【 နိုင်ငံတကာ ဆောင်းပါး 】 " တရုတ်-ဗီယက်နမ်နယ်စပ်တွင် ကုန်သွယ်ရေးနာလန်ထလာ"

【  နိုင်ငံတကာ ဆောင်းပါး  】 " တရုတ်-ဗီယက်နမ်နယ်စပ်တွင် ကုန်သွယ်ရေးနာလန်ထလာ"

ကုန်သေတ္တာကားလွတ်များနှင့် ကုန်သေတ္တာများသယ်ဆောင်လာသော ထရပ်ကားရာနှင့်ချီပြီး တရုတ်နိုင်ငံတောင်ပိုင်း ---- ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ --- ရှိ တံတားတခုတွင် အကောက်ခွန် ရှင်းလင်းခြင်းဆောင်ရွက်ရန် စောင့်ဆိုင်းနေသောကြောင့် တရုတ်-ဗီယက်နမ် နယ်စပ် ကုန်သွယ်ရေးသည် COVID-19 ဗိုင်းရပ်မှ ပြန်လည်နာလန်ထလာကြောင်းပြသနေသည်။

 အသက် ၃၁ နှစ်အရွယ် ဗီယက်နမ်နိုင်ငံသားဖြစ်သော ဖန်ဗန်တန်သည် ဗီယက်နမ်နိုင်ငံ ဒါနန်းမှ ထွက်သည့် နဂါးမောက်သီး တန် ၂၀ ခန့်သယ်ဆောင်လာသော ထရပ်ကားကိုမောင်းနှင်လာသည်။ အကောက်ခွန် စစ်ဆေးရေး စခန်းကို စစ်ဆေးပြီးသောအခါ ထိုကုန်စည်များကို ရှန်ဟိုင်းနှင့် ဘေဂျင်းကဲ့သို့သော မြို့ကြီးများမှ ဈေးများတွင် တွေ့ရမည်ဖြစ်သည်။

ဖန်သည် သယ်ယူပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်နေသည်မှာ လေးနှစ်ကျော်ကြာပြီဖြစ်သည်။ သူ၏ အဓိကတာဝန်မှာ ဗီယက်နမ်မှ သစ်သီးများ၊ ပင်လယ်စာများနှင့်လယ်ယာထုတ်ကုန်များကို  တရုတ်နယ်စပ် ပြည်နယ်များဖြစ်သော ---- နှင့်ယူနန်တို့ကဲ့သို့သော ပြည်နယ်များသို့တင်ပို့ရန် ဖြစ် သည်။

ဖန်သွားရောက်ခဲ့သော နယ်စပ်မြို့ကြီးများအနက်  ---- ဗီယက်နိုင်ငံမှ စီးပွားရေးအချက်အခြာ ကျသော မောင်းကိုင်နှင့် မြစ်ကျဉ်းကလေးတခုသာ ခြားပြီး အာဆီယံနိုင်ငံများသို့ ဝင်ထွက်ရာ ဂိတ်ပေါက်လည်းဖြစ်သည်။

“COVID-19 ဖြစ်ပွားတုန်းက နှစ်နိုင်ငံလုံးမှာ အကောက်ခွန်ရှင်းလင်းတာဆိုင်းငံ့လိုက်တာကြောင့် ဗီယက်နမ်လယ်သမားနဲ့ ယာဉ်မောင်းအများအပြားသည် စိတ်ပူသွားခဲ့ကြတယ်” ဟု သူပြော သည်။

ဖေဖေါ်ဝါရီလအတွင်း ပုဇွန်ထုတ်ကြီးများ၊ ငါးခူ၊ ဖရဲသီး စသည့် ဗီယက်နမ်ထုတ်ကုန်များ၏ ဈေးနှုန်းများကိဆင်းသွားခဲ့ကြောင်းလည်း သူပြောသည်။

