【 ပညာရှင်များအမြင် 】 “ရခိုင်ဟာ ဆုံမှတ်ဖြစ်နေတယ်၊ လိမ်လိမ်မာမာ ပါးပါးနပ်နပ် လုပ်ဖို့လိုတယ်”

【 ပညာရှင်များအမြင် 】 “ရခိုင်ဟာ ဆုံမှတ်ဖြစ်နေတယ်၊ လိမ်လိမ်မာမာ ပါးပါးနပ်နပ် လုပ်ဖို့လိုတယ်”

အရပ်သားအစိုးရ၏ လက်ကျန်သက်တမ်းကာလအတွင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍတို့တွင် တိုးတက်အောင် လုပ်ဆောင်နေရာတွင် မကြာမီက ပြည်ပကားကုမ္ပဏီများက မြန်မာနိုင်ငံတွင် စက်ရုံလာဆောက်ရန် လုပ်ဆောင်မှုများရှိခဲ့သလို တရုတ်-အမေရိကန် ကုန်သွယ်ရေးစစ်ပွဲကြောင့် ဒေသတွင်းနိုင်ငံများသို့ ရင်းနှီးမြုပ်နှံမှုများ တိုးတက်ဝင်ရောက်လာနိုင်သည့် အခွင့်အလမ်းများ ပေါ်ပေါက်လာခဲ့ပါတယ်။ထိုအခြေအနေကောင်းများ ဖြစ်ပေါ်နေချိန်တွင် ပြည်တွင်း၌ ခပ်စိပ်စိပ်ဖြစ်လာသည့် ဘာသာရေးအခြေခံ ဆန္ဒပြပွဲများကြောင့် မည်သို့ထိခိုက်မှုရှိလာနိုင်သလဲ ဆိုသည့်အပေါ် ဝါရင့်စီးပွားရေးပညာရှင်နှင့် နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေးပုဂ္ဂိုလ် ဆရာ ဒေါက်တာအောင်ထွန်းသက်အား မေးမြန်းခဲ့ပါတယ်။ဆရာ ဒေါက်တာအောင်ထွန်းသက်၏ ရှုမြင်သုံးသပ်ချက် အပြည့်အစုံကို ယခုတစ်ပတ် အထူးအစီအစဉ်အဖြစ် မေးမြန်းဖော်ပြလိုက်ပါတယ်။

(Opinion Leaders Media အယ်ဒီတာအဖွဲ့)

Opinion Leaders ။     ။  မကြာခင်က ဘာသာရေးနဲ့ပတ်သက်တဲ့ ပြဿနာတွေ တရားဥပဒေစိုးမိုးရေး ပြဿနာတွေ စီတန်းလှည့်လည် ဆန္ဒပြတာတွေရှိလာတယ်၊ ပြည်တွင်းအခြေအနေ မတည်ငြိမ်မှုက နောက်လက်ကျန်နှစ်နှစ်အတွင်းမှာ စီးပွားရေးကို ပြန်တွန်းတင်ဖို့ အစိုးရက လုပ်နေတယ်၊ နိုင်ငံရေးတည်ငြိမ်ဖို့ လုပ်နေတယ်၊ နိုင်ငံတကာယုံကြည်မှုရဖို့ နိုင်ငံတော်အတိုင်ပင်ခံ နိုင်ငံခြားခရီးစဉ် သွားတာတွေရှိတယ်၊ နောက်တစ်ခုက ပြည်ပယုံကြည်မှုရအောင် လုပ်ဆောင်နေတာတွေရှိတယ်၊ အဲ့ဒါတွေကို ဒီလိုဖြစ်နေတာတွေက ဘယ်လောက်အထိ သွားထိခိုက်နိုင်သလဲ ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ အဲ့ဒါ ဆရာတို့အတွက် ဒီနေ့မနက်တောင် ပြောနေသေးတယ်၊ စိတ်ပူစရာလေ၊ စိတ်ပူစရာဆိုတာက ကိုယ်အမြဲတမ်းပြောနေတဲ့ နိုင်ငံရေးဘောဂဗေဒပေါ့နော်၊ နိုင်ငံရေးနဲ့ စီးပွားရေးက ချိတ်ဆက်နေတယ်။နိုင်ငံရေးအောင်မြင်တယ်၊ နိုင်ငံရေးတည်ငြိမ်တယ်ဆိုရင် စီးပွားရေးတိုးတက်တာများတယ်၊ အဲဒီတော့ ဆရာတို့ တစ်နေ့က ရန်ကုန်တက္ကသိုလ်မှာ IR ကျောင်းသားတွေ ပြောတဲ့ဟာပေါ့နော်၊ ဗီယက်နမ်ကိုကြည့်ရင် ဗီယက်နမ်က ဖွတ်ဖွတ်ကြေအောင် စစ်ဖြစ်ခဲ့တာ။ဒါပေမဲ့ ဗီယက်နမ်မှာ စစ်ဖြစ်ခဲ့ပေမယ့်၊ သူက စစ်လည်းပြီးသွားရော တိုင်းပြည်ထိုးတက်သွားရော။

အဲ့ဒီတော့ ဆရာတို့သေချာတာကတော့ ဘာလဲဆိုရင် နိုင်ငံရေး စီးပွားရေးဟာ ချိတ်ဆက်နေတယ်ပေါ့၊ အဲ့ဒီတော့ နိုင်ငံရေး စီးပွားရေး ချိတ်ဆက်နေတဲ့အထဲမှာ ဆရာတို့က နိုင်ငံရေးတင်မဟုတ်တော့ဘဲနဲ့ လူတွေအတွက် တော်တော်ကြီးကိုနော် စဉ်းစားရခက်တဲ့ ဘာသာရေး ပါလာတယ်။ ဆရာတို့ဆီမှာ နိုင်ငံရေးတင်မကဘူး၊ ဘာသာရေးပါလာတယ်။ ဘာသာရေးနဲ့ ပတ်သက်လာရင်လည်း အရင်တုန်းက လုံးဝမမျှော်လင့်တဲ့ မထင်မှတ်တဲ့ ဒီအစွန်းရောက်ဘာသာရေးတွေ၊ အစွန်းရောက်ဘာသာရေးလို့ပြောရင် ကိုယ့်နိုင်ငံရဲ့ ဗုဒ္ဓဘာသာအများစုရှိတဲ့ နိုင်ငံမှာ ဒီအစွန်းရောက်ဆိုတာ မရှိဘူးလေ၊

ကိုယ်နားလည်တာက မဇ္ဈိမပဋိပဋာ အလယ်အလတ် မျှမျှတတထားတယ်၊ မေတ္တာတရားထားတယ်၊ ဘာညာဆိုပေမယ့်လည်း ဘာသာရေးကို ခုတုံးလုပ်ပြီးတော့ နိုင်ငံရေးအမြတ်ထုတ်လာတာတွေ များလာတာပေါ့၊ အဲ့ဒီကနေတစ်ဆင့် တိုင်းပြည်မငြိမ်မသက်တွေ ဖြစ်လာတယ်၊ ဘာသာရေးလို့ ပြောပြန်ရင်လည်း ဒါလူတွေက ပရော်ရှင်နယ်မဟုတ်တော့ဘူးလေ။ဦးနှောက်နဲ့ စဉ်းစားတာ မဟုတ်တော့ဘူးလေ၊ ဘာနဲ့စဉ်းစားတာလဲဆိုရင် emotional။ဒီစိတ်ခံစားမှု ရှေ့တန်းတင်လာတဲ့အခါကျတော့ ဂဃနဏ မျှမျှတတ စဉ်းစားတဲ့အင်အားက နည်းလာတယ်။ အဲ့ဒီတော့ ဒါကြောင့် တစ်ကမ္ဘာလုံးမှာရှိတဲ့ ဘာသာရေးကို အခြေခံတဲ့ ပဋိပက္ခတွေအားလုံးဟာ ဒီဦးနှောက်နဲ့စဉ်းစားလို့ ပြောရတဲ့ ဆုံးဖြတ်တာမဟုတ်တော့ဘဲနဲ့ နှလုံးသားနဲ့ ခံစားချက်နဲ့ လုပ်တဲ့အခါကျတော့ လုပ်ရကိုင်ရတာ အင်မတန်ကြီးကိုခက်တယ်။

အဲ့ဒီတော့ ဆရာတို့ တစ်ကမ္ဘာလုံးမှာ ဒီလို ဘာသာရေးအစွန်းတရားတွေဟာ ဒီလိုပဲ တဖြေးဖြေးပေါ်လာတယ်၊ နေရာတိုင်းလိုလို ပုံစံအမျိုးမျိုးနဲ့ ပေါ်လာတော့ ကိုယ်လုံးဝမမျှော်လင့်တဲ့ ကိုယ့်နိုင်ငံမှာ အင်မတန်အေးချမ်းတဲ့ တည်ငြိမ်တဲ့တရားရှိတဲ့ ဗုဒ္ဓဘာသာနိုင်ငံမှာ ဒီလိုပဋိပက္ခတွေ ဖြစ်လာတာတွေ တကယ်တမ်းတော့ ဆရာအောက်မေ့တာပေါ့နော်။
ဟိုဘာသာရေးသက်သက် မဟုတ်တော့ဘဲနဲ့ နိုင်ငံရေးပါလာပြီ၊ နိုင်ငံရေးအရိပ်တွေက အများကြီးပါလာတယ်၊ အရိပ်တွေပါလာတော့ ခုနပြောတဲ့ ၂၀၂၀ နီးလေလေ ဒီအရှိန်အဟုန်တွေက မလျော့ဘဲနဲ့ တိုးလာတာပေါ့၊ အဲ့ဒီတော့ အဲ့ဒီလိုပေါင်းလိုက်ရင်တော့ နိုင်ငံရေးရယ်၊ ဘာသာရေးရယ်၊ စီးပွားရေးရယ် ပေါင်းလိုက်ရင်တော့ ဆရာတို့ စိတ်ပူစရာပေါ့နော်။

အဲ့ဒီမှာ ဆရာတို့အနေနဲ့ ဘာသာရေးတာဝန်ရှိတဲ့သူတွေ ခေါင်းဆောင်တွေ ဘာပြောကြမလဲ၊ နိုင်ငံရေးခေါင်းဆောင်တွေ ဘာပြောကြမလဲ၊ စီးပွားရေးခေါင်းဆောင်တွေ ဘာပြောကြမလဲဆိုတဲ့ မေးခွန်းကတော့ ထုတ်စရာပဲပေါ့၊ ကိုယ့်အနေနဲ့ ပြောနိုင်တာတော့ အစွန်းတရားတွေမရှိဖို့ပဲ၊ ဘာသာရေးဆိုတာ ကိုယ်တစ်ယောက်ချင်း၊ တစ်ဦးချင်း၊ ခံယူချက် ဒါဘာသာကို ကိုးကွယ်တယ်၊ လေးစားတယ်၊ ယုံကြည်တယ်ဆိုရင် ဗုဒ္ဓဘာသာဝင် ပီပီသသဖြစ်အောင် လုပ်ကြပါဆိုပြီး ဒါပေမဲ့ တစ်ခုရှိတာ သူတို့စိတ်ပူတာလည်း ရှိတယ်ကွဲ့၊ အဲ့ဒီစိတ်ပူတာက ဘာသာကွယ်ပျောက်သွားလိမ့်မယ် ဗုဒ္ဓဘာသာ တခြားနိုင်ငံတွေမှာ အရင်တုန်းက ဗုဒ္ဓဘာသာနိုင်ငံဖြစ်တဲ့ တက္ကသီလ တက္ကသိုလ်တွေ စဖြစ်ထွန်းတဲ့နေရာဖြစ်တဲ့ ပါကစ္စတန်နိုင်ငံတောင်မှ ဗုဒ္ဓဘာသာကနေ အစ္စလာမ်ဘာသာ ဖြစ်သွားတယ်။

