဖြေရှင်းရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ဦးဆောင်ကာ ကော်မတီဖွဲ့၍ ဆောင်ရွက်နေသည်ကို တွေ့ရပါတယ်။အဆိုပါ ကိုဗက် ၁၉ ဟု ခေါ်သည့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ပြင်းထန်ချိန်တွင် ဖြစ်လာနိုင်သည့် ပြဿနာများနှင့် ကာလကြာရှည်လာပါက ကြုံလာနိုင်သည့် ပြဿနာများအပေါ် မည်သို့တုံ့ပြန်ဆောင်ရွက်သင့်သည် ပြင်ဆင်ထားသင့်သည်ကို ဝါရင့်စီးပွားရေးပညာရှင်ဖြစ်သူ နိုင်ငံတော်သမ္မတ၏ ငြိမ်းချမ်းရေးနှင့် စီးပွားရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်အား Opinion Leaders Media မှ အထူးအစီအစဉ်တစ်ရပ်အနေဖြင့် မေးမြန်းခဲ့ပါတယ်။ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်၏  ရှုမြင်သုံးသပ်ချက်အပြည့်အစုံကို ယခုတစ်ပတ်အထူးအစီအစဉ်အဖြစ် ဖော်ပြလိုက်ပါတယ်။

(Opinion Leaders Media အယ်ဒီတာအဖွဲ့)

Opinion Leaders Media ။     ။ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကို စပြီးတွေ့ရှိပြီးတဲ့နောက် စျေးကွက်ထဲမှာ စီးပွားရေးထဲမှာ အတော်ကိုဂယက်ရိုက်တာတွေ ရှိတယ်ဆရာ။ဒီလိုအခြေအနေမှာ အခြေအနေကို ထိန်းပေးနိုင်အောင် တာဝန်ရှိသူတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့  ဘယ်လိုများလုပ်ဆောင်သင့်ပါသလဲ ဆရာ။

ပါမောက္ခ ဒေါက်တာအောင်ထွန်းသက် ။     ။ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းဦးစီးတဲ့ ကော်မတီဖွဲ့ထား တယ်။ အဲ့ဒီကော်မတီမှာ  အစိုးရဌာနတာဝန်ရှိတဲ့သူတွေ ဝန်ကြီးတွေ၊ ဒု-ဝန်ကြီးတွေ ပါတယ်။ ဟိုဘက်က လုပ်ငန်းရှင်တွေကလည်း UMFCCI ကပါတယ်။ သူတို့ဆွေးနွေးနေတယ်၊ လုပ်ငန်းရှင်တစ်ချို့ ဆရာနားလည် သလောက်ကတော့ လုပ်ငန်းရှင်တစ်ချို့ ကလည်း ဗိုင်းရပ်စ်နဲ့ပတ်သက်လို့ တခြားနိုင်ငံရဲ့တုန့်ပြန်မှုတွေ ဘာတွေရှိသလဲဆိုတာကို အကြံတွေပေးနေတာ သိရတယ်။ အဲ့ဒီတော့ သိတဲ့အတိုင်းပဲပေါ့ အိမ်နီးနားချင်းနိုင်ငံ အာဆီယံနိုင်ငံတွေကြည့်လိုက်ရင် သူတို့အနေနဲ့ ချက်ချင်း ဒီကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်လို့ တုန့်ပြန်မှုက နှစ်ခုလုပ်လို့ရတယ်။

ဒါကတော့ သမားရိုးကျ စီးပွားရေး ပျက်ကပ်ပေါ့။ တစ်ခုကတော့ အခွန်နဲ့ပတ်သက်လို့ လုပ်ချင် ကိုင် ချင်စိတ်ရှိအောင် ပိုပြီး ဒီအခွန်တွေလျှော့လိုက်မယ် ဆိုရင် ဒီဟာနဲ့ပတ်သက်လို့ လူတွေကလုပ်ချင် ကိုင်ချင် စိတ်ရှိလာမယ်ဆိုရင် စီးပွားရေးနဲ့ပတ်သက်လို့ ရိုက်ခတ်မှု နည်းနည်းလေး လျော့နိုင်တယ် ဆိုတာတစ်ခုရယ်၊ နောက်တစ်ခုက အတိုးနှုန်းပေါ့နော်။ ဗဟိုဘဏ်ကလည်း တခြားနိုင်ငံ တွေထက်ကို အတိုးနှုန်းတော်တော်ကြီးကို ချပစ်လိုက်တာ။ အမေရိကန်နိုင်ငံဆိုရင် ၀ ဒသမ ၅ လောက်ပဲရှိတယ်။ တို့တွေက အတိုးကိုမယူသလောက်ဖြစ် တယ်ပေါ့။ နောက်တစ်ခု အမေရိကန်နိုင်ငံမှာ လွှတ်တော်မှာ အကြီးအကျယ် ဆွေးနွေးနေကြတယ်။

အခုထိ သဘောတူညီချက်မရတာက အလုပ်လုပ်မယ့်သူတွေကိုဘယ်လောက်ပေးမလဲ။ တစ်လတစ်ခါ နောက်ကနေ အထောက်အပံ့တွေပေးမယ်၊ လုပ်ငန်းရှင်တွေ ဘယ်လောက်အကူအညီပေးမလဲ ။ ဒီလိုဖြစ်တဲ့  အခါ စဉ်းစားပြီးပြောရင် ကျန်းမာရေးပြဿနာကတဖြေးဖြေးချင်း စီးပွားရေး ပြဿနာဖြစ်လာတာပေါ့။ စီးပွားရေး ပြဿနာက တစ်ဆင့် လူမှုရေးပြဿနာဖြစ်လာတယ်။ နောက်တစ်ခု အခုအမေရိကန် နိုင်ငံမှာဆိုရင် သူတို့အနေနဲ့ စိတ်ပူတာ ကျန်းမာရေးတင်မကဘူး၊ စီးပွားရေးတင်မကဘူး နိုင်ငံရေး ပြဿနာပေါ့။

အမေရိကန်သမ္မတကြီးအနေနဲ့ စဉ်းစားနေတာကတော့ ၂၀၂၀ ရွေးကောက်ပွဲက သူ့အတွက်သေချာတယ်။ ဘာ ကြောင့် လဲဆိုတော့ စီးပွားရေးသိပ်ကောင်းနေတဲ့အခြေအနေပေါ့၊ စီးပွားရေးသိပ်ကောင်းတဲ့ အခြေအနေမှာ အခုလို ဖြစ်လာတော့ စီးပွားရေးကမကောင်းတော့ဘူး။ သူ့အနေနဲ့ အတင်း ဝေဖန်နေတယ်၊ သူကတော့ စီးပွားရေး ပြန်ကောင်းအောင် နှိုးဆွမယ်။ ဒီလိုပုံစံမျိုးတွေလုပ်မယ်လို့ပြောတယ်။

ဆရာတို့အနေနဲ့စဉ်းစားဖို့က တခြားနိုင်ငံ တွေရဲ့ အတွေ့အကြုံတွေယူလို့ရပြီ၊ တခြားနိုင်ငံတွေလို လုပ် နိုင်တာတွေရှိတယ်။ သူတို့အနေနဲ့ ထရီလျံထိပေါ့၊ ဒီပမာဏကို အကြီး အကျယ်နဲ့ တကယ့်ကို စီးပွားရေးနှိုးဖို့ လုပ် တဲ့ဟာကို အကြီးအကျယ်လုပ်နေတာ။ ကိုယ့်နိုင်ငံမှာ ဘယ်လောက်အထိ လုပ်နိုင်မလဲ ကိုယ့်နိုင်ငံရဲ့အနေ အထား က ဘယ်လိုရှိလဲ။ ဒါတွေစဉ်းစားဖို့လိုတာပေါ့။ အဲ့ဒီတော့ ကိုယ်ကတော့ သူတို့ အခုဖွဲ့ထားတဲ့ကော်မရှင်က လုပ်နေ မယ်၊ စဉ်းစားနေမယ်လို့အောက်မေ့တယ်။

အဲ့ဒီတော့ လုပ်တဲ့အခါမှာလည်း အစိုးရ တစ်ခုတည်းမဟုတ်ဘဲနဲ့ လုပ်ငန်းရှင်များ ပါဖို့လိုတယ်၊ ပြီးတော့ အခု ဆရာနားလည်သလောက် ပြောရရင်တော့  ကမ္ဘာ့ဘဏ်တွေ ဒီ အာရှဘဏ်တွေကလည်း ကူညီပေးမယ်လို့ ပြောနေတယ်။ အဲ့ဒီတော့ တခြားနိုင်ငံတွေက ကူညီပေးမယ်ဆိုရင် ကိုယ်ကလည်းအဆင်သင့်ဖြစ်အောင် နောက် ဘာ အကူအညီတွေလိုမလဲ ဘယ်လိုလုပ်ရမလဲ စဉ်းစားဖို့လိုတယ်၊ အခုကတော့ ဖြစ်နေတာက ဆိုးကျိုး တွေရင်ဆိုင်နေရတဲ့လုပ်ငန်းက တော်တော်ကြီး ဒုက္ခရောက်နေတာ။

 အဲ့ဒီတော့ ဒုက္ခရောက်နေတဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်အောင် ဘယ်လို လုပ်ပေးမလဲ၊ စဉ်းစားဖို့ လိုတယ်၊ ဥပမာ- ဟိုတယ်ခရီးသွား ဘယ်လိုလုပ်ပေးမလဲ၊ စဉ်းစားဖို့လိုတယ်။ အဲ့ဒီတော့ အထည်ချုပ်လည်း ဘယ် လို လုပ်မလဲ စဉ်းစားဖို့လိုတယ်။ သူတို့ကို ဆရာသိသလောက်တော့ SME ဦးစားပေးတယ်၊ အထည်ချုပ်ကို ဦးစား ပေးတယ်။ ပြီးတော့မှ ခုနလို ခရီးသွားလုပ်ငန်းဦးစားပေးတယ်။ အဲ့ဒီတော့ ဦးစားပေး ကဏ္ဍ သုံးခုအပြင် ကျန်တဲ့ ကဏ္ဍတွေမှာရော လိုအပ်ချက်တွေမရှိဘူးလား။ ဟုတ်တယ်နော်။ ဒါတွေအားလုံးက ကွင်းဆက် ဖြစ်နေတာ။

ကွင်းဆက်ဖြစ်နေတဲ့အခါကျတော့ အခုအချိန်မှာတော့ တကယ့်ကို စွန့်စွန့်စားစား စီးပွားရေးပြန်နိုးလာ အောင်  သိပ်ပြီး အချိန်ရှိတာမဟုတ်ဘူး။ အဲ့ဒီတော့ အချိန်မရှိတော့ ပိုပြီးတော့ သတိထားရမယ်။ တခြားနိုင်ငံ တွေ အနေနဲ့က Grade Risk သိပ်များတဲ့အချိန်မှာ နည်းနည်းလေးလျော့သွားတာပဲရှိတယ်။ အခုကတော့ ရှိနေတဲ့ကာလ အတွင်းမှာ ၂၀၁၉ ဘာညာ ဆိုရင် အခု ကိုယ့်အနေနဲ့ ဘယ်လိုလုပ်လို့ရမလဲ ။ impact ကတော့ရှိနေမှာပဲ၊ အလုပ် လက်မဲ့တွေဖြစ်မယ်။ အလုပ် လက်မဲ့တွေဖြစ်တာကို ဘယ်လိုတားဆီးမလဲ။