ဗီယက်နမ်နိုင်ငံသည် ဖေဖေါ်ဝါရီလအစောပိုင်းတွင် တရုတ်ခရီးသွားမျာအတွက် ဗီဇာထုတ် ပေးခြင်း ရပ်ဆိုင်းလိုက်ပြီး ဗိုင်းရပ်စ် ကူးစက်မှုကို တားဆီးရန် ဗီယက်နမ်-တရုတ် နယ်စပ်ကို လည်း တစိတ်တပိုင်းပိတ်ခဲ့သည်။

ဒီကူးစက်ရောဂါကြောင့် ကျနော်တို့ကို အကြီးအကျယ်ထိခိုက်စေတယ်” ဟု အခြားသော ဗီယက်နမ် ယာဉ်မောင်းတဦးကပြောသည်။ “ ဗီယက်နမ် နိုင်ငံက တင်းကျပ်တဲ့ တားဆီးကာကွယ် ထိန်းချုပ်ရေး အစီအစဉ်တွေ ချမှတ်ခဲ့တယ်။ ကျနော်တို့ကားတွေ တတန်းကြီးရပ်ထားရတာ်။ တရုတ်နိုင်ငံကို တင်ပို့ဖို့ စီစဉ်ထားတဲ့ စိုက်ပျိုးရေးထုတ်ကုန်တွေမရောင်းရဘူး ဖြစ်သွားတယ်” ဟု သူပြောသည်။

ရောဂါကူးစက်မှုအတွင်း ကွောင်ရှီ အာဏာပိုင်များသည် ဗီယက်နမ်မြောက်ပိုင်းမှ အိမ်နီးချင်း ပြည်နယ် လေးခုနှင့် ဆွေးနွေးပွဲ အကြိမ်ကြိမ်ကျင်းပပြီး နှစ်နိုင်ငံလုံးတွင် ပိုမိုရှင်းလင်းသော အကောက်ခွန်ရှင်းလင်းရေးအစီအစဉ်များချမှတ်ရေးကို လုပ်ဆောင်ခဲ့ကြောင်း ကွောင်ရှီမှ စီးပွားကူးသန်းဌာန ဒါရိုက်တာ ကျောင်လျှန်ရှုံ ပြောသည်။

တရုတ်နိုင်ငံသို့ ဗီယက်နမ်ကုန်စည်များ ဝင်ရောက်ခြင်း ပိုမိုလွယ်ကူစေရန် ဒုံရှင် အကောက်ခွန် ဌာန သည် နယ်စပ်စစ်ဆေးရေး အခြေခံအဆောက်အအုံများ ကိုဆက်လက် ပြင်ဆင်နေသည်။ အဆင့်မြင့်နည်းပညာ စစ်ဆေးရေး ကိရိယာများကို မကြာသေးမီက တပ်ဆင်ပြီး ယာဉ်တစီးကို စစ်ဆေးချိန်ကို မိနစ် ၃၀ အထိ လျှော့ချလိုက်သည်ဟု ဒုံရှင် အကောက်ခွန်ဌာနမှ လေခါချောင် ပြောသည်။

“အသစ်တည်ဆောက်ထားတဲ့ ဘေလွမ် ၂ နယ်စပ်တံတားမှာ အကောက်ခွန် ရှင်းလင်းရေး လုပ်ငန်း တွေကို ရှည်လျှားတဲ့ တရုတ်နှစ်သစ်ကူးအားလပ်ရက်အပြီး ပြန်လည်စတင်ခဲ့တယ်” ဟု ဒုံရှင် ဆိပ်ကမ်းဝန်ဆောင်မှုဌာနမှ ဒါရိုက်တာ ချန်ရှောင်ပြောသည်။

မတ်လ ၁၀ ရက်နေ့သို့ရောက်သောအခါ ထုတ်ကုန်သွင်းကုန် ယာဉ် နေ့စဉ်အရေအတွက်သည် ယခင်နှစ်က ထက်ပိုမိုမြင့်မားလာကြောင်း ချန်ပြောသည်။

