【 ပညာရှင်များ၏အမြင် 】“ ဖြစ်နေတာတွေအားလုံးဟာ ပေါ်လစီမငြိမ်တဲ့ပြဿနာ ”

【  ပညာရှင်များ၏အမြင်  】“ ဖြစ်နေတာတွေအားလုံးဟာ ပေါ်လစီမငြိမ်တဲ့ပြဿနာ ”

မကြာမီက အမေရိကန်လွှတ်တော်နိုင်ငံခြားရေးကော်မတီမှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံ အမတ်ကြီး အဖြစ်ခန့်အပ်ခံရမယ့်သူကို ကြားနာပွဲ လုပ်ခဲ့ပါတယ်။ ထိုကြားနာပွဲမှာ  သံအမတ်သစ်က မြန်မာနိုင်ငံအပေါ် ဆိုးဝါးတဲ့ အန္တရာယ် သက်ရောက်မှုရှိတာတွေကနေ ကာကွယ်ရေးအတွက် ကူညီစောင့်ရှောက်မယ်လို့ ပြောခဲ့ပါတယ်။ လက်ရှိမှာ အမေရိကန်နဲ့ တရုတ်အကြား ဆက်ဆံရေးကဆိုးရွားနေသလို စစ်ရေးဘက်ပါနွယ်လာတဲ့အတွက် ဒီလိုပြောဆိုလာမှုက ပထဝီနိုင်ငံရေးအရ ဒေသတွင်းမှာ အရေးပါတဲ့ အနေအထားမှာ ရှိပြီး ပြည်တွင်းနိုင်ငံရေးတည်ငြိမ်မှုမရှိတဲ့ မြန်မာနိုင်ငံအတွက် အထူးသတိထားဖွယ် အနေအထား ဖြစ်လာပါတယ်။ ဒီလိုဖြစ်ရပ်နဲ့တစ်ပြိုင်နက် အနောက်အုပ်စုနဲ့ ပြန်နီးကပ်လာရင် မြန်မာစီးပွားရေးကို ဘယ်လိုသက်ရောက်လာနိုင်သလဲ ၊ ဂျပန်ဘက်က ဝင်လာမယ့် ရင်းနှီးမြုပ်နှံမှုစတာတွေနဲ့ ချိန်ထိုးကာ မြန်မာနိုင်ငံရေးနဲ့ စီးပွားရေး၊ စတဲ့ အဓိက အရေးကြီးတဲ့ ကဏ္ဍတွေမှာ ဘာတွေဖြစ်လာနိုင်သလဲဆိုတာကို နိုင်ငံတော် သမ္မတ၏ ငြိမ်းချမ်းရေးနှင့် စီးပွားရေးအကြံပေးအဖွဲ့ဝင်ဖြစ်သူ ဝါရင့်စီးပွားရေးပညာရှင် ပါမောက္ခ ဆရာ ဒေါက်တာအောင်ထွန်းသက်အား အထူးအစီအစဉ်တစ်ရပ် အနေဖြင့် မေးမြန်းခဲ့ပါတယ်။ ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်၏ လတ်တလောအကြောင်းကိစ္စများအပေါ် ရှုမြင်သုံးသပ်ချက်အပြည့်အစုံကို ယခုတစ်ပတ် အထူးအစီအစဉ်အဖြစ် ဖော်ပြလိုက်ပါတယ်။       

                                                                                    (Opinion Leaders Media အယ်ဒီတာအဖွဲ့)

 

Opinion leaders ။   ။  တရုတ်-မြန်မာ ကုန်သွယ်မှုက ယခု ဘဏ္ဍာနှစ်မှာ ဇူလိုင် လကုန်အထိ နယ်စပ်ကုန်သွယ်မှုက  ဒေါ်လာ သန်း ၄၈၀၀ ကျော်ရှိပေမယ့် ယခင်ဘဏ္ဍာနှစ်နဲ့ယှဉ်ရင်အရင်ကထက် သန်း ၂၅၀ လောက် လျော့ကျသွားတာကို တွေ့ရတယ်။  ဒါပေမယ့် တရုတ်ဘက်ကိုတင်ပို့တာ ကျပေမယ့် သွင်းတာကျတော့ တက် လာတယ်ဆရာ။ တရုတ်ဘက်ကလည်း မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်အထည်စက်ရုံတွေ ဆက်လည်ပတ်ဖို့ ကုန်ကြမ်းတွေ ကူညီတာကို ကိုဗက်ကာလ ဧပြီ အတွင်းမှာ လေယာဉ်နဲ့ သယ်ပေးတာတွေ တွေ့ရတယ်။ တရုတ်အနေနဲ့ မြန်မာစီးပွားရေးနဲ့ ကုန်သွယ်ရေးကို အလေးထားနေတာတွေ့ရတဲ့ အတွက် ဒီလိုအခြေအနေမှာ မြန်မာနိုင်ငံအနေနဲ့ မူဝါဒအပြောင်းအလဲအဖြစ် တရုတ်ဘက်ကို အဓိကမထားတဲ့ မူဝါဒက အလုပ် ဖြစ်လာနိုင်ပါ့မလားဆရာ။

 

ပါမောက္ခဒေါက်တာအောင်ထွန်းသက် ။    ။ အခုပြဿနာက အဲ့ဒါပေါ့၊ ဆရာတို့မှာ အခက်အခဲဖြစ်နေတာ ကလေ၊ အခုဒီ COVID ကာလမှာနော်၊ တစ်ကမ္ဘာ လုံးမှာ စီးပွားရေးအကြပ်အတည်းတွေဖြစ်နေတယ်၊ ဟို စီးပွားရေး အကြပ်အတည်းတွေ ဖြစ်နေ တော့ နိုင်ငံအသီးသီးက သူ့နည်းသူ့ဟန်နဲ့ ဖြေရှင်းနေကြတယ်လေ၊ အဲ့လိုဖြေရှင်းနေကြတဲ့အခါမှာ ကိုယ့်နိုင်ငံမှာ ဆရာတို့ ထွက်ပေါက် ကိုယ့်အနေနဲ့ကတော့ အလားအလာ အကောင်းဆုံး လွယ်လွယ်ကူကူ ဆရာတို့ခေါ်တဲ့ low hanging fruit ပေါ့၊ အဓိပ္ပါယ်က သရက်သီးတွေ ခူးတဲ့အခါမှာ ဟိုးအဝေးကြီးမှာခူးတဲ့သရက်သီး တံချူနဲ့ ခူးမယ့်အစား ကိုယ်လက်လှမ်းမီတဲ့သရက်သီးကို ခူးစေချင်တယ်။

 

အခုအခြေအနေမှာတော့ အခုက လုပ်တဲ့အခါမှာ ကိုယ့်ဆီကလူတွေရဲ့ လုပ်နည်းလုပ်ဟန် လုပ်ထုံးလုပ်နည်းတွေ စည်းမျဉ်းစည်းကမ်းတွေ ပြန်ပြီး သုံးသပ်ဖို့ လိုတယ်လေ၊ အခုကတော့ ပေါ်လစီတွေ ဆရာက နားကိုမလည်နိုင်တာ ပေါ်လစီတွေက ဘာဖြစ်လို့ ဒီလောက်ခက်လဲဆိုတာ သဘောမပေါက်ဘူး၊ ပြောချင်တာက ဘာလဲဆိုရင် အခုအချိန်မှာ ဥပမာအားဖြင့် ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်တယ်ဆိုရင် လာမယ့် သူကိုကြိုဆိုရမှာပဲ၊ လက်နက်လာရောင်းရင်တော့ တစ်မျိုးပေါ့၊ မူးယစ်ဆေးဝါး လာရောင်းရင်တော့ တစ်မျိုး ပေါ့ အဲ့လိုမဟုတ်ရင်တော့ ကျန်တာတွေအားလုံးကတော့ ကိုယ့်နိုင်ငံစီးပွားရေးအတွက် အကျိုးရှိမယ့် ဟာတွေနော်၊ နောက်တစ်ခု အထူးသဖြင့် ဆရာတို့ COVID ကိစ္စနဲ့ ပတ်သက်ပြီးတော့ အလုပ်အကိုင်အခွင့် အရေးရမယ့် အခွင့်လမ်းရှိမယ့် အရာတွေအားလုံးကို ဆရာတို့ အားပေး ရမယ်လေ။ အဲ့ဒီတော့ ဒီနေရာမှာ တရုတ်ကလည်း သူတို့လည်း သူတို့ဟာသူတို့ ကြိုးစားနေတာပဲ။

 

သူတို့အနေနဲ့ တစ်ချို့စီးပွားရေးကို တက်လာအောင် လုပ်တဲ့အခါမှာ သူတို့အတွက် လိုက်ကြည့် တဲ့အခါမှာ သူတို့အတွက်က မြန်မာပြည်ဟာ မျက်နှာကျစရာ မြန်မာပြည်ကို အာရုံစိုက်တဲ့ဟာမျိုးရှိရင် အဲ့ဒီ လို ကိုယ့်ကိုကြိုက်တဲ့သူရှိရင် ကိုယ်ကပြန်ကြိုက်ဖို့ လို တယ်လေ၊ အခုက ဒို့လူတွေက ကိုယ့်ကြိုက်တဲ့ သူရှိရဲ့ သားနဲ့ ကိုယ်ကမူနေတာလေ၊ အဲ့ဒီ မူတဲ့ပြဿနာ တော်တော်ကြီးနေတာ၊ ဘယ်လိုမူနေမှန်းလဲမသိဘူး၊ ဆရာ တို့မှာ အခုဖြစ်နေတာက ဒါနေပြည်တော်အဆင့်ကနေ ပြည်ထောင်စုအဆင့်ကနေ ဆုံးဖြတ်တာလား၊သို့တည်း မဟုတ် ခုနပြည်နယ်နဲ့တိုင်းဒေသကြီး၊ အဲ့ဒီကဆုံးဖြတ်တာလားဆိုတော့လည်း အဆုံးအဖြတ်က ဘယ်သူက ပေးနေမှန်းကိုမသိတာ။

 

ကုန်သွယ်ရေးပေါ်လစီနဲ့ပတ်သက်လာရင် ဘယ်သူပေးနေမှန်းမသိဘူး။ဟိုတလောက ကြားသိလိုက်တယ် မဟုတ်လား၊ ကားကိစ္စ၊ ကားတွေသွင်းမယ် မသွင်းဘူးဆိုတဲ့ကိစ္စ၊ နောက်တစ်ခါ လူကြီးတွေကို ကား တွေပေးမယ် မပေးဘူးဆိုတဲ့ကိစ္စ။ အခွန်လွတ်တယ်မလွတ်တယ်ဆိုတဲ့ကိစ္စ အရာရာမှာ အဲ့ဒီပြဿနာတွေဖြစ် နေတယ်။ အဲ့ဒီတော့ ဖြစ်နေတာတွေအားလုံးဟာ ပေါ်လစီမငြိမ်တဲ့ပြဿနာ၊ အဲ့ဒီတော့ ပေါ်လစီမငြိမ်တဲ့ ပြဿနာသည် ဘယ်မှာသွားပြီးရိုက်ခတ်သလဲဆိုရင် ကိုယ့်ဆီမှာ လုပ်ချင်တဲ့သူတွေကိုနော် အားပေးရာ မရောက်ဘဲနဲ့သူ့ကို အနှောင့်အယှက်ဖြစ်အောင်လုပ်သလိုဖြစ်နေတယ်။

