【 နိုင်ငံတကာဆောင်းပါး 】 UNHCR က BRI တွင်တရုတ်နှင့်ပူးပေါင်းဆောင်ရွက်ရန်ကြိုးစား

 【  နိုင်ငံတကာဆောင်းပါး 】 UNHCR က BRI တွင်တရုတ်နှင့်ပူးပေါင်းဆောင်ရွက်ရန်ကြိုးစား

တရုတ်နိုင်ငံက အဆိုပြုသော ရပ်ဝန်းနှင့်လမ်းအစီအစဉ် (BRI) ၏ ရည်မှန်းချက်သည် ကုလသမဂ္ဂ၏ ရည်မှန်းချက်များနှင့် ကိုက်ညီပြီး ကုလသမဂ္ဂသည် BRI မူဘောင်အတွင် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိနေကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာ မင်းကြီး ဖိလစ်ပို ဂရန်ဒီက ကြာသပတေးနေ့တွင်ပြောသည်။

 “ပြည်သူ့ဘဝတိုးတက်ရေးနဲ့ လမ်းပမ်းဆက်သွယ်ရေးတိုးတက်ရေးဟာ ကုလသမဂ္ဂနဲ့ လွန်စွာ ကိုက်ညီပါတယ်။ မိမိတို့အနေနဲ့ ဒီအစီအစဉ်ကို အပြည့်အ၀ အသိအမှတ်ပြုပြီး အသင့်တော်ဆုံး ဘယ်လိုပုံစံနဲ့မဆို ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိတယ်” ဟု ဂရန်ဒီက တရုတ်နိုင်ငံတောင်ပိုင်း ကျွန်းပြည်နယ်ဖြစ်သော ဟိုင်နန်တွင် ကျင်းပသည့် အာရှဆိုင်ရာ ပိုအောင်းညီလာခံတွင် (BFA) ရှင်ဝှာသတင်းဌာနနှင့် ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်းတွင်ပြောသည်။

၂၀၁၃ ခုနှစ်တွင် အဆိုပြုခဲ့သော BRI သည် အာရှ နှင့် ဥရောပနှင့် အာဖရိကအပါအဝင် ရှေးခေတ် ပိုးလမ်းမ၏အခြားနေရာများတွင် ကုန်သွယ်ရေးနှင့် အခြေခံအဆောက်အအုံကွန်ရက်များ တည်ဆောက်ရန်ရည်ရွယ်သည်။

BRI သည် ကျယ်ပြန့်လာနေပြီး နယ်ပယ်သစ်များတွင် အလားအလားများစွာရှိနေကြောင်း ဂရန်ဒီက ပြောပြီး BRI ၏ ရည်မှန်းချက်သည် ကမ္ဘာ့ဒုက္ခသည်ကွန်ရက်ကို အကျိုးပြုနိုင်သောကြောင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးအတွက် လွန်စွာအရေးကြီးကြောင်း အလေးထားပြောသည်။

နေရပ်စွန့်ခွာထွက်ပြေးရခြင်းကို အဓိကအားဖြင့် စစ်နှင့် ပဋိပက္ခများကဖြစ်စေကြောင်းလည်း ဂရန်ဒီပြောသည်။ “ငြိမ်းချမ်းရေထိန်းသိမ်းခြင်းဆိုတာ စစ်ကို တန်ပြန်ဖို့နိုင်ငံတကာ အသိုင်းအဝန်းက ထူထောင်ထားတဲ့ အရာဖြစ်ပြီး တရုတ်နိုင်ငံရဲ့ ငြိမ်းချမ်းရေး ထိန်းသိမ်းရေးအားထုတ်မှုကို ကျနော်အသိအမှတ်ပြုတယ်” ဟုလည်း သူမှတ်ချက်ချသည်။
 