အာဖဂန်နစ္စတန်နိုင်ငံမှာတောင် ဗုဒ္ဓဆင်းတု အကြီးကြီးတွေ ရှိတဲ့နေရာမှာတောင် ပျောက်သွားတယ်၊ အင်ဒိုနီးရှားမှာ ပျောက်သွားတယ်ဆိုတဲ့ ဒီစိတ်ပူချက်တွေလည်း ရှိတာပဲ၊ အဲ့ဒီတော့ အဲ့ဒီစိုးရိမ်စိတ်တွေကို ဆရာတို့ ဂဃနဏ အကြောင်းအကျိုး စဉ်းစားပြီး အဖြေပေးနိုင်ဖို့ လိုလိမ့်မယ်လို့ အောက်မေ့တယ်၊ မဟုတ်ရင်တော့ စိတ်ပူတဲ့သူကို စိတ်မပူနဲ့လို့ ပြောဖို့က ခက်တယ်နော်၊ သူတို့မှာ အဲ့ဒီလိုဖြစ်တော့ ခင်ဗျားတို့ သိပ်အလိုမလိုက်နဲ့ အလိုလိုက်ရင် ဘာသာတောင်။အဲ့ဒီတော့ နေုာက်တစ်ခါ လူမျိုးပါလာပြန်ရော အမျိုးတွေ ဗမာမျိုးပျောက်မယ်တို့ အဲ့ဒီဟာတွေ အားလုံးက လူတွေရဲ့ ဒါ ဆရာထင်တာနော် ဒါကိုလည်းစိတ်ဝင်စားသူမို့။ လူတွေမှာ Fear ပေါ့၊ အကြောက်တရားနဲ့ လုပ်တာဟာ ထိရောက်တယ်၊ အောင်မြင်တယ်၊ အခု ထရန့် အောင်မြင်တာ ဘာကြောင့်လဲ အကြောက်တရားနဲ့ ဟုတ်တယ်မဟုတ်လား၊ နိုင်ငံတကာကလူတွေ တို့ဆီကိုလာပြီ တို့ဆီက အလုပ်တွေကို ယူသွားပြီ ဟုတ်တယ်မဟုတ်လား၊ ဒီကောင်တွေက အကြမ်းဖက်တဲ့ကောင်တွေ တို့ဆီကိုလာပြီးတော့ မုဒိမ်းကျင့်တယ် ဘာညာနဲ့ ပြောလိုက်တော့ လူတွေက Fear ကို ကြောက်တယ်လေ၊ အကြောက်တရားသည် နိုင်ငံရေးမှာ တော်တော်ထက်မြက်တဲ့ လက်နက်တစ်ခု၊ အဲ့ဒီတော့ အကြောက်တရားနဲ့ လုပ်ပြီးတော့ မေတ္တာနဲ့ကျတော့ ပြောရတာ နည်းနည်းလက်ဝင်သလို ဖြစ်ပြီးတော့ ဆရာတို့မှာ အခက်အခဲတွေ အများကြီး ရှိနေတာပေါ့လေ၊

Opinion Leaders ။     ။ နောက်တစ်ခုက မကြာခင်က တရုတ်စီးပွားရေးစြင်္ကန်တွေ BRI ပတ်သက်ပြီးတော့ ဒီဘက်ကနေ စပြီးတော့ ပြင်ဆင်လာတာတွေရှိတယ် ဆရာ၊ လတ်တလောမှာလည်း တရုတ်သံအမတ် အပြောင်းအလဲရှိနေတယ်၊ ဆန်စပါးနဲ့ ပတ်သက်ရင်လည်း တရုတ်ဘက်ကို ပို့တဲ့နေရာမှာ အခုဆိုရင် သဘောတူညီချက် အရ တန်ချိန်တစ်သောင်းကတော့ ဘာတာစနစ်နဲ့ တန်ချိန်သိန်းချီအောင် တင်နိုင်အောင် လုပ်မယ်ဆိုတော့ အခုလက်ရှိအချိန်အထိ ရခိုင် Conflict ကလည်း တရုတ်နဲ့ ဆက်စပ်နေတဲ့ ဒီဟာတွေနဲ့ ဆက်စပ်တဲ့ ကျောက်ဖြူလို ဖြစ်နေတဲ့အခါကျတော့ ဒီလိုမျိုး လူမျိုးရေးပဋိပက္ခတွေကနေ ဘာသာရေးပဋိပက္ခတွေ အဲ့ဒီလိုလှည့်လှည့်နေတာတွေက တရုတ်နဲ့ မြန်မာနဲ့ ဆက်ဆံရေးကြားမှာ၊ BRI တို့မှာ သွားပြီးတော့ ထိနိုင်လား ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ အခု ဒီ တရုတ်-မြန်မာ ဆက်ဆံရေးပေါ့၊ တရုတ်-မြန်မာ ဆက်ဆံရေးကို ကြည့်လိုက်လို့ရှိရင် ဆရာထင်တယ်ဟို ပုဂံခေတ်ကနေ စကြည့်မှရမယ်၊ ဟုတ်တယ်မဟုတ်လား၊ ခပ်ဝေးဝေးကြည့်မှရမယ်၊ ဘာကြောင့်လဲဆိုတော့ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံက အနော်ရထာ လက်ထက်ကတည်းက ကျန်စစ်သားတို့ လက်ထက်ကတည်းက အခု ဆရာတို့ ပုဂံမှာရှိတဲ့ ဆေးရေးပန်းချီကို ကြည့်လိုက်ရင် မွန်ဂိုတွေ ရောက်လာတာ သိသာတယ်၊ ဟုတ်တယ်နော် ဆရာတို့နဲ့ သူတို့နဲ့က ကြိုက်၏ မကြိုက်၏ ဆက်ဆံရေးရှိခဲ့တာ၊ ဗန်းမော်ကနေတစ်ဆင့် လာခဲ့တာ။အဲ့ဒီတော့ ဆရာထင်တယ် နှစ်နိုင်ငံဆက်ဆံရေးဟာ နောက်ပိုင်း အခုသုံးလာတဲ့ ပေါက်ဖော်ဘာညာ စကားလုံးတွေနဲ့ သုံးလာတယ်။

နောက်တစ်ခု ဆရာတို့သိဖို့လိုတာကတော့ ၁၉၄၈ ခုနှစ် ဆရာတို့က လွတ်လပ်ရေးရတာ စောတယ်၊ မော်စီတုန်း အာဏာရတာ ၁၉၅၀ မှ ရတယ် နှစ်နှစ်နောက်ကျတယ်၊ နှစ်နှစ်နောက်ကျတဲ့အခါမှာ အဲ့ဒီတုန်းက ဦးနု အစိုးရက မော်စီတုန်း ကို အားပေးတယ်၊ ထောက်ခံတဲ့ အနေအထားရှိခဲ့တယ်၊ ပြီးတော့မှ ဆရာတို့ သမိုင်းမှာ ကျန်ခဲ့တာလည်း ဒီကွန်မြူနစ်ပါတီရဲ့ အခြေအနေလည်း ရှိတာကိုး၊ ဗကပ က ၁၉၆၄ က ပဲခူးရိုးမကနေတစ်ဆင့် ဒီဘက်ကို ပြောင်းသွားတဲ့အခါမှာ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖိအားပေးမှုတွေကြောင့် ဆရာတို့က ဗကပနဲ့ အခင်းတွေ အများကြီးဖြစ်ခဲ့တာ၊ အဲ့ဒီတော့ ပြောချင်တာက ဘာလဲဆိုရင် တရုတ်နဲ့ မြန်မာနဲ့ဟာ နိုင်ငံရေးအရရော၊ စီးပွားရေးအရရော လူမှုရေးအရရော ဆက်စပ်မှုရှိနေတာ၊ ရှိနေတဲ့အခါကျတော့ အခုနားလည်ဖို့လိုတာက ဆရာထင်တာတော့ တရုတ်ရဲ့ စီးပွားရေးအင်အားပေါ့နော်၊ နံပါတ် ၂ ဖြစ်သွားပြီ၊ အဲ့ဒီတော့ အခု ရှီကျင့်ဖိန် ရဲ့ အစီအမံထဲမှာ အဓိကအကျဆုံး အစီအမံလို့ပြောရင် ဘာလဲဆိုရင် ပိုးလမ်းပဲ ဟုတ်တယ်နော်၊ OBOR လေ၊ OBOR ကို ကြည့်ရင် သူ့ရဲ့ပုံသေနည်းကိုကြည့်ရင် ထွက်ပေါက်က မြန်မာပြည်တစ်ပြည်ထဲရှိတယ်၊ အဲ့ဒီလို ထွက်ပေါက်က မြန်မာပြည်တစ်ပြည်ထဲ ရှိတယ်ဆိုတော့ ခုန ကျောက်ဖြူဆိုတာက OBOR ရဲ့ စီမံချက်တစ်ခုလည်း ပါတယ်။

ပြီးတော့မှ အောက်ဘက်ကို အာဆီယံကို ဆင်းမယ်ဆိုရင် သိတဲ့အတိုင်းပဲ၊ ဟိုဘက်က လာအိုတို့၊ ဗီယက်နမ်တို့ဘက်ကို ပတ်တာကတစ်မျိုး၊ ဒီဘက်ကို တန်းဆင်းမယ်ဆိုရင် စင်ကာပူကို တန်းဆင်းမယ်ဆိုရင် ဆရာတို့ဘက်ကနေ ဖြတ်မှ ရမယ်လေ၊ အဓိပ္ပာယ်က ဘာလဲဆိုရင် ကိုယ်ရဲ့ မဟာဗျူဟာကျတဲ့ တည်နေရာကို ကိုယ်အသုံးချမှ ရမယ်၊ နောက်တစ်ခုက ရခိုင်။
ခုနပြောသလို ရခိုင်ကိစ္စမှာလည်းပဲ ဆရာတို့ အားကိုးနေရမှာက တရုတ်ရဲ့ veto အားကိုးနေရမှာလေ၊ ဟုတ်တယ်မဟုတ်လား၊ တရုတ် veto  တစ်ခုပဲရှိတယ်၊ ရုရှားနဲ့လည်း အဆင်ပြေအောင် ဆရာတို့ အခုကြိုးစားနေရတယ်။

