【 ပညာရှင်များ၏အမြင် 】 “ဒီစနစ်ကြီးတစ်ခုလုံးက corrupt ဖြစ်တယ်”

【 ပညာရှင်များ၏အမြင် 】 “ဒီစနစ်ကြီးတစ်ခုလုံးက corrupt ဖြစ်တယ်”

မကြာမီက ရခိုင်ပြည်နယ်တွင် ပြုလုပ်ခဲ့သည့် ရင်းနှီ်းမြုပ်နှံမှုဖိုရမ်တစ်ခုကို ဂျပန်နိုင်ငံ စီစဉ်မှုဖြင့် ပြုလုပ်ခဲ့ရာမှာ နိုင်ငံတကာရင်းနှီးမြုပ်နှံသူများက ဒေါ်လာသန်းငါးထောင် ရခိုင်ပြည်နယ်အတွင်း ရင်းနှီးမြုပ်နှံရန် အဆိုပြုခဲ့ကြပါတယ်။ထိုအခြေအနေက မြန်မာနိုင်ငံတွင် ဒုတိယဖွံ့ဖြိုးမှုအနည်းဆုံး ပြည်နယ်ဖြစ်သည့် ရခိုင်ပြည်နယ်အတွင်း ဘယ်လောက်ထိ တိုးတက်မှုဖြစ်လာမလဲနှင့် လက်ရှိဖြစ်ပေါ်နေသည့်  အဂတိလိုက်စားမှုများက ရင်းနှီးမြုပ်နှံမှုများကို ထိခိုက်စေနိုင်သလဲ ဆိုသည်ကို နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေးပုဂ္ဂိုလ်နှင့် ဝါရင့်စီးပွားရေးပညာရှင် ဆရာ ဒေါက်တာအောင်ထွန်းသက် အား မေးမြန်းခဲ့ပါတယ်။ဆရာ ဒေါက်တာအောင်ထွန်းသက် ၏ ရှုမြင်သုံးသပ်ချက် အပြည့်အစုံကို ယခုတစ်ပတ်အတွက် အထူးအစီအစဉ်အဖြစ် မေးမြန်းဖော်ပြလိုက်ပါတယ်။

(Opinion Leaders Media အယ်ဒီတာအဖွဲ့)

Opinion Leaders ။     ။ မကြာခင်က ရခိုင်မှာinvest forum လေး လုပ်ခဲ့တာရှိပါတယ်။ဒီပွဲမှာ နိုင်ငံတကာစီးပွားရေးလုပ်ငန်းရှင်တွေက ဒေါ်လာ သန်း ၅၀၀၀ အထိ ရင်းနှီးမြုပ်နှံမယ်လို့ အဆိုပြုခဲ့တာကို တွေ့ရပါတယ် ဆရာ။ဒီပမာဏကနေ ဘယ်လောက်ထိ တစ်ကယ်ရင်းနှီးမြုပ်နှံမှု ဝင်လာမလဲ၊ နောက်တစ်ချက်က ရခိုင်မှာဖြစ်နေတဲ့ အလုပ်အကိုင်ရှားပါးမှု ပြဿနာကို ဖြေရှင်းနိုင်မလား၊ ရခိုင်ပြည်နယ် တိုးတက်ဖွံ့ဖြိုးရေးအတွက် ဘယ်လောက်ထိတာသွားနိုင်လဲ ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ ဒီသုံးခုလုံးကပေါ့နော်။နံပါတ်တစ်ကတော့ ဆရာတို့အနေနဲ့ ကတိကဝတ်ပြုတာပေါ့၊ ကတိကဝတ်ပြုတယ်လို့ပြောတော့ အခုနကဟာ ဒါ ဒီငွေတွေလက်ထဲမှာ အဲဒီငွေတွေရှိရဲ့လားဆိုတဲ့ မေးခွန်းကတော့ ဆရာတို့ MIC လိုပေါ့။ MIC မှာလည်း ဆရာတို့ ရင်းနှီးမြုပ်နှံတဲ့ ပရောဂျက်တွေ၊ ပရောဂျက်တန်ဖိုး ဘယ်လောက်ရှိလဲ ဒါကိုရင်းနှီးမြုပ်နှံမယ်။စုစုပေါင်းရင်းနှီးမြုပ်နှံမှု ရင်းနှီးမြုပ်နှံတဲ့ပမာဏကို ပြောနိုင်ပေမယ့် အဲ့ဒီရင်းနှီးမြုပ်နှံမှုပမာဏတွေကို မနက်ဖြန်၊ သဘက် ပြောလို့မရဘူးလေ။မြေရှင်းတာရှိမယ်၊ feasibility study လုပ်တာရှိမယ်။ပြီးတော့မှ စက်ရုံဆောက်ရမယ် ပြီးတော့မှ။

ဒါပေမယ့်ပြောချင်တာက ဒါတွေအားလုံးသည် စုစုပေါင်းရင်းနှီးမြုပ်နှံတဲ့ ပမာဏပေါ့။အဲဒီလောက်ပမာဏ ရှိရင်တော့ ဒါဒေသတစ်ခုအတွက်က အင်မတန်မှအကျိုးရှိမယ်လို့ ကိုယ်ကတော့ ယုံကြည်တယ်လေ။ပြီးတော့မှ အခြေခံအနေနဲ့ ဆရာတို့ ဒီရင်းနှီးမြုပ်နှံမှုတွေဟာ အလုပ်အကိုင် အခွင့်အလမ်းတွေကို ဖန်တီးနိုင်တယ်။

အခုနကမေးတဲ့ မေးခွန်းနဲ့ စပ်လျဉ်းပြီးတော့ အလုပ်အကိုင် အခွင့်အရေးတွေ ဖန်တီးနိုင်တယ်။ရခိုင်ပြည်နယ်ရဲ့ ပကတိအခြေအနေကို ကြည့်လိုက်ရင် ရခိုင်ကတော့ ပြည်ထောင်စုမှာ စီးပွားရေးအရ ဖွံံ့ဖြိုးမှု ဒုတိယအနောက်ကျဆုံး ဒေသဖြစ်နေတာကိုး။အဲဒီလိုရင်းနှီးမြှပ်နှံမှုကို ထဲထဲဝင်ဝင်လုပ်လာရင် နောက်တစ်ခုက အဲ့ဒါနဲ့ပတ်သက်လို့ ဆရာထင်တယ်လေ ငွေရေးကြေးရေးပမာဏဟာ အရေးကြီးသလို၊ တစ်ဖက်ကလည်း confidence ပေါ့။လူတွေရဲ့ ယုံကြည်မှုတည်ဆောက်တာတွေလေ။အဲဒီတော့ နိုင်ငံခြား အထူးသဖြင့် ဒီလောက်တောင်မှ ပဋိပက္ခတွေ အများကြီးဖြစ်နေတဲ့အချိန်မှာ နိုင်ငံခြားလုပ်ငန်းရှင်တွေက အခုလိုရင်းနှီးချင်တဲ့ စိတ်ဆန္ဒတွေကို ဖော်ပြနေတာဟာ ကိုယ့်အတွက် အလားအလာ အများကြီးကောင်းတာပေါ့။

ဆရာအနေနဲ့ကတော့ ဒါနိုင်ငံရေးအမြတ်လို့ ယူဆတယ်လေနော်။ကိုယ်လည်း တိုက်တွန်းခဲ့တာ၊ ကိုယ်လည်း အခုဥပမာဆိုပါတော့ အထည်ချုပ်စက်ရုံတွေ ဘာတွေ။ရန်ကုန်မှာရှိတဲ့ အထည်ချုပ်စက်ရုံတွေကို ရခိုင်ပြည်နယ်ကို လွှတ်ပေးပါ။ပြန်ပြီးရင်းနှီးမြုပ်နှံပေးပါ အလုပ်အကိုင်အခွင့်အရေး။ဘာကြောင့်လဲဆိုတော့ ဆရာတို့ တစ်ခါတစ်လေ။ကိုယ်အနေနဲ့ကတော့ အမြဲတမ်းရေးနေတာ။ရခိုင်ရဲ့ အခြေခံတစ်ခုက စီးပွားရေးမတိုးတက်တဲ့ အခြေခံကိုး။ဖွံ့ဖြိုးမှုအားနည်းတဲ့အခြေခံ။အဲဒီတော့ အခုဖွံ့ဖြိုးမှုအားနည်းတဲ့အခါကျတော့ ပဋိပက္ခဖြစ်လာတဲ့ အခြေအနေ။နောက်တစ်ခါ တစ်ယောက်နဲ့တစ်ယောက် မတည့်တဲ့အခြေအနေ။လူမှုရေးဖြစ်လာတယ်၊ ဘာသာရေးဖြစ်လာတယ်။ဘာညာဖြစ်လာတယ်။

ဒါပေမယ့် တကယ်တမ်းအခြေခံသည် ဘာလဲဆိုတော့ စီးပွားရေးအခြေခံ။စီးပွားရေးကိုသာ ဆရာတို့က တကယ့်ကို ပြောင်းနိုင်ရင်၊ အခြေအနေကောင်းအောင် လုပ်နိုင်ရင် ဆရာတို့အတွက် အကောင်းဆုံးဖြစ်မှာပေါ့။အဲဒီလိုပဲ ဆရာကတော့ ယူဆတာပေါ့။ဒါကြောင့်လည်း ကိုယ်က တိုက်တွန်းတာပါ။အခုလည်း ဆက်ပြီးလုပ်နေတာက ဘာလို့လဲဆိုတော့။