အဲ့ဒီတော့ ကိုယ်ဆီမှာ တစ်ခုရှိတာက စီးပွားရေးအဆောက်အအုံက သူတို့လို formal မဟုတ်ဘူး၊ informal တွေများတာပေါ့၊ လူမှုဖူလုံရေးနဲ့စာရင်းသွင်းတာတွေ ရှိတယ်၊ အခုဆိုရင် အိန္ဒိယမှာလုပ်တဲ့ပုံစံ ဆောက် လုပ်ရေး အားလုံးရပ်လိုက်တယ်၊ ဆောက်လုပ်ရေး တွေအားလုံး ရပ်လိုက်တယ်ဆိုတာက ကိစ္စမရှိဘူး ဆရာတို့ ဆောက်လုပ်ရေးလုပ်တဲ့သူတွေက တစ်နေ့လုပ်မှတစ်နေ့စားတဲ့ နေ့စားသမားတွေ ဘယ်လိုလုပ်ရမလဲ၊ အဲ့ဒီတော့ အဲ့ဒါတွေအတွက်ကိုလည်းဆရာထင်တယ် သူတို့စဉ်းစားမယ်လို့ အောက်မေ့ပါတယ်။ လုပ်စရာတွေတော့ အများ ကြီးပါ၊ လုပ်လို့ရမယ်လို့ ထင်တာပေါ့။

Opinion Leaders Media ။     ။ လူတော်တော်များများက lock down ချလိုက်မယ်ဆိုရင် Community Quarantine ချမယ်ဆိုရင် ဒီနှစ်ခုစလုံးက လက်လုပ်လက်စားတွေကို ဆိုးဆိုးဝါးဝါးထိမယ်။ဒီ လက်လုပ်လက်စား မတည်ငြိမ်မှုတွေကနေတစ်ဆင့် ပြည်တွင်း တည်ငြိမ်ရေးကို ထိခိုက်လာနိုင်မယ့် စတဲ့ ဆင့်ကဲသက်ရောက်နိုင်တဲ့ အခြေအနေရှိတယ်လို့ သုံးသပ်ချက်တွေက တော်တော်များများ ထွက်ပေါ်နေတယ်။ အစိုးရကလည်း ထိခိုက်နိုင်တဲ့ လုပ်ငန်းတွေအတွက်ကို ဘီလျံ တစ်ရာ သုံးမယ်လို့ မကြာခင်က ကြေညာတာရှိတယ်၊။ ဒီလိုလည်းရှိတဲ့ အတွက် တစ်ကယ်ဖြစ်လာခဲ့ရင် လက်လုပ်လက်စားတွေကို အဲ့ဒီလိုအခြေအနေမှာ ဘယ်လိုပုံစံမျိုးနဲ့ထိန်းချုပ်ရင် အဆင်ပြေ နိုင်မလဲဆရာ။

ပါမောက္ခ ဒေါက်တာအောင်ထွန်းသက် ။     ။ တစ်ခုပဲ လက်လုပ်လက်စားဆိုတာက သူ့မှာအလုပ်က သူ့ပေးတဲ့ အလုပ်က အလုပ်ရှင်ကပေးတာကိုး။ လက်လုပ် လက်စားတွေအားလုံးကို သူတို့နိုင်ငံတွေမှာတော့ အလုပ်သမား တွေအားလုံးက မှတ်ပုံတင်ထားတဲ့ ဝန်ထမ်းတွေ ဖြစ်နေတော့ ဝန်ထမ်းဘယ်နှစ်ယောက်ကို ဘယ်လောက် ပေးမလဲ ဆိုတာ ပြောလို့ရတယ်၊ ဆရာတို့ဆီမှာ အဲ့ဒါမရဘူး။ မရတဲ့အခါကျတော့ ဘာပဲလုပ်ရမလဲဆိုရင် ကိုယ့် စိတ်ထဲတော့ အောက်မေ့တာကတော့ လုပ်ငန်းရှင်တွေကို အလုပ် အခွင့်အရေးတွေပေါ်အောင် ဖန်တီးဖို့လိုတယ်။

ဒါပေမဲ့ အခု ခက်တာက ဘာလဲဆိုရင် ဒီရောဂါက သာမန်ရောဂါနဲ့ မတူဘူး။ လူတွေ တစ်ယောက်နဲ့ တစ် ယောက် နီးကပ်လို့မရတဲ့ ရောဂါ။ အဲ့ဒီတော့ အလုပ်ပေးချင်တာတောင် ဘယ်လိုပေးရမလဲ၊ ဆရာတို့အခု ပညာ တတ်တဲ့သူတွေကို ကိုယ့်အိမ်ကနေအလုပ်လုပ်ပါ ဆိုတော့ ကိုယ့်အိမ်ကကိုယ်လုပ်တာက ပညာတတ်တွေက လုပ်လို့ ရတယ်၊ မဆလာသယ်တဲ့သူတွေက ကိုယ့်အိမ်ကကိုယ် ဘယ်လိုလုပ်လို့ရမလဲ။ အဲ့ဒါတော်တော်ကြီး ခက်တာ။ ဆရာတို့မှာ အခု အခက်အခဲဖြစ်နေတာက ဒုက္ခရောက်မှာက  အဲ့ဒီဟာတွေ ဒုက္ခရောက်မှာ။ သူတို့အ တွက်ကို ဘယ်လိုလုပ်ပေးမလဲဆိုတာကို။ ဆင်းရဲတဲ့နိုင်ငံတွေ အားလုံးမှာ အခက်အခဲတွေအများကြီး၊ သူတို့ဆီမှာ က ပြဿနာမဟုတ်ဘူး၊ သူတို့ဆီမှာအားလုံးက သမဂ္ဂဝင်ဖြစ်တယ် ။ မှတ်ပုံတင်ထားတာ ဖြစ်တော့ သူတို့က Social Authority ရှိတော့ လူမှုကူညီရေးအပြည့်ရှိတော့ လူမှုကူညီရေးကနေတစ်ဆင့် သူတို့ကိုပေးလို့ရတယ်။

ဆရာတို့က ဘယ်လိုပေးမလဲ။ ဘယ်လိုပေးမလဲဆိုတာကလည်း အစိုးရကလည်း ဘယ်လောက် လောက် အထိ ပေးနိုင်မလဲ ။ ဘာကြောင့်လဲဆိုတော့ မပေးလို့တော့မရဘူး၊ စားဝတ်နေရေးကို ဆရာတို့ဘယ်လို လုပ်ပေး မလဲ ။ နောက်တစ်ခါ ဆန်၊ဆီ၊ဆား၊ငရုတ်၊ကြက်သွန်ကို အခြေခံလူတန်းစားလက်ထဲ ဘယ်ပုံဘယ်နည်း ထောက် ပံ့မလဲ ။ ဒါလည်းစဉ်းစားရမှာပေါ့၊ တစ်ဖက်က လစာမပေးနိုင်ရင်တောင် ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်ကို နိုင်ငံ တော်က ထောက်ပံ့ပေးနိုင်မလား။ ဒါလည်းဒီလောက် လွယ်မှာမဟုတ်ဘူး။

အဲ့ဒီတော့ အဓိကက တော်တော်လေး စိတ်ပူစရာပေါ့။ စိတ်ပူစရာဖြစ်တာက တဖြေးဖြေး လက်ဖက် ရည်ဆိုင်တွေကို ပိတ်ရမယ်။ စားသောက်ဆိုင်တွေကို ပိတ်ရမယ်ဆိုရင် အဲ့ဒီလက်ဖက်ရည်ဆိုင် စားသောက် ဆိုင်တွေမှာလုပ်တဲ့သူတွေ ဘယ်လိုလုပ်ကြမလဲ။ သူတို့မှာလည်း တစ်နေ့လုပ်တစ်နေ့စားရှိတော့ သူတို့ကိုသွား ပြီးတော့ ဘယ်လိုထောက်ပံ့မလဲ။ အဲ့ဒီတော့ ဒီဆိုင်မှာပဲ မင်းတို့ ဘယ်နှစ်ယောက်ရှိတယ် ဟုတ်လား၊ လူ ၁၀ ယောက်ရှိတယ် လူတစ်ယောက်ကို တို့ဘယ်လောက်နှုန်းနဲ့ပေးမယ်လို့ အစိုးရက ပြောနိုင်တဲ့ အခြေအနေက လည်းရှိမှာမဟုတ်ဘူးလေ။

အဲ့ဒီတော့ ၁၀ ယောက်ရှိတာကို ၁၀၀ ပြရင် ဘယ်လိုလုပ်ကြမလဲ။ သူတို့ဆီမှာလို  စာရင်းနဲ့အတိ အကျ မဟုတ်ဘူးလေ။ ဆရာတို့ဆီမှာက အခက်အခဲတွေအားလုံးက တစ်မျိုး ဖြစ်နေတာ။  အဲ့ဒီတော့ အခုလူမှုရေး အသင်းတွေ NGO တွေဘယ်လိုကူမလဲ။ နိုင်ငံတော်က ဘယ်လိုကူမလဲ။ ဒီမှာ ဘာသာရေးအဖွဲ့ အစည်းတွေရော ဘုန်းတော်ကြီးတွေရော ဝင်ကူပေးနေတာတွေရှိတယ်။ အဲ့ဒီတော့ ပုံစံ တစ်မျိုးမျိုးနဲ့တော့ ကူရမှာပဲ။ မရတော့ မရတော့ဘူး။ တကယ်ဖြစ်လာပြီ၊ တကယ်ဖြစ်လာရင် ကိုယ်ကသွားလို့ရမှာ မဟုတ်တော့ဘူး။ အိမ်မှာပဲနေရ တော့ မှာ။ အိမ်မှာနေရင် အိမ်မှာနေနိုင်တဲ့သူတွေရှိသလို အိမ်မှာနေလိုမရတဲ့သူတွေ ဘယ်လိုလုပ်ကြမလဲ၊ အဲ့ဒီဟာတွေ က ဆရာတို့အတွက် တော်တော်ကြီးကို ရင်ဆိုင်ရမယ့်ကိစ္စပါ။

