【 ပညာရှင်များအမြင် 】 ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ နှစ်နိုင်ငံဆက်ဆံရေး ကောင်းအောင်နေရလိမ့်မယ်

 【 ပညာရှင်များအမြင် 】 ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ နှစ်နိုင်ငံဆက်ဆံရေး ကောင်းအောင်နေရလိမ့်မယ်

မကြာမီက တရုတ်နိုင်ငံ ထူထောင်သည့် နှစ်(၇၀) ပြည့် အခမ်းအနားနှင့် စစ်ရေးပြအခမ်းအနားကို တရုတ်နိုင်ငံက ထူးထူးခြားခြား လုပ်ပြခဲ့ သလို ခေတ်မီစစ်လက်နက်ပစ္စည်းများကိုလည်းခင်းကျင်းပြသခဲ့ပါတယ်။ ထိုစစ်ရေးပြအခမ်းအနားက မြန်မာအပါအဝင် တရုတ်နှင့် အိမ်နီးချင်းနိုင်ငံ များအတွက် သတိထားစရာဖြစ်ခဲ့သလို ဆက်ဆံမှုကိုလည်း ပြန်လည်သုံးသပ်စရာ ဖြစ်ခဲ့ပါတယ်။

ကမ္ဘာစစ်အင်အားကြီး နိုင်ငံတစ်နိုင်ငံအဖြစ် ပေါ်ထွန်းလာတော့မည့် အခြေအေနရှိနေသည့် အိမ်နီးချင်း နိုင်ငံနှင့် စီးပွားရေး၊လူမှုရေးနှင့် နိုင်ငံရေးအပြင်  လက်ရှိ ပြည်တွင်းငြိမ်းချမ်းရေးကပါ တရုတ်နိုင်ငံက ကြားဝင် ဆောင်ရွက်နေသည့် အချိန်အခါတွင် လက်ရှိတရုတ်နိုင်ငံ၏ စစ်ရေးအင်အားပြမှုက ကမ္ဘာနိုင်ငံများနည်းတူ မြန်မာ နိုင်ငံအတွက်လည်း သတိပြုစရာဖြစ်လာပါတယ်။ ရှေ့လျှောက် မြန်မာနိုင်ငံအနေဖြင့် တရုတ်နှင့်ဆက်ဆံရေးတွင် မည်သို့ အခန်းကဏ္ဍဖြင့် ဆောင်ရွက်သင့်သနည်း ဆိုသည့်အချက်အပေါ် နိုင်ငံရေး၊သတင်း မီဒီယာနယ်ပယ်နှင့် အရပ်ဖက်အဖွဲ့အစည်းများကို ဦးဆောင်နေသူများ၏ အမြင်ကို အထူးအစီအစဉ်အဖြစ် မေးမြန်း ဖော်ပြလိုက်ပါတယ်။

မုံရွာဦးအောင်ရှင်
(ဗဟိုပြန်ကြားရေးကော်မတီ၊အတွင်းရေးမှူး-အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)

==========================
ဒီလိုဗျာ သူတို့နှစ်(၇၀)ပြည့်အထိမ်းအမှတ်တွေလုပ်တဲ့ အထိမ်းအမှတ်ပွဲဟာကျနော်လည်း တစ်လျှောက်လုံး ကြည့်နေတာပါပဲ။ အဲ့ဒီပွဲရဲ့ အခမ်းအနား အခင်းအကျင်းပေါ့လေ၊တော်တော်လေးလည်း ခမ်းနားကြီးကျယ်ပါတယ်။ ခမ်းနားကြီးကျယ်အောင်လည်း သူတို့က ဘာလုပ် ထားလဲ ဆိုတော့ ဒီမတိုင်ခင်တစ်နှစ်လောက်တည်းက ကြိုပြီး တော့ပြင်ဆင် ပြီးတော့ဒါတွေလုပ်ထားကြတယ်။

လုပ်ထားကြပြီးတော့သူတို့သဘောထားကတော့ (၁၀)နှစ် တစ်ကြိမ်၊(၁၀)နှစ်တစ်ကြိမ် သူတို့သုံးသပ်ပါတယ်။၁၉၄၉ ခုနှစ်ကနေ ၅၉ ၊ ၅၉ ကနေ ၆၉ ၊၆၉ ပြီး ၇၉ ၊ ၇၉ ပြီး ၈၉ ပေါ့လေ။အဲ့လို ၁၀ နှစ်တစ်ကြိမ်သုံးသပ်တယ်။သုံးသပ်ပြီးတော့ ဒါကို(၇၀)ပြည့်မှာ ကြီးကျယ်တဲ့ အခမ်းအနား လုပ်ပြီးတော့ ကမ္ဘာကိုပြတယ်ပေါ့။ပြလိုက်တာက ဘာကိုသွားတွေ့ရလဲဆိုတော့ နံပါတ်တစ်ကတော့ သူတို့ရဲ့ စီးပွားရေး အင်အားကြီးတယ် ဆိုတာကိုပြတယ်။စီးပွားရေးအင်အားကြီးတော့ တိုင်းပြည်ဟာဖွံ့ဖြိုးတိုးတက်တယ်။

ဒါကြောင့်မို့သူတို့တွေချမ်းသာကြွယ်ဝမှုနဲ့အတူသူတို့စိတ်ထဲမှာဆန္ဒရှိတဲ့အတိုင်းစီမံခန့်ခွဲလုပ်နိုင်တယ်ပေါ့ဗျာ။အဲဒါကိုသူတို့ကပြတယ်။ဒါကတစ်အချက်ပေါ့လေ၊နှစ်အချက်ကတော့စစ်ရေးအင်အားလည်းကြီးလာတယ်ဆိုတာကိုသူကပြတယ်နော်။စစ်ရေးအင်အားကြီးလာတယ်ဆိုတာနဲ့ပတ်သက်လို့ ကျနော်မှတ်မိတာက ကျနော်တို့ပြီးခဲ့တဲ့ ၁၉ ကြိမ်မြောက် ကွန်ဂရက်ပေ့ါလေ ၂၀၁၇ က လုပ်တဲ့ သမ္မတရှီကျင့်ဖိန်က မိန့်ခွန်းပြောဘူး ပါတယ်။ အဲ့ဒီမိန့်ခွန်းထဲမှာ ဘာပါလဲဆိုတော့ ၂၀၃၅ ခုနှစ်မှာစစ်ရေး အင်အားကြီးတဲ့နိုင်ငံ တစ်ခုဖြစ်အောင် သူတို့လုပ်မယ် ဆိုတာကိုပြောဘူး ပါတယ်။အဲ့ဒါကို ဆက်ပြီးတော့ ပြလိုက်တဲ့ သဘောပါပဲ။ပြလိုက်တာပါပဲ၊သူတို့လိုဘဲစစ်အင်အားကြီးတယ်ဆိုတာကို တော်တော်လေး သိသာသွား ပါတယ်။

အဲဒီတော့ကျနော်တို့က ဘာကိုသတိထားမိလဲဆိုတော့ အထူးသဖြင့်စီးပွားရေးအရ အမေရိကကိုစိန်ခေါ် တာပေါ့ ‌နော်။ စစ်ရေးအင်အားကလည်း အဓိကက အမေရိကပါဘဲ၊အမေရိကနဲ့ဥရောပကိုစိန်ခေါ်တဲ့သဘောပါဘဲ။ ကျနော်တို့နိုင်ငံအနေနဲ့ မြန်မာနိုင်ငံအနေနဲ့ အိမ်နီးချင်းနိုင်ငံလည်းဖြစ် တဲ့အခါ ကိုယ့်အိမ်နီးချင်းနိုင်ငံလို အင်အား ကြီးတဲ့နိုင်ငံတွေနဲ့ပတ်သက်ပြီးတော့ ဆက်ဆံတဲ့ အနေအထားအပေါ်မှာကျနော်တို့ သတိထားပြီး တော့ ဆက်ဆံရမှာပေါ့လေ ။နိုင်ငံရေးအရတန်းတူ ဆက်ဆံရေးကိုထားတယ်။ စီးပွားရေး အရတော့ အကျိုးတူပူးပေါင်းဆောင် ရွက်ရေး အရသွား မယ်ဆိုတဲ့ မူနဲ့ ကျနော်တို့ဒီလိုဘဲ၊သတိထားပြီးတော့ဆက်ဆံရမယ်လို့ ကျနော်တို့ ကတော့ အဲ့လိုဘဲယူဆပါတယ်။

တရုတ် - မြန်မာ သံတမန်ဆက်ဆံရေးကကျနော်မြင်တာကတော့ ဒေါ်အောင်ဆန်းစုကြည်လည်း မကြာခဏပြောဘူးပါတယ်။ သံတမန်နှစ်နိုင်ငံ ဆက်ဆံရေးအရ ကျနော်တို့က ကီလိုမီတာ ၂၀၀၀ ကျော်ဆက်သွယ်နေ တဲ့နိုင်ငံကိုး။တရုတ်-မြန်မာဆိုတာ အရှည်အားဖြင့် ကီလိုမီတာနှစ်ထောင်ကျော် ရှိခဲ့တဲ့ နိုင်ငံဖြစ်တဲ့အခါ ကျတော့ ကျနော်တို့နှစ်နိုင်ငံဆက်ဆံရေးက ပြဿနာမဖြစ်လေကောင်းလေပါဘဲ။

နံပါတ်နှစ်ကတော့နှစ်နိုင်ငံဆက်ဆံရေးဖွံ့ဖြိုးတိုးတက်လေကောင်းလေပါဘဲ။ အဲ့လိုဘဲ ကျနော် တို့မြင်ပါတယ်။ အဲဒီတော့ ကျနော်တို့မှာ တရုတ်နိုင်ငံ နဲ့ဆက်ဆံရတဲ့အခါမှာ နံပါတ်တစ်က စီးပွားရေးအရ ကျနော်တို့ က တရုတ်နိုင်ငံအပေါ်မှာ စီးပွားရေးအရဆက်ဆံမှုက အတော်အား ထည့်ပြီးဆက်ဆံနေရတယ်၊နံပါတ်နှစ်ကတော့ အထူးသဖြင့်တော့ ငြိမ်းချမ်းရေးကိစ္စတွေ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စတွေမှာလည်း တရုတ်နိုင်ငံက ကျနော်တို့ နိုင်ငံအပေါ်မှာ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့ အကူအညီပေးတာတွေရှိပါတယ်။နံပါတ်သုံးကတော့ နိုင်ငံတကာ ဆက်ဆံရေး မှာလည်းဒီလိုပါဘဲ၊ကုလသမဂ္ဂနဲ့ အမေရိက နိုင်ငံဦးဆောင် တဲ့နိုင်ငံတွေက ကျနော်တို့နိုင်ငံ အပေါ်မှာ ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ပတ်သက်ပြီးတော့ ပြဿနာတွေရှာနေတဲ့ကိစ္စရပ်တွေကိုလည်း တရုတ်နိုင်ငံက လူသိရှင်ကြားဘဲ ကျနော်တို့ဘက်က ကာကွယ်ပြီးတော့ဆောင်ရွက်ပေးနေတယ် လေ။ အဲ့ဒါကြောင့် တရုတ်နဲ့ ဆက်ဆံရေး ကတော့ ဘယ်လိုပဲဖြစ်ဖြစ်၊ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ နှစ်နိုင်ငံဆက်ဆံရေး ကောင်း အောင်တော့ နေရလိမ့်မယ် လို့ထင် ပါတယ်။

ကျနော်လည်းတရုတ်နိုင်ငံနဲ့ပတ်သက်တဲ့ ဆက်ဆံရေးတွေကိုအမြဲတမ်းလေ့လာနေတာပါဘဲ။အဲ့တော့ တရုတ် - မြန်မာဆက်ဆံရေးက နှစ်နိုင်ငံ ချစ်ကြည်ရေးက ဒီကနေ့  NLD အစိုးရလက်ထက်မှာဘယ်ခေတ်နဲ့မှ မတူ အောင် ဖွံ့ဖြိုးတိုးတက်ပြီးတော့ အကောင်းဆုံးအနေအထားမှာ ရှိတယ်လို့ ဘဲ ကျနော်ပြောချင်ပါတယ်။

ဒေါက်တာအောင်ထွန်းသက်
(နိုင်ငံတော်သမ္မတ၏ စီးပွားရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်)

======================================

တရုတ်နဲ့ထိတွေ့ရတဲ့အခါမှာ ထိလွယ်ရှလွယ်နိုင်ငံတွေ အများကြီးရှိတဲ့အထဲက ကိုယ့်နိုင်ငံက ထိလွယ်ရှလွယ်အများဆုံးနိုင်ငံ၊ ဒါပေမဲ့ အံ့သြ စရာကောင်းတာကနော် ဒီတရုတ်နဲ့ စစ်တောင်ဖြစ်ခဲ့တဲ့ ဗီယက်နမ်နိုင်ငံဆိုပါတော့၊ တရုတ်နဲ့ပတ်သက်လို့ ခမာနီတွေ ခမာနီတွေနဲ့ ပတ်သက်လို့ ဖြစ်ခဲ့တဲ့ ကမ္ဘောဒီးယား ဆိုပါတော့။

ကိုယ့်ခဏအသာထားပြီးတော့ ကမ္ဘောဒီးယား လို နိုင်ငံမျိုးဆိုရင် တရုတ်ကိုသူတို့လက်ခံလိုက်တယ်လေ၊ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ကမ္ဘောဒီးယား ဆိုလို့ရှိရင် ရင်းနှီးမြှုပ်နှံမှုနဲ့ပြောလို့ရှိရင် ၉၉ နှစ်တောင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလို့ပြောရင် တရုတ် ရင်းနှီးမြှုပ်နှံမှုတွေပဲ၊ အဲ့ဒီတော့ သူတို့ရဲ့ပုံစံက တရုတ်ကို တံခါးဖွင့်တဲ့ပုံစံနဲ့သူတို့လုပ်တယ်၊ ပြီးတော့မှ ဆရာတို့ထက် နည်းနည်းလေးဝေးတယ် လို့ပြောတဲ့ စင်ကာပူတောင် တရုတ်ကိုလက်ခံတယ် ဆိုတော့ အာဆီယံနိုင်ငံတွေအားလုံး တရုတ်ကို ဘယ်ပုံဘယ်နည်းနဲ့ လက်ခံရမလဲဆိုတာကို စဉ်းစားနေတယ်၊ အဲ့ဒီတော့ ကိုယ့်မှာ ဒီအာဆီယံနိုင်ငံထဲမှာက ကိုယ့်နဲ့အိမ်နီးနားချင်း နိုင်ငံဖြစ်တဲ့ ဆရာတို့မှာ ပြဿနာရှိခဲ့တာက လွတ်လပ်ရေး ရတဲ့ အချိန်ကစပြီး တရုတ်နဲ့ မြန်မာနဲ့က နိုင်ငံရေးအရ တစ်ခါတလေ အထိအရှတွေဖြစ်ခဲ့သလို ပြဿနာတွေဖြစ်ခဲ့တယ်၊ ဆရာတို့ ၁၉၈၇ ခုနှစ် အထိ ကွန်မြူနစ်ပါတီ မရပ်ခင်အထိက တရုတ်က သူသုံးတဲ့စနစ်ကပေါ့နော် ပါတီပါတီချင်း ဆက်သွယ်မှုကိုမရပ်ဘူး၊ အစိုးရအစိုးရ G to G ကို သူက ကျင့်သုံးတယ်၊ အစိုးရနဲ့တည့်အောင်နေတယ်၊ P to P ပေါ့၊ Party to Party ပေါ့၊ ဗမာကွန်မြူနစ်ပါတီကို အပြည့်အဝထောက်ခံပေးတယ်၊

