【 ပညာရှင်များ၏အမြင် 】 “စိန်ခေါ်မှုကနေ ပေါ်လာနိုင်တဲ့ အခွင့်အရေးတွေကို ကြည့်ပါ”

【 ပညာရှင်များ၏အမြင် 】  “စိန်ခေါ်မှုကနေ ပေါ်လာနိုင်တဲ့ အခွင့်အရေးတွေကို ကြည့်ပါ”

မကြာခင်က အထည်ချုပ်စက်ရုံတစ်ရုံတွင် အလုပ်ရှင်၊ အလုပ်သမား ပြဿနာတက်ခဲ့ပြီး အကြမ်းဖက်မှုအချို့ ဖြစ်ပေါ်ခဲ့သည်။ထို့မတိုင်မီ အမျိုးသားရေးအင်အားစုများ၏ လှုပ်ရှားမှုများ၊ တိုင်းဒေသကြီး ယအစိုးရအဖွဲ့အေါပါ် ထောက်ပြဝေဖန်မှုများ ပေါ်ထွက်လာခြင်းတို့ ဖြစ်ပေါ်ခဲ့သည့်အတွက် ယိုင်နဲ့နေသည့် မြန်မာစီးပွားရေးအပေါ်  ပြည်ပရင်းနှီးမြုပ်နှံသူများ၏ ယုံကြည်မှု ထပ်မံကျဆင်းခဲ့သည်။သို့သော် လက်ရှိတွင် နိုင်ငံ့ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံကာ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနေမှု၊ ဂျပန်က မြန်မာနိုင်ငံအတွက် နှစ်ရှည်ထောက်ပံ့ငွေအတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဂျပန်ခရီးစဉ်အတွင်း ကတိကဝတ် ထပ်မံပြုခဲ့မှု၊ ရခိုင်မြောက်ပိုင်းအရေးနှင့် ပတ်သက်၍ အခြေအနေတိုးတက်လာမှုများကြောင့် နောက်လာမည့် ကာလတွင် မြန်မာ့စီးပွားရေး အခြေအနေ မည်သို့ဖြစ်လာနိုင်သည်ကို သမ္မတ၏ စီးပွားရေးအကြံပေးနှင့် စီးပွားရေးပညာရှင်လည်းဖြစ်သူ ဆရာ ဒေါက်တာအောင်ထွန်းသက် ကို Opinion Leaders Media မှ မေးမြန်းခဲ့သည်။ဆရာ ဒေါက်တာအောင်ထွန်းသက် ၏ ရှုမြင်သုံးသပ်သည့် ရှုမြင်ချက်အပြည့်အစုံကို ယခုတစ်ပတ် အထူးအစီအစဉ်အဖြစ် ဖော်ပြလိုက်ပါသည်။
(Opinion Leaders Media အယ်ဒီတာအဖွဲ့)

Opinion Leaders Media ။     ။ မကြာခင်က ဒဂုံဆိပ်ကမ်းဘက်က အထည်ချုပ်တစ်ခုမှာ အလုပ်သမားတွေနဲ့ အလုပ်ရှင်ဘက်က အချင်းများပြီး အကြမ်းဖက်တာကို ကြားရပါတယ်။ဒီလိုဖြစ်စဉ်တွေက  ရင်းနှီးမြုပ်နှံသူတွေကို ဘာတွေဖြစ်လာစေမလဲ။ရေရှည်မှာ ဘာတွေဖြစ်လာနိုင်သလဲ၊ ဒီလိုဖြေရှင်းခံရတာက ပုံစံမှန်ဖြစ်ရဲ့လား ဆရာ။ဘယ်လိုပုံစံဖြစ်သင့်သလဲ ဆရာ။

ဆရာ ဒေါက်တာအောင်ထွန်းသက် ။     ။ အဓိက က ဆရာတို့ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတွေ လာတဲ့အခါမှာ သူတို့အနေနဲ့ အခြေခံသုံးတာကတော့ သူတို့ရဲ့ မက်လုံးတွေပေါ့နော်။အခွန်အခသက်သာဖို့ နောက်တစ်ခါ သူတို့အတွက် ကိုယ်ဒီမှာ အမြတ်တွေကို နိုင်ငံခြားပြန်ယူသွားလို့ရတယ်။ပြီးတော့မှ သူတို့အသုံးပြုတဲ့ပစ္စည်းတွေကို ရောင်းထုတ်သွားလို့ရတယ် ဘာညာဆိုတဲ့ မက်လုံးတွေက တစ်ဖက်က အများရှိတယ်ပေါ့နော်။

ဒါပေမယ့် အဲ့လိုတစ်ဖက်က အများကြီးရှိပေမယ့် တစ်ဖက်က သူတို့ရဲ့မျှော်လင့်ချက်ကတော့ တရားဥပဒေ စိုးမိုးရေးကို မျှော်လင့်တာပေါ့။အဲဒီတော့ အလုပ်သမား အလုပ်ရှင် ပြဿနာဟာ ရိုးရိုးမစဉ်းစားဘဲ၊ တရားဥပဒေ စိုးမိုးရေးအနေနဲ့ စဉ်းစားဖို့လိုတယ်လေ။အဲဒီတော့ သူတို့တွေနဲ့ အလုပ်ရှင် အလုပ်သမားကြားမှာတော့ ဆရာတို့ အမြဲတမ်းတည့်တဲ့ဟာမျိုးကို ကြိုးစားနေပေမယ့် ပဋိပက္ခကတော့ ရှိတာပါဘဲ။ပဋိပက္ခရှိတဲ့အခါမှာ ဆရာတို့ တရားဥပဒေဘောင်အတွင်းမှာ ဖြေရှင်းနိုင်ဖို့က အရေးကြီးတယ်။မဟုတ်ရင် အခုက မျက်နှာလိုက်တာတို့ မျက်နှာသာပေးတာတို့ ဘာတို့ဖြစ်ရင် အလုပ်ရှင်က ထွက်ပြေးမှာဘဲ။ဟုတ်တယ်မလား။အဲဒီတော့ သူတို့အနေနဲ့ ဆရာတို့ အိမ်နီးနားချင်းနိုင်ငံမှာဆို ကမ္ဘောဒီးယားမှာလည်း အဲဒီလိုပြဿနာတွေရှိတယ်။ဗီယက်နမ်ဆိုရင် သူ့ဘာသာ သူ့ဝန်ထမ်းတွေကို ထိန်းနိုင်တဲ့အနေအထားရှိတယ်။သူ့ရဲ့ နိုင်ငံရေးစနစ် ကလည်း တစ်မျိုးကို။ဆရာတို့အနေနဲ့ နည်းနည်းသတိထားဖို့လိုတာက ဒီအလုပ်သမားတွေရဲ့ နစ်နာချက်၊ တောင်းဆိုချက်တွေကို တစ်ဖက်က လေးစားဖို့လိုသလို တစ်ဖက်ကလည်းဘဲ အလုပ်ရှင်နဲ့ သဘောတူထားတဲ့ ဘာပဲပြောပြော ဆရာတို့ ကတိကဝတ်လုပ်ထားတာကိုး။

