【 ပညာရှင်များ၏အမြင် 】“ Energy Sector ကို တစ်ခုပဲ အားကိုးရမှာ”

【  ပညာရှင်များ၏အမြင် 】“ Energy Sector ကို တစ်ခုပဲ အားကိုးရမှာ”

တရုတ်နိုင်ငံ ဝူဟန်မြို့တွင် စတင်တွေ့ရှိခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်မှာ ယခုအခါ ကမ္ဘာ့နိုင်ငံအကုန်နီးပါး ပျံနှံခဲ့သွားခဲ့ရာ ကမ္ဘာနိုင်ငံများ အနေဖြင့် ကျန်းမာရေးပြဿနာကို အရေးတကြီးရင်ဆိုင်နေရပြီဖြစ်ပါတယ်။ ထိုကျန်းမာရေးပြဿနာထက်ဆိုးသည့်မှာ အီလက်ထရွန်းနစ်၊ အိုင်တီပစ္စည်းစသည်အမည်စုံ ကမ္ဘာစက်မှုလုပ်ငန်း အတွက်  အဓိကထုတ်လုပ်နေသည့် တရုတ်နိုင်ငံအတွင်း နှစ်လကျော် ထုတ်လုပ်မှုလုပ်ငန်းများရပ်ဆိုင်း လုနီး ပါးဖြစ်ခဲ့ သည့်အတွက် ကမ္ဘာစီးပွားရေးကို ရေရှည်ထိခိုက်လာနိုင်မှု အန္တရာယ်ပင် ဖြစ်သည်။ မြန်မာနိုင်ငံတွင် အရပ်သားအစိုးရတာဝန်ယူခဲ့သည့် ကာလအတွင်း နိုင်ငံရေး၊လူမှုရေးနှင့် စီးပွားရေပြဿနာများကို ပြည်တွင်း ပြည်ပ တွင်ဆက်တိုက်ကြုံတွေ့ခဲ့ရာ ယခုဗိုင်းရပ်စ်ပြဿနာက ဘေးအမျိုးမျိုးကြောင့် ယိုင်နဲ့နဲ့ဖြစ်နေသည့် မြန်မာ့စီးပွားရေးကို တွန်းလှဲမည်အခြေအနေသို့ ရောက်လာနေပါတယ်။ ထိုကြုံတွေ့မှုများအပေါ် မည်သို့ချည်းကပ်ဖြေရှင်းသင့်သည် စီမံသင့်သည် ဆိုသည်ကို ဝါရင့်စီးပွားရေး ပညာရှင်နှင့်နိုင်ငံတော်သမ္မတ၏ငြိမ်းချမ်းရေးနှင့် စီးပွားရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်အား အထူးအစီအစဉ်တစ်ရပ် အနေဖြင့်မေးမြန်းခဲ့ပါတယ်။ မြန်မာစီးပွားရေး အပေါ် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သက်ရောက်နိုင်မှု စီးပွားရေးအလားအလာအပေါ်  ပါမောက္ခဒေါက်တာအောင်ထွန်းသက် ၏ ရှုမြင်သုံးသပ်ချက်အပြည့်အစုံကို ယခုတစ်ပတ် အထူး အစီအစဉ်အဖြစ် ဖော်ပြလိုက်ပါတယ်။
                                                                          (Opinion Leaders Media အယ်ဒီတာအဖွဲ့)

Opinion  Leaders media ။      ။  အခု ဝူဟန်ဗိုင်းရပ်စ်ရောဂါကြောင့် မြန်မာနိုင်ငံမှာ စီးပွားရေးတွေ တော်တော်လေး ထိခိုက်လာဖို့ များနေတယ်။ ဒီရက်ထဲမှာဆိုရင် အထည်ချုပ်လုပ်ငန်းတွေက တစ်ချို့စက်ရုံတွေဟာ ရပ်နားတာ တဖြည်းဖြည်း များလည်း များလာ တယ်။ အစိုးရဘက်ကနေ ဒါနဲ့ပတ်သက်လို့ ကာကွယ်တာ၊ လုပ်တာလည်း သိပ်မရှိတော့ဘူး။ မရှိတော့တဲ့အတွက်ကို အလုပ်သမားတွေ အနေနဲ့ တနင်္ဂနွေနေ့က ဆန္ဒပြတာတွေ ဖြစ်လာတယ်၊ ရှေ့လျှောက်ဘယ်လိုဖြစ်လာနိုင်သလဲ ဘယ်လိုတွေ ပြင်ဆင်သင့်လဲဆရာ။

ပါမောက္ခဒေါက်တာအောင်ထွန်းသက်။      ။ ခုနပြောတဲ့ အထည်ချုပ်တင်မကပါဘူး။ အားလုံးပေါ့လေ၊ စီးပွားရေး နဲ့ ပတ်သက်လို့ ထိခိုက်မှုလို့ ပြောရင် ကဏ္ဍအနေနဲ့ ဟိုကဏ္ဍဒီကဏ္ဍမဟုတ်ဘဲနဲ့ ကဏ္ဍတွေအားလုံးထိတာ။ ဟုတ်တယ်နော်၊ အခုပြောတဲ့ အထည်ချုပ်ထိတယ်၊ အထည်ချုပ်ကဏ္ဍနဲ့ပတ်သက်လာရင် ကုန်ကြမ်းမရှိတော့ဘူး၊ ကုန်ကြမ်းမရှိတော့ဘူးဆိုရင် ကုန်ကြမ်းမရှိတော့တဲ့အတိုင်း ရပ်ရမယ်၊ ရပ်တဲ့အခါကျတော့ အလုပ် လက်မဲ့ဖြစ် တယ်၊ အလုပ်လက်မဲ့ဖြစ်ရင် ဒီကလေးတွေ၊ အထူးသဖြင့် ကလေးမတွေများတာပေါ့နော်။ ဆရာတို့စိတ်ပူတာက လုပ်တဲ့သူတွေ တော်တော်များများက အလုပ်သမတွေများတော့ သူတို့ကို မှီခိုနေရတဲ့မိသားစုကလည်း အများကြီး။ အဲ့ဒီလို ဖြစ်လာတဲ့အခါကျတော့ ဆရာတို့အကျိုးဆက်တွေအများကြီးရှိတယ်။ ဒါက အထည်ချုပ် သပ်သပ်ပေါ့လေ။ အထည်ချုပ်တွေ အပြင် နောက်ထပ်သိသာထင်ရှားတာကတော့ ခရီးသည်တွေ လုပ်ငန်းပေါ့။ ဟိုတယ်တွေ အခု တရုတ်ခရီးသည်တွေ မလာတော့ဘူးလေ။ အဲ့ဒီတော့ အဲ့ဒါတွေဖြစ်ရင် တဖြေးဖြေး တဖြေးဖြေးပေါ့ ။ဆရာတို့ စိတ်ပူတာက အခုတခြားနိုင်ငံတွေမှာလည်း ဖြစ်နေပြီ၊ စုပေါင်းပြီး ကိုင်တဲ့ဟာမျိုး စီးပွားရေးကိုနော် တကယ့်ကို ထိခိုက်မယ့်ဟာမျိုး။ အဲ့ဒီတော့ အဲ့ဒီဟာမျိုးကို ဆရာတို့ဘယ်လိုပြင်ဆင်လို့ရမလဲမေးရင် အခုတောင် ထရန့်ရဲ့ အခြေအနေတွေကို နားထောင်ကြည့်ရင် သူ့အနေနဲ့ အလုပ်တွေ ပိုပြီးလုပ်ခိုင်းလို့ရအောင် အခွန်တွေလျှော့ပေးမယ် ဘာညာ စင်ကာပူမှာလည်းလုပ်တယ်။ တခြားနိုင်ငံတွေမှာလည်း ပုံစံတွေအမျိုးမျိုးစဉ်းစားနေတာပေါ့။ အဲ့ဒီတော့ အဲ့ဒီလိုစဉ်းစားနေတာကို ဆရာတို့ဆီမှာလည်း ဒါကိုသင်ခန်းစာယူဖို့လိုတယ်။ ယူပြီးတော့ သူတို့ဆီမှာလုပ်သလို ကိုယ်မလုပ်နိုင်တာ လုပ်နိုင်တာတစ်ပိုင်းပေါ့။ ဘာတွေလုပ်နိုင်လဲ ဘာတွေလုပ်သင့်လဲဆိုတာကို ဂဃနဏ စဉ်းစားဖို့ လိုတယ်။ အဲ့ဒီတော့ ဒီနေရာမှာ ကိုယ်ကတော့ မျှော်လင့်တာကတော့ နိုင်ငံတော်အဆင့်အနေနဲ့ တခြားနိုင်ငံတွေ မှာလုပ်နေသလို ဆရာတို့ ကော်မရှင်တွေဘာတွေ ဖွဲ့ပြီးတော့ပေါ့နော်၊ ဒါကိုစီးပွားရေးရော လူမှုရေးရော ယဉ်ကျေးမှုရောအားလုံး ဝိုင်းဝန်းဘယ်လိုလုပ်ကြမလဲ။ အဖြေကိုဘယ်လိုရှာမလဲ။ နောက်တစ်ခုက ဆရာထင်တာတော့ ကာလတို၊ ကာလလတ်၊ ကာလရှည် ချက်ချင်းလက်ငင်း လုပ်လို့ရ တာတွေရှိသလို နည်းနည်း အချိန်စောင့်ရမှာတွေရှိတယ်၊ အခုကတော့ ရောဂါလျော့လာတယ်လို့ သတင်းကြား နေ ပေမယ့် ကိုယ့်ဆီမှာ သူ့ပုံစံက ဘယ်လိုမှန်းမသိဘူး။ ကိုယ့်ဆီမှာ ရှိ၏မရှိ၏ဆိုတာက တစ်ပိုင်းလေ။ အခုတိုက်ရိုက် ထိနေတာက စီးပွားရေးထိနေတာ။ စီးပွားရေးထိလာရင် ဆရာတို့ကအခု နိုင်ငံရေးကလည်း စိန်ခေါ်မှုတွေဖြစ် လာ ပြီလေ။ ဒါကြောင့်လည်း စီးပွားရေးကနေတစ်ဆင့် အလုပ်လက်မဲ့တွေဖြစ်လာရင် ပြဿနာတွေများလာရင် ဒါကို စိန်ခေါ်မှုတွေ၊ ကိုယ်တစ်ယောက်တည်းမဟုတ်ပါဘူး။
အားလုံးလိုလိုက ဒီကိစ္စနဲ့ပတ်သက်လာရင် စိုးရိမ်ရတာပေါ့။ စိတ်ပူရတာ၊ အဲ့ဒီတော့ အဲ့ဒီလိုစိုးရိမ် စိတ်ပူတာကို အထိတ်တလန့်ဖြစ်တယ်။ မလိုဘဲနဲ့ ပူပန်နေတယ်လို့လည်း စဉ်းစားလို့မရဘူး။ ဖြစ်တဲ့ဟာကို ဆရာတို့က ရင်ဆိုင်ရမှာပဲ၊ အခုကတော့ ဘာမှမပြောဘဲနေနေပြန်တဲ့ အနေအထားမျိုးရှိနေပြန်တော့လည်း ခက်တော့ ခက်တယ်။မသိကျိုးကျွံ လုပ်တော့လုပ်နေတယ်။ ကျန်းမာရေးဝန်ကြီးဌာနက ပြောနေတယ်၊ ပညာပေးနေတယ်၊ ပညာ ပေးတာက တစ်ပိုင်းလေ။ တကယ်လုပ်ရမှာက စီးပွားရေးကို ဘယ်လိုကိုင်တွယ်မလဲ။ အဲ့ဒါကိုဘယ်လို လုပ်လို့ ရမလဲဆိုတာကိုတော့ စဉ်းစားဖို့တော့ လိုလိမ့်မယ်လို့ အောက်မေ့တာပဲ၊ အခုတော့ အခုထိတော့မလုပ်သေးဘူး လေ။ လုပ်လည်းလုပ်မယ်လို့ မျှော်လင့်တာပေါ့၊ လုပ်လည်း လုပ်သင့်တယ်လေ၊ ကိုယ်ကတော့ အောက်မေ့တာ ပေါ့။