နောက်တစ်ခုက ရခိုင်ဒေသနဲ့ ပတ်သက်လာရင် အခြေခံအဆောက်အအုံတွေလိုတယ်။မီးမရှိတဲ့ဒုက္ခတွေ၊ လမ်းမရှိတဲ့ဒုက္ခတွေ၊ အသွားအလာခက်ရတဲ့ဒုက္ခတွေ။ဒါတွေအားလုံးဟာ ပဋိပက္ခကိုအားပေးတဲ့ အခြေအနေတွေ ဖြစ်တာကိုး။ဆရာတို့အနေနဲ့ ဒါတွေအားလုံးကို ကိုင်တွယ်နိုင်လို့ရှိရင်၊ ကိုင်တွယ်နိုင်တာကလည်း နိုင်ငံခြားရင်းနှီးမြှပ်နှံမှုကို နိုင်ငံခြားသားတွေက ကိုယ့်အပေါ်မှာ ယုံကြည်လာတယ်။ကိုယ့်အနေအထားကို လက်ခံလာတယ်ဆိုရင်တော့ ဆရာတို့အတွက် အလားအလာကောင်းတယ်လို့ ယူဆတာပါ။

Opinion Leaders ။     ။ မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုကော်မရှင်ကနေ လစဉ်ထုတ်ပြန်တဲ့ ရင်းနှီးမြုပ်နှံတဲ့ နိုင်ငံစာရင်းမှာ ဂျပန်ရင်းနှီးမြုပ်နှံမှုက ဘဏ္ဍာရေးနှစ်သစ်မှာ လစဉ် ဒေါ်လာ သန်းဆယ်ဂဏန်းသာ ရှိတာကို တွေ့ရပါတယ်။
တခြားနိုင်ငံတွေဖြစ်တဲ့ စင်ကာပူနဲ့ တရုတ်၊ အထူးသဖြင့် စင်ကာပူကသာ များပါတယ်။အခု ဂျပန်နိုင်ငံက ဦးဆောင်လုပ်ကိုင်တဲ့ ရင်းနှီးမြုပ်နှံမှုတွေက တစ်ကယ်ကော ဝင်လာပါ့မလား။သီလဝါမှာ ဂျပန်တွေ လုပ်နေတာရှိတယ်။ထားဝယ်မှာလည်း လုပ်ဖို့ဆောင်ရွက်နေတာရှိတယ်။ဂျပန်က ရင်းနှီးမြုပ်နှံတာ နည်းတဲ့အချိန်မှာ သူတို့ဦးဆောင်ပြီးလုပ်တဲ့ ရင်းနှီးမြုပ်နှံမှုတွေက တကယ်ကောဝင်လာပါ့မလား ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။      ။ တကယ်ကတော့ ဆရာအောက်မေ့တာကပေါ့နော်၊ ဒီဦးစားပေးလုပ်တယ်ဆိုရင် သူတို့ဂျပန်က ဒါကိုဖော်တယ်၊ ကွက်သစ်တွေဖော်တယ်၊ ဖော်တဲ့အတွက် ဂျပန်တွေချည်းပဲ မကဘူးလေ၊ ဖော်လိုက်တဲ့ ပရောဂျက်ကြီးကို အခြားနိုင်ငံတွေကလည်း ရင်းနှီးမြှပ်နှံဖို့ လိုချင်တဲ့ဆန္ဒရှိတဲ့သူတွေ ပေါ်လာနိုင်မယ်လို့ ဆရာတို့က ယူဆတယ်။နောက် အခုနကပြောတာ မှန်တယ်၊ ဥပမာ-သီလဝါလည်း သူတို့က ငွေစိုက်ထားရတာ၊ သူတို့မှာ ထပ်ပြီးတော့များ ရင်းနှီးမြုပ်နှံမှု အလားအလာတွေ ရှိ/မရှိ ဆိုတာလည်း စဉ်းစားစရာပေါ့လေ။ဒါပေမယ့် ဆရာတို့အောက်မေ့တာက သူတို့က အကျိုးအမြတ်ရှိတယ်ဆိုရင်တော့ ရင်းနှီးမြုပ်နှံမှာပါပဲ။ဟုတ်တယ်မလား။အဲဒီတော့ အကျိုးအမြတ်ရှိတယ်ဆိုတာကိုပဲ ဆရာတို့က ဖိပြီးပြောရမှာပေါ့နော်။

Opinion Leaders ။      ။ လက်ရှိမှာ မြို့သစ်စီမံကိန်းတွေက ရှေ့တိုးမရ၊ နောက်ဆုတ်မရ ဆိုတာတွေ ဖြစ်နေတယ်။လှည်းကူးမှာလည်း ညောင်နှစ်ပင်မှာ တောင်ကိုရီးယားက စက်မှုဇုန်လုပ်မှာလည်းရှိတယ်။အခု လက်ရှိအစိုးရက ရွေးကောက်ပွဲကနေ တက်လာတာဖြစ်တဲ့အတွက် သက်တမ်းက နှစ်နှစ်လောက်သာရှိတဲ့အတွက် စီမံကိန်းတွေက အကြီးကြီးတွေဖြစ်တဲ့အတွက် တစ်ကယ်မှာကော နိုင်ငံခြားရင်းနှီးမြုပ်နှံမှုက ဆွဲဆောင်နိုင်ပါ့မလား ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ ဆရာထင်တယ် နှစ်ပိုင်းပေါ့ကွယ်။ဟိုအခုနကပြောသလို ရွေးကောက်ပွဲ နိုင်ငံရေးရွေးကောက်ပွဲ။ရွေးကောက်ပွဲနိုင်ငံရေးပေါ့နော်။အဲဒီရှုထောင့်နဲ့ကြည့်လို့ရှိရင်တော့ ကာလတို ဆူလွယ်၊ နပ်လွယ် စီမံချက်တွေကိုလုပ်ရင် ကောင်းမယ်လို့ လူတွေကပြောကြတယ်လေ။အဲ့တော့ဘာကြောင့်လဲဆိုတော့ ဒါဟာကျန်တဲ့နှစ်နှစ်ကာလမှာ နောက်အနှစ်နှစ်ဆယ်မှာ ပေါ်တဲ့ဟာတွေ သွားလုပ်ရင် ကိုယ်လုပ်ခဲ့တာ ရုပ်လုံးမပေါ်ဘူး။ဒါကြောင့်မို့ ကိုယ့်လုပ်ခဲ့တာ ရုပ်လုံးပေါ်ဖို့ဆိုရင်တော့ ကိုယ့်အတွက် ဆရာတို့ခေါ်တဲ့ (low hanging fruit) ‘တံချူနဲ့ထိုးစရာမလိုပဲနဲ့  လက်နဲ့ခူးလို့ရတဲ့ အသီးတွေကိုယူပါ’ လို့ ပြောကြတဲ့သူတွေလည်းရှိတယ်။တစ်ချို့တွေကလည်း ဒါကို လွယ်လွယ်ကူကူပြောရင် (good win) ပေါ့၊ မြန်မြန်ဆန်ဆန် အဖြေရမယ့်ဟာတွေကို မြန်မြန်လုပ်ပေးပါလို့ ပြောတယ်လို့ ဆရာတို့ ဆိုကြတယ်လေ။

ဒါပေမယ့် အဲလိုတစ်ဖက်က(good win)ရှာဖို့လိုသလို တစ်ဖက်ကလည်း အခုနကပြောသလို။ ဒါက လည်းနိုင်ငံရေးအယူအဆပေါ့လေ။ဆရာစိတ်ထဲတော့ ကိုယ့် နိုင်ငံ ရေးသည် ပါတီနိုင်ငံရေးမဟုတ်ဘူး။ ကိုယ့် သက်တမ်းတစ်ခုတည်းအတွက် မဟုတ်ဘူး။ ရေရှည်တိုင်းပြည်တိုးတက်မှုအတွက်ဆိုရင်တော့ အနှစ်နှစ်ဆယ် ကျမှပေါ်မယ့်စီမံချက်တွေကိုလည်း ဆရာတို့အားပေးရမယ်။ အဲ့ဒါက ဆရာထင်တာကတော့ (balance)ပေါ့။ ကာလတိုနဲ့ ကာလရှည် မျှမျှတတလုပ်မှရမယ်။ မဟုတ်ပြန်ရင်လည်း ဆရာတို့ထင်တယ်။ ဒီဆရာတို့ ရွေး ကောက်ပွဲနိုင်ငံရေးစနစ်ကိုအခြေခံပြီးတော့ ကာလတိုချည်းသွားလုပ်ရင်လည်း တိုင်းပြည်တိုးတက်ဖို့က လုံးဝမ ဖြစ်နိုင်ဘူးလေ။

နောက်ထပ်နှစ်နှစ်အတွင်းမှာ ရုပ်လုံးပေါ်မယ့်စီမံချက်ဆိုတာ တော်တော်ရှာရခက်တယ်လေ။ဟုတ် တယ်မလား၊ ရခိုင်ပြည်နယ်မှာ သွားဖွင့်မှပဲရမယ်။အဲတော့ အဲ့ဒါမျိုးက လုံးဝထိလို့မရဘူး။ တံတားဆောက်ဖို့ ဆိုရင် မြေကြီးပေါက်တာကိုနှစ်နှစ်လောက်ကြာမှာလေ။ မိုးပျံတွေလုပ်မယ်ဆိုရင်ဒါတွေကို လုံးဝမစဉ်းစားနိုင်တဲ့ အနေအထားကျတော့လည်း နိုင်ငံအနေနဲ့နစ်နာတာပေါ့။ဒါပေမယ့်တစ် ဖက်ကကျတော့လည်း နိုင်ငံရေး ပါတီ တွေဖြစ်တာမို့ နိုင်ငံရေးအစိုးရဖြစ်တာမို့ဟုတ်လား၊ ရွေးကောက်ပွဲမှာလည်း သူ့အတွက်ကဒါလည်း မပြင်လို့ရတဲ့ ကိစ္စလေ ၊ပြင်လို့မရတဲ့ကိစ္စကို သူဘယ်လိုမျှမလဲကွယ်။ နောက်တစ်ခုဆရာထင်တာက အခုပြဿနာတွေ အား လုံးကိုသုံးသပ်ကြည့်တာ ခင်ဗျားတို့မီဒီယာနဲ့ဆိုင်တယ်ထင်တယ် ။communication ထင်တယ်။ ကိုယ်က စေတ နာနဲ့ု လုပ်တယ်။မဟုတ်တာဘာမှမလုပ်ဘူးဆိုပြီး ယုံကြည်ပြီးလုပ်နေလို့မရဘူး။