သစ်သီးပို့ကုန်သွင်းကုန်အတွက် တရုတ်နိုင်ငံ၏ အကြီးမားဆုံး ကုန်းလမ်းနယ်စပ် ဆိပ်ကမ်း ဖြစ်သည့် ဖင်ရှောင်တွင် တရုတ်အကောက်ခွန်အရာရှိများအားလုံးသည် ဒုံရှင်တွင် ကဲ့သို့ပင် မျက်နှာဖုံးများ ဝတ်ဆင်ထားပြီး အချို့သော ဗီယက်နမ် ယာဉ်မောင်းများသည် ပိုးမွှားကာကွယ် ရေး ဝတ်စုံများကို ဝတ်ဆင် နယ်စပ်ဖြတ်ကူးနေကြသည်။

“အကောက်ခွန် ရှင်းလင်းရေးကို ပုံမှန်ဆောင်ရွက်လာတော့ အခြေအနေက ပိုပိုကောင်းမွန်လာပြီ” ဟု ဒေသခံတရုတ် အီလက်ထရွန်းနစ်ကုမ္ပဏီတခုမှ မန်နေဂျာ လျှူလီရှူပြောသည်။

“ကျနော်တို့ရဲ့ ထုတ်ကုန်တွေရဲ့ ၇၀ ရာခိုင်နှုန်းကျော်ကို ဗီယက်နမ်ကတဆင့် အာဆီယံနိုင်ငံတွေကို တင်ပို့နေတာ။ ရောဂါကူးစက်မှုကြောင့် ပထမနှစ်လအတွင်း ကုန်ထုတ်လုပ်မှု ကျဆင်းသွားတယ်။ ဒါပေမယ့် အခုမတ်လမှာတော့ ဒါတွေကို ပြန်ရအောင် ကျနော်တို့လုပ်နေတယ်” ဟု သူပြောသည်။

အာဆီယံသည် ပထမနှစ်လအတွင်း တရုတ်နိုင်ငံ၏ အကြီးမားဆုံးကုန်သွယ်ဖက်ဖြစ်လာပြီး စုစုပေါင်းကုန်သွယ်မှု ပမာဏမှာ နှစ်ရာခိုင်နှုန်းတိုးတက်လာပြီး ယွမ် ၅၉၄.၁ ဘီလျှံ (အမေရိကန်ဒေါ်လာ ၈၅.၆၈ ဘီလျှံ) အထိရှိကြောင်း တရားဝင် စာရင်းများအရ သိရသည်။

တရုတ်နိုင်ငံသည် ဗီယက်နမ် နိုင်ငံ၏ အကြီးမားဆုံးကုန်သွယ်ဖက်ဖြစ်သည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်ပြီး  ဗီယက်နမ်သည် အာဆီယံအတွင်း တရုတ်နိုင်ငံ၏ အကြီးမားဆုံး ကုန်သွယ်ဖက် ဖြစ်သည်။ နှစ်နိုင်ငံကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ဘီလျှံ ၁၀၀ ဖိုးကျော်နေသည်မှာ နှစ်နှစ် ဆက်တိုက်ဖြစ်သည်။

 ဗီယက်နမ်မှ VCI Logistics Joint Stock Company ဥက္ကဌ ထရမ်ဒိုင်ညှာ သည် နယ်စပ် ကုန်သွယ်ရေးလုပ်ငန်းကို လုပ်ကိုင်နေသည်မှာ နှစ်ပေါင်း ၂၀ ကျော်ပြီဖြစ်သည်။ တရုတ်နိုင်ငံ သည် ကုန်ထုတ်လုပ်ရေး ဗဟိုချက်ဖြစ်ကြောင်း၊ တရုတ်ဈေးကွက်သည်ခိုင်မာနေကြောင်းနှင့် ဗီယက်နမ် အပါအဝင် ကမ္ဘာ့စီးပွားရေးအတွက် လွန်စွာအရေးပါကြောင်းသူပြောသည်။

နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်ရေးသည် တည်ငြိမ်စွာတိုးတက်နေပြီး ကုန်သွယ်ရေး၊ ဝန်ဆောင်မှု နှင့် ရင်းနှီးမြှုပ်နှံမှုအပါအဝင် စီးပွားရေးလုပ်ငန်းများ အတွက် ခိုင်မာသောမောင်းနှင်အားကို ဖန်တီးပေးကာ နယ်စပ်နှစ်ဖက်လုံးမှ ပြည်သူများ၏ လူနေမှုအဆင့်အတန်းကို မြှင့်တင်ပေးနေ ကြောင်းသူပြောသည်။
 