ဥပမာ - MIC ပါမစ်က ပေးလိုက်တယ်ဆိုရင် MIC ပါမစ်ပေးတဲ့ နောက်ကွယ်မှာ ဆရာတို့တစ်ဖက်က ဘာပြောလဲဆိုရင် တိုင်းရင်းသားဝန်ထမ်းတွေ ဘယ်လောက်ခန့်မလဲ။အနည်းဆုံး လုပ်ခလစာ ဘယ်လောက်ပေးရမလဲ။ဘာဘာညာညာဆိုတာကို ဆရာတို့က တောင်းဆိုတယ်လေ။အဲဒီလို တစ်ဖက်က တောင်းဆိုသလို အလုပ်ရှင်ဘက်ကရော ဒီတောင်းဆိုချက်ရဲ့ နောက်ကွယ်မှာ တရားဥပဒေ စိုးမိုးရေးကို သူက အာမခံဖို့ရှိမယ်ဆိုတာ သူတို့နားလည်ထားတာလေ။အဲဒီနားလည်ချက်ကို ဆရာတို့က မဖြည့်ဆည်းနိုင်ရင် ဆရာတို့ အခက်အခဲ အများကြီးရှိတာပေါ့။အခုဖြစ်နေတာက ဟိုလို အလုပ်ရှင်၊အလုပ်သမား ပြဿနာတွေဖြစ်ရင် ဥပဒေအတိုင်း မျှမျှတတလုပ်ရင်တော့ တစ်မျိုးပေါ့။မဟုတ်ဘဲနဲ့ အခု ဆရာတို့အမြင်က ဒါ နိုင်ငံခြားကုမ္ပဏီတွေ ဒီ အလုပ်သမားတွေကို မတရားနှိပ်စက်တယ်ဆိုတဲ့ အယူအဆနဲ့ သွားလုပ်လိုက်ရင်တော့ လုပ်ရကိုင်ရမတရားခက်တယ်ပေါ့။ဒါလေးတော့ ဆရာထင်တယ် ဆင်ခြင်သုံးသပ်ဖို့ လိုတယ်လို့ အောက်မေ့ပါ တယ်။

Opinion Leaders Media ။     ။ မြန်မာ့စီးပွားရေး အခြေအနေက မကြာခင်အခြေအနေထိ သိပ်ကောင်းတာကို မတွေ့ရသေးပါဘူး။တရုတ်-အမေရိကန် ကုန်သွယ်ရေးစစ်ပွဲ အခြေအနေကလည်း အရှိန်မြင့်လာနေသလို ပြည်တွင်းလုပ်ငန်းတွေ အခြေအနေက ပြီးခဲ့တဲ့လထက် ပိုဆိုးလာတဲ့အခြေအနေ ရှိနေပါတယ်။ဒီထဲမှာ ပြည်ပရင်းနှီးမြုပ်နှံမှုက လောက်လောက်လားလားဝင်လာတာ မတွေ့ရပါဘူး ဆရာ။ဒီကြားထဲ ဒီရက်ပိုင်းမှာ အလုပ်သမား ပြဿနာတွေ ပေါ်လာတယ်၊ အမျိုးသားရေးလှုပ်ရှားမှုတွေ တွေ့လာရတယ်။မကြာခင်က ရန်ကုန်တိုင်း စာရင်းစစ်ချုပ်အစီရင်ခံစာမှာ ပြည်သူလူထုနစ်နာမှုနဲ့ ပတ်သက်ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဆီကို တိုင်တာတွေ ဖြစ်လာတာတွေ တွေ့လာရတယ်။ဒါတွေက မြန်မာ့စီးပွားရေး ပြန်လည်တိုးတက်မှုအတွက် လုပ်ဆောင်နေရာမှာ အနှောင့်အယှက်များ ဖြစ်လာမလား ဆရာ။

ဆရာ ဒေါက်တာအောင်ထွန်းသက် ။     ။ ဒါကတော့ အဓိကပေါ့။ဆရာတို့ အမြဲတမ်းပြောနေတဲ့ နိုင်ငံရေးဘောဂဗေဒပေါ့လေ။စီးပွားရေးနဲ့နိုင်ငံရေးက ချိတ်ဆက်နေတာ စီးပွားရေးကို စီးပွားရေးသပ်သပ် ကြည့်လို့မရဘူး။ နိုင်ငံ ရေးကို နိုင်ငံရေးလိုကြည့်လို့မရဘူး။အခုနကပြောတဲ့ ကိစ္စတွေအားလုံးဟာ စီးပွားရေးကို အနှောင့်အယှက်ဖြစ်တာကိုး။ဒီဘဏ်တွေက အမျိုးမျိုးဝေဖန်တာတွေဖြစ်လာရင် ဒါဟာစီးပွားရေးကို အနှောင့်အယှက်ဖြစ်တယ်။တစ် းဖက်ကလည်း ရခိုင်နဲ့ပတ်သက်လို့ နိုင်ငံတကာဖိအားပေးတဲ့အထဲမှာ အခု (EU) က သူတို့စဉ်းစားမယ်။

ဆရာတို့ ဒီမြန်မာပြည်အစိုးရ အပြောင်းအလဲမှာ (GSP) ပေါ့။အစိုးရပြောင်းလဲတဲ့အတွက် ဒါတွေကို ဖြေလျှော့ပေးမယ့်ဟာကြီးကို ပြန်ပြီးသုံးသပ်မယ်။ပြန်ပြီးစဉ်းစားမယ်။မကြာမီကာလအတွင်းမှာ သူတို့ရောက်လာလိမ့်မယ်လေ။ရောက်လာတဲ့အခါကျတော့ ဒါတွေအားလုံးဟာ အလုပ်လက်မဲ့ပြဿနာကို ကြီးထွားစေတာ။ဒီအလုပ်လက်မဲ့ပြဿနာကို ကြီးထွားစေတော့ ဒါစီးပွားရေးပြဿနာပေါ့။အဲဒီလိုစီးပွားရေးပြဿနာကနေတစ်ဆင့် အခုနိုင်ငံရေးပြဿနာ မရောက်အောင် သတိထားဖို့ လိုတယ်လေ။အခုတည်းက ဒါတွေဟာစိန်ခေါ်မှုတွေဟာ ပုံစံအမျိုးမျိုးနဲ့။နောက်တစ်ခါ ဆရာတို့ု ငြိမ်းချမ်းရေးကိုလည်း ကြိုးစားနေတယ်။မနေ့ကစပြီး ဆွေးနွေးနေတယ်။ဒါတွေကလည်း ဒီစီးပွားရေးမှာ ထင်ဟပ်တာပါဘဲ။

မနေ့ကလည်း ဆရာက ကျောက်မျက်ရတနာအသင်းမှာ ဆွေးနွေးတယ်လေ။ကိုယ့်နိုင်ငံမှာ စီးပွားရေး ထွက်ပေါက်တွေ။စီးပွားရေးအလားအလာရှိတဲ့လ ကဏ္ဍတွေကို ကျောက်မျက်ရတနာကဏ္ဍ။ ဖြစ်နိုင်ရင် တစ်ကမ္ဘာလုံးမှာ မရှိတဲ့ ပတ္တမြားတို့၊ တစ်ကမ္ဘာလုံးမှာမရှိတဲ့ ရွှေ၊ ပုလဲတို့ဟာကို တကယ့်ကို သပ်သပ်ရပ်ရပ်လုပ်နိုင်ဖို့ လိုတယ်။နောက်တစ်ခါ အစိုးရကလည်း ကြိုးစားနေတယ်။ကမ္ဘာလှည့်ခရီးသည်တွေ များများပြန်ဝင်အောင်လို့လေ။

