【 နိုင်ငံတကာ ဆောင်းပါး 】 ရေနံခေတ်လွန်အတွက် ဆော်ဒီအိမ်ရှေ့မင်းသား ပြင်ဆင်နေ

【 နိုင်ငံတကာ ဆောင်းပါး 】 ရေနံခေတ်လွန်အတွက် ဆော်ဒီအိမ်ရှေ့မင်းသား ပြင်ဆင်နေ

ဆော်ဒီအာရေးဗီးယားနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ်နှင့် အိမ်ရှေ့မင်းသားဖြစ်သော မိုဟာမက် ဘင်ဆယ်လ်မန် သည် ပါကစ္စတန်၊ တရုတ်နှင့် အိန္ဒိယသို့ သွားရောက်လည်ပတ်နေသည်။အနောက်နိုင်ငံများနှင့် ခက်ခဲလှသော ပြဿနာအချို့ကို ရင်ဆိုင်ရပြီးနောက်တွင် ဆော်ဒီအာရေးဗီးယားသည် နိုင်ငံ ၃ နိုင်ငံနှင့် ဆက်ဆံရေးကို ခိုင်မာစေရန် ကြိုးစားနေပြီး ၎င်း၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုနှင့် စီးပွားရေး အသွင်ကူးပြောင်းရေးအတွက် အခွင့်အလမ်းများကို ရှာဖွေနေသည်။

အစ္စလမ်မာဘတ်တွင် အိမ်ရှေ့မင်းသားသည် ဒေါ်လာ ဆယ်ဘီလျှံကျော်သော ပူးပေါင်းဆောင်ရွက်ရေး စာချုပ်များနှင့် နားလည်မှုစာချွန်လွှာများကို လက်မှတ်ရေးထိုးကြပြီး ရေနံချက်လုပ်ငန်း၊ ရေနံဓါတုလုပ်ငန်း၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်နှင့် သတ္တုတူးဖေါ်ရေး လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် အဆိုပြုကြသည်။ဆော်ဒီအာရေးဗီးယားက တည်ဆောက်မည့် ရေနံချက်စက်ရုံသည် ဂွာဒါဆိပ်ကမ်းတွင်ရှိပြီး တရုတ်-ပါကစ္စတန် စီးပွားရေးစြင်္ကန်တွင် အမည်မခံသော ပါဝင်ဆောင်ရွက်သူ ဖြစ်စေသည်။

အိမ်ရှေ့မင်းသား၏ တရုတ်နှင့် အိန္ဒိယ ခရီးစဉ်သည် ကမ္ဘာ့အကြီးမားဆုံး စီးပွားရေးနှစ်ခုနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် အခြေခံအဆောက်အအုံ တည်ဆောက်ရေးနှင့် အဆင့်မြင့်နည်းပညာ ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေး ပိုမိုကောင်းမွန်စေမည်ဟု မျှော်လင့်ရသည်။ဆော်ဒီအာရေးဗီးယားသည် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးဖွံ့ဖြိုးရေးကို အာရုံစိုက်နေသည်။၎င်းသည် တရုတ်နိုင်ငံ၏ ရပ်ဝန်းတစ်ခုလမ်းတစ်ခု အစီအစဉ်ကို တက်ကြွစွာထောက်ခံပြီး ဆော်ဒီ ၂၀၃၀ ဖွံ့ဖြိုးရေး သေနင်္ဂဗျူဟာနှင့် ချိတ်ဆက်ရန် အဆိုပြုထားသည်။

အစ္စလမ်မစ် ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (OIC) အဖွဲ့ဝင်ဖြစ်သော ပါကစ္စတန်နိုင်ငံသည် ဆော်ဒီအာရေးဗီးယား၏ အစ္စလမ်မစ် သံတမန်ရေးရာ၏ အရေးပါသော အစိတ်အပိုင်းဖြစ်ပြီး ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးမှု အမြန်ဆုံးဖြစ်သော အိန္ဒိယနိုင်ငံသည် ဆော်ဒီအာရေးဗီးယား၏ သံတမန်ရေးရာနှင့် ပြည်ပပူးပေါင်းဆောင်ရွက်ရေးတွင် အဓိကကျသော နိုင်ငံဖြစ်သည်။