“ဒီနှစ် ဗီယက်နမ်နဲ့ ကုန်သွယ်ရေးကို ကျနော်တို့ အပြည့်အဝယုံကြည်တယ်။ ဗီယက်နမ် အလုပ်သမား တွေ ပြန်မလာနိုင်သေးဘူး။ ဒါပေမယ့် သူတို့ပြန်လာအောင်ကျနော်တို့ ဆောင်ရွက် နေတယ်” ဟု လျှူပြောသည်။
 
ဗိုင်းရပ်စ်ကြောင့် ထိခိုက်တာဟာ ယာယီသာဖြစ်ပြီး စီးပွားရေးလုပ်ငန်းတွေက မကြာခင် လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာမယ်” ဟု သူပြောသည်။

၁၉၇၀ ခုနှစ်များက တရုတ်နိုင်ငံ တံခါးဖွင့်လာပြီး ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ခဲ့ပြီးနောက် လျှင်မြန်စွာ စီးပွားတိုးတက်လာခြင်းသည် တကမ္ဘာလုံးအတွက် အရေးပါသော ပြီးပြည့်စုံသည့် ကမ္ဘာ့ကုန်စည်ထုတ်လုပ်မှု ကွင်းဆက်ကို ဖြစ်ပေါ်စေကြောင်း ကွောင်ရှီ လူမှုသိပ္ပံမှ ဝါရင့်သုတေသီ ဆွမ်ရှောင်ယင်း ပြောသည်။

 ဗီယက်နမ်အပါအဝင် စီးပွားရေး အများအပြားသည် ကုန်ထုတ်လုပ်ရေးကွင်းဆက် ပြဿနာ များကို ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံတွင် ရောဂါဖြစ်ပွားမှုကို ထိရောက်စွာ ထိန်းချုပ်နိုင်ပြီး ထုတ်လုပ်မှုပြန်လည်စတင်ခြင်းသည် ချောမွေ့နေသည်။ ထုတ်လုပ်မှု ကွင်းဆက် နာလန်ထ လာခြင်း သည် အရှိန်ရလာကြောင်း ဆွမ် ပြောသည်။

“တရုတ်နိုင်ငံနဲ့စီးပွားရေးက ဗီယက်နမ် ကုန်တင်ကားမောင်းသမား ထောင်ပေါင်းများစွာ အတွက် အရေးပါတယ်။ ကျနော်တလကို အမေရိကန်ဒေါ်လာ ၉၀၀ လောက်ရတယ်။ ဒီငွေက သာမန် ဗီယက်နမ်တွေ ရတာထက်ပိုတယ်။ ဗီယက်နမ်နဲ့ တရုတ်တို့ ဒီကူးစက်ရောဂါကို အမြန်ဆုံး ကျော်လွှားနိုင်ဖို့ ကျနော်ဆုတောင်းတယ်” ဟု ဖန်ပြောသည်။

(  Zawgyi  )

 ကုန္ေသတၱာကားလြတ္မ်ားႏွင့္ ကုန္ေသတၱာမ်ားသယ္ေဆာင္လာေသာ ထရပ္ကားရာႏွင့္ခ်ီၿပီး တ႐ုတ္ႏိုင္ငံေတာင္ပိုင္း ---- ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသမွ --- ရွိ တံတားတခုတြင္ အေကာက္ခြန္ ရွင္းလင္းျခင္းေဆာင္႐ြက္ရန္ ေစာင့္ဆိုင္းေနေသာေၾကာင့္ တ႐ုတ္-ဗီယက္နမ္ နယ္စပ္ ကုန္သြယ္ေရးသည္ COVID-19 ဗိုင္းရပ္မွ ျပန္လည္နာလန္ထလာေၾကာင္းျပသေနသည္။