အခု ဗီဇာဖရီးလုပ်တာတို့ ဘာတို့ပေါ့လေ။ဒါတွေဟာ အင်မတန်အရေးကြီးတဲ့ ဆရာတို့ လုပ်ရှားမှုတွေပေါ့လေ။ဒီနေရာမှာ အားနည်းတာက ဥပမာ-ဗီဇာဖရီး။တရုတ်၊ ဂျပန်၊ ကိုးရီးယား နိုင်ငံက လူတွေကို ဗီဇာကြေးမကောက်တော့ဘူး။ဗီဇာကြေးမကောက်တော့ဘူးဆိုရင် သူတို့ကို လွယ်လွယ်ကူကူ မြန်မာပြည်ကို ဝင်လာလို့ရတယ်ဆိုတဲ့ အားသာချက်တွေရှိတာကိုး။တစ်ဖက်က ဆရာတို့ စဉ်းစားနေပေမယ့် တစ်ဖက်က ဗီဇာကြေးမကောက်တာဟာ မဖြစ်သင့်ဘူး။ဘာကြောင့်လဲလို့ ပြောပြန်တော့ ဗီဇာကြေးကောက်ဖို့ကို သံရုံးတွေက လှုပ်ရှားနေတာ။မြန်မာသံရုံးတွေအားလုံးရဲ့ ဝင်ငွေဟာ ဒီဗီဇာပေါ်မှာ အများကြီးမှီတည်နေတယ်။အဲဒီတော့ ဗီဇာတွေသာမကောက်ရင် သူတို့ဘယ်လိုလှုပ်ရှားမလဲဆိုပြီးတော့ ကွက်ကြည့်တဲ့ ပြဿနာပေါ့။ဆရာလည်း အမြဲတမ်းထောက်ပြောတယ်။ကွက်ကြည့်ပြီးတော့ နိုင်ငံတစ်ခုလုံးရဲ့အရေးကို လွှမ်းခြုံကြည့်နိုင်မှု သတ္တိက အားနည်းပြီးတော့ ကွက်ကြည့်ပြီးတော့ ဒါလေးကဆိုရင်တော့ ခင်ဗျားတို့ ဗီဇာကင်းလွတ်ခွင့်ပေးလိုက်ရင် ကျွန်တော်တို့ သံရုံးတွေ ဘယ် းလိုလှုပ်ရှားမလဲဆိုပြီးတော့ ဆရာမေးကြည့်ပါတယ်။ဒါဆိုလို့ရှိရင် ဗီဇာကြေး ဘယ်လောက်လဲ။လူတစ်ယောက်ကို ဒေါ်လာ ၄၀ လောက်လို့ ပြောတယ်။ဒီ ၄၀ ဟာ ဗီဇာဖရီးဖြစ်လို့ မြန်မာပြည်ကို လာလည်ချင်တဲ့စိတ်ပေါ်လို့ မြန်မာပြည်ရောက်လာရင် ထမင်းစားတာတောင် ၄၀ လောက် ကုန်မယ်လေ။ဟိုတယ်မှာသုံးမယ်၊ တက္ကစီခက တစ်နေ့ကို ၈၀ လောက်ဆိုရင် ဗီဇာခက ကြေသွားပြီ။

ဒါနဲ့ငွေတွေကတော့ ဟုတ်တယ်။ကျုပ်သံရုံးမှာမရဘူးဆိုရင်တော့လည်း ဒါတစ်မျိုးပေါ့။ဆရာတို့ ပြဿနာက အဲ့လိုဘဲလွှမ်းခြုံကြည့်နိုင်တဲ့ အားလုံးကို ဒီ ဆရာတို့ ဘက်ပေါင်းစုံကကြည့်နိုင်တဲ့ အင်အားအများကြီးလိုတယ်။မဟုတ်ဘဲနဲ့ အဲလိုဖြစ်တော့ တစ်ဖက်လုပ်ရင်း တစ်ဖက်ကလည်း အဟန့်အတားတွေ ဖြစ်တာပေါ့လေ။အခုကတော့ တကယ့်ကို အခက်အခဲတွေ ပြုံပြီးဖြစ်တာပေါ့။

ဆရာတို့ လူနာတစ်ယောက်အနေနဲ့ လူတစ်ယောက် နေမကောင်းဖြစ်လို့ရှိရင် နှလုံးကလည်းမကောင်း၊ သွေးကလည်းတိုး၊ အဲ့လိုဖြစ်ကုန်တာ။အဲဒါကို (systematic) ပေါ့လေ။ဒီလိုစနစ်ကြီး တစ်ခုလုံးကို ဘယ်လိုလုပ်ရမလဲဆိုတာကို အဖြေရှာဖို့လိုပြီပေါ့။အဲ့ဒီအဖြေရမှဘဲ ဆရာတို့ထွက်ပေါက်။ဆရာကတော့ ကိုယ်တတ်နိုင်တဲ့ဘက်က စီးပွားရေးအခင်းအကျင်းကို လတ်တလော ကာလတိုမှာ အမြန်ဆုံး ဘာလုပ်လို့ရမလဲ။အဲဒီတော့ အရင်တုန်းကတော့ ဆရာတို့ အစိုးရသစ် မျှော်လင့်ချက်အကြီးကြီးနဲ့ လုပ်ခဲ့ကြတာလေ။အခုတော့ အခြားကိစ္စတွေကြောင့် အနောက်နိုင်ငံတွေရဲ့ ရင်းနှီးမြှပ်နှံမှုတွေဟာ ဆရာတို့ မရတော့ဘူးဆိုရင် ကိုယ့်အိမ်နီးနားချင်းနိုင်ငံ အာဆီယံနိုင်ငံတွေက ရင်းနှီးမြှပ်နှံမှုရအောင် ဘယ်လိုလုပ်မလဲ။ဒါတွေကလည်း စဉ်းစားရတော့မှာ။ဘာလို့လဲဆိုတော့ ဒီအရင်းအနှီးတွေရှိမှရမယ်။ပြီးတော့မှ ပြည်တွင်းလုပ်ငန်းရှင်တွေ၊ အခုပေါ့နော်၊ အခုဖြစ်နေတာက စီးပွားရေးလုပ်ငန်းရှင်တွေက ဘေးကနေထိုင်ကြည့်နေသလို ဖြစ်ကြတယ်။ဝင်လုပ်လို့ရှိရင် သူတို့မှာ (risk) က စွန့်စားမှုတွေသိပ်များတော့ အေးဆေးနေရင် ကောင်းတယ်ဆိုပြီးတော့ စီးပွားရေးထဲမှာ ထဲထဲဝင်ဝင်မလုပ်ရဲကြဘူးလေ၊ အဲဒီတော့ လုပ်ရဲလောက်အောင် အားပေးမှရမယ်။သူတို့ကို မင်းတို့လုပ်ကြ။မင်းတို့ကို အားပေးတယ်၊ သူတို့ဘက်မှာ ငွေတင်မကဘူး လုပ်ရည်ကိုင်ရည်ရှိတာကိုး။ဒီမှာလည်း နိုင်ငံရေးဘောဂဗေဒပေါ့။အဲဒီလူတွေကို ဘယ်လောက်စိတ်ချရလဲ။အဲဒီလူတွေက တစ်ချိန်တုန်းက ဘယ်သူနဲ့ပတ်သက်တယ် ဘာညာဆိုပြီး မီးခိုးကြွက်လျှောက်လျှောက် ကြည့်နေလို့ကတော့ ဒီဟာကြီးက မပြီးတော့ဘူးလေ။ဆရာတို့ အခုအကောင်းဆုံး ဥပမာအနေနဲ့ကြည့်ရင်တော့ ဆရာထင်တာက ဗီယက်နမ်လိုဟာမျိုး။အခုသိတယ်မလား။သူတို့က ရဲရဲဝင့်ဝင့်လုပ်လိုက်တော့ အခုက အားလုံးကို တော်တော်ကြီးကို အဆင်ပြေသွားတဲ့ အနေအထား။ကိုယ့်မှာလည်း သင်ခန်းစာယူစရာတွေ နိုင်ငံတွေကလည်း အများကြီးပါ။ကိုယ့်နိုင်ငံက ပြည်တွင်းကရမယ့် သင်ခန်းစာတွေကလည်း အများကြီးပါ။ဒါတွေကတော့ လုပ်လို့ရတယ်လို့ဆရာက ယူဆတာပါဘဲ။