 

အခုဒီနေရာမှာ ဘာမှကိုမစဉ်းစားနဲ့တော့ ဆရာတို့ ဟို မူဆယ်၊ လားရှိုး၊ ၁၁၅ မိုင် အားလုံး ဒါတွေ အားလုံးဟာ ပြောနေတာလည်း ကြာပြီ၊ ဟုတ်တယ်မဟုတ်လား၊ နောက်တစ်ခါ ဆရာတို့အနေနဲ့ ဒီဘက် ဟိုဘက်မှာ နှစ်နိုင်ငံအနေနဲ့ ဆရာလည်း ရောက်တယ်၊ အဲ့ဒီမှာသူတို့ဘာလဲ ပတ်စ်ပို့ ဂိတ်ကြေးပေါ့လေ၊ နှစ်နိုင်ငံ အဲ့ဒါကြီးကိုလည်း ဖွင့်ဖို့ပြောနေတာ ကြာပြီ၊ ဒီမှာလည်း အဲ့ဒီကိစ္စတွေကို အထူးသဖြင့်မြန်မြန် ဆန်ဆန်လုပ်နိုင်မယ့် တစ်ခုပဲ ဆရာစဉ်းစားလို့ မရတာ။ မသိလို့လား မလုပ်တတ်လို့လား အဲ့ဒီမေးခွန်းနှစ်ခုက တော့ အခြေခံမေးခွန်းဖြစ်နေတယ်။

 

ဘယ်လိုလုပ်ရမယ် ဆိုတာကို ပေါ်လစီနဲ့ပတ်သက်လို့ ကုန်သွယ်မှုပေါ်လစီနဲ့ပတ်သက်လို့ ဒါတွေ လုပ်လို့ရှိရင်တော့ အဆင်ပြေမယ်၊ တိုင်းပြည်အတွက်ကောင်းမယ် ဆိုတာကို မသိလို့မလုပ်တာလား၊ သို့တည်း မဟုတ် သိလျက်နဲ့ မလုပ်တာလား။အဖြေက နှစ်ခုဖြစ်နေတာပေါ့လေ။ ကိုယ့်အနေနဲ့အခုအထိက ဒါကြီးက လေးနှစ်ကျော်သွားပြီ၊ ငါးနှစ်လည်း ပြည့်တော့မယ် ဒီလိုမေးခွန်းမေးရင်းနဲ့ပြီးသွားပြီ၊ သိလား မတတ်လို့လား မသိလို့လားဆိုတဲ့ မေးခွန်းပဲ၊ တစ်ခါတလေ စဉ်းစားကြည့်တာတော့ မသိလည်းမသိ၊ မတတ်လည်းမတတ်တဲ့ ပြဿနာလိုဖြစ်နေတယ်၊ ကုန်သွယ်မှုမှာ စီးပွားရေးမှာ နှစ်ခုလုံးတစ်ပြိုင်နက် မသိလည်းမသိဘူး၊ မတတ် လည်းမတတ်ဘူးဆိုတော့ ဘာမှကို လုပ်လို့မရတဲ့အနေအထားပေါ့။ အခုလိုဆိုရင် ဟိုဘက်က အားပေးနေ တဲ့အချိန်မှာ တစ်ချို့ကိစ္စကလည်း မလိုအပ်ရင် နိုင်ငံရေးကိစ္စပါလာတယ်။

 

အခု နိုင်ငံရေးလို့ပြောရင် လူအကြိုက်တွေပေါ့၊ လူတွေ ထင်တာက တရုတ်လို့ပြောလိုက်ရင် မကြိုက်ဘူးထင်တာပေါ့၊ ဒါအများရဲ့ဆန္ဒအမြင်နဲ့။ ပြောလိုက်တာနဲ့ မြစ်ဆုံသွားစဉ်းစားတယ်၊ အခုက မြစ်ဆုံကိစ္စမှ မဟုတ်တာ၊ အဲ့ဒါကြီးကို ခွဲထွက်ပြီး ဆင်ခြင်တတ်ပြီးတော့ သတ္တိရှိရှိ လုပ်ရဲဖို့ လိုတယ်လေ၊ ဟုတ်တယ်မဟုတ် လား ပြတ်ပြတ်သားသားပေါ့၊ ကိုယ့်နိုင်ငံတိုးတက်ဖို့ နယ်စပ်ကုန်သွယ် ရေးက အရေးကြီးတယ်၊ ဟုတ်တယ် မဟုတ်လား၊ နယ်စပ်ကုန်သွယ်ရေးချောမွေ့အောင်၊ ဖြစ်စေချင်တာက ဥပမာ-ဆရာပြောတာက ကာစီနိုတွေ လာထောင်ဖို့ပြောတာမဟုတ်ဘူး။ ကာစီနိုတွေလာထောင်တဲ့ဟာမျိုးက လက်ခံစရာအကြောင်းမရှိဘူးလေ။

 

သို့သော်လည်း တကယ့်ကောင်းရောင်းကောင်းဝယ် ကုန်သွယ်မှု သူတို့ အတွက်လည်း အဆင်ပြေတယ်၊ ကိုယ့်အတွက်လည်း အဆင်ပြေတယ်၊ တစ်ခုတော့ ရှိတယ်ကွဲ့၊ ဆရာတို့မှာလေ Trade နဲ့ပတ်သက်လာရင် ကုန်သွယ်မှုနဲ့ပတ်သက်လာရင် win and win ပေါ့နော်။တရုတ်နဲ့ မြန်မာကြားမှာ တရုတ်နဲ့လည်း အဆင်ပြေတယ်၊ ကိုယ်လည်းအဆင်ပြေတဲ့အခြေအနေမျိုးရှာဖို့ ရတယ်ဆိုတာကို သိဖို့လိုတယ်၊ အခုဖြစ်နေ တာ Zero Sum လေ၊ No Rate လေ၊ သူတို့အနိုင်ယူ ဒို့က အရှုံးပေးရမှာ ဆိုတာမျိုး။ ဒို့လည်းမရှုံးဘူး၊ သူတို့ လည်း မရှုံးဘူးဆိုတဲ့ အဖြေမျိုးကို ဆရာထင်တယ် ရှာဖို့တော့ လိုလိမ့်မယ်၊ အဲ့ဒီတော့ ဒီနေရာမှာပေါ့လေ၊ ဒီကုန်သည်တွေရဲ့ သြဇာလည်း ဘယ်လောက်ညောင်းလဲ ဆိုတာကလည်း အရေးကြီးတာကို။

 

စီးပွားရေးလုပ်တဲ့သူက ကုန်သည်တွေလုပ်တာလေ၊ အခုကဖြစ်နေတာက စီးပွားရေးလုပ်တဲ့ ပေါ်လစီ တွေ အားလုံးက ကုန်သည်တွေ ကိုင်ချင်တာမဟုတ်ဘဲနဲ့ အစိုးရဌာနအရာရှိတွေ သွားလုပ်တာ။ အဲ့ဒီအခါကျ တော့ သူတို့အနေနဲ့ သူတို့ရဲ့မျက်စိဟာ သူတို့ရဲ့ပေတံဟာ အမြဲတမ်း အုပ်ချုပ်ရေး ပေတံလေ၊ သူက ပြဿနာ တွေ အားလုံးကိုဖြေရှင်းတဲ့အခါမှာ ဥပဒေတွေနဲ့ဖြေရှင်းတယ်၊ လုပ်ထုံးလုပ်နည်းတွေနဲ့ဖြေရှင်းတယ်၊ တကယ် တမ်းတော့ ဒီဥပဒေတွေ လုပ်ထုံးလုပ်နည်းတွေဟာ အစွန်းတွေ မရောက်အောင် ထိန်းပေးတာလေ။ စီးပွားရေး လုပ်ငန်း လုပ်ချင်တဲ့သူတွေ လုပ်ချင်တဲ့ဆန္ဒရှိအောင် ဖန်တီးပေးရမယ်ဆိုတဲ့ ပေါ်လစီတွေ ရှိရမှာလေ။

 

လုပ်ချင်ကိုင်ချင် စိတ်ရှိအောင် အခုကတော့ လုပ်ချင်ကိုင်ချင်စိတ် ပျက်အောင်လုပ်တာလေ။ လုပ်ချင် တဲ့သူတွေအားလုံး စိတ်ဓာတ်တွေကျပြီးတော့ မလုပ်တော့ပါဘူးဆိုတဲ့ အထိ ဖြစ်အောင်ကို ကပ်သီးကပ်သပ် တွေးတာ၊ သူတို့ခမြာလည်း အကျင့်က ပါနေတော့ ယိုပေါက်မရှိအောင် သွားပိတ်တာ၊ ယိုပေါက်မရှိအောင် သွားပိတ်တော့ ပိတ်ရင်းပိတ်ရင်းနဲ့ ဘာမှလုပ်လို့မရတော့ဘူးလေ၊ အမှားကတော့ရှိမှာပေါ့ ဟုတ်တယ်မဟုတ်လား။

 

ဒါကတော့ စွန့်ရမှာပဲ၊ စီးပွားရေးလုပ်ရင် စွန့်စားရမှာပဲ၊ အရေးကြီးတာက လိုအပ်တဲ့ထိန်းချုပ်မှုတွေကို ကိုယ့်အနေနဲ့ ပွင့်လင်းမြင်သာစွာလုပ်ရင်တော့ သူတို့စိတ်ပူသလို ဆရာနားလည်ပါတယ်၊ သူတို့စိတ်ပူ တာ လည်းရှိတာပေါ့။သူတို့အနေနဲ့ တစ်ချိန်တုန်းက ဘာဖြစ်တယ်၊ညာဖြစ်တယ်၊သူတို့မှာလည်း အတိတ်ကို အမြဲတမ်း သတိရနေတာလေ၊ အတိတ်ကို သတိရနေတော့ ဟိုတုန်းကဒီလိုဖြစ်ခဲ့တယ်၊ ဒီအလှည့်ကျရင် ဒီလိုမဖြစ်တော့ဘူး၊ ဟိုတုန်းက ဘယ်လိုဖြစ်ခဲ့တယ်၊ ဟိုတုန်းက မြစ်ဆုံကြီးဘယ်လိုပေးခဲ့တယ်၊ ဘာညာ အဲ့ဒါမျိုးတွေပေါ့။ အဲ့ဒီအခါကျတော့ အဲ့လို ဒါတွေကိုအမြဲတမ်းပြန်ပြီး ထမင်းလုံး တစ္ဆေခြောက်နေသလို ဖြစ်နေတော့ လုပ်ရကိုင်ရနည်းနည်း ခက်တာပေါ့၊ ဒါတွေက ထားလိုက်တော့ ပြီးခဲ့ပြီ၊ ကိုယ့်အလှည့်ကျရင် ကိုယ်က ယုံယုံကြည်ကြည်နဲ့ သတ္တိရှိရှိနဲ့ လုပ်မယ်ဆိုတဲ့စိတ်ရှိရင်တော့ ဆရာထင်တယ် အဆင်ပြေလိမ့်မယ်လို့ အောက်မေ့တာပဲ။

 

