【 ပညာရှင်များ၏အမြင် 】 “ဒီနေ့သဘောတူတယ်၊ မနက်ဖြန်လုပ်နိုင်အောင် ဘယ်လိုလုပ်ကြမလဲ”

【 ပညာရှင်များ၏အမြင် 】 “ဒီနေ့သဘောတူတယ်၊ မနက်ဖြန်လုပ်နိုင်အောင် ဘယ်လိုလုပ်ကြမလဲ”

မြန်မာနိုင်ငံ၏ ငွေကြေးစနစ်အတွင်း တရားမဝင်ငွေကြေးခဝါချမှုနှင့် ပတ်သက်ပြီး မကြာမီက နိုင်ငံတကာအဖွဲ့အစည်းက လာရောက်စစ်ဆေးခဲ့ပါတယ်။အဆိုပါစစ်ဆေးချက်အရ  သတ်မှတ်ချက်မပြည့်မီသဖြင့် အဆိုပါအဖွဲ့ အစည်း၏ Gray List ထဲ သတ်မှတ်ခံခဲ့ရပါတယ်။
ထိုသတ်မှတ်ခံရမှုကြောင့် ချေးငွေပြဿနာရှိနေသည့် မြန်မာနိုင်ငံ ဘဏ်လောကအပေါ် နိုင်ငံတကာငွေကြေးစနစ်က အယုံအကြည်မဲ့လာနိုင်သည့်အခြေအနေ၊ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကုန်ကြမ်းပြတ်တော့မည့် ကုန်ကြမ်းပေး ကုန်ချောအထည်ချုပ်စက်ရုံများကြောင့် အီးယူက စောင့်ကြည့်နေသည့် GSP အခွင့်အရေး ထိခိုက်နိုင်သည့်အခြေအနေ၊ ပြည်ပရင်းနှီးမြုပ်နှံရာတွင် အကောင်အထည်ဖော်ရန် ကြုံနေရသည့် အခက်အခဲများ စသည့် လက်ရှိမြန်မာ့စီးပွားရေးအခြေအနေကို ဝါရင့်စီးပွားရေးပညာရှင်နှင့် နိုင်ငံတော်သမ္မတ၏ ငြိမ်းချမ်းရေးနှင့် စီးပွားရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်အား အထူးအစီအစဉ်တစ်ရပ်အနေဖြင့် မေးမြန်းခဲ့ပါတယ်။ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်၏ လတ်တလောဘဏ္ဍာရေးစနစ်နှင့် စီးပွားရေးအလားအလာအပေါ် ရှုမြင်သုံးသပ်ချက်အပြည့်အစုံကို ယခုတစ်ပတ် အထူးအစီအစဉ်အဖြစ် ဖော်ပြလိုက်ပါတယ်။

(Opinion Leaders Media အယ်ဒီတာအဖွဲ့)

Opinion Leaders Media ။     ။ မကြာသေးခင်က မြန်မာနိုင်ငံမှာ တရားမဝင်ငွေကြေးခဝါချမှုနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာအဖွဲ့ အစည်းက လာစုံစမ်းတာရှိတယ် ဆရာ၊ စုံစမ်းတဲ့နေရာမှာ မြန်မာဘက်မှာ စစ်ဆေးလို့မရသေးတဲ့ corruption လို ဟာမျိုးတွေလည်းရှိတယ်၊ တခြားမညီညွတ်တဲ့အချက်တွေလည်း ရှိတဲ့အတွက်ကို ဒါတွေက သူတို့သတ်မှတ်ချက်ထဲ ဝင်သွားရင် မြန်မာနိုင်ငံအတွက် ဘယ်လိုသွားထိခိုက်နိုင်လဲ ဆရာ။

ပါမောက္ခ ဒေါက်တာအောင်ထွန်းသက် ။     ။ အခုသတ်မှတ်ချက်ထဲ ဝင်သွားရင်မဟုတ်ဘူး။ဝင်သွားပြီ။ဆရာတို့မှာ ပွင့်လင်းမြင်သာမှုမရှိဘူး။ဗဟိုဘဏ်ကလည်း ဒါကို တော်တော်လေးဂရုတစိုက်လုပ်ပေမယ့် ဆရာတို့အခြေအနေတွေက အခြေခံတွေကမကောင်းတော့ စာရင်းထဲကိုရောက်သွားပြီလို့ သိရတယ်။အဲ့ဒီတော့ အဲဒီလိုလုပ်တဲ့အခါမှာ လုပ်ရကိုင်ရတော်တော်ခက်တာ။သူတို့က အခုပြဿနာက ဘာလဲဆိုတော့ ကိုယ့်တစ်နိုင်ငံတည်းမဟုတ်ဘူး၊ နိုင်ငံတကာမှာရှိတဲ့ ဒုစရိုက်နဲ့ပတ်သက်လို့၊ နောက်တစ်ခါ အဂတိလိုက်စားမှုနဲ့ပတ်သက်လို့ ထိန်းသိမ်းကာကွယ်တဲ့ပုံစံမျိုး တစ်ကမ္ဘာလုံးမှာလုပ်နေတာ။လုပ်တဲ့အခါကျတော့ သူတို့မှာ အဓိကပြဿနာက ငွေရေးကြေးရေး မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့ ငွေရေးကြေးရေး၊ အရင်းအမြစ်က ဘယ်ကရတယ်၊ မတရားတဲ့နည်းတွေနဲ့ ဝင်ငွေရတာတွေကို သူတို့အနေနဲ့ တားဆီးချင်တယ်၊ ပပျောက်အောင်လုပ်ချင်တဲ့သဘော ရှိတာကိုး၊ ရှိတဲ့အခါကျတော့ ဘဏ်တွေကိုလည်း တော်တော်လေး တင်းတင်းကြပ်ကြပ်လုပ်နေတာ တွေ့ရတယ်၊ ဒီလောက်ကြီးလုပ်နေပေမယ့် ဆရာတို့ဆီမှာက အခြေခံကအစ လျော့ရဲရဲဖြစ်တဲ့အခါကျတော့ အခုလို ပြန်ပြီးသတ်မှတ်ခြင်း ခံရတဲ့အခါကျတော့ ကိုယ့်နိုင်ငံကိုမယုံသင်္ကာဖြစ်ရင် ခုနအကျိုးဆက်တွေ ဘယ်တွေရှိမလဲမေးရင် လုပ်ရကိုင်ရတော်တော်ခက်သွားတယ်။အရင်တုန်းကတောင် ခက်ခဲနေတဲ့အထဲမှာ ဆရာတို့ခေါ်တဲ့ “ဗူးလေးရာ ဖရုံဆင့်” ပေါ့၊ အခက်အခဲတွေအများကြီးထဲမှာ လုပ်ရကိုင်ရတာ ငွေရေးကြေးရေးက တော်တော်ခက်လာတယ်၊

အရင်တုန်းကဆိုရင် သိတဲ့အတိုင်းပဲ sanction တွေ လျှော့လိုက်တယ်၊ လျှော့လိုက်တယ်နဲ့ ဒီလျှော့လိုက်တဲ့ sanction က ငွေရေးကြေးရေးကိစ္စ။ဆရာတို့ ကုမ္ပဏီတွေတော်တော်များများက မြန်မာကုမ္ပဏီတွေ အားလုံးလိုလိုက ကိုယ့်ဆီမှာ။စင်ကာပူမှာ ဟောင်ကောင်မှာ ငွေတွေလွှဲတာရတာ၊ လုပ်ရကိုင်ရ အခက်အခဲတွေရှိနေတဲ့အခါကျတော့ ဒါလုပ်ရကိုင်ရ တော်တော်ကြီးကို ဆရာတို့ ပိုပြီးခက်လာတာကိုး၊ ခက်လာတဲ့အခါကျတော့ ဗဟိုဘဏ်အနေနဲ့ကလည်း ဒီကိစ္စကို ကြိုတင်ပြီးသိတော့ ပြောနေကြတာ။

ဘဏ်တွေကိုလည်း သူတို့ညွှန်ကြားချက်တွေလုပ်တယ်၊ နောက်ဘဏ်ရဲ့အပ်ငွေစလစ်တွေ စိစစ်ပေးဖို့ ဆရာတို့စဉ်းစားတယ်၊ ဒီနေရာမှာ ဟိုတုန်းကလည်း ဆရာတို့မှာ ပြဿနာက ဘာရှိသလဲဆိုရင် ငွေမည်းကနေ ငွေဖြူလုပ်တဲ့ ပြဿနာရှိတာကိုး။ဒါလည်းချိတ်နေတာ။ငွေမည်းလို့ပြောတာက စနစ်ကိုသေချာမသိတဲ့သူတွေ အခုလိုငွေဖြူနော် ပုံစံတစ်မျိုးနဲ့ ကိုယ့်နိုင်ငံရဲ့ အခြေအနေအခက်အခဲကြောင့် ပုံစံတစ်မျိုးနဲ့ ငွေဖြူလုပ်လိုက်ရတာတွေလည်းရှိတယ်။ရှိတော့ တစ်ဖက်ကလည်း ဒါမလုပ်လို့မရတဲ့ကိစ္စဖြစ်ပေမယ့် အဲ့ဒီလိုလုပ်လိုက်ရင် ခုနပြောတဲ့နော် ဆရာတို့ ဒီစာရင်းသွင်းထားတဲ့အထဲမှာ ပိုပြီးတွန်းအားတွေပေးတာပေါ့။အဲ့ဒီတော့ အဲ့လိုဖြစ်လာတဲ့အတွက် ခုနလို ကိုယ်ကတော့ စိတ်ပူတယ်နော်၊ မဖြစ်ပါစေနဲ့လို့ အစကတည်းက မျှော်လင့်နေတာ၊ ဘဏ်တွေအနေနဲ့ ပုဂ္ဂလိကဘဏ်တွေအနေနဲ့ ဘဏ်လုပ်ငန်းရှင်တွေအနေနဲ့ ဒါကိုအမြန်ဆုံးစဉ်းစားပေမယ့် လက်တွေ့မှာတော့ ထင်သလောက်မဖြစ်လာဘူး၊ မဖြစ်လာတဲ့အခါကျတော့ ရလဒ်က ဒီလိုဖြစ်တယ်၊ ရလဒ်က ဒီလိုဖြစ်တာနောက်ပိုင်းမှာ ဒါတွေကို ဘယ်ပုံဘယ်နည်းနဲ့ကုစားမလဲဆိုတာ ဝိုင်းစဉ်းစားမှရမယ်။