အဲဒီလိုဖြစ်တဲ့အခါမှာ ကိုယ့်ဆီမှာလည်း ကွန်မြူနစ်ပါတီ မရှိတော့ပေမယ့် အခုသူတို့အားပေးနေတဲ့ မြောက်ပိုင်းအဖွဲ့တွေ၊ မြောက်ပိုင်း အဖွဲ့တွေအနေနဲ့ကတော့ အားလုံးက တရုတ်ရဲ့ အားပေးမှုက အခြေခံဖြစ်နေတယ်လေ၊ လက်နက်တို့ ခဲယမ်းမီးခြောက်တို့ အထောက်အပံ့ ပစ္စည်းတွေ၊ နောက်တစ်ခါ ကိုယ်က သတိထားဖို့လိုတာက OBOR ပေါ့၊ ပိုးလမ်းကိစ္စ၊ ပိုးလမ်းကိစ္စက တရုတ်ကလည်းဒါကို သူ့ရဲ့မိန့်ခွန်း ထဲမှာ လည်း အဲ့ဒီနေ့က အောက်တိုဘာလ ၁ ရက်နေ့က မိန့်ခွန်းမှာလည်း ဒီ ပိုးလမ်းကြီးကိစ္စကိုပြောတယ်၊ သူဖိတ်တဲ့သူတွေအားလုံးဟာလည်း ဒီ ပိုးလမ်းကြီးနဲ့ ဆက်သွယ်တဲ့သူတွေပါတယ်၊ အဲ့ဒီတော့ ဆရာတို့ကတော့ ဒါတော့ ဒါကြီးက ငြင်းလို့မရဘူး၊ ဒါကို ကိုယ့်အတွက် ကိုယ့်နိုင်ငံ အတွက် အကောင်းဆုံးဖြစ်အောင် ဘာလုပ်မလဲစဉ်းစားရမယ်၊ ဒါပေမဲ့ ပြဿနာဖြစ်တာက ကိုယ့်နိုင်ငံရဲ့ အခက်အခဲက အဲ့လို တခြားနိုင်ငံတွေလို တရုတ်ရဲ့အားကို ဘယ်လိုယူမလဲ စဉ်းစားတာထက်ကို တရုတ်လာလို့ရှိရင် ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ လျှောက်ပြီးတော့ ပြောနေတော့ ကိုယ်လိုချင်တာမရတော့ဘူးလေ ဟုတ်တယ်မဟုတ်လား၊

ကိုယ်အားနည်းတာတော့ သိတယ်၊ ဒါပေမဲ့ အားနည်းပေမယ့် အားနည်းတိုင်း အားနည်းစရာမှမဟုတ်တာ၊ ဆရာတို့ ဂျူဒိုကစားသလိုပေါ့၊ ကိုယ့်ထက်ကြီးတဲ့ ကိုယ့်ထက်အင်အားကြီးတာကို လိမ်လိမ်မာမာပါးပါးနပ်နပ် လုပ်နိုင်ရင် ဆရာတို့ ဖြစ်နိုင်တယ်နော်၊ အဲ့ဒီတော့ အဲ့ဒါလေးက ကိုယ်ကကိုယ့်မှာခက်တာက တရုတ်နဲ့ပတ်သက်လာလို့ရှိရင် ပြောရတာတော်တော်ခက်တာလေ၊ ဟို ဒီ ဆရာတို့ ကြေးနီစီမံကိန်းတွေဘာတွေ ကိစ္စလည်းဖြစ်လာတယ်၊ နောက်တစ်ခါ ကျောက်ဖြူကိစ္စ၊ နောက်တစ်ခါ မြစ်ဆုံကိစ္စ၊ ဟို ဒါတွေနဲ့ ဆရာတို့က အားလုံးကလေ ဒီထဲမှာ နစ်နေေ တာ့ ထွက်မစဉ်းစားနိုင်တဲ့ ပုံစံဖြစ်တယ်၊ ဟုတ်တယ်မဟုတ်လား၊ တရုတ်က နံပါတ် ၁ ဖြစ်မှာသေချာတယ်၊ အဲ့ဒီတော့ ဒါ ငြင်းလို့မရတဲ့ ကိစ္စလေ၊ စီးပွားရေးက၊ တရုတ် နံပါတ်-၁ ဖြစ်ရင်ဘာဖြစ်မလဲဆိုတာကို ကိုယ်ကအခြေခံပြီး စဉ်းစားရမှာပေါ့နော်၊ အဲ့ဒီတော့ ကိုယ်အမြဲတမ်းပြောနေ တာလေ၊ ကိုယ့်နိုင်ငံမှာ ဒီလိုခဏထား၊ နောက်အနှစ် ၅၀ လောက်မှာ ဘာဖြစ်ချင်လဲ ဆိုတာကို စဉ်းစားနေတဲ့သူ တစ်ယောက်မှမရှိဘူး၊ အဲ့ဒီတော့ ကိုယ်က နက်ဖြန်အတွက်ကိုတောင် စဉ်းစားဖို့တောင်အနိုင်နိုင်၊ ကိုယ်ကဒီနေ့အတွက်ပဲစဉ်းစားတာလေ၊ ပိုဆိုးတာက မနေ့က အတွက်ကိုစဉ်းစားနေတာ၊ မနေ့က ဘာတွေဖြစ်ခဲ့တယ်ဆိုတာကို ပြောနေတာနော်၊ အဲ့ဒါတွေနဲ့ အချိန်နစ်နေတာ တစ်ယောက်နဲ့တစ်ယောက် အဆင်မပြေတာ မနေ့က ကိစ္စတွေ၊ အဲ့ဒီတော့ တစ်ခါတလေ ဒီနေ့စဉ်းစားရင်တောင် မဆိုးဘူး၊ ကိုယ်ကမနေ့ကစဉ်းစားနေတော့ အရှေ့က မရောက်ဘူး၊ ဆရာဖြစ်စေချင်တာက တကယ်တမ်းတော့ ၅ နှစ်၊ ၁၀ နှစ်နဲ့ မစဉ်းစားနဲ့တော့ အနှစ် ၅၀ လောက် စဉ်းစားမှရမယ်၊ အနှစ် ၅၀ မှာ မြန်မာနဲ့တရုတ် ဆက်ဆံရေး ဘယ်လိုဖြစ်မလဲ၊ ဘယ်လိုဖြစ်စေချင်သလဲ တိုင်းရင်းသားတွေအခြေအနေက ဘယ်လိုလဲ၊ ဒီဟာတွေလည်း မေးရမှာပေါ့နော်၊ ဒါတွေအားလုံး ဆရာတို့ ဆင်ခြင်ဖို့လိုတယ်။

ဦးမောင်မောင်စိုး
(နိုင်ငံရေးလေ့လာသုံးသပ်သူ)

====================================

တရုတ်က သူ့နိုင်ငံထူထောင်တဲ့ နှစ် ၆၀ ပြည့်တို့ နှစ် ၅၀ ပြည့်တို့ နှစ် ၇၀ ပြည့်တို့မှာ စစ်အင်အားပြတယ် ဆိုတာကတော့ လုပ်ထုံးလုပ်စဉ် ပါဘဲ။ထူးခြားပြီး ဒီနှစ်မှ လုပ်တာမဟုတ်ပါဘူး။ကွန်မြူနစ်နိုင်ငံတွေကတော့  ရုရှ ဖြစ်စေ၊တရုတ်ဖြစ်စေ ဒီလိုစစ်အင်အားပြတာကတော့ ပုံမှန်ပါဘဲ။ အဲ့ဒီလိုလုပ်လိုက်တဲ့ အတွက် ထူးခြားတဲ့ အကျိုးသက်ရောက်မှုတော့ ရှိလိမ့်မယ်တော့ မထင်ပါဘူးဗျ။အဲ့ဒီ အခမ်းအနားနောက်ပိုင်းတော့ မြန်မာနဲ့ တရုတ် နှစ်နိုင်ငံဆက်ဆံရေး၊ မြန်မာနဲ့ အနောက်နိုင်ငံတွေရဲ့ ဆက်ဆံရေးက ထူးခြားမှုမရှိဘဲ ဒီအတိုင်းဆက်သွား လိမ့်မယ်လို့ထင်ပါတယ်။ စစ်ရေးပြပွဲကြောင့် ထူးခြားတဲ့ အကျိုးသက်ရောက်မှုတော့ ရှိလိမ့်မယ်လို့တော့ မထင်ပါဘူးဗျ။ ထိုင်ဝမ်ကတော့ သူတို့စည်းရုံးနိုင်ဖို့ကြိုးစားနေ တာဘဲ လောလောဆယ်ကတော့ တစ်နိုင်ငံ စနစ်နှစ်မျိုးဆက် သွား မယ်ဆိုတာကတော့ အဓိက ကတိကဝတ်ပေးတာကတော့ ဟောင်ကောင်ပါ။
ဟောင်ကောင်မှာ ဆန္ဒပြပွဲတွေ ပြင်း ထန်နေတဲ့ အတွက် ဟောင်ကောင်မှာ တစ်နိုင်ငံ စနစ်နှစ်မျိုးကိုဆက်ကျင့်သုံးမယ်ဆိုတာကို ကတိကဝတ်
ပေးတဲ့ သဘောပါဘဲ။

ဦးကျော်မင်းဆွေ (အယ်ဒီတာချုပ်-The Voice Journal )
================================

တရုတ်က နှစ် ၇၀ ပြည့်အခမ်းအနားကို အကြီးအကျယ်လုပ်တာပေါ့နော်။ဒါ နိုင်ငံတကာမီဒီယာတွေမှာလည်း ရေးထားတာ ဖတ်ရပါတယ်။ ကျွန်တော်တို့လည်း သိချင်တာနဲ့ တိုက်ရိုက်ပြနေတာကိုကြည့်လိုက်တယ်။ ကြည့်လိုက်တာ့သူက တကယ်တမ်းပြောရရင် ကျွန်တော်တို့ တိုင်းပြည်ရဲ့ အခြေအနေနဲ့မူတည်ပြီးဘဲကြည့်ကြည့် ကမ္ဘာ တစ်ဝန်းလုံးရဲ့အခြေအနေနဲ့ဘဲကြည့်ကြည့် ဒီ အာရှဒေသ အရှေ့တောင် အာရှဒေသ ဘဲကြည့်ကြည့် အမေရိကန်နဲ့ တရုတ်က စစ်အေးကာလလိုဖြစ်နေတယ်။စစ်အေးကာလဆိုတာ တစ်ယောက်နဲ့ တစ်ယောက် တရားဝင်တိုက် တာမဟုတ်ဘဲနဲ့ စစ်အင်အားခြင်းတဖြည်းဖြည်းပြိုင်လာတယ်။သူတို့ရဲ့သြဇာခံနယ်မြေ နည်းမျိုးစုံနဲ့ချဲ့ထွင်လာတယ်။တရုတ်က ကမ္ဘာကိုလည်း သူ့သြဇာခံနိုင်ငံတွေကို တရားဝင်သြဇာခံ နိုင်ငံတွေကော တရား မဝင်သြဇာခံ နိုင်ငံတွေကော သူ့ရဲ့စစ်အင်အား၊သူ့ရဲ့ ဓနအင်အားတွေကို ပြတာပေါ့နော်။ပြောရမယ်ဆိုရင် စစ်အင်အား၊ ဓန အင်အားပြတာပေါ့။ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာပေါ်မှာ စစ်အသုံးစရိတ် နောက်စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းထား တွေ စစ်အသုံးစရိတ်တွေက ဒါ တော်တော်များများက ထုတ်ဖော်ကြေညာ နေကြတာလေ။စစ်အင်အား အသုံး စရိတ် ဆိုတာ ဓနအင်အားရှိမှ သုံးလို့ရတာကိုး။ တရုတ်ရဲ့ဓန အင်အားကလည်း အားလုံးသိတဲ့ အတိုင်းဘဲပေါ့။အဲ့ဒီတော့ လတ်တလောအချိန်ထိတော့ အမေရိကန် စစ်အင်အားကိုတော့ မမှီသေးဘူးပေါ့နော်။

သို့သော်လည်း မကြာမတင်ကာလ အတွင်းမှာတော့ မီလာနိုင်စရာရှိတယ်။ ဒါကတော့ အားလုံးလည်း ပြောနေကြ တာပေါ့။ ဒီစစ်လက်နက်တွေ ရဲ့ထိရောက်မှုကတော့ တဖြည်းဖြည်းနဲ့ နည်းပညာမြင့်လာတဲ့အတွက် သူက တော်တော်လေး ထိရောက်လာတာကို လည်းတွေ့ရတယ်။ တနည်းအားဖြင့် တရုတ်က သူ့ဗလ ပြတာပေါ့ဗျာ။Muscle ထုတ်ပြတာပေါ့။သူ့ရဲ့ပြိုင်ဘက်နိုင်ငံတွေကော သူ့ရဲ့ သြဇာခံနိုင်ငံတွေကော သြဇာခံ မဟုတ်သေးတဲ့ နိုင်ငံ တွေ ကော သူက Muscle ထုတ်ပြီး ညှစ်ပြတဲ့သဘောပေါ့။

နောက် မြန်မာပြည်နဲ့ ပတ်သက်လို့က ကျွန်တော်တို့က ပြောမယ်ဆိုရင်တရုတ်က အိမ်နီးချင်းဖြစ်နေတယ်။ ကောင်းတယ် ဆိုးတယ်ဆိုတာ ကတော့ အချိုးကျကြည့်ရမှာ တရုတ်နဲ့ ဆက်ဆံမှုတွေ ဒီထဲမှာ ရှိတဲ့ အခြေအနေ တွေအကုန်လုံး အရင်က အတိတ်က အကြောင်းတွေကော ချိန်ဆပြီးကြည့်ရင် အကောင်းအဆိုးက အဖြေထွက်ပါ တယ်။သို့သော် ကောင်းခြင်း ဆိုးခြင်း ဘယ်လောက်ဘဲ အဖြေထွက်ထွက်ပေါ့နော် ကျွန်တော်တို့က အိမ်နီးချင်းတွေ ငြင်းပယ်လို့မရဘူးပေါ့နော်။ တရုတ်နဲ့လည်း မဆက်ဆံဘဲနေလို့မရဘူး။သီးခြားနေလို့မရဘူး။မရတဲ့ အခါ ကျတော့ မြန်မာပြည်က တရုတ်နဲ့ မဖြစ်မနေ ဆက်ဆံရမှာဘဲ။ဆက်ဆံတဲ့ အခါမှာ ဘယ်လိုဆက်ဆံမလဲ။ဘယ်လို နည်းလမ်း နဲ့ ဆက်ဆံမလဲ ဆိုတာ ကျွန်တော်တို့ တိုင်းပြည်ရဲ့ နိုင်ငံခြားရေး မူဝါဒ က အရေးကြီးတာပေါ့။ကျွန်တော်တို့ နိုင်ငံခြားရေးပေါ်လစီက ဒေါ်စုရဲ့မိန့်ခွန်းထဲမှာလည်း ထည့်ပြောသွားတာရှိပါတယ်။ ဒါကအငြင်းပွားဖွယ်မရှိပါဘူး။ဆင်းရဲရင် အနှိမ်ခံရတာဘဲဗျ။ ရပ်ကွက်ထဲမှာဘဲဖြစ်ဖြစ် ဆင်းရဲတဲ့သူက အနည်းနဲ့အများ အနှိမ်ခံရတယ်။

နိုင်ငံတကာ ဆက်ဆံရေး မှာ လည်း အဲ့ဟာတွေ့ရတယ်။တိုင်းပြည်က ဆင်းရဲလို့ရှိရင် ပြည်သူကော အစိုးရကော အနှိမ်ခံရတယ် ကမ္ဘာ့မျက်နှာစာ မှာ။တရုတ်နဲ့ဆက်ဆံတဲ့ အခါမှာလည်း ကိုယ်က တန်းတူရည်တူ သူတို့နဲ့ ဆက်ဆံဖို့ဆိုရင် ကျွန်တော်တို့က သိပ်နိမ့်မနေဖို့ လည်းလိုတယ်။ ကျွန်တော်တို့မှာ မနိမ့်နိုင်လောက်တဲ့ အခြေခံ ရေခံမြေခံ ရင်းမြစ်တွေ ရှိပြီးသားပေါ့နော်။ ဒါကို စီမံခန့်ခွဲမှုအားနည်း တဲ့အတွက် လွဲချော်ခဲ့ တဲ့အတွက် ကျွန်တော်တို့က ဒီ အခြေအနေ ရောက်နေတာပေါ့။နောက်တစ်ခုက အနောက်နိုင်ငံရဲ့ဖိအားက ကျွန်တော်တို့ တရုတ်နဲ့ ပိုပြီးနီးကပ် သွားစေခဲ့တဲ့ အခြေအနေမှာရှိတယ်။အခုအခြေအနေမှာ ရခိုင်ပြဿနာကို မူတည်ပြီးတော့ အနောက်ကဖိအား ပေးတာပေါ့။ ဖိအားပေးတော့ တရုတ်နဲ့ပြန်ပြီး နီးကပ်သွားစေနိုင်တဲ့ အခြေအနေဖြစ်နေတာပေါ့။ ဒါကလည်း ကမ္ဘာကြီး တစ်ခုလုံးကလည်း အများကြိုက် မူဝါဒနောက်ကိုသွား တာပေါ့။