အရင်တုန်းက other veto ပေါ့၊ တရုတ်၊ ရုရှားရှိရင် မကြောက်ဘူး ဆိုတာမျိုးရှိတော့။အဲ့ဒီတော့ အခု နောက်တစ်ခု ဆရာတို့ပြန်ကြည့်ဖို့လိုတာက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အားလုံးဟာ အထူးသဖြင့် မြောက်ပိုင်းအဖွဲ့တွေ အားလုံးဟာ တရုတ်နဲ့ကင်းတဲ့အဖွဲ့ တစ်ဖွဲ့မှမရှိဘူး။ဟုတ်တယ်နော်။၀ ရှိတယ်၊ ကိုးကန့် ရှိတယ် အားလုံးပေါ့။အဲ့ဒီအခါကျတော့ တရုတ်ဟာ အခြေခံဖြစ်နေတယ်။အဲ့ဒီတော့ သူနဲ့ကိုယ်နဲ့ကြား နားလည်မှုဘယ်လိုရအောင်လုပ်မလဲ။ကိုယ်လိုချင်တာချည်းပဲ ရမှာမဟုတ်သလို သူလိုချင်တာချည်းပဲ ဆရာတို့ပေးလို့မဖြစ်ဘူး၊ ဟုတ်တယ်မဟုတ်လား။ကိုယ့်နိုင်ငံပဲကိုလေ။ ဒီနေရာမှာ ပါးပါးနပ်နပ်ကိုင်တွယ်ဖို့ လိုလိမ့်မယ်။

ဆရာ ထင်တာကတော့ ဆရာ့စိတ်ထဲကတော့လေ ဂျူဒိုကစားဖို့လည်း လိုလိမ့်မယ်၊ ဂျူဒိုက ကိုယ်က ကိုယ်လုံးကိုယ်ပေါက်သေးတာကိုး၊ ကိုယ်လုံးကိုယ်ပေါက်သေးတာကို စိတ်မပူတော့ပဲနဲ့ ကိုယ်နဲ့ကစားတဲ့သူက ကိုယ်လုံးကိုယ်ပေါက်ကြီးရင် သူ့အားနဲ့ယူမှရမယ်၊ ဟုတ်တယ်နော် သူ့အားကို ဆရာတို့ဘယ်လိုယူမလဲ လိမ်လိမ်မာမာ ပါးပါးနပ်နပ် သူ့အားကလည်း နည်းတဲ့အား မဟုတ်ဘူးလေ၊ ဆရာထင်တယ် စီးပွားရေးတင်မကဘူး၊ လူမှုရေး နိုင်ငံရေး၊ အဲ့ဒီတော့ တစ်ခုတော့ရှိတယ်ကွဲ့၊ အလကားတော့ ဘာမှမရဘူးထင်တယ်၊ လောကမှာ အလကားရတာ ဘာမှမရှိဘူး ဟုတ်တယ်မဟုတ်လား၊ အပေးအယူကတော့ လုပ်ရမယ်။

ကိုယ်ဘယ်လောက်ပေးပြီးတော့ ဘယ်လောက်ယူမလဲဆိုတဲ့ ဟိုဟာပေါ့လေ လုံး၀ ဝကွက်အပ်လို့ကတော့ မဖြစ်ဘူးလေ။ဟုတ်တယ်မဟုတ်လား၊ အဲ့ဒီတော့ ကိုယ့်အနေနဲ့ counter ဘာလုပ်လို့ရလဲ ဆရာစဉ်းစားစေချင်တာလေ။တရုတ်ရဲ့အားရှိသလို အခုနံပါတ် ၃ ဖြစ်မယ့် သေချာတဲ့ အိန္ဒိယရှိတယ်၊ အိန္ဒိယကလည်း ကိုယ့်အလယ်တည့်တည့်။ကိုယ်ကလည်း တရုတ်နဲ့ အိန္ဒိယရဲ့ အလယ်တည့်တည့်ရှိတော့ တရုတ်ရဲ့ OBOR ရှိသလို အိန္ဒိယရဲ့ look east , hight east ဆိုတာ ရှိတယ်လေ၊ အဲ့ဒီတော့ သူလည်းထွက်ပေါက်ရှာနေတာပဲ၊ သူတို့ဘက်မှာက ပိုပြီးအရေးကြီးတာက ပိတ်မိနေတဲ့ မီဇိုရမ်တို့၊ အာသံတို့၊ မဏိပူရတို့မှာက သူတို့မှာ ထွက်ပေါက်မရှိဘူး၊ သူတို့ထွက်ပေါက်က ကုလားတန်ပဲရှိတယ်။အဲ့ဒီတော့ သွားပြီးတိုက်တိုက်ဆိုင်ဆိုင်ပေါ့ဗျာ။

ကုလားတန် ထွက်တာက ရခိုင်။ကျောက်ဖြူကလည်း ရခိုင်ဆိုတော့ ရခိုင်ဟာ ဆုံမှတ်ဖြစ်နေတယ်လေ။အဲ့ဒီမှာ ဆရာတို့အနေနဲ့ လိမ်လိမ်မာမာ ကစားတတ်ရင်တော့ သူများတွေ စိတ်ပူသလို တရုတ်လက်ထဲ လုံးဝအပ်တာမျိုးမဖြစ်အောင် အိန္ဒိယနဲ့လည်း ကိုယ်တတ်နိုင်သမျှ လိမ်လိမ်မာမာ ပါးပါးနပ်နပ် လုပ်ရင်တော့ဖြင့် ဆရာထင်တယ် ဖြစ်လိမ့်မယ်လို့ အောက်မေ့တယ်ပေါ့နော်။ဘာကြောင့်လဲပြောရင် ခုနပြောတဲ့ ဆန်ကိစ္စတို့ သူက အချိန်မရွေးဟုတ်တယ် မဟုတ်လား တကယ်တမ်း ပွင့်ပွင့်လင်းလင်းပြောရင် သူခလုတ်တစ်ချက်နှိပ်ရင် မြောက်ပိုင်းအဖွဲ့တွေအားလုံး ငြိမ်သွားလိမ့်မယ်။တစ်ခုပဲပြောစရာလိုတာ သူ့အားက အဲ့ဒီလောက်တောင် ရှိတယ်လေ၊ ဆရာတို့ ဘယ်လောက်ကြီးပြောပြော ဟိုတစ်နေ့ကတွေ့လိုက်တဲ့ ‘ဝ’ တပ်က စစ်ရေးပြတဲ့ဟာတွေ အားလုံးက တရုတ်ဟာတွေချည်းပဲလေ။ဒါတွေက သေချာတယ်လေ၊ KIA လည်း ဒီအတိုင်း အဲ့ဒီတော့ မြောက်ပိုင်းအဖွဲ့တွေ အားလုံးရဲ့ ကျောထောက်နောက်ခံ အားပေးနေရတာက တရုတ်ပဲလေ၊ တရုတ်နဲ့ ပါးပါးနပ်နပ် ဆက်ဆံဖို့တော့ လိုလိမ့်မယ်။

အဲ့ဒီလို ပြောလိုက်ပြန်တော့လည်း အစိုးရမှာက ပြဿနာက ဆရာတို့ ခုနပြောတဲ့ မေးခွန်းမှာက anti-chinese ရှိနေသေးတော့ ဟုတ်တယ်မဟုတ်လား၊ အဲ့ဒီတော့ တရုတ်ဆိုရင် ဘာမှလက်မခံဘူး အဲ့ဒီလူတွေနဲ့ ပြောရတာရှိတော့ တော်တော်လက်ပေါက်ကပ်တယ်။အဲ့ဒီက အဖြေရှာဖို့ထက်ကို လုံးဝလက်မခံနဲ့ မပတ်သက်နဲ့ဆိုတော့ ဘယ်လိုလုပ်မလဲ။ကိုယ့်ပတ်သက်မယ့်သူကလည်း သိပ်ရှိတာမဟုတ်ဘူးလေ၊ လက်ရှိအခြေအနေက၊ ရခိုင်အခြေအနေနဲ့ အနောက်နိုင်ငံနဲ့က လုံးဝပတ်သက်မှာ မဟုတ်ဘူး။မတတ်သာလို့သာ စကားတွေပြောနေတာ။အဲ့လိုဟာတွေကို ဆရာတို့က ပြန်စဉ်းစားဖို့ လိုလိမ့်မယ်လို့ အောက်မေ့တာပဲ။

Opinion Leaders ။     ။ ဆရာ နောက်ဆုံးမေးခွန်းပါ ဆရာ၊ မကြာခင်က မြန်မာနိုင်ငံအနေနဲ့ ရင်းနှီးမြှုပ်နှံမှုက အခုနောက်ပိုင်း တိုးလာတာတွေရှိတယ်၊ မနေ့ကဆိုရင် ဒေဝူးကားစက်ရုံဖွင့်တယ်၊ တိုယိုတာတို့ ဘာတို့ကလည်း ဒီမှာလာဖွင့်ဖို့ရှိတယ်။မကြာသေးခင်က တရုတ်နဲ့ အမေရိကန် ကုန်သွယ်ရေးစစ်ပွဲကြောင့် တရုတ်ရဲ့ လုပ်ငန်းအများစုက ဗီယက်နမ်ဘက်ကို ရွှေ့တယ်။အခု ဗီယက်နမ်တံဆိပ်ကို ယူသုံးတဲ့ ပြဿနာတွေဖြစ်တယ်၊ ကျွန်တော်သိချင်တာက လက်ရှိမှာ ကျွန်တော်တို့မှာ စီးပွားရေးအခွင့်အလမ်း ကြီးကြီးမားမားပေါ်လာဖို့ ရှိနေတယ်၊ ပြည်တွင်းမှာ ဒီလို မငြိမ်သက်မှုတွေ၊ တိုင်းရင်းသားဒေသမှာ ဖြစ်ပျက်မှုတွေက ကျွန်တော်တို့ဆီ ဝင်လာနိုင်မယ့် အခွင့်အလမ်းကို ကျွန်တော်တို့ ပြန်ပုတ်ချသလို ဖြစ်မလား ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ အဲ့ဒါ အဓိကပဲလေ၊ ပုတ်ချသလိုဖြစ်တာ။ပုတ်ချနေတာ။ဟုတ်တယ်မဟုတ်လား၊ တစ်ဖက်က MIC အနေနဲ့ ကြိုးစားတယ်၊ တို့ဆီမှာ လာရင်းနှီးပါ၊ မြေကြီးတွေပေးပါ့မယ်၊ တိုယိုတာကလည်း သီလဝါမှာ ခင်ဗျားတို့ကြိုက်တဲ့ နေရာပေးမယ်၊ ဒေဝူးလည်း ဒီအတိုင်းပဲ။ ဒါကောင်းတဲ့လက္ခဏာတွေပဲပေါ့နော်။အဲ့ဒီလို တစ်ဖက်ကကောင်းနေတာကို မြင်နေပြီးတော့ တစ်ဖက်ကကျပြန်တော့လည်း ဒီမှာ ဟိုစီးပွားရေးလုပ်ငန်းရှင်ကိုမေးရင် သူက တစ်ချိန်တုန်းက ဦးသန်းရွှေ လက်ထက်တုန်းကလိုတောင် ဟုတ်တယ်မဟုတ်လား၊ လူ့အခွင့်အရေးတွေ ဘာညာတောင် ခေါင်းထဲသိပ်ထည့်တာ မဟုတ်ဘူး၊ သူ့အနေနဲ့ စီးပွားရေး အေးအေးဆေးဆေးလုပ်ရရင် ယောက်ယက်မခတ်ရင် သူကျေနပ်တယ်။