အခုကအဲ့လိုဖြစ်နေတယ် ထင်တယ်၊အဲဒီတော့တစ်ယောက်နဲ့တစ်ယောက်တိုင်တိုင် ပင်ပင်၊ပွင့်ပွင့်လင်း လင်း၊ ပွင့်လင်းမြင်သာမှုဘာကြောင့်လုပ်ရတယ်၊ ဘယ်လိုအခြေအနေကြောင့်ရှိတယ်ဘာညာဆိုတာကိုရှင်းပြရင် ဆရာထင်တယ်။ဒီကန့်ကွက်တဲ့သူတွေကိုအစတည်းကစည်းရုံးရင်ဒါကပြဿနာမရှိဘူး။အခုကဘာမှအသိမပေးပဲနဲ့ဆိုတော့ ဟိုဘက်ကလူလည်း ငါ့အသိမပေးတော့ ဒီဟာကိုကန့်ကွက်တာထက်ကိုအသိမပေးတာကို ကန့် ကွက်သလိုဖြစ်နေတယ်။

အဲဒီတော့အသိမပေးတာကိုကန့်ကွက်တယ်ဆိုတာကိုမပေါ်ပဲနဲ့ စီမံချက်ကြီးကိုကန့်ကွက်သလိုဖြစ်သွား တာကိုး။ ဆရာတို့မှာအခုဖြစ်နေတာကအဲဒီပြဿနာပဲ။ ဆရာထင်တယ် အဲ့ဒါလည်းပဲရင့်ကျက်မှုလို့ အောက်မေ့ တယ်လေ။ဆရာတို့ဒီမိုကရေစီအပြောင်းမှာတစ်ယောက်နဲ့တစ်ယောက် (mobilize) လုပ်ရမယ်။တစ်ယောက်နဲ့ တစ်ယောက်စည်းရုံးရမယ်။
တစ်ယောက်နဲ့တစ်ယောက်ပြောရမယ်ဆိုတဲ့အလေ့အကျင့်တွေဟာမရှိပဲနဲ့ ငါမှန် တာလုပ်နေတာ ဘယ်သူမှလှည့်မကြည့်ဘူးဆိုတာမျိုး ဆိုတဲ့ဆန္ဒဇောပေါ့၊ အဲ့ဒါတွေနဲ့လုပ်တော့ ဒီအကြည့်ခံ ချင်တဲ့သူကလည်း ငါကိုလာပြီးမပြောဘူးဆိုတဲ့ဟာလေးတစ်ခုနဲ့ပြန်ပြီးဝေဖန် တယ်၊အပြစ်တင် တယ်၊ကန့် ကွက်တယ်ဖြစ်လာတာပေါ့။

အဲဒီဟာက ပြောရရင်နှစ်ဖက်လုံးအတွက်မကောင်းဘူးလေ။ လုပ်ရတဲ့လူအတွက် ကလည်းစိတ်စနိုး စနောင့် ဖြစ်တယ်၊စိတ်အနှောင့်အယှက်ဖြစ်တယ်။ ကန့်ကွက်တဲ့သူတွေကိုလည်း လူတစ်ချို့ကမြင်တာကလည်း ဒီကောင်တွေ ဖျက်မြင်းတွေ။ တိုင်းပြည်တိုးတက်အောင်မလုပ်ချင်တဲ့ကောင်တွေဆိုတော့ အဲ့ဒါလည်းမဟုတ်ပြန် ဘူး။ ဟုတ်တယ်မလား။ အဲဒီတော့ အားလုံးကိုပြန်ချုံ့လိုက်ရင် နိုင်ငံရေးရင့်ကျက်မှုအားနည်းတဲ့ပုံစံပဲထင်တယ်။ အဲဒီတော့ဒါလည်းပဲ ဆရာတို့ယဉ်ကျေးမှုက အမိန့်နဲ့စီမံခဲ့တဲ့ယဉ်ကျေးမှုများတာကိုး။ ဟုတ်တယ်မလား။

အမှန်ပြောရရင်ဦးသန်းရွှေလက်ထက်ကဆိုရင် ဒီလိုသွားပြောကြည့်ပါလား။ အဲဒီတုန်းကသူလုပ်ချင် တာလုပ်ခဲ့တာလေ။ ဟုတ်တယ်မလား။ ဒီစီမံချက်တွေကိုလုပ်ချင်တာလုပ်ခဲ့တာဘယ်သူမှလည်း ပြောခွင့်ဆို ခွင့်မရှိဘူး။အခုကပြောခွင့်ဆိုခွင့်ရှိတဲ့ပတ်ဝန်းကျင်ကြီးတစ်ခုဖြစ်လာတာကိုး။တစ်ခါတစ်လေသတိမထားမိပဲနဲ့ ကိုယ့်စေတနာတစ်ခုတည်းပဲ အားကိုးလို့မရဘူး။ကိုယ့်ရိုးသားမှုတစ်ခုတည်း ဆရာထင်တယ်အခြေခံလို့မရဘူး။

ကိုယ့်ရိုးသားမှုကို ပိုပြီးလူသိအောင်လုပ်ရမှာပေါ့။ဒါတွေကတော့စိတ်ရှည်ရမှာပေါ့။ သည်းခံဖို့လိုတယ်။ တစ်ခါတစ်လေကျတော့ ကတ်သီးကတ်သပ်သမားတွေလေ။ ကိုယ်ကိုယ်တိုင်လည်းတစ်ခါတစ်လေဖြစ်တတ် တယ်။ ဒီကောင်တွေကို ငါဘာကြောင့်ရှင်းစရာရှိလဲ၊ငါလုပ်စရာရှိတာလုပ်မယ်လို့သွားလုပ်လိုက်မယ်ဆိုပြီးမှ ။ ဒါပေမယ့်သူတို့တွေကလည်းပြောခွင့်ဆိုခွင့်ရှိတာကိုး။ အခုဖြစ်တာလည်းအဲ့ဒါပဲ။ နိုင်ငံရေးယဉ်ကျေးမှုကြီး က ပြောင်းသွားတာကိုး။အရင်ပုံစံနဲ့စဉ်းစားနေတဲ့အနေအထားရှိတော့ အားလုံးပြန်ချုံ့လိုက်ရင်ဗျာ၊ အခုနကနိုင်ငံ ရေးကိစ္စအားလုံးက mindset ပဲ။မြန်မာပြည်တစ်ပြည်လုံး ဆရာထင်တယ်ဦးနှောက်တွေ အကုန်လုံးလဲပစ်လိုက် မှရမလားမသိဘူး။အတွေးတွေကအရင်တိုင်းဖြစ်နေတာကိုး။
ရှိသမျှအတွေးတွေကအရင်တိုင်းပဲအတွေးတွေပဲ တွေးနေတာကိုး။ဟုတ်တယ်မလား။အဲ့တော့မဖြစ်နိုင်ဘူး၊ဖြစ်နိုင်တယ်၊ကန့်ကွက်တယ်၊မကန့်ကွက်ဘူး၊နားလည်တယ်၊မနားလည်ဘူးဆိုတာတွေအားလုံးကလည်းဒီအတွေးတွေကစတာကိုး။

အဲဒီတော့ mindset ချိန်းရဖို့ကဘယ်ကနေ့စမလဲဆိုရင် စောနကပြောသလို အသိနဲ့ပေါ့၊ အသိက ဘယ် ကရမလဲဆိုရင် စောနကလို(Knowledge)နဲ့ပေါ့။ အချက်အလက်ပေါ့။အခုအဲ့ဒါတွေကိုအားလုံးကို ခင်ဗျား တို့ မီဒီယာကနေ။ အခုဆိုရင်အရင်တုန်းကလို ဆရာတို့ကကျောင်းတွေ ဘာတွေတက်မှ သိစရာမလိုဘူးလေ။ မီဒီ ယာက communication ဒီလောက်ပေးနေတာဗျာ။ အဲ့ဒါကိုဆရာတို့က လိုလိုချင်ချင်နဲ့စုဆောင်းတာမဟုတ် ပဲနဲ့ ကိုယ့်သိသလောက်၊ကိုယ်တတ်သလောက်လျှောက်လုပ်နေတာကိုး။ အဲ့ပြဿနာဆရာထင်တယ်။ သိချင်တဲ့ တတ်ချင်တဲ့အင်အားကအားနည်းပြီးတော့ ကိုယ်သိသလောက်နဲ့လုပ်ချင်တဲ့စိတ်က များတာ။ အဲဒီတော့ဆရာ တို့က လုပ်ရခက်တာပေါ့။

Opinion Leaders ။     ။ ထားဝယ် တနင်္သာရီက ဝန်ကြီးချုပ်နဲ့ အချို့ကို စုံစမ်းစစ်ဆေးရေးတွေလုပ်နေတာ ရှိတယ်။ တစ်ကယ်လို့ အဂတိလိုက်စားမှု၊ အခွင့်အာဏာအလွဲသုံးစားလုပ်မှုနဲ့ အရေးယူမှုတွေ ရှိခဲ့မယ်ဆိုရင် ရင်းနှီးမြုပ်နှံမယ့်သူတွေအတွက် ရင်းနှီးမြုပ်နှံမှု ပိုအားကောင်းလာစေမလား ပိုတွန့်ဆုတ်စေမလား ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ နှစ်ပိုင်းပေါ့နော်၊တစ်ပိုင်းကတော့ သီအိုရီအနေနဲ့ဆရာတို့ပြောနေတာ က တော့ ရင်းနှီးမြုပ်နှံချင်တဲ့သူက ဘာကိုအကြောက်ဆုံးလဲ။ Corruption ကိုကြောက်တယ်။အဂတိလိုက်စားမှု ဆိုရင် သူရဲ့ရင်းနှီးမြုပ်နှံမှုစရိတ်က လိုတာထက်ကိုပိုကုန်သွားတာကိုး။သူသည်အမြဲတမ်းဘာစဉ်းစားလဲဆိုရင် Corruption Free ။ ဒါကြောင့်နိုင်ငံတွေအားလုံးမှာ ဆရာတို့ချိတ်ဆက်ပြီးစဉ်းစားရင် ရင်းနှီးမြုပ်နှံမှုအများ ဆုံး ရတဲ့ နိုင်ငံတွေဟာ Corruption အနည်းဆုံးဖြစ်တဲ့နိုင်ငံတွေဆိုတာကိုသိလာတယ်၊ ဘာကြောင့်လဲဆိုတော့ ရင်း နှီးမြုပ်နှံမှုလုပ်တဲ့သူက သူအနေနဲ့ တစ်ရာရင်းနှီးတဲ့အချိန်မှာ ရှစ်ဆယ်လောက်က လာဘ်ပေးနေရရင်သူ အတွက် မကိုက်ဘူး။