စာရင်းအင်းများအရ တရုတ်နိုင်ငံသည် ၁၉၉၀ ခုနှစ်မှစတင်ပြီး ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှု လုပ်ငန်း ၃၀ သို့ ငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့ဝင် ၄ သောင်း ခန့်စေလွှတ်ခဲ့သည်ခဲ့ပြီး လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင် နိုင်ငံများအနက် တပ်ဖွဲ့ဝင် အများဆုံးစေလွှတ်သော နိုင်ငံဖြစ်သည်။ ထို့အပြင် တရုတ်နိုင်ငံသည် ကုသလမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုလုပ်ငန်းများအတွက် အလှုငွေ ဒုတိယ အများဆုံးထည့် ဝင်သော နိုင်ငံလည်း ဖြစ်သည်။ ဒုက္ခသည် ပြဿနာသည် နိုင်ငံတခုခြင်းနှင့် ဆိုင်သည့် ပြဿနာမဟုတ်ဘဲ သဘောသဘာဝအရ နယ်စပ်ဖြတ်ကျော်ဖြစ်ပွားကြောင်းလည်း ဂရန်ဒီပြောသည်။

“စစ်၊ ပဋိပက္ခ၊ ညှင်းပမ်းနှိပ်စက်ခြင်း၊ ခွဲခြားဆက်ဆံခြင်းနဲ့ ရာသီဥတုပြောင်းလဲခြင်းအပါအဝင် အကြောင်းများစွာကြောင့် လူတွေ ရွှေ့ပြောင်းနေထိုင်ကြရတယ်။ ဒါကြောင့်မို့ ကျနော်တို့တွေ ပူပေါင်းဆောင်ရွက်ဖို့လိုတယ်” ဟု သူပြောပြီး ထိုပြဿနာကို ဖြေရှင်းရာတွင် တိုးတက်မှုသည် အဓိက သော့ချက်များအနက်တခုဖြစ်ကြောင်း သူပြောသည်။

 “ဆင်းရဲနွမ်းပါးမှုကို လျှော့ချခြင်းအားဖြင့် ပြည်သူတွေအနေနဲ့ ကိုယ့်ဒေသမှာကိုယ်နေဖို့ ကြီးမားတဲ့ စိတ်ခွန်အားကို ဖြစ်စေတယ်” ဟု သူပြောသည်။ ဆင်းရဲနွမ်းပါးမှုလျှောချရေးကို ဦးစားပေးသည့် တရုတ်နိုင်ငံ၏ အားထုတ်မှုများကို အသိအမှတ်ပြုကြောင်း ဂရန်ဒီပြောသည်။ “ဒီနိုင်ငံမှာ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနဲ့ပတ်သက်တဲ့သင်ခန်းစာဟာ ကမ္ဘာ့ ကျန်အစိတ်အပိုင်းတွေ အတွက် လည်း အရမ်းအရေးပါပါတယ်” ဟုလည်း သူပြောသည်။ လူသားချင်းစာနာမှုလုပ်ငန်းတွင် လူ့အဖွဲ့အစည်းအတွင်းမှာ မိုမိုများပြားသောသူများ ပါဝင်လာမည်ဟု မျှော်လင့်ကြောင်းလည်း သူပြောသည်။