Opinion leaders ။   ။ မကြာခင်က မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ်ခန့်အပ်ခံရမယ့်သူကို လွှတ်တော်နိုင်ငံခြားရေးကော်မတီက ကြားနာပွဲ လုပ်ဆောင်ခဲ့ရာမှာ  သံအမတ်သစ်က မြန်မာနိုင်ငံအပေါ် ဆိုးဝါး တဲ့ အန္တရာယ် သက်ရောက်မှု ရှိတာတွေကနေ ကာကွယ်ရေးအတွက် ကူညီစောင့်ရှောက်မယ်လို့ ပြောခဲ့တာကို တွေ့ရပါတယ်ဆရာ။ အရပ်သားအစိုးရတက်လာပြီးနောက်ပိုင်း အမေရိကန်က မြန်မာနဲ့ပတ်သက်ရင် နောက်ဆုတ်လာတာကနေ အခု ရွေးကောက်ပွဲနီးလာလို့ ပြည်တွင်းနိုင်ငံရေး ရှုပ်ထွေးတဲ့ ကာလမှာ အခုလို ပြောခဲ့တဲ့ အတွက်  ဒီပြောဆိုချက်ကြောင့်  မြန်မာနိုင်ငံရေးကိုဘယ်လို သက်ရောက် လာနိုင်သလဲ၊ ဒေသတွင်း အမေရိကန်ရပ်တည်ပါဝင်မှုက အရင်ကထက် ပိုအားကောင်းလာနိုင်သလားဆရာ။

 

ပါမောက္ခဒေါက်တာအောင်ထွန်းသက် ။    ။ တစ်ခုကလေ ဆရာတို့ ခဏခဏပြောခဲ့တယ် ဆွေးနွေးခဲ့တယ်၊ Geo Politic ပေါ့၊ ပထဝီနိုင်ငံရေးပဲလေ၊ တရုတ်နဲ့ ဆိုရင် ခဏခဏ ဒီနေ့မနက်တောင် နားထောင်လိုက်သေး တယ်၊ COVID 19 ကို China Flu လို့ သုံးတယ်၊ ထရန့်ကလေ။ ဒါက မလုပ်သင့်တဲ့ မပြောသင့်တဲ့ စကားလုံး ကြီး။China Flu က ဟုတ်မှမဟုတ်တာ၊ သို့သော်လည်း သူ့အနေနဲ့ သူ့ရဲ့ Bias ပေါ့လေ၊ သူ့အနေနဲ့ တရုတ်ကို ဆန့်ကျင်မှ သူ့ကိုထောက်ခံမယ့်သူ ရှိမယ်၊ Anti Chinese ပေါ့လေ၊ အဲ့ဒီ Anti Chinese က အမေရိကန် နိုင်ငံရဲ့ နိုင်ငံရေးခံယူချက်လေ။ အဲ့ဒီတော့ ဘာကြောင့်လဲဆိုတော့ သူတို့အနေနဲ့ စိတ်ပူတာက တရုတ်ရဲ့ စီးပွားရေး အင်အားကိုလည်း ကြောက်တယ်။ စီးပွားရေးအင်အားကြောက်တဲ့အတွက် ဒါက သူတို့ဟို တစ်ကမ္ဘာလုံး အတိုင်းအတာအနေနဲ့ ရှိတာ။

 

ဒါပေမဲ့ တစ်ဖက်ကလည်း ကိုယ့်နိုင်ငံနဲ့ပတ်သက်လာရင် တရုတ်နဲ့ မြန်မာပြည်နဲ့ နီးစပ်တာ ရင်းနှီး တာကလည်း စိတ်ပူတာပေါ့။ဘာကြောင့်လဲဆိုတော့ တရုတ်နဲ့မြန်မာနဲ့ဟာ နယ်စပ်ဖြစ်နေတယ်၊ နယ်စပ်ဖြစ် နေရင် တရုတ်ရဲ့ လွှမ်းမိုးမှုတွေများလာရင် သူတို့ရဲ့အရှိန်အဝါလျော့သွားမှာ၊ တစ်ချိန်တုန်းကတော့ သိတဲ့အတိုင်းပဲ နဝတအစိုးရ လက်ထက်တွေဘာတွေမှာ သူတို့ကအစိုးရနဲ့ ဆန့်ကျင်တဲ့ နိုင်ငံရေးပေါ်လစီ တွေလုပ်ခဲ့တယ်လေ၊ အမေရိကန်နဲ့ မြန်မာအစိုးရက အဆင်မပြေဘူး၊ အဆင်မပြေပေမယ့် အခုဒီမိုကရေစီ အစိုးရလက်ထက်မှာ အိုဘားမားလာတယ် ဘာညာဆိုတော့ ဆရာတို့မှာ  နိုင်ငံတစ်ခုအနေနဲ့ နိုင်ငံသားတစ်ယောက် အနေနဲ့ကြည့်ရင် ဆရာတို့မှာ ရွေးစရာနှစ်ဘက်စလုံးရှိတာပေါ့။

 

တစ်ဖက်ကလည်း အမေရိကန်နဲ့ဆက်ဆံလို့ရတယ်၊ ဆက်ဆံရေး မပျက်ဘူး၊ တစ်ဖက်ကလည်း တရုတ်နဲ့ ကိုယ်နဲ့နီးစပ်တယ်၊ ဆရာတို့အမြဲတမ်းပြောနေတဲ့ ပေါက်ဖော်ဆက်ဆံဆက်သွယ်ရေးက အရေးကြီး တယ်လေ၊ ကိုယ့်အနေနဲ့ တစ်ခုတည်းရှိတာက ဆရာတို့ လွတ်လပ်ရေးရတဲ့အချိန်ကစ‌ပြီး ၁၉၄၈ ကတည်းက ပေါ့၊ မြန်မာနိုင်ငံရဲ့ တရုတ် ဆက်ဆံရေး မြန်မာနိုင်ငံရဲ့အနောက်နိုင်ငံနဲ့ ထိတွေ့ဆက်ဆံမှုဟာ အမြဲတမ်းထိ လွယ်ရှလွယ်ဖြစ်တော့ ထင်သာ မြင်သာအောင် ကြိုးစားနေရတာလေ၊ အဲ့ဒါက ဆရာတို့ရဲ့တကယ့်ကို အခြေခံကြီးတစ်ခုဖြစ်နေတယ်၊ ဘာကြောင့်လဲဆိုတော့ ကိုယ့်အနေနဲ့ ဘက်လိုက်လို့မဖြစ်ဘူး၊ တရုတ်ရဲ့ လွှမ်းမိုးမှုလည်းမခံနိုင်သလို အနောက်နိုင်ငံရဲ့လွှမ်းမိုးမှုလည်းမခံနိုင်ဘူး။ နောက်တစ်ခါ ပြဿနာတစ်ခုက ဘာလဲဆိုရင် ဆရာတို့ UN မှာ ကြီးငါးကြီး အမြဲတမ်း လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေ ငါးခုထဲမှာ ကိုယ့် ဘက်ကပါနေဖို့က အမြဲတမ်းလိုအပ်တယ်လေ၊ ကိုယ့်ကို ဗီတိုအာဏာပေးပြီးတော့ ကိုယ့်ကိုကာကွယ် ပေးဖို့ လိုတယ်လေ။ အဲ့ဒါလည်း ရှိနေနိုင်တယ်၊ အဲ့ဒီတော့ အခု စိတ်ဝင်စားစရာလည်းကောင်းတယ်၊ စိတ်ထဲလည်း မကောင်းတာရှိတာတော့ ဒီမိုကရေစီ တိုက်ပွဲတွေမှာ ဒီမိုကရေစီအားပေးတဲ့ အနောက်နိုင်ငံအနေနဲ့ အခုအချိန် မှာ အခုလိုပြောနေတာဆိုနေရတာကို တစ်မျိုးကြီးဖြစ်တာပေါ့၊ ဟုတ်တယ်မဟုတ်လား။

 

အရင်တုန်းက ၈၈ နောက်ပိုင်းမှာ သူတို့က အတိုက်ခံပါတီကို ဒေါ်အောင်ဆန်းစုကြည်တို့ဘာတို့ အားပေးခဲ့တယ်၊ အကူအညီပေးခဲ့တယ်။ အဲ့တော့ အခု ကျတော့လည်း အစိုးရတက်လာတဲ့အချိန်မှာ အခုကအနေအထားတွေတစ်မျိုးရှိတယ်။ နောက်တစ်ခေါက် က သူတို့မှာ ပြဿနာက ဘာလဲဆိုတော့ ပြည်တွင်း ပဋိပက္ခတွေပေါ့၊ ပြည်တွင်း ပဋိပက္ခတွေမှာလည်း တရုတ်ရဲ့ ဩဇာလည်းကြီးတာကိုး ဟုတ်တယ်နော်။ ဘာပဲဖြစ်ဖြစ် ဒါလက်ခံရမှာပဲ၊ အရေးကြီးတာက သူတို့အနေနဲ့ အဲ့ဒါတွေရှိတော့ သူတို့လည်း ညီညာချင်တာ၊ ပြည်တွင်းငြိမ်းချမ်းရေး ညီညာချင်တာ၊ တရုတ်နဲ့မြန်မာရဲ့ ဆက်ဆံရေးဟာ စီးပွားရေး နိုင်ငံရေးမဟုတ်ဘဲနဲ့ ပဋိပက္ခငြိမ်းချမ်းရေးကိစ္စလည်းပါတယ်။

 

ဆရာတို့မှာ လုပ်ရတာတော်တော်ခက်တယ်၊ အခုက ဟိုတလောကဖြစ်လာတဲ့ သံအရာရှိသံမှူး ရေးတဲ့စာတွေနဲ့ အပြန်အလှန် ‘ဘတစ်ပြန် ကျားတစ်ပြန်’ ဟိုပြောဒီပြောတွေ ပြောနေတာ။ ဒါပေမဲ့ ကိုယ့် အနေနဲ့ သတိထားဖို့က ကိုယ့်နိုင်ငံအတွက် ကြည့်မယ်ဆိုရင်တော့ ကိုယ်ကတစ်သက်လုံး ကြားနေမူဝါဒ ကျင့်သုံးတဲ့နိုင်ငံ။ ဆရာတို့ အနေနဲ့ ချူအင်လိုင်းနဲ့ ဦးနုတို့ နားလည်မှုရှိတဲ့နိုင်ငံဖြစ်တော့ ကိုယ်က နေတတ် ဖို့လိုတယ်လေ၊ ကိုယ့်အနေနဲ့ ဒီ ဆရာတို့အနေနဲ့ ဂျက်စီဂျိမ်း ဖြစ်ဖို့လိုတယ်၊ အတိမ်းအရှောင်ကောင်း ဖို့လို တယ်။ ဒီဘက်ကိုအခြေအနေ တစ်ခုကို ကြည့်ပြီးတော့ ဒီဘက်ကိုမျက်စိမှိတ်ပြီးတော့ ဟိုဘက်ကိုလုပ်မယ် ဆိုလို့ ကိုယ့်မှာအဲ့ဒီလိုရွေးချယ်ခွင့် မရှိဘူးလေ၊ ဥပမာ- ထိုင်းဆိုပါတော့ ထိုင်းဆိုရင်ရှင်းတယ်၊ အမေရိကန် ဘက်ကို လုံး၀ပေါင်းလိုက်တာပေါ့။ ဟုတ်တယ်မဟုတ်လား အဲ့ဒီပုံစံရှိတယ်။

 