Opinion  Leaders media ။      ။ ဒီမနက်မှာဆိုရင် ဒေါ်လာစျေးဟာ တစ်ဒေါ်လာကို ၁၃၀၀ ကျပ်အထိ ကျလာ တယ်။ ဟိုးရှေးရက် ပြီးခဲ့တဲ့လက တစ်ဒေါ်လာ ၁၅၀၀-၁၄၀၀ ဝန်းကျင်လောက်ဖြစ်တော့ ဒီလိုမျိုး စျေးကျပြီး မြန်မာငွေကြေးတန်ဖိုး မြင့်တက်လာတာက ဘယ်သူတွေကို အကျိုးရှိစေလဲ။ လက်ရှိမှာ ကိုဗစ် ၁၉ ကြောင့် စီးပွားရေးတော်တော်များများ ရပ်ဆိုင်းသလိုဖြစ်နေတဲ့ အနေအထားမှာ ဒေါ်လာ စျေးကျတာက မြန်မာ့စီးပွားရေးကို အထောက်အကူဖြစ်စေသလား ၊ ပိုဆိုးလာစေသလားဆရာ။

ပါမောက္ခဒေါက်တာအောင်ထွန်းသက်။      ။ ဒါဖြစ်တာကလည်း ခုနပြောသလို ဆရာတို့ ထွက်ကုန်တွေ Export Import ပြဿနာပေါ့။ ဒေါ်လာစျေးဟာ အမြဲတမ်း သွင်းကုန်နဲ့ ထုတ်ကုန်ပေါ်မှာ အခြေခံတယ်။ အခုသွင်းကုန် တွေကလည်း အဆင်ပြေပြေမရှိဘူး။ ဟိုဘက်မှာလည်း ဒေါ်လာရဲ့တန်ဖိုးက တော်တော်လျော့လာတယ်၊ စတော့ မားကတ်မှာလည်း တစ်ခါတုန်းမှ မကြာဘူး၊ သမိုင်းမှာမမြင်ဖူးတဲ့ဟာမျိုးတွေ ဖြစ်နေတဲ့အခါကျတော့ သူ့တို့ရဲ့ ငွေရေးကြေးရေးကို ဒေါ်လာကို လက်ထဲမှာလူတွေက မကိုင်ချင်တော့ဘူးလေ။ မကိုင်ချင်တဲ့အခါကျတော့ အခု ကတော့ မြန်မာငွေ တန်ဖိုးတွေ တက်လာတာထက် ဒေါ်လာစျေးတွေ တန်ဖိုးလျော့တဲ့ပြဿနာ။ ဟုတ်တယ် မဟုတ်လား။ တစ်ခါတလေ ဖြစ်တတ်တာက မြန်မာငွေက တန်ဖိုး ရှိလို့ဒေါ်လာစျေးလျော့သွားတာက တစ်ပိုင်း ပေါ့လေ။ အခုတော့ ဒေါ်လာစျေးကျသွားတာက ဟိုဘက်က ဒေါ်လာကို မလုပ်ဘူးပေါ့။
တချို့တွေပြောနေတာကလည်း ကိုယ့်နိုင်ငံမှာရှိတဲ့ လုပ်ငန်းရှင်တော်တော်များများကလည်း အကြွေးတွေ ဘဏ်ကြွေးတွေဆပ်ဖို့အတွက်ကို ရှိသမျှဒေါ်လာတွေ ရောင်းနေတာကြောင့် ကျသွားတာ။ ဒါကိုလည်း စိုးရိမ်တယ်၊ အကြောင်းအရာတွေက အများကြီးရှိတာကိုး။အခုအကြွေးတွေ ပြန်ဆပ်ဖို့လိုတယ်။ဗဟိုဘဏ်ကလည်း တော် တော်လေး ကြပ်ကြပ်မတ်မတ်လုပ်တော့ ဒေါ်လာတွေ ထုတ်ရောင်းတယ်လို့လည်း ပြောလို့ရတယ်။ အဲ့ဒီတော့ ဒေါ်လာတွေထုတ်ရောင်းတဲ့အတွက် ဒေါ်လာတွေ စျေးကျသွားတယ်လို့လည်း ဆိုတယ်ပေါ့လေ။ အဓိကကတော့ ဒါတွေကတော့ ရှိနေမှာပဲလေ။ ဒီလိုငွေစျေးအတက်အကျရှိလို့ ကိုယ့်စီးပွားရေးကို ဘယ်လိုထိခိုက်စေလဲ။ အဲ့ဒီတော့ မြန်မာငွေ နိမ့်နေရင် သွင်းကုန်တွေများများ သွင်းလို့ရပြီ။ အများအားဖြင့် အဲ့ဒီလိုပြောတာပေါ့။ ကိုယ့်ငွေက တန်ဖိုးရှိလာတဲ့အတွက် သူများဆီက ပစ္စည်းဝယ်တဲ့အခါ ကိုယ့်ငွေနဲ့ဝယ်လို့ရှိရင် အရင်ထက်ပိုပြီး တွက်ချေ ကိုက်တယ်လို့ ပြောတယ်။ ဒါပေမဲ့ အခုအချိန်မှာ Import လုပ်ဖို့ လုပ်မယ့်အခြေအနေ တွေကိုလည်း လူတွေတော်တော်များများက မစဉ်းစားနိုင်သေးဘူး။ တခြားပြဿနာတွေနေရှိတဲ့အခါကျတော့ အဲ့ဒီတော့ ဒီအခွင့်အရေးလည်းရှိတယ်။

ဆရာတို့အမြဲတမ်းပြောတာပေါ့လေ၊ ဒေါ်လာစျေးကျတဲ့အချိန်မှာ ဘာလုပ်ရင်ကောင်းမလဲ။ မြန်မာ ငွေကြေးတက်ရင်ဘာလုပ်ရင်ကောင်းမလဲ။ ကျရင်ဘာလုပ်ရင်ကောင်းမလဲ စီးပွားရေး သီအိုရီ အနေနဲ့တော့ ပြောရရင် သိပ်မခက်လှဘူး။ လက်တွေ့မှာကတော့ ဖြစ်မလာဘူး။ မဖြစ်လာတာ ဒီအခက်အခဲတွေ အများကြီးပေါ့။ အဲ့ဒီတော့ အခုအချိန်မှာကိုယ့်မြန်မာငွေ တိုးနေတဲ့အခါမှာ တန်ဖိုးတွေတက်နေတဲ့အခါမှာ ပစ္စည်းတွေများများ သွင်းလို့ မရဘူးလား။ ပစ္စည်းတွေများများသွင်းလို့မရနိုင်ဘူးလားလို့ ပြောပြန်တော့ ကမ္ဘာ့ စီးပွားရေး အခြေအနေမှာလည်း တော်တော်လေး အခက်အခဲတွေဖြစ်နေတယ်။ အဲ့ဒီတော့ ကိုယ့်နိုင်ငံမပြောနဲ့ အီတလီ နိုင်ငံဆိုရင် တော်တော်လေး ချမ်းသာတဲ့နိုင်ငံတွေ သွားထိနေတာ တော်တော်လေးကိုထိနေတာ။ အဲ့ဒီတော့ အခုအိမ်နီးနားချင်းနိုင်ငံတွေ အာဆီယံနိုင်ငံတွေက ဘယ်လိုလုပ်မလဲ။ အဲ့ဒီတော့ ဆရာအောက်မေ့တာကတော့ ဒီပြဿနာတွေက ကမ္ဘာလုံးနဲ့ဖြစ်နေတဲ့ပြဿနာလည်းဖြစ်တယ်၊ အားလုံးမှာလည်းဖြစ်နေတော့ တစ်နိုင်ငံထဲ ကြိတ်လုပ်နေတာထက်ကို သူများနဲ့တိုင်တိုင်ပင်ပင်နဲ့ညှိညှိနှိုင်းနှိုင်း လုပ်ရင်မကောင်းဘူးလား။ ဘယ်သူကလုပ်မလဲ၊ အာဆီယံကတာဝန်ယူပြီးလုပ်မလား။

 ဥပမာ- စင်ကာပူကတော့ သူ့ဟာနဲ့သူလုပ်နေတယ်၊ စင်ကာပူကတော့ သွက်တယ်၊ သူလည်းစိတ်ပူတာ ကိုး၊ သူလည်းလုပ်နိုင်တဲ့အင်အားလည်းရှိတာကိုး။ အဲ့ဒီတော့ ငွေရေးကြေးနဲ့ပတ်သက်လာရင် သူ့ရဲ့စီးပွားရေး လည်း မကျအောင်ပေါ့၊ သူတို့တွေအားလုံးစိတ်ပူနေတာ စီးပွားရေး ကျမှာကြောက်နေတာ၊ သူတို့ခေါ်နေတဲ့ refraction ၊ refraction သုံးနေတာလေ။ ဒါကြောက်စရာကြီး refraction ရှိရင် စီးပွားရေးဆုတ်ယုတ်သွား တဲ့ ဟာက တော်တော်လေးကို အန္တရာယ်ရှိနေတဲ့ အခါကျတော့ စိတ်ပူတာကိုး။ အဲ့ဒီအတွက်ကို သတိထားဖို့လိုတာ၊ ကိုယ့်ဆီမှာကလည်း စီးပွားရေးက ဒီဟာမဖြစ်ခင်ကတည်းက အခြေအနေက သိပ်မကောင်းလှဘူး၊ ဒါဖြစ်တော့ အခြေအနေတွေပိုဆိုးတယ်၊ ပိုဆိုးလာတဲ့အချိန်မှာ ဆရာတို့က တခြားနိုင်ငံနဲ့ မတူပြန်တော့ ခုနခဏခဏ ပြောနေတဲ့ ရွေးကောက်ပွဲက သိပ်မဝေးတော့ဘူးလေ။ ဒါတွေ အားလုံးဟာ နိုင်ငံရေး၊စီးပွားရေးအားလုံးကွင်းဆက် တွေဖြစ်နေတာလေ။

Opinion  Leaders media ။      ။ ဒီရက်ပိုင်းမှာပေါ့နော်၊ ကွတ်ခိုင်ဘက်မှာလည်း မူးယစ်ဆေးဝါးတွေ တော် တော်များများ စံချိန်တင်အောင် မိတာတွေရှိတယ်၊ ခြေဥပြင်ဆင်ရေးကလည်း ပထမနေ့မှာတင်ပဲ တော်တော် လေးသိသာတဲ့ အနေအထားရှိတယ်၊ ဒီနှစ်ခုကိုထောက်ပြီးတော့ နိုင်ငံရေးအခြေအနေကလည်း သိပ်ကောင်းတဲ့ အခြေအနေလည်းမရှိဘူး၊ အခုလက်ရှိ မှာလည်း စီးပွားရေးက အဲ့ဒီလိုဖြစ်နေတဲ့အတွက်ကို ယခုဘတ်ဂျက် နှစ်မှာ ဒီအစိုးရက မျှော်မှန်းထားတာတွေဟာ ပြန်ပြင်ရမယ့်အနေအထား တော်တော်များသွားပြီလားဆရာ။

ပါမောက္ခဒေါက်တာအောင်ထွန်းသက်။      ။ အဲ့ဒါပေါ့၊ ကိုယ်ကဘတ်ဂျက်မှာ ဘတ်ဂျက်ပြဿနာပြောတော့ ကျန်တဲ့စိန်ခေါ်မှုတွေ အများကြီးရှိတဲ့အထဲမှာ ။ ခဏခဏပြောနေတာက ဆရာတို့ စာရင်းစစ်ချုပ်ရုံးကပြောနေတာက ကိုယ်ပေးထားတဲ့ ဘတ်ဂျက်တောင် ကုန်အောင်မသုံးနိုင်တဲ့ သူတွေကအများကြီးဖြစ်နေတာ။ ပြဿနာက ဟုတ်တယ်မဟုတ်လား၊ သူတို့တောင်းတဲ့အတိုင်း တောင်းတဲ့ငွေကိုမသုံးနိုင်တာကလည်း ဒုက္ခကြီးတစ်ခုပဲ။ အဲ့ဒါက ဆရာထင်တယ် စီမံခန့်ခွဲမှု အားနည်းတာရယ်၊ လုပ်ရည်ကိုင်ရည်မရှိတာရယ်၊ အဲ့ဒီအခါသူတို့က အရင်တုန်းက တောင်းတုန်းက တောင်းတယ်၊ တောင်းတုန်းကပေးတဲ့အခါ ဒီဌာနကိုပေးရင် ဟိုဘက်ဌာနက လျှော့ရတာလေ၊ ကိုယ့်မှာလည်း အကန့်အသတ်နဲ့ ဒီဘတ်ဂျက်ဆိုတာကလည်း အကန့်အသတ်နဲ့ဖြစ်နေတာလေ၊ အဲ့ဒီတော့ အဲ့လိုဖြစ်တဲ့အချိန်မှာ ဒါကိုဆရာတို့ အနေနဲ့ ဘယ်လိုလုပ်ကြမလဲ၊ အခုကလည်း အခုဘဏ္ဍာရေး နှစ်ပိတ် တော့မယ်။ နောက်ကာလကလည်း သိပ်မလိုတော့ဘူး၊ အဲ့ဒီတော့ စွမ်းဆောင်ရည်ကလည်းအားနည်းတာလေ။