Opinion Leaders Media ။     ။ အဲ့ဒီရောဂါစတွေ့လာတဲ့အခုအချိန်မှာ အထည်ချုပ်တွေက တောက်လျှောက်ကို တော်တော်များများ မပိတ်ကြသေးဘူးဆရာ။ မပိတ်ကြတဲ့အခါကျတော့ ဖြစ်လာမယ်ဆိုရင် ကူးစက်မှုနှုန်းက တော်တော်ကြီးကို အန္တရာယ်များလာနိုင်တယ်။ ဒီနေ့ဆိုရင် သမ္မတထရန့်ဆီကနေ ကားတိုက်မှုတို့ဘာတို့ကြောင့် သေတာကလည်း ဒီထက်များတဲ့အတွက် ဒီရောဂါကို ဂရုမထားဘဲနဲ့လုပ်ငန်းတွေပြန်စဖို့ကို လှုံ့ဆော်တာ တွေ့ တယ်။ တရုတ်ကလည်း အလုပ်တွေ ပြန်စဖို့ အတင်းလုံးပမ်းနေတာ လှုံ့ဆော်တာရှိတယ်။ ဝိဝါဒကွဲနေတော့  ကျွန် တော်တို့ဆီမှာ  အထည်ချုပ်လုပ်ငန်းတွေကူးစက်ရောဂါကြောင့် ပိတ်လိုက်လို့ရှိရင် ဘယ်လောက်အထိ စီးပွားရေး ကို  သွားပြီးတော့ ထိခိုက်နိုင်သလဲ ။ မပိတ်လို့ရှိရင် ကျန်းမာရေးအရ အရမ်းကူးစက်လာလို့ရှိရင် ပိုဆိုး လာနိုင် မလား ဆရာ။

ပါမောက္ခ ဒေါက်တာအောင်ထွန်းသက် ။     ။ အဲ့ဒါကဘာလဲဆိုရင် ဝိရောဓိပေါ့။ ရွေးချယ်ရမယ့်နှစ်ခုစလုံးက တစ်ခုမှ အဆင်မပြေဘူး။ ဥပမာ ဆိုပါတော့ ထရန့်တို့ပြဿနာဆိုရင် သူတို့လည်းတော်တော်လေးကို ပြဿနာ ရင်ဆိုင်နေရတယ်။ သူတို့ စီးပွားရေး ရပ်မှာစိုးလို့ ။ သူတို့ကစီးပွားရေးရပ်သွားရင် ထောက်ပံ့နိုင်မှုက အခြေ အနေ သိပ်မရှိဘူး။ အဲ့ဒီတော့ သူ့အနေနဲ့က စီးပွားရေး မရပ်အောင် ဘယ်လိုလုပ်မလဲ၊ အဲ့ဒီတော့ စီးပွားရေးမရပ်အောင် လုပ်မယ်ဆိုရင် ဆိုင်တွေပြန်ဖွင့်အောင် လုပ်မယ်ဆိုရင် ကူးစက်နှုန်းပြန်တက်လာမယ်။ ကူးစက်နှုန်းပြန် တက် လာရင် ဘယ်လိုသွားလုပ်မလဲ။  ကူးစက်နှုန်းပြန်တက်လာရင် လူတွေပိုပြီးနေမကောင်းဖြစ်လာရင် အလုပ်တွေ ပိတ်ရရင် စီးပွားရေးပြန်ထိပြန်ရော။ ဟုတ်တယ်မဟုတ်လား။ အဲ့ဒီတော့ ဒီသံသရာကလည်နေမှာလေ။

တစ်ချို့တွေက ဘာပြောလဲဆိုတော့ စီးပွားရေးတက်ဖို့ဆိုရင် အခုအချိန်မှာ အိန္ဒိယပြည်မှာ လို တင်းတင်း ကြပ်ကြပ်  လုံး၀သွားလို့မရတော့ဘူး ။ လမ်းပေါ်ထွက်တဲ့သူတွေကို နံပါတ်တုတ်နဲ့ ရိုက်တာတို့ အဲ့ဒီလောက် အထိဖြစ်လာတယ်။ သူတို့ဆီမှာလုပ်တဲ့ဟာမျိုး ။ ဆရာထင်တာကတော့ လုပ်တဲ့ ချဉ်းကပ်တဲ့ ပုံစံအရ သုံးသပ် ကြည့်တာကတော့ နှစ်မျိုးတွေ့တာပေါ့။

ချမ်းသာတဲ့နိုင်ငံတွေလုပ်တဲ့ ချဉ်းကပ်ပုံနဲ့ ဆင်းရဲတဲ့ နိုင်ငံတွေလုပ်တဲ့ ချဉ်းကပ်ပုံလေ။ အခုအောင်မြင် တဲ့နိုင်ငံတွေ ကြည့်လိုက်လို့ရှိရင် စင်ကာပူအောင်မြင်တယ်။ ဂျပန် အတော်အသင့် သူထိန်းနိုင်တယ်။ တရုတ်က လည်း အတင်းအကြပ်လုပ်တော့ ထိန်းလို့ရတယ်။ အဲ့ဒီတော့ သူတို့လို အခု အိန္ဒိယတို့လို ထိန်းရင် အိန္ဒိယလည်း မိုဒီလည်း လာမပြောနဲ့တော့ အားလုံးမထွက်ရဘူးဆိုပြီးတော့ ။အဲ့ဒီလောက်အထိ လုပ်တဲ့နိုင်ငံတွေရှိသလို ဆင်းရဲ တဲ့ နိုင်ငံတွေကလည်း ပုံစံတစ်မျိုးချဉ်းကပ်နေရင် ။

ချမ်းသာတဲ့နိုင်ငံတွေကျတော့လည်း ပုံစံတစ်မျိုးနဲ့ ချဉ်းကပ်နေတာလေ၊ သေချာတာကတော့ လူချင်း မတွေ့တာ အကောင်းဆုံးဆိုတာသေချာတယ်။ အဖြေကလေ၊ ဒါကရောဂါမပျံ့စေချင်ရင် လူချင်းမတွေ့ဖို့ပဲ။ အခုဆိုရင် ဆရာတို့စိတ်ပူတာက အခုတွေ့တာ သုံးယောက်ရှိပြီ၊ အားလုံးက ဘိလပ်ပြန်တွေ၊ အမေရိကားက ပြန်လာတဲ့သူတွေ အခုအဓိကပြဿနာက ဘာလဲဆိုရင် ဘိလပ်က ပြန်လာတဲ့အဖွဲ့ဘယ်လိုလုပ်ကြမလဲ၊ ထိုင်းက ထောင်နဲ့ ချီ ဝင်လာတာရှိတယ်။ နောက်တစ်ခါအခု ဗုဒ္ဓဂါယာ ဘုရားဖူးအဖွဲ့ ။ အဲ့ဒီထဲက ဘယ်လောက်ပါမလဲ။ အဲ့ဒီတော့ Quarantine လုပ်ပေးပြီးတော့ ။အခုဖြစ်တာက ဘာလဲဆိုရင် လူတစ်ယောက်မှာ ကိုယ်ကိုယ် တိုင် တောင် ကိုယ့်မှာရောဂါရှိပြီဆိုရင် ကိုယ်မသိဘူး။ မသိတဲ့အခါကျတော့ ထိတွေ့တဲ့ သူတွေအားလုံးက အန္တရာယ် တွေရှိတယ်။ အဲ့ဒီအခါကျတော့ လုံး၀ကို Lock Down ပေါ့နော်။

အခု ဆရာ့စိတ်ထဲတော့ လေယာဉ်ပျံကွင်းပိတ်ထားတာ ပိုကောင်းတယ်၊ ဒါပေမဲ့ ကိုယ့်နိုင်ငံက သူများ နိုင်ငံတွေလို ဆရာတို့ဆင်းရဲတဲ့နိုင်ငံတွေ အနေနဲ့အခက်အခဲရှိတာက ကိုယ့်ပြည်တွင်းကိုလာတဲ့သူတွေ ဝင်တဲ့သူ တွေ ထွက်တဲ့သူတွေက တရားဝင် ဝင်တာတွေ ထွက်တာတွေက နည်းနည်းလေးလေ။ တရားမဝင်တာက အများ ကြီး၊ ကြိုက်တဲ့အချိန်ထွက်လို့ရတယ်။ ကြိုက်တဲ့ အချိန် ဝင်လို့ရတယ်ဆိုတော့ ဒီဘက်ကဆိုရင် ဂိတ်တွေမှာ တားဆီးတာက တစ်ပိုင်း၊ တားဆီးလို့မရတဲ့အပေါက်တွေက အများကြီး။

အဲ့ဒီအခါကျတော့ ဝင်လာတဲ့သူတွေက နောက်ဆိုရင်ပိုဆိုးတာက ဝင်လာတဲ့သူတွေက သူတို့အနေနဲ့က သူတို့ရဲ့ နေရပ် ကျေးရွာကို သွားတယ်ဆိုရင် အဲ့ဒီပျံ့တဲ့နှုန်းက တော်တော်ကြီးများလာပြီ၊ အခုအင်းစိန်မှာ ဖြစ်တဲ့ ကိစ္စက အင်းစိန် တစ်မြို့နယ်လုံးကို ပိတ်ရမလိုဖြစ်သွားတယ်။ သူနဲ့ထိတွေ့မိတဲ့သူတွေအများကြီး။ ချင်းမှာလည်း သူသွားတဲ့ ချက်စ်(ဘုရားကျောင်း) အဲ့ဒီမှာရှိတဲ့ ဘုရားရှိခိုးကျောင်းမှာရှိတဲ့ တက်တဲ့သူတွေအားလုံးကို ထိန်းရမယ့် သူတွေ ဖြစ်တဲ့အခါကျတော့ လွယ်လွယ်ကူကူလုပ်ဖို့ကတော့ တော်တော်ကြီးကို ခက်တယ်။

အဲ့ဒီတော့ အဲ့ဒီလို အခြေအနေမှာ နိုင်ငံတော်အစိုးရက ဘယ်လောက်အထိဝင်လုပ်မလဲ၊ ဟုတ်တယ် မဟုတ်လား။ ဝင်လုပ်ပြီးတော့ ဒါကို ။ ဒီနေရာမှာလည်း စဉ်းစားမိတာက ကိုယ့်နိုင်ငံမှာ အင်အားတစ်ခုဖြစ်တဲ့ တပ်မတော်ကိုဘယ်လိုသုံးမလဲ။ ဒါလည်းအခုထိ မပြောကြသေးဘူး။ သူတို့မှာလည်း ဆေးရုံတွေ အဆင်သင့်ရှိ တယ်၊ ဆေးတပ် ဆိုတာ ကလည်း တော်တော်လေးကို အတော်အသင့် ပြည့်ပြည့်စုံစုံလုပ်ထားတာဖြစ်တော့ ဒါကို အမျိုးသားရေး အနေနဲ့ စဉ်းစားပြီးတော့ ဝိုင်း ဘယ်လိုလုပ်ကြမလဲဆိုတာ စဉ်းစားဖို့လိုလိမ့်မယ်လို့ အောက်မေ့တာပါပဲ။

