【 ပညာရှင်များ၏အမြင် 】 “ကိုယ်ဘယ်လောက်ပေးရမလဲ၊ ကိုယ်ဘယ်လောက်ယူနိုင်မလဲ”

【 ပညာရှင်များ၏အမြင် 】 “ကိုယ်ဘယ်လောက်ပေးရမလဲ၊ ကိုယ်ဘယ်လောက်ယူနိုင်မလဲ”

မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး နိုင်ငံတကာဖိအား ရှိနေချိန်တွင် မြန်မာနိုင်ငံသို့ ကမ္ဘာ့နိုင်ငံရေးဩဇာအာဏာ ကြီးမားသည့် တရုတ်နိုင်ငံမှ ခေါင်းဆောင်သမ္မတ ရှီကျင့်ဖိန် လာရောက်ရန်ရှိသည့်အတွက် ပြည်တွင်းနိုင်ငံရေးလေ့လာသူများက ပြည်တွင်းရှိ နိုင်ငံရေး၊ စီးပွားရေးနှင့် ငြိမ်းချမ်းရေး၊ တိုင်းရင်းသားလက်နက်ကိုင် အရေးများအထိ သက်ရောက်မှုရှိလာလိမ့်မယ်လို့ သုံးသပ်ခဲ့ကြပါတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဦးဆောင်သည့် အစိုးရလက်ထက်တွင် ရခိုင်မြောက်ပိုင်းပြဿနာကြောင့် အနောက်အုပ်စုမှ ရင်းနှီးမြုပ်နှံမှု ထင်သလောက်မဝင်ခဲ့သဖြင့် အရှေ့အုပ်စု အထူးသဖြင့် တရုတ်မှ ရင်းနှီးမြုပ်နှံမှုကို ပြည်တွင်းမှ မျှော်လင့်ခဲ့ကြပါတယ်။သို့သော် တရုတ်မှ ရင်းနှီးမြုပ်နှံသည့် မြန်မာနိုင်ငံအတွင်း ပမာဏကြီးမားသည့် စီမံကိန်းများတွင် အခက်အခဲများဖြစ်ခဲ့သဖြင့် တရုတ်မှ လာရောက်ရင်းနှီးမြုပ်နှံမှု လျော့ကျခဲ့သလို ပြည်တွင်းစီးပွားရေးမှာလည်း တုံ့ဆိုင်းသလို ဖြစ်ခဲ့ပါတယ်။ထိုအခြေအနေတွင် တရုတ်သမ္မတ မြန်မာနိုင်ငံသို့ လာရောက်မှုက အရပ်သားအစိုးရ၏ လက်ကျန်တစ်နှစ်သက်တမ်းအတွင်း နိုင်ငံရေး၊ စီးပွားရေးနှင့် တိုင်းရင်းသားလက်နက်ကိုင်အရေးများတွင် အပြုသဘောဆောင်သည့် ဖြစ်ရပ်များ မျှော်လင့်စရာ ဖြစ်လာခဲ့ပါတယ်။ထိုအခြေအနေအပေါ် ဝါရင့်စီးပွားရေးပညာရှင်နှင့် နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေးပုဂ္ဂိုလ် ဆရာ ဒေါက်တာအောင်ထွန်းသက်အား အထူးအစီအစဉ်တစ်ရပ်အနေဖြင့် မေးမြန်းခဲ့ပါတယ်။ဆရာ ဒေါက်တာအောင်ထွန်းသက်၏ ရှုမြင်သုံးသပ်ချက် အပြည့်အစုံကို ယခုတစ်ပတ် အထူးအစီအစဉ်အဖြစ် ဖော်ပြလိုက်ပါတယ်။

(Opinion Leaders Media အယ်ဒီတာအဖွဲ့)

Opinion leaders ။     ။ ဆရာ အခုလာမယ့် ရှေ့တစ်ပတ်မှာ တရုတ်သမ္မတ မြန်မာနိုင်ငံကိုလာမယ့် သတင်းတွေက ထွက်ပေါ်နေတယ်၊ တော်တော်လေးလည်းသေချာတဲ့ အနေအထားရှိတယ်၊ လက်ရှိမှာလည်း မြန်မာနိုင်ငံရဲ့ စီးပွားရေးက အနောက်ဘက်က မျှော်လင့်လို့မရတော့တဲ့အတွက် တရုတ်ဘက်က ရင်းနှီးမြှုပ်နှံမှုတွေ မှီခိုနေရတယ်၊ တရုတ်ဘက်ကလည်း ငွေလုံးငွေရင်းနဲ့ ရင်းနှီးမြှုပ်နှံမှုတွေက မြစ်ဆုံကိစ္စရဲ့နောက်ပိုင်းမှာ သိပ်မရှိတော့တဲ့အတွက်ကို အခုလာတဲ့ တရုတ်သမ္မတခရီးစဉ်မှာ မြန်မာစီးပွားရေးအတွက် ဘယ်လိုမျိုးအပြောင်းအလဲတွေ ဖြစ်လာနိုင်သလဲ ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ ဆရာထင်တာတော့လေ ဖြစ်စေချင်တာပေါ့လေ၊ ခုနပြောသလို အစိုးရသစ်တက်တဲ့အချိန်ကစပြီး အခုမှာတော့ အနောက်နိုင်ငံပြီးတော့ အရှေ့ပိုင်းအားလုံးကို မျှော်လင့်ခဲ့ပေမယ့် နောက်ပိုင်း ပြဿနာတွေအားလုံး စိန်ခေါ်မှုတွေကြောင့် အနောက်နိုင်ငံက အလားအလာနည်းသွားပြီလေ၊ အဲဒီတော့ အလားအလာနည်းသွားတာကို လက်ခံလိုက်လို့ရှိရင် အခုကမ္ဘာ့ဈေးကွက်ထဲမှာ ရင်းနှီးမြှုပ်နှံနိုင်တဲ့ အင်အားရှိတဲ့နိုင်ငံတွေက သိပ်မရှိတော့ဘူး။အဲ့ဒီတော့ အစိုးရကိုယ်တိုင်ကလည်း Look East ပေါ်လစီ ရှေ့သို့ဆိုတဲ့ အရှေ့ကိုကြည့်ရမယ့် ပေါ်လစီရှိနေတော့ ဒီတရုတ်ပဲ။

အဲ့ဒီတော့ တရုတ်အနေနဲ့လည်း တစ်ကမ္ဘာလုံးကိုကြည့်ရင် အာဖရိကနိုင်ငံတွေ၊ ကျန်တဲ့ အိမ်နီးနားချင်း အာဆီယံနိုင်ငံတွေမှာလည်း ရင်းနှီးမြှုပ်နှံမှုတွေ အများကြီးပဲ။ကိုယ့်နေရာလည်း နယ်စပ်ဖြစ်နေတော့ ပိုပြီးတော့ အခွင့်အရေးကောင်းလာတယ်။ဟိုကတော့ ဒီတစ်ခေါက်လာတဲ့အခါမှာ ဆရာထင်တာ စီးပွားရေးအခြေခံ ပါလိမ့်မယ်လို့ အောက်မေ့တယ်လေ။ပါလည်းပါစေချင်တယ်။ဒီထက်လွယ်လွယ်ကူကူ ဝင်နိုင်အောင် ဘယ်လိုလုပ်ကြမလဲ။အားလုံးသိတဲ့အတိုင်းပဲ တရုတ်မှာက BRI ပိုးလမ်း၊ Belt& Road Initiative ရှိနေတော့ အဲ့ဒီဟာကို ဆရာတို့အခွင့်အရေးရအောင် ဘယ်လိုယူမလဲဆိုတာစဉ်းစားဖို့ လိုတယ်လေ။

အဲ့ဒီတော့ ဘာကြောင့်လဲဆိုတော့ ပိုးလမ်းက ဆရာတို့နဲ့ တရုတ်နဲ့ လုံးဝနယ်စပ်မရှိတဲ့ အရှေ့အလယ်ပိုင်း Central Asia နိုင်ငံတွေမှာတောင် Belt & Road ကို လုပ်နေတယ်။အဲ့ဒီလိုပဲ အာဖရိကနိုင်ငံတွေ လုပ်နေတဲ့အခါကျတော့ သူတို့နိုင်ငံတွေမှာတောင် အဲ့ဒါမျိုးစဉ်းစားနိုင်ရင် ကိုယ့်နိုင်ငံအတွက်ကျတော့ ဒီထက်ပိုပြီးစဉ်းစားနိုင်လိမ့်မယ်လို့ ဆရာတော့ အဲ့ဒီလိုမျှော်လင့်တာပဲ။အဲ့ဒီတော့ဖြစ်ပါစေလို့ပဲ ဆုတောင်းရတာပဲလေ၊ မျှော်လင့်ရတာပဲ။