သူက ပေါ်လစီကို မကြောက်ဘူး၊ ကြောက်တာက အဲ့ဒီပေါ်လစီတွေငြိမ်ဖို့။မငြိမ်တာကြောက်တာ။အဲ့ဒီတော့ ဆရာတို့ဘက်က လုပ်ရမှာက တည်ငြိမ်တဲ့ ပေါ်လစီတွေ တည်ဆောက်တာရယ်၊ တည်ငြိမ်တဲ့ ပတ်ဝန်းကျင်လုပ်ဖို့ တည်ငြိမ်တဲ့ ပတ်ဝန်းကျင်က ကိုယ်တစ်ယောက်တည်း လုပ်လို့မရဘူးလေ၊ အဲ့ဒီတော့ ဆရာထင်တာက တည်ငြိမ်တဲ့ ပေါ်လစီက ကိုယ်လုပ်လို့ရတယ်၊ အစိုးရဌာနအနေနဲ့ တည်ငြိမ်တဲ့ ပေါ်လစီကို တည်ဆောက်နိုင်အောင် ဆရာတို့ လုပ်ပေးရမှာပဲ။ ပြီးတော့ ခုနက ဆရာတို့က ခေါ်လာတယ်။လူကြီးတွေလည်း နိုင်ငံခြားသွားပြီး လာပါလို့ ဖိတ်ခေါ်လာတယ်။တကယ်တမ်း သူတို့လာမှ နဖူးတွေ့ဒူးတွေ့ကျတော့ အခက်အခဲတွေက ရှိပြန်ရော။မြေကြီးက မသေချာတာတို့ လုပ်ခလစာပြဿနာတို့ အခွန်အခကလည်း မသေချာတာတို့ ဒါတွေက ကိုယ်လုပ်လို့ရတဲ့ ကိစ္စတွေ။ဆရာထင်တာက လုပ်လို့မရတာ ခဏထား လုပ်လို့ရတာကို ကိုယ်ကသိဖို့လိုတယ်။

နောက်တစ်ခုက ဆရာတို့ဖြစ်နေတာပေါ့နော် ကိုယ့်ထက် အင်မတန်နောက်ကျပြီး ကိုယ့်အရှေ့ရောက်သွားတဲ့ ဗီယက်နမ်၊ ဗီယက်နမ်ဘာလုပ်သလဲဆိုတဲ့ သင်ခန်းစာတွေ ယူလို့ရတာပဲလေ၊ မဟုတ်ဘူးလား။ဖော်မြူလာကြီး မသိတာမှမဟုတ်တာ၊ သိလျက်နဲ့ ဆရာတို့က မလုပ်နိုင်ဘူး၊ မလုပ်နိုင်တဲ့ဟာကို ပြောပြန်ရင်လည်း ခုနက ပထမမေးခွန်းနဲ့ ပတ်သက်ပြန်ရော တိုင်းပြည်တိုးတက်အောင် လုပ်ချင်တဲ့ ဆန္ဒရှိတဲ့သူတွေရှိသလို ခုနပြောတဲ့ အနှောင့်ပယောဂကလည်း ရှိပြန်ရော။အဆင်ပြေတာကိုပဲ မကြိုက်တာမျိုး ပုံစံမျိုး ပုံစံအမျိုးမျိုး နည်းအမျိုးမျိုးနဲ့ အနှောင့်အယှက်ပေးတာလည်း ရှိတယ်။ကျယ်ကျယ်လောင်လောင်နဲ့ ပေးနေတာတွေရှိသလို တိတ်တိတ်နဲ့ အတားအဆီးတွေ အခက်အခဲတွေဖြစ်အောင် လုပ်နေတာတွေရှိတော့ ဆရာတို့မှာ တကယ့်ကို အရူးမီးဝိုင်းဖြစ်သလို ဖြစ်တယ်။

ပထမမေးခွန်းနဲ့ဆိုင်တဲ့ ဘာသာရေးမီး၊ စီးပွားရေးမီး၊ အုပ်ချုပ်ရေးမီး၊ နိုင်ငံရေးမီးတွေက ပတ်လည်ရိုက်နေတယ်၊ အဲ့ဒီတော့ ဒီကြားထဲမှာ ဆရာတို့က အချင်းချင်းပြဿနာပေါ့၊ ဒါကြောင့် ဆရာတို့ ရွေးကောက်ပွဲကာလ ရွေးကောက်ပွဲပြက္ခဒိန်က ငါးနှစ်တစ်ကြိမ်ဆိုတော့ ဟုတ်တယ်မဟုတ်လား၊ သိပ်မဝေးတော့ဘူး။တလောကတင် သမ္မတကြီးက နိုင်ငံတကာပုဂ္ဂိုလ်တွေနဲ့ ရွေးကောက်ပွဲဝင်တော့မယ်ဆိုတာ ကြေညာလိုက်တယ်၊ ဟုတ်တယ်မဟုတ်လား။ဒါက အားလုံးကို တပ်လှန့်လိုက်တာလေ၊ ဟုတ်တယ်မဟုတ်လား၊ အဓိပ္ပာယ်က နိုင်ငံရေးကာလဖြစ်သွားပြီ၊ နိုင်ရေးခေါင်းလောင်းထိုးလိုက်တာပဲ ပြောလိုက်ရင်လေ ဟုတ်တယ်မဟုတ်လား၊ ဒါစပြီဆိုတော့ အားလုံးက ဦးတည်ချက်က တစ်နေရာတည်း ဖြစ်သွားပြီလေ။

အဲ့ဒီလို တစ်နေရာတည်း ဦးတည်ချက်ဖြစ်သွားတဲ့ အချိန်မှာ ဆရာတို့ ဒီနေရာမှာရှိတဲ့ဟာတွေကလည်း ရွေးကောက်ပွဲပြီးတဲ့အထိ ပြဿနာတွေက ငြိမ်နေမှာမှ မဟုတ်တာ၊ စီးပွားရေးပြဿနာတွေက ရှိနေမှာ၊ နိုင်ငံရေးပြဿနာတွေက ရှိနေမှာ၊ အခု ဒီဖြစ်နေတဲ့ ဘာသာရေးပြဿနာကလည်း လိပ်ခဲတည်းလည်းကြီးလေ၊ အကြီးအကျယ်ကို ပြဿနာဖြစ်မယ့် ကိစ္စဖြစ်နေတော့ စိတ်တော့ စိတ်ပူစရာပေါ့လေ၊ ခုနပြောတဲ့ တရုတ်ပြဿနာကလည်း အရေးကြီးတယ်။တရုတ်ကိစ္စကိုလည်း ဆရာတို့က မျက်စိမှိတ်ပြီး ငြိမ်တဲ့သူတွေ ရှိနေသလို အားလုံးကို လက်ခံတယ်ဆိုတဲ့ ပုံစံတော့ ရှိမနေပါဘူး၊ လက်ခံမယ့်သူတောင် လက်ခံဖို့ မရွံ့မရဲဖြစ်အောင် လုပ်နေတာတွေ ရှိနေတာပဲ၊ ဟုတ်တယ်မဟုတ်လား။သွားလက်ခံမယ့် ကောင်ကိုတောင် အန္တရာယ်လုပ်နေတာတောင် ရှိတယ်၊ ဟုတ်တယ်မဟုတ်လား။ကိုယ့်လူမျိုးကို မျိုးချစ်စိတ် အခုမှပဲပေါ်လာတယ်ကွဲ့။အမျိုးချစ်တဲ့သူတွေကလည်း တော်တော်များလာတယ်ကွဲ့၊ အရေးရယ်အကြောင်းရယ်ကျမှ အမျိုးတွေလာချစ်နေကြတာ။အဲ့ဒီတော့ တကယ်တမ်းကျတော့ ကိုယ့်မှာ ဒီလောက်ဒုက္ခရောက်နေတာကို နည်းနည်းလေး မျှမျှတတမစဉ်းစားဘဲနဲ့ လူကြိုက်များအောင်လို့။

တို့အဖွဲ့ကလည်း ဆယ်လီအဖွဲ့ကိုကွဲ့။ဟုတ်တယ်မဟုတ်လား ဖေ့ဘွတ်နဲ့က အတော်ပဲ၊ like လုပ်တာများရင် share လုပ်တာများရင် သိပ်ပြီးကျေနပ်တာ၊ လက်ခုတ်လက်ဝါးတီးရင် စင်ပေါ်ကကို မဆင်းတဲ့ အဖွဲ့တွေ၊ တော်တော်ကြီးကို ခက်နေတာကွဲ့၊ ဆရာတို့ချိန်းပြီး လုပ်ရမယ့်သူက တော်တော်ခက်တာ၊ သူတို့က ဒါမလိုချင်ဘူး၊ လူတွေသိအောင် ထင်ရှားအောင် ကျော်ကြားအောင် ဟုတ်တယ်မဟုတ်လား။နောက်တစ်ခါ ပိုဆိုးတာက ကာလတိုပဲကြည့်တယ်၊ နောက် ၅ နှစ် ၁၀ နှစ်၊ အနှစ် ၂၀ ကိုယ်မရှိရင် ဘာလုပ်ကြမလဲ၊ ဒီနိုင်ငံကြီး ဘယ်သူ့လက်ထားခဲ့မယ်ဆိုတဲ့ပြဿနာ တော်တော်ကြီးတာနော်၊ အခုဟာက ဆရာတို့ အဲ့ဒီလို ၅ နှစ်၊ ၁၀ နှစ် မစဉ်းစားနိုင်တော့ဘူး၊ အဖြစ်က မနက်ဖြန်ကို စဉ်းစားနေရတယ်၊ အဲ့ဒါက တော်တော်ကြီးကို စိတ်မကောင်းစရာ ပြဿနာပဲ။

Opinion Leaders ။     ။ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာ။

ဒေါက်တာအောင်ထွန်းသက်
ဇွန် - ၁၃

( Zawgyi )

အရပ္သားအစိုးရ၏ လက္က်န္သက္တမ္းကာလအတြင္း ႏိုင္ငံေရး၊ စီးပြားေရး၊ လူမႈေရး က႑တို႔တြင္ တိုးတက္ေအာင္ လုပ္ေဆာင္ေနရာတြင္ မၾကာမီက ျပည္ပကားကုမၸဏီမ်ားက ျမန္မာႏိုင္ငံတြင္ စက္႐ုံလာေဆာက္ရန္ လုပ္ေဆာင္မႈမ်ားရွိခဲ့သလို တ႐ုတ္-အေမရိကန္ ကုန္သြယ္ေရးစစ္ပြဲေၾကာင့္ ေဒသတြင္းႏိုင္ငံမ်ားသို႔ ရင္းႏွီးျမဳပ္ႏွံမႈမ်ား တိုးတက္ဝင္ေရာက္လာႏိုင္သည့္ အခြင့္အလမ္းမ်ား ေပၚေပါက္လာခဲ့ပါတယ္။ထိုအေျခအေနေကာင္းမ်ား ျဖစ္ေပၚေနခ်ိန္တြင္ ျပည္တြင္း၌ ခပ္စိပ္စိပ္ျဖစ္လာသည့္ ဘာသာေရးအေျခခံ ဆႏၵျပပြဲမ်ားေၾကာင့္ မည္သို႔ထိခိုက္မႈရွိလာႏိုင္သလဲ ဆိုသည့္အေပၚ ဝါရင့္စီးပြားေရးပညာရွင္ႏွင့္ ႏိုင္ငံေတာ္သမၼတ၏ စီးပြားေရးအႀကံေပးပုဂၢိဳလ္ ဆရာ ေဒါက္တာေအာင္ထြန္းသက္အား ေမးျမန္းခဲ့ပါတယ္။ဆရာ ေဒါက္တာေအာင္ထြန္းသက္၏ ရႈျမင္သုံးသပ္ခ်က္ အျပည့္အစုံကို ယခုတစ္ပတ္ အထူးအစီအစဥ္အျဖစ္ ေမးျမန္းေဖာ္ျပလိုက္ပါတယ္။