ဒီအချိန်က အရပ်သား အစိုးရနဲ့ တပ်မတော်ဆိုပြီး ခွဲရမယ့်ကိစ္စမဟုတ်တော့ဘူးလေ။ အကုန်လုံးဝိုင်း လုပ်ရမယ့်ကိစ္စ။ အဲ့ဒီတော့ အစကပြောတဲ့ လုပ်ငန်းရှင်တွေတင်မကဘူး နိုင်ငံတော်အစိုးရ ၊တပ်မတော် အားလုံး ပေါ့ လေ ။ ဘယ်လိုလုပ်ကြမလဲ၊ အဲ့ဒီတော့ တစ်ဦးချင်းမှာလည်း တာဝန်ရှိတာလည်း ရှိတာ။ ကိုယ့်နိုင်ငံကလည်း နဂိုကတည်းက စည်းကမ်းရှိတာမဟုတ်ဘူး။ အဲ့ဒီအခါကျတော့ စည်းကမ်းထိန်းသိမ်းရမယ်ဆိုတော့ ကိုယ့်မှာ အခက်အခဲတွေအများကြီး ဆရာတို့ ကြုံတွေ့ရမှာ။ အဲ့ဒီတော့ စိတ်ပူလာတော့ ကိုယ်ကနောက်ကျတဲ့ နိုင်ငံဖြစ် တော့ နောက်ကျတဲ့ဟာကို အကျိုးရှိရှိ သုံးဖို့လိုတယ်။ ကိုယ့်ရှေ့က ရောက်တဲ့သူတွေလို ဒုက္ခမရောက်အောင် ဘယ်လိုလုပ်မလဲ။ ဟုတ်တယ်မဟုတ်လား၊ ဒါကိုစဉ်းစားဖို့လိုတယ်၊ အဲ့ဒီလို မစဉ်းစားရင်တော့ သူများလုပ်တဲ့ သင်ခန်းစာတွေ ကိုယ်မယူနိုင်ရင်တော့ ကိုယ်နာမှာပဲလေ။

Opinion Leaders Media ။     ။ တစ်ဖက်ကလည်း ကာကွယ်ကုသတဲ့အပိုင်းကိုလုပ်နေသလို ရောဂါပြီးသွား လို့ရှိရင် မြန်မြန်ဆန်ဆန်ပြန်ပြီးတော့စနိုင်အောင်ဆိုပြီးတော့ တစ်ချို့ကလည်း လုပ်စေချင်တဲ့အပိုင်းလည်းရှိတယ်။ တစ်ချို့တွေက ဒီရောဂါကြောင့် အွန်လိုင်းစီးပွားရေးက ပိုပြီးBOOM ဖြစ်လာမယ်လို့ မှန်းဆလုပ်နေကြတာလည်း တွေ့ရတယ်။ ဒီတော့ စီးပွားရေးလုပ်ဆောင်ရာမှာ ယခင်အဆက်ဆက် အခက်အခဲဖြစ်နေတဲ့ စည်းမျဉ်း စည်းကမ်း ဥပဒေတွေ ၊ တစ်ချို့အစဉ်အလာ တွေကို ဒီဗိုင်းရပ်စ်ကြောင့် စီးပွားရေးပြန်နိုးထလာအောင် အစိုးရက မူဝါဒဥပဒေ ဖြေလျော့ရင်း တစ်ခါတည်း ရှင်းပစ်ဖို့လိုတယ်လို့လည်း ပြောဆိုမှုတွေရှိတယ်ဆရာ။ ဒီအပေါ်မှာတော့ ဘယ်လိုများ ရှိလဲဆရာ။

ပါမောက္ခ ဒေါက်တာအောင်ထွန်းသက် ။     ။ အခုက ပြောင်းလဲလာတဲ့အခြေအနေမှာ ဥပဒေပိုင်းက အနောက်က လိုက်ရင် အမြန်ဆုံးလိုက်မှရမှာ။  ဆရာခဏခဏပြောတယ်။ စားသောက်ဆိုင်တွေကို မင်းတို့ ကိုယ့်ဆိုင်မှာ လူတွေ မလာတော့ဘူး၊ လူတွေမလာတာ ပြဿနာမဟုတ်ဘူး၊ လူတွေဆီရောက်အောင် သွားဖို့က ကိုယ့်အခွင့်အရေး။  ကျောင်းတွေ တက္ကသိုလ်တွေ ကျောင်းသားတွေ လူတွေမလာတော့ဘူး အဲ့ဒါကိုယ့်အခွင့်အရေးပဲ။ ပြဿနာက အင်တာနက်ကလည်း လူတိုင်းမှာရှိတာမဟုတ်ဘူးလေ။ ဒီအခက်အခဲတွေရှိတယ်။

အဲ့ဒါတွေ ကျော်လွှားနိုင်အောင်တော့ ဘယ်လိုလုပ်ကြမလဲ။ စီးပွားရေးပုံစံတွေက အရင်ပုံစံတွေ အတိုင်း လုပ်လို့ မရတော့ဘူးထင်တယ်။ ဒါကိုအခွင့်အရေး တစ်ခုအနေနဲ့ အရင်တုန်းက အခြေအနေတွေပေးပြီး မလုပ်နိုင် တဲ့  တက္ကသိုလ်ကဟာတွေ။ ဆရာတို့နိုင်ငံတကာမှာတော့ e- learning ပေါ့နော်၊ အင်တာနက်နဲ့ တီဗွီနဲ့ You Tube နဲ့ လေ့လာလို့ရတာတွေလုပ်လို့ရသလို ဒီမှာလည်း ဘယ်လိုလုပ်ကြ မလဲဆိုတာ။

ဒါအခွင့်အရေးတစ်ရပ်ပဲ။ ဒါပေမဲ့ခက်တာက အဲ့ဒီလိုကိုယ်ကပြောပေမယ့် ကိုယ်က လုပ်ငန်းရှင် တစ် ယောက်မဟုတ်တော့ လုပ်ငန်းရှင်တစ်ယောက်အခက်အခဲကို မခံစားတတ်သလိုဖြစ်မှာစိုးတာပဲရှိတယ်။ သူတို့က မျက်ဖြူစိုက်နေတဲ့အချိန်မှာ သွားပြီးတော့ ခင်ဗျားတို့ ခဏလေးသည်းခံလိုက်ပါဆိုတာကျတော့ အဲ့ဒါကျတော့ ကိုယ်ကလည်း မတရားဘူးလေ။ ဒါပေမဲ့ သူတို့ကိုတကယ်တမ်းဖြစ်စေချင်တာကတော့ ရေရှည်အတွက်ကိုတော့ စဉ်းစားစေချင်တာ။ ဆရာခဏခဏပဲပြောတယ်။ အခွင့်အရေးလို့ယူဆလာရင်တော့ ဆက်တိုးကြမယ်ပေါ့။ ဒါက လည်း တော်ရုံတန်ရုံက မဖြစ်နိုင်ဘူး။

လက်ရှိအလုပ်လက်မဲ့တွေအများကြီးဖြစ်နေတော့ အလုပ်မလာတဲ့သူကို လစာပေးနေရမယ်ဆိုတာ ကလည်း ဘယ်လောက်ပေးနိုင်မလဲ။ တို့ လုပ်ငန်းရှင်တွေဆိုတာကလည်း ချေးငှားပြီး လုပ်နေရတာလေ၊ အဲ့ဒီလို နေရာမှာ ဝန်ထမ်းတွေလစာပေးတဲ့ကိစ္စကို ဘယ်သူကဝင်ပြီးမျှဝေပေးမလဲဆိုတဲ့ကိစ္စလည်း ရှိတာပေါ့။

Opinion Leaders Media ။     ။ အဲ့ဒါဆိုလို့ရှိရင် အကုန်လုံးခြုံလိုက်လို့ရှိရင် ဒီရောဂါကိုတက်ညီလက်ညီ ကာကွယ်ဖို့လိုပြီး တစ်ဖက်မှာလည်း အများကြီးပြင်ဆင်ထားသင့်တယ်ပေါ့နော်ဆရာ။

ပါမောက္ခ ဒေါက်တာအောင်ထွန်းသက် ။     ။ အခုက တကယ်တမ်းတော့ အခုတွေ့ပြီဆိုကာမှ သူတို့တော်တော် လေးတော့လုပ်ကြတယ်။  ဒါပေမဲ့ အဲ့ဒီဟာကို ဒီထက်ပိုပြီး ထိထိရောက်ရောက်ဖြစ်အောင် ဘယ်လိုလုပ်ကြမလဲ စဉ်းစားကြရမှာပေါ့။ ဖြစ်တာတော့ ဖြစ်နေပြီ။

Opinion Leaders Media ။     ။ ဟုတ်ကဲ့ဆရာ။အထူးကျေးဇူးတင်ပါတယ်။

‌ဒေါက်တာအောင်ထွန်းသက်
မတ် - ၂၆

( Zawgyi )

ကို႐ိုနာဗိုင္းရပ္စ္မွာ ယခုအခါ ျမန္မာႏိုင္ငံအပါအဝင္ ကမာၻ႔ႏိုင္ငံအကုန္နီးပါး ပ်ံ႕ႏွံ႔သြားခဲ့ၿပီျဖစ္သျဖင့္ ႏိုင္ငံတိုင္းက အဆိုပါကူးစက္ေရာဂါကို တုံ႔ျပန္ရန္အတြက္ ႀကိဳးစားေနသလို ေနာက္ဆက္တြဲျဖစ္လာမည့္ စီးပြားေရးဆိုင္ရာ ဆိုးဆိုးဝါးဝါးထိခိုက္လာႏိုင္သည့္ အက်ိဳးဆက္ကိုလည္း တုံ႔ျပန္ေျဖရွင္းႏိုင္ရန္ ႀကိဳးစားလွ်က္ရွိပါတယ္။ျမန္မာႏိုင္ငံမွာလည္း ေရာဂါစတင္ေတြ႕ရွိသည့္ မတ္ ၂၃ ရက္မွ စတင္ကာ ကူးစက္ေရာဂါကို မျပန္႔ပြားရန္ ထိန္းခ်ဳပ္ေဆာင္႐ြက္ေနသလို ေနာက္ဆက္တြဲ လူမႈေရးႏွင့္ စီးပြားေရးဆိုင္ရာ ျပႆနာမ်ားကိုေျဖရွင္းရန္ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္က ဦးေဆာင္ကာ ေကာ္မတီဖြဲ႕၍ ေဆာင္႐ြက္ေနသည္ကို ေတြ႕ရပါတယ္။အဆိုပါ ကိုဗက္ ၁၉ ဟု ေခၚသည့္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ျပင္းထန္ခ်ိန္တြင္ ျဖစ္လာႏိုင္သည့္ ျပႆနာမ်ားႏွင့္ ကာလၾကာရွည္လာပါက ႀကဳံလာႏိုင္သည့္ ျပႆနာမ်ားအေပၚ မည္သို႔တုံ႔ျပန္ေဆာင္႐ြက္သင့္သည္ ျပင္ဆင္ထားသင့္သည္ကို ဝါရင့္စီးပြားေရးပညာရွင္ျဖစ္သူ ႏိုင္ငံေတာ္သမၼတ၏ ၿငိမ္းခ်မ္းေရးႏွင့္ စီးပြားေရးဆိုင္ရာ အႀကံေပးပုဂၢိဳလ္ ပါေမာကၡ ေဒါက္တာေအာင္ထြန္းသက္အား Opinion Leaders Media မွ အထူးအစီအစဥ္တစ္ရပ္အေနျဖင့္ ေမးျမန္းခဲ့ပါတယ္။ပါေမာကၡ ေဒါက္တာေအာင္ထြန္းသက္၏  ရႈျမင္သုံးသပ္ခ်က္အျပည့္အစုံကို ယခုတစ္ပတ္အထူးအစီအစဥ္အျဖစ္ ေဖာ္ျပလိုက္ပါတယ္။