 အသက္ ၃၁ ႏွစ္အ႐ြယ္ ဗီယက္နမ္ႏိုင္ငံသားျဖစ္ေသာ ဖန္ဗန္တန္သည္ ဗီယက္နမ္ႏိုင္ငံ ဒါနန္းမွ ထြက္သည့္ နဂါးေမာက္သီး တန္ ၂၀ ခန႔္သယ္ေဆာင္လာေသာ ထရပ္ကားကိုေမာင္းႏွင္လာသည္။ အေကာက္ခြန္ စစ္ေဆးေရး စခန္းကို စစ္ေဆးၿပီးေသာအခါ ထိုကုန္စည္မ်ားကို ရွန္ဟိုင္းႏွင့္ ေဘဂ်င္းကဲ့သို႔ေသာ ၿမိဳ႕ႀကီးမ်ားမွ ေဈးမ်ားတြင္ ေတြ႕ရမည္ျဖစ္သည္။

ဖန္သည္ သယ္ယူပို႔ေဆာင္ေရးလုပ္ငန္းလုပ္ကိုင္ေနသည္မွာ ေလးႏွစ္ေက်ာ္ၾကာၿပီျဖစ္သည္။ သူ၏ အဓိကတာဝန္မွာ ဗီယက္နမ္မွ သစ္သီးမ်ား၊ ပင္လယ္စာမ်ားႏွင့္လယ္ယာထုတ္ကုန္မ်ားကို  တ႐ုတ္နယ္စပ္ ျပည္နယ္မ်ားျဖစ္ေသာ ---- ႏွင့္ယူနန္တို႔ကဲ့သို႔ေသာ ျပည္နယ္မ်ားသို႔တင္ပို႔ရန္ ျဖစ္ သည္။

ဖန္သြားေရာက္ခဲ့ေသာ နယ္စပ္ၿမိဳ႕ႀကီးမ်ားအနက္  ---- ဗီယက္ႏိုင္ငံမွ စီးပြားေရးအခ်က္အျခာ က်ေသာ ေမာင္းကိုင္ႏွင့္ ျမစ္က်ဥ္းကေလးတခုသာ ျခားၿပီး အာဆီယံႏိုင္ငံမ်ားသို႔ ဝင္ထြက္ရာ ဂိတ္ေပါက္လည္းျဖစ္သည္။

“COVID-19 ျဖစ္ပြားတုန္းက ႏွစ္ႏိုင္ငံလုံးမွာ အေကာက္ခြန္ရွင္းလင္းတာဆိုင္းငံ့လိုက္တာေၾကာင့္ ဗီယက္နမ္လယ္သမားနဲ႔ ယာဥ္ေမာင္းအမ်ားအျပားသည္ စိတ္ပူသြားခဲ့ၾကတယ္” ဟု သူေျပာ သည္။

ေဖေဖၚဝါရီလအတြင္း ပုဇြန္ထုတ္ႀကီးမ်ား၊ ငါးခူ၊ ဖရဲသီး စသည့္ ဗီယက္နမ္ထုတ္ကုန္မ်ား၏ ေဈးႏႈန္းမ်ားကိဆင္းသြားခဲ့ေၾကာင္းလည္း သူေျပာသည္။

ဗီယက္နမ္ႏိုင္ငံသည္ ေဖေဖၚဝါရီလအေစာပိုင္းတြင္ တ႐ုတ္ခရီးသြားမ်ာအတြက္ ဗီဇာထုတ္ ေပးျခင္း ရပ္ဆိုင္းလိုက္ၿပီး ဗိုင္းရပ္စ္ ကူးစက္မႈကို တားဆီးရန္ ဗီယက္နမ္-တ႐ုတ္ နယ္စပ္ကို လည္း တစိတ္တပိုင္းပိတ္ခဲ့သည္။