(Opinion Leaders Media အယ္ဒီတာအဖြဲ႕)

Opinion Leaders ။     ။  မၾကာခင္က ဘာသာေရးနဲ႔ပတ္သက္တဲ့ ျပႆနာေတြ တရားဥပေဒစိုးမိုးေရး ျပႆနာေတြ စီတန္းလွည့္လည္ ဆႏၵျပတာေတြရွိလာတယ္၊ ျပည္တြင္းအေျခအေန မတည္ၿငိမ္မႈက ေနာက္လက္က်န္ႏွစ္ႏွစ္အတြင္းမွာ စီးပြားေရးကို ျပန္တြန္းတင္ဖို႔ အစိုးရက လုပ္ေနတယ္၊ ႏိုင္ငံေရးတည္ၿငိမ္ဖို႔ လုပ္ေနတယ္၊ ႏိုင္ငံတကာယုံၾကည္မႈရဖို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံ ႏိုင္ငံျခားခရီးစဥ္ သြားတာေတြရွိတယ္၊ ေနာက္တစ္ခုက ျပည္ပယုံၾကည္မႈရေအာင္ လုပ္ေဆာင္ေနတာေတြရွိတယ္၊ အဲ့ဒါေတြကို ဒီလိုျဖစ္ေနတာေတြက ဘယ္ေလာက္အထိ သြားထိခိုက္ႏိုင္သလဲ ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ အဲ့ဒါ ဆရာတို႔အတြက္ ဒီေန႔မနက္ေတာင္ ေျပာေနေသးတယ္၊ စိတ္ပူစရာေလ၊ စိတ္ပူစရာဆိုတာက ကိုယ္အၿမဲတမ္းေျပာေနတဲ့ ႏိုင္ငံေရးေဘာဂေဗဒေပါ့ေနာ္၊ ႏိုင္ငံေရးနဲ႔ စီးပြားေရးက ခ်ိတ္ဆက္ေနတယ္။ႏိုင္ငံေရးေအာင္ျမင္တယ္၊ ႏိုင္ငံေရးတည္ၿငိမ္တယ္ဆိုရင္ စီးပြားေရးတိုးတက္တာမ်ားတယ္၊ အဲဒီေတာ့ ဆရာတို႔ တစ္ေန႔က ရန္ကုန္တကၠသိုလ္မွာ IR ေက်ာင္းသားေတြ ေျပာတဲ့ဟာေပါ့ေနာ္၊ ဗီယက္နမ္ကိုၾကည့္ရင္ ဗီယက္နမ္က ဖြတ္ဖြတ္ေၾကေအာင္ စစ္ျဖစ္ခဲ့တာ။ဒါေပမဲ့ ဗီယက္နမ္မွာ စစ္ျဖစ္ခဲ့ေပမယ့္၊ သူက စစ္လည္းၿပီးသြားေရာ တိုင္းျပည္ထိုးတက္သြားေရာ။

အဲ့ဒီေတာ့ ဆရာတို႔ေသခ်ာတာကေတာ့ ဘာလဲဆိုရင္ ႏိုင္ငံေရး စီးပြားေရးဟာ ခ်ိတ္ဆက္ေနတယ္ေပါ့၊ အဲ့ဒီေတာ့ ႏိုင္ငံေရး စီးပြားေရး ခ်ိတ္ဆက္ေနတဲ့အထဲမွာ ဆရာတို႔က ႏိုင္ငံေရးတင္မဟုတ္ေတာ့ဘဲနဲ႔ လူေတြအတြက္ ေတာ္ေတာ္ႀကီးကိုေနာ္ စဥ္းစားရခက္တဲ့ ဘာသာေရး ပါလာတယ္။ ဆရာတို႔ဆီမွာ ႏိုင္ငံေရးတင္မကဘူး၊ ဘာသာေရးပါလာတယ္။ ဘာသာေရးနဲ႔ ပတ္သက္လာရင္လည္း အရင္တုန္းက လုံးဝမေမွ်ာ္လင့္တဲ့ မထင္မွတ္တဲ့ ဒီအစြန္းေရာက္ဘာသာေရးေတြ၊ အစြန္းေရာက္ဘာသာေရးလို႔ေျပာရင္ ကိုယ့္ႏိုင္ငံရဲ႕ ဗုဒၶဘာသာအမ်ားစုရွိတဲ့ ႏိုင္ငံမွာ ဒီအစြန္းေရာက္ဆိုတာ မရွိဘူးေလ၊

ကိုယ္နားလည္တာက မဇၩိမပဋိပဋာ အလယ္အလတ္ မွ်မွ်တတထားတယ္၊ ေမတၱာတရားထားတယ္၊ ဘာညာဆိုေပမယ့္လည္း ဘာသာေရးကို ခုတုံးလုပ္ၿပီးေတာ့ ႏိုင္ငံေရးအျမတ္ထုတ္လာတာေတြ မ်ားလာတာေပါ့၊ အဲ့ဒီကေနတစ္ဆင့္ တိုင္းျပည္မၿငိမ္မသက္ေတြ ျဖစ္လာတယ္၊ ဘာသာေရးလို႔ ေျပာျပန္ရင္လည္း ဒါလူေတြက ပေရာ္ရွင္နယ္မဟုတ္ေတာ့ဘူးေလ။ဦးေႏွာက္နဲ႔ စဥ္းစားတာ မဟုတ္ေတာ့ဘူးေလ၊ ဘာနဲ႔စဥ္းစားတာလဲဆိုရင္ emotional။ဒီစိတ္ခံစားမႈ ေရွ႕တန္းတင္လာတဲ့အခါက်ေတာ့ ဂဃနဏ မွ်မွ်တတ စဥ္းစားတဲ့အင္အားက နည္းလာတယ္။ အဲ့ဒီေတာ့ ဒါေၾကာင့္ တစ္ကမာၻလုံးမွာရွိတဲ့ ဘာသာေရးကို အေျခခံတဲ့ ပဋိပကၡေတြအားလုံးဟာ ဒီဦးေႏွာက္နဲ႔စဥ္းစားလို႔ ေျပာရတဲ့ ဆုံးျဖတ္တာမဟုတ္ေတာ့ဘဲနဲ႔ ႏွလုံးသားနဲ႔ ခံစားခ်က္နဲ႔ လုပ္တဲ့အခါက်ေတာ့ လုပ္ရကိုင္ရတာ အင္မတန္ႀကီးကိုခက္တယ္။

အဲ့ဒီေတာ့ ဆရာတို႔ တစ္ကမာၻလုံးမွာ ဒီလို ဘာသာေရးအစြန္းတရားေတြဟာ ဒီလိုပဲ တေျဖးေျဖးေပၚလာတယ္၊ ေနရာတိုင္းလိုလို ပုံစံအမ်ိဳးမ်ိဳးနဲ႔ ေပၚလာေတာ့ ကိုယ္လုံးဝမေမွ်ာ္လင့္တဲ့ ကိုယ့္ႏိုင္ငံမွာ အင္မတန္ေအးခ်မ္းတဲ့ တည္ၿငိမ္တဲ့တရားရွိတဲ့ ဗုဒၶဘာသာႏိုင္ငံမွာ ဒီလိုပဋိပကၡေတြ ျဖစ္လာတာေတြ တကယ္တမ္းေတာ့ ဆရာေအာက္ေမ့တာေပါ့ေနာ္။
ဟိုဘာသာေရးသက္သက္ မဟုတ္ေတာ့ဘဲနဲ႔ ႏိုင္ငံေရးပါလာၿပီ၊ ႏိုင္ငံေရးအရိပ္ေတြက အမ်ားႀကီးပါလာတယ္၊ အရိပ္ေတြပါလာေတာ့ ခုနေျပာတဲ့ ၂၀၂၀ နီးေလေလ ဒီအရွိန္အဟုန္ေတြက မေလ်ာ့ဘဲနဲ႔ တိုးလာတာေပါ့၊ အဲ့ဒီေတာ့ အဲ့ဒီလိုေပါင္းလိုက္ရင္ေတာ့ ႏိုင္ငံေရးရယ္၊ ဘာသာေရးရယ္၊ စီးပြားေရးရယ္ ေပါင္းလိုက္ရင္ေတာ့ ဆရာတို႔ စိတ္ပူစရာေပါ့ေနာ္။

အဲ့ဒီမွာ ဆရာတို႔အေနနဲ႔ ဘာသာေရးတာဝန္ရွိတဲ့သူေတြ ေခါင္းေဆာင္ေတြ ဘာေျပာၾကမလဲ၊ ႏိုင္ငံေရးေခါင္းေဆာင္ေတြ ဘာေျပာၾကမလဲ၊ စီးပြားေရးေခါင္းေဆာင္ေတြ ဘာေျပာၾကမလဲဆိုတဲ့ ေမးခြန္းကေတာ့ ထုတ္စရာပဲေပါ့၊ ကိုယ့္အေနနဲ႔ ေျပာႏိုင္တာေတာ့ အစြန္းတရားေတြမရွိဖို႔ပဲ၊ ဘာသာေရးဆိုတာ ကိုယ္တစ္ေယာက္ခ်င္း၊ တစ္ဦးခ်င္း၊ ခံယူခ်က္ ဒါဘာသာကို ကိုးကြယ္တယ္၊ ေလးစားတယ္၊ ယုံၾကည္တယ္ဆိုရင္ ဗုဒၶဘာသာဝင္ ပီပီသသျဖစ္ေအာင္ လုပ္ၾကပါဆိုၿပီး ဒါေပမဲ့ တစ္ခုရွိတာ သူတို႔စိတ္ပူတာလည္း ရွိတယ္ကြဲ႕၊ အဲ့ဒီစိတ္ပူတာက ဘာသာကြယ္ေပ်ာက္သြားလိမ့္မယ္ ဗုဒၶဘာသာ တျခားႏိုင္ငံေတြမွာ အရင္တုန္းက ဗုဒၶဘာသာႏိုင္ငံျဖစ္တဲ့ တကၠသီလ တကၠသိုလ္ေတြ စျဖစ္ထြန္းတဲ့ေနရာျဖစ္တဲ့ ပါကစၥတန္ႏိုင္ငံေတာင္မွ ဗုဒၶဘာသာကေန အစၥလာမ္ဘာသာ ျဖစ္သြားတယ္။