ဗီယက်နမ်ဆိုလည်းကြည့်။ ဗီယက်နမ်ဆိုလည်း သူတို့မှာ တရုတ်နဲ့ ပတ်သက်လာရင် ပြဿနာ တွေရှိခဲ့တယ်၊ ဗီယက်နမ်က အမေရိကန်နဲ့ စစ်ကြီးအကြီးအကျယ်ဖြစ်ခဲ့တာ၊ သို့သော်လည်းပဲ ဗီယက်နမ် မှာရှိတဲ့ Investment တွေတော်တော်များများ US က investment တွေ၊ အဲ့ဒီတော့ သူလည်းပဲ အဲ့တော့ ဆရာ ထင်ပါတယ် နိုင်ငံရေးရှုထောင့်ကကြည့်ရင် နိုင်ငံတွေအားလုံးဟာ ကိုယ့်အကျိုးအတွက် အကောင်းဆုံးဖြစ်တဲ့ အဖြေကိုတော့ နည်းအမျိုးမျိုးနဲ့ ရှာရမှာပဲ။ အဆင်ပြေအောင် နေရမှာပဲ၊ ကိုယ့်မှာက ပိုပြီးခက်တာက ကိုယ် ကဒီ တရုတ်နဲ့ ဆရာတို့ဖြစ်ပျက်တာတွေကထား အခုရေရှည်မှာ တရုတ်နဲ့ထိတွေ့ရမှာပဲ။ နောက်တစ်ခါ တရုတ်ရဲ့ OBOR ပေါ့။ One Belt One Road ကြီးဟာလည်း ကိုယ့်ရဲ့အခွင့်အရေးတစ်ရပ်လေ၊ ကိုယ်ရဲ့ထွက်ပေါက်ပဲ၊ အဲ့ဒါလည်းမေ့လို့မဖြစ်ပြန်ဘူး။ ကိုယ်ကနေတစ်ဆင့်မှ သူတို့လည်း ထွက်ပေါက်ရှိတာ၊ သူတို့အတွက် အဖြေလည်း ကိုယ်ကပေးနိုင်တဲ့အနေအထားတစ်ခုရှိတော့ သူတို့နဲ့ဆက်ဆံရေးဟာ ခိုင်မြဲဖို့လိုတယ်၊ အဆင် ပြေချောမွေ့ဖို့လိုတာလေ။  

 

Opinion leaders ။   ။ အစိုးရအနေနဲ့ မကြာခင်က ရန်ကုန်မြို့အရှေ့ခြမ်းနဲ့ မွန်ပြည်နယ်ကမ်းရိုးတန်းတစ်လျှောက် စက်မှုဇုန်တွေ တည်ဆောက်ဖို့ ပြောခဲ့တာရှိပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ ပြည်ပ ရင်းနှီး မြုပ်နှံမှုက တအိအိဝင်နေသလို ဘဏ္ဍာရေး ရည်မှန်းချက် နဲ့လည်း အတော်လေးကိုနီးလာတာကို တွေ့လာရတဲ့ အတွက် ဒီလို ပြည်ပ အထူးသဖြင့် ဂျပန်လုပ်ငန်းရှင်တွေ လာရောက်ရင်းနှီးမြုပ်နှံမှုတွေ လာရောက်ဖြစ်ခဲ့ရင် မြန်မာစီးပွားရေးက အလားအလာကောင်းလာနိုင်သလား၊ ဒီလိုလာ ရောက်ရင်းနှီးမြုပ်နှံဖို့ မြန်မာဘက်က လုပ်သင့်တဲ့ အချက်တွေ ဘာရှိမလဲ  ဆရာ။

 

ပါမောက္ခဒေါက်တာအောင်ထွန်းသက်။    ။ အခုက ဆရာတို့ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှာလေ ပြီးခဲ့တဲ့အပတ်က ခုနပြောတဲ့ လှည်းကူး၊ ဒီ အထူးစီးပွားရေးဇုန်ကြီး စင်ကာပူ အဲ့ဒီစင်ကာပူကလည်း ခပ်ပေါ့ပေါ့မဟုတ်ဘူး၊ တိန် ရှောင်ဖိန် တရုတ်နိုင်ငံ ပြုပြင်ပြောင်းလဲမှုလုပ်တဲ့အခါမှာ သူ့အနေနဲ့ လီကွမ်ယုက အကူအညီတောင်းတယ် လေ။သူတို့အနေနဲ့စီးပွားရေးပြုပြင်မယ် ဘာလုပ်ကြမလဲဆိုတော့ အဲ့ဒီ သူတို့ဆီမှာ ရှန်ဟိုင်းကနေ စပြီးတော့ တရုတ်မှာ ခုနပြောတဲ့ မြန်မာပြည်မှာလုပ်နေတဲ့ စီးပွားရေး ဇုန်တွေလုပ်ခဲ့တာ။အဲ့ဒီလုပ်ခဲ့တဲ့ ကုမ္ပဏီကလာမှာ၊ အဲ့ဒီကုမ္ပဏီကြီးလာတာ ဆရာတို့ ကြိုဆိုရမယ်လေ။ အဲ့ဒီကုမ္ပဏီကြီးက လှည်းကူးမှာ ဖော်ထုတ်တဲ့ အပြင်ကို စက်မှုဇုန်ထဲမှာ Brand တွေပေါ့၊ နိုင်ငံတကာထင်ရှားတဲ့ အမှတ်တံဆိပ် တွေကို ခေါ်ယူလာမှာလေ။

 

ခေါ်ယူလာတဲ့အခါကျတော့ ကိုယ့်အနေနဲ့ သိက္ခာလည်းရှိတယ်၊ အဲ့လိုလုပ်ပေးတဲ့အတွက် ကိုယ့်လူငယ်တွေ အလုပ်အကိုင်အခွင့်လမ်းတွေရမယ်။ ဆရာတို့နိုင်ငံမှာ သိတဲ့အတိုင်းပဲ ပြည်တော်ပြန်တွေကလည်း အများကြီး။ ပုံစံအမျိုးမျိုးနဲ့ ပြန်လာတဲ့သူတွေ၊ သူတို့အတွက်က ဆရာတို့မှာ အလုပ်တွေရှာပေးဖို့ လိုတယ်လေ၊ အဲ့ဒီတော့ အဲလိုများ စက်ရုံအလုပ်ရုံတွေ အလုပ်အကိုင်ခွင့်တွေ ရနိုင်ရင် ကောင်းတယ်၊ တစ်ဖက် ကလည်း စင်ကာပူရှိသလို Aeon ပေါ့လေ၊ အရှေ့တောင်အာရှ ဂျပန်မှာလည်း အကြီးဆုံးပဲ။ Shopping Mall ကြီးပေါ့။Shopping Mall ကြီးကို ဆိပ်ကမ်းမှာလုပ်မယ်လေ၊ ဆိပ်ကမ်းမြို့နယ်မှာ လုပ်မယ်ဆိုတော့ အဲ့ဒါလည်းပဲ ကိုယ့်ရဲ့ Image ပေါ့လေ။ ဒီလောက်အခက်အခဲတွေရှိနေတဲ့ ကြားထဲမှာ အစအထွက်တုန်းကတော့ လုံး၀မလာတော့ဘူး ထင်တာ။ ရင်းနှီးမြှုပ်နှံမှုမလာတော့ဘူးထင်တာ။ ဒီနှစ်မှန်းတာတော့ Target မီလိမ့်မယ်လို့ မှန်းတာပဲ၊ ကျော်မယ်လို့ မှန်းတယ်ကွဲ့။

 

အဲ့ဒီတော့ အရေးကြီးတာကတော့လေ ကိုယ့်နိုင်ငံအပေါ် စိတ်ဝင်စားမှုရှိတယ်၊ ကိုယ့်နိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု အလားအလာတွေ ကောင်းနေသေးတယ်ဆိုတာ ဒါလူငယ်တွေအတွက်ကျေနပ်စရာပါ၊ ကျေနပ်စရာ လို့ပြောတဲ့နေရာမှာ အစိုးရတွေတင်မကဘူး၊ အဲ့ဒီကနေတစ်ဆင့် ရလာမယ့်အလုပ်အကိုင်အခွင့်အရေး‌တွေ အတွက်သာ လူငယ်တွေ အတွက် အခွင့်အရေးတစ်ခုပေါ့၊ အဲ့ဒါကျေနပ်စရာပါ။

 

Opinion leaders ။   ။ ဒီလိုဆိုရင်တော့ အကုန်လုံးခြုံကြည့်လိုက်ရင် အလားအလာတွေ တော်တော်လေး ကောင်းတဲ့အနေအထားရှိတာပေါ့နော်ဆရာ။

 

ဒေါက်တာ အောင်ထွန်းသက် ။    ။ အင်းပေါ့ ကိုယ်ထင်သလောက် အားလုံး ချုံးချုံးကျသွားတဲ့ပုံစံ မဟုတ် တော့ဘဲနဲ့ ဆရာတို့မှာနော် ဒီအခွင့်အရေးတွေ ရှိနေသေးတယ်။အဲ့ဒီအခွင့်အရေးတွေယူဖို့ပဲလိုတယ်၊ စောစောက ပထမဆုံးမေးတဲ့မေးခွန်းဖြစ်တဲ့ ဒီနယ်စပ်ကုန်သွယ်ရေးကိုလည်း ဆရာတို့ ထဲထဲဝင်ဝင်လုပ်ဖို့ လိုတယ်၊ အခုရောက်နေတဲ့ ရင်းနှီးထားတဲ့သူတွေအတွက်ကိုလည်း ဂရုစိုက်ဖို့လိုတယ်လို့လည်း စဉ်းစားဖို့ လိုတာပါ။

 

Opinion leaders ။   ။ အခုလိုဖြေကြားပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်ဆရာ။

(  Zawgyi  )

 မၾကာမီက အေမရိကန္လႊတ္ေတာ္ႏိုင္ငံျခားေရးေကာ္မတီမွာ ျမန္မာႏိုင္ငံဆိုင္ရာ အေမရိကန္သံ အမတ္ႀကီး အျဖစ္ခန႔္အပ္ခံရမယ့္သူကို ၾကားနာပြဲ လုပ္ခဲ့ပါတယ္။ ထိုၾကားနာပြဲမွာ  သံအမတ္သစ္က ျမန္မာႏိုင္ငံအေပၚ ဆိုးဝါးတဲ့ အႏၲရာယ္ သက္ေရာက္မႈရွိတာေတြကေန ကာကြယ္ေရးအတြက္ ကူညီေစာင့္ေရွာက္မယ္လို႔ ေျပာခဲ့ပါတယ္။ လက္ရွိမွာ အေမရိကန္နဲ႔ တ႐ုတ္အၾကား ဆက္ဆံေရးကဆိုး႐ြားေနသလို စစ္ေရးဘက္ပါႏြယ္လာတဲ့အတြက္ ဒီလိုေျပာဆိုလာမႈက ပထဝီႏိုင္ငံေရးအရ ေဒသတြင္းမွာ အေရးပါတဲ့ အေနအထားမွာ ရွိၿပီး ျပည္တြင္းႏိုင္ငံေရးတည္ၿငိမ္မႈမရွိတဲ့ ျမန္မာႏိုင္ငံအတြက္ အထူးသတိထားဖြယ္ အေနအထား ျဖစ္လာပါတယ္။ ဒီလိုျဖစ္ရပ္နဲ႔တစ္ၿပိဳင္နက္ အေနာက္အုပ္စုနဲ႔ ျပန္နီးကပ္လာရင္ ျမန္မာစီးပြားေရးကို ဘယ္လိုသက္ေရာက္လာႏိုင္သလဲ ၊ ဂ်ပန္ဘက္က ဝင္လာမယ့္ ရင္းႏွီးျမဳပ္ႏွံမႈစတာေတြနဲ႔ ခ်ိန္ထိုးကာ ျမန္မာႏိုင္ငံေရးနဲ႔ စီးပြားေရး၊ စတဲ့ အဓိက အေရးႀကီးတဲ့ က႑ေတြမွာ ဘာေတြျဖစ္လာႏိုင္သလဲဆိုတာကို ႏိုင္ငံေတာ္ သမၼတ၏ ၿငိမ္းခ်မ္းေရးႏွင့္ စီးပြားေရးအႀကံေပးအဖြဲ႕ဝင္ျဖစ္သူ ဝါရင့္စီးပြားေရးပညာရွင္ ပါေမာကၡ ဆရာ ေဒါက္တာေအာင္ထြန္းသက္အား အထူးအစီအစဥ္တစ္ရပ္ အေနျဖင့္ ေမးျမန္းခဲ့ပါတယ္။ ပါေမာကၡ ေဒါက္တာေအာင္ထြန္းသက္၏ လတ္တေလာအေၾကာင္းကိစၥမ်ားအေပၚ ရႈျမင္သုံးသပ္ခ်က္အျပည့္အစုံကို ယခုတစ္ပတ္ အထူးအစီအစဥ္အျဖစ္ ေဖာ္ျပလိုက္ပါတယ္။       