ဘာကြောင့်လည်းဆိုတော့ ကိုယ့်ဘက်ကလို တစ်ဖက်ကလည်း အဂတိလိုက်စားမှု လျှော့ချရေးနော်၊ ငွေကြေးခဝါချမှုတို့ဘာတို့ ဒါအမျိုးမျိုးလုပ်နေတာပဲ၊ ဆရာတို့ဆီမှာ ပြဿနာရှိတာက ဘာလဲဆိုတော့ စီးပွားရေးကလည်းပဲ Formal ပေါ့။အခြေအနေက အဲ့ဒီပြဿနာ၊ တရားဝင်လုပ်ထားတဲ့ စီးပွားရေးရှိသလို တရားမဝင်တဲ့ စီးပွားရေးကလည်း သူတို့ပြောတဲ့အတိုင်းဆိုရင် နောက်ဆုံးကိန်းဂဏန်းအရဆိုရင် ဆရာတို့က တော်တော်မြင့်တဲ့နိုင်ငံဖြစ်နေတာ၊ တရားဝင်တာကတစ်ပိုင်း၊ တရားမဝင်တာက တစ်ပိုင်းဆိုတော့ တရားမဝင်လေလေ လုပ်ရကိုင်ရခက်လေလေ။အဲ့ဒီတော့ ဆရာတို့အနေနဲ့ တတ်နိုင်သမျှ စာရင်းတွေရှင်းလင်းထားတာ နိုင်ငံတော်ရဲ့စာရင်းစစ်ချုပ်ကလည်း အမျိုးမျိုးကြပ်မတ်နေပေမယ့် ပြဿနာက ဒါကြီးကပေါ်နေတာလေ။အဲ့ဒါကို အခုရလဒ်ကတော့ Gray List ပေါ့နော်၊ မီးခိုးရောင်ထဲ ပါသွားတယ်၊ မီးခိုးရောင်ထဲ ပါသွားတော့ ဒီထက်မဆိုးအောင် ဘယ်လိုလုပ် ကြမလဲ ဘယ်လိုကုစားကြမလဲ။ဒါအရေးကြီးတယ်၊ ဒါကတော့ ဆရာထင်တယ်၊ အားလုံးတာဝန်ရှိတယ်လို့ အောက်မေ့တာပါပဲ။

Opinion Leaders Media ။     ။ လက်ရှိမှာ EU က GSP ဆက်ပေးတာနဲ့ ပတ်သက်ပြီးတော့ ကမ္ဘောဒီးယားနဲ့ မြန်မာကို ကြည့်တဲ့နေရာမှာ ကမ္ဘောဒီးယားကတော့ ကျသွားတယ်၊ မြန်မာကတော့ စောင့်ကြည့်မယ်၊ လတ်တလောမှာလည်း အထည်ချုပ်လုပ်ငန်းတွေက တရုတ်ဘက်က အကုန်ပိတ်တဲ့အတွက်ကြောင့် ကုန်ကြမ်းတွေမရလို့ ဒီဧပြီလလောက်အထိပဲ လည်ပတ်ဖို့ရှိတော့တယ်ဆိုတဲ့ ပုံစံမျိုးတွေကြားရတယ်။ဒီလို GSP နဲ့ ပတ်သက်ပြီး စောင့်ကြည့်ခံရတဲ့ အနေအထားမျိုးမှာ ဒီလိုမျိုးကုန်ကြမ်းပြတ်လို့ စက်ရုံတွေပိတ်ရတော့မယ်ဆိုလို့ရှိရင် ဆန္ဒပြမှုတွေပေါ်လာခဲ့ရင် GSP အနေအထားက ပြန်ထိသွားနိုင်လားဆရာ..။ဘယ်လောက်အထိ သွားဖြစ်နိုင်လဲ။

ပါမောက္ခ ဒေါက်တာအောင်ထွန်းသက် ။     ။ ခုနပြောတဲ့အကြောင်းအရာက သုံးပိုင်းလောက်ရှိတာပေါ့။ GSP လို့ ပြောတာက ဥရောပအဖွဲ့ချုပ်အနေနဲ့ သူတို့က ဒီဆင်းရဲတဲ့နိုင်ငံတွေ ကမ္ဘောဒီးယားတို့ ဘာတို့ အခွင့်အလမ်းပေးတာပေါ့။အခွင့်အလမ်းပေးတာ။
နိုင်ငံရဲ့ဖွံ့ဖြိုးမှုကို တွန်းအားပေးတဲ့အနေနဲ့ သူတို့ဆီသွင်းတဲ့ ကုန်တွေကို GSP ကို အခွန်တွေလျှော့ပေးတယ်၊ အခွန်တွေသက်သာတယ်၊ သက်သာတဲ့နှုန်းနဲ့လုပ်ပေးတယ် ဘာညာဆိုရင် ကိုယ့်ဆီကထုတ်သမျှအားလုံးဟာ အကျိုးရှိတယ်။အဲ့ဒီတော့ GSP ရှိတဲ့ နိုင်ငံတွေကို ဥပမာ - တရုတ်တွေက ဘာကြောင့်လာလုပ်ချင်တယ်၊ ကိုရီးယားက ဘာကြောင့်လုပ်ချင်လဲဆိုရင် GSP ခံစားမှုရှိတော့ ကိုယ့်နိုင်ငံရဲ့ ထွက်ကုန်တွေက GSP တွေနဲ့ သတ်မှတ်ရင် ကိုယ့်မှာအကုန်လုံးသက်သာမယ်။

ဒါပေမဲ့ အဲ့ဒီလို GSP ရဖို့ဆိုရင် ကတိကဝတ်ပြုရတယ်လေ၊ ကတိကဝတ်ပြုရတော့ အထူးသဖြင့် သူတို့သံအမတ်ကြီးလည်း ပြောတာပဲ။ဒါကိုလုပ်ပေးတာသည် စောင့်ကြည့်တဲ့ဟာကို သတိထားဖို့လိုတယ်။လွတ်ကင်းဖို့ စဉ်းစားလို့မရဘူး၊ ကိုယ်ကလေ အမြဲတမ်းအကောင်းမြင်တော့ ဟာ ဒါဆိုရင် ဒို့လွတ်သွားပြီ၊ ကမ္ဘောဒီးယားက မလွတ်ဘူး၊ ဒို့ကလွတ်သွားပြီဆိုတာမျိုး မဟုတ်ဘူး။ဒို့ကိုစောင့်ကြည့်နေတာ၊ အဲ့ဒီတော့ စောင့်ကြည့်နေတဲ့အခါကျတော့ သူတို့ရဲ့ စံနှုန်းစံထားတွေအတိုင်း လှုပ်ရှားဖို့လိုတယ်။အဲ့ဒီတော့ GSP ရဖို့ဆိုရင် ကိုယ်ဘာလုပ်ရမလဲ အထည်ချုပ်တွေ။အဲ့ဒီတော့ အထည်ချုပ်တွေဘာလုပ်ရမလဲဆိုတဲ့ အထူးသဖြင့် လုပ်ငန်းရှင်တွေရယ်၊ နိုင်ငံတော်အစိုးရရယ်၊ သမဂ္ဂတွေရယ်၊ ဝန်ထမ်းတွေရယ်ပေါ့။

ပြဿနာက ဘာလဲဆိုရင် ဒီအထည်ချုပ်တွေမှာလည်း သမဂ္ဂတွေကပြဿနာ။သမဂ္ဂတွေက တကယ်တမ်းတော့ ထဲထဲဝင်ဝင်လုပ်နေတဲ့ ဝန်ထမ်းတွေမဟုတ်တော့ဘဲနဲ့ အပြင်လူတွေများတယ်။ကိုယ့်နိုင်ငံမှာ ဒီလိုမျိုး အများကြီးဆန္ဒပြတယ်။လွှတ်တော်ကို သွားဆန္ဒပြတယ်။ရန်ကုန်တိုင်းအစိုးရကို သွားဆန္ဒပြတယ်။

တရုန်းရုန်းဖြစ်လာတဲ့အထဲမှာ ခုနပြောတဲ့ GSP ကိစ္စ တစ်ခုတည်းကနေ နောက် ဆရာတို့ ဘယ်ဘက်သွားကူးပြန်သလဲဆိုရင် အထည်ချုပ်တွေအားလုံးမှာ ကုန်ကြမ်းတွေပြတ်တော့မယ်၊ တော်တော်များများ ကုန်ကြမ်းတွေက တရုတ်ကလာတဲ့ ကုန်ကြမ်းတွေ၊ ဒီ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ ကုန်ကြမ်းတွေပြတ်ရင် ဘယ်လိုလုပ်ကြမလဲ၊ ဘယ်လိုလုပ်ကြမလဲဆိုရာမှာ ခုနပြောသလို ဝန်ထမ်းတွေကိုလည်း ပြောလို့မရဘူးလေ၊ ဟုတ်တယ် မဟုတ်လား၊ အလုပ်မရှိရင် သူကတစ်ခုခုတော့လုပ်မှာပဲ၊ လုပ်တဲ့အခါမှာ ဘယ်လိုကိုင်တွယ်လဲဆိုတာ မူတည်ပြန်တယ်။