အာဖဂန္နစၥတန္ႏိုင္ငံမွာေတာင္ ဗုဒၶဆင္းတု အႀကီးႀကီးေတြ ရွိတဲ့ေနရာမွာေတာင္ ေပ်ာက္သြားတယ္၊ အင္ဒိုနီးရွားမွာ ေပ်ာက္သြားတယ္ဆိုတဲ့ ဒီစိတ္ပူခ်က္ေတြလည္း ရွိတာပဲ၊ အဲ့ဒီေတာ့ အဲ့ဒီစိုးရိမ္စိတ္ေတြကို ဆရာတို႔ ဂဃနဏ အေၾကာင္းအက်ိဳး စဥ္းစားၿပီး အေျဖေပးႏိုင္ဖို႔ လိုလိမ့္မယ္လို႔ ေအာက္ေမ့တယ္၊ မဟုတ္ရင္ေတာ့ စိတ္ပူတဲ့သူကို စိတ္မပူနဲ႔လို႔ ေျပာဖို႔က ခက္တယ္ေနာ္၊ သူတို႔မွာ အဲ့ဒီလိုျဖစ္ေတာ့ ခင္ဗ်ားတို႔ သိပ္အလိုမလိုက္နဲ႔ အလိုလိုက္ရင္ ဘာသာေတာင္။အဲ့ဒီေတာ့ ေနုာက္တစ္ခါ လူမ်ိဳးပါလာျပန္ေရာ အမ်ိဳးေတြ ဗမာမ်ိဳးေပ်ာက္မယ္တို႔ အဲ့ဒီဟာေတြ အားလုံးက လူေတြရဲ႕ ဒါ ဆရာထင္တာေနာ္ ဒါကိုလည္းစိတ္ဝင္စားသူမို႔။ လူေတြမွာ Fear ေပါ့၊ အေၾကာက္တရားနဲ႔ လုပ္တာဟာ ထိေရာက္တယ္၊ ေအာင္ျမင္တယ္၊ အခု ထရန႔္ ေအာင္ျမင္တာ ဘာေၾကာင့္လဲ အေၾကာက္တရားနဲ႔ ဟုတ္တယ္မဟုတ္လား၊ ႏိုင္ငံတကာကလူေတြ တို႔ဆီကိုလာၿပီ တို႔ဆီက အလုပ္ေတြကို ယူသြားၿပီ ဟုတ္တယ္မဟုတ္လား၊ ဒီေကာင္ေတြက အၾကမ္းဖက္တဲ့ေကာင္ေတြ တို႔ဆီကိုလာၿပီးေတာ့ မုဒိမ္းက်င့္တယ္ ဘာညာနဲ႔ ေျပာလိုက္ေတာ့ လူေတြက Fear ကို ေၾကာက္တယ္ေလ၊ အေၾကာက္တရားသည္ ႏိုင္ငံေရးမွာ ေတာ္ေတာ္ထက္ျမက္တဲ့ လက္နက္တစ္ခု၊ အဲ့ဒီေတာ့ အေၾကာက္တရားနဲ႔ လုပ္ၿပီးေတာ့ ေမတၱာနဲ႔က်ေတာ့ ေျပာရတာ နည္းနည္းလက္ဝင္သလို ျဖစ္ၿပီးေတာ့ ဆရာတို႔မွာ အခက္အခဲေတြ အမ်ားႀကီး ရွိေနတာေပါ့ေလ၊

Opinion Leaders ။     ။ ေနာက္တစ္ခုက မၾကာခင္က တ႐ုတ္စီးပြားေရးျစကၤန္ေတြ BRI ပတ္သက္ၿပီးေတာ့ ဒီဘက္ကေန စၿပီးေတာ့ ျပင္ဆင္လာတာေတြရွိတယ္ ဆရာ၊ လတ္တေလာမွာလည္း တ႐ုတ္သံအမတ္ အေျပာင္းအလဲရွိေနတယ္၊ ဆန္စပါးနဲ႔ ပတ္သက္ရင္လည္း တ႐ုတ္ဘက္ကို ပို႔တဲ့ေနရာမွာ အခုဆိုရင္ သေဘာတူညီခ်က္ အရ တန္ခ်ိန္တစ္ေသာင္းကေတာ့ ဘာတာစနစ္နဲ႔ တန္ခ်ိန္သိန္းခ်ီေအာင္ တင္ႏိုင္ေအာင္ လုပ္မယ္ဆိုေတာ့ အခုလက္ရွိအခ်ိန္အထိ ရခိုင္ Conflict ကလည္း တ႐ုတ္နဲ႔ ဆက္စပ္ေနတဲ့ ဒီဟာေတြနဲ႔ ဆက္စပ္တဲ့ ေက်ာက္ျဖဴလို ျဖစ္ေနတဲ့အခါက်ေတာ့ ဒီလိုမ်ိဳး လူမ်ိဳးေရးပဋိပကၡေတြကေန ဘာသာေရးပဋိပကၡေတြ အဲ့ဒီလိုလွည့္လွည့္ေနတာေတြက တ႐ုတ္နဲ႔ ျမန္မာနဲ႔ ဆက္ဆံေရးၾကားမွာ၊ BRI တို႔မွာ သြားၿပီးေတာ့ ထိႏိုင္လား ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ အခု ဒီ တ႐ုတ္-ျမန္မာ ဆက္ဆံေရးေပါ့၊ တ႐ုတ္-ျမန္မာ ဆက္ဆံေရးကို ၾကည့္လိုက္လို႔ရွိရင္ ဆရာထင္တယ္ဟို ပုဂံေခတ္ကေန စၾကည့္မွရမယ္၊ ဟုတ္တယ္မဟုတ္လား၊ ခပ္ေဝးေဝးၾကည့္မွရမယ္၊ ဘာေၾကာင့္လဲဆိုေတာ့ တ႐ုတ္ႏိုင္ငံနဲ႔ ျမန္မာႏိုင္ငံက အေနာ္ရထာ လက္ထက္ကတည္းက က်န္စစ္သားတို႔ လက္ထက္ကတည္းက အခု ဆရာတို႔ ပုဂံမွာရွိတဲ့ ေဆးေရးပန္းခ်ီကို ၾကည့္လိုက္ရင္ မြန္ဂိုေတြ ေရာက္လာတာ သိသာတယ္၊ ဟုတ္တယ္ေနာ္ ဆရာတို႔နဲ႔ သူတို႔နဲ႔က ႀကိဳက္၏ မႀကိဳက္၏ ဆက္ဆံေရးရွိခဲ့တာ၊ ဗန္းေမာ္ကေနတစ္ဆင့္ လာခဲ့တာ။အဲ့ဒီေတာ့ ဆရာထင္တယ္ ႏွစ္ႏိုင္ငံဆက္ဆံေရးဟာ ေနာက္ပိုင္း အခုသုံးလာတဲ့ ေပါက္ေဖာ္ဘာညာ စကားလုံးေတြနဲ႔ သုံးလာတယ္။

ေနာက္တစ္ခု ဆရာတို႔သိဖို႔လိုတာကေတာ့ ၁၉၄၈ ခုႏွစ္ ဆရာတို႔က လြတ္လပ္ေရးရတာ ေစာတယ္၊ ေမာ္စီတုန္း အာဏာရတာ ၁၉၅၀ မွ ရတယ္ ႏွစ္ႏွစ္ေနာက္က်တယ္၊ ႏွစ္ႏွစ္ေနာက္က်တဲ့အခါမွာ အဲ့ဒီတုန္းက ဦးႏု အစိုးရက ေမာ္စီတုန္း ကို အားေပးတယ္၊ ေထာက္ခံတဲ့ အေနအထားရွိခဲ့တယ္၊ ၿပီးေတာ့မွ ဆရာတို႔ သမိုင္းမွာ က်န္ခဲ့တာလည္း ဒီကြန္ျမဴနစ္ပါတီရဲ႕ အေျခအေနလည္း ရွိတာကိုး၊ ဗကပ က ၁၉၆၄ က ပဲခူး႐ိုးမကေနတစ္ဆင့္ ဒီဘက္ကို ေျပာင္းသြားတဲ့အခါမွာ တ႐ုတ္ကြန္ျမဴနစ္ပါတီရဲ႕ ဖိအားေပးမႈေတြေၾကာင့္ ဆရာတို႔က ဗကပနဲ႔ အခင္းေတြ အမ်ားႀကီးျဖစ္ခဲ့တာ၊ အဲ့ဒီေတာ့ ေျပာခ်င္တာက ဘာလဲဆိုရင္ တ႐ုတ္နဲ႔ ျမန္မာနဲ႔ဟာ ႏိုင္ငံေရးအရေရာ၊ စီးပြားေရးအရေရာ လူမႈေရးအရေရာ ဆက္စပ္မႈရွိေနတာ၊ ရွိေနတဲ့အခါက်ေတာ့ အခုနားလည္ဖို႔လိုတာက ဆရာထင္တာေတာ့ တ႐ုတ္ရဲ႕ စီးပြားေရးအင္အားေပါ့ေနာ္၊ နံပါတ္ ၂ ျဖစ္သြားၿပီ၊ အဲ့ဒီေတာ့ အခု ရွီက်င့္ဖိန္ ရဲ႕ အစီအမံထဲမွာ အဓိကအက်ဆုံး အစီအမံလို႔ေျပာရင္ ဘာလဲဆိုရင္ ပိုးလမ္းပဲ ဟုတ္တယ္ေနာ္၊ OBOR ေလ၊ OBOR ကို ၾကည့္ရင္ သူ႔ရဲ႕ပုံေသနည္းကိုၾကည့္ရင္ ထြက္ေပါက္က ျမန္မာျပည္တစ္ျပည္ထဲရွိတယ္၊ အဲ့ဒီလို ထြက္ေပါက္က ျမန္မာျပည္တစ္ျပည္ထဲ ရွိတယ္ဆိုေတာ့ ခုန ေက်ာက္ျဖဴဆိုတာက OBOR ရဲ႕ စီမံခ်က္တစ္ခုလည္း ပါတယ္။

ၿပီးေတာ့မွ ေအာက္ဘက္ကို အာဆီယံကို ဆင္းမယ္ဆိုရင္ သိတဲ့အတိုင္းပဲ၊ ဟိုဘက္က လာအိုတို႔၊ ဗီယက္နမ္တို႔ဘက္ကို ပတ္တာကတစ္မ်ိဳး၊ ဒီဘက္ကို တန္းဆင္းမယ္ဆိုရင္ စင္ကာပူကို တန္းဆင္းမယ္ဆိုရင္ ဆရာတို႔ဘက္ကေန ျဖတ္မွ ရမယ္ေလ၊ အဓိပၸာယ္က ဘာလဲဆိုရင္ ကိုယ္ရဲ႕ မဟာဗ်ဴဟာက်တဲ့ တည္ေနရာကို ကိုယ္အသုံးခ်မွ ရမယ္၊ ေနာက္တစ္ခုက ရခိုင္။
ခုနေျပာသလို ရခိုင္ကိစၥမွာလည္းပဲ ဆရာတို႔ အားကိုးေနရမွာက တ႐ုတ္ရဲ႕ veto အားကိုးေနရမွာေလ၊ ဟုတ္တယ္မဟုတ္လား၊ တ႐ုတ္ veto  တစ္ခုပဲရွိတယ္၊ ႐ုရွားနဲ႔လည္း အဆင္ေျပေအာင္ ဆရာတို႔ အခုႀကိဳးစားေနရတယ္။