Opinion leaders ။     ။ မြောက်ပိုင်းလေးဖွဲ့က NCA လက်မှတ်ထိုးဖို့ဆိုတာ အသံကထွက်နေတယ်။တရုတ်သမ္မတ ဒီကိုလာမယ်ဆိုပြီး အသံထွက်တဲ့အချိန်မှာ တိုက်ပွဲတွေကလည်း နည်းနည်းလည်း အရှိန်လျော့သွားတာရှိတယ်။ဒီရက်မှာပဲ NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေစုထားတဲ့ အဖွဲ့က ဒီနေ့မှာပဲ နေပြည်တော်မှာ အစည်းအဝေးလုပ်တာလည်းရှိတော့ တရုတ်သမ္မတ လာတဲ့အတွက် နိုင်ငံရေးမှာ ပြည်တွင်းငြိမ်းချမ်းရေးအတွက်ကို အကောင်းဘက်ကမျှော်လင့်လို့ ရနိုင်မလား ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ အဲ့ဒါပဲပေါ့။ဆရာတို့ကလေ အမြဲတမ်းဖြစ်နေတဲ့ကိစ္စသည် နိုင်ငံရေးတင်မကဘူး၊ စီးပွားရေးလည်းပါတယ်။စီးပွားရေးတင်မကဘူး၊ နိုင်ငံရေးလည်းပါတာကိုး။နိုင်ငံရေးပါတဲ့အခါကျတော့ သူ့အနေနဲ့က မြောက်ပိုင်းလေးဖွဲ့ အပါအဝင် NCA အမြန်ဆုံးထိုးနိုင်အောင် ဆရာတို့ ဝိုင်းပြီးလုပ်ကြဖို့ လိုလိမ့်မယ်လို့ အောက်မေ့တယ်။ဖြစ်လည်း ဖြစ်စေချင်တာ။ဘာကြောင့်လဲဆိုတော့ အဲ့ဒီအပေါ်မှာ မူတည်ပြီးတော့ စီးပွားရေးတင်မကဘူး ငြိမ်းချမ်းရေး၊ စီးပွားရေးဆိုတာက တကယ်တမ်းကျတော့ ငြိမ်းချမ်းရေးဆိုတာ ကာလရှည် ဆရာတို့ရဲ့ ဟိုအင်မတန်မှ ဖြေရခက်နေတဲ့ ပြဿနာကြီးတစ်ခုလေ။အဲဒီပြဿနာကြီးကို ဆရာတို့ ဝိုင်းဖြေရှင်းပေးနိုင်ရင် အင်မတန်ကောင်းတာပဲ။သူ့ရဲ့အပေါ်မှာ မူတည်ပြီးတော့။ဒါပေမဲ့ တစ်ခုရှိတာက နိုင်ငံရေးနဲ့ပတ်သက်လို့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ပြောလည်း စီးပွားရေးကပါလာမှာပဲလေ။အဲ့ဒီနှစ်ခုကို တွဲဖက်ပြီး လုပ်နိုင်ရင်တော့ ဆရာတို့ သူ့ရဲ့ ရောက်လာမယ့် ခရီးစဉ်ဟာ ကိုယ့်နိုင်ငံအတွက် အများကြီးအကျိုးရှိမယ်လို့ ထင်တာပါပဲ။

Opinion leaders ။     ။ ဆရာ Belt & Road နဲ့ ပတ်သက်ပြီးတော့ ဥရောပဘက်မှာ သိပ်ပြီးတော့တိုးလို့မရတဲ့ ပြဿနာရှိတယ်၊ အခုလက်ရှိမှာ အာရှဘက်မှာ မြန်မာမှာဆိုလို့ရှိရင်လည်း ကျောက်ဖြူက တရုတ်အတွက် ဝင်ပေါက်အနေနဲ့ဆိုပြီးတော့ နိုင်ငံတကာက သုံးသပ်ထားတာရှိတယ်။တရုတ်ဘက်ကလည်း တော်တော်လေး အလေးထားတာရှိတယ်။ပြီးတော့ မူဆယ်ကနေ ရခိုင်အထိကို တောက်လျှောက်ဆိုတဲ့နေရာမှာ မန္တလေးက တစ်ဆင့်ဝင်တယ်ဆိုပြီး သွားတဲ့အခါကျတော့ အခုလက်ရှိ လာမယ့် တရုတ်သမ္မတရဲ့ ခရီးစဉ်ထဲမှာ ဒါနဲ့ပတ်သက်ပြီး MoU ထိုးဖို့တွေ၊ နောက်တစ်ချက်က တခြားသော စီးပွားရေးအခွင့်အလမ်းတွေ ပါလာမလား ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ သူတို့ပြောတဲ့ Economic တရုတ် - မြန်မာ Myanmar - China Economic Cooperation MCEC ထင်တယ်၊ နှစ်နိုင်ငံစီးပွားရေး သဘောတူညီမှုတွေ အမြန်ဆုံးရဖို့လိုတယ်လေ။အဲ့ဒီတော့ အရင်တုန်းကတော့ ဆရာတို့ မြေပုံထဲမှာကြည့်လိုက်လို့ရှိရင် ကျောက်ဖြူကနေတစ်ဆင့် ကူမင်းကိုရောက်တဲ့ ရေနံပိုက်လိုင်းကြီးဟာ တိုင်းပြည်ကိုတစ်ဝက်ခွဲသွားသလို ဖြစ်သွားတယ်။ဓားနဲ့လှီးသလိုဖြစ်တယ်။အဲ့ဒီဟာကို သူတို့နားလည်သွားတယ်။နှစ်ဘက်လုံးပေါ့လေ။ဒီလိုကြီးမလုပ်သင့်ဘူးဆိုတာကို စဉ်းစားတဲ့အတွက် အခုဆိုရင် မူဆယ်ကနေ မန္တလေး၊ မန္တလေးကနေ နေပြည်တော်၊ နေပြည်တော်ကနေ နောက်မှတစ်ဆင့် ကျောက်ဖြူဆိုတာမျိုး တန်းတန်းကြီးပေါ့နော်၊ နိုင်ငံတစ်နိုင်ငံကို တည့်တည့်ကြီးပိုင်းလိုက်သလိုမျိုးပုံစံ အမြင်မဖြစ်အောင် သူတို့ဖန်တီးလိမ့်မယ်လို့ အောက်မေ့တယ်။ဒါလည်းဖြစ်သင့်တာ။

အဲ့ဒီတော့ အခုစဉ်းစားဖို့လိုတာက အဲ့ဒီလိုသာ လမ်းကြီးပေါက်သွားရင်နော် နောက်တစ်ခါ အမြန်ရထားလမ်းတွေဘာတွေ ဖြစ်လာရင် infrastructure တက်လာဖို့လိုတာပေါ့။ infrastructure တက်လာလို့ရှိရင် အဲ့ဒီ infrastructure နဲ့ တွဲဖက်တဲ့ လမ်းနံဘေးမှာရှိတဲ့ ရွာတွေ၊ ရပ်ကွက်တွေ မြို့နယ်တွေမှာလည်း ဖွံ့ဖြိုးမှုတက်လာမှာပဲလေ။စီးပွားရေးတိုးတက်လာမှာပဲ။ဘာလို့လဲဆိုတော့ ဥပမာဆိုပါစို့ လမ်းတွေဖောက်တယ်ဆိုရင် အဲ့ဒီမှာ စားသောက်ဆိုင်တွေဖြစ်လာမယ်၊ ဓာတ်ဆီဆိုင်တွေဖြစ်လာမယ်၊ တည်းခိုခန်းတွေဖြစ်လာမယ်ဆိုတာ အများကြီး။ကိုယ့်အတွက် အလားအလာပဲ။ကိုယ်တော့ သိပ်ပြီးမျှော်လင့်တာပဲကွဲ့။တကယ့်ကို။

နောက်တစ်ခါ အရင်တုန်းက ဆရာတို့ပြောတဲ့ Asia Highway ပေါ့။ Asia World လို့လည်း ပြောတာကြာပြီ၊ ဦးနေဝင်းလက်ထက်ကတည်းက Asia Highway ၊ Asia Highway လို့ ပြောခဲ့ပေမယ့် မဖြစ်လာဘူး၊ အခုကျတော့ တကယ့်ကိုနော် အကောင်အထည်ဖော်လာနိုင်တဲ့ အနေအထားရှိတယ်၊ အဲ့ဒီတော့ တရုတ်နဲ့ ကျောက်ဖြူကနေတစ်ဆင့် ကူမင်းတင်မကဘူး၊ အဲ့ဒီ မန္တလေးကနေတစ်ဆင့် ဒီဘက်ကိုပြန်ဆင်းလာလို့ရှိရင် ဆရာတို့ ဒီဘက်က ကယားပြည်နယ်ဖြတ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပြီးတော့မှ ဒီကနေတစ်ဆင့် ထားဝယ်ကနေတစ်ဆင့် ကန်ချပ်တာဘူရီ သွားနိုင်တဲ့ အနေအထားမျိုးရှိလာတယ်။
ဆက်သွယ်ရေးကောင်းဖို့လိုတယ်၊ လမ်းပန်းဆက်သွယ်ရေးကောင်းဖို့လိုတယ်၊ infrastructure တွေ တက်လာဖို့ လိုတယ်ထင်တယ်၊ infrastructure တက်လာရင် ဆရာတို့မှာ ကာလတိုမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ အများကြီးရမယ်လေ၊ ယုတ်စွအဆုံး မြေကြီးသယ်တဲ့သူတွေ မြေကြီးပေါက်တဲ့သူတွေ အလုပ်ရမယ်။
အင်ဂျင်နီယာတွေ အလုပ်ရမယ်၊ ပြီးတော့ နောက်ပိုင်းအဲ့ဒီကနေဖြစ်လာမယ့်၊ ပေါ်လာမယ့် စီးပွားရေးအခွင့်အလမ်းတွေက အများကြီးပဲ။ကိုယ်ကတော့ သိပ်မျှော်လင့်တာ ဖြစ်စေချင်တာပေါ့လေ။ ဒါကြီးကို အမြန်ဆုံးဖြစ်ဖို့ပဲ ကိုယ်ကဆုတောင်းနေရတာပေါ့လေ။