အများကြိုက်ဆိုတာက လူ့အခွင့် အရေးတို့ ဘာတို့ပြော လိုက်ရင် အားလုံးက မထောက်ခံရင် ဆန့်ကျင်တာဖြစ် သွားမှာလေ။လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ဖိနှိပ်နေ ပါတယ်လို့ လူ့အခွင့်အရေးချိုးဖောက်တဲ့ အတွက် ဒီလိုလုပ်ရ ပါတယ်ဆိုလို့ရှိရင် အဲ့လိုလုပ်တာကို ဆန့်ကျင်တဲ့ သူက လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး ဆန့်ကျင်တဲ့ သူဖြစ်သွား မယ်လေ။ အဲ့လိုဆန့်ကျင်တာမျိုးအချို့က မဖြစ်လိုဘူး။အဲ့တော့ အများယိမ်းတဲ့အတိုင်း လိုက်ယိမ်းကြရတာပေါ့။ အများပြောတဲ့အတိုင်း လိုက်ပြောကြရတာ ဒါသဘာဝလိုဖြစ်နေတယ်။ ဒါပေမယ့် အဲ့လိုပြောတဲ့ နိုင်ငံတွေမှာ ကိုယ်၌ ကိုယ်က လက်ယာစွန်းတွေ အာဏာရလာပြီးတော့ သူ့ပြည်တွင်းတောင်မှ လူနည်းစုအပေါ်မှာ သူတို့ ကျူးလွန်တာတွေ ခွဲခြားမှုတွေ အများကြီးဖြစ်တာ ဒါတွေက အငြင်းပွားဖွယ်မရှိဘူး။ ကျွန်တော်တို့ကို မှ ဘာဖြစ်လို့ ဟိုက်လိုက်လုပ်လဲဆိုရင် ခုနကပြောသလို ဆင်းရဲလို့ အနှိမ်ခံရတာ။ ဆင်းရဲနေတဲ့ အခါ အင်အားနည်းနေတဲ့အခါ နှိမ်ကြတာဘဲလေ။နှိမ်တဲ့ နိုင်ငံတွေကိုလည်း လုံးလုံးသွားပြီး အပြစ်တင်လို့မရပြန်ဘူး။ ကျွန်တော်တို့လည်း ကျွန်တော်တို့မူဝါဒအရ တရုတ်နဲ့ ဆက်ဆံတဲ့အခါမှာ သိပ်အောက်စည်းနဲ့ မနေဖို့လိုတာပေါ့နော်။တရုတ်နဲ့ မဖြစ် မနေ ဆက်ဆံရမယ်။ဆက်ဆံတဲ့အခါမှာ သိပ်အောက်စည်းမနေဘဲ ကိုယ်ဟာကိုယ် ယုံကြည်မှုရှိရှိနဲ့ ဆက်ဆံရင်တော့ တရုတ်က ကျွန်တော် တို့ကို သြဇာလွှမ်းမိုးလို့မရဘူးလို့ထင်တယ်။ ခေတ်က ကိုလိုနီလက်သစ် လို ပြောနေကြတဲ့ အရင်စစ်အစိုးရလက်ထက်က အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေက စွပ်စွဲတယ်ပေါ့။ တရုတ်ကလည်း ဒီပုံစံလုပ်တာပေါ့ သူ့ရဲ့စီးပွားရေးနဲ့ဖိတယ်။

အာဏာရှင်နိုင်ငံတွေ၊အာဏာရှင်တစ်ပိုင်းနိုင်ငံတွေ အာဏာရှင်နို့နံ့ မစင်သေးတဲ့ နိုင်ငံတွေက တရုတ်ရဲ့ သြဇာ သက်ရောက်မှု ဒဏ်ကိုခံရ တာပေါ့။ အာဏာရှင်အောက်က နိုင်ငံတွေအားလုံးကလည်း ဆင်းရဲတာကိုး။ဆင်းရဲမှုနဲ့ အာဏာရှင်စနစ်ကတွဲနေတာကိုး။အဲ့ဒီနိုင်ငံတွေက တရုတ် ရဲ့ ပစ်မှတ်နိုင်ငံတွေဖြစ်တာပေါ့။ဒါကလည်း မြင်နေရ တာဘဲ။အဲဒီအရိပ်ဆိုးကြီးက ကျွန်တော်တို့မှာ ရှိတယ်။တရုတ်ဆိုတာနဲ့ မျက်စိမှိတ်ပြီးတော့ ဆန့်ကျင်လို့ မရဘူး။ တရုတ်မှာ အတုယူစရာတွေရှိတယ်။ တရုတ်ရင်းနှီးမြုပ်နှံမှုကို ကျွန်တော်တို့ဘက်က စည်းမျဉ်းစည်းကမ်းနဲ့ ပြန်ထိန်းရ မှာပေါ့။ ဒါက ကျွန်တော်တို့ နဲ့ဆိုင်တယ်လို့ ထင်တယ်။အချို့ကိစ္စတွေကလေ။တရုတ်ကို သွားပြီးအပြစ်တင် လို့ မရဘူး။ စာချုပ်စာတမ်းချုပ်တဲ့ အခါမှာ ကိုယ့်တိုင်းပြည်မနာအောင် ရင်းနှီးမြုပ်နှံမှုဒေသတွေ မနစ်နာအောင် ကျွန်တော်တို့ဘက်ကလည်း စည်းမျဉ်းစည်းကမ်းတွေချပိုင်ခွင့်ရှိ တယ်။

နောက်တစ်ခါ စာချုပ်စာတမ်းကို တစ်နှစ် တစ်ခါပြန်ပြီတော့ စစ်ဆေး ခွင့်၊လိုအပ်တာကို ပြင်ဆင်ခွင့်လည်းရှိ တယ်လေ။ဒါက ကျွန်တော်တို့နဲ့ လည်း ဆိုင်တယ်။ ကျွန်တော်တို့ “အ” ရင်တော့ ခံရမှာပေါ့နော်။ဘယ်နိုင်ငံနဲ့ ဆက်ဆံ ဆက်ဆံပါ။ ရင်းနှီးမြုပ်နှံမှုဘဲဖြစ်ဖြစ် အကူအညီဘဲဖြစ်ဖြစ် သူတို့ကတော့ သူတို့ အစီအစဉ်နဲ့ သူတို့လာတာလေ။EU နိုင်ငံတစ်ချို့ကလွဲလို့ ကျန်နိုင်ငံတွေ ရဲ့ ကျွန်တော်တို့တိုင်းပြည်မှာပေးနေတဲ့ အကူအညီတွေ ဆို တာကလည်း သူတို့ အစီအစဉ်ထဲမှာပါတယ်လေ။သူတို့ အစီအစဉ်အတိုင်း အကောင်ထည်ဖော်ခြင်း မဖော်ခြင်းက ကိုယ့်အပေါ်မှာဘဲ မူတည်တယ်။သြဇာခံ ဖြစ်ခြင်း မဖြစ်ခြင်းက ။ အများကိုလက်ညှိးထိုးနေတာ ထက်စာရင် ကျွန်တော်တို့က ပါးနပ်လိမ္မာ ဖြစ်ဖို့ လိုတယ်။ တရုတ်နဲ့ ဆက်ဆံတဲ့အခါမှာလည်း ဘာမှ သိပ်ပြီးကြောက်နေစရာ မလိုဘူး လို့ထင်တယ်။ကြောက်နေစရာမလိုဘူးဆိုတာ တရုတ်ကို အမြဲတမ်းဆန့်ကျင်နေဖို့ မထိလေးစား ဆန့်ကျင်ရေးလုပ်ဖို့၊ တရုတ်ဆန့်ကျင်ရေးလုပ်ဖို့မလိုဘူးလေ။

မြန်မာနိုင်ငံက အနောက်နိုင်ငံနဲ့ ပိုပြီးနီးကပ်သွားနိုင်လားဆိုရင် အနောက်နိုင်ငံက တပ်မတော်အပေါ်မှာ ပိတ်ပင် တာတွေ လုပ်ထားတယ်လေ။ တပ်မတော်နဲ့ တပ်မတော်ခေါင်းဆောင်တွေအပေါ်မှာ ပိတ်ပင်အရေးယူတာတွေ လုပ် ထားတဲ့ အခါကျတော့ ၊ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရကိုလည်း အနောက်က အပြစ်မြင်နေတာတွေ၊ အပြစ်တင်နေတာတွေရှိတယ်။အစိုးရကလည်း သူ့မှာ နိုင်ငံခြားရေးပေါ် လစီရှိတာပေါ့။

နိုင်ငံခြားရေးပေါ်လစီက လက်ရှိသွားတာ လာတာ သံတမန်တွေနဲ့ ဆက်ဆံတာတွေကို ယေဘူယျခန့်မှန်းကြည့်ရ တာပေါ့။ခန့်မှန်း ကြည့်ရ တာတော့ အနောက်ကိုလည်း အရမ်းကြီး ကပ်သွားမယ့်ဟာမျိုးတော့ ရှိသွားမယ့်ပုံမရှိပါဘူး။ တရုတ်ရဲ့ အင်အား ပြမှုကြောင့်ပေါ့။ တပ်မတော် ကတော့ နဂိုတည်းက တရုတ်နဲ့ အရင်က နီးနီးကပ်ကပ်ရှိခဲ့တာကနေ နောက်ပိုင်း NLD အစိုးရလက်ထက်၊ဦးသိန်းစိန် အစိုးရလက်ထက်နှောင်းပိုင်းလောက်မှာ တဖြည်းဖြည်းနဲ့  တရုတ်နဲ့ ခပ်ခွာခွာဖြစ် လာတာတွေ့ရတယ်။ မြောက်ပိုင်းအဖွဲ့တွေနဲ့ ဖြစ်တဲ့ စစ်ပွဲမှာ သိသာတယ်။ပထမဦးဆုံးဖြစ်တဲ့ မြောက်ပိုင်း မဟာမိတ်နဲ့ ဖြစ်တဲ့ စစ်ပွဲမှာ တရုတ်က နောက်ကွယ်ကနေ မြောက်ပိုင်းမဟာမိတ် နောက်ကွယ်ကနေပြီးတော့ တရုတ်က နာမည်တပ်ပြီးမပြောရုံတမယ် နောက်ကွယ်က အကူအပံ့သဘောမျိုးတွေရှိနေတာမျိုး ကျွန်တော် တို့လည်းမြင်ရတာပေါ့နော်။

ဒါနဲ့ ဆက်စပ်ပြီး မြန်မာပြည်ရဲ့ငြိမ်းချမ်းရေး မှာလည်း ကျွန်တော်တို့က ငြင်းလို့မရဘူးဗျ ဒီကိစ္စက ။တရုတ်က နောက်ကွယ်ကနေပြီတော့ ရှိနေတာပေါ့။သူက ကျွန်တော်တို့တိုင်းပြည်က လက်ရှိခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က သူကမှတ်တိုင်စိုက်ချင်စိတ် များတဲ့ သူပေါ့နော်။သူအုပ်ချုပ်ရေးအာဏာ ယူတဲ့ အချိန်မှာ သူအာဏာရနေတဲ့ အချိန်မှာ သူမှတ်တိုင်တွေ အများကြီး စိုက်ချင်တဲ့ သဘာဝ ပေါ့ ဒီရွေးကောက်ပွဲက အစပေါ့။ အဲ့ဟာရဲ့လိုအင်ဆန္ဒကို တရုတ်ကသိတယ်ဗျ။ကျွန်တော်တို့ကတော့ တရုတ်ပြည်အကြောင်းဘယ်လောက် သိလဲ တော့မသိဘူးပေါ့။တရုတ်ပြည်က ကျွန်တော်တို့နဲ့ ပတ်သက်ပြီးတော့ တော်တော်လေ့လာထားတယ်ပေါ့။ သီးခြားလေ့လာတဲ့ သူတွေ လည်းရှိတယ်။ဥပမာအနေနဲ့ တပ်မတော် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မိန့်ခွန်းပြောလိုက်တာနဲ့ အဲ့မိန့်ခွန်းထွက်သွားပြီး နာရီပိုင်း အတွင်း မှာ ဒါကို ဘာသာပြန်ပြီး သားထွက်လာတယ်။ထွက်လာပြီးတော့ သူ့သက်ဆိုင်ရာ မြန်မာပြည်အရေးနဲ့ ပတ်သက်တဲ့ ခေါင်းဆောင်တွေ ဆီကို တခါတည်း Report ပေးပြီးသားပေါ့။ ဒေါ်အောင်ဆန်းစုကြည် တစ်ခုခု ပြောပြီးတာနဲ့ သူတို့ ဘာသာပြန်ပြီးသား ဟာတွေကို သူတို့ခေါင်းဆောင်တွေ ဖတ်ကြတယ်။ သိကြတယ်။ မြန်မာပြည်အတွက်ကိုင်တွယ်တဲ့သူတွေပေါ့။

မြန်မာပြည်အရေးကိုလည်းတောက်လျှောက် လေ့လာနေတဲ့ သူတွေလည်းရှိတယ်။ပြောရရင် ကျွန်တော်တို့က တရုတ်ပြည်အကြောင်းကို ကျွန်တော်တို့သိတာထက် တရုတ်ပြည်က ကျွန်တော်တို့ နိုင်ငံအကြောင်းကို ပိုသိတယ် ။ အဲ့တော့ ကျွန်တော်တို့က တရုတ်ပြည်နဲ့ ကစားတဲ့ အခါ မှာ ကျွန်တော်တို့က တစ်ပန်းရှုံး နေတယ် လောလောဆယ်။တရုတ်ပြည်နဲ့ ဆက်ဆံတဲ့ အခါ လက်ရှိအနေအထားက အနောက်နဲ့ ပိုကပ်သွား တာတို့ တရုတ်ပြည်ဘက်ရောက်သွားတာတို့ တရုတ်ပြည် နဲ့ကွာသွားတာတို့ အဲ့ဒါတွေက ဒီတိုင်းပြည်က အုပ်ချုပ်တဲ့ သူတွေရဲ့ နိုင်ငံခြားရေး ဆက်ဆံရေးပရိယာယ် ၊မူဝါဒတွေနဲ့ဆိုင်တယ်။

ကိုယ့်တိုင်းပြည်ရဲ့ရှေ့ရေးကို တွေးပြီးတော့ ဘယ်သူနဲ့ မဆို စိုတဲ့ လက်မခြောက်စေနဲ့ ဖြစ်ဖို့လိုတာပေါ့။ ကျွန်တော်တို့က လိုရင်လိုသလို အနောက်ကိုကပ်တာ။မလိုရင် မလိုသလို ခွာတာ။မလိုရင်မလို သလိုဆက်ဆံတာ။လိုရင်လိုသလိုဆက်ဆံတာ စိတ်ခံစားချက်နဲ့ သွားလို့မရတဲ့ နယ်ပယ်ဖြစ်နေ တယ်ဗျ။ စိတ်အာရုံ လာရင်လာသလို လုပ်လို့မရဘူးပေါ့။ဒါတွေက လွတ်လပ်တဲ့ သတင်းစာဆရာတစ်ယောက် အနေနဲ့တွေးကြည့် တာပေါ့။ကျွန်တော့်အနေနဲ့ နှစ် ၇၀ အခမ်းအနားကြောင့် အနောက်နဲ့ကပ်သွားစရာတော့မမြင်ဘူးဗျ။

ဦးအောင်သူငြိမ်း
(ပြင်ပဆက်ဆံရေးဒါရိုက်တာ-ISP Myanmar )

=============================
တရုတ်နိုင်ငံက သူဒီတည်ထောင်တဲ့ နှစ် ၇၀ ပြည့် အခမ်းအနားလုပ်တာလေ၊ လုပ်တဲ့အခါကျတော့ သူကကမ္ဘာပေါ်မှာ အင်အားကြီးနိုင်ငံ တစ်ခု အဖြစ် ချပြ ရပ်ပြလိုက်တဲ့သဘောပေါ့လေ၊ ရပ်ပြလိုက်တဲ့ အခါကျတော့ ကျန်တဲ့နိုင်ငံတွေကိုကျော်ပြီး စစ်ရေးအရ အင်အားပါရှိတဲ့ အနေအထား ပါပြတယ်ပေါ့နော်၊ ပြတဲ့အခါကျတော့ ကျွန်တော်မြင်တာကတော့ သူ့ရဲ့ရပ်တည်ချက်ကို ပြောတဲ့သဘောပါပဲ၊ ကျွန်တော်တို့နဲ့တော့ တိုက်ရိုက်ကြီး ဆက်စပ်မှုမရှိပါဘူး၊ ဒါပေမဲ့ ဘယ်လိုဖြစ်သလဲဆိုတော့ ကျွန်တော်တို့က သူ့ရဲ့အိမ်နီးချင်းနိုင်ငံ တစ်ခုဖြစ်တော့ သူ့ရဲ့ အင်အားကြီး လာတဲ့အခါကျတော့ အနည်းနဲ့အများဆိုသလိုပေါ့လေ၊ အရိပ်လွှမ်းမိုးမှု ရှိတာပေါ့နော်။