အရင္တုန္းက other veto ေပါ့၊ တ႐ုတ္၊ ႐ုရွားရွိရင္ မေၾကာက္ဘူး ဆိုတာမ်ိဳးရွိေတာ့။အဲ့ဒီေတာ့ အခု ေနာက္တစ္ခု ဆရာတို႔ျပန္ၾကည့္ဖို႔လိုတာက တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕ေတြ အားလုံးဟာ အထူးသျဖင့္ ေျမာက္ပိုင္းအဖြဲ႕ေတြ အားလုံးဟာ တ႐ုတ္နဲ႔ကင္းတဲ့အဖြဲ႕ တစ္ဖြဲ႕မွမရွိဘူး။ဟုတ္တယ္ေနာ္။၀ ရွိတယ္၊ ကိုးကန႔္ ရွိတယ္ အားလုံးေပါ့။အဲ့ဒီအခါက်ေတာ့ တ႐ုတ္ဟာ အေျခခံျဖစ္ေနတယ္။အဲ့ဒီေတာ့ သူနဲ႔ကိုယ္နဲ႔ၾကား နားလည္မႈဘယ္လိုရေအာင္လုပ္မလဲ။ကိုယ္လိုခ်င္တာခ်ည္းပဲ ရမွာမဟုတ္သလို သူလိုခ်င္တာခ်ည္းပဲ ဆရာတို႔ေပးလို႔မျဖစ္ဘူး၊ ဟုတ္တယ္မဟုတ္လား။ကိုယ့္ႏိုင္ငံပဲကိုေလ။ ဒီေနရာမွာ ပါးပါးနပ္နပ္ကိုင္တြယ္ဖို႔ လိုလိမ့္မယ္။

ဆရာ ထင္တာကေတာ့ ဆရာ့စိတ္ထဲကေတာ့ေလ ဂ်ဴဒိုကစားဖို႔လည္း လိုလိမ့္မယ္၊ ဂ်ဴဒိုက ကိုယ္က ကိုယ္လုံးကိုယ္ေပါက္ေသးတာကိုး၊ ကိုယ္လုံးကိုယ္ေပါက္ေသးတာကို စိတ္မပူေတာ့ပဲနဲ႔ ကိုယ္နဲ႔ကစားတဲ့သူက ကိုယ္လုံးကိုယ္ေပါက္ႀကီးရင္ သူ႔အားနဲ႔ယူမွရမယ္၊ ဟုတ္တယ္ေနာ္ သူ႔အားကို ဆရာတို႔ဘယ္လိုယူမလဲ လိမ္လိမ္မာမာ ပါးပါးနပ္နပ္ သူ႔အားကလည္း နည္းတဲ့အား မဟုတ္ဘူးေလ၊ ဆရာထင္တယ္ စီးပြားေရးတင္မကဘူး၊ လူမႈေရး ႏိုင္ငံေရး၊ အဲ့ဒီေတာ့ တစ္ခုေတာ့ရွိတယ္ကြဲ႕၊ အလကားေတာ့ ဘာမွမရဘူးထင္တယ္၊ ေလာကမွာ အလကားရတာ ဘာမွမရွိဘူး ဟုတ္တယ္မဟုတ္လား၊ အေပးအယူကေတာ့ လုပ္ရမယ္။

ကိုယ္ဘယ္ေလာက္ေပးၿပီးေတာ့ ဘယ္ေလာက္ယူမလဲဆိုတဲ့ ဟိုဟာေပါ့ေလ လုံး၀ ဝကြက္အပ္လို႔ကေတာ့ မျဖစ္ဘူးေလ။ဟုတ္တယ္မဟုတ္လား၊ အဲ့ဒီေတာ့ ကိုယ့္အေနနဲ႔ counter ဘာလုပ္လို႔ရလဲ ဆရာစဥ္းစားေစခ်င္တာေလ။တ႐ုတ္ရဲ႕အားရွိသလို အခုနံပါတ္ ၃ ျဖစ္မယ့္ ေသခ်ာတဲ့ အိႏၵိယရွိတယ္၊ အိႏၵိယကလည္း ကိုယ့္အလယ္တည့္တည့္။ကိုယ္ကလည္း တ႐ုတ္နဲ႔ အိႏၵိယရဲ႕ အလယ္တည့္တည့္ရွိေတာ့ တ႐ုတ္ရဲ႕ OBOR ရွိသလို အိႏၵိယရဲ႕ look east , hight east ဆိုတာ ရွိတယ္ေလ၊ အဲ့ဒီေတာ့ သူလည္းထြက္ေပါက္ရွာေနတာပဲ၊ သူတို႔ဘက္မွာက ပိုၿပီးအေရးႀကီးတာက ပိတ္မိေနတဲ့ မီဇိုရမ္တို႔၊ အာသံတို႔၊ မဏိပူရတို႔မွာက သူတို႔မွာ ထြက္ေပါက္မရွိဘူး၊ သူတို႔ထြက္ေပါက္က ကုလားတန္ပဲရွိတယ္။အဲ့ဒီေတာ့ သြားၿပီးတိုက္တိုက္ဆိုင္ဆိုင္ေပါ့ဗ်ာ။

ကုလားတန္ ထြက္တာက ရခိုင္။ေက်ာက္ျဖဴကလည္း ရခိုင္ဆိုေတာ့ ရခိုင္ဟာ ဆုံမွတ္ျဖစ္ေနတယ္ေလ။အဲ့ဒီမွာ ဆရာတို႔အေနနဲ႔ လိမ္လိမ္မာမာ ကစားတတ္ရင္ေတာ့ သူမ်ားေတြ စိတ္ပူသလို တ႐ုတ္လက္ထဲ လုံးဝအပ္တာမ်ိဳးမျဖစ္ေအာင္ အိႏၵိယနဲ႔လည္း ကိုယ္တတ္ႏိုင္သမွ် လိမ္လိမ္မာမာ ပါးပါးနပ္နပ္ လုပ္ရင္ေတာ့ျဖင့္ ဆရာထင္တယ္ ျဖစ္လိမ့္မယ္လို႔ ေအာက္ေမ့တယ္ေပါ့ေနာ္။ဘာေၾကာင့္လဲေျပာရင္ ခုနေျပာတဲ့ ဆန္ကိစၥတို႔ သူက အခ်ိန္မေ႐ြးဟုတ္တယ္ မဟုတ္လား တကယ္တမ္း ပြင့္ပြင့္လင္းလင္းေျပာရင္ သူခလုတ္တစ္ခ်က္ႏွိပ္ရင္ ေျမာက္ပိုင္းအဖြဲ႕ေတြအားလုံး ၿငိမ္သြားလိမ့္မယ္။တစ္ခုပဲေျပာစရာလိုတာ သူ႔အားက အဲ့ဒီေလာက္ေတာင္ ရွိတယ္ေလ၊ ဆရာတို႔ ဘယ္ေလာက္ႀကီးေျပာေျပာ ဟိုတစ္ေန႔ကေတြ႕လိုက္တဲ့ ‘ဝ’ တပ္က စစ္ေရးျပတဲ့ဟာေတြ အားလုံးက တ႐ုတ္ဟာေတြခ်ည္းပဲေလ။ဒါေတြက ေသခ်ာတယ္ေလ၊ KIA လည္း ဒီအတိုင္း အဲ့ဒီေတာ့ ေျမာက္ပိုင္းအဖြဲ႕ေတြ အားလုံးရဲ႕ ေက်ာေထာက္ေနာက္ခံ အားေပးေနရတာက တ႐ုတ္ပဲေလ၊ တ႐ုတ္နဲ႔ ပါးပါးနပ္နပ္ ဆက္ဆံဖို႔ေတာ့ လိုလိမ့္မယ္။

အဲ့ဒီလို ေျပာလိုက္ျပန္ေတာ့လည္း အစိုးရမွာက ျပႆနာက ဆရာတို႔ ခုနေျပာတဲ့ ေမးခြန္းမွာက anti-chinese ရွိေနေသးေတာ့ ဟုတ္တယ္မဟုတ္လား၊ အဲ့ဒီေတာ့ တ႐ုတ္ဆိုရင္ ဘာမွလက္မခံဘူး အဲ့ဒီလူေတြနဲ႔ ေျပာရတာရွိေတာ့ ေတာ္ေတာ္လက္ေပါက္ကပ္တယ္။အဲ့ဒီက အေျဖရွာဖို႔ထက္ကို လုံးဝလက္မခံနဲ႔ မပတ္သက္နဲ႔ဆိုေတာ့ ဘယ္လိုလုပ္မလဲ။ကိုယ့္ပတ္သက္မယ့္သူကလည္း သိပ္ရွိတာမဟုတ္ဘူးေလ၊ လက္ရွိအေျခအေနက၊ ရခိုင္အေျခအေနနဲ႔ အေနာက္ႏိုင္ငံနဲ႔က လုံးဝပတ္သက္မွာ မဟုတ္ဘူး။မတတ္သာလို႔သာ စကားေတြေျပာေနတာ။အဲ့လိုဟာေတြကို ဆရာတို႔က ျပန္စဥ္းစားဖို႔ လိုလိမ့္မယ္လို႔ ေအာက္ေမ့တာပဲ။

Opinion Leaders ။     ။ ဆရာ ေနာက္ဆုံးေမးခြန္းပါ ဆရာ၊ မၾကာခင္က ျမန္မာႏိုင္ငံအေနနဲ႔ ရင္းႏွီးျမႇဳပ္ႏွံမႈက အခုေနာက္ပိုင္း တိုးလာတာေတြရွိတယ္၊ မေန႔ကဆိုရင္ ေဒဝူးကားစက္႐ုံဖြင့္တယ္၊ တိုယိုတာတို႔ ဘာတို႔ကလည္း ဒီမွာလာဖြင့္ဖို႔ရွိတယ္။မၾကာေသးခင္က တ႐ုတ္နဲ႔ အေမရိကန္ ကုန္သြယ္ေရးစစ္ပြဲေၾကာင့္ တ႐ုတ္ရဲ႕ လုပ္ငန္းအမ်ားစုက ဗီယက္နမ္ဘက္ကို ေ႐ႊ႕တယ္။အခု ဗီယက္နမ္တံဆိပ္ကို ယူသုံးတဲ့ ျပႆနာေတြျဖစ္တယ္၊ ကြၽန္ေတာ္သိခ်င္တာက လက္ရွိမွာ ကြၽန္ေတာ္တို႔မွာ စီးပြားေရးအခြင့္အလမ္း ႀကီးႀကီးမားမားေပၚလာဖို႔ ရွိေနတယ္၊ ျပည္တြင္းမွာ ဒီလို မၿငိမ္သက္မႈေတြ၊ တိုင္းရင္းသားေဒသမွာ ျဖစ္ပ်က္မႈေတြက ကြၽန္ေတာ္တို႔ဆီ ဝင္လာႏိုင္မယ့္ အခြင့္အလမ္းကို ကြၽန္ေတာ္တို႔ ျပန္ပုတ္ခ်သလို ျဖစ္မလား ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ အဲ့ဒါ အဓိကပဲေလ၊ ပုတ္ခ်သလိုျဖစ္တာ။ပုတ္ခ်ေနတာ။ဟုတ္တယ္မဟုတ္လား၊ တစ္ဖက္က MIC အေနနဲ႔ ႀကိဳးစားတယ္၊ တို႔ဆီမွာ လာရင္းႏွီးပါ၊ ေျမႀကီးေတြေပးပါ့မယ္၊ တိုယိုတာကလည္း သီလဝါမွာ ခင္ဗ်ားတို႔ႀကိဳက္တဲ့ ေနရာေပးမယ္၊ ေဒဝူးလည္း ဒီအတိုင္းပဲ။ ဒါေကာင္းတဲ့လကၡဏာေတြပဲေပါ့ေနာ္။အဲ့ဒီလို တစ္ဖက္ကေကာင္းေနတာကို ျမင္ေနၿပီးေတာ့ တစ္ဖက္ကက်ျပန္ေတာ့လည္း ဒီမွာ ဟိုစီးပြားေရးလုပ္ငန္းရွင္ကိုေမးရင္ သူက တစ္ခ်ိန္တုန္းက ဦးသန္းေ႐ႊ လက္ထက္တုန္းကလိုေတာင္ ဟုတ္တယ္မဟုတ္လား၊ လူ႔အခြင့္အေရးေတြ ဘာညာေတာင္ ေခါင္းထဲသိပ္ထည့္တာ မဟုတ္ဘူး၊ သူ႔အေနနဲ႔ စီးပြားေရး ေအးေအးေဆးေဆးလုပ္ရရင္ ေယာက္ယက္မခတ္ရင္ သူေက်နပ္တယ္။