အဲဒီတော့ ဒီနေရာမှာ ဆရာတို့အနေနဲ့ အစကတည်းက ဟိုဟာက အထည်ချုပ်လုပ်ငန်းရှင်တွေရဲ့ အဓိကပြဿနာက အနည်းဆုံးလုပ်ခလစာ ပြောင်းသွားတဲ့အတွက် သူတို့အတွက် Mergin က သိပ်ပါးပါးလေး ကျန်တော့တာ။အထည်ချုပ် အထည်ချုပ် ပြောနေပေမယ့် CMP ကို လူတွေက သဘောမပေါက်ဘူး။ကုန်ကြမ်းပေး ကုန်ချောယူ ဆိုပေမယ့် ကိုယ့်ဆီက ဘာပဲရမလဲဆိုတော့ လုပ်ခပဲရမယ်။ကိုယ်ကိုယ်တိုင်လည်း Brand မရှိဘူး။ရှိတဲ့ Brand ကိုလည်း နိုင်ငံတကာမှာ ထိုးဖောက်အောင် မလုပ်နိုင်တော့ သူများတစ်ကမ္ဘာလုံးမှာ နာမည်ကြီးတဲ့ Brand တွေကို ကိုယ်က အငှားချုပ်ရတာလေ။အငှားချုပ်ရတော့ သူတို့က ကုန်ကြမ်းတွေလာပေးတယ်၊ ရှိသမျှ ကုန်ကြမ်းတွေအားလုံး ကိုယ်ကဖြတ်ညှပ်ပြီးတော့ ကိုယ်ကချုပ်ပြီးတော့ ထုပ်ပိုးပြီးတော့ သူတို့ဆီပြန်ပို့ရတာလေ။

ပြန်ပို့တဲ့အခါကျတော့ ကိုယ့်မှာကျန်တာက ကုန်ကြမ်းက ကိုယ့်ဟာကိုယ် ဝယ်ပြီးလျှော့လို့ရတယ်၊ အစသဖြင့်ပေါ့။အခုကတော့ စျေးနှုန်းနဲ့သတ်မှတ်လို့ရတာမဟုတ်ဘူး။ကိုယ့်မှာတစ်ခုတည်းရှိတာက လက်ခပေါ့။လက်ခကလည်း ပါးပါးလေးရတာ၊ ပါးပါးလေးရတော့ ဒီဘက်မှာလည်း စရိတ်တွေကတက်လာတယ်၊ ပြီးတော့ အထည်ချုပ်တွေ စက်မှုဇုန်တွေ အမျိုးမျိုးခေါ်တာပေါ့ဗျာ။တော်တော်များများမှာ လျှပ်စစ်ကလည်း သေချာရတာမဟုတ်ဘူး။လျှပ်စစ်မရတဲ့အခါကျတော့ စရိတ်ကတက်ပြန်ရော၊ အခုလုပ်ငန်းရှင်တွေမှာ ဒုက္ခရောက်နေတာက မကြာသေးခင်က တိုးလိုက်တဲ့ လျှပ်စစ်အခတွေရယ်၊ အနည်းဆုံး လုပ်ခလစာတွေနဲ့ သူတို့မှာ တော်တော်ကြီးကို အကြပ်အတည်းတွေဖြစ်နေတယ်။အကြပ်အတည်းတွေဖြစ်တာကို သူတို့ ဘယ်လိုကိုင်တွယ်မလဲ သူတို့အနေနဲ့ အရင်လို စိတ်ထဲရှိတာလုပ်လို့မရတော့ဘူး။ GSP ကို ပြန်စောင့်ကြည့်မယ်လို့ ပြောနေတာ။

အဲ့ဒီတော့ ကိုယ့်ဘက်ကတော့ အပြုသဘောနဲ့ ပြောရရင်တော့ သူတို့ ဘာကိုစောင့်ကြည့်တာလဲ၊ ကန့်ကွက်တာ မကန့်ကွက်တာ မပြောနဲ့တော့။သူတို့ကတော့ ကိုယ့်အနေနဲ့ ဒီအထဲကလွတ်အောင် ဘာလုပ်ရမလဲ။ကမ္ဘောဒီးယားဘာကြောင့် မလွတ်လဲဆိုတာ နားလည်ဖို့လိုတယ်။အဲ့ဒီတော့ ကမ္ဘောဒီးယားရဲ့ အတွေ့အကြုံကို ကိုယ်ကသင်ခန်းစာယူပြီးတော့ ကိုယ့်အလှည့်ကျရင် ဒီလိုမဖြစ်အောင်နော်၊ ဆရာကစိတ်ပူတာနော်၊ ကိုယ့်လူမျိုးရဲ့စရိုက်က လွတ်ပြီဆိုရင် ပြီးသွားပြန်ရောနော်၊ မေ့မေ့ပျောက်ပျောက် လုပ်လိုက်ပြန်ရော၊ ပြီးသွားပြီတို့ အဆင်ပြေသွားပြီဆိုပေမယ့် အဆင်ပြေတာက ခဏပြောနေတာ၊ နောက်ပြန်လာရင် ဘယ်လိုလုပ်ကြမလဲ အဲ့ဒါစဉ်းစားဖို့လိုတာ။

Opinion Leaders Media ။     ။ မကြာခင်က FDI က ထုတ်တဲ့ စာရင်းဇယားတွေမှာ ပြီးခဲ့တဲ့ဇန်နဝါရီလထဲမှာ အဆိုပြုထားတဲ့ ရင်းနှီးမြှုပ်နှံမှုက သန်း ၉၀၀ ကျော်တယ်၊ ဒါက တော်တော်လေးကို ထိုးတက်လာတဲ့အနေအထား ဆရာ၊ ပြီးခဲ့တဲ့ လွှတ်တော်အစည်းအဝေးထဲမှာ လျှပ်စစ်စွမ်းအားက ဖြေသွားတာရှိတယ်၊ ကျွန်တော်တို့ ဒီလပိုင်းအတွင်းထဲမှာ ဒီနှစ်ဝက်အတွင်းထဲမှာပဲ မဂ္ဂါဝပ် ၁၀၀၀ နီးပါးကို နည်းပေါင်းစုံနဲ့ ထည့်ပေးမယ်ပြောနေတယ်၊ ရင်းနှီးမြှုပ်နှံမှုက လျှပ်စစ်ကြောင့် တော်တော်လေးထိခိုက်တယ်ဆိုတဲ့ အနေအထားမှာ အဲ့ဒီလိုမျိုး လျှပ်စစ်ဝင်လာခဲ့မယ်ဆိုရင် ကိုရိုနာကြောင့် ထိနိုင်တဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှုက ပြန်မျှော်လင့်လို့ရမလား ဆရာ။

ပါမောက္ခ ဒေါက်တာအောင်ထွန်းသက် ။     ။ ဆရာတို့ အခုပြောတာကတော့ ပမာဏကြီးတဲ့ ရင်းနှီးမြှုပ်နှံမှုတွေရဖို့။ပမာဏကြီးတဲ့ ရင်းနှီးမြှုပ်နှံမှုတွေက ဥပမာ - အထည်ချုပ်လည်းမဟုတ်ဘူး၊ စက်ရုံအလုပ်ရုံတွေလည်းမဟုတ်ဘူး၊ ခုနလာတဲ့ဟာတွေလည်းမဟုတ်ဘူး။
ကြီးတာက ဘယ်လိုလဲဆိုတော့ တစ်ချိန်တုန်းက ဦးသိန်းစိန် လက်ထက်တုန်းက ဘာကြောင့် ဒီလိုမျိုးတက်သွားသလဲဆိုရင် ခုန တယ်လီကွန်းကြီးဖွင့်လိုက်တာတို့ ဟုတ်တယ် မဟုတ်လား။နောက်တစ်ခါ ဓာတ်ငွေ့တွေ ရေနံဓာတ်ငွေ့တွေ ဖွင့်လိုက်တာတို့။အဲ့ဒီတော့ ဥပမာ ဆရာတို့အလားအလာက ဧရာ၀တီအလွန်မှာ ထပ်တွေ့တယ် ဘာညာပြောရင် အဲ့ဒီလိုအရင်းအနှီးတွေ အလုံးအရင်းကြီးကြီးမားမားနဲ့ ဝင်လာရင်တော့ ကိုယ့်အတွက် အလားအလာရှိတာပေါ့၊ ဟုတ်တယ် မဟုတ်လား၊ ဒါကိုပဲမျှော်ရမှာ၊ အဲ့ဒီတော့ ဒီလိုမျှော်ရမယ်။