တရုတ်မှာက ဥပမာပြောရင် သူ့ရဲ့ပြဿနာတွေလည်း အများကြီးရှိသေးတယ်ဗျ၊ ဥပမာအားဖြင့် ထိုင်ဝမ်ပြဿနာ၊ ဟောင်ကောင်မှာ ဆန္ဒပြနေ ကြတဲ့ကိစ္စမျိုးတွေ နောက်တစ်ခါ တောင်တရုတ်ပင်လယ် ပြဿနာ ပေ့ါနော်၊ အဲ့ဒါက ကျွန်တော်တို့ထက်စာရင်သူတို့ဘက်က အများကြီး အရေးကြီးတဲ့ပြဿနာမျိုးတွေ လေနော်၊ ကျွန်တော်တို့နိုင်ငံအနေနဲ့က သူ့ရဲ့တစ်ဖက်က နောက်ကျောထွက်ပေါက်အနေနဲ့ရှိတဲ့ အနေအထား မျိုးပေါ့နော်၊ ကျွန်တော်တို့ကို ဖြတ်ပြီးတော့ အိန္ဒိယသမုဒ္ဒရာဘက်ကို ဆက်ချင်တဲ့သဘောရှိတာ ပေါ့နော်၊ အဲ့ဒီရည်ရွယ်ချက်တွေနဲ့ပဲ တရုတ်-မြန်မာ စီးပွားရေးစြင်္ကန်လမ်း ဒါမျိုးတွေ လုပ်လာတဲ့အပိုင်းတွေရှိတာပေါ့နော်၊ နောက်တစ်ခါကျတော့ အင်အားကြီးနိုင်ငံဖြစ်တဲ့ အခါ ကျတော့ သူ့ရဲ့ တာဝန်ယူမှုအခန်းကဏ္ဍကလည်း ပိုကြီးလာတယ်၊ ဆိုလိုတဲ့သဘောကတော့ဗျာ ကျွန်တော်တို့ တိုင်းပြည်မှာ မငြိမ်မသက် စစ်တွေဖြစ်နေတယ်၊ အခုပြည်တွင်းမှာ စစ်တွေရှိနေတယ်ဆိုရင် သူရဲ့စီးပွားရေးက နောက်ကျော မအေးဘူးပေါ့နော်၊ အဲ့ဒီလိုဟာမျိုးက ငြိမ်းချမ်းရေး ဟာတွေမှာ ပိုပြီးပတ်သက်လာရတယ်၊ ဒါမျိုးတွေတော့ ရှိပါတယ်။

ဒီလိုဗျာ တရုတ်ကတော့ သူအမြဲပြောတယ်၊ Peaseful Right ပေါ့နော်၊ သူက ငြိမ်းချမ်းစွာနဲ့တဖြေးဖြေးအင်အား ကြီးထွားလာတယ်ဆိုတဲ့ သဘောမျိုးကို သူကအမြဲပြောပါတယ်၊ ဆိုတော့ သူအင်အားကြီးထွားလာတာ သူများကို ရန်မူဖို့မဟုတ်ဘူးဆိုတဲ့ဟာမျိုးပေါ့၊ ဒါပေမဲ့လည်း တစ်ဖက် မှာကျတော့ ဒီလိုအင်အားကြီးထွားလာတဲ့ အပေါ်မှာပဲ တစ်ချို့တွေ စိုးရိမ်မှုတွေရှိတာပေါ့ဗျာ၊ နောက်ထပ် Game အသစ်ဖြစ်လာ မလားပေါ့ဗျာ၊ Game အသစ်ဆိုတာ ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်း လာပြီးတော့ နိုင်ငံတကာ မဟာဗျူဟာတွေ ကစားကြတဲ့ဟာတွေ ဖြစ်လာမလားဆိုပြီးတော့ စိုးရိမ်မှုတွေရှိပါတယ်၊ အဲ့ဒါမျိုးစဉ်းစားရင်တော့ စိုးရိမ်မှုရှိနေသေး တာပေါ့လေ။

ဦးသုဝေ(ဥက္ကဌ-ဒီမိုကရက်တစ်ပါတီ(မြန်မာ))
===================  

ဘာပဲဖြစ်ဖြစ်တရုတ်ဆိုတာက ကျနော်တို့နဲ့အိမ်နီးနားချင်းတိုင်းပြည်လေ၊အိမ်နီးနားချင်းတိုင်းပြည်ဆိုတာက ဘယ်သူနဲ့ဘဲဖြစ်ဖြစ် ဒါကတော့ ငြိမ်းငြိမ်းချမ်းချမ်း ချစ်ချစ်ခင်ခင်နေကြရမှာပဲလေ၊ညီညွတ်အောင်တော့ လုပ်ရ မှာဘဲလေ။ အထူးသဖြင့်ကတော့ တရုတ်ကတော့ ကျနော်တို့ရဲ့ တိုင်းပြည်မှာနိုင်ငံရေးအရရော၊စီးပွားရေးအရရော သူကထဲထဲဝင်ဝင်တာဝန်ယူနေတဲ့တိုင်းပြည်ဖြစ်တယ်။သူတိုင်းပြည်ကြည့်ရတာလည်း ဖွံ့ဖြိုးတိုးတက်လာ တဲ့ တိုင်းပြည်ဆိုတော့ အင်မတန်အားရစရာကောင်းပါတယ်။နမူနာယူရမယ့်တိုင်းပြည်ပေါ့။ဘာပဲပြောပြော အိမ်နီးနား ချင်းတိုင်းပြည်ဖြစ်တဲ့ တရုတ်နဲ့ကတော့ ချစ်ချစ်ခင်ခင်ပေါ့လေနေကြ ရမှာဘဲ။ ပေါင်းသင်းဆက်ဆံရမှာ ပါဘဲ။ ကိုယ့်အကျိုးအတွက် စီးပွားဆက်ဆံ ရမှာ ပါဘဲ၊လုပ်ရမှာပါဘဲ။အဲ့ဒါက အခြေခံပေါ့ဗျာ။

တရုတ်က ကျနော်သိသလောက်ကတော့ ကျနော်တို့တိုင်းပြည်အပါအဝင်အားလုံးနဲ့သူပြေလည်နေတာပဲလေ။ တပ်မတော်နဲ့လည်း ပြေလည် တယ်။အစိုးရနဲ့လည်းပြေလည်တယ်။ ကျနော်တို့ဆီမှာရှိတဲ့ တိုင်းရင်းသား လက်နက် ကိုင်အများစုနဲ့လည်း  ရင်းနှီးနေတာ အားလုံးနဲ့ရင်းနှီးနေအောင် လုပ်ထားပြီးတော့ သူ့စီးပွားအတွက်သူလုပ်ထား တာပါဘဲလေနော်။ပြောရရင် ထူးထူူးခြားခြားတော့ ပြောစရာမလိုပါဘူး။ တရုတ်ကလည်း ဘာခေါ်မလဲ သူက ကျနော်တို့ တိုင်းပြည်တင်မကဘူးပေါ့နော် အမျိုးသားမဟာဗျုဟာရော ကျနော်တို့ တိုင်းပြည်အနီးအနား မှာရှိတဲ့ တိုင်းပြည်တွေနဲ့ရောကိုသူက ဘာခေါ်မလဲ သူကရင်းရင်းနှီးနှီးလည်းနေတယ်။သူကသွေးစည်းအောင်လည်း လုပ်နေတာ တွေ့ရပါတယ်။

ဦးထွန်းကြည် (နိုင်ငံရေးအကျဉ်းသားဟောင်းများဦးဆောင်ကော်မတီဝင်)
=================================  

အထူးသဖြင့်တော့ အများအမြင်မှာ သတိထားမိတာက အမိနိုင်ငံတော်ကိုပေါ့ မည်သည့်အင်အားကမှ ဘာပဲပြော ပြော မတုန်လှုပ်စေ ရဘူးပေါ့လေ။ အဲ့အထဲမှာနိုင်ငံနဲ့ပြည်သူကိုလည်းတစ်လုံးတစ်စည်းထဲရှိ နေတယ်ဆိုတဲ့ အကြောင်းကို အစိုးရရယ်၊ပြည်သူရယ် တစ်လုံး တစ်စည်းတည်း ရှိနေတယ်ဆိုတဲ့ အကြောင်းကို အခြားအင်အားစု တွေက ဘာဆိုဘာမှလုပ်လို့မရတဲ့ပုံစံမျိုးတွေ စည်းလုံးညီညွတ်တယ်ဆိုတာကို သူကမိန့်ခွန်းထဲမှာ ထည့် ပြော သွားတယ်။ဆိုတဲ့အခါကျတော့ တရုတ်လို့ပြောလိုက်တာနဲ့စီးပွားရေးအရရော၊ နိုင်ငံရေးအရ ရောသွား နေတာက လည်း သူကလည်းတစ်ပါတီနဲ့သွားနေတာကိုး ဆိုတဲ့အခါကျတော့ မည်သို့ပင်ဆိုစေကာမူ သူတိုင်းပြည်ကို ထူထောင်တယ်ဘဲပြောပြော နောက်တစ်ခုက လွတ်လပ်ရေးဘဲပြောပြော ဘယ်လိုဘဲပြောပြော နှစ်(၇၀)တော့ ရှိပြီ။၁၉၄၉ တည်းကပေါ့။အဲ့အချိန်မှာ ဥက္ကဌကြီး မော်နဲ့ ပတ်သက်တဲ့သင်္ကေတတွေကိုလည်းသူက အဝတ်အစား က အစ အရောင်ကအစ အဲ့ဒါတွေနဲ့ဝတ်ပြီးတော့သူက တကယ့်ကို ထျန်းအန်းမင် ရင်ပြင်မှာ ပြောတာကိုး ဒါက တော့ သူတို့ရဲ့  တရုတ်အမျိုးသားနေ့ရဲ့ နိုင်ငံရေးအရ အမှတ်သင်္ကေတပေါေ့လ။မည်သို့ပင်ဆိုစေကာမူ ဒါက ကမ္ဘာကိုသူထုတ်ပြလိုက်တာပဲလေ။ ကမ္ဘာကမမြင်ဘူးသေးတဲ့ မကြားဘူးသေးတဲ့ မတွေ့ဘူးသေးတဲ့ တကယ့် နျူကလီးယား ထိပ်ဖူး တပ်ထား တာတွေ လည်းသူကထုတ်ပြတာတွေလည်းပါတယ်လေ။

နောက်တစ်ချက်က တရုတ်-မြန်မာ ဆက်ဆံရေးကိုပြောရရင် အစဉ်အဆက်ကတော့ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး ပေါ့လေနော်။ အဲ့လို ဆက်ဆံရေးပေါ့ အခုအချိန်အထိလည်းဆွေမျိုးပေါက်ဖော်ဆက်ဆံရေးပေါ့။ သူက အကိုတို့ ပထဝီနိုင်ငံရေးအရလည်းအရေးကြီးတဲ့ အခန်းကဏ္ဍ မှာ ပါနေတယ်လေ ဆိုတော့ဒီလိုပါ။ပတ်ဝန်းကျင် တိုင်းပြည် တွေနဲ့ မိတ်ဝတ်မပျက်ဆက်ဆံရေးဆိုတော့ မိတ်ဝတ်မပျက်မူတစ်ခုချမှတ်ပြီးတော့ အကို့အမြင်ပေါ့။ အကိုဆိုရင် တော့ မိတ်ဝတ်မပျက်ဆက်ဆံရေး  နိုင်ငံခြားရေးပေါ်လစီပေါ့လေ။ ဒီလိုမျိုးလေးတော့သွားနေတယ်။သူရဲ့ စစ်အင် အားတွေ စီးပွားရေးအင်အားတွေကိုကြည့်ပြီးတော့ အဲ့ထဲကကိုယ်တို့ကတော့ ယူသင့်တာယူရမှာပေါ့။သင်ယူသင့် တာ သင်ယူမယ်၊လေ့လာသင့် တာလေ့လာ မယ်ပေါ့။
 

(  Zawgyi  )

 မၾကာမီက တ႐ုတ္ႏိုင္ငံ ထူေထာင္သည့္ ႏွစ္(၇၀) ျပည့္ အခမ္းအနားႏွင့္ စစ္ေရးျပအခမ္းအနားကို တ႐ုတ္ႏိုင္ငံက ထူးထူးျခားျခား လုပ္ျပခဲ့ သလို ေခတ္မီစစ္လက္နက္ပစၥည္းမ်ားကိုလည္းခင္းက်င္းျပသခဲ့ပါတယ္။ ထိုစစ္ေရးျပအခမ္းအနားက ျမန္မာအပါအဝင္ တ႐ုတ္ႏွင့္ အိမ္နီးခ်င္းႏိုင္ငံ မ်ားအတြက္ သတိထားစရာျဖစ္ခဲ့သလို ဆက္ဆံမႈကိုလည္း ျပန္လည္သုံးသပ္စရာ ျဖစ္ခဲ့ပါတယ္။

ကမာၻစစ္အင္အားႀကီး ႏိုင္ငံတစ္ႏိုင္ငံအျဖစ္ ေပၚထြန္းလာေတာ့မည့္ အေျခေအနရွိေနသည့္ အိမ္နီးခ်င္း ႏိုင္ငံႏွင့္ စီးပြားေရး၊လူမႈေရးႏွင့္ ႏိုင္ငံေရးအျပင္  လက္ရွိ ျပည္တြင္းၿငိမ္းခ်မ္းေရးကပါ တ႐ုတ္ႏိုင္ငံက ၾကားဝင္ ေဆာင္႐ြက္ေနသည့္ အခ်ိန္အခါတြင္ လက္ရွိတ႐ုတ္ႏိုင္ငံ၏ စစ္ေရးအင္အားျပမႈက ကမာၻႏိုင္ငံမ်ားနည္းတူ ျမန္မာ ႏိုင္ငံအတြက္လည္း သတိျပဳစရာျဖစ္လာပါတယ္။ ေရွ႕ေလွ်ာက္ ျမန္မာႏိုင္ငံအေနျဖင့္ တ႐ုတ္ႏွင့္ဆက္ဆံေရးတြင္ မည္သို႔ အခန္းက႑ျဖင့္ ေဆာင္႐ြက္သင့္သနည္း ဆိုသည့္အခ်က္အေပၚ ႏိုင္ငံေရး၊သတင္း မီဒီယာနယ္ပယ္ႏွင့္ အရပ္ဖက္အဖြဲ႕အစည္းမ်ားကို ဦးေဆာင္ေနသူမ်ား၏ အျမင္ကို အထူးအစီအစဥ္အျဖစ္ ေမးျမန္း ေဖာ္ျပလိုက္ပါတယ္။

မုံ႐ြာဦးေအာင္ရွင္
(ဗဟိုျပန္ၾကားေရးေကာ္မတီ၊အတြင္းေရးမႉး-အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္)
==========================
ဒီလိုဗ်ာ သူတို႔ႏွစ္(၇၀)ျပည့္အထိမ္းအမွတ္ေတြလုပ္တဲ့ အထိမ္းအမွတ္ပြဲဟာက်ေနာ္လည္း တစ္ေလွ်ာက္လုံး ၾကည့္ေနတာပါပဲ။ အဲ့ဒီပြဲရဲ႕ အခမ္းအနား အခင္းအက်င္းေပါ့ေလ၊ေတာ္ေတာ္ေလးလည္း ခမ္းနားႀကီးက်ယ္ပါတယ္။ ခမ္းနားႀကီးက်ယ္ေအာင္လည္း သူတို႔က ဘာလုပ္ ထားလဲ ဆိုေတာ့ ဒီမတိုင္ခင္တစ္ႏွစ္ေလာက္တည္းက ႀကိဳၿပီး ေတာ့ျပင္ဆင္ ၿပီးေတာ့ဒါေတြလုပ္ထားၾကတယ္။