 အားလုံးကစွမ်းဆောင်ရည်အားနည်းတာလေ လုပ်ရည်ကိုင်ရည်လည်းတော်တော်ကြီးကို အားနည်းတာ၊ အဲ့ဒီတော့ လုပ်ရည်ကိုင်ရည်အားနည်းလေလေ နောက်တစ်ခုက အခု အထည်ချုပ်ကိစ္စ လုပ်ငန်းရှင်တွေတင်ပြ ရင်လည်း သူတို့တင်ပြတာတွေက ယုတ္တိရှိပါလား၊ သူတို့တင်ပြတာတွေကို ဂရုစိုက်ရမလား ဆိုတာထက်ကို သူတို့ တင်ပြရင် တို့ကို လာနှောင့်ယှက်နေတယ်၊ အန္တရာယ်ပြုနေတယ်လို့ ထင်ပြန်ရော။ အားလုံးက သံသယနဲ့ဖြစ် နေ တာ၊ ဖြစ်ပျက်နေတာက ခုန မူဆယ်တို့ ဘာတို့ နယ်စပ်ကုယ်သွယ်ရေးမှာလည်း တရုတ်နဲ့ပတ်သက်လာပြန်တော့ အဲ့ဒီဟာလည်း ဆရာတို့မှာ အခက်အခဲ တွေရှိတယ်၊ အဲ့ဒီတော့ အခုဆိုရင်ငြိမ်းချမ်းရေးနဲ့ပတ်သက်လာရင် အခုက သိပ်ပြီးမရေရာမှု ပိုများလာ တယ်လေ၊ အဲ့ဒီတော့ အခုရတဲ့ကာလအတွင်းမှာ အချိန်ကလည်း သိပ်မရှိတော့ဘူးလေ၊ အမြန်ဆုံးဘယ်လိုလုပ်ရင် ကောင်းမလဲ၊ ဆွေးနွေးရင် အမြန်ဆုံးဘယ်လိုဆွေးနွေးရင် ကောင်းမလဲ၊ ဒါတွေက လည်း ဆရာတို့ မလုပ်နိုင်တဲ့ အနေအထားရှိတာကိုး။ အဲ့ဒီတော့ ဒီနေရာမှာ ရဲရဲဝံ့ဝံ့ သတိ္တရှိရှိ စဉ်းစားဖို့တော့ လို လိမ့်မယ်လို့ အောက်မေ့တယ်။

 ခက်တာက အချိန်ပြဿနာ၊ အချိန်ပြဿနာရှိနေတော့ ဒီအချိန်ကာလတိုအတွင်းမှာ ချက်ချင်း ဘာလုပ် လို့ရမလဲ။ အရင်တုန်းကလိုနော် ဆရာတို့မှာ ဥပမာ ပိုးလမ်းကြီးကိုအားကိုးနေတဲ့ ကိုယ့်မှာ အဲ့ဒီလိုမျှော်လင့်ခဲ့ တာ ကိုး၊ ရှီကျင့်ဖိန် လာတဲ့အချိန်မှာ ပိုးလမ်းကြီးအတွက် လက်မှတ်တွေအများကြီးထိုးတယ်၊ MoU တွေအများကြီး ထိုးတယ်၊ အဲ့ဒီကနေ စီးပွားရေးအခွင့်အလမ်းတွေ အများကြီးဖြစ်လာလိမ့်မယ်။ infrastructure တွေ တက်လာ လိမ့်မယ် ထင်တာ။ သူတို့ခင်မျာလည်း မလုပ်နိုင်တော့ဘူး။ ကိုယ့်ဆီမှာလာပြီး ရင်းနှီးဖို့နေနေသာသာ သူတို့ဆီမှာလည်း သူတို့အခက်အခဲတွေအများကြီးဖြစ်လာတာ၊ အဲ့ဒီတော့ ကိုယ့်မှာကနော် ကံဆိုးတယ်လို့ပဲ အောက်မေ့ ရတာပါပဲ။ အောက်မေ့တာထက် တခြားနိုင်ငံတွေက ဘာလုပ်နေကြလဲ ၊ ကိုယ့်လို  အခုအထိ ရောဂါနဲ့ မထိတွေ့ တဲ့နိုင်ငံတွေ ဘာတွေဆွေးနွေးကြလဲ။ မူဝါဒပြင်ဖို့တော့ လိုလိမ့်မယ် ထင်တယ်။
ကိုယ့်ဟာကိုယ် ကြိတ်လုပ်နေတာထက် ဘယ်လိုမျိုးကျင့်သုံးမယ်၊ နောက်တစ်ခုက ကိုယ်ကဒါကြီးကို ပွင့်ပွင့်လင်းလင်းမပြောတာလည်း ပြဿနာ၊ ရှင်းရှင်းလင်းလင်းပုံစံမျိုး ချပြတာမျိုး တာဝန်ယူပြီး ဖြေရှင်းတာ မျိုးလည်းမရှိဘူး၊ လုပ်ငန်းရှင်တွေပြောတဲ့အခါမှာလည်း လုပ်ငန်းရှင်တွေ ပြောတာကို အမြဲတမ်း သံသယမျက်လုံးနဲ့သွားကြည့်တာကိုး။ လုပ်ငန်းရှင်တွေတင်ပြတယ်ဆိုရင် အခက်အခဲတွေ တင်ပြတယ်၊ သူတို့ သက်သက် လာပြီး တို့ကို ပြဿနာလုပ်နေတယ်၊ ဆိုတော့ ခက်တယ်၊ လုပ်ငန်းရှင်တွေ နားထောင်မှ အဖြေရမှာလေ၊ အစိုးရ လုပ်နိုင်တာကတစ်ပိုင်း၊ လုပ်ငန်းရှင်လုပ်နိုင်တာက တစ်ပိုင်းလေ။

အဲ့ဒီတော့ ဒီပြဿနာတွေ စီးပွားရေးပြဿနာ လို့ယူဆရင် စီးပွားရေးလုပ်နေတဲ့သူတိုင်းကို စည်းလုံးရမယ်။ စည်းလုံးမှုကအားနည်းတယ်၊ တရုတ်က သူကိုင်တွယ်ပုံကိုင်တွယ်နည်းပေါ့လေ သူ့စနစ်နဲ့သူကိုင်တွယ်လို့ရတဲ့ ပုံစံက လုပ်လိုက်ပြီးတဲ့အခါမှာ သူ့ဘက်က နည်းနည်းလေးအခြေအနေကောင်းလာရင် ဆရာတို့ ဘယ်လိုဘယ်လို စုမလဲ။ အဲ့ဒီတော့ အခုအစားထိုးလို့ရမယ့်ဟာက ဥပမာ- အထည်ချုပ်တွေကို ဘယ်လိုလုပ်ကြ မလဲ။ ဟိုတယ်တွေ ခရီးသွားလုပ်ငန်းတွေ နည်းနေပြီ၊ အဲ့ဒီတော့ တော်တော်များများက ပိုက်ဆံရှိလို့လုပ်တာ မဟုတ်ဘူးလေ။ချေးငွေနဲ့ လုပ်နေတာတွေအများကြီး၊ ချေးငွေတွေပြန်မဆပ်နိုင်ရင် ဘဏ်စနစ်ကြီးအတွက်ကို ပိုတောင်မှ စိုးရိမ်စရာဖြစ်တာကို။ အဲ့ဒါကိုတော့ စဉ်းစားဖို့တော့ လိုလိမ့်မယ်လို့ အောက်မေ့တယ်။တွေးတတ်ရင် တော့ ကြောက်စရာကြီးလေ။ မတွေးတတ်ရင်တော့ ဘာမှမဖြစ်ဘူးပေါ့၊ စိတ်မပူတတ် တော့လည်း ဒီလိုပဲဆရာတို့ မျက်နှာဖုံးစွပ်တဲ့ဟာတစ်ခုပဲစဉ်းစားနေတာကိုး။ လက်ဆေးဖို့ကိစ္စပဲအာရုံရှိတယ်၊ လက်ဆေးတာ မျက်နှာဖုံးစွပ်တာက တစ်ပိုင်းလေ။ တကယ်လုပ်ရမှာတစ်မျိုး၊ ဆရာတို့ဆီမှာ ဘယ်တော့မှ တကယ်လုပ်ရမှာကို စဉ်းစားနိုင်တဲ့ဘက်မရောက်ဘူး။ ရှိတာလေးကိုပဲ အဆင်ပြေအောင် ဖြည့်နေရတဲ့အနေအထား။ ဒီအခြေ အနေတော့ စိတ်ပူတယ်။

 တရုတ်ပြန်တက်လာဖို့ဆိုရင် တော်တော်စောင့်ရမယ်၊ အမေရိကန်တောင် အခုတော်တော်လေး ဒုက္ခ ရောက်နေပြီ၊ အမေရိကန်ဒုက္ခရောက်တဲ့အခါမှာ ထရန့်ကလည်း သူ့နည်းသူ့ဟန်နဲ့ လုပ်မှာပဲ၊ သူ့စီးပွားရေး ပြန်တက်အောင် ရင်းနှီးရမှာပဲလေ။ အကြွေးတင်တာမတင်တာက ကိစ္စမရှိဘူး၊ သူတို့လို လုပ်သလို ဆရာတို့လည်း ကြွေးတင်ခံပြီးလုပ်မလား၊ ရှင်းရှင်းလေး ဟုတ်တယ်မဟုတ်လား၊ အခု ကြားပြန်တယ်၊ အထည်ချုပ်တွေ ဒုက္ခ ရောက်နေတဲ့အချိန်မှာ အနည်းဆုံးလုပ်ခလစာကိုလည်း ပြောင်းမယ်လို့ ကြားပြန်တယ်။ အနည်းဆုံး လုပ်ခ လစာကို အရင်ထက် ၉၀၀၀ လောက်ပေးမယ်တို့ဘာတို့ လုပ်နေပြန်ရော။ ပေးတာ ဘယ်လိုပေးမလဲဆိုတာလည်း ဘယ်လိုလုပ်ကြမလဲ၊ လုပ်ငန်းရှင်တွေပေးနိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ၊ အဲ့ဒါတွေ အားလုံးဟာ ကွင်းဆက် တွေပါပဲ။

Opinion  Leaders media ။      ။ အခု ကိုဗတ် ၁၉ (ကိုရိုနာဗိုင်းရပ်စ်) ကြောင့် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု ပမာဏကြီးတဲ့ တရုတ်နိုင်ငံအခြေအနေကလည်း သူဟာသူ ပုံမှန်ဖြစ်ဖို့တောင် မနည်းကြိုးစားနေရတယ်။ မြန်မာ ကို ခေတ်အဆက်ဆက် ထောက်ပံ့ကူညီတဲ့ ဂျပန်နိုင်ငံကလည်း သူတို့မှာလည်း ဒီရောဂါနဲ့ပတ်သက်ပြီး ပြင်ဆင် နေရတဲ့အခါကျတော့ လက်ကျန်တစ်နှစ် အတွင်းမှာ ဂျပန်တို့ အိန္ဒိယတို့အကူအညီတွေ ရင်းနှီးမြုပ်နှံမှုတွေ မလာ ရင်  ၊ Belt and Road တွေက  မျှော်မှန်းသလိုမဖြစ်လာခဲ့ရင် ဘာဆိုးကျိုးတွေ ဘာတွေဖြစ် လာနိုင်သလဲ။ ဥပမာ- ရင်းနှီးမြှုပ်နှံမှုတွေ infrastructure တွေတက်မလာဘဲ ၁၉၉၇ ခုနှစ် တုန်းကလို အထည်ချုပ်စက်ရုံ တွေ ပြိုလဲရင် အခြေအနေဘယ်လိုဆိုးလာနိုင်သလဲ ဆရာ။