အဲဒီတော့သူသည်ဘာကိုလိုက်ရှာလဲဆိုရင် ရင်းနှီးမြုပ်နှံမှုလုပ်မယ်ဆိုရင်အဂတိလိုက်စားမှု လုံးဝကင်း ရှင်းတဲ့ဟာကို စဉ်းစားတယ်ပေါ့။အဲဒီတော့ဆရာတို့အနေနဲ့ အဂတိလိုက်စားမှုနဲ့ပတ်သက်လာရင် ဘယ်လိုရှိ တယ်။ အခုဖြစ်နေတဲ့အခြေအနေကို တာဝန်ရှိတဲ့သူတွေကစုံစမ်းနေတယ်။ စုံစမ်းပြီးတော့ တကယ်အဖြစ် အမှန် ကို ဖေါ်ပြီး တော့လိုအပ်တဲ့အရေးယူမှုတွေလုပ်ရင်တော့ပြဿနာမရှိပါဘူး ။ဒါကတော့လုပ်ရမှာပါ။ဒါပေမယ့် ဆရာကလည်း ခင်ဗျားလည်းဖတ်လိုက်ရလားမသိဘူး။ဆရာရေးထားတဲ့ဆောင်းပါးဘွဲ့အတု တက္ကသိုလ် အတု တွေ။ အဲ့ဒါဖြစ်နေတာဆရာကတော့ထင်တယ်၊ အဂတိလိုက်စားမှုတွေဟာ ပညာရေးအဂတိလိုက်စားမှုဟာ အကြီးဆုံးဖြစ်နေတယ်။ဟုတ်တယ်မလား။

ငွေကိုလာဘ်ပေးလာဘ်ယူလုပ်တာကို။ဒါကတော့ သူ့ကိစ္စနဲ့သူကိုယ့်စိတ်ထဲဘာမှမရှိဘူး။ ဒါပေမယ့် ကလေးတွေကိုအခုနကပြောသလိုမဟုတ်တဲ့ဘွဲ့တွေနဲ့ မဟုတ်တဲ့တက္ကသိုလ်ကဟာတွေအားလုံးကို အယောင် ဆောင်တွေပေါ့။အတုတွေလုပ်တာက ဆရာလုံးဝမခံချင်တာ။စောနကပြောသလိုပေါ့။ အဂတိလိုက်စားမှု။ ဒါကို လည်းဘယ်သူကအရေးယူလဲလို့ပြောရင် ဘယ်သူအရေးယူမှန်းကိုမသိဘူး။ တစ်ကမ္ဘာလုံးက လည်းသိနေတာ ဟုတ်တယ်မလား။အားလုံးကလည်း ဒါကြီးဖြစ်နေတာသိတယ်။ ဘွဲ့အတုတွေတပ်ထားတဲ့သူတွေကလည်း အခု ထိရာထူးလည်းမပြုတ်၊ရာထူးလည်းမဖြုတ်ဆိုတော့။အခုနကပြောသလို သူ့ဘာသူမရှက်လို့သာနေတာပဲ။

ဒါပေမယ့် အဲ့ဒါကိုဘယ်လိုလုပ်ကြမလဲ၊ အဲ့ဒါကြီးက စနစ်ကြီးပဲ ဆရာထင်တယ် အခုက(system)ဖြစ် သွားတာဟုတ်တယ်မလား၊ ယိုသူမရှက်မြင်သူရှက်ရတာလေ။ဟုတ်တယ်မလား၊ အဲဒီဟာကိုဆရာထင်တယ်၊ လုပ်ကြရမယ် ထင်တယ်နော်၊ဒီအတိုင်းသွားလို့တော့မရဘူးထင်တယ်၊ ခိုကပ်ပြီးနေနေတာ။ ခိုကပ်ပြီးနေတာကို လည်းဘယ်သူ့မှအမိုက်မခံဘူး။

ဆရာကိုတောင် လူတွေကပြောတယ်။ ဘာလို့ရေးလဲ။ အမိုက်ခံပြီးငါတော့ရေးမှာပဲ၊မဟုတ်တာလည်း မဟုတ်ဘူး။ ဟုတ်တယ်မလား။မဟုတ်တာကို ဟုတ်တယ်လို့ပြောစရာအကြောင်းလည်းမရှိဘူး၊ ဟုတ်တယ် မလား၊ ဒါပေမယ့်မဟုတ်တာကို လက်ခံတဲ့စနစ်ကြီးကို ဆရာကအံ့သြတယ်။ ဟုတ်တယ်မလား။ နောက်တစ်ခါ နည်းနည်းနောနောရာထူးတွေ မဟုတ်ဘူးလေ။ ဟုတ်တယ်မလား။

ခပ်ပြောင်ပြောင်ပဲ။တစ်ယောက်လည်းမဟုတ်ဘူး၊နှစ်ယောက်လည်းမဟုတ်ဘူး၊သုံးယောက်လည်းမ ဟုတ်ဘူးဆိုတော့ ဘယ်လိုလုပ်ကြမလဲ။ အဲ့တော့ (systemic corruption) ပေါ့။ ဒီစနစ်ကြီးတစ်ခုလုံးက ဒီ (corrupt) ဖြစ်တယ်။တစ်ချိန်တုန်းက နဝတခေတ်တုန်းကလည်း ဒီလိုပုံစံဖြစ်ခဲ့တယ်။ ဘွဲ့အတုတွေနဲ့။ အဲ့ဒါ ကြီးကိုကိုယ့်အလှည့်ကျရင်တော့အဖြစ်မခံဘူးပေါ့ကွယ်။
ပညာမတတ်တဲ့သူတွေကိုမခန့်တာဘာဖြစ်လဲအရေးမ ကြီးဘူး၊အတန်းပညာနဲ့ပဲဆိုင်တာလေ မဟုတ်ဘူးလား။ လေးတန်းအောင်တဲ့ကောင်တွေကို ဝန်ကြီးခန့်မယ် ဆို ပြီးတော့ ကြေညာရမှာ။ဆရာသဘောကတော့ ကိုယ်ကနိုင်ငံရေးအရယုံကြည်တယ်၊ စိတ်ချရတယ်ဆိုရင် သူ့ကို တာဝန်ပေးမှာပေါ့။ မဟုတ်ဘူးလား။ အဲဒီလို မဟုတ်ပဲနဲ့ ဘွဲ့အတုနဲ့ကိုယ့်ကိုယ်ကိုယ်ဒေါက်တာတပ်ထားတဲ့ ကောင်တွေကို ဝန်ကြီးပေးရင်သေရချည်ရဲ့ကွယ်။ မဟုတ်ဘူးလား။

ဘယ်လိုလုပ်ရမှာလဲကိုယ်တို့က။ဆရာစိတ်မကောင်းတာက ကလေးတွေအတွက်စိတ်မကောင်းတာ။ လူငယ်တွေအတွက်ဟုတ်တယ်မလားလူငယ်တွေကဘာစဉ်းစားမလဲဆိုရင် ဆရာအောင်ထွန်းသက်လောက် မိုက်တဲ့သူမရှိဘူး။ဒီလောက်တောင် ဘွဲ့တစ်ခုကိုလေးငါးခြောက်နှစ်လုပ်ရတာ။ ဟုတ်တယ်မလား။ အခုက ခြောက်လနဲ့လုပ်လို့ရတာဖြစ်လာတယ်။ အဲ့ဒါကိုဆရာက မခံချင်တာ။ကလေးတွေအတွက်က ဆရာတို့နမူနာ မကောင်းဘူးကွယ်၊စိတ်မကောင်းတာကအဲ့ဒါပဲ။အစိုးရက နမူနာမပြနိုင်တာဲ့နိုင်ငံရေးဖြစ်သွားတာက အဆိုး ဆုံးပေါ့။

Opinion Leaders ။     ။  အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဆရာ။

ဒေါက်တာအောင်ထွန်းသက်
မတ် - ၆

( Zawgyi )

မၾကာမီက ရခိုင္ျပည္နယ္တြင္ ျပဳလုပ္ခဲ့သည့္ ရင္းႏွီ္းျမဳပ္ႏွံမႈဖိုရမ္တစ္ခုကို ဂ်ပန္ႏိုင္ငံ စီစဥ္မႈျဖင့္ ျပဳလုပ္ခဲ့ရာမွာ ႏိုင္ငံတကာရင္းႏွီးျမဳပ္ႏွံသူမ်ားက ေဒၚလာသန္းငါးေထာင္ ရခိုင္ျပည္နယ္အတြင္း ရင္းႏွီးျမဳပ္ႏွံရန္ အဆိုျပဳခဲ့ၾကပါတယ္။ထိုအေျခအေနက ျမန္မာႏိုင္ငံတြင္ ဒုတိယဖြံ႕ၿဖိဳးမႈအနည္းဆုံး ျပည္နယ္ျဖစ္သည့္ ရခိုင္ျပည္နယ္အတြင္း ဘယ္ေလာက္ထိ တိုးတက္မႈျဖစ္လာမလဲႏွင့္ လက္ရွိျဖစ္ေပၚေနသည့္  အဂတိလိုက္စားမႈမ်ားက ရင္းႏွီးျမဳပ္ႏွံမႈမ်ားကို ထိခိုက္ေစႏိုင္သလဲ ဆိုသည္ကို ႏိုင္ငံေတာ္သမၼတ၏ စီးပြားေရးအႀကံေပးပုဂၢိဳလ္ႏွင့္ ဝါရင့္စီးပြားေရးပညာရွင္ ဆရာ ေဒါက္တာေအာင္ထြန္းသက္ အား ေမးျမန္းခဲ့ပါတယ္။ဆရာ ေဒါက္တာေအာင္ထြန္းသက္ ၏ ရႈျမင္သုံးသပ္ခ်က္ အျပည့္အစုံကို ယခုတစ္ပတ္အတြက္ အထူးအစီအစဥ္အျဖစ္ ေမးျမန္းေဖာ္ျပလိုက္ပါတယ္။