(Opinion Leaders Media အယ္ဒီတာအဖြဲ႕)

Opinion Leaders Media ။     ။ ျမန္မာႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ကို စၿပီးေတြ႕ရွိၿပီးတဲ့ေနာက္ ေစ်းကြက္ထဲမွာ စီးပြားေရးထဲမွာ အေတာ္ကိုဂယက္႐ိုက္တာေတြ ရွိတယ္ဆရာ။ဒီလိုအေျခအေနမွာ အေျခအေနကို ထိန္းေပးႏိုင္ေအာင္ တာဝန္ရွိသူေတြနဲ႔ စီးပြားေရးလုပ္ငန္းရွင္ေတြအေနနဲ႔  ဘယ္လိုမ်ားလုပ္ေဆာင္သင့္ပါသလဲ ဆရာ။

ပါေမာကၡ ေဒါက္တာေအာင္ထြန္းသက္ ။     ။ ျပည္ေထာင္စုဝန္ႀကီး ဦးေသာင္းထြန္းဦးစီးတဲ့ ေကာ္မတီဖြဲ႕ထား တယ္။ အဲ့ဒီေကာ္မတီမွာ  အစိုးရဌာနတာဝန္ရွိတဲ့သူေတြ ဝန္ႀကီးေတြ၊ ဒု-ဝန္ႀကီးေတြ ပါတယ္။ ဟိုဘက္က လုပ္ငန္းရွင္ေတြကလည္း UMFCCI ကပါတယ္။ သူတို႔ေဆြးေႏြးေနတယ္၊ လုပ္ငန္းရွင္တစ္ခ်ိဳ႕ ဆရာနားလည္ သေလာက္ကေတာ့ လုပ္ငန္းရွင္တစ္ခ်ိဳ႕ ကလည္း ဗိုင္းရပ္စ္နဲ႔ပတ္သက္လို႔ တျခားႏိုင္ငံရဲ႕တုန႔္ျပန္မႈေတြ ဘာေတြရွိသလဲဆိုတာကို အႀကံေတြေပးေနတာ သိရတယ္။ အဲ့ဒီေတာ့ သိတဲ့အတိုင္းပဲေပါ့ အိမ္နီးနားခ်င္းႏိုင္ငံ အာဆီယံႏိုင္ငံေတြၾကည့္လိုက္ရင္ သူတို႔အေနနဲ႔ ခ်က္ခ်င္း ဒီကို႐ိုနာဗိုင္းရပ္စ္နဲ႔ပတ္သက္လို႔ တုန႔္ျပန္မႈက ႏွစ္ခုလုပ္လို႔ရတယ္။

ဒါကေတာ့ သမား႐ိုးက် စီးပြားေရး ပ်က္ကပ္ေပါ့။ တစ္ခုကေတာ့ အခြန္နဲ႔ပတ္သက္လို႔ လုပ္ခ်င္ ကိုင္ ခ်င္စိတ္ရွိေအာင္ ပိုၿပီး ဒီအခြန္ေတြေလွ်ာ့လိုက္မယ္ ဆိုရင္ ဒီဟာနဲ႔ပတ္သက္လို႔ လူေတြကလုပ္ခ်င္ ကိုင္ခ်င္ စိတ္ရွိလာမယ္ဆိုရင္ စီးပြားေရးနဲ႔ပတ္သက္လို႔ ႐ိုက္ခတ္မႈ နည္းနည္းေလး ေလ်ာ့ႏိုင္တယ္ ဆိုတာတစ္ခုရယ္၊ ေနာက္တစ္ခုက အတိုးႏႈန္းေပါ့ေနာ္။ ဗဟိုဘဏ္ကလည္း တျခားႏိုင္ငံ ေတြထက္ကို အတိုးႏႈန္းေတာ္ေတာ္ႀကီးကို ခ်ပစ္လိုက္တာ။ အေမရိကန္ႏိုင္ငံဆိုရင္ ၀ ဒသမ ၅ ေလာက္ပဲရွိတယ္။ တို႔ေတြက အတိုးကိုမယူသေလာက္ျဖစ္ တယ္ေပါ့။ ေနာက္တစ္ခု အေမရိကန္ႏိုင္ငံမွာ လႊတ္ေတာ္မွာ အႀကီးအက်ယ္ ေဆြးေႏြးေနၾကတယ္။

အခုထိ သေဘာတူညီခ်က္မရတာက အလုပ္လုပ္မယ့္သူေတြကိုဘယ္ေလာက္ေပးမလဲ။ တစ္လတစ္ခါ ေနာက္ကေန အေထာက္အပံ့ေတြေပးမယ္၊ လုပ္ငန္းရွင္ေတြ ဘယ္ေလာက္အကူအညီေပးမလဲ ။ ဒီလိုျဖစ္တဲ့  အခါ စဥ္းစားၿပီးေျပာရင္ က်န္းမာေရးျပႆနာကတေျဖးေျဖးခ်င္း စီးပြားေရး ျပႆနာျဖစ္လာတာေပါ့။ စီးပြားေရး ျပႆနာက တစ္ဆင့္ လူမႈေရးျပႆနာျဖစ္လာတယ္။ ေနာက္တစ္ခု အခုအေမရိကန္ ႏိုင္ငံမွာဆိုရင္ သူတို႔အေနနဲ႔ စိတ္ပူတာ က်န္းမာေရးတင္မကဘူး၊ စီးပြားေရးတင္မကဘူး ႏိုင္ငံေရး ျပႆနာေပါ့။

အေမရိကန္သမၼတႀကီးအေနနဲ႔ စဥ္းစားေနတာကေတာ့ ၂၀၂၀ ေ႐ြးေကာက္ပြဲက သူ႔အတြက္ေသခ်ာတယ္။ ဘာ ေၾကာင့္ လဲဆိုေတာ့ စီးပြားေရးသိပ္ေကာင္းေနတဲ့အေျခအေနေပါ့၊ စီးပြားေရးသိပ္ေကာင္းတဲ့ အေျခအေနမွာ အခုလို ျဖစ္လာေတာ့ စီးပြားေရးကမေကာင္းေတာ့ဘူး။ သူ႔အေနနဲ႔ အတင္း ေဝဖန္ေနတယ္၊ သူကေတာ့ စီးပြားေရး ျပန္ေကာင္းေအာင္ ႏႈိးဆြမယ္။ ဒီလိုပုံစံမ်ိဳးေတြလုပ္မယ္လို႔ေျပာတယ္။

ဆရာတို႔အေနနဲ႔စဥ္းစားဖို႔က တျခားႏိုင္ငံ ေတြရဲ႕ အေတြ႕အႀကဳံေတြယူလို႔ရၿပီ၊ တျခားႏိုင္ငံေတြလို လုပ္ ႏိုင္တာေတြရွိတယ္။ သူတို႔အေနနဲ႔ ထရီလ်ံထိေပါ့၊ ဒီပမာဏကို အႀကီး အက်ယ္နဲ႔ တကယ့္ကို စီးပြားေရးႏႈိးဖို႔ လုပ္ တဲ့ဟာကို အႀကီးအက်ယ္လုပ္ေနတာ။ ကိုယ့္ႏိုင္ငံမွာ ဘယ္ေလာက္အထိ လုပ္ႏိုင္မလဲ ကိုယ့္ႏိုင္ငံရဲ႕အေန အထား က ဘယ္လိုရွိလဲ။ ဒါေတြစဥ္းစားဖို႔လိုတာေပါ့။ အဲ့ဒီေတာ့ ကိုယ္ကေတာ့ သူတို႔ အခုဖြဲ႕ထားတဲ့ေကာ္မရွင္က လုပ္ေန မယ္၊ စဥ္းစားေနမယ္လို႔ေအာက္ေမ့တယ္။

အဲ့ဒီေတာ့ လုပ္တဲ့အခါမွာလည္း အစိုးရ တစ္ခုတည္းမဟုတ္ဘဲနဲ႔ လုပ္ငန္းရွင္မ်ား ပါဖို႔လိုတယ္၊ ၿပီးေတာ့ အခု ဆရာနားလည္သေလာက္ ေျပာရရင္ေတာ့  ကမာၻ႔ဘဏ္ေတြ ဒီ အာရွဘဏ္ေတြကလည္း ကူညီေပးမယ္လို႔ ေျပာေနတယ္။ အဲ့ဒီေတာ့ တျခားႏိုင္ငံေတြက ကူညီေပးမယ္ဆိုရင္ ကိုယ္ကလည္းအဆင္သင့္ျဖစ္ေအာင္ ေနာက္ ဘာ အကူအညီေတြလိုမလဲ ဘယ္လိုလုပ္ရမလဲ စဥ္းစားဖို႔လိုတယ္၊ အခုကေတာ့ ျဖစ္ေနတာက ဆိုးက်ိဳး ေတြရင္ဆိုင္ေနရတဲ့လုပ္ငန္းက ေတာ္ေတာ္ႀကီး ဒုကၡေရာက္ေနတာ။

 အဲ့ဒီေတာ့ ဒုကၡေရာက္ေနတဲ့ အခက္အခဲေတြကို ေက်ာ္လႊားႏိုင္ေအာင္ ဘယ္လို လုပ္ေပးမလဲ၊ စဥ္းစားဖို႔ လိုတယ္၊ ဥပမာ- ဟိုတယ္ခရီးသြား ဘယ္လိုလုပ္ေပးမလဲ၊ စဥ္းစားဖို႔လိုတယ္။ အဲ့ဒီေတာ့ အထည္ခ်ဳပ္လည္း ဘယ္ လို လုပ္မလဲ စဥ္းစားဖို႔လိုတယ္။ သူတို႔ကို ဆရာသိသေလာက္ေတာ့ SME ဦးစားေပးတယ္၊ အထည္ခ်ဳပ္ကို ဦးစား ေပးတယ္။ ၿပီးေတာ့မွ ခုနလို ခရီးသြားလုပ္ငန္းဦးစားေပးတယ္။ အဲ့ဒီေတာ့ ဦးစားေပး က႑ သုံးခုအျပင္ က်န္တဲ့ က႑ေတြမွာေရာ လိုအပ္ခ်က္ေတြမရွိဘူးလား။ ဟုတ္တယ္ေနာ္။ ဒါေတြအားလုံးက ကြင္းဆက္ ျဖစ္ေနတာ။

ကြင္းဆက္ျဖစ္ေနတဲ့အခါက်ေတာ့ အခုအခ်ိန္မွာေတာ့ တကယ့္ကို စြန႔္စြန႔္စားစား စီးပြားေရးျပန္ႏိုးလာ ေအာင္  သိပ္ၿပီး အခ်ိန္ရွိတာမဟုတ္ဘူး။ အဲ့ဒီေတာ့ အခ်ိန္မရွိေတာ့ ပိုၿပီးေတာ့ သတိထားရမယ္။ တျခားႏိုင္ငံ ေတြ အေနနဲ႔က Grade Risk သိပ္မ်ားတဲ့အခ်ိန္မွာ နည္းနည္းေလးေလ်ာ့သြားတာပဲရွိတယ္။ အခုကေတာ့ ရွိေနတဲ့ကာလ အတြင္းမွာ ၂၀၁၉ ဘာညာ ဆိုရင္ အခု ကိုယ့္အေနနဲ႔ ဘယ္လိုလုပ္လို႔ရမလဲ ။ impact ကေတာ့ရွိေနမွာပဲ၊ အလုပ္ လက္မဲ့ေတြျဖစ္မယ္။ အလုပ္ လက္မဲ့ေတြျဖစ္တာကို ဘယ္လိုတားဆီးမလဲ။