Opinion leaders ။     ။ လက်ရှိမှာ အီရန်နဲ့ အမေရိကန်နဲ့ ပြဿနာကြောင့် ရေနံဈေးတွေက တောက်လျှောက်တက်လာတယ်၊ တရုတ်သမ္မတခရီးစဉ်ကလည်းရှိလာတယ်၊ မူဆယ်ဘက်မှာ ဆိုလို့ရှိရင် ဆန်ကိုတင်ပို့မှု လုံးလုံးရပ်ဆိုင်းသလောက် ဖြစ်တဲ့အခါကျတော့ ရေနံဈေးနှုန်းအတက်အကျနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ စီးပွားရေးမှာ ဘယ်လိုမျိုးသွားပြီးတော့ သက်ရောက်နိုင်မလဲ ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ ကိုယ့်မှာအမြဲတမ်း၊ ဆရာတို့ပြောနေတဲ့ Risk ပေါ့။အမြဲတမ်း Risk က ရှိနေတာက အခုလောင်စာဆီပြဿနာက ပြည်တွင်းဖူလုံမှု အပြည့်အဝမရှိခဲ့ဘူး။ကိုယ့်နိုင်ငံမှာထွက်တဲ့ ဓာတ်ဆီတို့ ဓာတ်ငွေ့တို့ ရှိပေမယ့် အလုံအလောက်မရှိတော့ သူများဆီကနေ တင်သွင်းရတယ်။တင်ပို့တဲ့အခါမှာ နိုင်ငံတကာ နိုင်ငံခြားငွေ အသုံးချရတယ်လေ။အဲ့ဒီဈေးတွေတက်လာလို့ရှိရင် မတည်မငြိမ်ဖြစ်လာရင် ကိုယ့်အတွက် အန္တရာယ်ရှိတာပေါ့၊ အဲ့ဒီတော့ အဲ့ဒီအပြင်ကို တရုတ်နဲ့ အမေရိကန် စစ်ပွဲကလည်းရှိနေတာကိုး။ Trade War

Trade War မှာလည်း ဆရာတို့သိတာကတော့လေ နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးကိုကြည့်လို့ရှိရင် ပြည်တွင်းတင်မကဘူး၊ နိုင်ငံတကာအနေအထားကိုလည်း နားလည်ဖို့လိုတယ်လေ။အဲ့ဒါကို လိမ်လိမ်မာမာ ပါးပါးနပ်နပ်နဲ့ ကိုင်တွယ်ရမှာပဲ။ဘာကြောင့်လဲဆိုတော့ US ပြဿနာက ပေါ့သေးသေး စဉ်းစားလို့မရဘူး။
ဟုတ်တယ်မဟုတ်လား။နှစ်ဘက်လုံးက တင်းခံနေတဲ့ အနေအထားမျိုးရှိတယ်။နောက်တစ်ခါ တရုတ်နဲ့ အမေရိကန်ဆိုလည်း သူတို့က အခုသဘောတူညီမှုရတယ် မရဘူးဆိုတာက အခုထိမသေချာသေးဘူး။သဘောတူညီမှုရတာတောင် အခြေခံတွေက မပြင်နိုင်ခဲ့ဘူး ဟုတ်တယ်မဟုတ်လား၊ အမေရိကန်ကလည်း သူ့ဆီမှာရှိတဲ့ ထုတ်ကုန်တွေက တဖြေးဖြေးလျော့လာတယ်၊ manufacturing မလုပ်နိုင်ဘူး၊ အဲ့ဒီလိုဖြစ်လာတဲ့ အခါကျတော့ သူ့ရဲ့ကျဆင်းလာတဲ့ စီးပွားရေးအဆောက်အအုံတွေကို အခွင့်အရေးယူတဲ့ တရုတ်တွေကို တားဆီးဖို့ဆိုတာ သူက သိပ်လွယ်တာမဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ စားသုံးသူဘက်ကလည်း ကြည့်ရသေးတာကိုး၊ စားသုံးသူအနေနဲ့ ပစ္စည်းကောင်းကောင်း ဈေးသက်သက်သာသာနဲ့ တရုတ်ပစ္စည်း၊ အမေရိကန်ပစ္စည်း ရွေးချယ်တာမှမဟုတ်တာ။

နောက်တစ်ခု သူတို့တော်တော်များများ နားလည်ဖို့လိုတာက အမေရိကန်ထုတ်ပစ္စည်းတွေမှာ iPhone တို့၊ Apple တို့ အားလုံးဟာ တရုတ်ပြည်မှာထုတ်တာလေ၊ လိုင်စင်ကတော့ အမေရိကန်ပဲ၊ ထုတ်တာက တရုတ်ပြည်မှာထုတ်တော့ တကယ်တမ်းတော့ တရုတ်ပြည်သည် ကမ္ဘာရဲ့စက်ရုံကြီးဖြစ်နေတာလေ၊ အဲ့ဒါကြီးကို ချက်ချင်းလက်ငင်းတားဖို့ဆိုတာ သူတို့အနေနဲ့ မလွယ်ဘူး၊ အဲဒီတော့ ကာလတိုအနေနဲ့ ဆေးမြီးတိုအနေနဲ့က သူတို့အခွန်အခတွေ Tax Rate တွေ တိုးလာကတော့ တိုးမှာပဲ၊ တိုးတဲ့အခါကျတော့ ဘယ်သူနစ်နာလဲဆိုတော့ စားသုံးသူပဲနစ်နာတာပဲ၊ အခုကတော့ အဲ့ဒီလိုပဲ အပြန်အလှန် တစ်ယောက်နဲ့ တစ်ယောက် စိန်ခေါ်မှုတွေအပြည့်လုပ်နေတာပေါ့၊ တစ်ယောက်နဲ့ တစ်ယောက်လည်း ယုံကြည်မှုတွေအားနည်းလာတယ်။အဲ့ဒါကို ဆရာတို့ အဲ့ဒီလိုအခြေအနေရှိတဲ့အချိန်မှာ ကိုယ့်နိုင်ငံရဲ့ စီးပွားရေး၊ နိုင်ငံရေးက ပိုပြီးတော့အရေးကြီးလာပြန်ရော။

အဲ့ဒီတော့ အရေးကြီးလာတာကို ကိုယ်က ကျစ်ကျစ်လစ်လစ် ဆောင်ရွက်ဖို့လိုလိမ့်မယ်။ အဲ့ဒီတော့ ဒီနေရာမှာလည်း ဆရာတို့အနေနဲ့နော် ပါမောက္ခဆရာတော်ဘုရားကြီး တရားဟောသွားသလိုပေါ့၊ အချင်းချင်းညီဖို့တော့ လိုတာပေါ့။အချင်းချင်းမညီညွတ်သရွေ့ကတော့ ဒီပြဿနာကတော်တော်ကြီးတာ၊ ဘာလို့လဲဆိုတော့ ပြည်ပမှာရှိတဲ့ စိန်ခေါ်မှုတွေ ဒီလောက်များနေတဲ့အချိန်မှာ ကိုယ့်အချင်းချင်း ညီညီညွတ်ညွတ်နဲ့လုပ်ရင်တော့ ဆရာထင်တယ် လုပ်ရကိုင်ရလွယ်လိမ့်မယ်ထင်တယ်။မဟုတ်ရင်တော့ ပိုပြီးတောင်ခက်လာသေးတယ်၊ အဲ့ဒါလေးတော့ စိတ်ပူတာပေါ့။

Opinion leaders ။     ။ မကြာခင်က ကားပါမစ်နဲ့ပတ်သက်ပြီး တရားဝင်ချပေးလိုက်တာတွေ ရှိတဲ့အခါကျတော့ ဝေဖန်မှုတွေ၊ ဝေဖန်မှုတွေနေရာမှာ အဂတိလိုက်စားမှုနဲ့ဆိုပြီးတော့ တခြားသောအဖွဲ့အစည်းတွေက တိုက်ရိုက်စွပ်စွဲတဲ့ အနေအထားမျိုးတွေ ရှိလာတဲ့အခါကျတော့ ဒါက လက်ရှိအစိုးရရဲ့ လက်ကျန်သက်တမ်းမှာ ဘယ်လောက်အထိ သွားပြီးတော့ သူ့ရဲ့ပုံရိပ်ကို ထိခိုက်နိုင်သလဲ ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ တစ်ခုတော့ရှိတယ်လေ၊ သူတို့လည်းကြည့်ရတာပေါ့၊ အမှန်တော့ ဝန်ထမ်းတွေကို အထူးသဖြင့် အရာရှိကြီးတွေ၊ သူတို့ကိုကျေးဇူးဆပ်ချင်တယ်ဆိုတဲ့ ဆန္ဒတော့ရှိကောင်းရှိလိမ့်မယ်။ဒါပေမယ့် ယာဉ်တွေ သွင်းလို့ရလို့ရှိရင် သူတို့အတွက် အကျိုးအမြတ်ရှိလိမ့်မယ်၊ ဒီနေရာမှာ ပြဿနာရှိတာက ဘာလဲဆိုတော့ ဆရာတို့ ယာဉ်သွင်းတာနဲ့ပတ်သက်လို့ ဆရာတို့မှာ အတွေ့အကြုံတွေက အများကြီးရှိတာကိုး။အများကြီးရှိတဲ့အခါကျတော့ ယာဉ်သွင်းတာက သွင်းတဲ့သူတွေ စီးတဲ့ဦးရေ ဘယ်လောက်ရှိလဲ၊ ဒါလည်းစဉ်းစားမှာပဲ၊