“လူသားချင်းစာနာမှု အကူအညီဆိုတာ အစိုးရတွေနဲ့ပဲ ပတ်သက်တော့တာမဟုတ်ဘဲ လူ့အဖွဲ့ အစည်းများတခုလုံးကို ကျယ်ပြန့်လာပြီ။ ပုဂ္ဂလိက ကဏ္ဍက လူတွေပိုမိုပါဝင်စေချင်တယ်။ ပုဂ္ဂလိက ကဏ္ဍဟာ ဘာဏ္ဍာရေးရင်းမြစ်လောက်သာမကတော့ဘဲ နည်းပညာနဲ့ စီးပွားရေးစံနမူနာတွေနဲ့ပါ အကျိုးဆောင်နိုင်တယ်” ဟု သူရှင်းပြသည်။ အနာဂါတ်ကို အမှန်တကယ် ခွဲဝေပိုင်ဆိုင်ကြမည်ဆိုလျှင် ဒုက္ခသည်များ၊ နေရပ်စွန့်ခွာရသူများနှင့် ပဋိပက္ခဒဏ်ခံရသူများအပါအဝင် အားလုံးမျှဝေရ မည်ဖြစ်ကြောင်း သူပြောသည်။ မတ်လ ၂၆ ရက်နေ့မှ ၂၉ ရက်နေ့အထိကျင်းပသော (BFA) သည် အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် အကျိုးအမြတ်မယူသော နိုင်ငံတကာ အဖွဲ့အစည်းများဖြစ် သည်။ ယခုနှစ် (BFA) ၏ ဆောင်ပုဒ်မှာ “ မျှဝေအနာဂါတ်၊ လက်တွဲဆောင်ရွက်၊ ဘုံတိုးတက်မှု” ဖြစ်ပြီး နိုင်ငံနှင့် ဒေသပေါင်း ၆၀ မှ ကိုယ်စားလှယ် ၂ ထောင်ကျော်တက်ရောက်ကြသည်။

(  Zawgyi  )

 တ႐ုတ္ႏိုင္ငံက အဆိုျပဳေသာ ရပ္ဝန္းႏွင့္လမ္းအစီအစဥ္ (BRI) ၏ ရည္မွန္းခ်က္သည္ ကုလသမဂၢ၏ ရည္မွန္းခ်က္မ်ားႏွင့္ ကိုက္ညီၿပီး ကုလသမဂၢသည္ BRI မူေဘာင္အတြင္ တ႐ုတ္ႏိုင္ငံႏွင့္ ပူးေပါင္းေဆာင္႐ြက္ရန္ အသင့္ရွိေနေၾကာင္း ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာမဟာ မင္းႀကီး ဖိလစ္ပို ဂရန္ဒီက ၾကာသပေတးေန႔တြင္ေျပာသည္။

 “ျပည္သူ႔ဘဝတိုးတက္ေရးနဲ႔ လမ္းပမ္းဆက္သြယ္ေရးတိုးတက္ေရးဟာ ကုလသမဂၢနဲ႔ လြန္စြာ ကိုက္ညီပါတယ္။ မိမိတို႔အေနနဲ႔ ဒီအစီအစဥ္ကို အျပည့္အ၀ အသိအမွတ္ျပဳၿပီး အသင့္ေတာ္ဆုံး ဘယ္လိုပုံစံနဲ႔မဆို ပူးေပါင္းေဆာင္႐ြက္ဖို႔ အသင့္ရွိတယ္” ဟု ဂရန္ဒီက တ႐ုတ္ႏိုင္ငံေတာင္ပိုင္း ကြၽန္းျပည္နယ္ျဖစ္ေသာ ဟိုင္နန္တြင္ က်င္းပသည့္ အာရွဆိုင္ရာ ပိုေအာင္းညီလာခံတြင္ (BFA) ရွင္ဝွာသတင္းဌာနႏွင့္ ျပဳလုပ္သည့္ ေတြ႕ဆုံေမးျမန္းခန္းတြင္ေျပာသည္။

၂၀၁၃ ခုႏွစ္တြင္ အဆိုျပဳခဲ့ေသာ BRI သည္ အာရွ ႏွင့္ ဥေရာပႏွင့္ အာဖရိကအပါအဝင္ ေရွးေခတ္ ပိုးလမ္းမ၏အျခားေနရာမ်ားတြင္ ကုန္သြယ္ေရးႏွင့္ အေျခခံအေဆာက္အအုံကြန္ရက္မ်ား တည္ေဆာက္ရန္ရည္႐ြယ္သည္။