Opinion Leaders Media ။     ။ မကြာခင်က သီလဝါစက်မှုဇုန်ကို အမေရိကန် သံအမတ် ဦးဆောင်ပြီး လာကြည့်သွားတဲ့ သတင်းတွေ ကြားရတယ်။မကြာခင်ကလည်း သီလဝါစက်မှုဇုန်နဲ့ ပတ်သက်တဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့တယ်။လက်ရှိမှာလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ဂျပန်ကို သွားခဲ့သလို ဂျပန်က မြန်မာကိုပေးမယ်လို့ ၂၀၁၆ ခုနှစ်က ကတိကဝတ်ပြုထားတဲ့ အကူအညီကို ဆက်ပေးဖို့ ထပ်ကတိပြုခဲ့တာကို တွေ့ရပါတယ်။မနေ့က ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ ကာချုပ်က ၂၀၂၀ မှာ မြန်မာပြည်သူတွေကို ငြိမ်းချမ်းရေး အပ်နှင်းမယ်လို့ ပြောခဲ့တာတွေ ရှိခဲ့တယ်။လက်ရှိအနေအထားအရ အကောင်းဘက်က များနေပေမယ့် လွှတ်တော်မှာ အတိုက်အခံတွေရှိနေတာ၊ လုပ်ဆောင်မယ့် စီမံကိန်းတွေ လေးဖင့်နေတာတွေလည်း ရှိနေပါတယ်။မကြာခင်က ပြီးခဲ့တဲ့ မီနီဘတ်ဂျက်မှာ  ထင်သလောက် FDI မဝင်ခဲ့ပေမယ့် လက်ရှိအခြေအနေတွေနဲ့ အခင်းအကျင်းတွေအရ လာမည့်ဘတ်ဂျက်မှာ မျှော်မှန်းထားသလို FDI တွေ ဝင်လာနိုင်သလား၊ ပြည်တွင်းစီးပွားရေးကို အကောင်းဘက်က မျှော်မှန်းနိုင်မလား ဆရာ။

ဆရာ ဒေါက်တာအောင်ထွန်းသက် ။     ။ ဆရာတို့ကတော့ မျှော်လင့်ချက်ကြီးကြီးနဲ့ပေါ့နော်။ဖြစ်နိုင်တယ် စောနကပြောသလို သီလဝါနဲ့ ပတ်သက်လာရင် ဂျပန်တွေက သပ်သပ်ရပ်ရပ်လုပ်တော့ ပုဂ္ဂိုလ်ရေးက ပြဿနာရှိတာက တစ်ပိုင်း။သူက စနစ်ကကောင်းတာကိုး။သီလဝါစနစ်က ဂျပန်တွေ လုပ်ထားတဲ့အတွက် တော်တော်ကြီးကို စနစ်ကျတော့ ဆရာတို့ လုပ်ရည်ကိုင်ရည်က အများကြီးရွေ့တာပြုတာ ရှိတယ်လေ။အဲဒီတော့ ဒီထက်ပိုပြီးရစရာရှိတော့ ပုဂ္ဂိုလ်ရေးအရ ဖြစ်နေတာတော့ တစ်ပိုင်းပေါ့ကွယ်။ဒါကတော့ တို့နိုင်ငံ ဒီအနေအထားရှိတော့ အခုနကပြောသလို ငြိမ်းချမ်းရေးဆွေးနွေးမှုမှာ လူတိုင်းက အပြုသဘောဆောင်တယ်။တကယ်ကို လုပ်ချင်ကိုင်ချင်တဲ့စိတ် ရှိတယ်ဆိုပြီးတော့ ဒါ ဆရာတို့ အလားအလာကောင်းတာပေါ့။
အလားအလာကောင်းတာကို တစ်ဖက်က နိုးနိုးကြားကြားရှိဖို့တော့ လိုလိမ့်မယ်။တစ်ယောက်နဲ့ တစ်ယောက် စိတ်ဝမ်းကွဲမယ်၊ တစ်ယောက်နဲ့ တစ်ယောက် ပြဿနာဖြစ်မှာကို ရှောင်ဖို့လိုတယ်။ရခိုင်ကိစ္စလည်း ဒီလိုပါဘဲ။ဆရာတို့က တတ်နိုင်သလောက် ကြိုးစားတယ်။သူတို့ဘက်ကလည်း ဖိအားတွေပေးနေတယ်။ဒါပေမဲ့ ဆရာက အမြဲတမ်းပြောတယ်။စိန်ခေါ်မှုဆိုတာကို စဉ်းစားတာထက် စိန်ခေါ်မှုကနေ ပေါ်လာနိုင်တဲ့ အခွင့်အရေးတွေကို ကြည့်ပါ။Positive Thinking ဒီလိုကြည့်မှရတော့မယ် စိန်ခေါ်မှုတွေကတော့ ရှိနေမှာပါဘဲ ဒါတွေအားလုံးကို အထိတ်တလန့်ဖြစ်နေလို့ မရဘူးလို့ ဆရာ ယူဆပါတယ်။  

Opinion Leaders Media ။     ။ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာ။

ဒေါက်တာအောင်ထွန်းသက်
အောက်တိုဘာ - ၁၇
Photo Credit : The New York Times

( Zawgyi )