(Opinion Leaders Media အယ္ဒီတာအဖြဲ႕)

Opinion Leaders ။     ။ မၾကာခင္က ရခိုင္မွာinvest forum ေလး လုပ္ခဲ့တာရွိပါတယ္။ဒီပြဲမွာ ႏိုင္ငံတကာစီးပြားေရးလုပ္ငန္းရွင္ေတြက ေဒၚလာ သန္း ၅၀၀၀ အထိ ရင္းႏွီးျမဳပ္ႏွံမယ္လို႔ အဆိုျပဳခဲ့တာကို ေတြ႕ရပါတယ္ ဆရာ။ဒီပမာဏကေန ဘယ္ေလာက္ထိ တစ္ကယ္ရင္းႏွီးျမဳပ္ႏွံမႈ ဝင္လာမလဲ၊ ေနာက္တစ္ခ်က္က ရခိုင္မွာျဖစ္ေနတဲ့ အလုပ္အကိုင္ရွားပါးမႈ ျပႆနာကို ေျဖရွင္းႏိုင္မလား၊ ရခိုင္ျပည္နယ္ တိုးတက္ဖြံ႕ၿဖိဳးေရးအတြက္ ဘယ္ေလာက္ထိတာသြားႏိုင္လဲ ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ ဒီသုံးခုလုံးကေပါ့ေနာ္။နံပါတ္တစ္ကေတာ့ ဆရာတို႔အေနနဲ႔ ကတိကဝတ္ျပဳတာေပါ့၊ ကတိကဝတ္ျပဳတယ္လို႔ေျပာေတာ့ အခုနကဟာ ဒါ ဒီေငြေတြလက္ထဲမွာ အဲဒီေငြေတြရွိရဲ႕လားဆိုတဲ့ ေမးခြန္းကေတာ့ ဆရာတို႔ MIC လိုေပါ့။ MIC မွာလည္း ဆရာတို႔ ရင္းႏွီးျမဳပ္ႏွံတဲ့ ပေရာဂ်က္ေတြ၊ ပေရာဂ်က္တန္ဖိုး ဘယ္ေလာက္ရွိလဲ ဒါကိုရင္းႏွီးျမဳပ္ႏွံမယ္။စုစုေပါင္းရင္းႏွီးျမဳပ္ႏွံမႈ ရင္းႏွီးျမဳပ္ႏွံတဲ့ပမာဏကို ေျပာႏိုင္ေပမယ့္ အဲ့ဒီရင္းႏွီးျမဳပ္ႏွံမႈပမာဏေတြကို မနက္ျဖန္၊ သဘက္ ေျပာလို႔မရဘူးေလ။ေျမရွင္းတာရွိမယ္၊ feasibility study လုပ္တာရွိမယ္။ၿပီးေတာ့မွ စက္႐ုံေဆာက္ရမယ္ ၿပီးေတာ့မွ။

ဒါေပမယ့္ေျပာခ်င္တာက ဒါေတြအားလုံးသည္ စုစုေပါင္းရင္းႏွီးျမဳပ္ႏွံတဲ့ ပမာဏေပါ့။အဲဒီေလာက္ပမာဏ ရွိရင္ေတာ့ ဒါေဒသတစ္ခုအတြက္က အင္မတန္မွအက်ိဳးရွိမယ္လို႔ ကိုယ္ကေတာ့ ယုံၾကည္တယ္ေလ။ၿပီးေတာ့မွ အေျခခံအေနနဲ႔ ဆရာတို႔ ဒီရင္းႏွီးျမဳပ္ႏွံမႈေတြဟာ အလုပ္အကိုင္ အခြင့္အလမ္းေတြကို ဖန္တီးႏိုင္တယ္။

အခုနကေမးတဲ့ ေမးခြန္းနဲ႔ စပ္လ်ဥ္းၿပီးေတာ့ အလုပ္အကိုင္ အခြင့္အေရးေတြ ဖန္တီးႏိုင္တယ္။ရခိုင္ျပည္နယ္ရဲ႕ ပကတိအေျခအေနကို ၾကည့္လိုက္ရင္ ရခိုင္ကေတာ့ ျပည္ေထာင္စုမွာ စီးပြားေရးအရ ဖြံံ့ၿဖိဳးမႈ ဒုတိယအေနာက္က်ဆုံး ေဒသျဖစ္ေနတာကိုး။အဲဒီလိုရင္းႏွီးျမႇပ္ႏွံမႈကို ထဲထဲဝင္ဝင္လုပ္လာရင္ ေနာက္တစ္ခုက အဲ့ဒါနဲ႔ပတ္သက္လို႔ ဆရာထင္တယ္ေလ ေငြေရးေၾကးေရးပမာဏဟာ အေရးႀကီးသလို၊ တစ္ဖက္ကလည္း confidence ေပါ့။လူေတြရဲ႕ ယုံၾကည္မႈတည္ေဆာက္တာေတြေလ။အဲဒီေတာ့ ႏိုင္ငံျခား အထူးသျဖင့္ ဒီေလာက္ေတာင္မွ ပဋိပကၡေတြ အမ်ားႀကီးျဖစ္ေနတဲ့အခ်ိန္မွာ ႏိုင္ငံျခားလုပ္ငန္းရွင္ေတြက အခုလိုရင္းႏွီးခ်င္တဲ့ စိတ္ဆႏၵေတြကို ေဖာ္ျပေနတာဟာ ကိုယ့္အတြက္ အလားအလာ အမ်ားႀကီးေကာင္းတာေပါ့။

ဆရာအေနနဲ႔ကေတာ့ ဒါႏိုင္ငံေရးအျမတ္လို႔ ယူဆတယ္ေလေနာ္။ကိုယ္လည္း တိုက္တြန္းခဲ့တာ၊ ကိုယ္လည္း အခုဥပမာဆိုပါေတာ့ အထည္ခ်ဳပ္စက္႐ုံေတြ ဘာေတြ။ရန္ကုန္မွာရွိတဲ့ အထည္ခ်ဳပ္စက္႐ုံေတြကို ရခိုင္ျပည္နယ္ကို လႊတ္ေပးပါ။ျပန္ၿပီးရင္းႏွီးျမဳပ္ႏွံေပးပါ အလုပ္အကိုင္အခြင့္အေရး။ဘာေၾကာင့္လဲဆိုေတာ့ ဆရာတို႔ တစ္ခါတစ္ေလ။ကိုယ္အေနနဲ႔ကေတာ့ အၿမဲတမ္းေရးေနတာ။ရခိုင္ရဲ႕ အေျခခံတစ္ခုက စီးပြားေရးမတိုးတက္တဲ့ အေျခခံကိုး။ဖြံ႕ၿဖိဳးမႈအားနည္းတဲ့အေျခခံ။အဲဒီေတာ့ အခုဖြံ႕ၿဖိဳးမႈအားနည္းတဲ့အခါက်ေတာ့ ပဋိပကၡျဖစ္လာတဲ့ အေျခအေန။ေနာက္တစ္ခါ တစ္ေယာက္နဲ႔တစ္ေယာက္ မတည့္တဲ့အေျခအေန။လူမႈေရးျဖစ္လာတယ္၊ ဘာသာေရးျဖစ္လာတယ္။ဘာညာျဖစ္လာတယ္။

ဒါေပမယ့္ တကယ္တမ္းအေျခခံသည္ ဘာလဲဆိုေတာ့ စီးပြားေရးအေျခခံ။စီးပြားေရးကိုသာ ဆရာတို႔က တကယ့္ကို ေျပာင္းႏိုင္ရင္၊ အေျခအေနေကာင္းေအာင္ လုပ္ႏိုင္ရင္ ဆရာတို႔အတြက္ အေကာင္းဆုံးျဖစ္မွာေပါ့။အဲဒီလိုပဲ ဆရာကေတာ့ ယူဆတာေပါ့။ဒါေၾကာင့္လည္း ကိုယ္က တိုက္တြန္းတာပါ။အခုလည္း ဆက္ၿပီးလုပ္ေနတာက ဘာလို႔လဲဆိုေတာ့။

ေနာက္တစ္ခုက ရခိုင္ေဒသနဲ႔ ပတ္သက္လာရင္ အေျခခံအေဆာက္အအုံေတြလိုတယ္။မီးမရွိတဲ့ဒုကၡေတြ၊ လမ္းမရွိတဲ့ဒုကၡေတြ၊ အသြားအလာခက္ရတဲ့ဒုကၡေတြ။ဒါေတြအားလုံးဟာ ပဋိပကၡကိုအားေပးတဲ့ အေျခအေနေတြ ျဖစ္တာကိုး။ဆရာတို႔အေနနဲ႔ ဒါေတြအားလုံးကို ကိုင္တြယ္ႏိုင္လို႔ရွိရင္၊ ကိုင္တြယ္ႏိုင္တာကလည္း ႏိုင္ငံျခားရင္းႏွီးျမႇပ္ႏွံမႈကို ႏိုင္ငံျခားသားေတြက ကိုယ့္အေပၚမွာ ယုံၾကည္လာတယ္။ကိုယ့္အေနအထားကို လက္ခံလာတယ္ဆိုရင္ေတာ့ ဆရာတို႔အတြက္ အလားအလာေကာင္းတယ္လို႔ ယူဆတာပါ။