ပါမောက္ခဒေါက်တာအောင်ထွန်းသက်။      ။ အသစ်တွေမဝင်တဲ့အပြင်ကို ရှိတဲ့သူတွေဟိုဘက်ရွှေ့ထားတာ ဆိုး တယ်၊ အခုအထည်ချုပ်တွေ တော်တော်များများ ပစ္စည်းတန်းရွှေ့သွားတယ်၊ ပစ္စည်းတန်းရွှေ့သွားတာ ဘာကြောင့်လဲ။ ကုန်ကြမ်းမရှိလို့ဆိုတဲ့ဟာနဲ့လည်း မလုံလောက်ဘူးလေ။ ဘာကြောင့်လဲဆိုတော့ ကုန်ကြမ်းကလည်း တရုတ်ကလည်း ဟိုမှာရှိမှာမဟုတ်ဘူးလေ။ သူတို့ရွှေ့သွားတယ်လို့သာပြောတာ ဘာကြောင့်ရွှေ့သွား တယ်ဆိုတဲ့ အကြောင်းဇစ်မြစ်ကို ဆရာတို့အဖြေရှာဖို့ လိုမယ်ထင်တယ်လေ။ အဲ့ဒီအပေါ်မှာမူတည်ပြီးတော့ မရွှေ့အောင် ဘယ်လိုလုပ်မလဲ။ ဘာကြောင့်လဲဆိုတော့ ဆရာတို့အခုမျှော်လင့်တယ်၊ အခုတော့ မှန်းနေတာပေါ့။ ဓာတ်ငွေ့တွေ ဒီဘက်ကာလမှာတွေ့တယ်။ ကမ်းလွန်တွေ ကုန်းတွင်းမှာလည်းတွေ့တဲ့အခါကျတော့ အဲ့ဒီဟာနဲ့ပတ်သက်လို့ အထည်ကြီးတွေ ပြန်လာဖို့ အခြေအနေရှိမလား။ ဒီ Energy Sector တစ်ခုပဲ အား ကိုးရမှာလေ။ Energy Sector ကို အားကိုး ပြန်တော့လည်း ချက်ချင်းလက်ငင်းကြီး အဖြေက ကာလတိုမှာ မဖြစ်ဘူးလေ၊ ဒါပေမဲ့ သူတို့အထွက်မှာ ဒီ infrastructure အကြီးအကျယ်လုပ်ရင်တော့ သက်သာမယ်လို့ ဆရာတို့မှန်းနေရတာပဲလေ။ အဲ့ဒီတော့ ဒီဘက်က ဓာတ်ငွေ့တွေကို အားကိုးရမယ်၊ ဓာတ်ငွေ့တွေများများ တူးဖော်တဲ့လုပ်ငန်းတွေ ဆရာတို့က မြန်မာပြည်မှာ ဖွင့်ပေးနေတာလေ၊ ဖွင့်ပေးတဲ့ကိစ္စကိုလည်း ဒါကို ထဲထဲ ဝင်ဝင်လုပ်ဖို့တော့ လိုလိမ့်မယ်လို့ အောက်မေ့တာပါပဲ။

တစ်ဖက်ကကျတော့လည်း အရင်တုန်းက မျှော်လင့်သလိုပေါ့၊ ကိုရီးယားတို့ ဂျပန်တို့ကလည်း သူတို့ဟာ သူတို့ ဒုက္ခရောက်နေတာ၊ ကိုယ့်ဆီလာဖို့ကျပြန်တော့လည်း တော်တော်လေးကိုခက်နေပြီလေ။ အဲ့ဒီတော့ အရေး ကြီးဆုံးက ကိုယ့်ဆီမှာရှိပြီးသားသူတွေ မထွက်ဖို့ပုံစံမျိုးနဲ့လုပ်ဖို့လိုတယ်။ အဲ့ဒီတော့ ဆရာထင်တယ် မဟာဗျူဟာ က နှစ်ခု။ ကိုယ့်ဆီမှာရှိပြီးသား ရင်းနှီးမြှုပ်နှံမှုတွေ တခြားပြန်မရောက်သွားအောင် မထွက်သွားအောင် ဘယ်လို လုပ်ကြ မလဲ။ မက်လုံးတွေဘယ်လိုပေးကြမလဲ၊ ပြီးတော့မှ ကိုယ့်ဆီမရောက် သေးတဲ့သူတွေကို ရောက်အောင် ဘယ်လိုလုပ်မလဲ၊ ဒီနှစ်ခုပေါ့။ ဒီနှစ်ခုလည်းအခုထိ ပေါ်ပေါ်လွင်လွင် မရှိသေးဘူးလေ၊ ဟုတ်တယ်မဟုတ်လား၊ အခုက ဖြစ်နေတာပဲပြောတယ်ကွဲ့၊ ရောဂါဖြစ်နေတယ် ရောဂါဖြစ် နေတယ်ဆိုတာပြောတယ် ဘာနဲ့ကုမလဲ အဖြေကမရှိသေးဘူးလေ။ အယူအဆက နည်းနည်းခက်တာကို။

Opinion  Leaders media ။      ။ အဲ့ဒါဆိုလို့ရှိရင် အကုန်လုံးခြုံလိုက်လို့ရှိရင် အဓိကအရေးကြီးတာက လက်ရှိ ရှိတာတွေကို ရအောင်ထိန်းထားဖို့ အရေးကြီးတယ်ဆိုတဲ့ သဘောရှိတာပေါ့လေ။

ပါမောက္ခဒေါက်တာအောင်ထွန်းသက်။      ။ အဲ့ဒါကတော့ ပထမဦးစားပေးလုပ်ဖို့လိုလိမ့်မယ်လို့ထင်တယ်။ အဲ့ဒီ တော့ သူတို့မထွက်အောင် ဘယ်လိုလုပ်ရင်ကောင်းမလဲ၊ သူတို့မှာ ဘာတွေအခက်အခဲရှိနေလဲ ဥပမာ -ကုန်ကြမ်း ဆိုရင်လည်း ကုန်ကြမ်းရရင် အကျိုးအမြတ်ရှိသွားပြီလေ၊ ပစ္စည်းသမားရှာ ကုန်ကြမ်းရအောင်ဘယ်လိုလုပ်မလဲ။ ကိုယ်သာဆိုရင် အဲ့ဒီလိုမေးမယ်။ လုပ်ငန်းရှင်တွေ ထွက်သွားမယ့်စက်ရုံတွေ အခုဆိုရင် တရုတ်စက်ရုံတစ်ခုက တတ်နိုင်တာတွေ အားလုံး အခုသူမတတ်နိုင်တော့ဘူး၊ သူ့ပစ္စည်းတွေရောင်းပြီး လုပ်ချင်တာလုပ်တော့ ဆိုပြီးပြောတယ်။

အဲ့ဒီတော့ အဲ့ဒီလိုမဖြစ်အောင် ဘယ်လိုလုပ်ရင်ကောင်းမလဲ၊ သူတို့ကိုဘယ်လိုကူညီပေးမလဲ သူတို့မှာ အခက်အခဲတွေ ဘာတွေရှိလဲဆိုတာလည်း အဲ့ဒါကတော့ လုပ်ငန်းရှင်တွေ ဘက်က၊ ဒါပေမဲ့ ဆရာကြားတာတော့ လုပ်ငန်းရှင်တွေ တင်တဲ့အခါတိုင်းမှာ သံသယမျက်စိနဲ့ကြည့်တဲ့အခါကျတော့ လုပ်ငန်းရှင်တွေက ပြောရမှာတောင် နည်းနည်း ကြောက်လာပြီလေ၊ သူတို့တင်ပြချက်တွေအားလုံးကို သူတို့ကိုဝေဖန်တယ်၊ ပြစ်တင်တယ် ဆိုတဲ့ သဘောသက်ရောက်တယ်လို့ ယူဆသွားကြတာကိုး။တကယ်တမ်းတော့ ဆရာထင်တယ် အားလုံးဝိုင်း အဖြေရှာရမှာ လေ၊ ဘယ်သူဘယ်ဝါကို ဝေဖန်တယ်လို့မဟုတ်တော့ဘူး။ တစ်ယောက်နဲ့တစ်ယောက်ခါးစည်းရမယ့် အခြေအနေတွေလေ၊ အစိုးရရယ်ပြည်သူရယ်ပုဂ္ဂလိကရယ် ဒါတွေအားလုံး စုစုစည်းစည်းနဲ့လုပ်ပြီးတော့ အဖြေရှာဖို့တော့ လိုလိမ့်မယ်လို့အောက်မေ့တာပဲ။အချိန်က သိပ်မရှိတော့လို့ပါ၊ အခုဖြစ်နေတာက ချက်ချင်းဖြစ်နေတာ၊ အလုပ်လက်မဲ့တွေဖြစ်နေပြီ တဖြေးဖြေး စက်ရုံတွေ ဥပမာ ၅၀၀ ကနေ ၁၀၀၀ အဲ့ဒီတော့ စက်ရုံ တစ်ရုံတစ်ရုံမှာ ဝန်ထမ်းတွေနည်းတာ မဟုတ်ဘူး နော် ခန့်ထားတာ၊ အလုပ်မရှိရင်ဘာလုပ်ကြမလဲ ဟုတ်တယ် မဟုတ်လား၊ သူတို့ဒီချက်ချင်း အထည်ချုပ်အလုပ်သမတွေကို ကောက်စိုက်ခိုင်းလို့လည်း မဖြစ်ပြန်ဘူး၊ ရာသီဥတုကလည်း ကောက်စိုက်တဲ့ ရာသီမဟုတ်ပြန်ဘူး၊ အားလုံးက ဒီအစားထိုးရမယ့်လုပ်ငန်းတွေက တော်တော်ရှားလာတဲ့ အနေအထားရှိတာ။

Opinion  Leaders media ။      ။ အခုလိုဖြေကြားပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်ဆရာ။

(  Zawgyi  )

 တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕တြင္ စတင္ေတြ႕ရွိခဲ့သည့္ ကို႐ိုနာဗိုင္းရပ္စ္မွာ ယခုအခါ ကမာၻ႔ႏိုင္ငံအကုန္နီးပါး ပ်ံႏွံခဲ့သြားခဲ့ရာ ကမာၻႏိုင္ငံမ်ား အေနျဖင့္ က်န္းမာေရးျပႆနာကို အေရးတႀကီးရင္ဆိုင္ေနရၿပီျဖစ္ပါတယ္။ ထိုက်န္းမာေရးျပႆနာထက္ဆိုးသည့္မွာ အီလက္ထ႐ြန္းနစ္၊ အိုင္တီပစၥည္းစသည္အမည္စုံ ကမာၻစက္မႈလုပ္ငန္း အတြက္  အဓိကထုတ္လုပ္ေနသည့္ တ႐ုတ္ႏိုင္ငံအတြင္း ႏွစ္လေက်ာ္ ထုတ္လုပ္မႈလုပ္ငန္းမ်ားရပ္ဆိုင္း လုနီး ပါးျဖစ္ခဲ့ သည့္အတြက္ ကမာၻစီးပြားေရးကို ေရရွည္ထိခိုက္လာႏိုင္မႈ အႏၲရာယ္ပင္ ျဖစ္သည္။ ျမန္မာႏိုင္ငံတြင္ အရပ္သားအစိုးရတာဝန္ယူခဲ့သည့္ ကာလအတြင္း ႏိုင္ငံေရး၊လူမႈေရးႏွင့္ စီးပြားေရျပႆနာမ်ားကို ျပည္တြင္း ျပည္ပ တြင္ဆက္တိုက္ႀကဳံေတြ႕ခဲ့ရာ ယခုဗိုင္းရပ္စ္ျပႆနာက ေဘးအမ်ိဳးမ်ိဳးေၾကာင့္ ယိုင္နဲ႔နဲ႔ျဖစ္ေနသည့္ ျမန္မာ့စီးပြားေရးကို တြန္းလွဲမည္အေျခအေနသို႔ ေရာက္လာေနပါတယ္။ ထိုႀကဳံေတြ႕မႈမ်ားအေပၚ မည္သို႔ခ်ည္းကပ္ေျဖရွင္းသင့္သည္ စီမံသင့္သည္ ဆိုသည္ကို ဝါရင့္စီးပြားေရး ပညာရွင္ႏွင့္ႏိုင္ငံေတာ္သမၼတ၏ၿငိမ္းခ်မ္းေရးႏွင့္ စီးပြားေရးဆိုင္ရာ အႀကံေပးပုဂၢိဳလ္ပါေမာကၡ ေဒါက္တာေအာင္ထြန္းသက္အား အထူးအစီအစဥ္တစ္ရပ္ အေနျဖင့္ေမးျမန္းခဲ့ပါတယ္။ ျမန္မာစီးပြားေရး အေပၚ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ သက္ေရာက္ႏိုင္မႈ စီးပြားေရးအလားအလာအေပၚ  ပါေမာကၡေဒါက္တာေအာင္ထြန္းသက္ ၏ ရႈျမင္သုံးသပ္ခ်က္အျပည့္အစုံကို ယခုတစ္ပတ္ အထူး အစီအစဥ္အျဖစ္ ေဖာ္ျပလိုက္ပါတယ္။
                                                                          (Opinion Leaders Media အယ္ဒီတာအဖြဲ႕)