မၾကာခင္က အထည္ခ်ဳပ္စက္႐ုံတစ္႐ုံတြင္ အလုပ္ရွင္၊ အလုပ္သမား ျပႆနာတက္ခဲ့ၿပီး အၾကမ္းဖက္မႈအခ်ိဳ႕ ျဖစ္ေပၚခဲ့သည္။ထို႔မတိုင္မီ အမ်ိဳးသားေရးအင္အားစုမ်ား၏ လႈပ္ရွားမႈမ်ား၊ တိုင္းေဒသႀကီး ယအစိုးရအဖြဲ႕ေအါပၚ ေထာက္ျပေဝဖန္မႈမ်ား ေပၚထြက္လာျခင္းတို႔ ျဖစ္ေပၚခဲ့သည့္အတြက္ ယိုင္နဲ႔ေနသည့္ ျမန္မာစီးပြားေရးအေပၚ  ျပည္ပရင္းႏွီးျမဳပ္ႏွံသူမ်ား၏ ယုံၾကည္မႈ ထပ္မံက်ဆင္းခဲ့သည္။သို႔ေသာ္ လက္ရွိတြင္ ႏိုင္ငံ့ထိပ္သီးေခါင္းေဆာင္မ်ား ေတြ႕ဆုံကာ ၿငိမ္းခ်မ္းေရးအတြက္ ေဆြးေႏြးေနမႈ၊ ဂ်ပန္က ျမန္မာႏိုင္ငံအတြက္ ႏွစ္ရွည္ေထာက္ပံ့ေငြအတြက္ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္၏ ဂ်ပန္ခရီးစဥ္အတြင္း ကတိကဝတ္ ထပ္မံျပဳခဲ့မႈ၊ ရခိုင္ေျမာက္ပိုင္းအေရးႏွင့္ ပတ္သက္၍ အေျခအေနတိုးတက္လာမႈမ်ားေၾကာင့္ ေနာက္လာမည့္ ကာလတြင္ ျမန္မာ့စီးပြားေရး အေျခအေန မည္သို႔ျဖစ္လာႏိုင္သည္ကို သမၼတ၏ စီးပြားေရးအႀကံေပးႏွင့္ စီးပြားေရးပညာရွင္လည္းျဖစ္သူ ဆရာ ေဒါက္တာေအာင္ထြန္းသက္ ကို Opinion Leaders Media မွ ေမးျမန္းခဲ့သည္။ဆရာ ေဒါက္တာေအာင္ထြန္းသက္ ၏ ရႈျမင္သုံးသပ္သည့္ ရႈျမင္ခ်က္အျပည့္အစုံကို ယခုတစ္ပတ္ အထူးအစီအစဥ္အျဖစ္ ေဖာ္ျပလိုက္ပါသည္။
(Opinion Leaders Media အယ္ဒီတာအဖြဲ႕)

Opinion Leaders Media ။     ။ မၾကာခင္က ဒဂုံဆိပ္ကမ္းဘက္က အထည္ခ်ဳပ္တစ္ခုမွာ အလုပ္သမားေတြနဲ႔ အလုပ္ရွင္ဘက္က အခ်င္းမ်ားၿပီး အၾကမ္းဖက္တာကို ၾကားရပါတယ္။ဒီလိုျဖစ္စဥ္ေတြက  ရင္းႏွီးျမဳပ္ႏွံသူေတြကို ဘာေတြျဖစ္လာေစမလဲ။ေရရွည္မွာ ဘာေတြျဖစ္လာႏိုင္သလဲ၊ ဒီလိုေျဖရွင္းခံရတာက ပုံစံမွန္ျဖစ္ရဲ႕လား ဆရာ။ဘယ္လိုပုံစံျဖစ္သင့္သလဲ ဆရာ။

ဆရာ ေဒါက္တာေအာင္ထြန္းသက္ ။     ။ အဓိက က ဆရာတို႔ ႏိုင္ငံျခားရင္းႏွီးျမႇပ္ႏွံမႈေတြ လာတဲ့အခါမွာ သူတို႔အေနနဲ႔ အေျခခံသုံးတာကေတာ့ သူတို႔ရဲ႕ မက္လုံးေတြေပါ့ေနာ္။အခြန္အခသက္သာဖို႔ ေနာက္တစ္ခါ သူတို႔အတြက္ ကိုယ္ဒီမွာ အျမတ္ေတြကို ႏိုင္ငံျခားျပန္ယူသြားလို႔ရတယ္။ၿပီးေတာ့မွ သူတို႔အသုံးျပဳတဲ့ပစၥည္းေတြကို ေရာင္းထုတ္သြားလို႔ရတယ္ ဘာညာဆိုတဲ့ မက္လုံးေတြက တစ္ဖက္က အမ်ားရွိတယ္ေပါ့ေနာ္။

ဒါေပမယ့္ အဲ့လိုတစ္ဖက္က အမ်ားႀကီးရွိေပမယ့္ တစ္ဖက္က သူတို႔ရဲ႕ေမွ်ာ္လင့္ခ်က္ကေတာ့ တရားဥပေဒ စိုးမိုးေရးကို ေမွ်ာ္လင့္တာေပါ့။အဲဒီေတာ့ အလုပ္သမား အလုပ္ရွင္ ျပႆနာဟာ ႐ိုး႐ိုးမစဥ္းစားဘဲ၊ တရားဥပေဒ စိုးမိုးေရးအေနနဲ႔ စဥ္းစားဖို႔လိုတယ္ေလ။အဲဒီေတာ့ သူတို႔ေတြနဲ႔ အလုပ္ရွင္ အလုပ္သမားၾကားမွာေတာ့ ဆရာတို႔ အၿမဲတမ္းတည့္တဲ့ဟာမ်ိဳးကို ႀကိဳးစားေနေပမယ့္ ပဋိပကၡကေတာ့ ရွိတာပါဘဲ။ပဋိပကၡရွိတဲ့အခါမွာ ဆရာတို႔ တရားဥပေဒေဘာင္အတြင္းမွာ ေျဖရွင္းႏိုင္ဖို႔က အေရးႀကီးတယ္။မဟုတ္ရင္ အခုက မ်က္ႏွာလိုက္တာတို႔ မ်က္ႏွာသာေပးတာတို႔ ဘာတို႔ျဖစ္ရင္ အလုပ္ရွင္က ထြက္ေျပးမွာဘဲ။ဟုတ္တယ္မလား။အဲဒီေတာ့ သူတို႔အေနနဲ႔ ဆရာတို႔ အိမ္နီးနားခ်င္းႏိုင္ငံမွာဆို ကေမာၻဒီးယားမွာလည္း အဲဒီလိုျပႆနာေတြရွိတယ္။ဗီယက္နမ္ဆိုရင္ သူ႔ဘာသာ သူ႔ဝန္ထမ္းေတြကို ထိန္းႏိုင္တဲ့အေနအထားရွိတယ္။သူ႔ရဲ႕ ႏိုင္ငံေရးစနစ္ ကလည္း တစ္မ်ိဳးကို။ဆရာတို႔အေနနဲ႔ နည္းနည္းသတိထားဖို႔လိုတာက ဒီအလုပ္သမားေတြရဲ႕ နစ္နာခ်က္၊ ေတာင္းဆိုခ်က္ေတြကို တစ္ဖက္က ေလးစားဖို႔လိုသလို တစ္ဖက္ကလည္းဘဲ အလုပ္ရွင္နဲ႔ သေဘာတူထားတဲ့ ဘာပဲေျပာေျပာ ဆရာတို႔ ကတိကဝတ္လုပ္ထားတာကိုး။