တစ်ချိန်တုန်းက ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ဖြစ်လာတဲ့အခါမှာ ယာဉ်တွေသွင်းလာတဲ့ဟာတွေ အားလုံးဟာ အပြင်ထဲရောက်သွားတာပဲ၊ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့လူတွေ သုံးတာမှမဟုတ်တာ၊ အခုလည်းပဲ အလားအလာအနေနဲ့က ဘယ်လိုဖြစ်မလဲမပြောတတ်ဘူး၊ ဟုတ်တယ်မဟုတ်လား။ကိုယ်တိုင်ကိုယ်ကျ တန်ဖိုးရှိတဲ့ကားတွေကို သုံးစေချင်တဲ့ စေတနာနဲ့လုပ်နေတော့ ပြန်ကြည့်ရမှာက ဘယ်နှစ်ယောက်လောက်ကသုံးနေလဲ၊ အဲဒီတော့ ပြန်ရောင်းလို့ရှိရင် ဈေးကွက်ထဲမှာ ဘယ်လိုဖြစ်မလဲ၊ ဒါလည်းစဉ်းစားဖို့လိုတယ်။

အခုခေတ်မှာက အားလုံးဖြစ်နေတာက ရန်ကုန်မြို့မှာရှိတဲ့ လူတွေအားလုံး ငြီးနေတဲ့ ကားကြပ်တဲ့ကိစ္စကို ဒါထပ်သွင်းရင် ပိုတောင်အခြေအနေ ကောင်းမလား ဆိုးမလားဆိုတာ စဉ်းစားသင့်တယ်ထင်တာပေါ့၊ ဝေဖန်တာထက် စဉ်းစားတဲ့ပုံစံပေါ့။ခေတ်က တော်တော်များများဖြစ်နေတာက လုပ်သာလုပ်လိုက်တယ်၊ စဉ်းစားချက်တွေ နည်းနည်းအားနည်းသလား မပြောတတ်ဘူး။ကားသွင်းလိုက်တယ်၊ ကားသွင်းခွင့်ရတဲ့သူတွေအတွက် အကျိုးရှိတယ်၊ အဲ့ဒီတော့ အကျိုးရှိတာက ဘာလဲဆိုတော့ ကဲဟုတ်ပြီ၊ အဲ့ဒီကားတွေကို ပြန်မရောင်းရဘူးဆိုပါတော့ အဲ့ဒါဆိုရင် ဒါစီးစေချင်တဲ့ စေတနာကတစ်မျိုး၊ မဟုတ်ရင် ပြန်ရောင်းလို့ရတယ်ဆိုရင် တန်တဲ့ဟာကို ကားပါမစ် ကားရဲ့တန်ဖိုးထက် မြင့်မားတဲ့တန်ဖိုးတစ်ခု ပြန်ရအောင်လုပ်တဲ့ပုံစံဆိုတော့ ဒါကတစ်မျိုးဖြစ်သွားရော။အဲ့ဒါလေးလည်း ထည့်ဖို့လိုလိမ့်မယ်လို့ စဉ်းစားမိတာပဲ။ဒါပေမဲ့ တာဝန်ရှိတဲ့သူတွေ စဉ်းစားတာက ပုံစံတစ်မျိုးနဲ့ စဉ်းစားတယ်ထင်ပါရဲ့၊ အဲ့လိုပဲစဉ်းစားရတာပေါ့။

Opinion leaders ။     ။ အကုန်ခြုံလိုက်လို့ရှိရင် လက်ရှိမှာ ဒီလိုမျိုးပဋိပက္ခတွေ ပြဿနာပေါင်းစုံတွေ ရှိပေမယ့် တရုတ်ခရီးစဉ်ရှိလာတဲ့အတွက်ကို အကောင်းဘက်ကနေ မျှော်လင့်လို့ရတဲ့ အနေအထားမျိုးရှိတာပေါ့နော် ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ ကိုယ်ကတော့ အဲဒီလိုပဲမျှော်လင့်တယ်ကွဲ့၊ အခုကခက်တာက အကောင်းပဲမျှော်လင့်ရတော့မှာ၊ အားလုံးက automatic စိန်ခေါ်မှုတွေများတဲ့အချိန်မှာ ဒီထက်ပိုပြီးဆိုးတဲ့ အခြေအနေကို သွားပြီးစဉ်းစားလိုက်လို့ရှိရင် ပိုပြီးတောင် လုပ်ရကိုင်ရခက်မယ်လေ၊ လုပ်ရကိုင်ရခက်မယ့်အစား ဆရာထင်တာ ကတော့ ဒီထဲကနေ ဆရာတို့အခွင့်အရေး။အခွင့်အရေးဆိုတာက ဒီလိုသမ္မတကြီးတစ်ယောက် ကိုယ့်နိုင်ငံလာတယ်ဆိုတာ ဒါလွယ်လွယ်ကူကူမှမဟုတ်တာ၊ ဟုတ်တယ်မဟုတ်လား။အဲ့လိုအခြေအနေမှာ လာတဲ့ဟာကို ကိုယ့်နိုင်ငံအတွက် အကျိုးရှိအောင်။တစ်ခုတော့ရှိတာက တစ်နိုင်ငံ ကိုယ့်အတွက်ပဲ ကြည့်လို့တော့မရဘူး၊ သူကလည်း သူ့အကျိုးရှိမှာပဲလေ၊ သူလည်း သူ့ကိစ္စနဲ့သူ၊ သူ့မှာလည်း လိုအပ်ချက်တွေရှိမှာပဲ၊ အဲ့ဒီတော့ နှစ်နိုင်ငံလိုအပ်ချက်တွေ အားလုံးကို တစ်ယောက်နဲ့ တစ်ယောက် အပေးအယူရှိဖို့တော့ လိုလိမ့်မယ်။ကိုယ်ဘယ်လောက်ပေးရမလဲ၊ ကိုယ်ဘယ်လောက်ယူနိုင်မလဲဆိုတာ လိမ်မာပါးနပ်စွာလုပ်ရင်တော့ ဆရာထင်တယ် ဒါအဆင်ပြေလိမ့်မယ်လို့ အောက်မေ့တာပါပဲ။

Opinion leaders ။     ။ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးပါ ဆရာ။

‌ဒေါက်တာအောင်ထွန်းသက်
ဇန်န၀ါရီ - ၈

( Zawgyi )

ျမန္မာႏိုင္ငံႏွင့္ ပတ္သက္ၿပီး ႏိုင္ငံတကာဖိအား ရွိေနခ်ိန္တြင္ ျမန္မာႏိုင္ငံသို႔ ကမာၻ႔ႏိုင္ငံေရးဩဇာအာဏာ ႀကီးမားသည့္ တ႐ုတ္ႏိုင္ငံမွ ေခါင္းေဆာင္သမၼတ ရွီက်င့္ဖိန္ လာေရာက္ရန္ရွိသည့္အတြက္ ျပည္တြင္းႏိုင္ငံေရးေလ့လာသူမ်ားက ျပည္တြင္းရွိ ႏိုင္ငံေရး၊ စီးပြားေရးႏွင့္ ၿငိမ္းခ်မ္းေရး၊ တိုင္းရင္းသားလက္နက္ကိုင္ အေရးမ်ားအထိ သက္ေရာက္မႈရွိလာလိမ့္မယ္လို႔ သုံးသပ္ခဲ့ၾကပါတယ္။အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ ဦးေဆာင္သည့္ အစိုးရလက္ထက္တြင္ ရခိုင္ေျမာက္ပိုင္းျပႆနာေၾကာင့္ အေနာက္အုပ္စုမွ ရင္းႏွီးျမဳပ္ႏွံမႈ ထင္သေလာက္မဝင္ခဲ့သျဖင့္ အေရွ႕အုပ္စု အထူးသျဖင့္ တ႐ုတ္မွ ရင္းႏွီးျမဳပ္ႏွံမႈကို ျပည္တြင္းမွ ေမွ်ာ္လင့္ခဲ့ၾကပါတယ္။သို႔ေသာ္ တ႐ုတ္မွ ရင္းႏွီးျမဳပ္ႏွံသည့္ ျမန္မာႏိုင္ငံအတြင္း ပမာဏႀကီးမားသည့္ စီမံကိန္းမ်ားတြင္ အခက္အခဲမ်ားျဖစ္ခဲ့သျဖင့္ တ႐ုတ္မွ လာေရာက္ရင္းႏွီးျမဳပ္ႏွံမႈ ေလ်ာ့က်ခဲ့သလို ျပည္တြင္းစီးပြားေရးမွာလည္း တုံ႔ဆိုင္းသလို ျဖစ္ခဲ့ပါတယ္။ထိုအေျခအေနတြင္ တ႐ုတ္သမၼတ ျမန္မာႏိုင္ငံသို႔ လာေရာက္မႈက အရပ္သားအစိုးရ၏ လက္က်န္တစ္ႏွစ္သက္တမ္းအတြင္း ႏိုင္ငံေရး၊ စီးပြားေရးႏွင့္ တိုင္းရင္းသားလက္နက္ကိုင္အေရးမ်ားတြင္ အျပဳသေဘာေဆာင္သည့္ ျဖစ္ရပ္မ်ား ေမွ်ာ္လင့္စရာ ျဖစ္လာခဲ့ပါတယ္။ထိုအေျခအေနအေပၚ ဝါရင့္စီးပြားေရးပညာရွင္ႏွင့္ ႏိုင္ငံေတာ္သမၼတ၏ စီးပြားေရးအႀကံေပးပုဂၢိဳလ္ ဆရာ ေဒါက္တာေအာင္ထြန္းသက္အား အထူးအစီအစဥ္တစ္ရပ္အေနျဖင့္ ေမးျမန္းခဲ့ပါတယ္။ဆရာ ေဒါက္တာေအာင္ထြန္းသက္၏ ရႈျမင္သုံးသပ္ခ်က္ အျပည့္အစုံကို ယခုတစ္ပတ္ အထူးအစီအစဥ္အျဖစ္ ေဖာ္ျပလိုက္ပါတယ္။