Opinion Leaders ။     ။ ျမန္မာႏိုင္ငံ ရင္းႏွီးျမဳပ္ႏွံမႈေကာ္မရွင္ကေန လစဥ္ထုတ္ျပန္တဲ့ ရင္းႏွီးျမဳပ္ႏွံတဲ့ ႏိုင္ငံစာရင္းမွာ ဂ်ပန္ရင္းႏွီးျမဳပ္ႏွံမႈက ဘ႑ာေရးႏွစ္သစ္မွာ လစဥ္ ေဒၚလာ သန္းဆယ္ဂဏန္းသာ ရွိတာကို ေတြ႕ရပါတယ္။
တျခားႏိုင္ငံေတြျဖစ္တဲ့ စင္ကာပူနဲ႔ တ႐ုတ္၊ အထူးသျဖင့္ စင္ကာပူကသာ မ်ားပါတယ္။အခု ဂ်ပန္ႏိုင္ငံက ဦးေဆာင္လုပ္ကိုင္တဲ့ ရင္းႏွီးျမဳပ္ႏွံမႈေတြက တစ္ကယ္ေကာ ဝင္လာပါ့မလား။သီလဝါမွာ ဂ်ပန္ေတြ လုပ္ေနတာရွိတယ္။ထားဝယ္မွာလည္း လုပ္ဖို႔ေဆာင္႐ြက္ေနတာရွိတယ္။ဂ်ပန္က ရင္းႏွီးျမဳပ္ႏွံတာ နည္းတဲ့အခ်ိန္မွာ သူတို႔ဦးေဆာင္ၿပီးလုပ္တဲ့ ရင္းႏွီးျမဳပ္ႏွံမႈေတြက တကယ္ေကာဝင္လာပါ့မလား ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။      ။ တကယ္ကေတာ့ ဆရာေအာက္ေမ့တာကေပါ့ေနာ္၊ ဒီဦးစားေပးလုပ္တယ္ဆိုရင္ သူတို႔ဂ်ပန္က ဒါကိုေဖာ္တယ္၊ ကြက္သစ္ေတြေဖာ္တယ္၊ ေဖာ္တဲ့အတြက္ ဂ်ပန္ေတြခ်ည္းပဲ မကဘူးေလ၊ ေဖာ္လိုက္တဲ့ ပေရာဂ်က္ႀကီးကို အျခားႏိုင္ငံေတြကလည္း ရင္းႏွီးျမႇပ္ႏွံဖို႔ လိုခ်င္တဲ့ဆႏၵရွိတဲ့သူေတြ ေပၚလာႏိုင္မယ္လို႔ ဆရာတို႔က ယူဆတယ္။ေနာက္ အခုနကေျပာတာ မွန္တယ္၊ ဥပမာ-သီလဝါလည္း သူတို႔က ေငြစိုက္ထားရတာ၊ သူတို႔မွာ ထပ္ၿပီးေတာ့မ်ား ရင္းႏွီးျမဳပ္ႏွံမႈ အလားအလာေတြ ရွိ/မရွိ ဆိုတာလည္း စဥ္းစားစရာေပါ့ေလ။ဒါေပမယ့္ ဆရာတို႔ေအာက္ေမ့တာက သူတို႔က အက်ိဳးအျမတ္ရွိတယ္ဆိုရင္ေတာ့ ရင္းႏွီးျမဳပ္ႏွံမွာပါပဲ။ဟုတ္တယ္မလား။အဲဒီေတာ့ အက်ိဳးအျမတ္ရွိတယ္ဆိုတာကိုပဲ ဆရာတို႔က ဖိၿပီးေျပာရမွာေပါ့ေနာ္။

Opinion Leaders ။      ။ လက္ရွိမွာ ၿမိဳ႕သစ္စီမံကိန္းေတြက ေရွ႕တိုးမရ၊ ေနာက္ဆုတ္မရ ဆိုတာေတြ ျဖစ္ေနတယ္။လွည္းကူးမွာလည္း ေညာင္ႏွစ္ပင္မွာ ေတာင္ကိုရီးယားက စက္မႈဇုန္လုပ္မွာလည္းရွိတယ္။အခု လက္ရွိအစိုးရက ေ႐ြးေကာက္ပြဲကေန တက္လာတာျဖစ္တဲ့အတြက္ သက္တမ္းက ႏွစ္ႏွစ္ေလာက္သာရွိတဲ့အတြက္ စီမံကိန္းေတြက အႀကီးႀကီးေတြျဖစ္တဲ့အတြက္ တစ္ကယ္မွာေကာ ႏိုင္ငံျခားရင္းႏွီးျမဳပ္ႏွံမႈက ဆြဲေဆာင္ႏိုင္ပါ့မလား ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ ဆရာထင္တယ္ ႏွစ္ပိုင္းေပါ့ကြယ္။ဟိုအခုနကေျပာသလို ေ႐ြးေကာက္ပြဲ ႏိုင္ငံေရးေ႐ြးေကာက္ပြဲ။ေ႐ြးေကာက္ပြဲႏိုင္ငံေရးေပါ့ေနာ္။အဲဒီရႈေထာင့္နဲ႔ၾကည့္လို႔ရွိရင္ေတာ့ ကာလတို ဆူလြယ္၊ နပ္လြယ္ စီမံခ်က္ေတြကိုလုပ္ရင္ ေကာင္းမယ္လို႔ လူေတြကေျပာၾကတယ္ေလ။အဲ့ေတာ့ဘာေၾကာင့္လဲဆိုေတာ့ ဒါဟာက်န္တဲ့ႏွစ္ႏွစ္ကာလမွာ ေနာက္အႏွစ္ႏွစ္ဆယ္မွာ ေပၚတဲ့ဟာေတြ သြားလုပ္ရင္ ကိုယ္လုပ္ခဲ့တာ ႐ုပ္လုံးမေပၚဘူး။ဒါေၾကာင့္မို႔ ကိုယ့္လုပ္ခဲ့တာ ႐ုပ္လုံးေပၚဖို႔ဆိုရင္ေတာ့ ကိုယ့္အတြက္ ဆရာတို႔ေခၚတဲ့ (low hanging fruit) ‘တံခ်ဴနဲ႔ထိုးစရာမလိုပဲနဲ႔  လက္နဲ႔ခူးလို႔ရတဲ့ အသီးေတြကိုယူပါ’ လို႔ ေျပာၾကတဲ့သူေတြလည္းရွိတယ္။တစ္ခ်ိဳ႕ေတြကလည္း ဒါကို လြယ္လြယ္ကူကူေျပာရင္ (good win) ေပါ့၊ ျမန္ျမန္ဆန္ဆန္ အေျဖရမယ့္ဟာေတြကို ျမန္ျမန္လုပ္ေပးပါလို႔ ေျပာတယ္လို႔ ဆရာတို႔ ဆိုၾကတယ္ေလ။

ဒါေပမယ့္ အဲလိုတစ္ဖက္က(good win)ရွာဖို႔လိုသလို တစ္ဖက္ကလည္း အခုနကေျပာသလို။ ဒါက လည္းႏိုင္ငံေရးအယူအဆေပါ့ေလ။ဆရာစိတ္ထဲေတာ့ ကိုယ့္ ႏိုင္ငံ ေရးသည္ ပါတီႏိုင္ငံေရးမဟုတ္ဘူး။ ကိုယ့္ သက္တမ္းတစ္ခုတည္းအတြက္ မဟုတ္ဘူး။ ေရရွည္တိုင္းျပည္တိုးတက္မႈအတြက္ဆိုရင္ေတာ့ အႏွစ္ႏွစ္ဆယ္ က်မွေပၚမယ့္စီမံခ်က္ေတြကိုလည္း ဆရာတို႔အားေပးရမယ္။ အဲ့ဒါက ဆရာထင္တာကေတာ့ (balance)ေပါ့။ ကာလတိုနဲ႔ ကာလရွည္ မွ်မွ်တတလုပ္မွရမယ္။ မဟုတ္ျပန္ရင္လည္း ဆရာတို႔ထင္တယ္။ ဒီဆရာတို႔ ေ႐ြး ေကာက္ပြဲႏိုင္ငံေရးစနစ္ကိုအေျခခံၿပီးေတာ့ ကာလတိုခ်ည္းသြားလုပ္ရင္လည္း တိုင္းျပည္တိုးတက္ဖို႔က လုံးဝမ ျဖစ္ႏိုင္ဘူးေလ။

ေနာက္ထပ္ႏွစ္ႏွစ္အတြင္းမွာ ႐ုပ္လုံးေပၚမယ့္စီမံခ်က္ဆိုတာ ေတာ္ေတာ္ရွာရခက္တယ္ေလ။ဟုတ္ တယ္မလား၊ ရခိုင္ျပည္နယ္မွာ သြားဖြင့္မွပဲရမယ္။အဲေတာ့ အဲ့ဒါမ်ိဳးက လုံးဝထိလို႔မရဘူး။ တံတားေဆာက္ဖို႔ ဆိုရင္ ေျမႀကီးေပါက္တာကိုႏွစ္ႏွစ္ေလာက္ၾကာမွာေလ။ မိုးပ်ံေတြလုပ္မယ္ဆိုရင္ဒါေတြကို လုံးဝမစဥ္းစားႏိုင္တဲ့ အေနအထားက်ေတာ့လည္း ႏိုင္ငံအေနနဲ႔နစ္နာတာေပါ့။ဒါေပမယ့္တစ္ ဖက္ကက်ေတာ့လည္း ႏိုင္ငံေရး ပါတီ ေတြျဖစ္တာမို႔ ႏိုင္ငံေရးအစိုးရျဖစ္တာမို႔ဟုတ္လား၊ ေ႐ြးေကာက္ပြဲမွာလည္း သူ႔အတြက္ကဒါလည္း မျပင္လို႔ရတဲ့ ကိစၥေလ ၊ျပင္လို႔မရတဲ့ကိစၥကို သူဘယ္လိုမွ်မလဲကြယ္။ ေနာက္တစ္ခုဆရာထင္တာက အခုျပႆနာေတြ အား လုံးကိုသုံးသပ္ၾကည့္တာ ခင္ဗ်ားတို႔မီဒီယာနဲ႔ဆိုင္တယ္ထင္တယ္ ။communication ထင္တယ္။ ကိုယ္က ေစတ နာနဲ႔ု လုပ္တယ္။မဟုတ္တာဘာမွမလုပ္ဘူးဆိုၿပီး ယုံၾကည္ၿပီးလုပ္ေနလို႔မရဘူး။