ဥပမာ - MIC ပါမစ္က ေပးလိုက္တယ္ဆိုရင္ MIC ပါမစ္ေပးတဲ့ ေနာက္ကြယ္မွာ ဆရာတို႔တစ္ဖက္က ဘာေျပာလဲဆိုရင္ တိုင္းရင္းသားဝန္ထမ္းေတြ ဘယ္ေလာက္ခန႔္မလဲ။အနည္းဆုံး လုပ္ခလစာ ဘယ္ေလာက္ေပးရမလဲ။ဘာဘာညာညာဆိုတာကို ဆရာတို႔က ေတာင္းဆိုတယ္ေလ။အဲဒီလို တစ္ဖက္က ေတာင္းဆိုသလို အလုပ္ရွင္ဘက္ကေရာ ဒီေတာင္းဆိုခ်က္ရဲ႕ ေနာက္ကြယ္မွာ တရားဥပေဒ စိုးမိုးေရးကို သူက အာမခံဖို႔ရွိမယ္ဆိုတာ သူတို႔နားလည္ထားတာေလ။အဲဒီနားလည္ခ်က္ကို ဆရာတို႔က မျဖည့္ဆည္းႏိုင္ရင္ ဆရာတို႔ အခက္အခဲ အမ်ားႀကီးရွိတာေပါ့။အခုျဖစ္ေနတာက ဟိုလို အလုပ္ရွင္၊အလုပ္သမား ျပႆနာေတြျဖစ္ရင္ ဥပေဒအတိုင္း မွ်မွ်တတလုပ္ရင္ေတာ့ တစ္မ်ိဳးေပါ့။မဟုတ္ဘဲနဲ႔ အခု ဆရာတို႔အျမင္က ဒါ ႏိုင္ငံျခားကုမၸဏီေတြ ဒီ အလုပ္သမားေတြကို မတရားႏွိပ္စက္တယ္ဆိုတဲ့ အယူအဆနဲ႔ သြားလုပ္လိုက္ရင္ေတာ့ လုပ္ရကိုင္ရမတရားခက္တယ္ေပါ့။ဒါေလးေတာ့ ဆရာထင္တယ္ ဆင္ျခင္သုံးသပ္ဖို႔ လိုတယ္လို႔ ေအာက္ေမ့ပါ တယ္။

Opinion Leaders Media ။     ။ ျမန္မာ့စီးပြားေရး အေျခအေနက မၾကာခင္အေျခအေနထိ သိပ္ေကာင္းတာကို မေတြ႕ရေသးပါဘူး။တ႐ုတ္-အေမရိကန္ ကုန္သြယ္ေရးစစ္ပြဲ အေျခအေနကလည္း အရွိန္ျမင့္လာေနသလို ျပည္တြင္းလုပ္ငန္းေတြ အေျခအေနက ၿပီးခဲ့တဲ့လထက္ ပိုဆိုးလာတဲ့အေျခအေန ရွိေနပါတယ္။ဒီထဲမွာ ျပည္ပရင္းႏွီးျမဳပ္ႏွံမႈက ေလာက္ေလာက္လားလားဝင္လာတာ မေတြ႕ရပါဘူး ဆရာ။ဒီၾကားထဲ ဒီရက္ပိုင္းမွာ အလုပ္သမား ျပႆနာေတြ ေပၚလာတယ္၊ အမ်ိဳးသားေရးလႈပ္ရွားမႈေတြ ေတြ႕လာရတယ္။မၾကာခင္က ရန္ကုန္တိုင္း စာရင္းစစ္ခ်ဳပ္အစီရင္ခံစာမွာ ျပည္သူလူထုနစ္နာမႈနဲ႔ ပတ္သက္ၿပီး အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ေကာ္မရွင္ဆီကို တိုင္တာေတြ ျဖစ္လာတာေတြ ေတြ႕လာရတယ္။ဒါေတြက ျမန္မာ့စီးပြားေရး ျပန္လည္တိုးတက္မႈအတြက္ လုပ္ေဆာင္ေနရာမွာ အေႏွာင့္အယွက္မ်ား ျဖစ္လာမလား ဆရာ။

ဆရာ ေဒါက္တာေအာင္ထြန္းသက္ ။     ။ ဒါကေတာ့ အဓိကေပါ့။ဆရာတို႔ အၿမဲတမ္းေျပာေနတဲ့ ႏိုင္ငံေရးေဘာဂေဗဒေပါ့ေလ။စီးပြားေရးနဲ႔ႏိုင္ငံေရးက ခ်ိတ္ဆက္ေနတာ စီးပြားေရးကို စီးပြားေရးသပ္သပ္ ၾကည့္လို႔မရဘူး။ ႏိုင္ငံ ေရးကို ႏိုင္ငံေရးလိုၾကည့္လို႔မရဘူး။အခုနကေျပာတဲ့ ကိစၥေတြအားလုံးဟာ စီးပြားေရးကို အေႏွာင့္အယွက္ျဖစ္တာကိုး။ဒီဘဏ္ေတြက အမ်ိဳးမ်ိဳးေဝဖန္တာေတြျဖစ္လာရင္ ဒါဟာစီးပြားေရးကို အေႏွာင့္အယွက္ျဖစ္တယ္။တစ္ းဖက္ကလည္း ရခိုင္နဲ႔ပတ္သက္လို႔ ႏိုင္ငံတကာဖိအားေပးတဲ့အထဲမွာ အခု (EU) က သူတို႔စဥ္းစားမယ္။

ဆရာတို႔ ဒီျမန္မာျပည္အစိုးရ အေျပာင္းအလဲမွာ (GSP) ေပါ့။အစိုးရေျပာင္းလဲတဲ့အတြက္ ဒါေတြကို ေျဖေလွ်ာ့ေပးမယ့္ဟာႀကီးကို ျပန္ၿပီးသုံးသပ္မယ္။ျပန္ၿပီးစဥ္းစားမယ္။မၾကာမီကာလအတြင္းမွာ သူတို႔ေရာက္လာလိမ့္မယ္ေလ။ေရာက္လာတဲ့အခါက်ေတာ့ ဒါေတြအားလုံးဟာ အလုပ္လက္မဲ့ျပႆနာကို ႀကီးထြားေစတာ။ဒီအလုပ္လက္မဲ့ျပႆနာကို ႀကီးထြားေစေတာ့ ဒါစီးပြားေရးျပႆနာေပါ့။အဲဒီလိုစီးပြားေရးျပႆနာကေနတစ္ဆင့္ အခုႏိုင္ငံေရးျပႆနာ မေရာက္ေအာင္ သတိထားဖို႔ လိုတယ္ေလ။အခုတည္းက ဒါေတြဟာစိန္ေခၚမႈေတြဟာ ပုံစံအမ်ိဳးမ်ိဳးနဲ႔။ေနာက္တစ္ခါ ဆရာတို႔ု ၿငိမ္းခ်မ္းေရးကိုလည္း ႀကိဳးစားေနတယ္။မေန႔ကစၿပီး ေဆြးေႏြးေနတယ္။ဒါေတြကလည္း ဒီစီးပြားေရးမွာ ထင္ဟပ္တာပါဘဲ။

မေန႔ကလည္း ဆရာက ေက်ာက္မ်က္ရတနာအသင္းမွာ ေဆြးေႏြးတယ္ေလ။ကိုယ့္ႏိုင္ငံမွာ စီးပြားေရး ထြက္ေပါက္ေတြ။စီးပြားေရးအလားအလာရွိတဲ့လ က႑ေတြကို ေက်ာက္မ်က္ရတနာက႑။ ျဖစ္ႏိုင္ရင္ တစ္ကမာၻလုံးမွာ မရွိတဲ့ ပတၱျမားတို႔၊ တစ္ကမာၻလုံးမွာမရွိတဲ့ ေ႐ႊ၊ ပုလဲတို႔ဟာကို တကယ့္ကို သပ္သပ္ရပ္ရပ္လုပ္ႏိုင္ဖို႔ လိုတယ္။ေနာက္တစ္ခါ အစိုးရကလည္း ႀကိဳးစားေနတယ္။ကမာၻလွည့္ခရီးသည္ေတြ မ်ားမ်ားျပန္ဝင္ေအာင္လို႔ေလ။