အဲ့ဒီေတာ့ ကိုယ္ဆီမွာ တစ္ခုရွိတာက စီးပြားေရးအေဆာက္အအုံက သူတို႔လို formal မဟုတ္ဘူး၊ informal ေတြမ်ားတာေပါ့၊ လူမႈဖူလုံေရးနဲ႔စာရင္းသြင္းတာေတြ ရွိတယ္၊ အခုဆိုရင္ အိႏၵိယမွာလုပ္တဲ့ပုံစံ ေဆာက္ လုပ္ေရး အားလုံးရပ္လိုက္တယ္၊ ေဆာက္လုပ္ေရး ေတြအားလုံး ရပ္လိုက္တယ္ဆိုတာက ကိစၥမရွိဘူး ဆရာတို႔ ေဆာက္လုပ္ေရးလုပ္တဲ့သူေတြက တစ္ေန႔လုပ္မွတစ္ေန႔စားတဲ့ ေန႔စားသမားေတြ ဘယ္လိုလုပ္ရမလဲ၊ အဲ့ဒီေတာ့ အဲ့ဒါေတြအတြက္ကိုလည္းဆရာထင္တယ္ သူတို႔စဥ္းစားမယ္လို႔ ေအာက္ေမ့ပါတယ္။ လုပ္စရာေတြေတာ့ အမ်ား ႀကီးပါ၊ လုပ္လို႔ရမယ္လို႔ ထင္တာေပါ့။

Opinion Leaders Media ။     ။ လူေတာ္ေတာ္မ်ားမ်ားက lock down ခ်လိုက္မယ္ဆိုရင္ Community Quarantine ခ်မယ္ဆိုရင္ ဒီႏွစ္ခုစလုံးက လက္လုပ္လက္စားေတြကို ဆိုးဆိုးဝါးဝါးထိမယ္။ဒီ လက္လုပ္လက္စား မတည္ၿငိမ္မႈေတြကေနတစ္ဆင့္ ျပည္တြင္း တည္ၿငိမ္ေရးကို ထိခိုက္လာႏိုင္မယ့္ စတဲ့ ဆင့္ကဲသက္ေရာက္ႏိုင္တဲ့ အေျခအေနရွိတယ္လို႔ သုံးသပ္ခ်က္ေတြက ေတာ္ေတာ္မ်ားမ်ား ထြက္ေပၚေနတယ္။ အစိုးရကလည္း ထိခိုက္ႏိုင္တဲ့ လုပ္ငန္းေတြအတြက္ကို ဘီလ်ံ တစ္ရာ သုံးမယ္လို႔ မၾကာခင္က ေၾကညာတာရွိတယ္၊။ ဒီလိုလည္းရွိတဲ့ အတြက္ တစ္ကယ္ျဖစ္လာခဲ့ရင္ လက္လုပ္လက္စားေတြကို အဲ့ဒီလိုအေျခအေနမွာ ဘယ္လိုပုံစံမ်ိဳးနဲ႔ထိန္းခ်ဳပ္ရင္ အဆင္ေျပ ႏိုင္မလဲဆရာ။

ပါေမာကၡ ေဒါက္တာေအာင္ထြန္းသက္ ။     ။ တစ္ခုပဲ လက္လုပ္လက္စားဆိုတာက သူ႔မွာအလုပ္က သူ႔ေပးတဲ့ အလုပ္က အလုပ္ရွင္ကေပးတာကိုး။ လက္လုပ္ လက္စားေတြအားလုံးကို သူတို႔ႏိုင္ငံေတြမွာေတာ့ အလုပ္သမား ေတြအားလုံးက မွတ္ပုံတင္ထားတဲ့ ဝန္ထမ္းေတြ ျဖစ္ေနေတာ့ ဝန္ထမ္းဘယ္ႏွစ္ေယာက္ကို ဘယ္ေလာက္ ေပးမလဲ ဆိုတာ ေျပာလို႔ရတယ္၊ ဆရာတို႔ဆီမွာ အဲ့ဒါမရဘူး။ မရတဲ့အခါက်ေတာ့ ဘာပဲလုပ္ရမလဲဆိုရင္ ကိုယ့္ စိတ္ထဲေတာ့ ေအာက္ေမ့တာကေတာ့ လုပ္ငန္းရွင္ေတြကို အလုပ္ အခြင့္အေရးေတြေပၚေအာင္ ဖန္တီးဖို႔လိုတယ္။

ဒါေပမဲ့ အခု ခက္တာက ဘာလဲဆိုရင္ ဒီေရာဂါက သာမန္ေရာဂါနဲ႔ မတူဘူး။ လူေတြ တစ္ေယာက္နဲ႔ တစ္ ေယာက္ နီးကပ္လို႔မရတဲ့ ေရာဂါ။ အဲ့ဒီေတာ့ အလုပ္ေပးခ်င္တာေတာင္ ဘယ္လိုေပးရမလဲ၊ ဆရာတို႔အခု ပညာ တတ္တဲ့သူေတြကို ကိုယ့္အိမ္ကေနအလုပ္လုပ္ပါ ဆိုေတာ့ ကိုယ့္အိမ္ကကိုယ္လုပ္တာက ပညာတတ္ေတြက လုပ္လို႔ ရတယ္၊ မဆလာသယ္တဲ့သူေတြက ကိုယ့္အိမ္ကကိုယ္ ဘယ္လိုလုပ္လို႔ရမလဲ။ အဲ့ဒါေတာ္ေတာ္ႀကီး ခက္တာ။ ဆရာတို႔မွာ အခု အခက္အခဲျဖစ္ေနတာက ဒုကၡေရာက္မွာက  အဲ့ဒီဟာေတြ ဒုကၡေရာက္မွာ။ သူတို႔အ တြက္ကို ဘယ္လိုလုပ္ေပးမလဲဆိုတာကို။ ဆင္းရဲတဲ့ႏိုင္ငံေတြ အားလုံးမွာ အခက္အခဲေတြအမ်ားႀကီး၊ သူတို႔ဆီမွာ က ျပႆနာမဟုတ္ဘူး၊ သူတို႔ဆီမွာအားလုံးက သမဂၢဝင္ျဖစ္တယ္ ။ မွတ္ပုံတင္ထားတာ ျဖစ္ေတာ့ သူတို႔က Social Authority ရွိေတာ့ လူမႈကူညီေရးအျပည့္ရွိေတာ့ လူမႈကူညီေရးကေနတစ္ဆင့္ သူတို႔ကိုေပးလို႔ရတယ္။

ဆရာတို႔က ဘယ္လိုေပးမလဲ။ ဘယ္လိုေပးမလဲဆိုတာကလည္း အစိုးရကလည္း ဘယ္ေလာက္ ေလာက္ အထိ ေပးႏိုင္မလဲ ။ ဘာေၾကာင့္လဲဆိုေတာ့ မေပးလို႔ေတာ့မရဘူး၊ စားဝတ္ေနေရးကို ဆရာတို႔ဘယ္လို လုပ္ေပး မလဲ ။ ေနာက္တစ္ခါ ဆန္၊ဆီ၊ဆား၊င႐ုတ္၊ၾကက္သြန္ကို အေျခခံလူတန္းစားလက္ထဲ ဘယ္ပုံဘယ္နည္း ေထာက္ ပံ့မလဲ ။ ဒါလည္းစဥ္းစားရမွာေပါ့၊ တစ္ဖက္က လစာမေပးႏိုင္ရင္ေတာင္ ဆီ၊ ဆား၊ င႐ုတ္၊ ၾကက္သြန္ကို ႏိုင္ငံ ေတာ္က ေထာက္ပံ့ေပးႏိုင္မလား။ ဒါလည္းဒီေလာက္ လြယ္မွာမဟုတ္ဘူး။

အဲ့ဒီေတာ့ အဓိကက ေတာ္ေတာ္ေလး စိတ္ပူစရာေပါ့။ စိတ္ပူစရာျဖစ္တာက တေျဖးေျဖး လက္ဖက္ ရည္ဆိုင္ေတြကို ပိတ္ရမယ္။ စားေသာက္ဆိုင္ေတြကို ပိတ္ရမယ္ဆိုရင္ အဲ့ဒီလက္ဖက္ရည္ဆိုင္ စားေသာက္ ဆိုင္ေတြမွာလုပ္တဲ့သူေတြ ဘယ္လိုလုပ္ၾကမလဲ။ သူတို႔မွာလည္း တစ္ေန႔လုပ္တစ္ေန႔စားရွိေတာ့ သူတို႔ကိုသြား ၿပီးေတာ့ ဘယ္လိုေထာက္ပံ့မလဲ။ အဲ့ဒီေတာ့ ဒီဆိုင္မွာပဲ မင္းတို႔ ဘယ္ႏွစ္ေယာက္ရွိတယ္ ဟုတ္လား၊ လူ ၁၀ ေယာက္ရွိတယ္ လူတစ္ေယာက္ကို တို႔ဘယ္ေလာက္ႏႈန္းနဲ႔ေပးမယ္လို႔ အစိုးရက ေျပာႏိုင္တဲ့ အေျခအေနက လည္းရွိမွာမဟုတ္ဘူးေလ။

အဲ့ဒီေတာ့ ၁၀ ေယာက္ရွိတာကို ၁၀၀ ျပရင္ ဘယ္လိုလုပ္ၾကမလဲ။ သူတို႔ဆီမွာလို  စာရင္းနဲ႔အတိ အက် မဟုတ္ဘူးေလ။ ဆရာတို႔ဆီမွာက အခက္အခဲေတြအားလုံးက တစ္မ်ိဳး ျဖစ္ေနတာ။  အဲ့ဒီေတာ့ အခုလူမႈေရး အသင္းေတြ NGO ေတြဘယ္လိုကူမလဲ။ ႏိုင္ငံေတာ္က ဘယ္လိုကူမလဲ။ ဒီမွာ ဘာသာေရးအဖြဲ႕ အစည္းေတြေရာ ဘုန္းေတာ္ႀကီးေတြေရာ ဝင္ကူေပးေနတာေတြရွိတယ္။ အဲ့ဒီေတာ့ ပုံစံ တစ္မ်ိဳးမ်ိဳးနဲ႔ေတာ့ ကူရမွာပဲ။ မရေတာ့ မရေတာ့ဘူး။ တကယ္ျဖစ္လာၿပီ၊ တကယ္ျဖစ္လာရင္ ကိုယ္ကသြားလို႔ရမွာ မဟုတ္ေတာ့ဘူး။ အိမ္မွာပဲေနရ ေတာ့ မွာ။ အိမ္မွာေနရင္ အိမ္မွာေနႏိုင္တဲ့သူေတြရွိသလို အိမ္မွာေနလိုမရတဲ့သူေတြ ဘယ္လိုလုပ္ၾကမလဲ၊ အဲ့ဒီဟာေတြ က ဆရာတို႔အတြက္ ေတာ္ေတာ္ႀကီးကို ရင္ဆိုင္ရမယ့္ကိစၥပါ။