ဒီကူးစက္ေရာဂါေၾကာင့္ က်ေနာ္တို႔ကို အႀကီးအက်ယ္ထိခိုက္ေစတယ္” ဟု အျခားေသာ ဗီယက္နမ္ ယာဥ္ေမာင္းတဦးကေျပာသည္။ “ ဗီယက္နမ္ ႏိုင္ငံက တင္းက်ပ္တဲ့ တားဆီးကာကြယ္ ထိန္းခ်ဳပ္ေရး အစီအစဥ္ေတြ ခ်မွတ္ခဲ့တယ္။ က်ေနာ္တို႔ကားေတြ တတန္းႀကီးရပ္ထားရတာ္။ တ႐ုတ္ႏိုင္ငံကို တင္ပို႔ဖို႔ စီစဥ္ထားတဲ့ စိုက္ပ်ိဳးေရးထုတ္ကုန္ေတြမေရာင္းရဘူး ျဖစ္သြားတယ္” ဟု သူေျပာသည္။

ေရာဂါကူးစက္မႈအတြင္း ေကြာင္ရွီ အာဏာပိုင္မ်ားသည္ ဗီယက္နမ္ေျမာက္ပိုင္းမွ အိမ္နီးခ်င္း ျပည္နယ္ ေလးခုႏွင့္ ေဆြးေႏြးပြဲ အႀကိမ္ႀကိမ္က်င္းပၿပီး ႏွစ္ႏိုင္ငံလုံးတြင္ ပိုမိုရွင္းလင္းေသာ အေကာက္ခြန္ရွင္းလင္းေရးအစီအစဥ္မ်ားခ်မွတ္ေရးကို လုပ္ေဆာင္ခဲ့ေၾကာင္း ေကြာင္ရွီမွ စီးပြားကူးသန္းဌာန ဒါ႐ိုက္တာ ေက်ာင္လွ်န္ရႈံ ေျပာသည္။

တ႐ုတ္ႏိုင္ငံသို႔ ဗီယက္နမ္ကုန္စည္မ်ား ဝင္ေရာက္ျခင္း ပိုမိုလြယ္ကူေစရန္ ဒုံရွင္ အေကာက္ခြန္ ဌာန သည္ နယ္စပ္စစ္ေဆးေရး အေျခခံအေဆာက္အအုံမ်ား ကိုဆက္လက္ ျပင္ဆင္ေနသည္။ အဆင့္ျမင့္နည္းပညာ စစ္ေဆးေရး ကိရိယာမ်ားကို မၾကာေသးမီက တပ္ဆင္ၿပီး ယာဥ္တစီးကို စစ္ေဆးခ်ိန္ကို မိနစ္ ၃၀ အထိ ေလွ်ာ့ခ်လိုက္သည္ဟု ဒုံရွင္ အေကာက္ခြန္ဌာနမွ ေလခါေခ်ာင္ ေျပာသည္။

“အသစ္တည္ေဆာက္ထားတဲ့ ေဘလြမ္ ၂ နယ္စပ္တံတားမွာ အေကာက္ခြန္ ရွင္းလင္းေရး လုပ္ငန္း ေတြကို ရွည္လွ်ားတဲ့ တ႐ုတ္ႏွစ္သစ္ကူးအားလပ္ရက္အၿပီး ျပန္လည္စတင္ခဲ့တယ္” ဟု ဒုံရွင္ ဆိပ္ကမ္းဝန္ေဆာင္မႈဌာနမွ ဒါ႐ိုက္တာ ခ်န္ေရွာင္ေျပာသည္။

မတ္လ ၁၀ ရက္ေန႔သို႔ေရာက္ေသာအခါ ထုတ္ကုန္သြင္းကုန္ ယာဥ္ ေန႔စဥ္အေရအတြက္သည္ ယခင္ႏွစ္က ထက္ပိုမိုျမင့္မားလာေၾကာင္း ခ်န္ေျပာသည္။

သစ္သီးပို႔ကုန္သြင္းကုန္အတြက္ တ႐ုတ္ႏိုင္ငံ၏ အႀကီးမားဆုံး ကုန္းလမ္းနယ္စပ္ ဆိပ္ကမ္း ျဖစ္သည့္ ဖင္ေရွာင္တြင္ တ႐ုတ္အေကာက္ခြန္အရာရွိမ်ားအားလုံးသည္ ဒုံရွင္တြင္ ကဲ့သို႔ပင္ မ်က္ႏွာဖုံးမ်ား ဝတ္ဆင္ထားၿပီး အခ်ိဳ႕ေသာ ဗီယက္နမ္ ယာဥ္ေမာင္းမ်ားသည္ ပိုးမႊားကာကြယ္ ေရး ဝတ္စုံမ်ားကို ဝတ္ဆင္ နယ္စပ္ျဖတ္ကူးေနၾကသည္။