BRI သည္ က်ယ္ျပန႔္လာေနၿပီး နယ္ပယ္သစ္မ်ားတြင္ အလားအလားမ်ားစြာရွိေနေၾကာင္း ဂရန္ဒီက ေျပာၿပီး BRI ၏ ရည္မွန္းခ်က္သည္ ကမာၻ႔ဒုကၡသည္ကြန္ရက္ကို အက်ိဳးျပဳႏိုင္ေသာေၾကာင့္ ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာ မဟာမင္းႀကီး႐ုံးအတြက္ လြန္စြာအေရးႀကီးေၾကာင္း အေလးထားေျပာသည္။

ေနရပ္စြန႔္ခြာထြက္ေျပးရျခင္းကို အဓိကအားျဖင့္ စစ္ႏွင့္ ပဋိပကၡမ်ားကျဖစ္ေစေၾကာင္းလည္း ဂရန္ဒီေျပာသည္။ “ၿငိမ္းခ်မ္းေရထိန္းသိမ္းျခင္းဆိုတာ စစ္ကို တန္ျပန္ဖို႔ႏိုင္ငံတကာ အသိုင္းအဝန္းက ထူေထာင္ထားတဲ့ အရာျဖစ္ၿပီး တ႐ုတ္ႏိုင္ငံရဲ႕ ၿငိမ္းခ်မ္းေရး ထိန္းသိမ္းေရးအားထုတ္မႈကို က်ေနာ္အသိအမွတ္ျပဳတယ္” ဟုလည္း သူမွတ္ခ်က္ခ်သည္။
 
စာရင္းအင္းမ်ားအရ တ႐ုတ္ႏိုင္ငံသည္ ၁၉၉၀ ခုႏွစ္မွစတင္ၿပီး ကုလသမဂၢ ၿငိမ္းခ်မ္းေရးထိန္းသိမ္းမႈ လုပ္ငန္း ၃၀ သို႔ ၿငိမ္းခ်မ္းေရးထိန္းသိမ္းမႈ တပ္ဖြဲ႕ဝင္ ၄ ေသာင္း ခန႔္ေစလႊတ္ခဲ့သည္ခဲ့ၿပီး လုံၿခဳံေရးေကာင္စီ အၿမဲတမ္း အဖြဲ႕ဝင္ ႏိုင္ငံမ်ားအနက္ တပ္ဖြဲ႕ဝင္ အမ်ားဆုံးေစလႊတ္ေသာ ႏိုင္ငံျဖစ္သည္။ ထို႔အျပင္ တ႐ုတ္ႏိုင္ငံသည္ ကုသလမဂၢ ၿငိမ္းခ်မ္းေရးထိန္းသိမ္းမႈလုပ္ငန္းမ်ားအတြက္ အလႈေငြ ဒုတိယ အမ်ားဆုံးထည့္ ဝင္ေသာ ႏိုင္ငံလည္း ျဖစ္သည္။ ဒုကၡသည္ ျပႆနာသည္ ႏိုင္ငံတခုျခင္းႏွင့္ ဆိုင္သည့္ ျပႆနာမဟုတ္ဘဲ သေဘာသဘာဝအရ နယ္စပ္ျဖတ္ေက်ာ္ျဖစ္ပြားေၾကာင္းလည္း ဂရန္ဒီေျပာသည္။

“စစ္၊ ပဋိပကၡ၊ ညႇင္းပမ္းႏွိပ္စက္ျခင္း၊ ခြဲျခားဆက္ဆံျခင္းနဲ႔ ရာသီဥတုေျပာင္းလဲျခင္းအပါအဝင္ အေၾကာင္းမ်ားစြာေၾကာင့္ လူေတြ ေ႐ႊ႕ေျပာင္းေနထိုင္ၾကရတယ္။ ဒါေၾကာင့္မို႔ က်ေနာ္တို႔ေတြ ပူေပါင္းေဆာင္႐ြက္ဖို႔လိုတယ္” ဟု သူေျပာၿပီး ထိုျပႆနာကို ေျဖရွင္းရာတြင္ တိုးတက္မႈသည္ အဓိက ေသာ့ခ်က္မ်ားအနက္တခုျဖစ္ေၾကာင္း သူေျပာသည္။