နောက်တစ်ခါ အရင်တုန်းက ဆရာတို့မှန်းတာလည်း ပိုးလမ်းကိစ္စနဲ့ ရှီကျင့်ဖိန် ပြန်သွားတဲ့အချိန်မှာ infrastructure အကြီးအကျယ်လုပ်နိုင်တယ်။ဥပမာ - အမြန်ရထားတို့လို ဒါတွေအားလုံး ဒီစီမံချက်တွေ အကောင်အထည်ဖော်ရင် ရင်းနှီးမြှုပ်နှံမှုက မလွဲမသွေတက်လာမယ်။အခုက နောက်တစ်ခါ ရန်ကုန်မြို့သစ်စီမံကိန်းတို့ မန္တလေး၊ မူဆယ် ဒါတွေအားလုံးက ရပ်သွားပြန်ရော။အဲ့ဒီတော့ ဆရာတို့အနေနဲ့ မျှော်လင့်ရတဲ့အရာက ရေနံဓာတ်ငွေ့ရည်ပဲကျန်တယ်။ရေနံဓာတ်ငွေ့ အခုရှိနေတဲ့ဓာတ်ငွေ့ကို သူတို့စမ်းသပ်တဲ့အခါမှာ အင်မတန်မှအလားအလာရှိတဲ့ အခြေအနေတစ်ခုရတယ်ဆိုရင် အဲ့ဒါကြီးကို အမြန်ဆုံးရင်းနှီးမြုပ်နှံ။နောက် တစ်ခုကရှိတာက ရင်းနှီးမြှုပ်နှံမှု ကြိုဆိုနေတယ်။သူတို့က ဒါအဆိုပြုလွှာလောက်ပဲ လက်ခံတာ။ဒါကိုအမြန်ဆုံး။ပြဿနာက ဘာလဲဆိုရင် သူတို့လက်ခံပြီးတဲ့အခါမှာ သဘောတူပြီးတဲ့အခါမှာ ဒီနေ့သဘောတူတယ်၊ မနက်ဖြန်လုပ်နိုင်အောင် ဘယ်လိုလုပ်ကြမလဲ။ဟုတ်တယ် မဟုတ်လား၊ ဒီကတော့သဘောတူလိုက်တယ်။နောက်ခြောက်လလည်း မပြီးသေး တစ်နှစ်လည်း မပြီးသေးဘူးဆိုရင်တော့ ရင်းနှီးမြှုပ်နှံမှုတွေက အကောင်အထည်ပေါ်မှာ မဟုတ်ဘူးလေ။အဲ့ဒီတော့ ရင်းနှီးမြှုပ်နှံမှုက ဆရာတို့အသက်သွေးကြောပဲ၊ ကိုယ့်ဆီကအရင်းအနှီးက ကိုယ်က FDI နဲ့လည်း ကြည့်တာပဲ ကိုယ့်မှာလည်း ပုံစံအမျိုးမျိုးနဲ့ရှိနိုင်တဲ့ အင်အားလည်း အားနည်းတာကိုး။

Opinion Leaders Media ။     ။  ဒီလိုမျိုးအခင်းအကျင်းတွေ ဖြစ်နေတဲ့အတွက် ပြည်ပရင်းနှီးမြှုပ်နှံမှုက လက်ရှိမှာ ထိန်းထိန်းသိမ်းသိမ်းနဲ့ မျှော်လင့်ရမယ့်အနေအထား ဖြစ်နေတဲ့သဘောလား ဆရာ။

ပါမောက္ခ ဒေါက်တာအောင်ထွန်းသက် ။     ။ တစ်ခုပဲ ဆရာမျှော်မှန်းကြည့်တာလေ ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်ပေါ့လေ။အဲဒီဥပဒေသစ်နဲ့ပတ်သက်လို့ နိုင်ငံခြားပိုင်ဆိုင်မှုကို လက်ခံတဲ့အခြေအနေတွေ ဒါကိုလူတွေသိအောင် ပိုလုပ်မှရမယ်။၃၅ ရာခိုင်နှုန်းဝယ်ရင် အဲ့ဒီကုမ္ပဏီကို ပြည်တွင်းလုပ်ငန်းတစ်ခုအနေနဲ့ သတ်မှတ်ထားတယ်လို့ ဥပဒေဘက်ကရှိတယ်လေ။အဲ့ဒီဟာက အခွင့်အလမ်းပဲ။အဲ့ဒီလိုပြောတော့ အခုကလည်း တစ်ချို့တွေက မျိုးချစ်ကြတဲ့သူတွေက ပေါ်လာပြန်ရော။သူတို့ဝယ်နိုင်တာကို ဝယ်ပါစေတော့။ကိုယ့်မှာအရင်းအနှီးမှမရှိတာ။

ခုန နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဇစ်မြစ်ကတစ်ခု ဆရာထင်တာတော့ မြန်မာပြည်မှာ ထင်ရှားတဲ့ကုမ္ပဏီတွေကို လာဝယ်ချင်တဲ့ လာဝယ်နိုင်တဲ့သူတွေက ရှိနေပြီ။မျက်စိကျတဲ့ ကုမ္ပဏီကြီးတွေပေါ့။အဲ့ဒီတော့ အဲ့ဒီလိုအကြီးကြီးတွေ ဝင်လာတဲ့အခါမှာ ကိုယ်က လတ်တလောလက်ခံဖို့ လိုလိမ့်မယ်။
ဥပဒေရှိတယ်လို့ပြောပေမယ့် ဆရာတို့မှာပြဿနာက အဲ့ဒါပဲ။နိုင်ငံတော်က ဥပဒေထုတ်ထားပေမယ့် တကယ်လက်တွေ့လုပ်ရတဲ့အခါမှာ အခက်အခဲတွေကရှိနေတယ်။ဘာပဲဖြစ်ဖြစ် အဲ့ဒါကလည်း ထွက်ပေါက်တစ်ခု၊ ဒါကတော့နော် ကုမ္ပဏီအသေးလေးတွေနဲ့ မပတ်သက်ဘူး။သို့သော်လည်းပဲ ဒါတောင် ကုမ္ပဏီသေးလေးတွေ မကန့်သတ်ဘူး၊ အိုင်တီကလေးတွေ ဘာညာတစ်ချို့ လာနေကြပြီ။သူတို့ခေါ်တဲ့ Private Activites ။ ဆရာတို့ MIC ကနေ မဖြတ်တဲ့ အသေးလေးတွေရှိလာပြီ။

သူတို့အဖွဲ့တွေက အဲဒီလို နိုင်ငံတကာမှာ ဒီအရင်းအနှီးစျေးကွက်ကို လိုက်ရှာတယ်၊ ပြီးတော့ အတိုးနှုန်းသက်သက်သာသာနဲ့ယူလာတယ်။ယူလာပြီးတော့ ဒီမှာအရင်းအနှီးတွေ လုပ်ပေးတာတွေရှိတယ်။ဒါလည်းအခွင့်အရေးတစ်ခုပဲ။လွှတ်ပေးလိုက်ဖို့လိုတယ်လေ၊ အခုကတော့ အားလုံးက တစ်ဖက်က ဘာကြောင့်လဲဆိုတော့ လူငယ်တွေကိုမေးလိုက်ရင် အခုက သူတို့က အပိုတွေဘာတွေ သိပ်မပြောတော့ဘူး၊ အလုပ်ဖြစ်အောင်လုပ်ဖို့ပဲ သိတော့တယ်။အဲ့ဒီအလုပ်ဖြစ်အောင်လုပ်တဲ့သူကို သွားပြီးအနှောင့်အယှက်မပေးဖို့ပဲ၊ ဥပဒေနဲ့မညီတဲ့ဟာမျိုးတော့ မဟုတ်ဘူးပေါ့လေ။

ဒါပေမဲ့ သူတို့အနေနဲ့ ကြိုးစားပမ်းစား တီထွင်မှုရှိတယ်၊ စွန့်ဦးတီထွင်တဲ့လုပ်ငန်းတွေ အားပေးဖို့လိုတယ်လေ။အဲ့ဒီတော့ ဒါတွေကို နိုင်ငံတော်က ဒါပျိုးထောင်ပြီးတော့ FDI အပြင်ကို ခုနပြောတဲ့ Private Activites ပေါ့။နိုင်ငံတကာမှာရှိတဲ့ အရင်းအနှီးစျေးကွက်ကို ဆွဲခေါ်နိုင်အောင် ဘယ်လိုလုပ်မလဲ။သူတို့အနေနဲ့ကတော့ စက်ရုံအလုပ်ရုံ လာထောင်မှာမဟုတ်ဘူး၊ ရှိတဲ့ငွေတွေကို ဒီမှာလုပ်နိုင်တဲ့သူတွေကို လုပ်ပါစေပေါ့၊ အဲ့လိုပဲစဉ်းစားရမှာပေါ့။

Opinion Leaders Media ။     ။ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာ။

ဒေါက်တာအောင်ထွန်းသက်
ဖေဖော်ဝါရီ - ၂၇

( Zawgyi )

ျမန္မာႏိုင္ငံ၏ ေငြေၾကးစနစ္အတြင္း တရားမဝင္ေငြေၾကးခဝါခ်မႈႏွင့္ ပတ္သက္ၿပီး မၾကာမီက ႏိုင္ငံတကာအဖြဲ႕အစည္းက လာေရာက္စစ္ေဆးခဲ့ပါတယ္။အဆိုပါစစ္ေဆးခ်က္အရ  သတ္မွတ္ခ်က္မျပည့္မီသျဖင့္ အဆိုပါအဖြဲ႕ အစည္း၏ Gray List ထဲ သတ္မွတ္ခံခဲ့ရပါတယ္။
ထိုသတ္မွတ္ခံရမႈေၾကာင့္ ေခ်းေငြျပႆနာရွိေနသည့္ ျမန္မာႏိုင္ငံ ဘဏ္ေလာကအေပၚ ႏိုင္ငံတကာေငြေၾကးစနစ္က အယုံအၾကည္မဲ့လာႏိုင္သည့္အေျခအေန၊ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ကုန္ၾကမ္းျပတ္ေတာ့မည့္ ကုန္ၾကမ္းေပး ကုန္ေခ်ာအထည္ခ်ဳပ္စက္႐ုံမ်ားေၾကာင့္ အီးယူက ေစာင့္ၾကည့္ေနသည့္ GSP အခြင့္အေရး ထိခိုက္ႏိုင္သည့္အေျခအေန၊ ျပည္ပရင္းႏွီးျမဳပ္ႏွံရာတြင္ အေကာင္အထည္ေဖာ္ရန္ ႀကဳံေနရသည့္ အခက္အခဲမ်ား စသည့္ လက္ရွိျမန္မာ့စီးပြားေရးအေျခအေနကို ဝါရင့္စီးပြားေရးပညာရွင္ႏွင့္ ႏိုင္ငံေတာ္သမၼတ၏ ၿငိမ္းခ်မ္းေရးႏွင့္ စီးပြားေရးဆိုင္ရာ အႀကံေပးပုဂၢိဳလ္ ပါေမာကၡ ေဒါက္တာေအာင္ထြန္းသက္အား အထူးအစီအစဥ္တစ္ရပ္အေနျဖင့္ ေမးျမန္းခဲ့ပါတယ္။ပါေမာကၡ ေဒါက္တာေအာင္ထြန္းသက္၏ လတ္တေလာဘ႑ာေရးစနစ္ႏွင့္ စီးပြားေရးအလားအလာအေပၚ ရႈျမင္သုံးသပ္ခ်က္အျပည့္အစုံကို ယခုတစ္ပတ္ အထူးအစီအစဥ္အျဖစ္ ေဖာ္ျပလိုက္ပါတယ္။