                                                                                    (Opinion Leaders Media အယ္ဒီတာအဖြဲ႕)

Opinion leaders ။   ။  တ႐ုတ္-ျမန္မာ ကုန္သြယ္မႈက ယခု ဘ႑ာႏွစ္မွာ ဇူလိုင္ လကုန္အထိ နယ္စပ္ကုန္သြယ္မႈက  ေဒၚလာ သန္း ၄၈၀၀ ေက်ာ္ရွိေပမယ့္ ယခင္ဘ႑ာႏွစ္နဲ႔ယွဥ္ရင္အရင္ကထက္ သန္း ၂၅၀ ေလာက္ ေလ်ာ့က်သြားတာကို ေတြ႕ရတယ္။  ဒါေပမယ့္ တ႐ုတ္ဘက္ကိုတင္ပို႔တာ က်ေပမယ့္ သြင္းတာက်ေတာ့ တက္ လာတယ္ဆရာ။ တ႐ုတ္ဘက္ကလည္း ျမန္မာႏိုင္ငံမွာရွိတဲ့ တ႐ုတ္အထည္စက္႐ုံေတြ ဆက္လည္ပတ္ဖို႔ ကုန္ၾကမ္းေတြ ကူညီတာကို ကိုဗက္ကာလ ဧၿပီ အတြင္းမွာ ေလယာဥ္နဲ႔ သယ္ေပးတာေတြ ေတြ႕ရတယ္။ တ႐ုတ္အေနနဲ႔ ျမန္မာစီးပြားေရးနဲ႔ ကုန္သြယ္ေရးကို အေလးထားေနတာေတြ႕ရတဲ့ အတြက္ ဒီလိုအေျခအေနမွာ ျမန္မာႏိုင္ငံအေနနဲ႔ မူဝါဒအေျပာင္းအလဲအျဖစ္ တ႐ုတ္ဘက္ကို အဓိကမထားတဲ့ မူဝါဒက အလုပ္ ျဖစ္လာႏိုင္ပါ့မလားဆရာ။

ပါေမာကၡေဒါက္တာေအာင္ထြန္းသက္ ။    ။ အခုျပႆနာက အဲ့ဒါေပါ့၊ ဆရာတို႔မွာ အခက္အခဲျဖစ္ေနတာ ကေလ၊ အခုဒီ COVID ကာလမွာေနာ္၊ တစ္ကမာၻ လုံးမွာ စီးပြားေရးအၾကပ္အတည္းေတြျဖစ္ေနတယ္၊ ဟို စီးပြားေရး အၾကပ္အတည္းေတြ ျဖစ္ေန ေတာ့ ႏိုင္ငံအသီးသီးက သူ႔နည္းသူ႔ဟန္နဲ႔ ေျဖရွင္းေနၾကတယ္ေလ၊ အဲ့လိုေျဖရွင္းေနၾကတဲ့အခါမွာ ကိုယ့္ႏိုင္ငံမွာ ဆရာတို႔ ထြက္ေပါက္ ကိုယ့္အေနနဲ႔ကေတာ့ အလားအလာ အေကာင္းဆုံး လြယ္လြယ္ကူကူ ဆရာတို႔ေခၚတဲ့ low hanging fruit ေပါ့၊ အဓိပၸါယ္က သရက္သီးေတြ ခူးတဲ့အခါမွာ ဟိုးအေဝးႀကီးမွာခူးတဲ့သရက္သီး တံခ်ဴနဲ႔ ခူးမယ့္အစား ကိုယ္လက္လွမ္းမီတဲ့သရက္သီးကို ခူးေစခ်င္တယ္။

 

အခုအေျခအေနမွာေတာ့ အခုက လုပ္တဲ့အခါမွာ ကိုယ့္ဆီကလူေတြရဲ႕ လုပ္နည္းလုပ္ဟန္ လုပ္ထုံးလုပ္နည္းေတြ စည္းမ်ဥ္းစည္းကမ္းေတြ ျပန္ၿပီး သုံးသပ္ဖို႔ လိုတယ္ေလ၊ အခုကေတာ့ ေပၚလစီေတြ ဆရာက နားကိုမလည္ႏိုင္တာ ေပၚလစီေတြက ဘာျဖစ္လို႔ ဒီေလာက္ခက္လဲဆိုတာ သေဘာမေပါက္ဘူး၊ ေျပာခ်င္တာက ဘာလဲဆိုရင္ အခုအခ်ိန္မွာ ဥပမာအားျဖင့္ ရင္းႏွီးျမႇဳပ္ႏွံမႈနဲ႔ပတ္သက္တယ္ဆိုရင္ လာမယ့္ သူကိုႀကိဳဆိုရမွာပဲ၊ လက္နက္လာေရာင္းရင္ေတာ့ တစ္မ်ိဳးေပါ့၊ မူးယစ္ေဆးဝါး လာေရာင္းရင္ေတာ့ တစ္မ်ိဳး ေပါ့ အဲ့လိုမဟုတ္ရင္ေတာ့ က်န္တာေတြအားလုံးကေတာ့ ကိုယ့္ႏိုင္ငံစီးပြားေရးအတြက္ အက်ိဳးရွိမယ့္ ဟာေတြေနာ္၊ ေနာက္တစ္ခု အထူးသျဖင့္ ဆရာတို႔ COVID ကိစၥနဲ႔ ပတ္သက္ၿပီးေတာ့ အလုပ္အကိုင္အခြင့္ အေရးရမယ့္ အခြင့္လမ္းရွိမယ့္ အရာေတြအားလုံးကို ဆရာတို႔ အားေပး ရမယ္ေလ။ အဲ့ဒီေတာ့ ဒီေနရာမွာ တ႐ုတ္ကလည္း သူတို႔လည္း သူတို႔ဟာသူတို႔ ႀကိဳးစားေနတာပဲ။

 

သူတို႔အေနနဲ႔ တစ္ခ်ိဳ႕စီးပြားေရးကို တက္လာေအာင္ လုပ္တဲ့အခါမွာ သူတို႔အတြက္ လိုက္ၾကည့္ တဲ့အခါမွာ သူတို႔အတြက္က ျမန္မာျပည္ဟာ မ်က္ႏွာက်စရာ ျမန္မာျပည္ကို အာ႐ုံစိုက္တဲ့ဟာမ်ိဳးရွိရင္ အဲ့ဒီ လို ကိုယ့္ကိုႀကိဳက္တဲ့သူရွိရင္ ကိုယ္ကျပန္ႀကိဳက္ဖို႔ လို တယ္ေလ၊ အခုက ဒို႔လူေတြက ကိုယ့္ႀကိဳက္တဲ့ သူရွိရဲ႕ သားနဲ႔ ကိုယ္ကမူေနတာေလ၊ အဲ့ဒီ မူတဲ့ျပႆနာ ေတာ္ေတာ္ႀကီးေနတာ၊ ဘယ္လိုမူေနမွန္းလဲမသိဘူး၊ ဆရာ တို႔မွာ အခုျဖစ္ေနတာက ဒါေနျပည္ေတာ္အဆင့္ကေန ျပည္ေထာင္စုအဆင့္ကေန ဆုံးျဖတ္တာလား၊သို႔တည္း မဟုတ္ ခုနျပည္နယ္နဲ႔တိုင္းေဒသႀကီး၊ အဲ့ဒီကဆုံးျဖတ္တာလားဆိုေတာ့လည္း အဆုံးအျဖတ္က ဘယ္သူက ေပးေနမွန္းကိုမသိတာ။

ကုန္သြယ္ေရးေပၚလစီနဲ႔ပတ္သက္လာရင္ ဘယ္သူေပးေနမွန္းမသိဘူး။ဟိုတေလာက ၾကားသိလိုက္တယ္ မဟုတ္လား၊ ကားကိစၥ၊ ကားေတြသြင္းမယ္ မသြင္းဘူးဆိုတဲ့ကိစၥ၊ ေနာက္တစ္ခါ လူႀကီးေတြကို ကား ေတြေပးမယ္ မေပးဘူးဆိုတဲ့ကိစၥ။ အခြန္လြတ္တယ္မလြတ္တယ္ဆိုတဲ့ကိစၥ အရာရာမွာ အဲ့ဒီျပႆနာေတြျဖစ္ ေနတယ္။ အဲ့ဒီေတာ့ ျဖစ္ေနတာေတြအားလုံးဟာ ေပၚလစီမၿငိမ္တဲ့ျပႆနာ၊ အဲ့ဒီေတာ့ ေပၚလစီမၿငိမ္တဲ့ ျပႆနာသည္ ဘယ္မွာသြားၿပီး႐ိုက္ခတ္သလဲဆိုရင္ ကိုယ့္ဆီမွာ လုပ္ခ်င္တဲ့သူေတြကိုေနာ္ အားေပးရာ မေရာက္ဘဲနဲ႔သူ႔ကို အေႏွာင့္အယွက္ျဖစ္ေအာင္လုပ္သလိုျဖစ္ေနတယ္။

အခုဒီေနရာမွာ ဘာမွကိုမစဥ္းစားနဲ႔ေတာ့ ဆရာတို႔ ဟို မူဆယ္၊ လားရႈိး၊ ၁၁၅ မိုင္ အားလုံး ဒါေတြ အားလုံးဟာ ေျပာေနတာလည္း ၾကာၿပီ၊ ဟုတ္တယ္မဟုတ္လား၊ ေနာက္တစ္ခါ ဆရာတို႔အေနနဲ႔ ဒီဘက္ ဟိုဘက္မွာ ႏွစ္ႏိုင္ငံအေနနဲ႔ ဆရာလည္း ေရာက္တယ္၊ အဲ့ဒီမွာသူတို႔ဘာလဲ ပတ္စ္ပို႔ ဂိတ္ေၾကးေပါ့ေလ၊ ႏွစ္ႏိုင္ငံ အဲ့ဒါႀကီးကိုလည္း ဖြင့္ဖို႔ေျပာေနတာ ၾကာၿပီ၊ ဒီမွာလည္း အဲ့ဒီကိစၥေတြကို အထူးသျဖင့္ျမန္ျမန္ ဆန္ဆန္လုပ္ႏိုင္မယ့္ တစ္ခုပဲ ဆရာစဥ္းစားလို႔ မရတာ။ မသိလို႔လား မလုပ္တတ္လို႔လား အဲ့ဒီေမးခြန္းႏွစ္ခုက ေတာ့ အေျခခံေမးခြန္းျဖစ္ေနတယ္။