“အေကာက္ခြန္ ရွင္းလင္းေရးကို ပုံမွန္ေဆာင္႐ြက္လာေတာ့ အေျခအေနက ပိုပိုေကာင္းမြန္လာၿပီ” ဟု ေဒသခံတ႐ုတ္ အီလက္ထ႐ြန္းနစ္ကုမၸဏီတခုမွ မန္ေနဂ်ာ လွ်ဴလီရႉေျပာသည္။

“က်ေနာ္တို႔ရဲ႕ ထုတ္ကုန္ေတြရဲ႕ ၇၀ ရာခိုင္ႏႈန္းေက်ာ္ကို ဗီယက္နမ္ကတဆင့္ အာဆီယံႏိုင္ငံေတြကို တင္ပို႔ေနတာ။ ေရာဂါကူးစက္မႈေၾကာင့္ ပထမႏွစ္လအတြင္း ကုန္ထုတ္လုပ္မႈ က်ဆင္းသြားတယ္။ ဒါေပမယ့္ အခုမတ္လမွာေတာ့ ဒါေတြကို ျပန္ရေအာင္ က်ေနာ္တို႔လုပ္ေနတယ္” ဟု သူေျပာသည္။

အာဆီယံသည္ ပထမႏွစ္လအတြင္း တ႐ုတ္ႏိုင္ငံ၏ အႀကီးမားဆုံးကုန္သြယ္ဖက္ျဖစ္လာၿပီး စုစုေပါင္းကုန္သြယ္မႈ ပမာဏမွာ ႏွစ္ရာခိုင္ႏႈန္းတိုးတက္လာၿပီး ယြမ္ ၅၉၄.၁ ဘီလွ်ံ (အေမရိကန္ေဒၚလာ ၈၅.၆၈ ဘီလွ်ံ) အထိရွိေၾကာင္း တရားဝင္ စာရင္းမ်ားအရ သိရသည္။

တ႐ုတ္ႏိုင္ငံသည္ ဗီယက္နမ္ ႏိုင္ငံ၏ အႀကီးမားဆုံးကုန္သြယ္ဖက္ျဖစ္သည္မွာ ႏွစ္ေပါင္းမ်ားစြာ ၾကာၿပီျဖစ္ၿပီး  ဗီယက္နမ္သည္ အာဆီယံအတြင္း တ႐ုတ္ႏိုင္ငံ၏ အႀကီးမားဆုံး ကုန္သြယ္ဖက္ ျဖစ္သည္။ ႏွစ္ႏိုင္ငံကုန္သြယ္မႈသည္ အေမရိကန္ေဒၚလာ ဘီလွ်ံ ၁၀၀ ဖိုးေက်ာ္ေနသည္မွာ ႏွစ္ႏွစ္ ဆက္တိုက္ျဖစ္သည္။

 ဗီယက္နမ္မွ VCI Logistics Joint Stock Company ဥကၠဌ ထရမ္ဒိုင္ညႇာ သည္ နယ္စပ္ ကုန္သြယ္ေရးလုပ္ငန္းကို လုပ္ကိုင္ေနသည္မွာ ႏွစ္ေပါင္း ၂၀ ေက်ာ္ၿပီျဖစ္သည္။ တ႐ုတ္ႏိုင္ငံ သည္ ကုန္ထုတ္လုပ္ေရး ဗဟိုခ်က္ျဖစ္ေၾကာင္း၊ တ႐ုတ္ေဈးကြက္သည္ခိုင္မာေနေၾကာင္းႏွင့္ ဗီယက္နမ္ အပါအဝင္ ကမာၻ႔စီးပြားေရးအတြက္ လြန္စြာအေရးပါေၾကာင္းသူေျပာသည္။