အခုကအဲ့လိုျဖစ္ေနတယ္ ထင္တယ္၊အဲဒီေတာ့တစ္ေယာက္နဲ႔တစ္ေယာက္တိုင္တိုင္ ပင္ပင္၊ပြင့္ပြင့္လင္း လင္း၊ ပြင့္လင္းျမင္သာမႈဘာေၾကာင့္လုပ္ရတယ္၊ ဘယ္လိုအေျခအေနေၾကာင့္ရွိတယ္ဘာညာဆိုတာကိုရွင္းျပရင္ ဆရာထင္တယ္။ဒီကန႔္ကြက္တဲ့သူေတြကိုအစတည္းကစည္း႐ုံးရင္ဒါကျပႆနာမရွိဘူး။အခုကဘာမွအသိမေပးပဲနဲ႔ဆိုေတာ့ ဟိုဘက္ကလူလည္း ငါ့အသိမေပးေတာ့ ဒီဟာကိုကန႔္ကြက္တာထက္ကိုအသိမေပးတာကို ကန႔္ ကြက္သလိုျဖစ္ေနတယ္။

အဲဒီေတာ့အသိမေပးတာကိုကန႔္ကြက္တယ္ဆိုတာကိုမေပၚပဲနဲ႔ စီမံခ်က္ႀကီးကိုကန႔္ကြက္သလိုျဖစ္သြား တာကိုး။ ဆရာတို႔မွာအခုျဖစ္ေနတာကအဲဒီျပႆနာပဲ။ ဆရာထင္တယ္ အဲ့ဒါလည္းပဲရင့္က်က္မႈလို႔ ေအာက္ေမ့ တယ္ေလ။ဆရာတို႔ဒီမိုကေရစီအေျပာင္းမွာတစ္ေယာက္နဲ႔တစ္ေယာက္ (mobilize) လုပ္ရမယ္။တစ္ေယာက္နဲ႔ တစ္ေယာက္စည္း႐ုံးရမယ္။
တစ္ေယာက္နဲ႔တစ္ေယာက္ေျပာရမယ္ဆိုတဲ့အေလ့အက်င့္ေတြဟာမရွိပဲနဲ႔ ငါမွန္ တာလုပ္ေနတာ ဘယ္သူမွလွည့္မၾကည့္ဘူးဆိုတာမ်ိဳး ဆိုတဲ့ဆႏၵေဇာေပါ့၊ အဲ့ဒါေတြနဲ႔လုပ္ေတာ့ ဒီအၾကည့္ခံ ခ်င္တဲ့သူကလည္း ငါကိုလာၿပီးမေျပာဘူးဆိုတဲ့ဟာေလးတစ္ခုနဲ႔ျပန္ၿပီးေဝဖန္ တယ္၊အျပစ္တင္ တယ္၊ကန႔္ ကြက္တယ္ျဖစ္လာတာေပါ့။

အဲဒီဟာက ေျပာရရင္ႏွစ္ဖက္လုံးအတြက္မေကာင္းဘူးေလ။ လုပ္ရတဲ့လူအတြက္ ကလည္းစိတ္စႏိုး စေနာင့္ ျဖစ္တယ္၊စိတ္အေႏွာင့္အယွက္ျဖစ္တယ္။ ကန႔္ကြက္တဲ့သူေတြကိုလည္း လူတစ္ခ်ိဳ႕ကျမင္တာကလည္း ဒီေကာင္ေတြ ဖ်က္ျမင္းေတြ။ တိုင္းျပည္တိုးတက္ေအာင္မလုပ္ခ်င္တဲ့ေကာင္ေတြဆိုေတာ့ အဲ့ဒါလည္းမဟုတ္ျပန္ ဘူး။ ဟုတ္တယ္မလား။ အဲဒီေတာ့ အားလုံးကိုျပန္ခ်ဳံ႔လိုက္ရင္ ႏိုင္ငံေရးရင့္က်က္မႈအားနည္းတဲ့ပုံစံပဲထင္တယ္။ အဲဒီေတာ့ဒါလည္းပဲ ဆရာတို႔ယဥ္ေက်းမႈက အမိန႔္နဲ႔စီမံခဲ့တဲ့ယဥ္ေက်းမႈမ်ားတာကိုး။ ဟုတ္တယ္မလား။

အမွန္ေျပာရရင္ဦးသန္းေ႐ႊလက္ထက္ကဆိုရင္ ဒီလိုသြားေျပာၾကည့္ပါလား။ အဲဒီတုန္းကသူလုပ္ခ်င္ တာလုပ္ခဲ့တာေလ။ ဟုတ္တယ္မလား။ ဒီစီမံခ်က္ေတြကိုလုပ္ခ်င္တာလုပ္ခဲ့တာဘယ္သူမွလည္း ေျပာခြင့္ဆို ခြင့္မရွိဘူး။အခုကေျပာခြင့္ဆိုခြင့္ရွိတဲ့ပတ္ဝန္းက်င္ႀကီးတစ္ခုျဖစ္လာတာကိုး။တစ္ခါတစ္ေလသတိမထားမိပဲနဲ႔ ကိုယ့္ေစတနာတစ္ခုတည္းပဲ အားကိုးလို႔မရဘူး။ကိုယ့္႐ိုးသားမႈတစ္ခုတည္း ဆရာထင္တယ္အေျခခံလို႔မရဘူး။

ကိုယ့္႐ိုးသားမႈကို ပိုၿပီးလူသိေအာင္လုပ္ရမွာေပါ့။ဒါေတြကေတာ့စိတ္ရွည္ရမွာေပါ့။ သည္းခံဖို႔လိုတယ္။ တစ္ခါတစ္ေလက်ေတာ့ ကတ္သီးကတ္သပ္သမားေတြေလ။ ကိုယ္ကိုယ္တိုင္လည္းတစ္ခါတစ္ေလျဖစ္တတ္ တယ္။ ဒီေကာင္ေတြကို ငါဘာေၾကာင့္ရွင္းစရာရွိလဲ၊ငါလုပ္စရာရွိတာလုပ္မယ္လို႔သြားလုပ္လိုက္မယ္ဆိုၿပီးမွ ။ ဒါေပမယ့္သူတို႔ေတြကလည္းေျပာခြင့္ဆိုခြင့္ရွိတာကိုး။ အခုျဖစ္တာလည္းအဲ့ဒါပဲ။ ႏိုင္ငံေရးယဥ္ေက်းမႈႀကီး က ေျပာင္းသြားတာကိုး။အရင္ပုံစံနဲ႔စဥ္းစားေနတဲ့အေနအထားရွိေတာ့ အားလုံးျပန္ခ်ဳံ႔လိုက္ရင္ဗ်ာ၊ အခုနကႏိုင္ငံ ေရးကိစၥအားလုံးက mindset ပဲ။ျမန္မာျပည္တစ္ျပည္လုံး ဆရာထင္တယ္ဦးေႏွာက္ေတြ အကုန္လုံးလဲပစ္လိုက္ မွရမလားမသိဘူး။အေတြးေတြကအရင္တိုင္းျဖစ္ေနတာကိုး။
ရွိသမွ်အေတြးေတြကအရင္တိုင္းပဲအေတြးေတြပဲ ေတြးေနတာကိုး။ဟုတ္တယ္မလား။အဲ့ေတာ့မျဖစ္ႏိုင္ဘူး၊ျဖစ္ႏိုင္တယ္၊ကန႔္ကြက္တယ္၊မကန႔္ကြက္ဘူး၊နားလည္တယ္၊မနားလည္ဘူးဆိုတာေတြအားလုံးကလည္းဒီအေတြးေတြကစတာကိုး။

အဲဒီေတာ့ mindset ခ်ိန္းရဖို႔ကဘယ္ကေန႔စမလဲဆိုရင္ ေစာနကေျပာသလို အသိနဲ႔ေပါ့၊ အသိက ဘယ္ ကရမလဲဆိုရင္ ေစာနကလို(Knowledge)နဲ႔ေပါ့။ အခ်က္အလက္ေပါ့။အခုအဲ့ဒါေတြကိုအားလုံးကို ခင္ဗ်ား တို႔ မီဒီယာကေန။ အခုဆိုရင္အရင္တုန္းကလို ဆရာတို႔ကေက်ာင္းေတြ ဘာေတြတက္မွ သိစရာမလိုဘူးေလ။ မီဒီ ယာက communication ဒီေလာက္ေပးေနတာဗ်ာ။ အဲ့ဒါကိုဆရာတို႔က လိုလိုခ်င္ခ်င္နဲ႔စုေဆာင္းတာမဟုတ္ ပဲနဲ႔ ကိုယ့္သိသေလာက္၊ကိုယ္တတ္သေလာက္ေလွ်ာက္လုပ္ေနတာကိုး။ အဲ့ျပႆနာဆရာထင္တယ္။ သိခ်င္တဲ့ တတ္ခ်င္တဲ့အင္အားကအားနည္းၿပီးေတာ့ ကိုယ္သိသေလာက္နဲ႔လုပ္ခ်င္တဲ့စိတ္က မ်ားတာ။ အဲဒီေတာ့ဆရာ တို႔က လုပ္ရခက္တာေပါ့။