လုပ္ထားၾကၿပီးေတာ့သူတို႔သေဘာထားကေတာ့ (၁၀)ႏွစ္ တစ္ႀကိမ္၊(၁၀)ႏွစ္တစ္ႀကိမ္ သူတို႔သုံးသပ္ပါတယ္။၁၉၄၉ ခုႏွစ္ကေန ၅၉ ၊ ၅၉ ကေန ၆၉ ၊၆၉ ၿပီး ၇၉ ၊ ၇၉ ၿပီး ၈၉ ေပါ့ေလ။အဲ့လို ၁၀ ႏွစ္တစ္ႀကိမ္သုံးသပ္တယ္။သုံးသပ္ၿပီးေတာ့ ဒါကို(၇၀)ျပည့္မွာ ႀကီးက်ယ္တဲ့ အခမ္းအနား လုပ္ၿပီးေတာ့ ကမာၻကိုျပတယ္ေပါ့။ျပလိုက္တာက ဘာကိုသြားေတြ႕ရလဲဆိုေတာ့ နံပါတ္တစ္ကေတာ့ သူတို႔ရဲ႕ စီးပြားေရး အင္အားႀကီးတယ္ ဆိုတာကိုျပတယ္။စီးပြားေရးအင္အားႀကီးေတာ့ တိုင္းျပည္ဟာဖြံ႕ၿဖိဳးတိုးတက္တယ္။

ဒါေၾကာင့္မို႔သူတို႔ေတြခ်မ္းသာႂကြယ္ဝမႈနဲ႔အတူသူတို႔စိတ္ထဲမွာဆႏၵရွိတဲ့အတိုင္းစီမံခန႔္ခြဲလုပ္ႏိုင္တယ္ေပါ့ဗ်ာ။အဲဒါကိုသူတို႔ကျပတယ္။ဒါကတစ္အခ်က္ေပါ့ေလ၊ႏွစ္အခ်က္ကေတာ့စစ္ေရးအင္အားလည္းႀကီးလာတယ္ဆိုတာကိုသူကျပတယ္ေနာ္။စစ္ေရးအင္အားႀကီးလာတယ္ဆိုတာနဲ႔ပတ္သက္လို႔ က်ေနာ္မွတ္မိတာက က်ေနာ္တို႔ၿပီးခဲ့တဲ့ ၁၉ ႀကိမ္ေျမာက္ ကြန္ဂရက္ေပ့ါေလ ၂၀၁၇ က လုပ္တဲ့ သမၼတရွီက်င့္ဖိန္က မိန႔္ခြန္းေျပာဘူး ပါတယ္။ အဲ့ဒီမိန႔္ခြန္းထဲမွာ ဘာပါလဲဆိုေတာ့ ၂၀၃၅ ခုႏွစ္မွာစစ္ေရး အင္အားႀကီးတဲ့ႏိုင္ငံ တစ္ခုျဖစ္ေအာင္ သူတို႔လုပ္မယ္ ဆိုတာကိုေျပာဘူး ပါတယ္။အဲ့ဒါကို ဆက္ၿပီးေတာ့ ျပလိုက္တဲ့ သေဘာပါပဲ။ျပလိုက္တာပါပဲ၊သူတို႔လိုဘဲစစ္အင္အားႀကီးတယ္ဆိုတာကို ေတာ္ေတာ္ေလး သိသာသြား ပါတယ္။

အဲဒီေတာ့က်ေနာ္တို႔က ဘာကိုသတိထားမိလဲဆိုေတာ့ အထူးသျဖင့္စီးပြားေရးအရ အေမရိကကိုစိန္ေခၚ တာေပါ့ ‌ေနာ္။ စစ္ေရးအင္အားကလည္း အဓိကက အေမရိကပါဘဲ၊အေမရိကနဲ႔ဥေရာပကိုစိန္ေခၚတဲ့သေဘာပါဘဲ။ က်ေနာ္တို႔ႏိုင္ငံအေနနဲ႔ ျမန္မာႏိုင္ငံအေနနဲ႔ အိမ္နီးခ်င္းႏိုင္ငံလည္းျဖစ္ တဲ့အခါ ကိုယ့္အိမ္နီးခ်င္းႏိုင္ငံလို အင္အား ႀကီးတဲ့ႏိုင္ငံေတြနဲ႔ပတ္သက္ၿပီးေတာ့ ဆက္ဆံတဲ့ အေနအထားအေပၚမွာက်ေနာ္တို႔ သတိထားၿပီး ေတာ့ ဆက္ဆံရမွာေပါ့ေလ ။ႏိုင္ငံေရးအရတန္းတူ ဆက္ဆံေရးကိုထားတယ္။ စီးပြားေရး အရေတာ့ အက်ိဳးတူပူးေပါင္းေဆာင္ ႐ြက္ေရး အရသြား မယ္ဆိုတဲ့ မူနဲ႔ က်ေနာ္တို႔ဒီလိုဘဲ၊သတိထားၿပီးေတာ့ဆက္ဆံရမယ္လို႔ က်ေနာ္တို႔ ကေတာ့ အဲ့လိုဘဲယူဆပါတယ္။

တ႐ုတ္ - ျမန္မာ သံတမန္ဆက္ဆံေရးကက်ေနာ္ျမင္တာကေတာ့ ေဒၚေအာင္ဆန္းစုၾကည္လည္း မၾကာခဏေျပာဘူးပါတယ္။ သံတမန္ႏွစ္ႏိုင္ငံ ဆက္ဆံေရးအရ က်ေနာ္တို႔က ကီလိုမီတာ ၂၀၀၀ ေက်ာ္ဆက္သြယ္ေန တဲ့ႏိုင္ငံကိုး။တ႐ုတ္-ျမန္မာဆိုတာ အရွည္အားျဖင့္ ကီလိုမီတာႏွစ္ေထာင္ေက်ာ္ ရွိခဲ့တဲ့ ႏိုင္ငံျဖစ္တဲ့အခါ က်ေတာ့ က်ေနာ္တို႔ႏွစ္ႏိုင္ငံဆက္ဆံေရးက ျပႆနာမျဖစ္ေလေကာင္းေလပါဘဲ။

နံပါတ္ႏွစ္ကေတာ့ႏွစ္ႏိုင္ငံဆက္ဆံေရးဖြံ႕ၿဖိဳးတိုးတက္ေလေကာင္းေလပါဘဲ။ အဲ့လိုဘဲ က်ေနာ္ တို႔ျမင္ပါတယ္။ အဲဒီေတာ့ က်ေနာ္တို႔မွာ တ႐ုတ္ႏိုင္ငံ နဲ႔ဆက္ဆံရတဲ့အခါမွာ နံပါတ္တစ္က စီးပြားေရးအရ က်ေနာ္တို႔ က တ႐ုတ္ႏိုင္ငံအေပၚမွာ စီးပြားေရးအရဆက္ဆံမႈက အေတာ္အား ထည့္ၿပီးဆက္ဆံေနရတယ္၊နံပါတ္ႏွစ္ကေတာ့ အထူးသျဖင့္ေတာ့ ၿငိမ္းခ်မ္းေရးကိစၥေတြ ျပည္တြင္းၿငိမ္းခ်မ္းေရးကိစၥေတြမွာလည္း တ႐ုတ္ႏိုင္ငံက က်ေနာ္တို႔ ႏိုင္ငံအေပၚမွာ ျပည္တြင္းၿငိမ္းခ်မ္းေရးနဲ႔ပတ္သက္ၿပီးေတာ့ အကူအညီေပးတာေတြရွိပါတယ္။နံပါတ္သုံးကေတာ့ ႏိုင္ငံတကာ ဆက္ဆံေရး မွာလည္းဒီလိုပါဘဲ၊ကုလသမဂၢနဲ႔ အေမရိက ႏိုင္ငံဦးေဆာင္ တဲ့ႏိုင္ငံေတြက က်ေနာ္တို႔ႏိုင္ငံ အေပၚမွာ ရခိုင္ျပည္နယ္ေျမာက္ပိုင္းနဲ႔ ပတ္သက္ၿပီးေတာ့ ျပႆနာေတြရွာေနတဲ့ကိစၥရပ္ေတြကိုလည္း တ႐ုတ္ႏိုင္ငံက လူသိရွင္ၾကားဘဲ က်ေနာ္တို႔ဘက္က ကာကြယ္ၿပီးေတာ့ေဆာင္႐ြက္ေပးေနတယ္ ေလ။ အဲ့ဒါေၾကာင့္ တ႐ုတ္နဲ႔ ဆက္ဆံေရး ကေတာ့ ဘယ္လိုပဲျဖစ္ျဖစ္၊ ႀကိဳက္သည္ျဖစ္ေစ မႀကိဳက္သည္ျဖစ္ေစ ႏွစ္ႏိုင္ငံဆက္ဆံေရး ေကာင္း ေအာင္ေတာ့ ေနရလိမ့္မယ္ လို႔ထင္ ပါတယ္။

က်ေနာ္လည္းတ႐ုတ္ႏိုင္ငံနဲ႔ပတ္သက္တဲ့ ဆက္ဆံေရးေတြကိုအၿမဲတမ္းေလ့လာေနတာပါဘဲ။အဲ့ေတာ့ တ႐ုတ္ - ျမန္မာဆက္ဆံေရးက ႏွစ္ႏိုင္ငံ ခ်စ္ၾကည္ေရးက ဒီကေန႔  NLD အစိုးရလက္ထက္မွာဘယ္ေခတ္နဲ႔မွ မတူ ေအာင္ ဖြံ႕ၿဖိဳးတိုးတက္ၿပီးေတာ့ အေကာင္းဆုံးအေနအထားမွာ ရွိတယ္လို႔ ဘဲ က်ေနာ္ေျပာခ်င္ပါတယ္။

ေဒါက္တာေအာင္ထြန္းသက္
(ႏိုင္ငံေတာ္သမၼတ၏ စီးပြားေရးဆိုင္ရာအႀကံေပးပုဂၢိဳလ္)
======================================

တ႐ုတ္နဲ႔ထိေတြ႕ရတဲ့အခါမွာ ထိလြယ္ရွလြယ္ႏိုင္ငံေတြ အမ်ားႀကီးရွိတဲ့အထဲက ကိုယ့္ႏိုင္ငံက ထိလြယ္ရွလြယ္အမ်ားဆုံးႏိုင္ငံ၊ ဒါေပမဲ့ အံ့ၾသ စရာေကာင္းတာကေနာ္ ဒီတ႐ုတ္နဲ႔ စစ္ေတာင္ျဖစ္ခဲ့တဲ့ ဗီယက္နမ္ႏိုင္ငံဆိုပါေတာ့၊ တ႐ုတ္နဲ႔ပတ္သက္လို႔ ခမာနီေတြ ခမာနီေတြနဲ႔ ပတ္သက္လို႔ ျဖစ္ခဲ့တဲ့ ကေမာၻဒီးယား ဆိုပါေတာ့။

ကိုယ့္ခဏအသာထားၿပီးေတာ့ ကေမာၻဒီးယား လို ႏိုင္ငံမ်ိဳးဆိုရင္ တ႐ုတ္ကိုသူတို႔လက္ခံလိုက္တယ္ေလ၊ တ႐ုတ္ရဲ႕ ရင္းႏွီးျမႇဳပ္ႏွံမႈေတြ ကေမာၻဒီးယား ဆိုလို႔ရွိရင္ ရင္းႏွီးျမႇဳပ္ႏွံမႈနဲ႔ေျပာလို႔ရွိရင္ ၉၉ ႏွစ္ေတာင္ ႏိုင္ငံျခား ရင္းႏွီးျမႇဳပ္ႏွံမႈေတြ၊ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈလို႔ေျပာရင္ တ႐ုတ္ ရင္းႏွီးျမႇဳပ္ႏွံမႈေတြပဲ၊ အဲ့ဒီေတာ့ သူတို႔ရဲ႕ပုံစံက တ႐ုတ္ကို တံခါးဖြင့္တဲ့ပုံစံနဲ႔သူတို႔လုပ္တယ္၊ ၿပီးေတာ့မွ ဆရာတို႔ထက္ နည္းနည္းေလးေဝးတယ္ လို႔ေျပာတဲ့ စင္ကာပူေတာင္ တ႐ုတ္ကိုလက္ခံတယ္ ဆိုေတာ့ အာဆီယံႏိုင္ငံေတြအားလုံး တ႐ုတ္ကို ဘယ္ပုံဘယ္နည္းနဲ႔ လက္ခံရမလဲဆိုတာကို စဥ္းစားေနတယ္၊ အဲ့ဒီေတာ့ ကိုယ့္မွာ ဒီအာဆီယံႏိုင္ငံထဲမွာက ကိုယ့္နဲ႔အိမ္နီးနားခ်င္း ႏိုင္ငံျဖစ္တဲ့ ဆရာတို႔မွာ ျပႆနာရွိခဲ့တာက လြတ္လပ္ေရး ရတဲ့ အခ်ိန္ကစၿပီး တ႐ုတ္နဲ႔ ျမန္မာနဲ႔က ႏိုင္ငံေရးအရ တစ္ခါတေလ အထိအရွေတြျဖစ္ခဲ့သလို ျပႆနာေတြျဖစ္ခဲ့တယ္၊ ဆရာတို႔ ၁၉၈၇ ခုႏွစ္ အထိ ကြန္ျမဴနစ္ပါတီ မရပ္ခင္အထိက တ႐ုတ္က သူသုံးတဲ့စနစ္ကေပါ့ေနာ္ ပါတီပါတီခ်င္း ဆက္သြယ္မႈကိုမရပ္ဘူး၊ အစိုးရအစိုးရ G to G ကို သူက က်င့္သုံးတယ္၊ အစိုးရနဲ႔တည့္ေအာင္ေနတယ္၊ P to P ေပါ့၊ Party to Party ေပါ့၊ ဗမာကြန္ျမဴနစ္ပါတီကို အျပည့္အဝေထာက္ခံေပးတယ္၊

အဲဒီလိုျဖစ္တဲ့အခါမွာ ကိုယ့္ဆီမွာလည္း ကြန္ျမဴနစ္ပါတီ မရွိေတာ့ေပမယ့္ အခုသူတို႔အားေပးေနတဲ့ ေျမာက္ပိုင္းအဖြဲ႕ေတြ၊ ေျမာက္ပိုင္း အဖြဲ႕ေတြအေနနဲ႔ကေတာ့ အားလုံးက တ႐ုတ္ရဲ႕ အားေပးမႈက အေျခခံျဖစ္ေနတယ္ေလ၊ လက္နက္တို႔ ခဲယမ္းမီးေျခာက္တို႔ အေထာက္အပံ့ ပစၥည္းေတြ၊ ေနာက္တစ္ခါ ကိုယ္က သတိထားဖို႔လိုတာက OBOR ေပါ့၊ ပိုးလမ္းကိစၥ၊ ပိုးလမ္းကိစၥက တ႐ုတ္ကလည္းဒါကို သူ႔ရဲ႕မိန႔္ခြန္း ထဲမွာ လည္း အဲ့ဒီေန႔က ေအာက္တိုဘာလ ၁ ရက္ေန႔က မိန႔္ခြန္းမွာလည္း ဒီ ပိုးလမ္းႀကီးကိစၥကိုေျပာတယ္၊ သူဖိတ္တဲ့သူေတြအားလုံးဟာလည္း ဒီ ပိုးလမ္းႀကီးနဲ႔ ဆက္သြယ္တဲ့သူေတြပါတယ္၊ အဲ့ဒီေတာ့ ဆရာတို႔ကေတာ့ ဒါေတာ့ ဒါႀကီးက ျငင္းလို႔မရဘူး၊ ဒါကို ကိုယ့္အတြက္ ကိုယ့္ႏိုင္ငံ အတြက္ အေကာင္းဆုံးျဖစ္ေအာင္ ဘာလုပ္မလဲစဥ္းစားရမယ္၊ ဒါေပမဲ့ ျပႆနာျဖစ္တာက ကိုယ့္ႏိုင္ငံရဲ႕ အခက္အခဲက အဲ့လို တျခားႏိုင္ငံေတြလို တ႐ုတ္ရဲ႕အားကို ဘယ္လိုယူမလဲ စဥ္းစားတာထက္ကို တ႐ုတ္လာလို႔ရွိရင္ ဘာျဖစ္တယ္ညာျဖစ္တယ္နဲ႔ ေလွ်ာက္ၿပီးေတာ့ ေျပာေနေတာ့ ကိုယ္လိုခ်င္တာမရေတာ့ဘူးေလ ဟုတ္တယ္မဟုတ္လား၊