(Opinion Leaders Media အယ္ဒီတာအဖြဲ႕)

Opinion leaders ။     ။ ဆရာ အခုလာမယ့္ ေရွ႕တစ္ပတ္မွာ တ႐ုတ္သမၼတ ျမန္မာႏိုင္ငံကိုလာမယ့္ သတင္းေတြက ထြက္ေပၚေနတယ္၊ ေတာ္ေတာ္ေလးလည္းေသခ်ာတဲ့ အေနအထားရွိတယ္၊ လက္ရွိမွာလည္း ျမန္မာႏိုင္ငံရဲ႕ စီးပြားေရးက အေနာက္ဘက္က ေမွ်ာ္လင့္လို႔မရေတာ့တဲ့အတြက္ တ႐ုတ္ဘက္က ရင္းႏွီးျမႇဳပ္ႏွံမႈေတြ မွီခိုေနရတယ္၊ တ႐ုတ္ဘက္ကလည္း ေငြလုံးေငြရင္းနဲ႔ ရင္းႏွီးျမႇဳပ္ႏွံမႈေတြက ျမစ္ဆုံကိစၥရဲ႕ေနာက္ပိုင္းမွာ သိပ္မရွိေတာ့တဲ့အတြက္ကို အခုလာတဲ့ တ႐ုတ္သမၼတခရီးစဥ္မွာ ျမန္မာစီးပြားေရးအတြက္ ဘယ္လိုမ်ိဳးအေျပာင္းအလဲေတြ ျဖစ္လာႏိုင္သလဲ ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ ဆရာထင္တာေတာ့ေလ ျဖစ္ေစခ်င္တာေပါ့ေလ၊ ခုနေျပာသလို အစိုးရသစ္တက္တဲ့အခ်ိန္ကစၿပီး အခုမွာေတာ့ အေနာက္ႏိုင္ငံၿပီးေတာ့ အေရွ႕ပိုင္းအားလုံးကို ေမွ်ာ္လင့္ခဲ့ေပမယ့္ ေနာက္ပိုင္း ျပႆနာေတြအားလုံး စိန္ေခၚမႈေတြေၾကာင့္ အေနာက္ႏိုင္ငံက အလားအလာနည္းသြားၿပီေလ၊ အဲဒီေတာ့ အလားအလာနည္းသြားတာကို လက္ခံလိုက္လို႔ရွိရင္ အခုကမာၻ႔ေဈးကြက္ထဲမွာ ရင္းႏွီးျမႇဳပ္ႏွံႏိုင္တဲ့ အင္အားရွိတဲ့ႏိုင္ငံေတြက သိပ္မရွိေတာ့ဘူး။အဲ့ဒီေတာ့ အစိုးရကိုယ္တိုင္ကလည္း Look East ေပၚလစီ ေရွ႕သို႔ဆိုတဲ့ အေရွ႕ကိုၾကည့္ရမယ့္ ေပၚလစီရွိေနေတာ့ ဒီတ႐ုတ္ပဲ။

အဲ့ဒီေတာ့ တ႐ုတ္အေနနဲ႔လည္း တစ္ကမာၻလုံးကိုၾကည့္ရင္ အာဖရိကႏိုင္ငံေတြ၊ က်န္တဲ့ အိမ္နီးနားခ်င္း အာဆီယံႏိုင္ငံေတြမွာလည္း ရင္းႏွီးျမႇဳပ္ႏွံမႈေတြ အမ်ားႀကီးပဲ။ကိုယ့္ေနရာလည္း နယ္စပ္ျဖစ္ေနေတာ့ ပိုၿပီးေတာ့ အခြင့္အေရးေကာင္းလာတယ္။ဟိုကေတာ့ ဒီတစ္ေခါက္လာတဲ့အခါမွာ ဆရာထင္တာ စီးပြားေရးအေျခခံ ပါလိမ့္မယ္လို႔ ေအာက္ေမ့တယ္ေလ။ပါလည္းပါေစခ်င္တယ္။ဒီထက္လြယ္လြယ္ကူကူ ဝင္ႏိုင္ေအာင္ ဘယ္လိုလုပ္ၾကမလဲ။အားလုံးသိတဲ့အတိုင္းပဲ တ႐ုတ္မွာက BRI ပိုးလမ္း၊ Belt& Road Initiative ရွိေနေတာ့ အဲ့ဒီဟာကို ဆရာတို႔အခြင့္အေရးရေအာင္ ဘယ္လိုယူမလဲဆိုတာစဥ္းစားဖို႔ လိုတယ္ေလ။

အဲ့ဒီေတာ့ ဘာေၾကာင့္လဲဆိုေတာ့ ပိုးလမ္းက ဆရာတို႔နဲ႔ တ႐ုတ္နဲ႔ လုံးဝနယ္စပ္မရွိတဲ့ အေရွ႕အလယ္ပိုင္း Central Asia ႏိုင္ငံေတြမွာေတာင္ Belt & Road ကို လုပ္ေနတယ္။အဲ့ဒီလိုပဲ အာဖရိကႏိုင္ငံေတြ လုပ္ေနတဲ့အခါက်ေတာ့ သူတို႔ႏိုင္ငံေတြမွာေတာင္ အဲ့ဒါမ်ိဳးစဥ္းစားႏိုင္ရင္ ကိုယ့္ႏိုင္ငံအတြက္က်ေတာ့ ဒီထက္ပိုၿပီးစဥ္းစားႏိုင္လိမ့္မယ္လို႔ ဆရာေတာ့ အဲ့ဒီလိုေမွ်ာ္လင့္တာပဲ။အဲ့ဒီေတာ့ျဖစ္ပါေစလို႔ပဲ ဆုေတာင္းရတာပဲေလ၊ ေမွ်ာ္လင့္ရတာပဲ။