ဘယ္လိုလုပ္ရမယ္ ဆိုတာကို ေပၚလစီနဲ႔ပတ္သက္လို႔ ကုန္သြယ္မႈေပၚလစီနဲ႔ပတ္သက္လို႔ ဒါေတြ လုပ္လို႔ရွိရင္ေတာ့ အဆင္ေျပမယ္၊ တိုင္းျပည္အတြက္ေကာင္းမယ္ ဆိုတာကို မသိလို႔မလုပ္တာလား၊ သို႔တည္း မဟုတ္ သိလ်က္နဲ႔ မလုပ္တာလား။အေျဖက ႏွစ္ခုျဖစ္ေနတာေပါ့ေလ။ ကိုယ့္အေနနဲ႔အခုအထိက ဒါႀကီးက ေလးႏွစ္ေက်ာ္သြားၿပီ၊ ငါးႏွစ္လည္း ျပည့္ေတာ့မယ္ ဒီလိုေမးခြန္းေမးရင္းနဲ႔ၿပီးသြားၿပီ၊ သိလား မတတ္လို႔လား မသိလို႔လားဆိုတဲ့ ေမးခြန္းပဲ၊ တစ္ခါတေလ စဥ္းစားၾကည့္တာေတာ့ မသိလည္းမသိ၊ မတတ္လည္းမတတ္တဲ့ ျပႆနာလိုျဖစ္ေနတယ္၊ ကုန္သြယ္မႈမွာ စီးပြားေရးမွာ ႏွစ္ခုလုံးတစ္ၿပိဳင္နက္ မသိလည္းမသိဘူး၊ မတတ္ လည္းမတတ္ဘူးဆိုေတာ့ ဘာမွကို လုပ္လို႔မရတဲ့အေနအထားေပါ့။ အခုလိုဆိုရင္ ဟိုဘက္က အားေပးေန တဲ့အခ်ိန္မွာ တစ္ခ်ိဳ႕ကိစၥကလည္း မလိုအပ္ရင္ ႏိုင္ငံေရးကိစၥပါလာတယ္။

 

အခု ႏိုင္ငံေရးလို႔ေျပာရင္ လူအႀကိဳက္ေတြေပါ့၊ လူေတြ ထင္တာက တ႐ုတ္လို႔ေျပာလိုက္ရင္ မႀကိဳက္ဘူးထင္တာေပါ့၊ ဒါအမ်ားရဲ႕ဆႏၵအျမင္နဲ႔။ ေျပာလိုက္တာနဲ႔ ျမစ္ဆုံသြားစဥ္းစားတယ္၊ အခုက ျမစ္ဆုံကိစၥမွ မဟုတ္တာ၊ အဲ့ဒါႀကီးကို ခြဲထြက္ၿပီး ဆင္ျခင္တတ္ၿပီးေတာ့ သတၱိရွိရွိ လုပ္ရဲဖို႔ လိုတယ္ေလ၊ ဟုတ္တယ္မဟုတ္ လား ျပတ္ျပတ္သားသားေပါ့၊ ကိုယ့္ႏိုင္ငံတိုးတက္ဖို႔ နယ္စပ္ကုန္သြယ္ ေရးက အေရးႀကီးတယ္၊ ဟုတ္တယ္ မဟုတ္လား၊ နယ္စပ္ကုန္သြယ္ေရးေခ်ာေမြ႕ေအာင္၊ ျဖစ္ေစခ်င္တာက ဥပမာ-ဆရာေျပာတာက ကာစီႏိုေတြ လာေထာင္ဖို႔ေျပာတာမဟုတ္ဘူး။ ကာစီႏိုေတြလာေထာင္တဲ့ဟာမ်ိဳးက လက္ခံစရာအေၾကာင္းမရွိဘူးေလ။

သို႔ေသာ္လည္း တကယ့္ေကာင္းေရာင္းေကာင္းဝယ္ ကုန္သြယ္မႈ သူတို႔ အတြက္လည္း အဆင္ေျပတယ္၊ ကိုယ့္အတြက္လည္း အဆင္ေျပတယ္၊ တစ္ခုေတာ့ ရွိတယ္ကြဲ႕၊ ဆရာတို႔မွာေလ Trade နဲ႔ပတ္သက္လာရင္ ကုန္သြယ္မႈနဲ႔ပတ္သက္လာရင္ win and win ေပါ့ေနာ္။တ႐ုတ္နဲ႔ ျမန္မာၾကားမွာ တ႐ုတ္နဲ႔လည္း အဆင္ေျပတယ္၊ ကိုယ္လည္းအဆင္ေျပတဲ့အေျခအေနမ်ိဳးရွာဖို႔ ရတယ္ဆိုတာကို သိဖို႔လိုတယ္၊ အခုျဖစ္ေန တာ Zero Sum ေလ၊ No Rate ေလ၊ သူတို႔အႏိုင္ယူ ဒို႔က အရႈံးေပးရမွာ ဆိုတာမ်ိဳး။ ဒို႔လည္းမရႈံးဘူး၊ သူတို႔ လည္း မရႈံးဘူးဆိုတဲ့ အေျဖမ်ိဳးကို ဆရာထင္တယ္ ရွာဖို႔ေတာ့ လိုလိမ့္မယ္၊ အဲ့ဒီေတာ့ ဒီေနရာမွာေပါ့ေလ၊ ဒီကုန္သည္ေတြရဲ႕ ၾသဇာလည္း ဘယ္ေလာက္ေညာင္းလဲ ဆိုတာကလည္း အေရးႀကီးတာကို။

စီးပြားေရးလုပ္တဲ့သူက ကုန္သည္ေတြလုပ္တာေလ၊ အခုကျဖစ္ေနတာက စီးပြားေရးလုပ္တဲ့ ေပၚလစီ ေတြ အားလုံးက ကုန္သည္ေတြ ကိုင္ခ်င္တာမဟုတ္ဘဲနဲ႔ အစိုးရဌာနအရာရွိေတြ သြားလုပ္တာ။ အဲ့ဒီအခါက် ေတာ့ သူတို႔အေနနဲ႔ သူတို႔ရဲ႕မ်က္စိဟာ သူတို႔ရဲ႕ေပတံဟာ အၿမဲတမ္း အုပ္ခ်ဳပ္ေရး ေပတံေလ၊ သူက ျပႆနာ ေတြ အားလုံးကိုေျဖရွင္းတဲ့အခါမွာ ဥပေဒေတြနဲ႔ေျဖရွင္းတယ္၊ လုပ္ထုံးလုပ္နည္းေတြနဲ႔ေျဖရွင္းတယ္၊ တကယ္ တမ္းေတာ့ ဒီဥပေဒေတြ လုပ္ထုံးလုပ္နည္းေတြဟာ အစြန္းေတြ မေရာက္ေအာင္ ထိန္းေပးတာေလ။ စီးပြားေရး လုပ္ငန္း လုပ္ခ်င္တဲ့သူေတြ လုပ္ခ်င္တဲ့ဆႏၵရွိေအာင္ ဖန္တီးေပးရမယ္ဆိုတဲ့ ေပၚလစီေတြ ရွိရမွာေလ။

လုပ္ခ်င္ကိုင္ခ်င္ စိတ္ရွိေအာင္ အခုကေတာ့ လုပ္ခ်င္ကိုင္ခ်င္စိတ္ ပ်က္ေအာင္လုပ္တာေလ။ လုပ္ခ်င္ တဲ့သူေတြအားလုံး စိတ္ဓာတ္ေတြက်ၿပီးေတာ့ မလုပ္ေတာ့ပါဘူးဆိုတဲ့ အထိ ျဖစ္ေအာင္ကို ကပ္သီးကပ္သပ္ ေတြးတာ၊ သူတို႔ချမာလည္း အက်င့္က ပါေနေတာ့ ယိုေပါက္မရွိေအာင္ သြားပိတ္တာ၊ ယိုေပါက္မရွိေအာင္ သြားပိတ္ေတာ့ ပိတ္ရင္းပိတ္ရင္းနဲ႔ ဘာမွလုပ္လို႔မရေတာ့ဘူးေလ၊ အမွားကေတာ့ရွိမွာေပါ့ ဟုတ္တယ္မဟုတ္လား။

ဒါကေတာ့ စြန႔္ရမွာပဲ၊ စီးပြားေရးလုပ္ရင္ စြန႔္စားရမွာပဲ၊ အေရးႀကီးတာက လိုအပ္တဲ့ထိန္းခ်ဳပ္မႈေတြကို ကိုယ့္အေနနဲ႔ ပြင့္လင္းျမင္သာစြာလုပ္ရင္ေတာ့ သူတို႔စိတ္ပူသလို ဆရာနားလည္ပါတယ္၊ သူတို႔စိတ္ပူ တာ လည္းရွိတာေပါ့။သူတို႔အေနနဲ႔ တစ္ခ်ိန္တုန္းက ဘာျဖစ္တယ္၊ညာျဖစ္တယ္၊သူတို႔မွာလည္း အတိတ္ကို အၿမဲတမ္း သတိရေနတာေလ၊ အတိတ္ကို သတိရေနေတာ့ ဟိုတုန္းကဒီလိုျဖစ္ခဲ့တယ္၊ ဒီအလွည့္က်ရင္ ဒီလိုမျဖစ္ေတာ့ဘူး၊ ဟိုတုန္းက ဘယ္လိုျဖစ္ခဲ့တယ္၊ ဟိုတုန္းက ျမစ္ဆုံႀကီးဘယ္လိုေပးခဲ့တယ္၊ ဘာညာ အဲ့ဒါမ်ိဳးေတြေပါ့။ အဲ့ဒီအခါက်ေတာ့ အဲ့လို ဒါေတြကိုအၿမဲတမ္းျပန္ၿပီး ထမင္းလုံး တေစၦေျခာက္ေနသလို ျဖစ္ေနေတာ့ လုပ္ရကိုင္ရနည္းနည္း ခက္တာေပါ့၊ ဒါေတြက ထားလိုက္ေတာ့ ၿပီးခဲ့ၿပီ၊ ကိုယ့္အလွည့္က်ရင္ ကိုယ္က ယုံယုံၾကည္ၾကည္နဲ႔ သတၱိရွိရွိနဲ႔ လုပ္မယ္ဆိုတဲ့စိတ္ရွိရင္ေတာ့ ဆရာထင္တယ္ အဆင္ေျပလိမ့္မယ္လို႔ ေအာက္ေမ့တာပဲ။