ကိုယ္အားနည္းတာေတာ့ သိတယ္၊ ဒါေပမဲ့ အားနည္းေပမယ့္ အားနည္းတိုင္း အားနည္းစရာမွမဟုတ္တာ၊ ဆရာတို႔ ဂ်ဴဒိုကစားသလိုေပါ့၊ ကိုယ့္ထက္ႀကီးတဲ့ ကိုယ့္ထက္အင္အားႀကီးတာကို လိမ္လိမ္မာမာပါးပါးနပ္နပ္ လုပ္ႏိုင္ရင္ ဆရာတို႔ ျဖစ္ႏိုင္တယ္ေနာ္၊ အဲ့ဒီေတာ့ အဲ့ဒါေလးက ကိုယ္ကကိုယ့္မွာခက္တာက တ႐ုတ္နဲ႔ပတ္သက္လာလို႔ရွိရင္ ေျပာရတာေတာ္ေတာ္ခက္တာေလ၊ ဟို ဒီ ဆရာတို႔ ေၾကးနီစီမံကိန္းေတြဘာေတြ ကိစၥလည္းျဖစ္လာတယ္၊ ေနာက္တစ္ခါ ေက်ာက္ျဖဴကိစၥ၊ ေနာက္တစ္ခါ ျမစ္ဆုံကိစၥ၊ ဟို ဒါေတြနဲ႔ ဆရာတို႔က အားလုံးကေလ ဒီထဲမွာ နစ္ေနေ တာ့ ထြက္မစဥ္းစားႏိုင္တဲ့ ပုံစံျဖစ္တယ္၊ ဟုတ္တယ္မဟုတ္လား၊ တ႐ုတ္က နံပါတ္ ၁ ျဖစ္မွာေသခ်ာတယ္၊ အဲ့ဒီေတာ့ ဒါ ျငင္းလို႔မရတဲ့ ကိစၥေလ၊ စီးပြားေရးက၊ တ႐ုတ္ နံပါတ္-၁ ျဖစ္ရင္ဘာျဖစ္မလဲဆိုတာကို ကိုယ္ကအေျခခံၿပီး စဥ္းစားရမွာေပါ့ေနာ္၊ အဲ့ဒီေတာ့ ကိုယ္အၿမဲတမ္းေျပာေန တာေလ၊ ကိုယ့္ႏိုင္ငံမွာ ဒီလိုခဏထား၊ ေနာက္အႏွစ္ ၅၀ ေလာက္မွာ ဘာျဖစ္ခ်င္လဲ ဆိုတာကို စဥ္းစားေနတဲ့သူ တစ္ေယာက္မွမရွိဘူး၊ အဲ့ဒီေတာ့ ကိုယ္က နက္ျဖန္အတြက္ကိုေတာင္ စဥ္းစားဖို႔ေတာင္အႏိုင္ႏိုင္၊ ကိုယ္ကဒီေန႔အတြက္ပဲစဥ္းစားတာေလ၊ ပိုဆိုးတာက မေန႔က အတြက္ကိုစဥ္းစားေနတာ၊ မေန႔က ဘာေတြျဖစ္ခဲ့တယ္ဆိုတာကို ေျပာေနတာေနာ္၊ အဲ့ဒါေတြနဲ႔ အခ်ိန္နစ္ေနတာ တစ္ေယာက္နဲ႔တစ္ေယာက္ အဆင္မေျပတာ မေန႔က ကိစၥေတြ၊ အဲ့ဒီေတာ့ တစ္ခါတေလ ဒီေန႔စဥ္းစားရင္ေတာင္ မဆိုးဘူး၊ ကိုယ္ကမေန႔ကစဥ္းစားေနေတာ့ အေရွ႕က မေရာက္ဘူး၊ ဆရာျဖစ္ေစခ်င္တာက တကယ္တမ္းေတာ့ ၅ ႏွစ္၊ ၁၀ ႏွစ္နဲ႔ မစဥ္းစားနဲ႔ေတာ့ အႏွစ္ ၅၀ ေလာက္ စဥ္းစားမွရမယ္၊ အႏွစ္ ၅၀ မွာ ျမန္မာနဲ႔တ႐ုတ္ ဆက္ဆံေရး ဘယ္လိုျဖစ္မလဲ၊ ဘယ္လိုျဖစ္ေစခ်င္သလဲ တိုင္းရင္းသားေတြအေျခအေနက ဘယ္လိုလဲ၊ ဒီဟာေတြလည္း ေမးရမွာေပါ့ေနာ္၊ ဒါေတြအားလုံး ဆရာတို႔ ဆင္ျခင္ဖို႔လိုတယ္။

ဦးေမာင္ေမာင္စိုး
(ႏိုင္ငံေရးေလ့လာသုံးသပ္သူ)
====================================

တ႐ုတ္က သူ႔ႏိုင္ငံထူေထာင္တဲ့ ႏွစ္ ၆၀ ျပည့္တို႔ ႏွစ္ ၅၀ ျပည့္တို႔ ႏွစ္ ၇၀ ျပည့္တို႔မွာ စစ္အင္အားျပတယ္ ဆိုတာကေတာ့ လုပ္ထုံးလုပ္စဥ္ ပါဘဲ။ထူးျခားၿပီး ဒီႏွစ္မွ လုပ္တာမဟုတ္ပါဘူး။ကြန္ျမဴနစ္ႏိုင္ငံေတြကေတာ့  ႐ုရွ ျဖစ္ေစ၊တ႐ုတ္ျဖစ္ေစ ဒီလိုစစ္အင္အားျပတာကေတာ့ ပုံမွန္ပါဘဲ။ အဲ့ဒီလိုလုပ္လိုက္တဲ့ အတြက္ ထူးျခားတဲ့ အက်ိဳးသက္ေရာက္မႈေတာ့ ရွိလိမ့္မယ္ေတာ့ မထင္ပါဘူးဗ်။အဲ့ဒီ အခမ္းအနားေနာက္ပိုင္းေတာ့ ျမန္မာနဲ႔ တ႐ုတ္ ႏွစ္ႏိုင္ငံဆက္ဆံေရး၊ ျမန္မာနဲ႔ အေနာက္ႏိုင္ငံေတြရဲ႕ ဆက္ဆံေရးက ထူးျခားမႈမရွိဘဲ ဒီအတိုင္းဆက္သြား လိမ့္မယ္လို႔ထင္ပါတယ္။ စစ္ေရးျပပြဲေၾကာင့္ ထူးျခားတဲ့ အက်ိဳးသက္ေရာက္မႈေတာ့ ရွိလိမ့္မယ္လို႔ေတာ့ မထင္ပါဘူးဗ်။ ထိုင္ဝမ္ကေတာ့ သူတို႔စည္း႐ုံးႏိုင္ဖို႔ႀကိဳးစားေန တာဘဲ ေလာေလာဆယ္ကေတာ့ တစ္ႏိုင္ငံ စနစ္ႏွစ္မ်ိဳးဆက္ သြား မယ္ဆိုတာကေတာ့ အဓိက ကတိကဝတ္ေပးတာကေတာ့ ေဟာင္ေကာင္ပါ။
ေဟာင္ေကာင္မွာ ဆႏၵျပပြဲေတြ ျပင္း ထန္ေနတဲ့ အတြက္ ေဟာင္ေကာင္မွာ တစ္ႏိုင္ငံ စနစ္ႏွစ္မ်ိဳးကိုဆက္က်င့္သုံးမယ္ဆိုတာကို ကတိကဝတ္
ေပးတဲ့ သေဘာပါဘဲ။

ဦးေက်ာ္မင္းေဆြ (အယ္ဒီတာခ်ဳပ္-The Voice Journal )
================================

တ႐ုတ္က ႏွစ္ ၇၀ ျပည့္အခမ္းအနားကို အႀကီးအက်ယ္လုပ္တာေပါ့ေနာ္။ဒါ ႏိုင္ငံတကာမီဒီယာေတြမွာလည္း ေရးထားတာ ဖတ္ရပါတယ္။ ကြၽန္ေတာ္တို႔လည္း သိခ်င္တာနဲ႔ တိုက္႐ိုက္ျပေနတာကိုၾကည့္လိုက္တယ္။ ၾကည့္လိုက္တာ့သူက တကယ္တမ္းေျပာရရင္ ကြၽန္ေတာ္တို႔ တိုင္းျပည္ရဲ႕ အေျခအေနနဲ႔မူတည္ၿပီးဘဲၾကည့္ၾကည့္ ကမာၻ တစ္ဝန္းလုံးရဲ႕အေျခအေနနဲ႔ဘဲၾကည့္ၾကည့္ ဒီ အာရွေဒသ အေရွ႕ေတာင္ အာရွေဒသ ဘဲၾကည့္ၾကည့္ အေမရိကန္နဲ႔ တ႐ုတ္က စစ္ေအးကာလလိုျဖစ္ေနတယ္။စစ္ေအးကာလဆိုတာ တစ္ေယာက္နဲ႔ တစ္ေယာက္ တရားဝင္တိုက္ တာမဟုတ္ဘဲနဲ႔ စစ္အင္အားျခင္းတျဖည္းျဖည္းၿပိဳင္လာတယ္။သူတို႔ရဲ႕ၾသဇာခံနယ္ေျမ နည္းမ်ိဳးစုံနဲ႔ခ်ဲ႕ထြင္လာတယ္။တ႐ုတ္က ကမာၻကိုလည္း သူ႔ၾသဇာခံႏိုင္ငံေတြကို တရားဝင္ၾသဇာခံ ႏိုင္ငံေတြေကာ တရား မဝင္ၾသဇာခံ ႏိုင္ငံေတြေကာ သူ႔ရဲ႕စစ္အင္အား၊သူ႔ရဲ႕ ဓနအင္အားေတြကို ျပတာေပါ့ေနာ္။ေျပာရမယ္ဆိုရင္ စစ္အင္အား၊ ဓန အင္အားျပတာေပါ့။ဘာျဖစ္လို႔လဲဆိုေတာ့ ကမာၻေပၚမွာ စစ္အသုံးစရိတ္ ေနာက္စီးပြားေရး ဖြံ႕ၿဖိဳးမႈႏႈန္းထား ေတြ စစ္အသုံးစရိတ္ေတြက ဒါ ေတာ္ေတာ္မ်ားမ်ားက ထုတ္ေဖာ္ေၾကညာ ေနၾကတာေလ။စစ္အင္အား အသုံး စရိတ္ ဆိုတာ ဓနအင္အားရွိမွ သုံးလို႔ရတာကိုး။ တ႐ုတ္ရဲ႕ဓန အင္အားကလည္း အားလုံးသိတဲ့ အတိုင္းဘဲေပါ့။အဲ့ဒီေတာ့ လတ္တေလာအခ်ိန္ထိေတာ့ အေမရိကန္ စစ္အင္အားကိုေတာ့ မမွီေသးဘူးေပါ့ေနာ္။

သို႔ေသာ္လည္း မၾကာမတင္ကာလ အတြင္းမွာေတာ့ မီလာႏိုင္စရာရွိတယ္။ ဒါကေတာ့ အားလုံးလည္း ေျပာေနၾက တာေပါ့။ ဒီစစ္လက္နက္ေတြ ရဲ႕ထိေရာက္မႈကေတာ့ တျဖည္းျဖည္းနဲ႔ နည္းပညာျမင့္လာတဲ့အတြက္ သူက ေတာ္ေတာ္ေလး ထိေရာက္လာတာကို လည္းေတြ႕ရတယ္။ တနည္းအားျဖင့္ တ႐ုတ္က သူ႔ဗလ ျပတာေပါ့ဗ်ာ။Muscle ထုတ္ျပတာေပါ့။သူ႔ရဲ႕ၿပိဳင္ဘက္ႏိုင္ငံေတြေကာ သူ႔ရဲ႕ ၾသဇာခံႏိုင္ငံေတြေကာ ၾသဇာခံ မဟုတ္ေသးတဲ့ ႏိုင္ငံ ေတြ ေကာ သူက Muscle ထုတ္ၿပီး ညႇစ္ျပတဲ့သေဘာေပါ့။

ေနာက္ ျမန္မာျပည္နဲ႔ ပတ္သက္လို႔က ကြၽန္ေတာ္တို႔က ေျပာမယ္ဆိုရင္တ႐ုတ္က အိမ္နီးခ်င္းျဖစ္ေနတယ္။ ေကာင္းတယ္ ဆိုးတယ္ဆိုတာ ကေတာ့ အခ်ိဳးက်ၾကည့္ရမွာ တ႐ုတ္နဲ႔ ဆက္ဆံမႈေတြ ဒီထဲမွာ ရွိတဲ့ အေျခအေန ေတြအကုန္လုံး အရင္က အတိတ္က အေၾကာင္းေတြေကာ ခ်ိန္ဆၿပီးၾကည့္ရင္ အေကာင္းအဆိုးက အေျဖထြက္ပါ တယ္။သို႔ေသာ္ ေကာင္းျခင္း ဆိုးျခင္း ဘယ္ေလာက္ဘဲ အေျဖထြက္ထြက္ေပါ့ေနာ္ ကြၽန္ေတာ္တို႔က အိမ္နီးခ်င္းေတြ ျငင္းပယ္လို႔မရဘူးေပါ့ေနာ္။ တ႐ုတ္နဲ႔လည္း မဆက္ဆံဘဲေနလို႔မရဘူး။သီးျခားေနလို႔မရဘူး။မရတဲ့ အခါ က်ေတာ့ ျမန္မာျပည္က တ႐ုတ္နဲ႔ မျဖစ္မေန ဆက္ဆံရမွာဘဲ။ဆက္ဆံတဲ့ အခါမွာ ဘယ္လိုဆက္ဆံမလဲ။ဘယ္လို နည္းလမ္း နဲ႔ ဆက္ဆံမလဲ ဆိုတာ ကြၽန္ေတာ္တို႔ တိုင္းျပည္ရဲ႕ ႏိုင္ငံျခားေရး မူဝါဒ က အေရးႀကီးတာေပါ့။ကြၽန္ေတာ္တို႔ ႏိုင္ငံျခားေရးေပၚလစီက ေဒၚစုရဲ႕မိန႔္ခြန္းထဲမွာလည္း ထည့္ေျပာသြားတာရွိပါတယ္။ ဒါကအျငင္းပြားဖြယ္မရွိပါဘူး။ဆင္းရဲရင္ အႏွိမ္ခံရတာဘဲဗ်။ ရပ္ကြက္ထဲမွာဘဲျဖစ္ျဖစ္ ဆင္းရဲတဲ့သူက အနည္းနဲ႔အမ်ား အႏွိမ္ခံရတယ္။

ႏိုင္ငံတကာ ဆက္ဆံေရး မွာ လည္း အဲ့ဟာေတြ႕ရတယ္။တိုင္းျပည္က ဆင္းရဲလို႔ရွိရင္ ျပည္သူေကာ အစိုးရေကာ အႏွိမ္ခံရတယ္ ကမာၻ႔မ်က္ႏွာစာ မွာ။တ႐ုတ္နဲ႔ဆက္ဆံတဲ့ အခါမွာလည္း ကိုယ္က တန္းတူရည္တူ သူတို႔နဲ႔ ဆက္ဆံဖို႔ဆိုရင္ ကြၽန္ေတာ္တို႔က သိပ္နိမ့္မေနဖို႔ လည္းလိုတယ္။ ကြၽန္ေတာ္တို႔မွာ မနိမ့္ႏိုင္ေလာက္တဲ့ အေျခခံ ေရခံေျမခံ ရင္းျမစ္ေတြ ရွိၿပီးသားေပါ့ေနာ္။ ဒါကို စီမံခန႔္ခြဲမႈအားနည္း တဲ့အတြက္ လြဲေခ်ာ္ခဲ့ တဲ့အတြက္ ကြၽန္ေတာ္တို႔က ဒီ အေျခအေန ေရာက္ေနတာေပါ့။ေနာက္တစ္ခုက အေနာက္ႏိုင္ငံရဲ႕ဖိအားက ကြၽန္ေတာ္တို႔ တ႐ုတ္နဲ႔ ပိုၿပီးနီးကပ္ သြားေစခဲ့တဲ့ အေျခအေနမွာရွိတယ္။အခုအေျခအေနမွာ ရခိုင္ျပႆနာကို မူတည္ၿပီးေတာ့ အေနာက္ကဖိအား ေပးတာေပါ့။ ဖိအားေပးေတာ့ တ႐ုတ္နဲ႔ျပန္ၿပီး နီးကပ္သြားေစႏိုင္တဲ့ အေျခအေနျဖစ္ေနတာေပါ့။ ဒါကလည္း ကမာၻႀကီး တစ္ခုလုံးကလည္း အမ်ားႀကိဳက္ မူဝါဒေနာက္ကိုသြား တာေပါ့။