Opinion leaders ။     ။ ေျမာက္ပိုင္းေလးဖြဲ႕က NCA လက္မွတ္ထိုးဖို႔ဆိုတာ အသံကထြက္ေနတယ္။တ႐ုတ္သမၼတ ဒီကိုလာမယ္ဆိုၿပီး အသံထြက္တဲ့အခ်ိန္မွာ တိုက္ပြဲေတြကလည္း နည္းနည္းလည္း အရွိန္ေလ်ာ့သြားတာရွိတယ္။ဒီရက္မွာပဲ NCA လက္မွတ္ထိုးထားတဲ့ အဖြဲ႕ေတြစုထားတဲ့ အဖြဲ႕က ဒီေန႔မွာပဲ ေနျပည္ေတာ္မွာ အစည္းအေဝးလုပ္တာလည္းရွိေတာ့ တ႐ုတ္သမၼတ လာတဲ့အတြက္ ႏိုင္ငံေရးမွာ ျပည္တြင္းၿငိမ္းခ်မ္းေရးအတြက္ကို အေကာင္းဘက္ကေမွ်ာ္လင့္လို႔ ရႏိုင္မလား ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ အဲ့ဒါပဲေပါ့။ဆရာတို႔ကေလ အၿမဲတမ္းျဖစ္ေနတဲ့ကိစၥသည္ ႏိုင္ငံေရးတင္မကဘူး၊ စီးပြားေရးလည္းပါတယ္။စီးပြားေရးတင္မကဘူး၊ ႏိုင္ငံေရးလည္းပါတာကိုး။ႏိုင္ငံေရးပါတဲ့အခါက်ေတာ့ သူ႔အေနနဲ႔က ေျမာက္ပိုင္းေလးဖြဲ႕ အပါအဝင္ NCA အျမန္ဆုံးထိုးႏိုင္ေအာင္ ဆရာတို႔ ဝိုင္းၿပီးလုပ္ၾကဖို႔ လိုလိမ့္မယ္လို႔ ေအာက္ေမ့တယ္။ျဖစ္လည္း ျဖစ္ေစခ်င္တာ။ဘာေၾကာင့္လဲဆိုေတာ့ အဲ့ဒီအေပၚမွာ မူတည္ၿပီးေတာ့ စီးပြားေရးတင္မကဘူး ၿငိမ္းခ်မ္းေရး၊ စီးပြားေရးဆိုတာက တကယ္တမ္းက်ေတာ့ ၿငိမ္းခ်မ္းေရးဆိုတာ ကာလရွည္ ဆရာတို႔ရဲ႕ ဟိုအင္မတန္မွ ေျဖရခက္ေနတဲ့ ျပႆနာႀကီးတစ္ခုေလ။အဲဒီျပႆနာႀကီးကို ဆရာတို႔ ဝိုင္းေျဖရွင္းေပးႏိုင္ရင္ အင္မတန္ေကာင္းတာပဲ။သူ႔ရဲ႕အေပၚမွာ မူတည္ၿပီးေတာ့။ဒါေပမဲ့ တစ္ခုရွိတာက ႏိုင္ငံေရးနဲ႔ပတ္သက္လို႔ ၿငိမ္းခ်မ္းေရးနဲ႔ ပတ္သက္လို႔ေျပာလည္း စီးပြားေရးကပါလာမွာပဲေလ။အဲ့ဒီႏွစ္ခုကို တြဲဖက္ၿပီး လုပ္ႏိုင္ရင္ေတာ့ ဆရာတို႔ သူ႔ရဲ႕ ေရာက္လာမယ့္ ခရီးစဥ္ဟာ ကိုယ့္ႏိုင္ငံအတြက္ အမ်ားႀကီးအက်ိဳးရွိမယ္လို႔ ထင္တာပါပဲ။

Opinion leaders ။     ။ ဆရာ Belt & Road နဲ႔ ပတ္သက္ၿပီးေတာ့ ဥေရာပဘက္မွာ သိပ္ၿပီးေတာ့တိုးလို႔မရတဲ့ ျပႆနာရွိတယ္၊ အခုလက္ရွိမွာ အာရွဘက္မွာ ျမန္မာမွာဆိုလို႔ရွိရင္လည္း ေက်ာက္ျဖဴက တ႐ုတ္အတြက္ ဝင္ေပါက္အေနနဲ႔ဆိုၿပီးေတာ့ ႏိုင္ငံတကာက သုံးသပ္ထားတာရွိတယ္။တ႐ုတ္ဘက္ကလည္း ေတာ္ေတာ္ေလး အေလးထားတာရွိတယ္။ၿပီးေတာ့ မူဆယ္ကေန ရခိုင္အထိကို ေတာက္ေလွ်ာက္ဆိုတဲ့ေနရာမွာ မႏၲေလးက တစ္ဆင့္ဝင္တယ္ဆိုၿပီး သြားတဲ့အခါက်ေတာ့ အခုလက္ရွိ လာမယ့္ တ႐ုတ္သမၼတရဲ႕ ခရီးစဥ္ထဲမွာ ဒါနဲ႔ပတ္သက္ၿပီး MoU ထိုးဖို႔ေတြ၊ ေနာက္တစ္ခ်က္က တျခားေသာ စီးပြားေရးအခြင့္အလမ္းေတြ ပါလာမလား ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ သူတို႔ေျပာတဲ့ Economic တ႐ုတ္ - ျမန္မာ Myanmar - China Economic Cooperation MCEC ထင္တယ္၊ ႏွစ္ႏိုင္ငံစီးပြားေရး သေဘာတူညီမႈေတြ အျမန္ဆုံးရဖို႔လိုတယ္ေလ။အဲ့ဒီေတာ့ အရင္တုန္းကေတာ့ ဆရာတို႔ ေျမပုံထဲမွာၾကည့္လိုက္လို႔ရွိရင္ ေက်ာက္ျဖဴကေနတစ္ဆင့္ ကူမင္းကိုေရာက္တဲ့ ေရနံပိုက္လိုင္းႀကီးဟာ တိုင္းျပည္ကိုတစ္ဝက္ခြဲသြားသလို ျဖစ္သြားတယ္။ဓားနဲ႔လွီးသလိုျဖစ္တယ္။အဲ့ဒီဟာကို သူတို႔နားလည္သြားတယ္။ႏွစ္ဘက္လုံးေပါ့ေလ။ဒီလိုႀကီးမလုပ္သင့္ဘူးဆိုတာကို စဥ္းစားတဲ့အတြက္ အခုဆိုရင္ မူဆယ္ကေန မႏၲေလး၊ မႏၲေလးကေန ေနျပည္ေတာ္၊ ေနျပည္ေတာ္ကေန ေနာက္မွတစ္ဆင့္ ေက်ာက္ျဖဴဆိုတာမ်ိဳး တန္းတန္းႀကီးေပါ့ေနာ္၊ ႏိုင္ငံတစ္ႏိုင္ငံကို တည့္တည့္ႀကီးပိုင္းလိုက္သလိုမ်ိဳးပုံစံ အျမင္မျဖစ္ေအာင္ သူတို႔ဖန္တီးလိမ့္မယ္လို႔ ေအာက္ေမ့တယ္။ဒါလည္းျဖစ္သင့္တာ။

အဲ့ဒီေတာ့ အခုစဥ္းစားဖို႔လိုတာက အဲ့ဒီလိုသာ လမ္းႀကီးေပါက္သြားရင္ေနာ္ ေနာက္တစ္ခါ အျမန္ရထားလမ္းေတြဘာေတြ ျဖစ္လာရင္ infrastructure တက္လာဖို႔လိုတာေပါ့။ infrastructure တက္လာလို႔ရွိရင္ အဲ့ဒီ infrastructure နဲ႔ တြဲဖက္တဲ့ လမ္းနံေဘးမွာရွိတဲ့ ႐ြာေတြ၊ ရပ္ကြက္ေတြ ၿမိဳ႕နယ္ေတြမွာလည္း ဖြံ႕ၿဖိဳးမႈတက္လာမွာပဲေလ။စီးပြားေရးတိုးတက္လာမွာပဲ။ဘာလို႔လဲဆိုေတာ့ ဥပမာဆိုပါစို႔ လမ္းေတြေဖာက္တယ္ဆိုရင္ အဲ့ဒီမွာ စားေသာက္ဆိုင္ေတြျဖစ္လာမယ္၊ ဓာတ္ဆီဆိုင္ေတြျဖစ္လာမယ္၊ တည္းခိုခန္းေတြျဖစ္လာမယ္ဆိုတာ အမ်ားႀကီး။ကိုယ့္အတြက္ အလားအလာပဲ။ကိုယ္ေတာ့ သိပ္ၿပီးေမွ်ာ္လင့္တာပဲကြဲ႕။တကယ့္ကို။

ေနာက္တစ္ခါ အရင္တုန္းက ဆရာတို႔ေျပာတဲ့ Asia Highway ေပါ့။ Asia World လို႔လည္း ေျပာတာၾကာၿပီ၊ ဦးေနဝင္းလက္ထက္ကတည္းက Asia Highway ၊ Asia Highway လို႔ ေျပာခဲ့ေပမယ့္ မျဖစ္လာဘူး၊ အခုက်ေတာ့ တကယ့္ကိုေနာ္ အေကာင္အထည္ေဖာ္လာႏိုင္တဲ့ အေနအထားရွိတယ္၊ အဲ့ဒီေတာ့ တ႐ုတ္နဲ႔ ေက်ာက္ျဖဴကေနတစ္ဆင့္ ကူမင္းတင္မကဘူး၊ အဲ့ဒီ မႏၲေလးကေနတစ္ဆင့္ ဒီဘက္ကိုျပန္ဆင္းလာလို႔ရွိရင္ ဆရာတို႔ ဒီဘက္က ကယားျပည္နယ္ျဖတ္၊ ကရင္ျပည္နယ္၊ မြန္ျပည္နယ္၊ ၿပီးေတာ့မွ ဒီကေနတစ္ဆင့္ ထားဝယ္ကေနတစ္ဆင့္ ကန္ခ်ပ္တာဘူရီ သြားႏိုင္တဲ့ အေနအထားမ်ိဳးရွိလာတယ္။
ဆက္သြယ္ေရးေကာင္းဖို႔လိုတယ္၊ လမ္းပန္းဆက္သြယ္ေရးေကာင္းဖို႔လိုတယ္၊ infrastructure ေတြ တက္လာဖို႔ လိုတယ္ထင္တယ္၊ infrastructure တက္လာရင္ ဆရာတို႔မွာ ကာလတိုမွာ အလုပ္အကိုင္ အခြင့္အလမ္းေတြ အမ်ားႀကီးရမယ္ေလ၊ ယုတ္စြအဆုံး ေျမႀကီးသယ္တဲ့သူေတြ ေျမႀကီးေပါက္တဲ့သူေတြ အလုပ္ရမယ္။အင္ဂ်င္နီယာေတြ အလုပ္ရမယ္၊ ၿပီးေတာ့ ေနာက္ပိုင္းအဲ့ဒီကေနျဖစ္လာမယ့္၊ ေပၚလာမယ့္ စီးပြားေရးအခြင့္အလမ္းေတြက အမ်ားႀကီးပဲ။ကိုယ္ကေတာ့ သိပ္ေမွ်ာ္လင့္တာ ျဖစ္ေစခ်င္တာေပါ့ေလ။ ဒါႀကီးကို အျမန္ဆုံးျဖစ္ဖို႔ပဲ ကိုယ္ကဆုေတာင္းေနရတာေပါ့ေလ။