(Opinion Leaders Media အယ္ဒီတာအဖြဲ႕)

Opinion Leaders Media ။     ။ မၾကာေသးခင္က ျမန္မာႏိုင္ငံမွာ တရားမဝင္ေငြေၾကးခဝါခ်မႈနဲ႔ ပတ္သက္ၿပီးေတာ့ ႏိုင္ငံတကာအဖြဲ႕ အစည္းက လာစုံစမ္းတာရွိတယ္ ဆရာ၊ စုံစမ္းတဲ့ေနရာမွာ ျမန္မာဘက္မွာ စစ္ေဆးလို႔မရေသးတဲ့ corruption လို ဟာမ်ိဳးေတြလည္းရွိတယ္၊ တျခားမညီၫြတ္တဲ့အခ်က္ေတြလည္း ရွိတဲ့အတြက္ကို ဒါေတြက သူတို႔သတ္မွတ္ခ်က္ထဲ ဝင္သြားရင္ ျမန္မာႏိုင္ငံအတြက္ ဘယ္လိုသြားထိခိုက္ႏိုင္လဲ ဆရာ။

ပါေမာကၡ ေဒါက္တာေအာင္ထြန္းသက္ ။     ။ အခုသတ္မွတ္ခ်က္ထဲ ဝင္သြားရင္မဟုတ္ဘူး။ဝင္သြားၿပီ။ဆရာတို႔မွာ ပြင့္လင္းျမင္သာမႈမရွိဘူး။ဗဟိုဘဏ္ကလည္း ဒါကို ေတာ္ေတာ္ေလးဂ႐ုတစိုက္လုပ္ေပမယ့္ ဆရာတို႔အေျခအေနေတြက အေျခခံေတြကမေကာင္းေတာ့ စာရင္းထဲကိုေရာက္သြားၿပီလို႔ သိရတယ္။အဲ့ဒီေတာ့ အဲဒီလိုလုပ္တဲ့အခါမွာ လုပ္ရကိုင္ရေတာ္ေတာ္ခက္တာ။သူတို႔က အခုျပႆနာက ဘာလဲဆိုေတာ့ ကိုယ့္တစ္ႏိုင္ငံတည္းမဟုတ္ဘူး၊ ႏိုင္ငံတကာမွာရွိတဲ့ ဒုစ႐ိုက္နဲ႔ပတ္သက္လို႔၊ ေနာက္တစ္ခါ အဂတိလိုက္စားမႈနဲ႔ပတ္သက္လို႔ ထိန္းသိမ္းကာကြယ္တဲ့ပုံစံမ်ိဳး တစ္ကမာၻလုံးမွာလုပ္ေနတာ။လုပ္တဲ့အခါက်ေတာ့ သူတို႔မွာ အဓိကျပႆနာက ေငြေရးေၾကးေရး မူးယစ္ေဆးဝါးနဲ႔ပတ္သက္တဲ့ ေငြေရးေၾကးေရး၊ အရင္းအျမစ္က ဘယ္ကရတယ္၊ မတရားတဲ့နည္းေတြနဲ႔ ဝင္ေငြရတာေတြကို သူတို႔အေနနဲ႔ တားဆီးခ်င္တယ္၊ ပေပ်ာက္ေအာင္လုပ္ခ်င္တဲ့သေဘာ ရွိတာကိုး၊ ရွိတဲ့အခါက်ေတာ့ ဘဏ္ေတြကိုလည္း ေတာ္ေတာ္ေလး တင္းတင္းၾကပ္ၾကပ္လုပ္ေနတာ ေတြ႕ရတယ္၊ ဒီေလာက္ႀကီးလုပ္ေနေပမယ့္ ဆရာတို႔ဆီမွာက အေျခခံကအစ ေလ်ာ့ရဲရဲျဖစ္တဲ့အခါက်ေတာ့ အခုလို ျပန္ၿပီးသတ္မွတ္ျခင္း ခံရတဲ့အခါက်ေတာ့ ကိုယ့္ႏိုင္ငံကိုမယုံသကၤာျဖစ္ရင္ ခုနအက်ိဳးဆက္ေတြ ဘယ္ေတြရွိမလဲေမးရင္ လုပ္ရကိုင္ရေတာ္ေတာ္ခက္သြားတယ္။အရင္တုန္းကေတာင္ ခက္ခဲေနတဲ့အထဲမွာ ဆရာတို႔ေခၚတဲ့ “ဗူးေလးရာ ဖ႐ုံဆင့္” ေပါ့၊ အခက္အခဲေတြအမ်ားႀကီးထဲမွာ လုပ္ရကိုင္ရတာ ေငြေရးေၾကးေရးက ေတာ္ေတာ္ခက္လာတယ္၊

အရင္တုန္းကဆိုရင္ သိတဲ့အတိုင္းပဲ sanction ေတြ ေလွ်ာ့လိုက္တယ္၊ ေလွ်ာ့လိုက္တယ္နဲ႔ ဒီေလွ်ာ့လိုက္တဲ့ sanction က ေငြေရးေၾကးေရးကိစၥ။ဆရာတို႔ ကုမၸဏီေတြေတာ္ေတာ္မ်ားမ်ားက ျမန္မာကုမၸဏီေတြ အားလုံးလိုလိုက ကိုယ့္ဆီမွာ။စင္ကာပူမွာ ေဟာင္ေကာင္မွာ ေငြေတြလႊဲတာရတာ၊ လုပ္ရကိုင္ရ အခက္အခဲေတြရွိေနတဲ့အခါက်ေတာ့ ဒါလုပ္ရကိုင္ရ ေတာ္ေတာ္ႀကီးကို ဆရာတို႔ ပိုၿပီးခက္လာတာကိုး၊ ခက္လာတဲ့အခါက်ေတာ့ ဗဟိုဘဏ္အေနနဲ႔ကလည္း ဒီကိစၥကို ႀကိဳတင္ၿပီးသိေတာ့ ေျပာေနၾကတာ။

ဘဏ္ေတြကိုလည္း သူတို႔ၫႊန္ၾကားခ်က္ေတြလုပ္တယ္၊ ေနာက္ဘဏ္ရဲ႕အပ္ေငြစလစ္ေတြ စိစစ္ေပးဖို႔ ဆရာတို႔စဥ္းစားတယ္၊ ဒီေနရာမွာ ဟိုတုန္းကလည္း ဆရာတို႔မွာ ျပႆနာက ဘာရွိသလဲဆိုရင္ ေငြမည္းကေန ေငြျဖဴလုပ္တဲ့ ျပႆနာရွိတာကိုး။ဒါလည္းခ်ိတ္ေနတာ။ေငြမည္းလို႔ေျပာတာက စနစ္ကိုေသခ်ာမသိတဲ့သူေတြ အခုလိုေငြျဖဴေနာ္ ပုံစံတစ္မ်ိဳးနဲ႔ ကိုယ့္ႏိုင္ငံရဲ႕ အေျခအေနအခက္အခဲေၾကာင့္ ပုံစံတစ္မ်ိဳးနဲ႔ ေငြျဖဴလုပ္လိုက္ရတာေတြလည္းရွိတယ္။ရွိေတာ့ တစ္ဖက္ကလည္း ဒါမလုပ္လို႔မရတဲ့ကိစၥျဖစ္ေပမယ့္ အဲ့ဒီလိုလုပ္လိုက္ရင္ ခုနေျပာတဲ့ေနာ္ ဆရာတို႔ ဒီစာရင္းသြင္းထားတဲ့အထဲမွာ ပိုၿပီးတြန္းအားေတြေပးတာေပါ့။အဲ့ဒီေတာ့ အဲ့လိုျဖစ္လာတဲ့အတြက္ ခုနလို ကိုယ္ကေတာ့ စိတ္ပူတယ္ေနာ္၊ မျဖစ္ပါေစနဲ႔လို႔ အစကတည္းက ေမွ်ာ္လင့္ေနတာ၊ ဘဏ္ေတြအေနနဲ႔ ပုဂၢလိကဘဏ္ေတြအေနနဲ႔ ဘဏ္လုပ္ငန္းရွင္ေတြအေနနဲ႔ ဒါကိုအျမန္ဆုံးစဥ္းစားေပမယ့္ လက္ေတြ႕မွာေတာ့ ထင္သေလာက္မျဖစ္လာဘူး၊ မျဖစ္လာတဲ့အခါက်ေတာ့ ရလဒ္က ဒီလိုျဖစ္တယ္၊ ရလဒ္က ဒီလိုျဖစ္တာေနာက္ပိုင္းမွာ ဒါေတြကို ဘယ္ပုံဘယ္နည္းနဲ႔ကုစားမလဲဆိုတာ ဝိုင္းစဥ္းစားမွရမယ္။