 “ဆင္းရဲႏြမ္းပါးမႈကို ေလွ်ာ့ခ်ျခင္းအားျဖင့္ ျပည္သူေတြအေနနဲ႔ ကိုယ့္ေဒသမွာကိုယ္ေနဖို႔ ႀကီးမားတဲ့ စိတ္ခြန္အားကို ျဖစ္ေစတယ္” ဟု သူေျပာသည္။ ဆင္းရဲႏြမ္းပါးမႈေလွ်ာခ်ေရးကို ဦးစားေပးသည့္ တ႐ုတ္ႏိုင္ငံ၏ အားထုတ္မႈမ်ားကို အသိအမွတ္ျပဳေၾကာင္း ဂရန္ဒီေျပာသည္။ “ဒီႏိုင္ငံမွာ ဆင္းရဲႏြမ္းပါးမႈေလွ်ာ့ခ်ေရးနဲ႔ပတ္သက္တဲ့သင္ခန္းစာဟာ ကမာၻ႔ က်န္အစိတ္အပိုင္းေတြ အတြက္ လည္း အရမ္းအေရးပါပါတယ္” ဟုလည္း သူေျပာသည္။ လူသားခ်င္းစာနာမႈလုပ္ငန္းတြင္ လူ႔အဖြဲ႕အစည္းအတြင္းမွာ မိုမိုမ်ားျပားေသာသူမ်ား ပါဝင္လာမည္ဟု ေမွ်ာ္လင့္ေၾကာင္းလည္း သူေျပာသည္။

“လူသားခ်င္းစာနာမႈ အကူအညီဆိုတာ အစိုးရေတြနဲ႔ပဲ ပတ္သက္ေတာ့တာမဟုတ္ဘဲ လူ႔အဖြဲ႕ အစည္းမ်ားတခုလုံးကို က်ယ္ျပန႔္လာၿပီ။ ပုဂၢလိက က႑က လူေတြပိုမိုပါဝင္ေစခ်င္တယ္။ ပုဂၢလိက က႑ဟာ ဘာ႑ာေရးရင္းျမစ္ေလာက္သာမကေတာ့ဘဲ နည္းပညာနဲ႔ စီးပြားေရးစံနမူနာေတြနဲ႔ပါ အက်ိဳးေဆာင္ႏိုင္တယ္” ဟု သူရွင္းျပသည္။ အနာဂါတ္ကို အမွန္တကယ္ ခြဲေဝပိုင္ဆိုင္ၾကမည္ဆိုလွ်င္ ဒုကၡသည္မ်ား၊ ေနရပ္စြန႔္ခြာရသူမ်ားႏွင့္ ပဋိပကၡဒဏ္ခံရသူမ်ားအပါအဝင္ အားလုံးမွ်ေဝရ မည္ျဖစ္ေၾကာင္း သူေျပာသည္။ မတ္လ ၂၆ ရက္ေန႔မွ ၂၉ ရက္ေန႔အထိက်င္းပေသာ (BFA) သည္ အစိုးရမဟုတ္ေသာ အဖြဲ႕အစည္းမ်ားႏွင့္ အက်ိဳးအျမတ္မယူေသာ ႏိုင္ငံတကာ အဖြဲ႕အစည္းမ်ားျဖစ္ သည္။ ယခုႏွစ္ (BFA) ၏ ေဆာင္ပုဒ္မွာ “ မွ်ေဝအနာဂါတ္၊ လက္တြဲေဆာင္႐ြက္၊ ဘုံတိုးတက္မႈ” ျဖစ္ၿပီး ႏိုင္ငံႏွင့္ ေဒသေပါင္း ၆၀ မွ ကိုယ္စားလွယ္ ၂ ေထာင္ေက်ာ္တက္ေရာက္ၾကသည္။