Opinion leaders ။     ။ လက္ရွိမွာ အီရန္နဲ႔ အေမရိကန္နဲ႔ ျပႆနာေၾကာင့္ ေရနံေဈးေတြက ေတာက္ေလွ်ာက္တက္လာတယ္၊ တ႐ုတ္သမၼတခရီးစဥ္ကလည္းရွိလာတယ္၊ မူဆယ္ဘက္မွာ ဆိုလို႔ရွိရင္ ဆန္ကိုတင္ပို႔မႈ လုံးလုံးရပ္ဆိုင္းသေလာက္ ျဖစ္တဲ့အခါက်ေတာ့ ေရနံေဈးႏႈန္းအတက္အက်နဲ႔ ပတ္သက္ၿပီး ျမန္မာႏိုင္ငံရဲ႕ စီးပြားေရးမွာ ဘယ္လိုမ်ိဳးသြားၿပီးေတာ့ သက္ေရာက္ႏိုင္မလဲ ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ ကိုယ့္မွာအၿမဲတမ္း၊ ဆရာတို႔ေျပာေနတဲ့ Risk ေပါ့။အၿမဲတမ္း Risk က ရွိေနတာက အခုေလာင္စာဆီျပႆနာက ျပည္တြင္းဖူလုံမႈ အျပည့္အဝမရွိခဲ့ဘူး။ကိုယ့္ႏိုင္ငံမွာထြက္တဲ့ ဓာတ္ဆီတို႔ ဓာတ္ေငြ႕တို႔ ရွိေပမယ့္ အလုံအေလာက္မရွိေတာ့ သူမ်ားဆီကေန တင္သြင္းရတယ္။တင္ပို႔တဲ့အခါမွာ ႏိုင္ငံတကာ ႏိုင္ငံျခားေငြ အသုံးခ်ရတယ္ေလ။အဲ့ဒီေဈးေတြတက္လာလို႔ရွိရင္ မတည္မၿငိမ္ျဖစ္လာရင္ ကိုယ့္အတြက္ အႏၲရာယ္ရွိတာေပါ့၊ အဲ့ဒီေတာ့ အဲ့ဒီအျပင္ကို တ႐ုတ္နဲ႔ အေမရိကန္ စစ္ပြဲကလည္းရွိေနတာကိုး။ Trade War

Trade War မွာလည္း ဆရာတို႔သိတာကေတာ့ေလ ႏိုင္ငံတစ္ႏိုင္ငံရဲ႕ စီးပြားေရးကိုၾကည့္လို႔ရွိရင္ ျပည္တြင္းတင္မကဘူး၊ ႏိုင္ငံတကာအေနအထားကိုလည္း နားလည္ဖို႔လိုတယ္ေလ။အဲ့ဒါကို လိမ္လိမ္မာမာ ပါးပါးနပ္နပ္နဲ႔ ကိုင္တြယ္ရမွာပဲ။ဘာေၾကာင့္လဲဆိုေတာ့ US ျပႆနာက ေပါ့ေသးေသး စဥ္းစားလို႔မရဘူး။ဟုတ္တယ္မဟုတ္လား။ႏွစ္ဘက္လုံးက တင္းခံေနတဲ့ အေနအထားမ်ိဳးရွိတယ္။ေနာက္တစ္ခါ တ႐ုတ္နဲ႔ အေမရိကန္ဆိုလည္း သူတို႔က အခုသေဘာတူညီမႈရတယ္ မရဘူးဆိုတာက အခုထိမေသခ်ာေသးဘူး။သေဘာတူညီမႈရတာေတာင္ အေျခခံေတြက မျပင္ႏိုင္ခဲ့ဘူး ဟုတ္တယ္မဟုတ္လား၊ အေမရိကန္ကလည္း သူ႔ဆီမွာရွိတဲ့ ထုတ္ကုန္ေတြက တေျဖးေျဖးေလ်ာ့လာတယ္၊ manufacturing မလုပ္ႏိုင္ဘူး၊ အဲ့ဒီလိုျဖစ္လာတဲ့ အခါက်ေတာ့ သူ႔ရဲ႕က်ဆင္းလာတဲ့ စီးပြားေရးအေဆာက္အအုံေတြကို အခြင့္အေရးယူတဲ့ တ႐ုတ္ေတြကို တားဆီးဖို႔ဆိုတာ သူက သိပ္လြယ္တာမဟုတ္ဘူး၊ ဘာလို႔လဲဆိုေတာ့ စားသုံးသူဘက္ကလည္း ၾကည့္ရေသးတာကိုး၊ စားသုံးသူအေနနဲ႔ ပစၥည္းေကာင္းေကာင္း ေဈးသက္သက္သာသာနဲ႔ တ႐ုတ္ပစၥည္း၊ အေမရိကန္ပစၥည္း ေ႐ြးခ်ယ္တာမွမဟုတ္တာ။

ေနာက္တစ္ခု သူတို႔ေတာ္ေတာ္မ်ားမ်ား နားလည္ဖို႔လိုတာက အေမရိကန္ထုတ္ပစၥည္းေတြမွာ iPhone တို႔၊ Apple တို႔ အားလုံးဟာ တ႐ုတ္ျပည္မွာထုတ္တာေလ၊ လိုင္စင္ကေတာ့ အေမရိကန္ပဲ၊ ထုတ္တာက တ႐ုတ္ျပည္မွာထုတ္ေတာ့ တကယ္တမ္းေတာ့ တ႐ုတ္ျပည္သည္ ကမာၻရဲ႕စက္႐ုံႀကီးျဖစ္ေနတာေလ၊ အဲ့ဒါႀကီးကို ခ်က္ခ်င္းလက္ငင္းတားဖို႔ဆိုတာ သူတို႔အေနနဲ႔ မလြယ္ဘူး၊ အဲဒီေတာ့ ကာလတိုအေနနဲ႔ ေဆးၿမီးတိုအေနနဲ႔က သူတို႔အခြန္အခေတြ Tax Rate ေတြ တိုးလာကေတာ့ တိုးမွာပဲ၊ တိုးတဲ့အခါက်ေတာ့ ဘယ္သူနစ္နာလဲဆိုေတာ့ စားသုံးသူပဲနစ္နာတာပဲ၊ အခုကေတာ့ အဲ့ဒီလိုပဲ အျပန္အလွန္ တစ္ေယာက္နဲ႔ တစ္ေယာက္ စိန္ေခၚမႈေတြအျပည့္လုပ္ေနတာေပါ့၊ တစ္ေယာက္နဲ႔ တစ္ေယာက္လည္း ယုံၾကည္မႈေတြအားနည္းလာတယ္။အဲ့ဒါကို ဆရာတို႔ အဲ့ဒီလိုအေျခအေနရွိတဲ့အခ်ိန္မွာ ကိုယ့္ႏိုင္ငံရဲ႕ စီးပြားေရး၊ ႏိုင္ငံေရးက ပိုၿပီးေတာ့အေရးႀကီးလာျပန္ေရာ။

အဲ့ဒီေတာ့ အေရးႀကီးလာတာကို ကိုယ္က က်စ္က်စ္လစ္လစ္ ေဆာင္႐ြက္ဖို႔လိုလိမ့္မယ္။ အဲ့ဒီေတာ့ ဒီေနရာမွာလည္း ဆရာတို႔အေနနဲ႔ေနာ္ ပါေမာကၡဆရာေတာ္ဘုရားႀကီး တရားေဟာသြားသလိုေပါ့၊ အခ်င္းခ်င္းညီဖို႔ေတာ့ လိုတာေပါ့။အခ်င္းခ်င္းမညီၫြတ္သေ႐ြ႕ကေတာ့ ဒီျပႆနာကေတာ္ေတာ္ႀကီးတာ၊ ဘာလို႔လဲဆိုေတာ့ ျပည္ပမွာရွိတဲ့ စိန္ေခၚမႈေတြ ဒီေလာက္မ်ားေနတဲ့အခ်ိန္မွာ ကိုယ့္အခ်င္းခ်င္း ညီညီၫြတ္ၫြတ္နဲ႔လုပ္ရင္ေတာ့ ဆရာထင္တယ္ လုပ္ရကိုင္ရလြယ္လိမ့္မယ္ထင္တယ္။မဟုတ္ရင္ေတာ့ ပိုၿပီးေတာင္ခက္လာေသးတယ္၊ အဲ့ဒါေလးေတာ့ စိတ္ပူတာေပါ့။