ဘာေၾကာင့္လည္းဆိုေတာ့ ကိုယ့္ဘက္ကလို တစ္ဖက္ကလည္း အဂတိလိုက္စားမႈ ေလွ်ာ့ခ်ေရးေနာ္၊ ေငြေၾကးခဝါခ်မႈတို႔ဘာတို႔ ဒါအမ်ိဳးမ်ိဳးလုပ္ေနတာပဲ၊ ဆရာတို႔ဆီမွာ ျပႆနာရွိတာက ဘာလဲဆိုေတာ့ စီးပြားေရးကလည္းပဲ Formal ေပါ့။အေျခအေနက အဲ့ဒီျပႆနာ၊ တရားဝင္လုပ္ထားတဲ့ စီးပြားေရးရွိသလို တရားမဝင္တဲ့ စီးပြားေရးကလည္း သူတို႔ေျပာတဲ့အတိုင္းဆိုရင္ ေနာက္ဆုံးကိန္းဂဏန္းအရဆိုရင္ ဆရာတို႔က ေတာ္ေတာ္ျမင့္တဲ့ႏိုင္ငံျဖစ္ေနတာ၊ တရားဝင္တာကတစ္ပိုင္း၊ တရားမဝင္တာက တစ္ပိုင္းဆိုေတာ့ တရားမဝင္ေလေလ လုပ္ရကိုင္ရခက္ေလေလ။အဲ့ဒီေတာ့ ဆရာတို႔အေနနဲ႔ တတ္ႏိုင္သမွ် စာရင္းေတြရွင္းလင္းထားတာ ႏိုင္ငံေတာ္ရဲ႕စာရင္းစစ္ခ်ဳပ္ကလည္း အမ်ိဳးမ်ိဳးၾကပ္မတ္ေနေပမယ့္ ျပႆနာက ဒါႀကီးကေပၚေနတာေလ။အဲ့ဒါကို အခုရလဒ္ကေတာ့ Gray List ေပါ့ေနာ္၊ မီးခိုးေရာင္ထဲ ပါသြားတယ္၊ မီးခိုးေရာင္ထဲ ပါသြားေတာ့ ဒီထက္မဆိုးေအာင္ ဘယ္လိုလုပ္ ၾကမလဲ ဘယ္လိုကုစားၾကမလဲ။ဒါအေရးႀကီးတယ္၊ ဒါကေတာ့ ဆရာထင္တယ္၊ အားလုံးတာဝန္ရွိတယ္လို႔ ေအာက္ေမ့တာပါပဲ။

Opinion Leaders Media ။     ။ လက္ရွိမွာ EU က GSP ဆက္ေပးတာနဲ႔ ပတ္သက္ၿပီးေတာ့ ကေမာၻဒီးယားနဲ႔ ျမန္မာကို ၾကည့္တဲ့ေနရာမွာ ကေမာၻဒီးယားကေတာ့ က်သြားတယ္၊ ျမန္မာကေတာ့ ေစာင့္ၾကည့္မယ္၊ လတ္တေလာမွာလည္း အထည္ခ်ဳပ္လုပ္ငန္းေတြက တ႐ုတ္ဘက္က အကုန္ပိတ္တဲ့အတြက္ေၾကာင့္ ကုန္ၾကမ္းေတြမရလို႔ ဒီဧၿပီလေလာက္အထိပဲ လည္ပတ္ဖို႔ရွိေတာ့တယ္ဆိုတဲ့ ပုံစံမ်ိဳးေတြၾကားရတယ္။ဒီလို GSP နဲ႔ ပတ္သက္ၿပီး ေစာင့္ၾကည့္ခံရတဲ့ အေနအထားမ်ိဳးမွာ ဒီလိုမ်ိဳးကုန္ၾကမ္းျပတ္လို႔ စက္႐ုံေတြပိတ္ရေတာ့မယ္ဆိုလို႔ရွိရင္ ဆႏၵျပမႈေတြေပၚလာခဲ့ရင္ GSP အေနအထားက ျပန္ထိသြားႏိုင္လားဆရာ..။ဘယ္ေလာက္အထိ သြားျဖစ္ႏိုင္လဲ။

ပါေမာကၡ ေဒါက္တာေအာင္ထြန္းသက္ ။     ။ ခုနေျပာတဲ့အေၾကာင္းအရာက သုံးပိုင္းေလာက္ရွိတာေပါ့။ GSP လို႔ ေျပာတာက ဥေရာပအဖြဲ႕ခ်ဳပ္အေနနဲ႔ သူတို႔က ဒီဆင္းရဲတဲ့ႏိုင္ငံေတြ ကေမာၻဒီးယားတို႔ ဘာတို႔ အခြင့္အလမ္းေပးတာေပါ့။အခြင့္အလမ္းေပးတာ။
ႏိုင္ငံရဲ႕ဖြံ႕ၿဖိဳးမႈကို တြန္းအားေပးတဲ့အေနနဲ႔ သူတို႔ဆီသြင္းတဲ့ ကုန္ေတြကို GSP ကို အခြန္ေတြေလွ်ာ့ေပးတယ္၊ အခြန္ေတြသက္သာတယ္၊ သက္သာတဲ့ႏႈန္းနဲ႔လုပ္ေပးတယ္ ဘာညာဆိုရင္ ကိုယ့္ဆီကထုတ္သမွ်အားလုံးဟာ အက်ိဳးရွိတယ္။အဲ့ဒီေတာ့ GSP ရွိတဲ့ ႏိုင္ငံေတြကို ဥပမာ - တ႐ုတ္ေတြက ဘာေၾကာင့္လာလုပ္ခ်င္တယ္၊ ကိုရီးယားက ဘာေၾကာင့္လုပ္ခ်င္လဲဆိုရင္ GSP ခံစားမႈရွိေတာ့ ကိုယ့္ႏိုင္ငံရဲ႕ ထြက္ကုန္ေတြက GSP ေတြနဲ႔ သတ္မွတ္ရင္ ကိုယ့္မွာအကုန္လုံးသက္သာမယ္။

ဒါေပမဲ့ အဲ့ဒီလို GSP ရဖို႔ဆိုရင္ ကတိကဝတ္ျပဳရတယ္ေလ၊ ကတိကဝတ္ျပဳရေတာ့ အထူးသျဖင့္ သူတို႔သံအမတ္ႀကီးလည္း ေျပာတာပဲ။ဒါကိုလုပ္ေပးတာသည္ ေစာင့္ၾကည့္တဲ့ဟာကို သတိထားဖို႔လိုတယ္။လြတ္ကင္းဖို႔ စဥ္းစားလို႔မရဘူး၊ ကိုယ္ကေလ အၿမဲတမ္းအေကာင္းျမင္ေတာ့ ဟာ ဒါဆိုရင္ ဒို႔လြတ္သြားၿပီ၊ ကေမာၻဒီးယားက မလြတ္ဘူး၊ ဒို႔ကလြတ္သြားၿပီဆိုတာမ်ိဳး မဟုတ္ဘူး။ဒို႔ကိုေစာင့္ၾကည့္ေနတာ၊ အဲ့ဒီေတာ့ ေစာင့္ၾကည့္ေနတဲ့အခါက်ေတာ့ သူတို႔ရဲ႕ စံႏႈန္းစံထားေတြအတိုင္း လႈပ္ရွားဖို႔လိုတယ္။အဲ့ဒီေတာ့ GSP ရဖို႔ဆိုရင္ ကိုယ္ဘာလုပ္ရမလဲ အထည္ခ်ဳပ္ေတြ။အဲ့ဒီေတာ့ အထည္ခ်ဳပ္ေတြဘာလုပ္ရမလဲဆိုတဲ့ အထူးသျဖင့္ လုပ္ငန္းရွင္ေတြရယ္၊ ႏိုင္ငံေတာ္အစိုးရရယ္၊ သမဂၢေတြရယ္၊ ဝန္ထမ္းေတြရယ္ေပါ့။

ျပႆနာက ဘာလဲဆိုရင္ ဒီအထည္ခ်ဳပ္ေတြမွာလည္း သမဂၢေတြကျပႆနာ။သမဂၢေတြက တကယ္တမ္းေတာ့ ထဲထဲဝင္ဝင္လုပ္ေနတဲ့ ဝန္ထမ္းေတြမဟုတ္ေတာ့ဘဲနဲ႔ အျပင္လူေတြမ်ားတယ္။ကိုယ့္ႏိုင္ငံမွာ ဒီလိုမ်ိဳး အမ်ားႀကီးဆႏၵျပတယ္။လႊတ္ေတာ္ကို သြားဆႏၵျပတယ္။ရန္ကုန္တိုင္းအစိုးရကို သြားဆႏၵျပတယ္။

တ႐ုန္း႐ုန္းျဖစ္လာတဲ့အထဲမွာ ခုနေျပာတဲ့ GSP ကိစၥ တစ္ခုတည္းကေန ေနာက္ ဆရာတို႔ ဘယ္ဘက္သြားကူးျပန္သလဲဆိုရင္ အထည္ခ်ဳပ္ေတြအားလုံးမွာ ကုန္ၾကမ္းေတြျပတ္ေတာ့မယ္၊ ေတာ္ေတာ္မ်ားမ်ား ကုန္ၾကမ္းေတြက တ႐ုတ္ကလာတဲ့ ကုန္ၾကမ္းေတြ၊ ဒီ ကို႐ိုနာဗိုင္းရပ္စ္နဲ႔ ပတ္သက္လို႔ ကုန္ၾကမ္းေတြျပတ္ရင္ ဘယ္လိုလုပ္ၾကမလဲ၊ ဘယ္လိုလုပ္ၾကမလဲဆိုရာမွာ ခုနေျပာသလို ဝန္ထမ္းေတြကိုလည္း ေျပာလို႔မရဘူးေလ၊ ဟုတ္တယ္ မဟုတ္လား၊ အလုပ္မရွိရင္ သူကတစ္ခုခုေတာ့လုပ္မွာပဲ၊ လုပ္တဲ့အခါမွာ ဘယ္လိုကိုင္တြယ္လဲဆိုတာ မူတည္ျပန္တယ္။