အခု ဗီဇာဖရီးလုပ္တာတို႔ ဘာတို႔ေပါ့ေလ။ဒါေတြဟာ အင္မတန္အေရးႀကီးတဲ့ ဆရာတို႔ လုပ္ရွားမႈေတြေပါ့ေလ။ဒီေနရာမွာ အားနည္းတာက ဥပမာ-ဗီဇာဖရီး။တ႐ုတ္၊ ဂ်ပန္၊ ကိုးရီးယား ႏိုင္ငံက လူေတြကို ဗီဇာေၾကးမေကာက္ေတာ့ဘူး။ဗီဇာေၾကးမေကာက္ေတာ့ဘူးဆိုရင္ သူတို႔ကို လြယ္လြယ္ကူကူ ျမန္မာျပည္ကို ဝင္လာလို႔ရတယ္ဆိုတဲ့ အားသာခ်က္ေတြရွိတာကိုး။တစ္ဖက္က ဆရာတို႔ စဥ္းစားေနေပမယ့္ တစ္ဖက္က ဗီဇာေၾကးမေကာက္တာဟာ မျဖစ္သင့္ဘူး။ဘာေၾကာင့္လဲလို႔ ေျပာျပန္ေတာ့ ဗီဇာေၾကးေကာက္ဖို႔ကို သံ႐ုံးေတြက လႈပ္ရွားေနတာ။ျမန္မာသံ႐ုံးေတြအားလုံးရဲ႕ ဝင္ေငြဟာ ဒီဗီဇာေပၚမွာ အမ်ားႀကီးမွီတည္ေနတယ္။အဲဒီေတာ့ ဗီဇာေတြသာမေကာက္ရင္ သူတို႔ဘယ္လိုလႈပ္ရွားမလဲဆိုၿပီးေတာ့ ကြက္ၾကည့္တဲ့ ျပႆနာေပါ့။ဆရာလည္း အၿမဲတမ္းေထာက္ေျပာတယ္။ကြက္ၾကည့္ၿပီးေတာ့ ႏိုင္ငံတစ္ခုလုံးရဲ႕အေရးကို လႊမ္းၿခဳံၾကည့္ႏိုင္မႈ သတၱိက အားနည္းၿပီးေတာ့ ကြက္ၾကည့္ၿပီးေတာ့ ဒါေလးကဆိုရင္ေတာ့ ခင္ဗ်ားတို႔ ဗီဇာကင္းလြတ္ခြင့္ေပးလိုက္ရင္ ကြၽန္ေတာ္တို႔ သံ႐ုံးေတြ ဘယ္ းလိုလႈပ္ရွားမလဲဆိုၿပီးေတာ့ ဆရာေမးၾကည့္ပါတယ္။ဒါဆိုလို႔ရွိရင္ ဗီဇာေၾကး ဘယ္ေလာက္လဲ။လူတစ္ေယာက္ကို ေဒၚလာ ၄၀ ေလာက္လို႔ ေျပာတယ္။ဒီ ၄၀ ဟာ ဗီဇာဖရီးျဖစ္လို႔ ျမန္မာျပည္ကို လာလည္ခ်င္တဲ့စိတ္ေပၚလို႔ ျမန္မာျပည္ေရာက္လာရင္ ထမင္းစားတာေတာင္ ၄၀ ေလာက္ ကုန္မယ္ေလ။ဟိုတယ္မွာသုံးမယ္၊ တကၠစီခက တစ္ေန႔ကို ၈၀ ေလာက္ဆိုရင္ ဗီဇာခက ေၾကသြားၿပီ။

ဒါနဲ႔ေငြေတြကေတာ့ ဟုတ္တယ္။က်ဳပ္သံ႐ုံးမွာမရဘူးဆိုရင္ေတာ့လည္း ဒါတစ္မ်ိဳးေပါ့။ဆရာတို႔ ျပႆနာက အဲ့လိုဘဲလႊမ္းၿခဳံၾကည့္ႏိုင္တဲ့ အားလုံးကို ဒီ ဆရာတို႔ ဘက္ေပါင္းစုံကၾကည့္ႏိုင္တဲ့ အင္အားအမ်ားႀကီးလိုတယ္။မဟုတ္ဘဲနဲ႔ အဲလိုျဖစ္ေတာ့ တစ္ဖက္လုပ္ရင္း တစ္ဖက္ကလည္း အဟန႔္အတားေတြ ျဖစ္တာေပါ့ေလ။အခုကေတာ့ တကယ့္ကို အခက္အခဲေတြ ၿပဳံၿပီးျဖစ္တာေပါ့။

ဆရာတို႔ လူနာတစ္ေယာက္အေနနဲ႔ လူတစ္ေယာက္ ေနမေကာင္းျဖစ္လို႔ရွိရင္ ႏွလုံးကလည္းမေကာင္း၊ ေသြးကလည္းတိုး၊ အဲ့လိုျဖစ္ကုန္တာ။အဲဒါကို (systematic) ေပါ့ေလ။ဒီလိုစနစ္ႀကီး တစ္ခုလုံးကို ဘယ္လိုလုပ္ရမလဲဆိုတာကို အေျဖရွာဖို႔လိုၿပီေပါ့။အဲ့ဒီအေျဖရမွဘဲ ဆရာတို႔ထြက္ေပါက္။ဆရာကေတာ့ ကိုယ္တတ္ႏိုင္တဲ့ဘက္က စီးပြားေရးအခင္းအက်င္းကို လတ္တေလာ ကာလတိုမွာ အျမန္ဆုံး ဘာလုပ္လို႔ရမလဲ။အဲဒီေတာ့ အရင္တုန္းကေတာ့ ဆရာတို႔ အစိုးရသစ္ ေမွ်ာ္လင့္ခ်က္အႀကီးႀကီးနဲ႔ လုပ္ခဲ့ၾကတာေလ။အခုေတာ့ အျခားကိစၥေတြေၾကာင့္ အေနာက္ႏိုင္ငံေတြရဲ႕ ရင္းႏွီးျမႇပ္ႏွံမႈေတြဟာ ဆရာတို႔ မရေတာ့ဘူးဆိုရင္ ကိုယ့္အိမ္နီးနားခ်င္းႏိုင္ငံ အာဆီယံႏိုင္ငံေတြက ရင္းႏွီးျမႇပ္ႏွံမႈရေအာင္ ဘယ္လိုလုပ္မလဲ။ဒါေတြကလည္း စဥ္းစားရေတာ့မွာ။ဘာလို႔လဲဆိုေတာ့ ဒီအရင္းအႏွီးေတြရွိမွရမယ္။ၿပီးေတာ့မွ ျပည္တြင္းလုပ္ငန္းရွင္ေတြ၊ အခုေပါ့ေနာ္၊ အခုျဖစ္ေနတာက စီးပြားေရးလုပ္ငန္းရွင္ေတြက ေဘးကေနထိုင္ၾကည့္ေနသလို ျဖစ္ၾကတယ္။ဝင္လုပ္လို႔ရွိရင္ သူတို႔မွာ (risk) က စြန႔္စားမႈေတြသိပ္မ်ားေတာ့ ေအးေဆးေနရင္ ေကာင္းတယ္ဆိုၿပီးေတာ့ စီးပြားေရးထဲမွာ ထဲထဲဝင္ဝင္မလုပ္ရဲၾကဘူးေလ၊ အဲဒီေတာ့ လုပ္ရဲေလာက္ေအာင္ အားေပးမွရမယ္။သူတို႔ကို မင္းတို႔လုပ္ၾက။မင္းတို႔ကို အားေပးတယ္၊ သူတို႔ဘက္မွာ ေငြတင္မကဘူး လုပ္ရည္ကိုင္ရည္ရွိတာကိုး။ဒီမွာလည္း ႏိုင္ငံေရးေဘာဂေဗဒေပါ့။အဲဒီလူေတြကို ဘယ္ေလာက္စိတ္ခ်ရလဲ။အဲဒီလူေတြက တစ္ခ်ိန္တုန္းက ဘယ္သူနဲ႔ပတ္သက္တယ္ ဘာညာဆိုၿပီး မီးခိုးႂကြက္ေလွ်ာက္ေလွ်ာက္ ၾကည့္ေနလို႔ကေတာ့ ဒီဟာႀကီးက မၿပီးေတာ့ဘူးေလ။ဆရာတို႔ အခုအေကာင္းဆုံး ဥပမာအေနနဲ႔ၾကည့္ရင္ေတာ့ ဆရာထင္တာက ဗီယက္နမ္လိုဟာမ်ိဳး။အခုသိတယ္မလား။သူတို႔က ရဲရဲဝင့္ဝင့္လုပ္လိုက္ေတာ့ အခုက အားလုံးကို ေတာ္ေတာ္ႀကီးကို အဆင္ေျပသြားတဲ့ အေနအထား။ကိုယ့္မွာလည္း သင္ခန္းစာယူစရာေတြ ႏိုင္ငံေတြကလည္း အမ်ားႀကီးပါ။ကိုယ့္ႏိုင္ငံက ျပည္တြင္းကရမယ့္ သင္ခန္းစာေတြကလည္း အမ်ားႀကီးပါ။ဒါေတြကေတာ့ လုပ္လို႔ရတယ္လို႔ဆရာက ယူဆတာပါဘဲ။