Opinion  Leaders media ။      ။  အခု ဝူဟန္ဗိုင္းရပ္စ္ေရာဂါေၾကာင့္ ျမန္မာႏိုင္ငံမွာ စီးပြားေရးေတြ ေတာ္ေတာ္ေလး ထိခိုက္လာဖို႔ မ်ားေနတယ္။ ဒီရက္ထဲမွာဆိုရင္ အထည္ခ်ဳပ္လုပ္ငန္းေတြက တစ္ခ်ိဳ႕စက္႐ုံေတြဟာ ရပ္နားတာ တျဖည္းျဖည္း မ်ားလည္း မ်ားလာ တယ္။ အစိုးရဘက္ကေန ဒါနဲ႔ပတ္သက္လို႔ ကာကြယ္တာ၊ လုပ္တာလည္း သိပ္မရွိေတာ့ဘူး။ မရွိေတာ့တဲ့အတြက္ကို အလုပ္သမားေတြ အေနနဲ႔ တနဂၤေႏြေန႔က ဆႏၵျပတာေတြ ျဖစ္လာတယ္၊ ေရွ႕ေလွ်ာက္ဘယ္လိုျဖစ္လာႏိုင္သလဲ ဘယ္လိုေတြ ျပင္ဆင္သင့္လဲဆရာ။

ပါေမာကၡေဒါက္တာေအာင္ထြန္းသက္။      ။ ခုနေျပာတဲ့ အထည္ခ်ဳပ္တင္မကပါဘူး။ အားလုံးေပါ့ေလ၊ စီးပြားေရး နဲ႔ ပတ္သက္လို႔ ထိခိုက္မႈလို႔ ေျပာရင္ က႑အေနနဲ႔ ဟိုက႑ဒီက႑မဟုတ္ဘဲနဲ႔ က႑ေတြအားလုံးထိတာ။ ဟုတ္တယ္ေနာ္၊ အခုေျပာတဲ့ အထည္ခ်ဳပ္ထိတယ္၊ အထည္ခ်ဳပ္က႑နဲ႔ပတ္သက္လာရင္ ကုန္ၾကမ္းမရွိေတာ့ဘူး၊ ကုန္ၾကမ္းမရွိေတာ့ဘူးဆိုရင္ ကုန္ၾကမ္းမရွိေတာ့တဲ့အတိုင္း ရပ္ရမယ္၊ ရပ္တဲ့အခါက်ေတာ့ အလုပ္ လက္မဲ့ျဖစ္ တယ္၊ အလုပ္လက္မဲ့ျဖစ္ရင္ ဒီကေလးေတြ၊ အထူးသျဖင့္ ကေလးမေတြမ်ားတာေပါ့ေနာ္။ ဆရာတို႔စိတ္ပူတာက လုပ္တဲ့သူေတြ ေတာ္ေတာ္မ်ားမ်ားက အလုပ္သမေတြမ်ားေတာ့ သူတို႔ကို မွီခိုေနရတဲ့မိသားစုကလည္း အမ်ားႀကီး။ အဲ့ဒီလို ျဖစ္လာတဲ့အခါက်ေတာ့ ဆရာတို႔အက်ိဳးဆက္ေတြအမ်ားႀကီးရွိတယ္။ ဒါက အထည္ခ်ဳပ္ သပ္သပ္ေပါ့ေလ။ အထည္ခ်ဳပ္ေတြ အျပင္ ေနာက္ထပ္သိသာထင္ရွားတာကေတာ့ ခရီးသည္ေတြ လုပ္ငန္းေပါ့။ ဟိုတယ္ေတြ အခု တ႐ုတ္ခရီးသည္ေတြ မလာေတာ့ဘူးေလ။ အဲ့ဒီေတာ့ အဲ့ဒါေတြျဖစ္ရင္ တေျဖးေျဖး တေျဖးေျဖးေပါ့ ။ဆရာတို႔ စိတ္ပူတာက အခုတျခားႏိုင္ငံေတြမွာလည္း ျဖစ္ေနၿပီ၊ စုေပါင္းၿပီး ကိုင္တဲ့ဟာမ်ိဳး စီးပြားေရးကိုေနာ္ တကယ့္ကို ထိခိုက္မယ့္ဟာမ်ိဳး။ အဲ့ဒီေတာ့ အဲ့ဒီဟာမ်ိဳးကို ဆရာတို႔ဘယ္လိုျပင္ဆင္လို႔ရမလဲေမးရင္ အခုေတာင္ ထရန႔္ရဲ႕ အေျခအေနေတြကို နားေထာင္ၾကည့္ရင္ သူ႔အေနနဲ႔ အလုပ္ေတြ ပိုၿပီးလုပ္ခိုင္းလို႔ရေအာင္ အခြန္ေတြေလွ်ာ့ေပးမယ္ ဘာညာ စင္ကာပူမွာလည္းလုပ္တယ္။ တျခားႏိုင္ငံေတြမွာလည္း ပုံစံေတြအမ်ိဳးမ်ိဳးစဥ္းစားေနတာေပါ့။ အဲ့ဒီေတာ့ အဲ့ဒီလိုစဥ္းစားေနတာကို ဆရာတို႔ဆီမွာလည္း ဒါကိုသင္ခန္းစာယူဖို႔လိုတယ္။ ယူၿပီးေတာ့ သူတို႔ဆီမွာလုပ္သလို ကိုယ္မလုပ္ႏိုင္တာ လုပ္ႏိုင္တာတစ္ပိုင္းေပါ့။ ဘာေတြလုပ္ႏိုင္လဲ ဘာေတြလုပ္သင့္လဲဆိုတာကို ဂဃနဏ စဥ္းစားဖို႔ လိုတယ္။ အဲ့ဒီေတာ့ ဒီေနရာမွာ ကိုယ္ကေတာ့ ေမွ်ာ္လင့္တာကေတာ့ ႏိုင္ငံေတာ္အဆင့္အေနနဲ႔ တျခားႏိုင္ငံေတြ မွာလုပ္ေနသလို ဆရာတို႔ ေကာ္မရွင္ေတြဘာေတြ ဖြဲ႕ၿပီးေတာ့ေပါ့ေနာ္၊ ဒါကိုစီးပြားေရးေရာ လူမႈေရးေရာ ယဥ္ေက်းမႈေရာအားလုံး ဝိုင္းဝန္းဘယ္လိုလုပ္ၾကမလဲ။ အေျဖကိုဘယ္လိုရွာမလဲ။ ေနာက္တစ္ခုက ဆရာထင္တာေတာ့ ကာလတို၊ ကာလလတ္၊ ကာလရွည္ ခ်က္ခ်င္းလက္ငင္း လုပ္လို႔ရ တာေတြရွိသလို နည္းနည္း အခ်ိန္ေစာင့္ရမွာေတြရွိတယ္၊ အခုကေတာ့ ေရာဂါေလ်ာ့လာတယ္လို႔ သတင္းၾကား ေန ေပမယ့္ ကိုယ့္ဆီမွာ သူ႔ပုံစံက ဘယ္လိုမွန္းမသိဘူး။ ကိုယ့္ဆီမွာ ရွိ၏မရွိ၏ဆိုတာက တစ္ပိုင္းေလ။ အခုတိုက္႐ိုက္ ထိေနတာက စီးပြားေရးထိေနတာ။ စီးပြားေရးထိလာရင္ ဆရာတို႔ကအခု ႏိုင္ငံေရးကလည္း စိန္ေခၚမႈေတြျဖစ္ လာ ၿပီေလ။ ဒါေၾကာင့္လည္း စီးပြားေရးကေနတစ္ဆင့္ အလုပ္လက္မဲ့ေတြျဖစ္လာရင္ ျပႆနာေတြမ်ားလာရင္ ဒါကို စိန္ေခၚမႈေတြ၊ ကိုယ္တစ္ေယာက္တည္းမဟုတ္ပါဘူး။
အားလုံးလိုလိုက ဒီကိစၥနဲ႔ပတ္သက္လာရင္ စိုးရိမ္ရတာေပါ့။ စိတ္ပူရတာ၊ အဲ့ဒီေတာ့ အဲ့ဒီလိုစိုးရိမ္ စိတ္ပူတာကို အထိတ္တလန႔္ျဖစ္တယ္။ မလိုဘဲနဲ႔ ပူပန္ေနတယ္လို႔လည္း စဥ္းစားလို႔မရဘူး။ ျဖစ္တဲ့ဟာကို ဆရာတို႔က ရင္ဆိုင္ရမွာပဲ၊ အခုကေတာ့ ဘာမွမေျပာဘဲေနေနျပန္တဲ့ အေနအထားမ်ိဳးရွိေနျပန္ေတာ့လည္း ခက္ေတာ့ ခက္တယ္။မသိက်ိဳးကြၽံ လုပ္ေတာ့လုပ္ေနတယ္။ က်န္းမာေရးဝန္ႀကီးဌာနက ေျပာေနတယ္၊ ပညာေပးေနတယ္၊ ပညာ ေပးတာက တစ္ပိုင္းေလ။ တကယ္လုပ္ရမွာက စီးပြားေရးကို ဘယ္လိုကိုင္တြယ္မလဲ။ အဲ့ဒါကိုဘယ္လို လုပ္လို႔ ရမလဲဆိုတာကိုေတာ့ စဥ္းစားဖို႔ေတာ့ လိုလိမ့္မယ္လို႔ ေအာက္ေမ့တာပဲ၊ အခုေတာ့ အခုထိေတာ့မလုပ္ေသးဘူး ေလ။ လုပ္လည္းလုပ္မယ္လို႔ ေမွ်ာ္လင့္တာေပါ့၊ လုပ္လည္း လုပ္သင့္တယ္ေလ၊ ကိုယ္ကေတာ့ ေအာက္ေမ့တာ ေပါ့။

Opinion  Leaders media ။      ။ ဒီမနက္မွာဆိုရင္ ေဒၚလာေစ်းဟာ တစ္ေဒၚလာကို ၁၃၀၀ က်ပ္အထိ က်လာ တယ္။ ဟိုးေရွးရက္ ၿပီးခဲ့တဲ့လက တစ္ေဒၚလာ ၁၅၀၀-၁၄၀၀ ဝန္းက်င္ေလာက္ျဖစ္ေတာ့ ဒီလိုမ်ိဳး ေစ်းက်ၿပီး ျမန္မာေငြေၾကးတန္ဖိုး ျမင့္တက္လာတာက ဘယ္သူေတြကို အက်ိဳးရွိေစလဲ။ လက္ရွိမွာ ကိုဗစ္ ၁၉ ေၾကာင့္ စီးပြားေရးေတာ္ေတာ္မ်ားမ်ား ရပ္ဆိုင္းသလိုျဖစ္ေနတဲ့ အေနအထားမွာ ေဒၚလာ ေစ်းက်တာက ျမန္မာ့စီးပြားေရးကို အေထာက္အကူျဖစ္ေစသလား ၊ ပိုဆိုးလာေစသလားဆရာ။