အဲဒီေတာ့ ဒီေနရာမွာ ဆရာတို႔အေနနဲ႔ အစကတည္းက ဟိုဟာက အထည္ခ်ဳပ္လုပ္ငန္းရွင္ေတြရဲ႕ အဓိကျပႆနာက အနည္းဆုံးလုပ္ခလစာ ေျပာင္းသြားတဲ့အတြက္ သူတို႔အတြက္ Mergin က သိပ္ပါးပါးေလး က်န္ေတာ့တာ။အထည္ခ်ဳပ္ အထည္ခ်ဳပ္ ေျပာေနေပမယ့္ CMP ကို လူေတြက သေဘာမေပါက္ဘူး။ကုန္ၾကမ္းေပး ကုန္ေခ်ာယူ ဆိုေပမယ့္ ကိုယ့္ဆီက ဘာပဲရမလဲဆိုေတာ့ လုပ္ခပဲရမယ္။ကိုယ္ကိုယ္တိုင္လည္း Brand မရွိဘူး။ရွိတဲ့ Brand ကိုလည္း ႏိုင္ငံတကာမွာ ထိုးေဖာက္ေအာင္ မလုပ္ႏိုင္ေတာ့ သူမ်ားတစ္ကမာၻလုံးမွာ နာမည္ႀကီးတဲ့ Brand ေတြကို ကိုယ္က အငွားခ်ဳပ္ရတာေလ။အငွားခ်ဳပ္ရေတာ့ သူတို႔က ကုန္ၾကမ္းေတြလာေပးတယ္၊ ရွိသမွ် ကုန္ၾကမ္းေတြအားလုံး ကိုယ္ကျဖတ္ညႇပ္ၿပီးေတာ့ ကိုယ္ကခ်ဳပ္ၿပီးေတာ့ ထုပ္ပိုးၿပီးေတာ့ သူတို႔ဆီျပန္ပို႔ရတာေလ။

ျပန္ပို႔တဲ့အခါက်ေတာ့ ကိုယ့္မွာက်န္တာက ကုန္ၾကမ္းက ကိုယ့္ဟာကိုယ္ ဝယ္ၿပီးေလွ်ာ့လို႔ရတယ္၊ အစသျဖင့္ေပါ့။အခုကေတာ့ ေစ်းႏႈန္းနဲ႔သတ္မွတ္လို႔ရတာမဟုတ္ဘူး။ကိုယ့္မွာတစ္ခုတည္းရွိတာက လက္ခေပါ့။လက္ခကလည္း ပါးပါးေလးရတာ၊ ပါးပါးေလးရေတာ့ ဒီဘက္မွာလည္း စရိတ္ေတြကတက္လာတယ္၊ ၿပီးေတာ့ အထည္ခ်ဳပ္ေတြ စက္မႈဇုန္ေတြ အမ်ိဳးမ်ိဳးေခၚတာေပါ့ဗ်ာ။ေတာ္ေတာ္မ်ားမ်ားမွာ လွ်ပ္စစ္ကလည္း ေသခ်ာရတာမဟုတ္ဘူး။လွ်ပ္စစ္မရတဲ့အခါက်ေတာ့ စရိတ္ကတက္ျပန္ေရာ၊ အခုလုပ္ငန္းရွင္ေတြမွာ ဒုကၡေရာက္ေနတာက မၾကာေသးခင္က တိုးလိုက္တဲ့ လွ်ပ္စစ္အခေတြရယ္၊ အနည္းဆုံး လုပ္ခလစာေတြနဲ႔ သူတို႔မွာ ေတာ္ေတာ္ႀကီးကို အၾကပ္အတည္းေတြျဖစ္ေနတယ္။အၾကပ္အတည္းေတြျဖစ္တာကို သူတို႔ ဘယ္လိုကိုင္တြယ္မလဲ သူတို႔အေနနဲ႔ အရင္လို စိတ္ထဲရွိတာလုပ္လို႔မရေတာ့ဘူး။ GSP ကို ျပန္ေစာင့္ၾကည့္မယ္လို႔ ေျပာေနတာ။

အဲ့ဒီေတာ့ ကိုယ့္ဘက္ကေတာ့ အျပဳသေဘာနဲ႔ ေျပာရရင္ေတာ့ သူတို႔ ဘာကိုေစာင့္ၾကည့္တာလဲ၊ ကန႔္ကြက္တာ မကန႔္ကြက္တာ မေျပာနဲ႔ေတာ့။သူတို႔ကေတာ့ ကိုယ့္အေနနဲ႔ ဒီအထဲကလြတ္ေအာင္ ဘာလုပ္ရမလဲ။ကေမာၻဒီးယားဘာေၾကာင့္ မလြတ္လဲဆိုတာ နားလည္ဖို႔လိုတယ္။အဲ့ဒီေတာ့ ကေမာၻဒီးယားရဲ႕ အေတြ႕အႀကဳံကို ကိုယ္ကသင္ခန္းစာယူၿပီးေတာ့ ကိုယ့္အလွည့္က်ရင္ ဒီလိုမျဖစ္ေအာင္ေနာ္၊ ဆရာကစိတ္ပူတာေနာ္၊ ကိုယ့္လူမ်ိဳးရဲ႕စ႐ိုက္က လြတ္ၿပီဆိုရင္ ၿပီးသြားျပန္ေရာေနာ္၊ ေမ့ေမ့ေပ်ာက္ေပ်ာက္ လုပ္လိုက္ျပန္ေရာ၊ ၿပီးသြားၿပီတို႔ အဆင္ေျပသြားၿပီဆိုေပမယ့္ အဆင္ေျပတာက ခဏေျပာေနတာ၊ ေနာက္ျပန္လာရင္ ဘယ္လိုလုပ္ၾကမလဲ အဲ့ဒါစဥ္းစားဖို႔လိုတာ။

Opinion Leaders Media ။     ။ မၾကာခင္က FDI က ထုတ္တဲ့ စာရင္းဇယားေတြမွာ ၿပီးခဲ့တဲ့ဇန္နဝါရီလထဲမွာ အဆိုျပဳထားတဲ့ ရင္းႏွီးျမႇဳပ္ႏွံမႈက သန္း ၉၀၀ ေက်ာ္တယ္၊ ဒါက ေတာ္ေတာ္ေလးကို ထိုးတက္လာတဲ့အေနအထား ဆရာ၊ ၿပီးခဲ့တဲ့ လႊတ္ေတာ္အစည္းအေဝးထဲမွာ လွ်ပ္စစ္စြမ္းအားက ေျဖသြားတာရွိတယ္၊ ကြၽန္ေတာ္တို႔ ဒီလပိုင္းအတြင္းထဲမွာ ဒီႏွစ္ဝက္အတြင္းထဲမွာပဲ မဂၢါဝပ္ ၁၀၀၀ နီးပါးကို နည္းေပါင္းစုံနဲ႔ ထည့္ေပးမယ္ေျပာေနတယ္၊ ရင္းႏွီးျမႇဳပ္ႏွံမႈက လွ်ပ္စစ္ေၾကာင့္ ေတာ္ေတာ္ေလးထိခိုက္တယ္ဆိုတဲ့ အေနအထားမွာ အဲ့ဒီလိုမ်ိဳး လွ်ပ္စစ္ဝင္လာခဲ့မယ္ဆိုရင္ ကို႐ိုနာေၾကာင့္ ထိႏိုင္တဲ့ ျပည္ပရင္းႏွီးျမႇဳပ္ႏွံမႈက ျပန္ေမွ်ာ္လင့္လို႔ရမလား ဆရာ။

ပါေမာကၡ ေဒါက္တာေအာင္ထြန္းသက္ ။     ။ ဆရာတို႔ အခုေျပာတာကေတာ့ ပမာဏႀကီးတဲ့ ရင္းႏွီးျမႇဳပ္ႏွံမႈေတြရဖို႔။ပမာဏႀကီးတဲ့ ရင္းႏွီးျမႇဳပ္ႏွံမႈေတြက ဥပမာ - အထည္ခ်ဳပ္လည္းမဟုတ္ဘူး၊ စက္႐ုံအလုပ္႐ုံေတြလည္းမဟုတ္ဘူး၊ ခုနလာတဲ့ဟာေတြလည္းမဟုတ္ဘူး။
ႀကီးတာက ဘယ္လိုလဲဆိုေတာ့ တစ္ခ်ိန္တုန္းက ဦးသိန္းစိန္ လက္ထက္တုန္းက ဘာေၾကာင့္ ဒီလိုမ်ိဳးတက္သြားသလဲဆိုရင္ ခုန တယ္လီကြန္းႀကီးဖြင့္လိုက္တာတို႔ ဟုတ္တယ္ မဟုတ္လား။ေနာက္တစ္ခါ ဓာတ္ေငြ႕ေတြ ေရနံဓာတ္ေငြ႕ေတြ ဖြင့္လိုက္တာတို႔။အဲ့ဒီေတာ့ ဥပမာ ဆရာတို႔အလားအလာက ဧရာ၀တီအလြန္မွာ ထပ္ေတြ႕တယ္ ဘာညာေျပာရင္ အဲ့ဒီလိုအရင္းအႏွီးေတြ အလုံးအရင္းႀကီးႀကီးမားမားနဲ႔ ဝင္လာရင္ေတာ့ ကိုယ့္အတြက္ အလားအလာရွိတာေပါ့၊ ဟုတ္တယ္ မဟုတ္လား၊ ဒါကိုပဲေမွ်ာ္ရမွာ၊ အဲ့ဒီေတာ့ ဒီလိုေမွ်ာ္ရမယ္။