Opinion leaders ။   ။ မၾကာခင္က ျမန္မာႏိုင္ငံဆိုင္ရာ အေမရိကန္သံအမတ္ႀကီးအျဖစ္ခန႔္အပ္ခံရမယ့္သူကို လႊတ္ေတာ္ႏိုင္ငံျခားေရးေကာ္မတီက ၾကားနာပြဲ လုပ္ေဆာင္ခဲ့ရာမွာ  သံအမတ္သစ္က ျမန္မာႏိုင္ငံအေပၚ ဆိုးဝါး တဲ့ အႏၲရာယ္ သက္ေရာက္မႈ ရွိတာေတြကေန ကာကြယ္ေရးအတြက္ ကူညီေစာင့္ေရွာက္မယ္လို႔ ေျပာခဲ့တာကို ေတြ႕ရပါတယ္ဆရာ။ အရပ္သားအစိုးရတက္လာၿပီးေနာက္ပိုင္း အေမရိကန္က ျမန္မာနဲ႔ပတ္သက္ရင္ ေနာက္ဆုတ္လာတာကေန အခု ေ႐ြးေကာက္ပြဲနီးလာလို႔ ျပည္တြင္းႏိုင္ငံေရး ရႈပ္ေထြးတဲ့ ကာလမွာ အခုလို ေျပာခဲ့တဲ့ အတြက္  ဒီေျပာဆိုခ်က္ေၾကာင့္  ျမန္မာႏိုင္ငံေရးကိုဘယ္လို သက္ေရာက္ လာႏိုင္သလဲ၊ ေဒသတြင္း အေမရိကန္ရပ္တည္ပါဝင္မႈက အရင္ကထက္ ပိုအားေကာင္းလာႏိုင္သလားဆရာ။

ပါေမာကၡေဒါက္တာေအာင္ထြန္းသက္ ။    ။ တစ္ခုကေလ ဆရာတို႔ ခဏခဏေျပာခဲ့တယ္ ေဆြးေႏြးခဲ့တယ္၊ Geo Politic ေပါ့၊ ပထဝီႏိုင္ငံေရးပဲေလ၊ တ႐ုတ္နဲ႔ ဆိုရင္ ခဏခဏ ဒီေန႔မနက္ေတာင္ နားေထာင္လိုက္ေသး တယ္၊ COVID 19 ကို China Flu လို႔ သုံးတယ္၊ ထရန႔္ကေလ။ ဒါက မလုပ္သင့္တဲ့ မေျပာသင့္တဲ့ စကားလုံး ႀကီး။China Flu က ဟုတ္မွမဟုတ္တာ၊ သို႔ေသာ္လည္း သူ႔အေနနဲ႔ သူ႔ရဲ႕ Bias ေပါ့ေလ၊ သူ႔အေနနဲ႔ တ႐ုတ္ကို ဆန႔္က်င္မွ သူ႔ကိုေထာက္ခံမယ့္သူ ရွိမယ္၊ Anti Chinese ေပါ့ေလ၊ အဲ့ဒီ Anti Chinese က အေမရိကန္ ႏိုင္ငံရဲ႕ ႏိုင္ငံေရးခံယူခ်က္ေလ။ အဲ့ဒီေတာ့ ဘာေၾကာင့္လဲဆိုေတာ့ သူတို႔အေနနဲ႔ စိတ္ပူတာက တ႐ုတ္ရဲ႕ စီးပြားေရး အင္အားကိုလည္း ေၾကာက္တယ္။ စီးပြားေရးအင္အားေၾကာက္တဲ့အတြက္ ဒါက သူတို႔ဟို တစ္ကမာၻလုံး အတိုင္းအတာအေနနဲ႔ ရွိတာ။

 

ဒါေပမဲ့ တစ္ဖက္ကလည္း ကိုယ့္ႏိုင္ငံနဲ႔ပတ္သက္လာရင္ တ႐ုတ္နဲ႔ ျမန္မာျပည္နဲ႔ နီးစပ္တာ ရင္းႏွီး တာကလည္း စိတ္ပူတာေပါ့။ဘာေၾကာင့္လဲဆိုေတာ့ တ႐ုတ္နဲ႔ျမန္မာနဲ႔ဟာ နယ္စပ္ျဖစ္ေနတယ္၊ နယ္စပ္ျဖစ္ ေနရင္ တ႐ုတ္ရဲ႕ လႊမ္းမိုးမႈေတြမ်ားလာရင္ သူတို႔ရဲ႕အရွိန္အဝါေလ်ာ့သြားမွာ၊ တစ္ခ်ိန္တုန္းကေတာ့ သိတဲ့အတိုင္းပဲ နဝတအစိုးရ လက္ထက္ေတြဘာေတြမွာ သူတို႔ကအစိုးရနဲ႔ ဆန႔္က်င္တဲ့ ႏိုင္ငံေရးေပၚလစီ ေတြလုပ္ခဲ့တယ္ေလ၊ အေမရိကန္နဲ႔ ျမန္မာအစိုးရက အဆင္မေျပဘူး၊ အဆင္မေျပေပမယ့္ အခုဒီမိုကေရစီ အစိုးရလက္ထက္မွာ အိုဘားမားလာတယ္ ဘာညာဆိုေတာ့ ဆရာတို႔မွာ  ႏိုင္ငံတစ္ခုအေနနဲ႔ ႏိုင္ငံသားတစ္ေယာက္ အေနနဲ႔ၾကည့္ရင္ ဆရာတို႔မွာ ေ႐ြးစရာႏွစ္ဘက္စလုံးရွိတာေပါ့။

 

တစ္ဖက္ကလည္း အေမရိကန္နဲ႔ဆက္ဆံလို႔ရတယ္၊ ဆက္ဆံေရး မပ်က္ဘူး၊ တစ္ဖက္ကလည္း တ႐ုတ္နဲ႔ ကိုယ္နဲ႔နီးစပ္တယ္၊ ဆရာတို႔အၿမဲတမ္းေျပာေနတဲ့ ေပါက္ေဖာ္ဆက္ဆံဆက္သြယ္ေရးက အေရးႀကီး တယ္ေလ၊ ကိုယ့္အေနနဲ႔ တစ္ခုတည္းရွိတာက ဆရာတို႔ လြတ္လပ္ေရးရတဲ့အခ်ိန္ကစ‌ၿပီး ၁၉၄၈ ကတည္းက ေပါ့၊ ျမန္မာႏိုင္ငံရဲ႕ တ႐ုတ္ ဆက္ဆံေရး ျမန္မာႏိုင္ငံရဲ႕အေနာက္ႏိုင္ငံနဲ႔ ထိေတြ႕ဆက္ဆံမႈဟာ အၿမဲတမ္းထိ လြယ္ရွလြယ္ျဖစ္ေတာ့ ထင္သာ ျမင္သာေအာင္ ႀကိဳးစားေနရတာေလ၊ အဲ့ဒါက ဆရာတို႔ရဲ႕တကယ့္ကို အေျခခံႀကီးတစ္ခုျဖစ္ေနတယ္၊ ဘာေၾကာင့္လဲဆိုေတာ့ ကိုယ့္အေနနဲ႔ ဘက္လိုက္လို႔မျဖစ္ဘူး၊ တ႐ုတ္ရဲ႕ လႊမ္းမိုးမႈလည္းမခံႏိုင္သလို အေနာက္ႏိုင္ငံရဲ႕လႊမ္းမိုးမႈလည္းမခံႏိုင္ဘူး။ ေနာက္တစ္ခါ ျပႆနာတစ္ခုက ဘာလဲဆိုရင္ ဆရာတို႔ UN မွာ ႀကီးငါးႀကီး အၿမဲတမ္း လုံၿခဳံေရးေကာင္စီအဖြဲ႕ဝင္ႏိုင္ငံေတြ ငါးခုထဲမွာ ကိုယ့္ ဘက္ကပါေနဖို႔က အၿမဲတမ္းလိုအပ္တယ္ေလ၊ ကိုယ့္ကို ဗီတိုအာဏာေပးၿပီးေတာ့ ကိုယ့္ကိုကာကြယ္ ေပးဖို႔ လိုတယ္ေလ။ အဲ့ဒါလည္း ရွိေနႏိုင္တယ္၊ အဲ့ဒီေတာ့ အခု စိတ္ဝင္စားစရာလည္းေကာင္းတယ္၊ စိတ္ထဲလည္း မေကာင္းတာရွိတာေတာ့ ဒီမိုကေရစီ တိုက္ပြဲေတြမွာ ဒီမိုကေရစီအားေပးတဲ့ အေနာက္ႏိုင္ငံအေနနဲ႔ အခုအခ်ိန္ မွာ အခုလိုေျပာေနတာဆိုေနရတာကို တစ္မ်ိဳးႀကီးျဖစ္တာေပါ့၊ ဟုတ္တယ္မဟုတ္လား။

အရင္တုန္းက ၈၈ ေနာက္ပိုင္းမွာ သူတို႔က အတိုက္ခံပါတီကို ေဒၚေအာင္ဆန္းစုၾကည္တို႔ဘာတို႔ အားေပးခဲ့တယ္၊ အကူအညီေပးခဲ့တယ္။ အဲ့ေတာ့ အခု က်ေတာ့လည္း အစိုးရတက္လာတဲ့အခ်ိန္မွာ အခုကအေနအထားေတြတစ္မ်ိဳးရွိတယ္။ ေနာက္တစ္ေခါက္ က သူတို႔မွာ ျပႆနာက ဘာလဲဆိုေတာ့ ျပည္တြင္း ပဋိပကၡေတြေပါ့၊ ျပည္တြင္း ပဋိပကၡေတြမွာလည္း တ႐ုတ္ရဲ႕ ဩဇာလည္းႀကီးတာကိုး ဟုတ္တယ္ေနာ္။ ဘာပဲျဖစ္ျဖစ္ ဒါလက္ခံရမွာပဲ၊ အေရးႀကီးတာက သူတို႔အေနနဲ႔ အဲ့ဒါေတြရွိေတာ့ သူတို႔လည္း ညီညာခ်င္တာ၊ ျပည္တြင္းၿငိမ္းခ်မ္းေရး ညီညာခ်င္တာ၊ တ႐ုတ္နဲ႔ျမန္မာရဲ႕ ဆက္ဆံေရးဟာ စီးပြားေရး ႏိုင္ငံေရးမဟုတ္ဘဲနဲ႔ ပဋိပကၡၿငိမ္းခ်မ္းေရးကိစၥလည္းပါတယ္။

 

ဆရာတို႔မွာ လုပ္ရတာေတာ္ေတာ္ခက္တယ္၊ အခုက ဟိုတေလာကျဖစ္လာတဲ့ သံအရာရွိသံမႉး ေရးတဲ့စာေတြနဲ႔ အျပန္အလွန္ ‘ဘတစ္ျပန္ က်ားတစ္ျပန္’ ဟိုေျပာဒီေျပာေတြ ေျပာေနတာ။ ဒါေပမဲ့ ကိုယ့္ အေနနဲ႔ သတိထားဖို႔က ကိုယ့္ႏိုင္ငံအတြက္ ၾကည့္မယ္ဆိုရင္ေတာ့ ကိုယ္ကတစ္သက္လုံး ၾကားေနမူဝါဒ က်င့္သုံးတဲ့ႏိုင္ငံ။ ဆရာတို႔ အေနနဲ႔ ခ်ဴအင္လိုင္းနဲ႔ ဦးႏုတို႔ နားလည္မႈရွိတဲ့ႏိုင္ငံျဖစ္ေတာ့ ကိုယ္က ေနတတ္ ဖို႔လိုတယ္ေလ၊ ကိုယ့္အေနနဲ႔ ဒီ ဆရာတို႔အေနနဲ႔ ဂ်က္စီဂ်ိမ္း ျဖစ္ဖို႔လိုတယ္၊ အတိမ္းအေရွာင္ေကာင္း ဖို႔လို တယ္။ ဒီဘက္ကိုအေျခအေန တစ္ခုကို ၾကည့္ၿပီးေတာ့ ဒီဘက္ကိုမ်က္စိမွိတ္ၿပီးေတာ့ ဟိုဘက္ကိုလုပ္မယ္ ဆိုလို႔ ကိုယ့္မွာအဲ့ဒီလိုေ႐ြးခ်ယ္ခြင့္ မရွိဘူးေလ၊ ဥပမာ- ထိုင္းဆိုပါေတာ့ ထိုင္းဆိုရင္ရွင္းတယ္၊ အေမရိကန္ ဘက္ကို လုံး၀ေပါင္းလိုက္တာေပါ့။ ဟုတ္တယ္မဟုတ္လား အဲ့ဒီပုံစံရွိတယ္။