သူက ေပၚလစီကို မေၾကာက္ဘူး၊ ေၾကာက္တာက အဲ့ဒီေပၚလစီေတြၿငိမ္ဖို႔။မၿငိမ္တာေၾကာက္တာ။အဲ့ဒီေတာ့ ဆရာတို႔ဘက္က လုပ္ရမွာက တည္ၿငိမ္တဲ့ ေပၚလစီေတြ တည္ေဆာက္တာရယ္၊ တည္ၿငိမ္တဲ့ ပတ္ဝန္းက်င္လုပ္ဖို႔ တည္ၿငိမ္တဲ့ ပတ္ဝန္းက်င္က ကိုယ္တစ္ေယာက္တည္း လုပ္လို႔မရဘူးေလ၊ အဲ့ဒီေတာ့ ဆရာထင္တာက တည္ၿငိမ္တဲ့ ေပၚလစီက ကိုယ္လုပ္လို႔ရတယ္၊ အစိုးရဌာနအေနနဲ႔ တည္ၿငိမ္တဲ့ ေပၚလစီကို တည္ေဆာက္ႏိုင္ေအာင္ ဆရာတို႔ လုပ္ေပးရမွာပဲ။ ၿပီးေတာ့ ခုနက ဆရာတို႔က ေခၚလာတယ္။လူႀကီးေတြလည္း ႏိုင္ငံျခားသြားၿပီး လာပါလို႔ ဖိတ္ေခၚလာတယ္။တကယ္တမ္း သူတို႔လာမွ နဖူးေတြ႕ဒူးေတြ႕က်ေတာ့ အခက္အခဲေတြက ရွိျပန္ေရာ။ေျမႀကီးက မေသခ်ာတာတို႔ လုပ္ခလစာျပႆနာတို႔ အခြန္အခကလည္း မေသခ်ာတာတို႔ ဒါေတြက ကိုယ္လုပ္လို႔ရတဲ့ ကိစၥေတြ။ဆရာထင္တာက လုပ္လို႔မရတာ ခဏထား လုပ္လို႔ရတာကို ကိုယ္ကသိဖို႔လိုတယ္။

ေနာက္တစ္ခုက ဆရာတို႔ျဖစ္ေနတာေပါ့ေနာ္ ကိုယ့္ထက္ အင္မတန္ေနာက္က်ၿပီး ကိုယ့္အေရွ႕ေရာက္သြားတဲ့ ဗီယက္နမ္၊ ဗီယက္နမ္ဘာလုပ္သလဲဆိုတဲ့ သင္ခန္းစာေတြ ယူလို႔ရတာပဲေလ၊ မဟုတ္ဘူးလား။ေဖာ္ျမဴလာႀကီး မသိတာမွမဟုတ္တာ၊ သိလ်က္နဲ႔ ဆရာတို႔က မလုပ္ႏိုင္ဘူး၊ မလုပ္ႏိုင္တဲ့ဟာကို ေျပာျပန္ရင္လည္း ခုနက ပထမေမးခြန္းနဲ႔ ပတ္သက္ျပန္ေရာ တိုင္းျပည္တိုးတက္ေအာင္ လုပ္ခ်င္တဲ့ ဆႏၵရွိတဲ့သူေတြရွိသလို ခုနေျပာတဲ့ အေႏွာင့္ပေယာဂကလည္း ရွိျပန္ေရာ။အဆင္ေျပတာကိုပဲ မႀကိဳက္တာမ်ိဳး ပုံစံမ်ိဳး ပုံစံအမ်ိဳးမ်ိဳး နည္းအမ်ိဳးမ်ိဳးနဲ႔ အေႏွာင့္အယွက္ေပးတာလည္း ရွိတယ္။က်ယ္က်ယ္ေလာင္ေလာင္နဲ႔ ေပးေနတာေတြရွိသလို တိတ္တိတ္နဲ႔ အတားအဆီးေတြ အခက္အခဲေတြျဖစ္ေအာင္ လုပ္ေနတာေတြရွိေတာ့ ဆရာတို႔မွာ တကယ့္ကို အ႐ူးမီးဝိုင္းျဖစ္သလို ျဖစ္တယ္။

ပထမေမးခြန္းနဲ႔ဆိုင္တဲ့ ဘာသာေရးမီး၊ စီးပြားေရးမီး၊ အုပ္ခ်ဳပ္ေရးမီး၊ ႏိုင္ငံေရးမီးေတြက ပတ္လည္႐ိုက္ေနတယ္၊ အဲ့ဒီေတာ့ ဒီၾကားထဲမွာ ဆရာတို႔က အခ်င္းခ်င္းျပႆနာေပါ့၊ ဒါေၾကာင့္ ဆရာတို႔ ေ႐ြးေကာက္ပြဲကာလ ေ႐ြးေကာက္ပြဲျပကၡဒိန္က ငါးႏွစ္တစ္ႀကိမ္ဆိုေတာ့ ဟုတ္တယ္မဟုတ္လား၊ သိပ္မေဝးေတာ့ဘူး။တေလာကတင္ သမၼတႀကီးက ႏိုင္ငံတကာပုဂၢိဳလ္ေတြနဲ႔ ေ႐ြးေကာက္ပြဲဝင္ေတာ့မယ္ဆိုတာ ေၾကညာလိုက္တယ္၊ ဟုတ္တယ္မဟုတ္လား။ဒါက အားလုံးကို တပ္လွန႔္လိုက္တာေလ၊ ဟုတ္တယ္မဟုတ္လား၊ အဓိပၸာယ္က ႏိုင္ငံေရးကာလျဖစ္သြားၿပီ၊ ႏိုင္ေရးေခါင္းေလာင္းထိုးလိုက္တာပဲ ေျပာလိုက္ရင္ေလ ဟုတ္တယ္မဟုတ္လား၊ ဒါစၿပီဆိုေတာ့ အားလုံးက ဦးတည္ခ်က္က တစ္ေနရာတည္း ျဖစ္သြားၿပီေလ။

အဲ့ဒီလို တစ္ေနရာတည္း ဦးတည္ခ်က္ျဖစ္သြားတဲ့ အခ်ိန္မွာ ဆရာတို႔ ဒီေနရာမွာရွိတဲ့ဟာေတြကလည္း ေ႐ြးေကာက္ပြဲၿပီးတဲ့အထိ ျပႆနာေတြက ၿငိမ္ေနမွာမွ မဟုတ္တာ၊ စီးပြားေရးျပႆနာေတြက ရွိေနမွာ၊ ႏိုင္ငံေရးျပႆနာေတြက ရွိေနမွာ၊ အခု ဒီျဖစ္ေနတဲ့ ဘာသာေရးျပႆနာကလည္း လိပ္ခဲတည္းလည္းႀကီးေလ၊ အႀကီးအက်ယ္ကို ျပႆနာျဖစ္မယ့္ ကိစၥျဖစ္ေနေတာ့ စိတ္ေတာ့ စိတ္ပူစရာေပါ့ေလ၊ ခုနေျပာတဲ့ တ႐ုတ္ျပႆနာကလည္း အေရးႀကီးတယ္။တ႐ုတ္ကိစၥကိုလည္း ဆရာတို႔က မ်က္စိမွိတ္ၿပီး ၿငိမ္တဲ့သူေတြ ရွိေနသလို အားလုံးကို လက္ခံတယ္ဆိုတဲ့ ပုံစံေတာ့ ရွိမေနပါဘူး၊ လက္ခံမယ့္သူေတာင္ လက္ခံဖို႔ မ႐ြံ႕မရဲျဖစ္ေအာင္ လုပ္ေနတာေတြ ရွိေနတာပဲ၊ ဟုတ္တယ္မဟုတ္လား။သြားလက္ခံမယ့္ ေကာင္ကိုေတာင္ အႏၲရာယ္လုပ္ေနတာေတာင္ ရွိတယ္၊ ဟုတ္တယ္မဟုတ္လား။ကိုယ့္လူမ်ိဳးကို မ်ိဳးခ်စ္စိတ္ အခုမွပဲေပၚလာတယ္ကြဲ႕။အမ်ိဳးခ်စ္တဲ့သူေတြကလည္း ေတာ္ေတာ္မ်ားလာတယ္ကြဲ႕၊ အေရးရယ္အေၾကာင္းရယ္က်မွ အမ်ိဳးေတြလာခ်စ္ေနၾကတာ။အဲ့ဒီေတာ့ တကယ္တမ္းက်ေတာ့ ကိုယ့္မွာ ဒီေလာက္ဒုကၡေရာက္ေနတာကို နည္းနည္းေလး မွ်မွ်တတမစဥ္းစားဘဲနဲ႔ လူႀကိဳက္မ်ားေအာင္လို႔။

တို႔အဖြဲ႕ကလည္း ဆယ္လီအဖြဲ႕ကိုကြဲ႕။ဟုတ္တယ္မဟုတ္လား ေဖ့ဘြတ္နဲ႔က အေတာ္ပဲ၊ like လုပ္တာမ်ားရင္ share လုပ္တာမ်ားရင္ သိပ္ၿပီးေက်နပ္တာ၊ လက္ခုတ္လက္ဝါးတီးရင္ စင္ေပၚကကို မဆင္းတဲ့ အဖြဲ႕ေတြ၊ ေတာ္ေတာ္ႀကီးကို ခက္ေနတာကြဲ႕၊ ဆရာတို႔ခ်ိန္းၿပီး လုပ္ရမယ့္သူက ေတာ္ေတာ္ခက္တာ၊ သူတို႔က ဒါမလိုခ်င္ဘူး၊ လူေတြသိေအာင္ ထင္ရွားေအာင္ ေက်ာ္ၾကားေအာင္ ဟုတ္တယ္မဟုတ္လား။ေနာက္တစ္ခါ ပိုဆိုးတာက ကာလတိုပဲၾကည့္တယ္၊ ေနာက္ ၅ ႏွစ္ ၁၀ ႏွစ္၊ အႏွစ္ ၂၀ ကိုယ္မရွိရင္ ဘာလုပ္ၾကမလဲ၊ ဒီႏိုင္ငံႀကီး ဘယ္သူ႔လက္ထားခဲ့မယ္ဆိုတဲ့ျပႆနာ ေတာ္ေတာ္ႀကီးတာေနာ္၊ အခုဟာက ဆရာတို႔ အဲ့ဒီလို ၅ ႏွစ္၊ ၁၀ ႏွစ္ မစဥ္းစားႏိုင္ေတာ့ဘူး၊ အျဖစ္က မနက္ျဖန္ကို စဥ္းစားေနရတယ္၊ အဲ့ဒါက ေတာ္ေတာ္ႀကီးကို စိတ္မေကာင္းစရာ ျပႆနာပဲ။

Opinion Leaders ။     ။ အခုလိုေျဖၾကားေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္ ဆရာ။

ေဒါက္တာေအာင္ထြန္းသက္
ဇြန္ - ၁၃