ႏွစ္ႏိုင္ငံအျပန္အလွန္ကုန္သြယ္ေရးသည္ တည္ၿငိမ္စြာတိုးတက္ေနၿပီး ကုန္သြယ္ေရး၊ ဝန္ေဆာင္မႈ ႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈအပါအဝင္ စီးပြားေရးလုပ္ငန္းမ်ား အတြက္ ခိုင္မာေသာေမာင္းႏွင္အားကို ဖန္တီးေပးကာ နယ္စပ္ႏွစ္ဖက္လုံးမွ ျပည္သူမ်ား၏ လူေနမႈအဆင့္အတန္းကို ျမႇင့္တင္ေပးေန ေၾကာင္းသူေျပာသည္။
 
“ဒီႏွစ္ ဗီယက္နမ္နဲ႔ ကုန္သြယ္ေရးကို က်ေနာ္တို႔ အျပည့္အဝယုံၾကည္တယ္။ ဗီယက္နမ္ အလုပ္သမား ေတြ ျပန္မလာႏိုင္ေသးဘူး။ ဒါေပမယ့္ သူတို႔ျပန္လာေအာင္က်ေနာ္တို႔ ေဆာင္႐ြက္ ေနတယ္” ဟု လွ်ဴေျပာသည္။
 
ဗိုင္းရပ္စ္ေၾကာင့္ ထိခိုက္တာဟာ ယာယီသာျဖစ္ၿပီး စီးပြားေရးလုပ္ငန္းေတြက မၾကာခင္ လမ္းေၾကာင္းမွန္ေပၚ ျပန္ေရာက္လာမယ္” ဟု သူေျပာသည္။

၁၉၇၀ ခုႏွစ္မ်ားက တ႐ုတ္ႏိုင္ငံ တံခါးဖြင့္လာၿပီး ျပဳျပင္ေျပာင္းလဲေရး လုပ္ေဆာင္ခဲ့ၿပီးေနာက္ လွ်င္ျမန္စြာ စီးပြားတိုးတက္လာျခင္းသည္ တကမာၻလုံးအတြက္ အေရးပါေသာ ၿပီးျပည့္စုံသည့္ ကမာၻ႔ကုန္စည္ထုတ္လုပ္မႈ ကြင္းဆက္ကို ျဖစ္ေပၚေစေၾကာင္း ေကြာင္ရွီ လူမႈသိပၸံမွ ဝါရင့္သုေတသီ ဆြမ္ေရွာင္ယင္း ေျပာသည္။

 ဗီယက္နမ္အပါအဝင္ စီးပြားေရး အမ်ားအျပားသည္ ကုန္ထုတ္လုပ္ေရးကြင္းဆက္ ျပႆနာ မ်ားကို ရင္ဆိုင္ေနရသည္။ တ႐ုတ္ႏိုင္ငံတြင္ ေရာဂါျဖစ္ပြားမႈကို ထိေရာက္စြာ ထိန္းခ်ဳပ္ႏိုင္ၿပီး ထုတ္လုပ္မႈျပန္လည္စတင္ျခင္းသည္ ေခ်ာေမြ႕ေနသည္။ ထုတ္လုပ္မႈ ကြင္းဆက္ နာလန္ထ လာျခင္း သည္ အရွိန္ရလာေၾကာင္း ဆြမ္ ေျပာသည္။

“တ႐ုတ္ႏိုင္ငံနဲ႔စီးပြားေရးက ဗီယက္နမ္ ကုန္တင္ကားေမာင္းသမား ေထာင္ေပါင္းမ်ားစြာ အတြက္ အေရးပါတယ္။ က်ေနာ္တလကို အေမရိကန္ေဒၚလာ ၉၀၀ ေလာက္ရတယ္။ ဒီေငြက သာမန္ ဗီယက္နမ္ေတြ ရတာထက္ပိုတယ္။ ဗီယက္နမ္နဲ႔ တ႐ုတ္တို႔ ဒီကူးစက္ေရာဂါကို အျမန္ဆုံး ေက်ာ္လႊားႏိုင္ဖို႔ က်ေနာ္ဆုေတာင္းတယ္” ဟု ဖန္ေျပာသည္။