 

ဗီယက္နမ္ဆိုလည္းၾကည့္။ ဗီယက္နမ္ဆိုလည္း သူတို႔မွာ တ႐ုတ္နဲ႔ ပတ္သက္လာရင္ ျပႆနာ ေတြရွိခဲ့တယ္၊ ဗီယက္နမ္က အေမရိကန္နဲ႔ စစ္ႀကီးအႀကီးအက်ယ္ျဖစ္ခဲ့တာ၊ သို႔ေသာ္လည္းပဲ ဗီယက္နမ္ မွာရွိတဲ့ Investment ေတြေတာ္ေတာ္မ်ားမ်ား US က investment ေတြ၊ အဲ့ဒီေတာ့ သူလည္းပဲ အဲ့ေတာ့ ဆရာ ထင္ပါတယ္ ႏိုင္ငံေရးရႈေထာင့္ကၾကည့္ရင္ ႏိုင္ငံေတြအားလုံးဟာ ကိုယ့္အက်ိဳးအတြက္ အေကာင္းဆုံးျဖစ္တဲ့ အေျဖကိုေတာ့ နည္းအမ်ိဳးမ်ိဳးနဲ႔ ရွာရမွာပဲ။ အဆင္ေျပေအာင္ ေနရမွာပဲ၊ ကိုယ့္မွာက ပိုၿပီးခက္တာက ကိုယ္ ကဒီ တ႐ုတ္နဲ႔ ဆရာတို႔ျဖစ္ပ်က္တာေတြကထား အခုေရရွည္မွာ တ႐ုတ္နဲ႔ထိေတြ႕ရမွာပဲ။ ေနာက္တစ္ခါ တ႐ုတ္ရဲ႕ OBOR ေပါ့။ One Belt One Road ႀကီးဟာလည္း ကိုယ့္ရဲ႕အခြင့္အေရးတစ္ရပ္ေလ၊ ကိုယ္ရဲ႕ထြက္ေပါက္ပဲ၊ အဲ့ဒါလည္းေမ့လို႔မျဖစ္ျပန္ဘူး။ ကိုယ္ကေနတစ္ဆင့္မွ သူတို႔လည္း ထြက္ေပါက္ရွိတာ၊ သူတို႔အတြက္ အေျဖလည္း ကိုယ္ကေပးႏိုင္တဲ့အေနအထားတစ္ခုရွိေတာ့ သူတို႔နဲ႔ဆက္ဆံေရးဟာ ခိုင္ၿမဲဖို႔လိုတယ္၊ အဆင္ ေျပေခ်ာေမြ႕ဖို႔လိုတာေလ။  

Opinion leaders ။   ။ အစိုးရအေနနဲ႔ မၾကာခင္က ရန္ကုန္ၿမိဳ႕အေရွ႕ျခမ္းနဲ႔ မြန္ျပည္နယ္ကမ္း႐ိုးတန္းတစ္ေလွ်ာက္ စက္မႈဇုန္ေတြ တည္ေဆာက္ဖို႔ ေျပာခဲ့တာရွိပါတယ္။ လက္ရွိ ျမန္မာႏိုင္ငံမွာ ျပည္ပ ရင္းႏွီး ျမဳပ္ႏွံမႈက တအိအိဝင္ေနသလို ဘ႑ာေရး ရည္မွန္းခ်က္ နဲ႔လည္း အေတာ္ေလးကိုနီးလာတာကို ေတြ႕လာရတဲ့ အတြက္ ဒီလို ျပည္ပ အထူးသျဖင့္ ဂ်ပန္လုပ္ငန္းရွင္ေတြ လာေရာက္ရင္းႏွီးျမဳပ္ႏွံမႈေတြ လာေရာက္ျဖစ္ခဲ့ရင္ ျမန္မာစီးပြားေရးက အလားအလာေကာင္းလာႏိုင္သလား၊ ဒီလိုလာ ေရာက္ရင္းႏွီးျမဳပ္ႏွံဖို႔ ျမန္မာဘက္က လုပ္သင့္တဲ့ အခ်က္ေတြ ဘာရွိမလဲ  ဆရာ။

ပါေမာကၡေဒါက္တာေအာင္ထြန္းသက္။    ။ အခုက ဆရာတို႔ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္မွာေလ ၿပီးခဲ့တဲ့အပတ္က ခုနေျပာတဲ့ လွည္းကူး၊ ဒီ အထူးစီးပြားေရးဇုန္ႀကီး စင္ကာပူ အဲ့ဒီစင္ကာပူကလည္း ခပ္ေပါ့ေပါ့မဟုတ္ဘူး၊ တိန္ ေရွာင္ဖိန္ တ႐ုတ္ႏိုင္ငံ ျပဳျပင္ေျပာင္းလဲမႈလုပ္တဲ့အခါမွာ သူ႔အေနနဲ႔ လီကြမ္ယုက အကူအညီေတာင္းတယ္ ေလ။သူတို႔အေနနဲ႔စီးပြားေရးျပဳျပင္မယ္ ဘာလုပ္ၾကမလဲဆိုေတာ့ အဲ့ဒီ သူတို႔ဆီမွာ ရွန္ဟိုင္းကေန စၿပီးေတာ့ တ႐ုတ္မွာ ခုနေျပာတဲ့ ျမန္မာျပည္မွာလုပ္ေနတဲ့ စီးပြားေရး ဇုန္ေတြလုပ္ခဲ့တာ။အဲ့ဒီလုပ္ခဲ့တဲ့ ကုမၸဏီကလာမွာ၊ အဲ့ဒီကုမၸဏီႀကီးလာတာ ဆရာတို႔ ႀကိဳဆိုရမယ္ေလ။ အဲ့ဒီကုမၸဏီႀကီးက လွည္းကူးမွာ ေဖာ္ထုတ္တဲ့ အျပင္ကို စက္မႈဇုန္ထဲမွာ Brand ေတြေပါ့၊ ႏိုင္ငံတကာထင္ရွားတဲ့ အမွတ္တံဆိပ္ ေတြကို ေခၚယူလာမွာေလ။

 

ေခၚယူလာတဲ့အခါက်ေတာ့ ကိုယ့္အေနနဲ႔ သိကၡာလည္းရွိတယ္၊ အဲ့လိုလုပ္ေပးတဲ့အတြက္ ကိုယ့္လူငယ္ေတြ အလုပ္အကိုင္အခြင့္လမ္းေတြရမယ္။ ဆရာတို႔ႏိုင္ငံမွာ သိတဲ့အတိုင္းပဲ ျပည္ေတာ္ျပန္ေတြကလည္း အမ်ားႀကီး။ ပုံစံအမ်ိဳးမ်ိဳးနဲ႔ ျပန္လာတဲ့သူေတြ၊ သူတို႔အတြက္က ဆရာတို႔မွာ အလုပ္ေတြရွာေပးဖို႔ လိုတယ္ေလ၊ အဲ့ဒီေတာ့ အဲလိုမ်ား စက္႐ုံအလုပ္႐ုံေတြ အလုပ္အကိုင္ခြင့္ေတြ ရႏိုင္ရင္ ေကာင္းတယ္၊ တစ္ဖက္ ကလည္း စင္ကာပူရွိသလို Aeon ေပါ့ေလ၊ အေရွ႕ေတာင္အာရွ ဂ်ပန္မွာလည္း အႀကီးဆုံးပဲ။ Shopping Mall ႀကီးေပါ့။Shopping Mall ႀကီးကို ဆိပ္ကမ္းမွာလုပ္မယ္ေလ၊ ဆိပ္ကမ္းၿမိဳ႕နယ္မွာ လုပ္မယ္ဆိုေတာ့ အဲ့ဒါလည္းပဲ ကိုယ့္ရဲ႕ Image ေပါ့ေလ။ ဒီေလာက္အခက္အခဲေတြရွိေနတဲ့ ၾကားထဲမွာ အစအထြက္တုန္းကေတာ့ လုံး၀မလာေတာ့ဘူး ထင္တာ။ ရင္းႏွီးျမႇဳပ္ႏွံမႈမလာေတာ့ဘူးထင္တာ။ ဒီႏွစ္မွန္းတာေတာ့ Target မီလိမ့္မယ္လို႔ မွန္းတာပဲ၊ ေက်ာ္မယ္လို႔ မွန္းတယ္ကြဲ႕။

အဲ့ဒီေတာ့ အေရးႀကီးတာကေတာ့ေလ ကိုယ့္ႏိုင္ငံအေပၚ စိတ္ဝင္စားမႈရွိတယ္၊ ကိုယ့္ႏိုင္ငံမွာ ရင္းႏွီးျမႇဳပ္ႏွံမႈ အလားအလာေတြ ေကာင္းေနေသးတယ္ဆိုတာ ဒါလူငယ္ေတြအတြက္ေက်နပ္စရာပါ၊ ေက်နပ္စရာ လို႔ေျပာတဲ့ေနရာမွာ အစိုးရေတြတင္မကဘူး၊ အဲ့ဒီကေနတစ္ဆင့္ ရလာမယ့္အလုပ္အကိုင္အခြင့္အေရး‌ေတြ အတြက္သာ လူငယ္ေတြ အတြက္ အခြင့္အေရးတစ္ခုေပါ့၊ အဲ့ဒါေက်နပ္စရာပါ။

Opinion leaders ။   ။ ဒီလိုဆိုရင္ေတာ့ အကုန္လုံးၿခဳံၾကည့္လိုက္ရင္ အလားအလာေတြ ေတာ္ေတာ္ေလး ေကာင္းတဲ့အေနအထားရွိတာေပါ့ေနာ္ဆရာ။

ေဒါက္တာ ေအာင္ထြန္းသက္ ။    ။ အင္းေပါ့ ကိုယ္ထင္သေလာက္ အားလုံး ခ်ဳံးခ်ဳံးက်သြားတဲ့ပုံစံ မဟုတ္ ေတာ့ဘဲနဲ႔ ဆရာတို႔မွာေနာ္ ဒီအခြင့္အေရးေတြ ရွိေနေသးတယ္။အဲ့ဒီအခြင့္အေရးေတြယူဖို႔ပဲလိုတယ္၊ ေစာေစာက ပထမဆုံးေမးတဲ့ေမးခြန္းျဖစ္တဲ့ ဒီနယ္စပ္ကုန္သြယ္ေရးကိုလည္း ဆရာတို႔ ထဲထဲဝင္ဝင္လုပ္ဖို႔ လိုတယ္၊ အခုေရာက္ေနတဲ့ ရင္းႏွီးထားတဲ့သူေတြအတြက္ကိုလည္း ဂ႐ုစိုက္ဖို႔လိုတယ္လို႔လည္း စဥ္းစားဖို႔ လိုတာပါ။

Opinion leaders ။   ။ အခုလိုေျဖၾကားေပးတဲ့ အတြက္ ေက်းဇူးတင္ပါတယ္ဆရာ။