ပါေမာကၡေဒါက္တာေအာင္ထြန္းသက္။      ။ ဒါျဖစ္တာကလည္း ခုနေျပာသလို ဆရာတို႔ ထြက္ကုန္ေတြ Export Import ျပႆနာေပါ့။ ေဒၚလာေစ်းဟာ အၿမဲတမ္း သြင္းကုန္နဲ႔ ထုတ္ကုန္ေပၚမွာ အေျခခံတယ္။ အခုသြင္းကုန္ ေတြကလည္း အဆင္ေျပေျပမရွိဘူး။ ဟိုဘက္မွာလည္း ေဒၚလာရဲ႕တန္ဖိုးက ေတာ္ေတာ္ေလ်ာ့လာတယ္၊ စေတာ့ မားကတ္မွာလည္း တစ္ခါတုန္းမွ မၾကာဘူး၊ သမိုင္းမွာမျမင္ဖူးတဲ့ဟာမ်ိဳးေတြ ျဖစ္ေနတဲ့အခါက်ေတာ့ သူ႔တို႔ရဲ႕ ေငြေရးေၾကးေရးကို ေဒၚလာကို လက္ထဲမွာလူေတြက မကိုင္ခ်င္ေတာ့ဘူးေလ။ မကိုင္ခ်င္တဲ့အခါက်ေတာ့ အခု ကေတာ့ ျမန္မာေငြ တန္ဖိုးေတြ တက္လာတာထက္ ေဒၚလာေစ်းေတြ တန္ဖိုးေလ်ာ့တဲ့ျပႆနာ။ ဟုတ္တယ္ မဟုတ္လား။ တစ္ခါတေလ ျဖစ္တတ္တာက ျမန္မာေငြက တန္ဖိုး ရွိလို႔ေဒၚလာေစ်းေလ်ာ့သြားတာက တစ္ပိုင္း ေပါ့ေလ။ အခုေတာ့ ေဒၚလာေစ်းက်သြားတာက ဟိုဘက္က ေဒၚလာကို မလုပ္ဘူးေပါ့။
တခ်ိဳ႕ေတြေျပာေနတာကလည္း ကိုယ့္ႏိုင္ငံမွာရွိတဲ့ လုပ္ငန္းရွင္ေတာ္ေတာ္မ်ားမ်ားကလည္း အေႂကြးေတြ ဘဏ္ေႂကြးေတြဆပ္ဖို႔အတြက္ကို ရွိသမွ်ေဒၚလာေတြ ေရာင္းေနတာေၾကာင့္ က်သြားတာ။ ဒါကိုလည္း စိုးရိမ္တယ္၊ အေၾကာင္းအရာေတြက အမ်ားႀကီးရွိတာကိုး။အခုအေႂကြးေတြ ျပန္ဆပ္ဖို႔လိုတယ္။ဗဟိုဘဏ္ကလည္း ေတာ္ ေတာ္ေလး ၾကပ္ၾကပ္မတ္မတ္လုပ္ေတာ့ ေဒၚလာေတြ ထုတ္ေရာင္းတယ္လို႔လည္း ေျပာလို႔ရတယ္။ အဲ့ဒီေတာ့ ေဒၚလာေတြထုတ္ေရာင္းတဲ့အတြက္ ေဒၚလာေတြ ေစ်းက်သြားတယ္လို႔လည္း ဆိုတယ္ေပါ့ေလ။ အဓိကကေတာ့ ဒါေတြကေတာ့ ရွိေနမွာပဲေလ။ ဒီလိုေငြေစ်းအတက္အက်ရွိလို႔ ကိုယ့္စီးပြားေရးကို ဘယ္လိုထိခိုက္ေစလဲ။ အဲ့ဒီေတာ့ ျမန္မာေငြ နိမ့္ေနရင္ သြင္းကုန္ေတြမ်ားမ်ား သြင္းလို႔ရၿပီ။ အမ်ားအားျဖင့္ အဲ့ဒီလိုေျပာတာေပါ့။ ကိုယ့္ေငြက တန္ဖိုးရွိလာတဲ့အတြက္ သူမ်ားဆီက ပစၥည္းဝယ္တဲ့အခါ ကိုယ့္ေငြနဲ႔ဝယ္လို႔ရွိရင္ အရင္ထက္ပိုၿပီး တြက္ေခ် ကိုက္တယ္လို႔ ေျပာတယ္။ ဒါေပမဲ့ အခုအခ်ိန္မွာ Import လုပ္ဖို႔ လုပ္မယ့္အေျခအေန ေတြကိုလည္း လူေတြေတာ္ေတာ္မ်ားမ်ားက မစဥ္းစားႏိုင္ေသးဘူး။ တျခားျပႆနာေတြေနရွိတဲ့အခါက်ေတာ့ အဲ့ဒီေတာ့ ဒီအခြင့္အေရးလည္းရွိတယ္။

ဆရာတို႔အၿမဲတမ္းေျပာတာေပါ့ေလ၊ ေဒၚလာေစ်းက်တဲ့အခ်ိန္မွာ ဘာလုပ္ရင္ေကာင္းမလဲ။ ျမန္မာ ေငြေၾကးတက္ရင္ဘာလုပ္ရင္ေကာင္းမလဲ။ က်ရင္ဘာလုပ္ရင္ေကာင္းမလဲ စီးပြားေရး သီအိုရီ အေနနဲ႔ေတာ့ ေျပာရရင္ သိပ္မခက္လွဘူး။ လက္ေတြ႕မွာကေတာ့ ျဖစ္မလာဘူး။ မျဖစ္လာတာ ဒီအခက္အခဲေတြ အမ်ားႀကီးေပါ့။ အဲ့ဒီေတာ့ အခုအခ်ိန္မွာကိုယ့္ျမန္မာေငြ တိုးေနတဲ့အခါမွာ တန္ဖိုးေတြတက္ေနတဲ့အခါမွာ ပစၥည္းေတြမ်ားမ်ား သြင္းလို႔ မရဘူးလား။ ပစၥည္းေတြမ်ားမ်ားသြင္းလို႔မရႏိုင္ဘူးလားလို႔ ေျပာျပန္ေတာ့ ကမာၻ႔ စီးပြားေရး အေျခအေနမွာလည္း ေတာ္ေတာ္ေလး အခက္အခဲေတြျဖစ္ေနတယ္။ အဲ့ဒီေတာ့ ကိုယ့္ႏိုင္ငံမေျပာနဲ႔ အီတလီ ႏိုင္ငံဆိုရင္ ေတာ္ေတာ္ေလး ခ်မ္းသာတဲ့ႏိုင္ငံေတြ သြားထိေနတာ ေတာ္ေတာ္ေလးကိုထိေနတာ။ အဲ့ဒီေတာ့ အခုအိမ္နီးနားခ်င္းႏိုင္ငံေတြ အာဆီယံႏိုင္ငံေတြက ဘယ္လိုလုပ္မလဲ။ အဲ့ဒီေတာ့ ဆရာေအာက္ေမ့တာကေတာ့ ဒီျပႆနာေတြက ကမာၻလုံးနဲ႔ျဖစ္ေနတဲ့ျပႆနာလည္းျဖစ္တယ္၊ အားလုံးမွာလည္းျဖစ္ေနေတာ့ တစ္ႏိုင္ငံထဲ ႀကိတ္လုပ္ေနတာထက္ကို သူမ်ားနဲ႔တိုင္တိုင္ပင္ပင္နဲ႔ညႇိညႇိႏႈိင္းႏႈိင္း လုပ္ရင္မေကာင္းဘူးလား။ ဘယ္သူကလုပ္မလဲ၊ အာဆီယံကတာဝန္ယူၿပီးလုပ္မလား။

 ဥပမာ- စင္ကာပူကေတာ့ သူ႔ဟာနဲ႔သူလုပ္ေနတယ္၊ စင္ကာပူကေတာ့ သြက္တယ္၊ သူလည္းစိတ္ပူတာ ကိုး၊ သူလည္းလုပ္ႏိုင္တဲ့အင္အားလည္းရွိတာကိုး။ အဲ့ဒီေတာ့ ေငြေရးေၾကးနဲ႔ပတ္သက္လာရင္ သူ႔ရဲ႕စီးပြားေရး လည္း မက်ေအာင္ေပါ့၊ သူတို႔ေတြအားလုံးစိတ္ပူေနတာ စီးပြားေရး က်မွာေၾကာက္ေနတာ၊ သူတို႔ေခၚေနတဲ့ refraction ၊ refraction သုံးေနတာေလ။ ဒါေၾကာက္စရာႀကီး refraction ရွိရင္ စီးပြားေရးဆုတ္ယုတ္သြား တဲ့ ဟာက ေတာ္ေတာ္ေလးကို အႏၲရာယ္ရွိေနတဲ့ အခါက်ေတာ့ စိတ္ပူတာကိုး။ အဲ့ဒီအတြက္ကို သတိထားဖို႔လိုတာ၊ ကိုယ့္ဆီမွာကလည္း စီးပြားေရးက ဒီဟာမျဖစ္ခင္ကတည္းက အေျခအေနက သိပ္မေကာင္းလွဘူး၊ ဒါျဖစ္ေတာ့ အေျခအေနေတြပိုဆိုးတယ္၊ ပိုဆိုးလာတဲ့အခ်ိန္မွာ ဆရာတို႔က တျခားႏိုင္ငံနဲ႔ မတူျပန္ေတာ့ ခုနခဏခဏ ေျပာေနတဲ့ ေ႐ြးေကာက္ပြဲက သိပ္မေဝးေတာ့ဘူးေလ။ ဒါေတြ အားလုံးဟာ ႏိုင္ငံေရး၊စီးပြားေရးအားလုံးကြင္းဆက္ ေတြျဖစ္ေနတာေလ။

Opinion  Leaders media ။      ။ ဒီရက္ပိုင္းမွာေပါ့ေနာ္၊ ကြတ္ခိုင္ဘက္မွာလည္း မူးယစ္ေဆးဝါးေတြ ေတာ္ ေတာ္မ်ားမ်ား စံခ်ိန္တင္ေအာင္ မိတာေတြရွိတယ္၊ ေျခဥျပင္ဆင္ေရးကလည္း ပထမေန႔မွာတင္ပဲ ေတာ္ေတာ္ ေလးသိသာတဲ့ အေနအထားရွိတယ္၊ ဒီႏွစ္ခုကိုေထာက္ၿပီးေတာ့ ႏိုင္ငံေရးအေျခအေနကလည္း သိပ္ေကာင္းတဲ့ အေျခအေနလည္းမရွိဘူး၊ အခုလက္ရွိ မွာလည္း စီးပြားေရးက အဲ့ဒီလိုျဖစ္ေနတဲ့အတြက္ကို ယခုဘတ္ဂ်က္ ႏွစ္မွာ ဒီအစိုးရက ေမွ်ာ္မွန္းထားတာေတြဟာ ျပန္ျပင္ရမယ့္အေနအထား ေတာ္ေတာ္မ်ားသြားၿပီလားဆရာ။

ပါေမာကၡေဒါက္တာေအာင္ထြန္းသက္။      ။ အဲ့ဒါေပါ့၊ ကိုယ္ကဘတ္ဂ်က္မွာ ဘတ္ဂ်က္ျပႆနာေျပာေတာ့ က်န္တဲ့စိန္ေခၚမႈေတြ အမ်ားႀကီးရွိတဲ့အထဲမွာ ။ ခဏခဏေျပာေနတာက ဆရာတို႔ စာရင္းစစ္ခ်ဳပ္႐ုံးကေျပာေနတာက ကိုယ္ေပးထားတဲ့ ဘတ္ဂ်က္ေတာင္ ကုန္ေအာင္မသုံးႏိုင္တဲ့ သူေတြကအမ်ားႀကီးျဖစ္ေနတာ။ ျပႆနာက ဟုတ္တယ္မဟုတ္လား၊ သူတို႔ေတာင္းတဲ့အတိုင္း ေတာင္းတဲ့ေငြကိုမသုံးႏိုင္တာကလည္း ဒုကၡႀကီးတစ္ခုပဲ။ အဲ့ဒါက ဆရာထင္တယ္ စီမံခန႔္ခြဲမႈ အားနည္းတာရယ္၊ လုပ္ရည္ကိုင္ရည္မရွိတာရယ္၊ အဲ့ဒီအခါသူတို႔က အရင္တုန္းက ေတာင္းတုန္းက ေတာင္းတယ္၊ ေတာင္းတုန္းကေပးတဲ့အခါ ဒီဌာနကိုေပးရင္ ဟိုဘက္ဌာနက ေလွ်ာ့ရတာေလ၊ ကိုယ့္မွာလည္း အကန႔္အသတ္နဲ႔ ဒီဘတ္ဂ်က္ဆိုတာကလည္း အကန႔္အသတ္နဲ႔ျဖစ္ေနတာေလ၊ အဲ့ဒီေတာ့ အဲ့လိုျဖစ္တဲ့အခ်ိန္မွာ ဒါကိုဆရာတို႔ အေနနဲ႔ ဘယ္လိုလုပ္ၾကမလဲ၊ အခုကလည္း အခုဘ႑ာေရး ႏွစ္ပိတ္ ေတာ့မယ္။ ေနာက္ကာလကလည္း သိပ္မလိုေတာ့ဘူး၊ အဲ့ဒီေတာ့ စြမ္းေဆာင္ရည္ကလည္းအားနည္းတာေလ။