ေနာက္တစ္ခါ အရင္တုန္းက ဆရာတို႔မွန္းတာလည္း ပိုးလမ္းကိစၥနဲ႔ ရွီက်င့္ဖိန္ ျပန္သြားတဲ့အခ်ိန္မွာ infrastructure အႀကီးအက်ယ္လုပ္ႏိုင္တယ္။ဥပမာ - အျမန္ရထားတို႔လို ဒါေတြအားလုံး ဒီစီမံခ်က္ေတြ အေကာင္အထည္ေဖာ္ရင္ ရင္းႏွီးျမႇဳပ္ႏွံမႈက မလြဲမေသြတက္လာမယ္။အခုက ေနာက္တစ္ခါ ရန္ကုန္ၿမိဳ႕သစ္စီမံကိန္းတို႔ မႏၲေလး၊ မူဆယ္ ဒါေတြအားလုံးက ရပ္သြားျပန္ေရာ။အဲ့ဒီေတာ့ ဆရာတို႔အေနနဲ႔ ေမွ်ာ္လင့္ရတဲ့အရာက ေရနံဓာတ္ေငြ႕ရည္ပဲက်န္တယ္။ေရနံဓာတ္ေငြ႕ အခုရွိေနတဲ့ဓာတ္ေငြ႕ကို သူတို႔စမ္းသပ္တဲ့အခါမွာ အင္မတန္မွအလားအလာရွိတဲ့ အေျခအေနတစ္ခုရတယ္ဆိုရင္ အဲ့ဒါႀကီးကို အျမန္ဆုံးရင္းႏွီးျမဳပ္ႏွံ။ေနာက္ တစ္ခုကရွိတာက ရင္းႏွီးျမႇဳပ္ႏွံမႈ ႀကိဳဆိုေနတယ္။သူတို႔က ဒါအဆိုျပဳလႊာေလာက္ပဲ လက္ခံတာ။ဒါကိုအျမန္ဆုံး။ျပႆနာက ဘာလဲဆိုရင္ သူတို႔လက္ခံၿပီးတဲ့အခါမွာ သေဘာတူၿပီးတဲ့အခါမွာ ဒီေန႔သေဘာတူတယ္၊ မနက္ျဖန္လုပ္ႏိုင္ေအာင္ ဘယ္လိုလုပ္ၾကမလဲ။ဟုတ္တယ္ မဟုတ္လား၊ ဒီကေတာ့သေဘာတူလိုက္တယ္။ေနာက္ေျခာက္လလည္း မၿပီးေသး တစ္ႏွစ္လည္း မၿပီးေသးဘူးဆိုရင္ေတာ့ ရင္းႏွီးျမႇဳပ္ႏွံမႈေတြက အေကာင္အထည္ေပၚမွာ မဟုတ္ဘူးေလ။အဲ့ဒီေတာ့ ရင္းႏွီးျမႇဳပ္ႏွံမႈက ဆရာတို႔အသက္ေသြးေၾကာပဲ၊ ကိုယ့္ဆီကအရင္းအႏွီးက ကိုယ္က FDI နဲ႔လည္း ၾကည့္တာပဲ ကိုယ့္မွာလည္း ပုံစံအမ်ိဳးမ်ိဳးနဲ႔ရွိႏိုင္တဲ့ အင္အားလည္း အားနည္းတာကိုး။

Opinion Leaders Media ။     ။  ဒီလိုမ်ိဳးအခင္းအက်င္းေတြ ျဖစ္ေနတဲ့အတြက္ ျပည္ပရင္းႏွီးျမႇဳပ္ႏွံမႈက လက္ရွိမွာ ထိန္းထိန္းသိမ္းသိမ္းနဲ႔ ေမွ်ာ္လင့္ရမယ့္အေနအထား ျဖစ္ေနတဲ့သေဘာလား ဆရာ။

ပါေမာကၡ ေဒါက္တာေအာင္ထြန္းသက္ ။     ။ တစ္ခုပဲ ဆရာေမွ်ာ္မွန္းၾကည့္တာေလ ရင္းႏွီးျမႇဳပ္ႏွံမႈ ဥပေဒသစ္ေပါ့ေလ။အဲဒီဥပေဒသစ္နဲ႔ပတ္သက္လို႔ ႏိုင္ငံျခားပိုင္ဆိုင္မႈကို လက္ခံတဲ့အေျခအေနေတြ ဒါကိုလူေတြသိေအာင္ ပိုလုပ္မွရမယ္။၃၅ ရာခိုင္ႏႈန္းဝယ္ရင္ အဲ့ဒီကုမၸဏီကို ျပည္တြင္းလုပ္ငန္းတစ္ခုအေနနဲ႔ သတ္မွတ္ထားတယ္လို႔ ဥပေဒဘက္ကရွိတယ္ေလ။အဲ့ဒီဟာက အခြင့္အလမ္းပဲ။အဲ့ဒီလိုေျပာေတာ့ အခုကလည္း တစ္ခ်ိဳ႕ေတြက မ်ိဳးခ်စ္ၾကတဲ့သူေတြက ေပၚလာျပန္ေရာ။သူတို႔ဝယ္ႏိုင္တာကို ဝယ္ပါေစေတာ့။ကိုယ့္မွာအရင္းအႏွီးမွမရွိတာ။

ခုန ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ ဇစ္ျမစ္ကတစ္ခု ဆရာထင္တာေတာ့ ျမန္မာျပည္မွာ ထင္ရွားတဲ့ကုမၸဏီေတြကို လာဝယ္ခ်င္တဲ့ လာဝယ္ႏိုင္တဲ့သူေတြက ရွိေနၿပီ။မ်က္စိက်တဲ့ ကုမၸဏီႀကီးေတြေပါ့။အဲ့ဒီေတာ့ အဲ့ဒီလိုအႀကီးႀကီးေတြ ဝင္လာတဲ့အခါမွာ ကိုယ္က လတ္တေလာလက္ခံဖို႔ လိုလိမ့္မယ္။
ဥပေဒရွိတယ္လို႔ေျပာေပမယ့္ ဆရာတို႔မွာျပႆနာက အဲ့ဒါပဲ။ႏိုင္ငံေတာ္က ဥပေဒထုတ္ထားေပမယ့္ တကယ္လက္ေတြ႕လုပ္ရတဲ့အခါမွာ အခက္အခဲေတြကရွိေနတယ္။ဘာပဲျဖစ္ျဖစ္ အဲ့ဒါကလည္း ထြက္ေပါက္တစ္ခု၊ ဒါကေတာ့ေနာ္ ကုမၸဏီအေသးေလးေတြနဲ႔ မပတ္သက္ဘူး။သို႔ေသာ္လည္းပဲ ဒါေတာင္ ကုမၸဏီေသးေလးေတြ မကန႔္သတ္ဘူး၊ အိုင္တီကေလးေတြ ဘာညာတစ္ခ်ိဳ႕ လာေနၾကၿပီ။သူတို႔ေခၚတဲ့ Private Activites ။ ဆရာတို႔ MIC ကေန မျဖတ္တဲ့ အေသးေလးေတြရွိလာၿပီ။

သူတို႔အဖြဲ႕ေတြက အဲဒီလို ႏိုင္ငံတကာမွာ ဒီအရင္းအႏွီးေစ်းကြက္ကို လိုက္ရွာတယ္၊ ၿပီးေတာ့ အတိုးႏႈန္းသက္သက္သာသာနဲ႔ယူလာတယ္။ယူလာၿပီးေတာ့ ဒီမွာအရင္းအႏွီးေတြ လုပ္ေပးတာေတြရွိတယ္။ဒါလည္းအခြင့္အေရးတစ္ခုပဲ။လႊတ္ေပးလိုက္ဖို႔လိုတယ္ေလ၊ အခုကေတာ့ အားလုံးက တစ္ဖက္က ဘာေၾကာင့္လဲဆိုေတာ့ လူငယ္ေတြကိုေမးလိုက္ရင္ အခုက သူတို႔က အပိုေတြဘာေတြ သိပ္မေျပာေတာ့ဘူး၊ အလုပ္ျဖစ္ေအာင္လုပ္ဖို႔ပဲ သိေတာ့တယ္။အဲ့ဒီအလုပ္ျဖစ္ေအာင္လုပ္တဲ့သူကို သြားၿပီးအေႏွာင့္အယွက္မေပးဖို႔ပဲ၊ ဥပေဒနဲ႔မညီတဲ့ဟာမ်ိဳးေတာ့ မဟုတ္ဘူးေပါ့ေလ။

ဒါေပမဲ့ သူတို႔အေနနဲ႔ ႀကိဳးစားပမ္းစား တီထြင္မႈရွိတယ္၊ စြန႔္ဦးတီထြင္တဲ့လုပ္ငန္းေတြ အားေပးဖို႔လိုတယ္ေလ။အဲ့ဒီေတာ့ ဒါေတြကို ႏိုင္ငံေတာ္က ဒါပ်ိဳးေထာင္ၿပီးေတာ့ FDI အျပင္ကို ခုနေျပာတဲ့ Private Activites ေပါ့။ႏိုင္ငံတကာမွာရွိတဲ့ အရင္းအႏွီးေစ်းကြက္ကို ဆြဲေခၚႏိုင္ေအာင္ ဘယ္လိုလုပ္မလဲ။သူတို႔အေနနဲ႔ကေတာ့ စက္႐ုံအလုပ္႐ုံ လာေထာင္မွာမဟုတ္ဘူး၊ ရွိတဲ့ေငြေတြကို ဒီမွာလုပ္ႏိုင္တဲ့သူေတြကို လုပ္ပါေစေပါ့၊ အဲ့လိုပဲစဥ္းစားရမွာေပါ့။

Opinion Leaders Media ။     ။ အခုလိုေျဖၾကားေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္ ဆရာ။

ေဒါက္တာေအာင္ထြန္းသက္
ေဖေဖာ္ဝါရီ - ၂၇