Opinion Leaders Media ။     ။ မၾကာခင္က သီလဝါစက္မႈဇုန္ကို အေမရိကန္ သံအမတ္ ဦးေဆာင္ၿပီး လာၾကည့္သြားတဲ့ သတင္းေတြ ၾကားရတယ္။မၾကာခင္ကလည္း သီလဝါစက္မႈဇုန္နဲ႔ ပတ္သက္တဲ့ သတင္းေတြ ထြက္ေပၚလာခဲ့တယ္။လက္ရွိမွာလည္း ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္က ဂ်ပန္ကို သြားခဲ့သလို ဂ်ပန္က ျမန္မာကိုေပးမယ္လို႔ ၂၀၁၆ ခုႏွစ္က ကတိကဝတ္ျပဳထားတဲ့ အကူအညီကို ဆက္ေပးဖို႔ ထပ္ကတိျပဳခဲ့တာကို ေတြ႕ရပါတယ္။မေန႔က ၿငိမ္းခ်မ္းေရးနဲ႔ ပတ္သက္ၿပီးေတာ့ ကာခ်ဳပ္က ၂၀၂၀ မွာ ျမန္မာျပည္သူေတြကို ၿငိမ္းခ်မ္းေရး အပ္ႏွင္းမယ္လို႔ ေျပာခဲ့တာေတြ ရွိခဲ့တယ္။လက္ရွိအေနအထားအရ အေကာင္းဘက္က မ်ားေနေပမယ့္ လႊတ္ေတာ္မွာ အတိုက္အခံေတြရွိေနတာ၊ လုပ္ေဆာင္မယ့္ စီမံကိန္းေတြ ေလးဖင့္ေနတာေတြလည္း ရွိေနပါတယ္။မၾကာခင္က ၿပီးခဲ့တဲ့ မီနီဘတ္ဂ်က္မွာ  ထင္သေလာက္ FDI မဝင္ခဲ့ေပမယ့္ လက္ရွိအေျခအေနေတြနဲ႔ အခင္းအက်င္းေတြအရ လာမည့္ဘတ္ဂ်က္မွာ ေမွ်ာ္မွန္းထားသလို FDI ေတြ ဝင္လာႏိုင္သလား၊ ျပည္တြင္းစီးပြားေရးကို အေကာင္းဘက္က ေမွ်ာ္မွန္းႏိုင္မလား ဆရာ။

ဆရာ ေဒါက္တာေအာင္ထြန္းသက္ ။     ။ ဆရာတို႔ကေတာ့ ေမွ်ာ္လင့္ခ်က္ႀကီးႀကီးနဲ႔ေပါ့ေနာ္။ျဖစ္ႏိုင္တယ္ ေစာနကေျပာသလို သီလဝါနဲ႔ ပတ္သက္လာရင္ ဂ်ပန္ေတြက သပ္သပ္ရပ္ရပ္လုပ္ေတာ့ ပုဂၢိဳလ္ေရးက ျပႆနာရွိတာက တစ္ပိုင္း။သူက စနစ္ကေကာင္းတာကိုး။သီလဝါစနစ္က ဂ်ပန္ေတြ လုပ္ထားတဲ့အတြက္ ေတာ္ေတာ္ႀကီးကို စနစ္က်ေတာ့ ဆရာတို႔ လုပ္ရည္ကိုင္ရည္က အမ်ားႀကီးေ႐ြ႕တာျပဳတာ ရွိတယ္ေလ။အဲဒီေတာ့ ဒီထက္ပိုၿပီးရစရာရွိေတာ့ ပုဂၢိဳလ္ေရးအရ ျဖစ္ေနတာေတာ့ တစ္ပိုင္းေပါ့ကြယ္။ဒါကေတာ့ တို႔ႏိုင္ငံ ဒီအေနအထားရွိေတာ့ အခုနကေျပာသလို ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈမွာ လူတိုင္းက အျပဳသေဘာေဆာင္တယ္။တကယ္ကို လုပ္ခ်င္ကိုင္ခ်င္တဲ့စိတ္ ရွိတယ္ဆိုၿပီးေတာ့ ဒါ ဆရာတို႔ အလားအလာေကာင္းတာေပါ့။
အလားအလာေကာင္းတာကို တစ္ဖက္က ႏိုးႏိုးၾကားၾကားရွိဖို႔ေတာ့ လိုလိမ့္မယ္။တစ္ေယာက္နဲ႔ တစ္ေယာက္ စိတ္ဝမ္းကြဲမယ္၊ တစ္ေယာက္နဲ႔ တစ္ေယာက္ ျပႆနာျဖစ္မွာကို ေရွာင္ဖို႔လိုတယ္။ရခိုင္ကိစၥလည္း ဒီလိုပါဘဲ။ဆရာတို႔က တတ္ႏိုင္သေလာက္ ႀကိဳးစားတယ္။သူတို႔ဘက္ကလည္း ဖိအားေတြေပးေနတယ္။ဒါေပမဲ့ ဆရာက အၿမဲတမ္းေျပာတယ္။စိန္ေခၚမႈဆိုတာကို စဥ္းစားတာထက္ စိန္ေခၚမႈကေန ေပၚလာႏိုင္တဲ့ အခြင့္အေရးေတြကို ၾကည့္ပါ။Positive Thinking ဒီလိုၾကည့္မွရေတာ့မယ္ စိန္ေခၚမႈေတြကေတာ့ ရွိေနမွာပါဘဲ ဒါေတြအားလုံးကို အထိတ္တလန႔္ျဖစ္ေနလို႔ မရဘူးလို႔ ဆရာ ယူဆပါတယ္။  

Opinion Leaders Media ။     ။ အခုလိုေျဖၾကားေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္ ဆရာ။

ေဒါက္တာေအာင္ထြန္းသက္
ေအာက္တိုဘာ - ၁၇
Photo Credit : The New York Times