 အားလုံးကစြမ္းေဆာင္ရည္အားနည္းတာေလ လုပ္ရည္ကိုင္ရည္လည္းေတာ္ေတာ္ႀကီးကို အားနည္းတာ၊ အဲ့ဒီေတာ့ လုပ္ရည္ကိုင္ရည္အားနည္းေလေလ ေနာက္တစ္ခုက အခု အထည္ခ်ဳပ္ကိစၥ လုပ္ငန္းရွင္ေတြတင္ျပ ရင္လည္း သူတို႔တင္ျပတာေတြက ယုတၱိရွိပါလား၊ သူတို႔တင္ျပတာေတြကို ဂ႐ုစိုက္ရမလား ဆိုတာထက္ကို သူတို႔ တင္ျပရင္ တို႔ကို လာေႏွာင့္ယွက္ေနတယ္၊ အႏၲရာယ္ျပဳေနတယ္လို႔ ထင္ျပန္ေရာ။ အားလုံးက သံသယနဲ႔ျဖစ္ ေန တာ၊ ျဖစ္ပ်က္ေနတာက ခုန မူဆယ္တို႔ ဘာတို႔ နယ္စပ္ကုယ္သြယ္ေရးမွာလည္း တ႐ုတ္နဲ႔ပတ္သက္လာျပန္ေတာ့ အဲ့ဒီဟာလည္း ဆရာတို႔မွာ အခက္အခဲ ေတြရွိတယ္၊ အဲ့ဒီေတာ့ အခုဆိုရင္ၿငိမ္းခ်မ္းေရးနဲ႔ပတ္သက္လာရင္ အခုက သိပ္ၿပီးမေရရာမႈ ပိုမ်ားလာ တယ္ေလ၊ အဲ့ဒီေတာ့ အခုရတဲ့ကာလအတြင္းမွာ အခ်ိန္ကလည္း သိပ္မရွိေတာ့ဘူးေလ၊ အျမန္ဆုံးဘယ္လိုလုပ္ရင္ ေကာင္းမလဲ၊ ေဆြးေႏြးရင္ အျမန္ဆုံးဘယ္လိုေဆြးေႏြးရင္ ေကာင္းမလဲ၊ ဒါေတြက လည္း ဆရာတို႔ မလုပ္ႏိုင္တဲ့ အေနအထားရွိတာကိုး။ အဲ့ဒီေတာ့ ဒီေနရာမွာ ရဲရဲဝံ့ဝံ့ သတိၱရွိရွိ စဥ္းစားဖို႔ေတာ့ လို လိမ့္မယ္လို႔ ေအာက္ေမ့တယ္။

 ခက္တာက အခ်ိန္ျပႆနာ၊ အခ်ိန္ျပႆနာရွိေနေတာ့ ဒီအခ်ိန္ကာလတိုအတြင္းမွာ ခ်က္ခ်င္း ဘာလုပ္ လို႔ရမလဲ။ အရင္တုန္းကလိုေနာ္ ဆရာတို႔မွာ ဥပမာ ပိုးလမ္းႀကီးကိုအားကိုးေနတဲ့ ကိုယ့္မွာ အဲ့ဒီလိုေမွ်ာ္လင့္ခဲ့ တာ ကိုး၊ ရွီက်င့္ဖိန္ လာတဲ့အခ်ိန္မွာ ပိုးလမ္းႀကီးအတြက္ လက္မွတ္ေတြအမ်ားႀကီးထိုးတယ္၊ MoU ေတြအမ်ားႀကီး ထိုးတယ္၊ အဲ့ဒီကေန စီးပြားေရးအခြင့္အလမ္းေတြ အမ်ားႀကီးျဖစ္လာလိမ့္မယ္။ infrastructure ေတြ တက္လာ လိမ့္မယ္ ထင္တာ။ သူတို႔ခင္မ်ာလည္း မလုပ္ႏိုင္ေတာ့ဘူး။ ကိုယ့္ဆီမွာလာၿပီး ရင္းႏွီးဖို႔ေနေနသာသာ သူတို႔ဆီမွာလည္း သူတို႔အခက္အခဲေတြအမ်ားႀကီးျဖစ္လာတာ၊ အဲ့ဒီေတာ့ ကိုယ့္မွာကေနာ္ ကံဆိုးတယ္လို႔ပဲ ေအာက္ေမ့ ရတာပါပဲ။ ေအာက္ေမ့တာထက္ တျခားႏိုင္ငံေတြက ဘာလုပ္ေနၾကလဲ ၊ ကိုယ့္လို  အခုအထိ ေရာဂါနဲ႔ မထိေတြ႕ တဲ့ႏိုင္ငံေတြ ဘာေတြေဆြးေႏြးၾကလဲ။ မူဝါဒျပင္ဖို႔ေတာ့ လိုလိမ့္မယ္ ထင္တယ္။
ကိုယ့္ဟာကိုယ္ ႀကိတ္လုပ္ေနတာထက္ ဘယ္လိုမ်ိဳးက်င့္သုံးမယ္၊ ေနာက္တစ္ခုက ကိုယ္ကဒါႀကီးကို ပြင့္ပြင့္လင္းလင္းမေျပာတာလည္း ျပႆနာ၊ ရွင္းရွင္းလင္းလင္းပုံစံမ်ိဳး ခ်ျပတာမ်ိဳး တာဝန္ယူၿပီး ေျဖရွင္းတာ မ်ိဳးလည္းမရွိဘူး၊ လုပ္ငန္းရွင္ေတြေျပာတဲ့အခါမွာလည္း လုပ္ငန္းရွင္ေတြ ေျပာတာကို အၿမဲတမ္း သံသယမ်က္လုံးနဲ႔သြားၾကည့္တာကိုး။ လုပ္ငန္းရွင္ေတြတင္ျပတယ္ဆိုရင္ အခက္အခဲေတြ တင္ျပတယ္၊ သူတို႔ သက္သက္ လာၿပီး တို႔ကို ျပႆနာလုပ္ေနတယ္၊ ဆိုေတာ့ ခက္တယ္၊ လုပ္ငန္းရွင္ေတြ နားေထာင္မွ အေျဖရမွာေလ၊ အစိုးရ လုပ္ႏိုင္တာကတစ္ပိုင္း၊ လုပ္ငန္းရွင္လုပ္ႏိုင္တာက တစ္ပိုင္းေလ။

အဲ့ဒီေတာ့ ဒီျပႆနာေတြ စီးပြားေရးျပႆနာ လို႔ယူဆရင္ စီးပြားေရးလုပ္ေနတဲ့သူတိုင္းကို စည္းလုံးရမယ္။ စည္းလုံးမႈကအားနည္းတယ္၊ တ႐ုတ္က သူကိုင္တြယ္ပုံကိုင္တြယ္နည္းေပါ့ေလ သူ႔စနစ္နဲ႔သူကိုင္တြယ္လို႔ရတဲ့ ပုံစံက လုပ္လိုက္ၿပီးတဲ့အခါမွာ သူ႔ဘက္က နည္းနည္းေလးအေျခအေနေကာင္းလာရင္ ဆရာတို႔ ဘယ္လိုဘယ္လို စုမလဲ။ အဲ့ဒီေတာ့ အခုအစားထိုးလို႔ရမယ့္ဟာက ဥပမာ- အထည္ခ်ဳပ္ေတြကို ဘယ္လိုလုပ္ၾက မလဲ။ ဟိုတယ္ေတြ ခရီးသြားလုပ္ငန္းေတြ နည္းေနၿပီ၊ အဲ့ဒီေတာ့ ေတာ္ေတာ္မ်ားမ်ားက ပိုက္ဆံရွိလို႔လုပ္တာ မဟုတ္ဘူးေလ။ေခ်းေငြနဲ႔ လုပ္ေနတာေတြအမ်ားႀကီး၊ ေခ်းေငြေတြျပန္မဆပ္ႏိုင္ရင္ ဘဏ္စနစ္ႀကီးအတြက္ကို ပိုေတာင္မွ စိုးရိမ္စရာျဖစ္တာကို။ အဲ့ဒါကိုေတာ့ စဥ္းစားဖို႔ေတာ့ လိုလိမ့္မယ္လို႔ ေအာက္ေမ့တယ္။ေတြးတတ္ရင္ ေတာ့ ေၾကာက္စရာႀကီးေလ။ မေတြးတတ္ရင္ေတာ့ ဘာမွမျဖစ္ဘူးေပါ့၊ စိတ္မပူတတ္ ေတာ့လည္း ဒီလိုပဲဆရာတို႔ မ်က္ႏွာဖုံးစြပ္တဲ့ဟာတစ္ခုပဲစဥ္းစားေနတာကိုး။ လက္ေဆးဖို႔ကိစၥပဲအာ႐ုံရွိတယ္၊ လက္ေဆးတာ မ်က္ႏွာဖုံးစြပ္တာက တစ္ပိုင္းေလ။ တကယ္လုပ္ရမွာတစ္မ်ိဳး၊ ဆရာတို႔ဆီမွာ ဘယ္ေတာ့မွ တကယ္လုပ္ရမွာကို စဥ္းစားႏိုင္တဲ့ဘက္မေရာက္ဘူး။ ရွိတာေလးကိုပဲ အဆင္ေျပေအာင္ ျဖည့္ေနရတဲ့အေနအထား။ ဒီအေျခ အေနေတာ့ စိတ္ပူတယ္။

 တ႐ုတ္ျပန္တက္လာဖို႔ဆိုရင္ ေတာ္ေတာ္ေစာင့္ရမယ္၊ အေမရိကန္ေတာင္ အခုေတာ္ေတာ္ေလး ဒုကၡ ေရာက္ေနၿပီ၊ အေမရိကန္ဒုကၡေရာက္တဲ့အခါမွာ ထရန႔္ကလည္း သူ႔နည္းသူ႔ဟန္နဲ႔ လုပ္မွာပဲ၊ သူ႔စီးပြားေရး ျပန္တက္ေအာင္ ရင္းႏွီးရမွာပဲေလ။ အေႂကြးတင္တာမတင္တာက ကိစၥမရွိဘူး၊ သူတို႔လို လုပ္သလို ဆရာတို႔လည္း ေႂကြးတင္ခံၿပီးလုပ္မလား၊ ရွင္းရွင္းေလး ဟုတ္တယ္မဟုတ္လား၊ အခု ၾကားျပန္တယ္၊ အထည္ခ်ဳပ္ေတြ ဒုကၡ ေရာက္ေနတဲ့အခ်ိန္မွာ အနည္းဆုံးလုပ္ခလစာကိုလည္း ေျပာင္းမယ္လို႔ ၾကားျပန္တယ္။ အနည္းဆုံး လုပ္ခ လစာကို အရင္ထက္ ၉၀၀၀ ေလာက္ေပးမယ္တို႔ဘာတို႔ လုပ္ေနျပန္ေရာ။ ေပးတာ ဘယ္လိုေပးမလဲဆိုတာလည္း ဘယ္လိုလုပ္ၾကမလဲ၊ လုပ္ငန္းရွင္ေတြေပးႏိုင္ဖို႔ဆိုတာ မျဖစ္ႏိုင္ဘူးေလ၊ အဲ့ဒါေတြ အားလုံးဟာ ကြင္းဆက္ ေတြပါပဲ။