အမေရိကန်ပြည်ထောင်စုသည် ဆော်ဒီအာရေးဗီးယား၏ အရေးပါသည့် သေနင်္ဂဗျူဟာ မဟာမိတ်ဖြစ်သော်လည်း ဆော်ဒီအာရေးဗီးယားနိုင်ငံသည် ပူးပေါင်းဆောင်ရွက်မှုကို နိုင်ငံများစွာနှင့် ထူထောင်ခြင်းအားဖြင့် စီးပွားရေးနှင့် နိုင်ငံရေး အန္တရာယ်များကို ခံနိုင်ရည်တိုးတက်စေရန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်းဖြင့် ရေနံခေတ်လွန်အတွက် ကြိုတင်ပြင်ဆင်နေပုံရသည်။အခြားနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် ထွန်းသစ်စ စီးပွားရေးများနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေရန် အလားအလာများ ယူဆောင်လာပေးနိုင်သည်ဟု ဆော်ဒီအာရေးဗီးယားက မျှော်လင့်နေသည်။

သို့သော် ယခုဖြစ်ရပ်များကြောင့် ဆော်ဒီအာရေးဗီးယား၏ သံတမန်ရေးရာ ဗဟိုချက်သည် အာရှသို့ ရွှေ့ပြောင်းလာသည်ဟု ပြောရန် စောလွန်းနေဦးမည်ဖြစ်သည်။

( Zawgyi )

ေဆာ္ဒီအာေရးဗီးယားႏိုင္ငံ၏ ဒုတိယဝန္ႀကီးခ်ဳပ္ႏွင့္ အိမ္ေရွ႕မင္းသားျဖစ္ေသာ မိုဟာမက္ ဘင္ဆယ္လ္မန္ သည္ ပါကစၥတန္၊ တ႐ုတ္ႏွင့္ အိႏၵိယသို႔ သြားေရာက္လည္ပတ္ေနသည္။အေနာက္ႏိုင္ငံမ်ားႏွင့္ ခက္ခဲလွေသာ ျပႆနာအခ်ိဳ႕ကို ရင္ဆိုင္ရၿပီးေနာက္တြင္ ေဆာ္ဒီအာေရးဗီးယားသည္ ႏိုင္ငံ ၃ ႏိုင္ငံႏွင့္ ဆက္ဆံေရးကို ခိုင္မာေစရန္ ႀကိဳးစားေနၿပီး ၎၏ ေရရွည္ဖြံ႕ၿဖိဳးတိုးတက္မႈႏွင့္ စီးပြားေရး အသြင္ကူးေျပာင္းေရးအတြက္ အခြင့္အလမ္းမ်ားကို ရွာေဖြေနသည္။

အစၥလမ္မာဘတ္တြင္ အိမ္ေရွ႕မင္းသားသည္ ေဒၚလာ ဆယ္ဘီလွ်ံေက်ာ္ေသာ ပူးေပါင္းေဆာင္႐ြက္ေရး စာခ်ဳပ္မ်ားႏွင့္ နားလည္မႈစာခြၽန္လႊာမ်ားကို လက္မွတ္ေရးထိုးၾကၿပီး ေရနံခ်က္လုပ္ငန္း၊ ေရနံဓါတုလုပ္ငန္း၊ ျပန္လည္ျပည့္ၿဖိဳးၿမဲ စြမ္းအင္ႏွင့္ သတၱဳတူးေဖၚေရး လုပ္ငန္းမ်ားတြင္ ရင္းႏွီးျမႇဳပ္ႏွံရန္ အဆိုျပဳၾကသည္။ေဆာ္ဒီအာေရးဗီးယားက တည္ေဆာက္မည့္ ေရနံခ်က္စက္႐ုံသည္ ဂြာဒါဆိပ္ကမ္းတြင္ရွိၿပီး တ႐ုတ္-ပါကစၥတန္ စီးပြားေရးျစကၤန္တြင္ အမည္မခံေသာ ပါဝင္ေဆာင္႐ြက္သူ ျဖစ္ေစသည္။