Opinion Leaders Media ။     ။ အဲ့ဒီေရာဂါစေတြ႕လာတဲ့အခုအခ်ိန္မွာ အထည္ခ်ဳပ္ေတြက ေတာက္ေလွ်ာက္ကို ေတာ္ေတာ္မ်ားမ်ား မပိတ္ၾကေသးဘူးဆရာ။ မပိတ္ၾကတဲ့အခါက်ေတာ့ ျဖစ္လာမယ္ဆိုရင္ ကူးစက္မႈႏႈန္းက ေတာ္ေတာ္ႀကီးကို အႏၲရာယ္မ်ားလာႏိုင္တယ္။ ဒီေန႔ဆိုရင္ သမၼတထရန႔္ဆီကေန ကားတိုက္မႈတို႔ဘာတို႔ေၾကာင့္ ေသတာကလည္း ဒီထက္မ်ားတဲ့အတြက္ ဒီေရာဂါကို ဂ႐ုမထားဘဲနဲ႔လုပ္ငန္းေတြျပန္စဖို႔ကို လႈံ႕ေဆာ္တာ ေတြ႕ တယ္။ တ႐ုတ္ကလည္း အလုပ္ေတြ ျပန္စဖို႔ အတင္းလုံးပမ္းေနတာ လႈံ႕ေဆာ္တာရွိတယ္။ ဝိဝါဒကြဲေနေတာ့  ကြၽန္ ေတာ္တို႔ဆီမွာ  အထည္ခ်ဳပ္လုပ္ငန္းေတြကူးစက္ေရာဂါေၾကာင့္ ပိတ္လိုက္လို႔ရွိရင္ ဘယ္ေလာက္အထိ စီးပြားေရး ကို  သြားၿပီးေတာ့ ထိခိုက္ႏိုင္သလဲ ။ မပိတ္လို႔ရွိရင္ က်န္းမာေရးအရ အရမ္းကူးစက္လာလို႔ရွိရင္ ပိုဆိုး လာႏိုင္ မလား ဆရာ။

ပါေမာကၡ ေဒါက္တာေအာင္ထြန္းသက္ ။     ။ အဲ့ဒါကဘာလဲဆိုရင္ ဝိေရာဓိေပါ့။ ေ႐ြးခ်ယ္ရမယ့္ႏွစ္ခုစလုံးက တစ္ခုမွ အဆင္မေျပဘူး။ ဥပမာ ဆိုပါေတာ့ ထရန႔္တို႔ျပႆနာဆိုရင္ သူတို႔လည္းေတာ္ေတာ္ေလးကို ျပႆနာ ရင္ဆိုင္ေနရတယ္။ သူတို႔ စီးပြားေရး ရပ္မွာစိုးလို႔ ။ သူတို႔ကစီးပြားေရးရပ္သြားရင္ ေထာက္ပံ့ႏိုင္မႈက အေျခ အေန သိပ္မရွိဘူး။ အဲ့ဒီေတာ့ သူ႔အေနနဲ႔က စီးပြားေရး မရပ္ေအာင္ ဘယ္လိုလုပ္မလဲ၊ အဲ့ဒီေတာ့ စီးပြားေရးမရပ္ေအာင္ လုပ္မယ္ဆိုရင္ ဆိုင္ေတြျပန္ဖြင့္ေအာင္ လုပ္မယ္ဆိုရင္ ကူးစက္ႏႈန္းျပန္တက္လာမယ္။ ကူးစက္ႏႈန္းျပန္ တက္ လာရင္ ဘယ္လိုသြားလုပ္မလဲ။  ကူးစက္ႏႈန္းျပန္တက္လာရင္ လူေတြပိုၿပီးေနမေကာင္းျဖစ္လာရင္ အလုပ္ေတြ ပိတ္ရရင္ စီးပြားေရးျပန္ထိျပန္ေရာ။ ဟုတ္တယ္မဟုတ္လား။ အဲ့ဒီေတာ့ ဒီသံသရာကလည္ေနမွာေလ။

တစ္ခ်ိဳ႕ေတြက ဘာေျပာလဲဆိုေတာ့ စီးပြားေရးတက္ဖို႔ဆိုရင္ အခုအခ်ိန္မွာ အိႏၵိယျပည္မွာ လို တင္းတင္း ၾကပ္ၾကပ္  လုံး၀သြားလို႔မရေတာ့ဘူး ။ လမ္းေပၚထြက္တဲ့သူေတြကို နံပါတ္တုတ္နဲ႔ ႐ိုက္တာတို႔ အဲ့ဒီေလာက္ အထိျဖစ္လာတယ္။ သူတို႔ဆီမွာလုပ္တဲ့ဟာမ်ိဳး ။ ဆရာထင္တာကေတာ့ လုပ္တဲ့ ခ်ဥ္းကပ္တဲ့ ပုံစံအရ သုံးသပ္ ၾကည့္တာကေတာ့ ႏွစ္မ်ိဳးေတြ႕တာေပါ့။

ခ်မ္းသာတဲ့ႏိုင္ငံေတြလုပ္တဲ့ ခ်ဥ္းကပ္ပုံနဲ႔ ဆင္းရဲတဲ့ ႏိုင္ငံေတြလုပ္တဲ့ ခ်ဥ္းကပ္ပုံေလ။ အခုေအာင္ျမင္ တဲ့ႏိုင္ငံေတြ ၾကည့္လိုက္လို႔ရွိရင္ စင္ကာပူေအာင္ျမင္တယ္။ ဂ်ပန္ အေတာ္အသင့္ သူထိန္းႏိုင္တယ္။ တ႐ုတ္က လည္း အတင္းအၾကပ္လုပ္ေတာ့ ထိန္းလို႔ရတယ္။ အဲ့ဒီေတာ့ သူတို႔လို အခု အိႏၵိယတို႔လို ထိန္းရင္ အိႏၵိယလည္း မိုဒီလည္း လာမေျပာနဲ႔ေတာ့ အားလုံးမထြက္ရဘူးဆိုၿပီးေတာ့ ။အဲ့ဒီေလာက္အထိ လုပ္တဲ့ႏိုင္ငံေတြရွိသလို ဆင္းရဲ တဲ့ ႏိုင္ငံေတြကလည္း ပုံစံတစ္မ်ိဳးခ်ဥ္းကပ္ေနရင္ ။

ခ်မ္းသာတဲ့ႏိုင္ငံေတြက်ေတာ့လည္း ပုံစံတစ္မ်ိဳးနဲ႔ ခ်ဥ္းကပ္ေနတာေလ၊ ေသခ်ာတာကေတာ့ လူခ်င္း မေတြ႕တာ အေကာင္းဆုံးဆိုတာေသခ်ာတယ္။ အေျဖကေလ၊ ဒါကေရာဂါမပ်ံ႕ေစခ်င္ရင္ လူခ်င္းမေတြ႕ဖို႔ပဲ။ အခုဆိုရင္ ဆရာတို႔စိတ္ပူတာက အခုေတြ႕တာ သုံးေယာက္ရွိၿပီ၊ အားလုံးက ဘိလပ္ျပန္ေတြ၊ အေမရိကားက ျပန္လာတဲ့သူေတြ အခုအဓိကျပႆနာက ဘာလဲဆိုရင္ ဘိလပ္က ျပန္လာတဲ့အဖြဲ႕ဘယ္လိုလုပ္ၾကမလဲ၊ ထိုင္းက ေထာင္နဲ႔ ခ်ီ ဝင္လာတာရွိတယ္။ ေနာက္တစ္ခါအခု ဗုဒၶဂါယာ ဘုရားဖူးအဖြဲ႕ ။ အဲ့ဒီထဲက ဘယ္ေလာက္ပါမလဲ။ အဲ့ဒီေတာ့ Quarantine လုပ္ေပးၿပီးေတာ့ ။အခုျဖစ္တာက ဘာလဲဆိုရင္ လူတစ္ေယာက္မွာ ကိုယ္ကိုယ္ တိုင္ ေတာင္ ကိုယ့္မွာေရာဂါရွိၿပီဆိုရင္ ကိုယ္မသိဘူး။ မသိတဲ့အခါက်ေတာ့ ထိေတြ႕တဲ့ သူေတြအားလုံးက အႏၲရာယ္ ေတြရွိတယ္။ အဲ့ဒီအခါက်ေတာ့ လုံး၀ကို Lock Down ေပါ့ေနာ္။

အခု ဆရာ့စိတ္ထဲေတာ့ ေလယာဥ္ပ်ံကြင္းပိတ္ထားတာ ပိုေကာင္းတယ္၊ ဒါေပမဲ့ ကိုယ့္ႏိုင္ငံက သူမ်ား ႏိုင္ငံေတြလို ဆရာတို႔ဆင္းရဲတဲ့ႏိုင္ငံေတြ အေနနဲ႔အခက္အခဲရွိတာက ကိုယ့္ျပည္တြင္းကိုလာတဲ့သူေတြ ဝင္တဲ့သူ ေတြ ထြက္တဲ့သူေတြက တရားဝင္ ဝင္တာေတြ ထြက္တာေတြက နည္းနည္းေလးေလ။ တရားမဝင္တာက အမ်ား ႀကီး၊ ႀကိဳက္တဲ့အခ်ိန္ထြက္လို႔ရတယ္။ ႀကိဳက္တဲ့ အခ်ိန္ ဝင္လို႔ရတယ္ဆိုေတာ့ ဒီဘက္ကဆိုရင္ ဂိတ္ေတြမွာ တားဆီးတာက တစ္ပိုင္း၊ တားဆီးလို႔မရတဲ့အေပါက္ေတြက အမ်ားႀကီး။

အဲ့ဒီအခါက်ေတာ့ ဝင္လာတဲ့သူေတြက ေနာက္ဆိုရင္ပိုဆိုးတာက ဝင္လာတဲ့သူေတြက သူတို႔အေနနဲ႔က သူတို႔ရဲ႕ ေနရပ္ ေက်း႐ြာကို သြားတယ္ဆိုရင္ အဲ့ဒီပ်ံ႕တဲ့ႏႈန္းက ေတာ္ေတာ္ႀကီးမ်ားလာၿပီ၊ အခုအင္းစိန္မွာ ျဖစ္တဲ့ ကိစၥက အင္းစိန္ တစ္ၿမိဳ႕နယ္လုံးကို ပိတ္ရမလိုျဖစ္သြားတယ္။ သူနဲ႔ထိေတြ႕မိတဲ့သူေတြအမ်ားႀကီး။ ခ်င္းမွာလည္း သူသြားတဲ့ ခ်က္စ္(ဘုရားေက်ာင္း) အဲ့ဒီမွာရွိတဲ့ ဘုရားရွိခိုးေက်ာင္းမွာရွိတဲ့ တက္တဲ့သူေတြအားလုံးကို ထိန္းရမယ့္ သူေတြ ျဖစ္တဲ့အခါက်ေတာ့ လြယ္လြယ္ကူကူလုပ္ဖို႔ကေတာ့ ေတာ္ေတာ္ႀကီးကို ခက္တယ္။