အမ်ားႀကိဳက္ဆိုတာက လူ႔အခြင့္ အေရးတို႔ ဘာတို႔ေျပာ လိုက္ရင္ အားလုံးက မေထာက္ခံရင္ ဆန႔္က်င္တာျဖစ္ သြားမွာေလ။လူ႔အခြင့္အေရးနဲ႔ ပတ္သက္ၿပီး ဖိႏွိပ္ေန ပါတယ္လို႔ လူ႔အခြင့္အေရးခ်ိဳးေဖာက္တဲ့ အတြက္ ဒီလိုလုပ္ရ ပါတယ္ဆိုလို႔ရွိရင္ အဲ့လိုလုပ္တာကို ဆန႔္က်င္တဲ့ သူက လူ႔အခြင့္အေရးနဲ႔ပတ္သက္ၿပီး ဆန႔္က်င္တဲ့ သူျဖစ္သြား မယ္ေလ။ အဲ့လိုဆန႔္က်င္တာမ်ိဳးအခ်ိဳ႕က မျဖစ္လိုဘူး။အဲ့ေတာ့ အမ်ားယိမ္းတဲ့အတိုင္း လိုက္ယိမ္းၾကရတာေပါ့။ အမ်ားေျပာတဲ့အတိုင္း လိုက္ေျပာၾကရတာ ဒါသဘာဝလိုျဖစ္ေနတယ္။ ဒါေပမယ့္ အဲ့လိုေျပာတဲ့ ႏိုင္ငံေတြမွာ ကိုယ္၌ ကိုယ္က လက္ယာစြန္းေတြ အာဏာရလာၿပီးေတာ့ သူ႔ျပည္တြင္းေတာင္မွ လူနည္းစုအေပၚမွာ သူတို႔ က်ဴးလြန္တာေတြ ခြဲျခားမႈေတြ အမ်ားႀကီးျဖစ္တာ ဒါေတြက အျငင္းပြားဖြယ္မရွိဘူး။ ကြၽန္ေတာ္တို႔ကို မွ ဘာျဖစ္လို႔ ဟိုက္လိုက္လုပ္လဲဆိုရင္ ခုနကေျပာသလို ဆင္းရဲလို႔ အႏွိမ္ခံရတာ။ ဆင္းရဲေနတဲ့ အခါ အင္အားနည္းေနတဲ့အခါ ႏွိမ္ၾကတာဘဲေလ။ႏွိမ္တဲ့ ႏိုင္ငံေတြကိုလည္း လုံးလုံးသြားၿပီး အျပစ္တင္လို႔မရျပန္ဘူး။ ကြၽန္ေတာ္တို႔လည္း ကြၽန္ေတာ္တို႔မူဝါဒအရ တ႐ုတ္နဲ႔ ဆက္ဆံတဲ့အခါမွာ သိပ္ေအာက္စည္းနဲ႔ မေနဖို႔လိုတာေပါ့ေနာ္။တ႐ုတ္နဲ႔ မျဖစ္ မေန ဆက္ဆံရမယ္။ဆက္ဆံတဲ့အခါမွာ သိပ္ေအာက္စည္းမေနဘဲ ကိုယ္ဟာကိုယ္ ယုံၾကည္မႈရွိရွိနဲ႔ ဆက္ဆံရင္ေတာ့ တ႐ုတ္က ကြၽန္ေတာ္ တို႔ကို ၾသဇာလႊမ္းမိုးလို႔မရဘူးလို႔ထင္တယ္။ ေခတ္က ကိုလိုနီလက္သစ္ လို ေျပာေနၾကတဲ့ အရင္စစ္အစိုးရလက္ထက္က အေမရိကန္အပါအဝင္ အေနာက္ႏိုင္ငံေတြက စြပ္စြဲတယ္ေပါ့။ တ႐ုတ္ကလည္း ဒီပုံစံလုပ္တာေပါ့ သူ႔ရဲ႕စီးပြားေရးနဲ႔ဖိတယ္။

အာဏာရွင္ႏိုင္ငံေတြ၊အာဏာရွင္တစ္ပိုင္းႏိုင္ငံေတြ အာဏာရွင္ႏို႔နံ႔ မစင္ေသးတဲ့ ႏိုင္ငံေတြက တ႐ုတ္ရဲ႕ ၾသဇာ သက္ေရာက္မႈ ဒဏ္ကိုခံရ တာေပါ့။ အာဏာရွင္ေအာက္က ႏိုင္ငံေတြအားလုံးကလည္း ဆင္းရဲတာကိုး။ဆင္းရဲမႈနဲ႔ အာဏာရွင္စနစ္ကတြဲေနတာကိုး။အဲ့ဒီႏိုင္ငံေတြက တ႐ုတ္ ရဲ႕ ပစ္မွတ္ႏိုင္ငံေတြျဖစ္တာေပါ့။ဒါကလည္း ျမင္ေနရ တာဘဲ။အဲဒီအရိပ္ဆိုးႀကီးက ကြၽန္ေတာ္တို႔မွာ ရွိတယ္။တ႐ုတ္ဆိုတာနဲ႔ မ်က္စိမွိတ္ၿပီးေတာ့ ဆန႔္က်င္လို႔ မရဘူး။ တ႐ုတ္မွာ အတုယူစရာေတြရွိတယ္။ တ႐ုတ္ရင္းႏွီးျမဳပ္ႏွံမႈကို ကြၽန္ေတာ္တို႔ဘက္က စည္းမ်ဥ္းစည္းကမ္းနဲ႔ ျပန္ထိန္းရ မွာေပါ့။ ဒါက ကြၽန္ေတာ္တို႔ နဲ႔ဆိုင္တယ္လို႔ ထင္တယ္။အခ်ိဳ႕ကိစၥေတြကေလ။တ႐ုတ္ကို သြားၿပီးအျပစ္တင္ လို႔ မရဘူး။ စာခ်ဳပ္စာတမ္းခ်ဳပ္တဲ့ အခါမွာ ကိုယ့္တိုင္းျပည္မနာေအာင္ ရင္းႏွီးျမဳပ္ႏွံမႈေဒသေတြ မနစ္နာေအာင္ ကြၽန္ေတာ္တို႔ဘက္ကလည္း စည္းမ်ဥ္းစည္းကမ္းေတြခ်ပိုင္ခြင့္ရွိ တယ္။

ေနာက္တစ္ခါ စာခ်ဳပ္စာတမ္းကို တစ္ႏွစ္ တစ္ခါျပန္ၿပီေတာ့ စစ္ေဆး ခြင့္၊လိုအပ္တာကို ျပင္ဆင္ခြင့္လည္းရွိ တယ္ေလ။ဒါက ကြၽန္ေတာ္တို႔နဲ႔ လည္း ဆိုင္တယ္။ ကြၽန္ေတာ္တို႔ “အ” ရင္ေတာ့ ခံရမွာေပါ့ေနာ္။ဘယ္ႏိုင္ငံနဲ႔ ဆက္ဆံ ဆက္ဆံပါ။ ရင္းႏွီးျမဳပ္ႏွံမႈဘဲျဖစ္ျဖစ္ အကူအညီဘဲျဖစ္ျဖစ္ သူတို႔ကေတာ့ သူတို႔ အစီအစဥ္နဲ႔ သူတို႔လာတာေလ။EU ႏိုင္ငံတစ္ခ်ိဳ႕ကလြဲလို႔ က်န္ႏိုင္ငံေတြ ရဲ႕ ကြၽန္ေတာ္တို႔တိုင္းျပည္မွာေပးေနတဲ့ အကူအညီေတြ ဆို တာကလည္း သူတို႔ အစီအစဥ္ထဲမွာပါတယ္ေလ။သူတို႔ အစီအစဥ္အတိုင္း အေကာင္ထည္ေဖာ္ျခင္း မေဖာ္ျခင္းက ကိုယ့္အေပၚမွာဘဲ မူတည္တယ္။ၾသဇာခံ ျဖစ္ျခင္း မျဖစ္ျခင္းက ။ အမ်ားကိုလက္ညႇိးထိုးေနတာ ထက္စာရင္ ကြၽန္ေတာ္တို႔က ပါးနပ္လိမၼာ ျဖစ္ဖို႔ လိုတယ္။ တ႐ုတ္နဲ႔ ဆက္ဆံတဲ့အခါမွာလည္း ဘာမွ သိပ္ၿပီးေၾကာက္ေနစရာ မလိုဘူး လို႔ထင္တယ္။ေၾကာက္ေနစရာမလိုဘူးဆိုတာ တ႐ုတ္ကို အၿမဲတမ္းဆန႔္က်င္ေနဖို႔ မထိေလးစား ဆန႔္က်င္ေရးလုပ္ဖို႔၊ တ႐ုတ္ဆန႔္က်င္ေရးလုပ္ဖို႔မလိုဘူးေလ။

ျမန္မာႏိုင္ငံက အေနာက္ႏိုင္ငံနဲ႔ ပိုၿပီးနီးကပ္သြားႏိုင္လားဆိုရင္ အေနာက္ႏိုင္ငံက တပ္မေတာ္အေပၚမွာ ပိတ္ပင္ တာေတြ လုပ္ထားတယ္ေလ။ တပ္မေတာ္နဲ႔ တပ္မေတာ္ေခါင္းေဆာင္ေတြအေပၚမွာ ပိတ္ပင္အေရးယူတာေတြ လုပ္ ထားတဲ့ အခါက်ေတာ့ ၊ေဒၚေအာင္ဆန္းစုၾကည္ အပါအဝင္ အစိုးရကိုလည္း အေနာက္က အျပစ္ျမင္ေနတာေတြ၊ အျပစ္တင္ေနတာေတြရွိတယ္။အစိုးရကလည္း သူ႔မွာ ႏိုင္ငံျခားေရးေပၚ လစီရွိတာေပါ့။

ႏိုင္ငံျခားေရးေပၚလစီက လက္ရွိသြားတာ လာတာ သံတမန္ေတြနဲ႔ ဆက္ဆံတာေတြကို ေယဘူယ်ခန႔္မွန္းၾကည့္ရ တာေပါ့။ခန႔္မွန္း ၾကည့္ရ တာေတာ့ အေနာက္ကိုလည္း အရမ္းႀကီး ကပ္သြားမယ့္ဟာမ်ိဳးေတာ့ ရွိသြားမယ့္ပုံမရွိပါဘူး။ တ႐ုတ္ရဲ႕ အင္အား ျပမႈေၾကာင့္ေပါ့။ တပ္မေတာ္ ကေတာ့ နဂိုတည္းက တ႐ုတ္နဲ႔ အရင္က နီးနီးကပ္ကပ္ရွိခဲ့တာကေန ေနာက္ပိုင္း NLD အစိုးရလက္ထက္၊ဦးသိန္းစိန္ အစိုးရလက္ထက္ေႏွာင္းပိုင္းေလာက္မွာ တျဖည္းျဖည္းနဲ႔  တ႐ုတ္နဲ႔ ခပ္ခြာခြာျဖစ္ လာတာေတြ႕ရတယ္။ ေျမာက္ပိုင္းအဖြဲ႕ေတြနဲ႔ ျဖစ္တဲ့ စစ္ပြဲမွာ သိသာတယ္။ပထမဦးဆုံးျဖစ္တဲ့ ေျမာက္ပိုင္း မဟာမိတ္နဲ႔ ျဖစ္တဲ့ စစ္ပြဲမွာ တ႐ုတ္က ေနာက္ကြယ္ကေန ေျမာက္ပိုင္းမဟာမိတ္ ေနာက္ကြယ္ကေနၿပီးေတာ့ တ႐ုတ္က နာမည္တပ္ၿပီးမေျပာ႐ုံတမယ္ ေနာက္ကြယ္က အကူအပံ့သေဘာမ်ိဳးေတြရွိေနတာမ်ိဳး ကြၽန္ေတာ္ တို႔လည္းျမင္ရတာေပါ့ေနာ္။

ဒါနဲ႔ ဆက္စပ္ၿပီး ျမန္မာျပည္ရဲ႕ၿငိမ္းခ်မ္းေရး မွာလည္း ကြၽန္ေတာ္တို႔က ျငင္းလို႔မရဘူးဗ် ဒီကိစၥက ။တ႐ုတ္က ေနာက္ကြယ္ကေနၿပီေတာ့ ရွိေနတာေပါ့။သူက ကြၽန္ေတာ္တို႔တိုင္းျပည္က လက္ရွိေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္က သူကမွတ္တိုင္စိုက္ခ်င္စိတ္ မ်ားတဲ့ သူေပါ့ေနာ္။သူအုပ္ခ်ဳပ္ေရးအာဏာ ယူတဲ့ အခ်ိန္မွာ သူအာဏာရေနတဲ့ အခ်ိန္မွာ သူမွတ္တိုင္ေတြ အမ်ားႀကီး စိုက္ခ်င္တဲ့ သဘာဝ ေပါ့ ဒီေ႐ြးေကာက္ပြဲက အစေပါ့။ အဲ့ဟာရဲ႕လိုအင္ဆႏၵကို တ႐ုတ္ကသိတယ္ဗ်။ကြၽန္ေတာ္တို႔ကေတာ့ တ႐ုတ္ျပည္အေၾကာင္းဘယ္ေလာက္ သိလဲ ေတာ့မသိဘူးေပါ့။တ႐ုတ္ျပည္က ကြၽန္ေတာ္တို႔နဲ႔ ပတ္သက္ၿပီးေတာ့ ေတာ္ေတာ္ေလ့လာထားတယ္ေပါ့။ သီးျခားေလ့လာတဲ့ သူေတြ လည္းရွိတယ္။ဥပမာအေနနဲ႔ တပ္မေတာ္ ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ မိန႔္ခြန္းေျပာလိုက္တာနဲ႔ အဲ့မိန႔္ခြန္းထြက္သြားၿပီး နာရီပိုင္း အတြင္း မွာ ဒါကို ဘာသာျပန္ၿပီး သားထြက္လာတယ္။ထြက္လာၿပီးေတာ့ သူ႔သက္ဆိုင္ရာ ျမန္မာျပည္အေရးနဲ႔ ပတ္သက္တဲ့ ေခါင္းေဆာင္ေတြ ဆီကို တခါတည္း Report ေပးၿပီးသားေပါ့။ ေဒၚေအာင္ဆန္းစုၾကည္ တစ္ခုခု ေျပာၿပီးတာနဲ႔ သူတို႔ ဘာသာျပန္ၿပီးသား ဟာေတြကို သူတို႔ေခါင္းေဆာင္ေတြ ဖတ္ၾကတယ္။ သိၾကတယ္။ ျမန္မာျပည္အတြက္ကိုင္တြယ္တဲ့သူေတြေပါ့။

ျမန္မာျပည္အေရးကိုလည္းေတာက္ေလွ်ာက္ ေလ့လာေနတဲ့ သူေတြလည္းရွိတယ္။ေျပာရရင္ ကြၽန္ေတာ္တို႔က တ႐ုတ္ျပည္အေၾကာင္းကို ကြၽန္ေတာ္တို႔သိတာထက္ တ႐ုတ္ျပည္က ကြၽန္ေတာ္တို႔ ႏိုင္ငံအေၾကာင္းကို ပိုသိတယ္ ။ အဲ့ေတာ့ ကြၽန္ေတာ္တို႔က တ႐ုတ္ျပည္နဲ႔ ကစားတဲ့ အခါ မွာ ကြၽန္ေတာ္တို႔က တစ္ပန္းရႈံး ေနတယ္ ေလာေလာဆယ္။တ႐ုတ္ျပည္နဲ႔ ဆက္ဆံတဲ့ အခါ လက္ရွိအေနအထားက အေနာက္နဲ႔ ပိုကပ္သြား တာတို႔ တ႐ုတ္ျပည္ဘက္ေရာက္သြားတာတို႔ တ႐ုတ္ျပည္ နဲ႔ကြာသြားတာတို႔ အဲ့ဒါေတြက ဒီတိုင္းျပည္က အုပ္ခ်ဳပ္တဲ့ သူေတြရဲ႕ ႏိုင္ငံျခားေရး ဆက္ဆံေရးပရိယာယ္ ၊မူဝါဒေတြနဲ႔ဆိုင္တယ္။