အိမ္ေရွ႕မင္းသား၏ တ႐ုတ္ႏွင့္ အိႏၵိယ ခရီးစဥ္သည္ ကမာၻ႔အႀကီးမားဆုံး စီးပြားေရးႏွစ္ခုႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ အေျခခံအေဆာက္အအုံ တည္ေဆာက္ေရးႏွင့္ အဆင့္ျမင့္နည္းပညာ က႑မ်ားတြင္ ပူးေပါင္းေဆာင္႐ြက္ေရး ပိုမိုေကာင္းမြန္ေစမည္ဟု ေမွ်ာ္လင့္ရသည္။ေဆာ္ဒီအာေရးဗီးယားသည္ တ႐ုတ္ႏိုင္ငံႏွင့္ ဆက္ဆံေရးဖြံ႕ၿဖိဳးေရးကို အာ႐ုံစိုက္ေနသည္။၎သည္ တ႐ုတ္ႏိုင္ငံ၏ ရပ္ဝန္းတစ္ခုလမ္းတစ္ခု အစီအစဥ္ကို တက္ႂကြစြာေထာက္ခံၿပီး ေဆာ္ဒီ ၂၀၃၀ ဖြံ႕ၿဖိဳးေရး ေသနဂၤဗ်ဴဟာႏွင့္ ခ်ိတ္ဆက္ရန္ အဆိုျပဳထားသည္။

အစၥလမ္မစ္ ပူးေပါင္းေဆာင္႐ြက္ေရးေကာင္စီ (OIC) အဖြဲ႕ဝင္ျဖစ္ေသာ ပါကစၥတန္ႏိုင္ငံသည္ ေဆာ္ဒီအာေရးဗီးယား၏ အစၥလမ္မစ္ သံတမန္ေရးရာ၏ အေရးပါေသာ အစိတ္အပိုင္းျဖစ္ၿပီး ကမာၻ႔စီးပြားေရးဖြံ႕ၿဖိဳးမႈ အျမန္ဆုံးျဖစ္ေသာ အိႏၵိယႏိုင္ငံသည္ ေဆာ္ဒီအာေရးဗီးယား၏ သံတမန္ေရးရာႏွင့္ ျပည္ပပူးေပါင္းေဆာင္႐ြက္ေရးတြင္ အဓိကက်ေသာ ႏိုင္ငံျဖစ္သည္။

အေမရိကန္ျပည္ေထာင္စုသည္ ေဆာ္ဒီအာေရးဗီးယား၏ အေရးပါသည့္ ေသနဂၤဗ်ဴဟာ မဟာမိတ္ျဖစ္ေသာ္လည္း ေဆာ္ဒီအာေရးဗီးယားႏိုင္ငံသည္ ပူးေပါင္းေဆာင္႐ြက္မႈကို ႏိုင္ငံမ်ားစြာႏွင့္ ထူေထာင္ျခင္းအားျဖင့္ စီးပြားေရးႏွင့္ ႏိုင္ငံေရး အႏၲရာယ္မ်ားကို ခံႏိုင္ရည္တိုးတက္ေစရန္ ႏိုင္ငံတကာ ပူးေပါင္းေဆာင္႐ြက္မႈ ျမႇင့္တင္ျခင္းျဖင့္ ေရနံေခတ္လြန္အတြက္ ႀကိဳတင္ျပင္ဆင္ေနပုံရသည္။အျခားႏိုင္ငံမ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္ျခင္းသည္ ထြန္းသစ္စ စီးပြားေရးမ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈကို ပိုမိုနက္ရႈိင္းေစရန္ အလားအလာမ်ား ယူေဆာင္လာေပးႏိုင္သည္ဟု ေဆာ္ဒီအာေရးဗီးယားက ေမွ်ာ္လင့္ေနသည္။

သို႔ေသာ္ ယခုျဖစ္ရပ္မ်ားေၾကာင့္ ေဆာ္ဒီအာေရးဗီးယား၏ သံတမန္ေရးရာ ဗဟိုခ်က္သည္ အာရွသို႔ ေ႐ႊ႕ေျပာင္းလာသည္ဟု ေျပာရန္ ေစာလြန္းေနဦးမည္ျဖစ္သည္။