Opinion Leaders ။     ။ ထားဝယ္ တနသၤာရီက ဝန္ႀကီးခ်ဳပ္နဲ႔ အခ်ိဳ႕ကို စုံစမ္းစစ္ေဆးေရးေတြလုပ္ေနတာ ရွိတယ္။ တစ္ကယ္လို႔ အဂတိလိုက္စားမႈ၊ အခြင့္အာဏာအလြဲသုံးစားလုပ္မႈနဲ႔ အေရးယူမႈေတြ ရွိခဲ့မယ္ဆိုရင္ ရင္းႏွီးျမဳပ္ႏွံမယ့္သူေတြအတြက္ ရင္းႏွီးျမဳပ္ႏွံမႈ ပိုအားေကာင္းလာေစမလား ပိုတြန႔္ဆုတ္ေစမလား ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ ႏွစ္ပိုင္းေပါ့ေနာ္၊တစ္ပိုင္းကေတာ့ သီအိုရီအေနနဲ႔ဆရာတို႔ေျပာေနတာ က ေတာ့ ရင္းႏွီးျမဳပ္ႏွံခ်င္တဲ့သူက ဘာကိုအေၾကာက္ဆုံးလဲ။ Corruption ကိုေၾကာက္တယ္။အဂတိလိုက္စားမႈ ဆိုရင္ သူရဲ႕ရင္းႏွီးျမဳပ္ႏွံမႈစရိတ္က လိုတာထက္ကိုပိုကုန္သြားတာကိုး။သူသည္အၿမဲတမ္းဘာစဥ္းစားလဲဆိုရင္ Corruption Free ။ ဒါေၾကာင့္ႏိုင္ငံေတြအားလုံးမွာ ဆရာတို႔ခ်ိတ္ဆက္ၿပီးစဥ္းစားရင္ ရင္းႏွီးျမဳပ္ႏွံမႈအမ်ား ဆုံး ရတဲ့ ႏိုင္ငံေတြဟာ Corruption အနည္းဆုံးျဖစ္တဲ့ႏိုင္ငံေတြဆိုတာကိုသိလာတယ္၊ ဘာေၾကာင့္လဲဆိုေတာ့ ရင္း ႏွီးျမဳပ္ႏွံမႈလုပ္တဲ့သူက သူအေနနဲ႔ တစ္ရာရင္းႏွီးတဲ့အခ်ိန္မွာ ရွစ္ဆယ္ေလာက္က လာဘ္ေပးေနရရင္သူ အတြက္ မကိုက္ဘူး။

အဲဒီေတာ့သူသည္ဘာကိုလိုက္ရွာလဲဆိုရင္ ရင္းႏွီးျမဳပ္ႏွံမႈလုပ္မယ္ဆိုရင္အဂတိလိုက္စားမႈ လုံးဝကင္း ရွင္းတဲ့ဟာကို စဥ္းစားတယ္ေပါ့။အဲဒီေတာ့ဆရာတို႔အေနနဲ႔ အဂတိလိုက္စားမႈနဲ႔ပတ္သက္လာရင္ ဘယ္လိုရွိ တယ္။ အခုျဖစ္ေနတဲ့အေျခအေနကို တာဝန္ရွိတဲ့သူေတြကစုံစမ္းေနတယ္။ စုံစမ္းၿပီးေတာ့ တကယ္အျဖစ္ အမွန္ ကို ေဖၚၿပီး ေတာ့လိုအပ္တဲ့အေရးယူမႈေတြလုပ္ရင္ေတာ့ျပႆနာမရွိပါဘူး ။ဒါကေတာ့လုပ္ရမွာပါ။ဒါေပမယ့္ ဆရာကလည္း ခင္ဗ်ားလည္းဖတ္လိုက္ရလားမသိဘူး။ဆရာေရးထားတဲ့ေဆာင္းပါးဘြဲ႕အတု တကၠသိုလ္ အတု ေတြ။ အဲ့ဒါျဖစ္ေနတာဆရာကေတာ့ထင္တယ္၊ အဂတိလိုက္စားမႈေတြဟာ ပညာေရးအဂတိလိုက္စားမႈဟာ အႀကီးဆုံးျဖစ္ေနတယ္။ဟုတ္တယ္မလား။

ေငြကိုလာဘ္ေပးလာဘ္ယူလုပ္တာကို။ဒါကေတာ့ သူ႔ကိစၥနဲ႔သူကိုယ့္စိတ္ထဲဘာမွမရွိဘူး။ ဒါေပမယ့္ ကေလးေတြကိုအခုနကေျပာသလိုမဟုတ္တဲ့ဘြဲ႕ေတြနဲ႔ မဟုတ္တဲ့တကၠသိုလ္ကဟာေတြအားလုံးကို အေယာင္ ေဆာင္ေတြေပါ့။အတုေတြလုပ္တာက ဆရာလုံးဝမခံခ်င္တာ။ေစာနကေျပာသလိုေပါ့။ အဂတိလိုက္စားမႈ။ ဒါကို လည္းဘယ္သူကအေရးယူလဲလို႔ေျပာရင္ ဘယ္သူအေရးယူမွန္းကိုမသိဘူး။ တစ္ကမာၻလုံးက လည္းသိေနတာ ဟုတ္တယ္မလား။အားလုံးကလည္း ဒါႀကီးျဖစ္ေနတာသိတယ္။ ဘြဲ႕အတုေတြတပ္ထားတဲ့သူေတြကလည္း အခု ထိရာထူးလည္းမျပဳတ္၊ရာထူးလည္းမျဖဳတ္ဆိုေတာ့။အခုနကေျပာသလို သူ႔ဘာသူမရွက္လို႔သာေနတာပဲ။

ဒါေပမယ့္ အဲ့ဒါကိုဘယ္လိုလုပ္ၾကမလဲ၊ အဲ့ဒါႀကီးက စနစ္ႀကီးပဲ ဆရာထင္တယ္ အခုက(system)ျဖစ္ သြားတာဟုတ္တယ္မလား၊ ယိုသူမရွက္ျမင္သူရွက္ရတာေလ။ဟုတ္တယ္မလား၊ အဲဒီဟာကိုဆရာထင္တယ္၊ လုပ္ၾကရမယ္ ထင္တယ္ေနာ္၊ဒီအတိုင္းသြားလို႔ေတာ့မရဘူးထင္တယ္၊ ခိုကပ္ၿပီးေနေနတာ။ ခိုကပ္ၿပီးေနတာကို လည္းဘယ္သူ႔မွအမိုက္မခံဘူး။

ဆရာကိုေတာင္ လူေတြကေျပာတယ္။ ဘာလို႔ေရးလဲ။ အမိုက္ခံၿပီးငါေတာ့ေရးမွာပဲ၊မဟုတ္တာလည္း မဟုတ္ဘူး။ ဟုတ္တယ္မလား။မဟုတ္တာကို ဟုတ္တယ္လို႔ေျပာစရာအေၾကာင္းလည္းမရွိဘူး၊ ဟုတ္တယ္ မလား၊ ဒါေပမယ့္မဟုတ္တာကို လက္ခံတဲ့စနစ္ႀကီးကို ဆရာကအံ့ၾသတယ္။ ဟုတ္တယ္မလား။ ေနာက္တစ္ခါ နည္းနည္းေနာေနာရာထူးေတြ မဟုတ္ဘူးေလ။ ဟုတ္တယ္မလား။

ခပ္ေျပာင္ေျပာင္ပဲ။တစ္ေယာက္လည္းမဟုတ္ဘူး၊ႏွစ္ေယာက္လည္းမဟုတ္ဘူး၊သုံးေယာက္လည္းမ ဟုတ္ဘူးဆိုေတာ့ ဘယ္လိုလုပ္ၾကမလဲ။ အဲ့ေတာ့ (systemic corruption) ေပါ့။ ဒီစနစ္ႀကီးတစ္ခုလုံးက ဒီ (corrupt) ျဖစ္တယ္။တစ္ခ်ိန္တုန္းက နဝတေခတ္တုန္းကလည္း ဒီလိုပုံစံျဖစ္ခဲ့တယ္။ ဘြဲ႕အတုေတြနဲ႔။ အဲ့ဒါ ႀကီးကိုကိုယ့္အလွည့္က်ရင္ေတာ့အျဖစ္မခံဘူးေပါ့ကြယ္။
ပညာမတတ္တဲ့သူေတြကိုမခန႔္တာဘာျဖစ္လဲအေရးမ ႀကီးဘူး၊အတန္းပညာနဲ႔ပဲဆိုင္တာေလ မဟုတ္ဘူးလား။ ေလးတန္းေအာင္တဲ့ေကာင္ေတြကို ဝန္ႀကီးခန႔္မယ္ ဆို ၿပီးေတာ့ ေၾကညာရမွာ။ဆရာသေဘာကေတာ့ ကိုယ္ကႏိုင္ငံေရးအရယုံၾကည္တယ္၊ စိတ္ခ်ရတယ္ဆိုရင္ သူ႔ကို တာဝန္ေပးမွာေပါ့။ မဟုတ္ဘူးလား။ အဲဒီလို မဟုတ္ပဲနဲ႔ ဘြဲ႕အတုနဲ႔ကိုယ့္ကိုယ္ကိုယ္ေဒါက္တာတပ္ထားတဲ့ ေကာင္ေတြကို ဝန္ႀကီးေပးရင္ေသရခ်ည္ရဲ႕ကြယ္။ မဟုတ္ဘူးလား။

ဘယ္လိုလုပ္ရမွာလဲကိုယ္တို႔က။ဆရာစိတ္မေကာင္းတာက ကေလးေတြအတြက္စိတ္မေကာင္းတာ။ လူငယ္ေတြအတြက္ဟုတ္တယ္မလားလူငယ္ေတြကဘာစဥ္းစားမလဲဆိုရင္ ဆရာေအာင္ထြန္းသက္ေလာက္ မိုက္တဲ့သူမရွိဘူး။ဒီေလာက္ေတာင္ ဘြဲ႕တစ္ခုကိုေလးငါးေျခာက္ႏွစ္လုပ္ရတာ။ ဟုတ္တယ္မလား။ အခုက ေျခာက္လနဲ႔လုပ္လို႔ရတာျဖစ္လာတယ္။ အဲ့ဒါကိုဆရာက မခံခ်င္တာ။ကေလးေတြအတြက္က ဆရာတို႔နမူနာ မေကာင္းဘူးကြယ္၊စိတ္မေကာင္းတာကအဲ့ဒါပဲ။အစိုးရက နမူနာမျပႏိုင္တာဲ့ႏိုင္ငံေရးျဖစ္သြားတာက အဆိုး ဆုံးေပါ့။

Opinion Leaders ။     ။  အခုလို ေျဖၾကားေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္ဆရာ။

ေဒါက္တာေအာင္ထြန္းသက္
မတ္ - ၆