ကိုယ့္တိုင္းျပည္ရဲ႕ေရွ႕ေရးကို ေတြးၿပီးေတာ့ ဘယ္သူနဲ႔ မဆို စိုတဲ့ လက္မေျခာက္ေစနဲ႔ ျဖစ္ဖို႔လိုတာေပါ့။ ကြၽန္ေတာ္တို႔က လိုရင္လိုသလို အေနာက္ကိုကပ္တာ။မလိုရင္ မလိုသလို ခြာတာ။မလိုရင္မလို သလိုဆက္ဆံတာ။လိုရင္လိုသလိုဆက္ဆံတာ စိတ္ခံစားခ်က္နဲ႔ သြားလို႔မရတဲ့ နယ္ပယ္ျဖစ္ေန တယ္ဗ်။ စိတ္အာ႐ုံ လာရင္လာသလို လုပ္လို႔မရဘူးေပါ့။ဒါေတြက လြတ္လပ္တဲ့ သတင္းစာဆရာတစ္ေယာက္ အေနနဲ႔ေတြးၾကည့္ တာေပါ့။ကြၽန္ေတာ့္အေနနဲ႔ ႏွစ္ ၇၀ အခမ္းအနားေၾကာင့္ အေနာက္နဲ႔ကပ္သြားစရာေတာ့မျမင္ဘူးဗ်။

ဦးေအာင္သူၿငိမ္း
(ျပင္ပဆက္ဆံေရးဒါ႐ိုက္တာ-ISP Myanmar )
=============================
တ႐ုတ္ႏိုင္ငံက သူဒီတည္ေထာင္တဲ့ ႏွစ္ ၇၀ ျပည့္ အခမ္းအနားလုပ္တာေလ၊ လုပ္တဲ့အခါက်ေတာ့ သူကကမာၻေပၚမွာ အင္အားႀကီးႏိုင္ငံ တစ္ခု အျဖစ္ ခ်ျပ ရပ္ျပလိုက္တဲ့သေဘာေပါ့ေလ၊ ရပ္ျပလိုက္တဲ့ အခါက်ေတာ့ က်န္တဲ့ႏိုင္ငံေတြကိုေက်ာ္ၿပီး စစ္ေရးအရ အင္အားပါရွိတဲ့ အေနအထား ပါျပတယ္ေပါ့ေနာ္၊ ျပတဲ့အခါက်ေတာ့ ကြၽန္ေတာ္ျမင္တာကေတာ့ သူ႔ရဲ႕ရပ္တည္ခ်က္ကို ေျပာတဲ့သေဘာပါပဲ၊ ကြၽန္ေတာ္တို႔နဲ႔ေတာ့ တိုက္႐ိုက္ႀကီး ဆက္စပ္မႈမရွိပါဘူး၊ ဒါေပမဲ့ ဘယ္လိုျဖစ္သလဲဆိုေတာ့ ကြၽန္ေတာ္တို႔က သူ႔ရဲ႕အိမ္နီးခ်င္းႏိုင္ငံ တစ္ခုျဖစ္ေတာ့ သူ႔ရဲ႕ အင္အားႀကီး လာတဲ့အခါက်ေတာ့ အနည္းနဲ႔အမ်ားဆိုသလိုေပါ့ေလ၊ အရိပ္လႊမ္းမိုးမႈ ရွိတာေပါ့ေနာ္။

တ႐ုတ္မွာက ဥပမာေျပာရင္ သူ႔ရဲ႕ျပႆနာေတြလည္း အမ်ားႀကီးရွိေသးတယ္ဗ်၊ ဥပမာအားျဖင့္ ထိုင္ဝမ္ျပႆနာ၊ ေဟာင္ေကာင္မွာ ဆႏၵျပေန ၾကတဲ့ကိစၥမ်ိဳးေတြ ေနာက္တစ္ခါ ေတာင္တ႐ုတ္ပင္လယ္ ျပႆနာ ေပ့ါေနာ္၊ အဲ့ဒါက ကြၽန္ေတာ္တို႔ထက္စာရင္သူတို႔ဘက္က အမ်ားႀကီး အေရးႀကီးတဲ့ျပႆနာမ်ိဳးေတြ ေလေနာ္၊ ကြၽန္ေတာ္တို႔ႏိုင္ငံအေနနဲ႔က သူ႔ရဲ႕တစ္ဖက္က ေနာက္ေက်ာထြက္ေပါက္အေနနဲ႔ရွိတဲ့ အေနအထား မ်ိဳးေပါ့ေနာ္၊ ကြၽန္ေတာ္တို႔ကို ျဖတ္ၿပီးေတာ့ အိႏၵိယသမုဒၵရာဘက္ကို ဆက္ခ်င္တဲ့သေဘာရွိတာ ေပါ့ေနာ္၊ အဲ့ဒီရည္႐ြယ္ခ်က္ေတြနဲ႔ပဲ တ႐ုတ္-ျမန္မာ စီးပြားေရးျစကၤန္လမ္း ဒါမ်ိဳးေတြ လုပ္လာတဲ့အပိုင္းေတြရွိတာေပါ့ေနာ္၊ ေနာက္တစ္ခါက်ေတာ့ အင္အားႀကီးႏိုင္ငံျဖစ္တဲ့ အခါ က်ေတာ့ သူ႔ရဲ႕ တာဝန္ယူမႈအခန္းက႑ကလည္း ပိုႀကီးလာတယ္၊ ဆိုလိုတဲ့သေဘာကေတာ့ဗ်ာ ကြၽန္ေတာ္တို႔ တိုင္းျပည္မွာ မၿငိမ္မသက္ စစ္ေတြျဖစ္ေနတယ္၊ အခုျပည္တြင္းမွာ စစ္ေတြရွိေနတယ္ဆိုရင္ သူရဲ႕စီးပြားေရးက ေနာက္ေက်ာ မေအးဘူးေပါ့ေနာ္၊ အဲ့ဒီလိုဟာမ်ိဳးက ၿငိမ္းခ်မ္းေရး ဟာေတြမွာ ပိုၿပီးပတ္သက္လာရတယ္၊ ဒါမ်ိဳးေတြေတာ့ ရွိပါတယ္။

ဒီလိုဗ်ာ တ႐ုတ္ကေတာ့ သူအၿမဲေျပာတယ္၊ Peaseful Right ေပါ့ေနာ္၊ သူက ၿငိမ္းခ်မ္းစြာနဲ႔တေျဖးေျဖးအင္အား ႀကီးထြားလာတယ္ဆိုတဲ့ သေဘာမ်ိဳးကို သူကအၿမဲေျပာပါတယ္၊ ဆိုေတာ့ သူအင္အားႀကီးထြားလာတာ သူမ်ားကို ရန္မူဖို႔မဟုတ္ဘူးဆိုတဲ့ဟာမ်ိဳးေပါ့၊ ဒါေပမဲ့လည္း တစ္ဖက္ မွာက်ေတာ့ ဒီလိုအင္အားႀကီးထြားလာတဲ့ အေပၚမွာပဲ တစ္ခ်ိဳ႕ေတြ စိုးရိမ္မႈေတြရွိတာေပါ့ဗ်ာ၊ ေနာက္ထပ္ Game အသစ္ျဖစ္လာ မလားေပါ့ဗ်ာ၊ Game အသစ္ဆိုတာ ကြၽန္ေတာ္တို႔ျမန္မာႏိုင္ငံမွာလည္း လာၿပီးေတာ့ ႏိုင္ငံတကာ မဟာဗ်ဴဟာေတြ ကစားၾကတဲ့ဟာေတြ ျဖစ္လာမလားဆိုၿပီးေတာ့ စိုးရိမ္မႈေတြရွိပါတယ္၊ အဲ့ဒါမ်ိဳးစဥ္းစားရင္ေတာ့ စိုးရိမ္မႈရွိေနေသး တာေပါ့ေလ။

ဦးသုေဝ(ဥကၠဌ-ဒီမိုကရက္တစ္ပါတီ(ျမန္မာ))
===================  

ဘာပဲျဖစ္ျဖစ္တ႐ုတ္ဆိုတာက က်ေနာ္တို႔နဲ႔အိမ္နီးနားခ်င္းတိုင္းျပည္ေလ၊အိမ္နီးနားခ်င္းတိုင္းျပည္ဆိုတာက ဘယ္သူနဲ႔ဘဲျဖစ္ျဖစ္ ဒါကေတာ့ ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ခ်စ္ခ်စ္ခင္ခင္ေနၾကရမွာပဲေလ၊ညီၫြတ္ေအာင္ေတာ့ လုပ္ရ မွာဘဲေလ။ အထူးသျဖင့္ကေတာ့ တ႐ုတ္ကေတာ့ က်ေနာ္တို႔ရဲ႕ တိုင္းျပည္မွာႏိုင္ငံေရးအရေရာ၊စီးပြားေရးအရေရာ သူကထဲထဲဝင္ဝင္တာဝန္ယူေနတဲ့တိုင္းျပည္ျဖစ္တယ္။သူတိုင္းျပည္ၾကည့္ရတာလည္း ဖြံ႕ၿဖိဳးတိုးတက္လာ တဲ့ တိုင္းျပည္ဆိုေတာ့ အင္မတန္အားရစရာေကာင္းပါတယ္။နမူနာယူရမယ့္တိုင္းျပည္ေပါ့။ဘာပဲေျပာေျပာ အိမ္နီးနား ခ်င္းတိုင္းျပည္ျဖစ္တဲ့ တ႐ုတ္နဲ႔ကေတာ့ ခ်စ္ခ်စ္ခင္ခင္ေပါ့ေလေနၾက ရမွာဘဲ။ ေပါင္းသင္းဆက္ဆံရမွာ ပါဘဲ။ ကိုယ့္အက်ိဳးအတြက္ စီးပြားဆက္ဆံ ရမွာ ပါဘဲ၊လုပ္ရမွာပါဘဲ။အဲ့ဒါက အေျခခံေပါ့ဗ်ာ။

တ႐ုတ္က က်ေနာ္သိသေလာက္ကေတာ့ က်ေနာ္တို႔တိုင္းျပည္အပါအဝင္အားလုံးနဲ႔သူေျပလည္ေနတာပဲေလ။ တပ္မေတာ္နဲ႔လည္း ေျပလည္ တယ္။အစိုးရနဲ႔လည္းေျပလည္တယ္။ က်ေနာ္တို႔ဆီမွာရွိတဲ့ တိုင္းရင္းသား လက္နက္ ကိုင္အမ်ားစုနဲ႔လည္း  ရင္းႏွီးေနတာ အားလုံးနဲ႔ရင္းႏွီးေနေအာင္ လုပ္ထားၿပီးေတာ့ သူ႔စီးပြားအတြက္သူလုပ္ထား တာပါဘဲေလေနာ္။ေျပာရရင္ ထူးထူူးျခားျခားေတာ့ ေျပာစရာမလိုပါဘူး။ တ႐ုတ္ကလည္း ဘာေခၚမလဲ သူက က်ေနာ္တို႔ တိုင္းျပည္တင္မကဘူးေပါ့ေနာ္ အမ်ိဳးသားမဟာဗ်ဳဟာေရာ က်ေနာ္တို႔ တိုင္းျပည္အနီးအနား မွာရွိတဲ့ တိုင္းျပည္ေတြနဲ႔ေရာကိုသူက ဘာေခၚမလဲ သူကရင္းရင္းႏွီးႏွီးလည္းေနတယ္။သူကေသြးစည္းေအာင္လည္း လုပ္ေနတာ ေတြ႕ရပါတယ္။

ဦးထြန္းၾကည္ (ႏိုင္ငံေရးအက်ဥ္းသားေဟာင္းမ်ားဦးေဆာင္ေကာ္မတီဝင္)
=================================  

အထူးသျဖင့္ေတာ့ အမ်ားအျမင္မွာ သတိထားမိတာက အမိႏိုင္ငံေတာ္ကိုေပါ့ မည္သည့္အင္အားကမွ ဘာပဲေျပာ ေျပာ မတုန္လႈပ္ေစ ရဘူးေပါ့ေလ။ အဲ့အထဲမွာႏိုင္ငံနဲ႔ျပည္သူကိုလည္းတစ္လုံးတစ္စည္းထဲရွိ ေနတယ္ဆိုတဲ့ အေၾကာင္းကို အစိုးရရယ္၊ျပည္သူရယ္ တစ္လုံး တစ္စည္းတည္း ရွိေနတယ္ဆိုတဲ့ အေၾကာင္းကို အျခားအင္အားစု ေတြက ဘာဆိုဘာမွလုပ္လို႔မရတဲ့ပုံစံမ်ိဳးေတြ စည္းလုံးညီၫြတ္တယ္ဆိုတာကို သူကမိန႔္ခြန္းထဲမွာ ထည့္ ေျပာ သြားတယ္။ဆိုတဲ့အခါက်ေတာ့ တ႐ုတ္လို႔ေျပာလိုက္တာနဲ႔စီးပြားေရးအရေရာ၊ ႏိုင္ငံေရးအရ ေရာသြား ေနတာက လည္း သူကလည္းတစ္ပါတီနဲ႔သြားေနတာကိုး ဆိုတဲ့အခါက်ေတာ့ မည္သို႔ပင္ဆိုေစကာမူ သူတိုင္းျပည္ကို ထူေထာင္တယ္ဘဲေျပာေျပာ ေနာက္တစ္ခုက လြတ္လပ္ေရးဘဲေျပာေျပာ ဘယ္လိုဘဲေျပာေျပာ ႏွစ္(၇၀)ေတာ့ ရွိၿပီ။၁၉၄၉ တည္းကေပါ့။အဲ့အခ်ိန္မွာ ဥကၠဌႀကီး ေမာ္နဲ႔ ပတ္သက္တဲ့သေကၤတေတြကိုလည္းသူက အဝတ္အစား က အစ အေရာင္ကအစ အဲ့ဒါေတြနဲ႔ဝတ္ၿပီးေတာ့သူက တကယ့္ကို ထ်န္းအန္းမင္ ရင္ျပင္မွာ ေျပာတာကိုး ဒါက ေတာ့ သူတို႔ရဲ႕  တ႐ုတ္အမ်ိဳးသားေန႔ရဲ႕ ႏိုင္ငံေရးအရ အမွတ္သေကၤတေပါေ့လ။မည္သို႔ပင္ဆိုေစကာမူ ဒါက ကမာၻကိုသူထုတ္ျပလိုက္တာပဲေလ။ ကမာၻကမျမင္ဘူးေသးတဲ့ မၾကားဘူးေသးတဲ့ မေတြ႕ဘူးေသးတဲ့ တကယ့္ န်ဴကလီးယား ထိပ္ဖူး တပ္ထား တာေတြ လည္းသူကထုတ္ျပတာေတြလည္းပါတယ္ေလ။

ေနာက္တစ္ခ်က္က တ႐ုတ္-ျမန္မာ ဆက္ဆံေရးကိုေျပာရရင္ အစဥ္အဆက္ကေတာ့ေဆြမ်ိဳးေပါက္ေဖာ္ ဆက္ဆံေရး ေပါ့ေလေနာ္။ အဲ့လို ဆက္ဆံေရးေပါ့ အခုအခ်ိန္အထိလည္းေဆြမ်ိဳးေပါက္ေဖာ္ဆက္ဆံေရးေပါ့။ သူက အကိုတို႔ ပထဝီႏိုင္ငံေရးအရလည္းအေရးႀကီးတဲ့ အခန္းက႑ မွာ ပါေနတယ္ေလ ဆိုေတာ့ဒီလိုပါ။ပတ္ဝန္းက်င္ တိုင္းျပည္ ေတြနဲ႔ မိတ္ဝတ္မပ်က္ဆက္ဆံေရးဆိုေတာ့ မိတ္ဝတ္မပ်က္မူတစ္ခုခ်မွတ္ၿပီးေတာ့ အကို႔အျမင္ေပါ့။ အကိုဆိုရင္ ေတာ့ မိတ္ဝတ္မပ်က္ဆက္ဆံေရး  ႏိုင္ငံျခားေရးေပၚလစီေပါ့ေလ။ ဒီလိုမ်ိဳးေလးေတာ့သြားေနတယ္။သူရဲ႕ စစ္အင္ အားေတြ စီးပြားေရးအင္အားေတြကိုၾကည့္ၿပီးေတာ့ အဲ့ထဲကကိုယ္တို႔ကေတာ့ ယူသင့္တာယူရမွာေပါ့။သင္ယူသင့္ တာ သင္ယူမယ္၊ေလ့လာသင့္ တာေလ့လာ မယ္ေပါ့။