အဲ့ဒီေတာ့ အဲ့ဒီလို အေျခအေနမွာ ႏိုင္ငံေတာ္အစိုးရက ဘယ္ေလာက္အထိဝင္လုပ္မလဲ၊ ဟုတ္တယ္ မဟုတ္လား။ ဝင္လုပ္ၿပီးေတာ့ ဒါကို ။ ဒီေနရာမွာလည္း စဥ္းစားမိတာက ကိုယ့္ႏိုင္ငံမွာ အင္အားတစ္ခုျဖစ္တဲ့ တပ္မေတာ္ကိုဘယ္လိုသုံးမလဲ။ ဒါလည္းအခုထိ မေျပာၾကေသးဘူး။ သူတို႔မွာလည္း ေဆး႐ုံေတြ အဆင္သင့္ရွိ တယ္၊ ေဆးတပ္ ဆိုတာ ကလည္း ေတာ္ေတာ္ေလးကို အေတာ္အသင့္ ျပည့္ျပည့္စုံစုံလုပ္ထားတာျဖစ္ေတာ့ ဒါကို အမ်ိဳးသားေရး အေနနဲ႔ စဥ္းစားၿပီးေတာ့ ဝိုင္း ဘယ္လိုလုပ္ၾကမလဲဆိုတာ စဥ္းစားဖို႔လိုလိမ့္မယ္လို႔ ေအာက္ေမ့တာပါပဲ။

ဒီအခ်ိန္က အရပ္သား အစိုးရနဲ႔ တပ္မေတာ္ဆိုၿပီး ခြဲရမယ့္ကိစၥမဟုတ္ေတာ့ဘူးေလ။ အကုန္လုံးဝိုင္း လုပ္ရမယ့္ကိစၥ။ အဲ့ဒီေတာ့ အစကေျပာတဲ့ လုပ္ငန္းရွင္ေတြတင္မကဘူး ႏိုင္ငံေတာ္အစိုးရ ၊တပ္မေတာ္ အားလုံး ေပါ့ ေလ ။ ဘယ္လိုလုပ္ၾကမလဲ၊ အဲ့ဒီေတာ့ တစ္ဦးခ်င္းမွာလည္း တာဝန္ရွိတာလည္း ရွိတာ။ ကိုယ့္ႏိုင္ငံကလည္း နဂိုကတည္းက စည္းကမ္းရွိတာမဟုတ္ဘူး။ အဲ့ဒီအခါက်ေတာ့ စည္းကမ္းထိန္းသိမ္းရမယ္ဆိုေတာ့ ကိုယ့္မွာ အခက္အခဲေတြအမ်ားႀကီး ဆရာတို႔ ႀကဳံေတြ႕ရမွာ။ အဲ့ဒီေတာ့ စိတ္ပူလာေတာ့ ကိုယ္ကေနာက္က်တဲ့ ႏိုင္ငံျဖစ္ ေတာ့ ေနာက္က်တဲ့ဟာကို အက်ိဳးရွိရွိ သုံးဖို႔လိုတယ္။ ကိုယ့္ေရွ႕က ေရာက္တဲ့သူေတြလို ဒုကၡမေရာက္ေအာင္ ဘယ္လိုလုပ္မလဲ။ ဟုတ္တယ္မဟုတ္လား၊ ဒါကိုစဥ္းစားဖို႔လိုတယ္၊ အဲ့ဒီလို မစဥ္းစားရင္ေတာ့ သူမ်ားလုပ္တဲ့ သင္ခန္းစာေတြ ကိုယ္မယူႏိုင္ရင္ေတာ့ ကိုယ္နာမွာပဲေလ။

Opinion Leaders Media ။     ။ တစ္ဖက္ကလည္း ကာကြယ္ကုသတဲ့အပိုင္းကိုလုပ္ေနသလို ေရာဂါၿပီးသြား လို႔ရွိရင္ ျမန္ျမန္ဆန္ဆန္ျပန္ၿပီးေတာ့စႏိုင္ေအာင္ဆိုၿပီးေတာ့ တစ္ခ်ိဳ႕ကလည္း လုပ္ေစခ်င္တဲ့အပိုင္းလည္းရွိတယ္။ တစ္ခ်ိဳ႕ေတြက ဒီေရာဂါေၾကာင့္ အြန္လိုင္းစီးပြားေရးက ပိုၿပီးBOOM ျဖစ္လာမယ္လို႔ မွန္းဆလုပ္ေနၾကတာလည္း ေတြ႕ရတယ္။ ဒီေတာ့ စီးပြားေရးလုပ္ေဆာင္ရာမွာ ယခင္အဆက္ဆက္ အခက္အခဲျဖစ္ေနတဲ့ စည္းမ်ဥ္း စည္းကမ္း ဥပေဒေတြ ၊ တစ္ခ်ိဳ႕အစဥ္အလာ ေတြကို ဒီဗိုင္းရပ္စ္ေၾကာင့္ စီးပြားေရးျပန္ႏိုးထလာေအာင္ အစိုးရက မူဝါဒဥပေဒ ေျဖေလ်ာ့ရင္း တစ္ခါတည္း ရွင္းပစ္ဖို႔လိုတယ္လို႔လည္း ေျပာဆိုမႈေတြရွိတယ္ဆရာ။ ဒီအေပၚမွာေတာ့ ဘယ္လိုမ်ား ရွိလဲဆရာ။

ပါေမာကၡ ေဒါက္တာေအာင္ထြန္းသက္ ။     ။ အခုက ေျပာင္းလဲလာတဲ့အေျခအေနမွာ ဥပေဒပိုင္းက အေနာက္က လိုက္ရင္ အျမန္ဆုံးလိုက္မွရမွာ။  ဆရာခဏခဏေျပာတယ္။ စားေသာက္ဆိုင္ေတြကို မင္းတို႔ ကိုယ့္ဆိုင္မွာ လူေတြ မလာေတာ့ဘူး၊ လူေတြမလာတာ ျပႆနာမဟုတ္ဘူး၊ လူေတြဆီေရာက္ေအာင္ သြားဖို႔က ကိုယ့္အခြင့္အေရး။  ေက်ာင္းေတြ တကၠသိုလ္ေတြ ေက်ာင္းသားေတြ လူေတြမလာေတာ့ဘူး အဲ့ဒါကိုယ့္အခြင့္အေရးပဲ။ ျပႆနာက အင္တာနက္ကလည္း လူတိုင္းမွာရွိတာမဟုတ္ဘူးေလ။ ဒီအခက္အခဲေတြရွိတယ္။

အဲ့ဒါေတြ ေက်ာ္လႊားႏိုင္ေအာင္ေတာ့ ဘယ္လိုလုပ္ၾကမလဲ။ စီးပြားေရးပုံစံေတြက အရင္ပုံစံေတြ အတိုင္း လုပ္လို႔ မရေတာ့ဘူးထင္တယ္။ ဒါကိုအခြင့္အေရး တစ္ခုအေနနဲ႔ အရင္တုန္းက အေျခအေနေတြေပးၿပီး မလုပ္ႏိုင္ တဲ့  တကၠသိုလ္ကဟာေတြ။ ဆရာတို႔ႏိုင္ငံတကာမွာေတာ့ e- learning ေပါ့ေနာ္၊ အင္တာနက္နဲ႔ တီဗြီနဲ႔ You Tube နဲ႔ ေလ့လာလို႔ရတာေတြလုပ္လို႔ရသလို ဒီမွာလည္း ဘယ္လိုလုပ္ၾက မလဲဆိုတာ။

ဒါအခြင့္အေရးတစ္ရပ္ပဲ။ ဒါေပမဲ့ခက္တာက အဲ့ဒီလိုကိုယ္ကေျပာေပမယ့္ ကိုယ္က လုပ္ငန္းရွင္ တစ္ ေယာက္မဟုတ္ေတာ့ လုပ္ငန္းရွင္တစ္ေယာက္အခက္အခဲကို မခံစားတတ္သလိုျဖစ္မွာစိုးတာပဲရွိတယ္။ သူတို႔က မ်က္ျဖဴစိုက္ေနတဲ့အခ်ိန္မွာ သြားၿပီးေတာ့ ခင္ဗ်ားတို႔ ခဏေလးသည္းခံလိုက္ပါဆိုတာက်ေတာ့ အဲ့ဒါက်ေတာ့ ကိုယ္ကလည္း မတရားဘူးေလ။ ဒါေပမဲ့ သူတို႔ကိုတကယ္တမ္းျဖစ္ေစခ်င္တာကေတာ့ ေရရွည္အတြက္ကိုေတာ့ စဥ္းစားေစခ်င္တာ။ ဆရာခဏခဏပဲေျပာတယ္။ အခြင့္အေရးလို႔ယူဆလာရင္ေတာ့ ဆက္တိုးၾကမယ္ေပါ့။ ဒါက လည္း ေတာ္႐ုံတန္႐ုံက မျဖစ္ႏိုင္ဘူး။

လက္ရွိအလုပ္လက္မဲ့ေတြအမ်ားႀကီးျဖစ္ေနေတာ့ အလုပ္မလာတဲ့သူကို လစာေပးေနရမယ္ဆိုတာ ကလည္း ဘယ္ေလာက္ေပးႏိုင္မလဲ။ တို႔ လုပ္ငန္းရွင္ေတြဆိုတာကလည္း ေခ်းငွားၿပီး လုပ္ေနရတာေလ၊ အဲ့ဒီလို ေနရာမွာ ဝန္ထမ္းေတြလစာေပးတဲ့ကိစၥကို ဘယ္သူကဝင္ၿပီးမွ်ေဝေပးမလဲဆိုတဲ့ကိစၥလည္း ရွိတာေပါ့။

Opinion Leaders Media ။     ။ အဲ့ဒါဆိုလို႔ရွိရင္ အကုန္လုံးၿခဳံလိုက္လို႔ရွိရင္ ဒီေရာဂါကိုတက္ညီလက္ညီ ကာကြယ္ဖို႔လိုၿပီး တစ္ဖက္မွာလည္း အမ်ားႀကီးျပင္ဆင္ထားသင့္တယ္ေပါ့ေနာ္ဆရာ။

ပါေမာကၡ ေဒါက္တာေအာင္ထြန္းသက္ ။     ။ အခုက တကယ္တမ္းေတာ့ အခုေတြ႕ၿပီဆိုကာမွ သူတို႔ေတာ္ေတာ္ ေလးေတာ့လုပ္ၾကတယ္။  ဒါေပမဲ့ အဲ့ဒီဟာကို ဒီထက္ပိုၿပီး ထိထိေရာက္ေရာက္ျဖစ္ေအာင္ ဘယ္လိုလုပ္ၾကမလဲ စဥ္းစားၾကရမွာေပါ့။ ျဖစ္တာေတာ့ ျဖစ္ေနၿပီ။

Opinion Leaders Media ။     ။ ဟုတ္ကဲ့ဆရာ။အထူးေက်းဇူးတင္ပါတယ္။

‌ေဒါက္တာေအာင္ထြန္းသက္
မတ္ - ၂၆