Opinion leaders ။     ။ မၾကာခင္က ကားပါမစ္နဲ႔ပတ္သက္ၿပီး တရားဝင္ခ်ေပးလိုက္တာေတြ ရွိတဲ့အခါက်ေတာ့ ေဝဖန္မႈေတြ၊ ေဝဖန္မႈေတြေနရာမွာ အဂတိလိုက္စားမႈနဲ႔ဆိုၿပီးေတာ့ တျခားေသာအဖြဲ႕အစည္းေတြက တိုက္႐ိုက္စြပ္စြဲတဲ့ အေနအထားမ်ိဳးေတြ ရွိလာတဲ့အခါက်ေတာ့ ဒါက လက္ရွိအစိုးရရဲ႕ လက္က်န္သက္တမ္းမွာ ဘယ္ေလာက္အထိ သြားၿပီးေတာ့ သူ႔ရဲ႕ပုံရိပ္ကို ထိခိုက္ႏိုင္သလဲ ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ တစ္ခုေတာ့ရွိတယ္ေလ၊ သူတို႔လည္းၾကည့္ရတာေပါ့၊ အမွန္ေတာ့ ဝန္ထမ္းေတြကို အထူးသျဖင့္ အရာရွိႀကီးေတြ၊ သူတို႔ကိုေက်းဇူးဆပ္ခ်င္တယ္ဆိုတဲ့ ဆႏၵေတာ့ရွိေကာင္းရွိလိမ့္မယ္။ဒါေပမယ့္ ယာဥ္ေတြ သြင္းလို႔ရလို႔ရွိရင္ သူတို႔အတြက္ အက်ိဳးအျမတ္ရွိလိမ့္မယ္၊ ဒီေနရာမွာ ျပႆနာရွိတာက ဘာလဲဆိုေတာ့ ဆရာတို႔ ယာဥ္သြင္းတာနဲ႔ပတ္သက္လို႔ ဆရာတို႔မွာ အေတြ႕အႀကဳံေတြက အမ်ားႀကီးရွိတာကိုး။အမ်ားႀကီးရွိတဲ့အခါက်ေတာ့ ယာဥ္သြင္းတာက သြင္းတဲ့သူေတြ စီးတဲ့ဦးေရ ဘယ္ေလာက္ရွိလဲ၊ ဒါလည္းစဥ္းစားမွာပဲ၊

တစ္ခ်ိန္တုန္းက ၿငိမ္းခ်မ္းေရးနဲ႔ ပတ္သက္လို႔ ျဖစ္လာတဲ့အခါမွာ ယာဥ္ေတြသြင္းလာတဲ့ဟာေတြ အားလုံးဟာ အျပင္ထဲေရာက္သြားတာပဲ၊ ၿငိမ္းခ်မ္းေရးနဲ႔ပတ္သက္တဲ့လူေတြ သုံးတာမွမဟုတ္တာ၊ အခုလည္းပဲ အလားအလာအေနနဲ႔က ဘယ္လိုျဖစ္မလဲမေျပာတတ္ဘူး၊ ဟုတ္တယ္မဟုတ္လား။ကိုယ္တိုင္ကိုယ္က် တန္ဖိုးရွိတဲ့ကားေတြကို သုံးေစခ်င္တဲ့ ေစတနာနဲ႔လုပ္ေနေတာ့ ျပန္ၾကည့္ရမွာက ဘယ္ႏွစ္ေယာက္ေလာက္ကသုံးေနလဲ၊ အဲဒီေတာ့ ျပန္ေရာင္းလို႔ရွိရင္ ေဈးကြက္ထဲမွာ ဘယ္လိုျဖစ္မလဲ၊ ဒါလည္းစဥ္းစားဖို႔လိုတယ္။

အခုေခတ္မွာက အားလုံးျဖစ္ေနတာက ရန္ကုန္ၿမိဳ႕မွာရွိတဲ့ လူေတြအားလုံး ၿငီးေနတဲ့ ကားၾကပ္တဲ့ကိစၥကို ဒါထပ္သြင္းရင္ ပိုေတာင္အေျခအေန ေကာင္းမလား ဆိုးမလားဆိုတာ စဥ္းစားသင့္တယ္ထင္တာေပါ့၊ ေဝဖန္တာထက္ စဥ္းစားတဲ့ပုံစံေပါ့။ေခတ္က ေတာ္ေတာ္မ်ားမ်ားျဖစ္ေနတာက လုပ္သာလုပ္လိုက္တယ္၊ စဥ္းစားခ်က္ေတြ နည္းနည္းအားနည္းသလား မေျပာတတ္ဘူး။ကားသြင္းလိုက္တယ္၊ ကားသြင္းခြင့္ရတဲ့သူေတြအတြက္ အက်ိဳးရွိတယ္၊ အဲ့ဒီေတာ့ အက်ိဳးရွိတာက ဘာလဲဆိုေတာ့ ကဲဟုတ္ၿပီ၊ အဲ့ဒီကားေတြကို ျပန္မေရာင္းရဘူးဆိုပါေတာ့ အဲ့ဒါဆိုရင္ ဒါစီးေစခ်င္တဲ့ ေစတနာကတစ္မ်ိဳး၊ မဟုတ္ရင္ ျပန္ေရာင္းလို႔ရတယ္ဆိုရင္ တန္တဲ့ဟာကို ကားပါမစ္ ကားရဲ႕တန္ဖိုးထက္ ျမင့္မားတဲ့တန္ဖိုးတစ္ခု ျပန္ရေအာင္လုပ္တဲ့ပုံစံဆိုေတာ့ ဒါကတစ္မ်ိဳးျဖစ္သြားေရာ။အဲ့ဒါေလးလည္း ထည့္ဖို႔လိုလိမ့္မယ္လို႔ စဥ္းစားမိတာပဲ။ဒါေပမဲ့ တာဝန္ရွိတဲ့သူေတြ စဥ္းစားတာက ပုံစံတစ္မ်ိဳးနဲ႔ စဥ္းစားတယ္ထင္ပါရဲ႕၊ အဲ့လိုပဲစဥ္းစားရတာေပါ့။

Opinion leaders ။     ။ အကုန္ၿခဳံလိုက္လို႔ရွိရင္ လက္ရွိမွာ ဒီလိုမ်ိဳးပဋိပကၡေတြ ျပႆနာေပါင္းစုံေတြ ရွိေပမယ့္ တ႐ုတ္ခရီးစဥ္ရွိလာတဲ့အတြက္ကို အေကာင္းဘက္ကေန ေမွ်ာ္လင့္လို႔ရတဲ့ အေနအထားမ်ိဳးရွိတာေပါ့ေနာ္ ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ ကိုယ္ကေတာ့ အဲဒီလိုပဲေမွ်ာ္လင့္တယ္ကြဲ႕၊ အခုကခက္တာက အေကာင္းပဲေမွ်ာ္လင့္ရေတာ့မွာ၊ အားလုံးက automatic စိန္ေခၚမႈေတြမ်ားတဲ့အခ်ိန္မွာ ဒီထက္ပိုၿပီးဆိုးတဲ့ အေျခအေနကို သြားၿပီးစဥ္းစားလိုက္လို႔ရွိရင္ ပိုၿပီးေတာင္ လုပ္ရကိုင္ရခက္မယ္ေလ၊ လုပ္ရကိုင္ရခက္မယ့္အစား ဆရာထင္တာ ကေတာ့ ဒီထဲကေန ဆရာတို႔အခြင့္အေရး။အခြင့္အေရးဆိုတာက ဒီလိုသမၼတႀကီးတစ္ေယာက္ ကိုယ့္ႏိုင္ငံလာတယ္ဆိုတာ ဒါလြယ္လြယ္ကူကူမွမဟုတ္တာ၊ ဟုတ္တယ္မဟုတ္လား။အဲ့လိုအေျခအေနမွာ လာတဲ့ဟာကို ကိုယ့္ႏိုင္ငံအတြက္ အက်ိဳးရွိေအာင္။တစ္ခုေတာ့ရွိတာက တစ္ႏိုင္ငံ ကိုယ့္အတြက္ပဲ ၾကည့္လို႔ေတာ့မရဘူး၊ သူကလည္း သူ႔အက်ိဳးရွိမွာပဲေလ၊ သူလည္း သူ႔ကိစၥနဲ႔သူ၊ သူ႔မွာလည္း လိုအပ္ခ်က္ေတြရွိမွာပဲ၊ အဲ့ဒီေတာ့ ႏွစ္ႏိုင္ငံလိုအပ္ခ်က္ေတြ အားလုံးကို တစ္ေယာက္နဲ႔ တစ္ေယာက္ အေပးအယူရွိဖို႔ေတာ့ လိုလိမ့္မယ္။ကိုယ္ဘယ္ေလာက္ေပးရမလဲ၊ ကိုယ္ဘယ္ေလာက္ယူႏိုင္မလဲဆိုတာ လိမ္မာပါးနပ္စြာလုပ္ရင္ေတာ့ ဆရာထင္တယ္ ဒါအဆင္ေျပလိမ့္မယ္လို႔ ေအာက္ေမ့တာပါပဲ။

Opinion leaders ။     ။ အခုလိုေျဖၾကားေပးတဲ့အတြက္ ေက်းဇူးပါ ဆရာ။

‌ေဒါက္တာေအာင္ထြန္းသက္
ဇန္န၀ါရီ - ၈