Opinion  Leaders media ။      ။ အခု ကိုဗတ္ ၁၉ (ကို႐ိုနာဗိုင္းရပ္စ္) ေၾကာင့္ ျမန္မာႏိုင္ငံမွာ ရင္းႏွီးျမႇဳပ္ႏွံမႈ ပမာဏႀကီးတဲ့ တ႐ုတ္ႏိုင္ငံအေျခအေနကလည္း သူဟာသူ ပုံမွန္ျဖစ္ဖို႔ေတာင္ မနည္းႀကိဳးစားေနရတယ္။ ျမန္မာ ကို ေခတ္အဆက္ဆက္ ေထာက္ပံ့ကူညီတဲ့ ဂ်ပန္ႏိုင္ငံကလည္း သူတို႔မွာလည္း ဒီေရာဂါနဲ႔ပတ္သက္ၿပီး ျပင္ဆင္ ေနရတဲ့အခါက်ေတာ့ လက္က်န္တစ္ႏွစ္ အတြင္းမွာ ဂ်ပန္တို႔ အိႏၵိယတို႔အကူအညီေတြ ရင္းႏွီးျမဳပ္ႏွံမႈေတြ မလာ ရင္  ၊ Belt and Road ေတြက  ေမွ်ာ္မွန္းသလိုမျဖစ္လာခဲ့ရင္ ဘာဆိုးက်ိဳးေတြ ဘာေတြျဖစ္ လာႏိုင္သလဲ။ ဥပမာ- ရင္းႏွီးျမႇဳပ္ႏွံမႈေတြ infrastructure ေတြတက္မလာဘဲ ၁၉၉၇ ခုႏွစ္ တုန္းကလို အထည္ခ်ဳပ္စက္႐ုံ ေတြ ၿပိဳလဲရင္ အေျခအေနဘယ္လိုဆိုးလာႏိုင္သလဲ ဆရာ။

ပါေမာကၡေဒါက္တာေအာင္ထြန္းသက္။      ။ အသစ္ေတြမဝင္တဲ့အျပင္ကို ရွိတဲ့သူေတြဟိုဘက္ေ႐ႊ႕ထားတာ ဆိုး တယ္၊ အခုအထည္ခ်ဳပ္ေတြ ေတာ္ေတာ္မ်ားမ်ား ပစၥည္းတန္းေ႐ႊ႕သြားတယ္၊ ပစၥည္းတန္းေ႐ႊ႕သြားတာ ဘာေၾကာင့္လဲ။ ကုန္ၾကမ္းမရွိလို႔ဆိုတဲ့ဟာနဲ႔လည္း မလုံေလာက္ဘူးေလ။ ဘာေၾကာင့္လဲဆိုေတာ့ ကုန္ၾကမ္းကလည္း တ႐ုတ္ကလည္း ဟိုမွာရွိမွာမဟုတ္ဘူးေလ။ သူတို႔ေ႐ႊ႕သြားတယ္လို႔သာေျပာတာ ဘာေၾကာင့္ေ႐ႊ႕သြား တယ္ဆိုတဲ့ အေၾကာင္းဇစ္ျမစ္ကို ဆရာတို႔အေျဖရွာဖို႔ လိုမယ္ထင္တယ္ေလ။ အဲ့ဒီအေပၚမွာမူတည္ၿပီးေတာ့ မေ႐ႊ႕ေအာင္ ဘယ္လိုလုပ္မလဲ။ ဘာေၾကာင့္လဲဆိုေတာ့ ဆရာတို႔အခုေမွ်ာ္လင့္တယ္၊ အခုေတာ့ မွန္းေနတာေပါ့။ ဓာတ္ေငြ႕ေတြ ဒီဘက္ကာလမွာေတြ႕တယ္။ ကမ္းလြန္ေတြ ကုန္းတြင္းမွာလည္းေတြ႕တဲ့အခါက်ေတာ့ အဲ့ဒီဟာနဲ႔ပတ္သက္လို႔ အထည္ႀကီးေတြ ျပန္လာဖို႔ အေျခအေနရွိမလား။ ဒီ Energy Sector တစ္ခုပဲ အား ကိုးရမွာေလ။ Energy Sector ကို အားကိုး ျပန္ေတာ့လည္း ခ်က္ခ်င္းလက္ငင္းႀကီး အေျဖက ကာလတိုမွာ မျဖစ္ဘူးေလ၊ ဒါေပမဲ့ သူတို႔အထြက္မွာ ဒီ infrastructure အႀကီးအက်ယ္လုပ္ရင္ေတာ့ သက္သာမယ္လို႔ ဆရာတို႔မွန္းေနရတာပဲေလ။ အဲ့ဒီေတာ့ ဒီဘက္က ဓာတ္ေငြ႕ေတြကို အားကိုးရမယ္၊ ဓာတ္ေငြ႕ေတြမ်ားမ်ား တူးေဖာ္တဲ့လုပ္ငန္းေတြ ဆရာတို႔က ျမန္မာျပည္မွာ ဖြင့္ေပးေနတာေလ၊ ဖြင့္ေပးတဲ့ကိစၥကိုလည္း ဒါကို ထဲထဲ ဝင္ဝင္လုပ္ဖို႔ေတာ့ လိုလိမ့္မယ္လို႔ ေအာက္ေမ့တာပါပဲ။

တစ္ဖက္ကက်ေတာ့လည္း အရင္တုန္းက ေမွ်ာ္လင့္သလိုေပါ့၊ ကိုရီးယားတို႔ ဂ်ပန္တို႔ကလည္း သူတို႔ဟာ သူတို႔ ဒုကၡေရာက္ေနတာ၊ ကိုယ့္ဆီလာဖို႔က်ျပန္ေတာ့လည္း ေတာ္ေတာ္ေလးကိုခက္ေနၿပီေလ။ အဲ့ဒီေတာ့ အေရး ႀကီးဆုံးက ကိုယ့္ဆီမွာရွိၿပီးသားသူေတြ မထြက္ဖို႔ပုံစံမ်ိဳးနဲ႔လုပ္ဖို႔လိုတယ္။ အဲ့ဒီေတာ့ ဆရာထင္တယ္ မဟာဗ်ဴဟာ က ႏွစ္ခု။ ကိုယ့္ဆီမွာရွိၿပီးသား ရင္းႏွီးျမႇဳပ္ႏွံမႈေတြ တျခားျပန္မေရာက္သြားေအာင္ မထြက္သြားေအာင္ ဘယ္လို လုပ္ၾက မလဲ။ မက္လုံးေတြဘယ္လိုေပးၾကမလဲ၊ ၿပီးေတာ့မွ ကိုယ့္ဆီမေရာက္ ေသးတဲ့သူေတြကို ေရာက္ေအာင္ ဘယ္လိုလုပ္မလဲ၊ ဒီႏွစ္ခုေပါ့။ ဒီႏွစ္ခုလည္းအခုထိ ေပၚေပၚလြင္လြင္ မရွိေသးဘူးေလ၊ ဟုတ္တယ္မဟုတ္လား၊ အခုက ျဖစ္ေနတာပဲေျပာတယ္ကြဲ႕၊ ေရာဂါျဖစ္ေနတယ္ ေရာဂါျဖစ္ ေနတယ္ဆိုတာေျပာတယ္ ဘာနဲ႔ကုမလဲ အေျဖကမရွိေသးဘူးေလ။ အယူအဆက နည္းနည္းခက္တာကို။

Opinion  Leaders media ။      ။ အဲ့ဒါဆိုလို႔ရွိရင္ အကုန္လုံးၿခဳံလိုက္လို႔ရွိရင္ အဓိကအေရးႀကီးတာက လက္ရွိ ရွိတာေတြကို ရေအာင္ထိန္းထားဖို႔ အေရးႀကီးတယ္ဆိုတဲ့ သေဘာရွိတာေပါ့ေလ။

ပါေမာကၡေဒါက္တာေအာင္ထြန္းသက္။      ။ အဲ့ဒါကေတာ့ ပထမဦးစားေပးလုပ္ဖို႔လိုလိမ့္မယ္လို႔ထင္တယ္။ အဲ့ဒီ ေတာ့ သူတို႔မထြက္ေအာင္ ဘယ္လိုလုပ္ရင္ေကာင္းမလဲ၊ သူတို႔မွာ ဘာေတြအခက္အခဲရွိေနလဲ ဥပမာ -ကုန္ၾကမ္း ဆိုရင္လည္း ကုန္ၾကမ္းရရင္ အက်ိဳးအျမတ္ရွိသြားၿပီေလ၊ ပစၥည္းသမားရွာ ကုန္ၾကမ္းရေအာင္ဘယ္လိုလုပ္မလဲ။ ကိုယ္သာဆိုရင္ အဲ့ဒီလိုေမးမယ္။ လုပ္ငန္းရွင္ေတြ ထြက္သြားမယ့္စက္႐ုံေတြ အခုဆိုရင္ တ႐ုတ္စက္႐ုံတစ္ခုက တတ္ႏိုင္တာေတြ အားလုံး အခုသူမတတ္ႏိုင္ေတာ့ဘူး၊ သူ႔ပစၥည္းေတြေရာင္းၿပီး လုပ္ခ်င္တာလုပ္ေတာ့ ဆိုၿပီးေျပာတယ္။

အဲ့ဒီေတာ့ အဲ့ဒီလိုမျဖစ္ေအာင္ ဘယ္လိုလုပ္ရင္ေကာင္းမလဲ၊ သူတို႔ကိုဘယ္လိုကူညီေပးမလဲ သူတို႔မွာ အခက္အခဲေတြ ဘာေတြရွိလဲဆိုတာလည္း အဲ့ဒါကေတာ့ လုပ္ငန္းရွင္ေတြ ဘက္က၊ ဒါေပမဲ့ ဆရာၾကားတာေတာ့ လုပ္ငန္းရွင္ေတြ တင္တဲ့အခါတိုင္းမွာ သံသယမ်က္စိနဲ႔ၾကည့္တဲ့အခါက်ေတာ့ လုပ္ငန္းရွင္ေတြက ေျပာရမွာေတာင္ နည္းနည္း ေၾကာက္လာၿပီေလ၊ သူတို႔တင္ျပခ်က္ေတြအားလုံးကို သူတို႔ကိုေဝဖန္တယ္၊ ျပစ္တင္တယ္ ဆိုတဲ့ သေဘာသက္ေရာက္တယ္လို႔ ယူဆသြားၾကတာကိုး။တကယ္တမ္းေတာ့ ဆရာထင္တယ္ အားလုံးဝိုင္း အေျဖရွာရမွာ ေလ၊ ဘယ္သူဘယ္ဝါကို ေဝဖန္တယ္လို႔မဟုတ္ေတာ့ဘူး။ တစ္ေယာက္နဲ႔တစ္ေယာက္ခါးစည္းရမယ့္ အေျခအေနေတြေလ၊ အစိုးရရယ္ျပည္သူရယ္ပုဂၢလိကရယ္ ဒါေတြအားလုံး စုစုစည္းစည္းနဲ႔လုပ္ၿပီးေတာ့ အေျဖရွာဖို႔ေတာ့ လိုလိမ့္မယ္လို႔ေအာက္ေမ့တာပဲ။အခ်ိန္က သိပ္မရွိေတာ့လို႔ပါ၊ အခုျဖစ္ေနတာက ခ်က္ခ်င္းျဖစ္ေနတာ၊ အလုပ္လက္မဲ့ေတြျဖစ္ေနၿပီ တေျဖးေျဖး စက္႐ုံေတြ ဥပမာ ၅၀၀ ကေန ၁၀၀၀ အဲ့ဒီေတာ့ စက္႐ုံ တစ္႐ုံတစ္႐ုံမွာ ဝန္ထမ္းေတြနည္းတာ မဟုတ္ဘူး ေနာ္ ခန႔္ထားတာ၊ အလုပ္မရွိရင္ဘာလုပ္ၾကမလဲ ဟုတ္တယ္ မဟုတ္လား၊ သူတို႔ဒီခ်က္ခ်င္း အထည္ခ်ဳပ္အလုပ္သမေတြကို ေကာက္စိုက္ခိုင္းလို႔လည္း မျဖစ္ျပန္ဘူး၊ ရာသီဥတုကလည္း ေကာက္စိုက္တဲ့ ရာသီမဟုတ္ျပန္ဘူး၊ အားလုံးက ဒီအစားထိုးရမယ့္လုပ္ငန္းေတြက ေတာ္ေတာ္ရွားလာတဲ့ အေနအထားရွိတာ။

Opinion  Leaders media ။      ။ အခုလိုေျဖၾကားေပးတဲ့ အတြက္ ေက်းဇူးတင္ပါတယ္ဆရာ။