【 နိုင်ငံတကာဆောင်းပါး 】ကောက်ရိုးတစ်မျှင် (သို့) နယ်စပ်က ဘွဲ့ရလုပ်သားများ

【 နိုင်ငံတကာဆောင်းပါး 】ကောက်ရိုးတစ်မျှင် (သို့) နယ်စပ်က ဘွဲ့ရလုပ်သားများ

ရေနစ်သူအဖို့ “ကောက်ရိုးတစ်မျှင်”သည် တစ်ခါအသက်ရှုခွင့်အတွက် အခွင့်အရေးတစ်စုံတရာလည်း ဖြစ် နိုင် သည်။ စားဝတ်နေရေးမွန်းကျပ်မှုမှ ရုန်းထွက်ရန် ထိုကောက်ရိုးတစ်မျှင်အတွက်ပင်  ပြည်ပထွက်အလုပ်လုပ် ကိုင်သူ လူငယ်များတစ်နှစ်ထက်တစ်နှစ် ပိုများလာသည်။  ပြည်တွင်းအလုပ်အကိုင်ရှားပါးမှုနှင့်အတူ အိမ်နီးချင်း နိုင်ငံများထက် အခြေခံလစာ နည်းပါးမှု၊ ကုန်စျေးနှုန်း ကြီး မြင့်မှုစသည့်အချက်များက  အသက်ရှုကျပ်လာစေ သဖြင့် ရုန်းထွက်ရန် ကောက်ရိုးတစ်မျှင်ကို ဖမ်းယူဆုပ်ကိုင်လိုက်ကြခြင်းလည်းဖြစ်သည်။

ကုလသမဂ္ဂ၏ ၂၀၂၀ ခုနှစ် စာရင်းအရ မြန်မာပြောင်း ရွှေ့လုပ်သားဦးရေ  ၃ ဒသမ ၇ သန်းရှိပြီး ထိုအထဲ တွင် ရွှေ့ပြောင်းလုပ်သား ၇၀ ရာခိုင်နှုန်းမှာ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြကြောင်း ဖော်ပြထားသည်။

ငွေကြေးအနည်းငယ်တတ်နိုင်သော လူငယ်များမှာ ကျပ်သိန်း ၃၀ မှ ၇၀ အထက် အကုန်အကျခံကာ စင် ကာပူ၊ ကိုရီးယား၊ မလေးရှား၊ ဂျပန်စသည့် နိုင်ငံများသို့ အေဂျင်စီများမှတစ်ဆင့်ထွက်ခွာ အလုပ်လုပ်နေ ကြသည်။ မြန်မာနိုင်ငံတွင် ဘွဲ့ရလူငယ်များဖြစ်သော်လည်း အဆိုပါ နိုင်ငံများသို့ ရောက်သောအခါ အိမ်အကူ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်မှု၊ သက်ကြီးရွယ်အိုစောင့်ရှောက်မှု၊ စားသောက်ဆိုင်၊ ဆောက်လုပ်ရေးစသည့် ကျရာ အပိုင်းများတွင် ဝင်ရောက် လုပ်ကိုင်ကြရသည်။ ငွေကြေးတတ်နိုင်သူများသာ အလုပ်အကိုင်အခွင့်အရေး ကောင်း ကောင်းရသည်။ လေကြောင်းလိုင်း၊  ဟိုတယ်စသဖြင့်..။

တတိယလူတန်းစားဖြစ်သည့် ငွေကြေးမတတ်နိုင်သော လူငယ်အများစုသာ မြန်မာနိုင်ငံနယ်စပ် မှတစ် ဆင့် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံအတွင်းသို့ ရွှေ့ပြောင်းလုပ်သားအဖြစ် ဝင်ရောက်အလုပ်လုပ်ကိုင်ကြသည်။  အ ခက်အခဲ အကျပ် အတည်းများစွာရှိသော်လည်း ပြည်တွင်းထက်စာလျှင် ငွေကြေးပိုရသဖြင့် ရသမျှအခွင့်အရေးဆုပ် ကိုင်ကာ လုပ်ကိုင်နေကြသည်။

တတိယလူတန်းစားအတွင်း လုံးဝငွေကြေးမတတ်နိုင်သည့် လူငယ်အများအပြားလည်းရှိနေသည်။ အိမ်နီး ချင်းနိုင်ငံများအတွင်းသို့ ပွဲစားများမှတစ်ဆင့် ကျပ်  ၂၀ မှ ၃၀ သိန်းဝန်းကျင်အကုန်ကျခံကာ အလုပ်လုပ်ရန် ခိုးဝင် ကြသည်။ လမ်းတွင် ဖမ်းဆီးခံရသည့် မြန်မာလုပ်သားအများအပြားရှိသကဲ့သို့ အဆိုပါ နိုင်ငံများအတွင်း ရောက်ရှိ ပါ ကလည်း ငွေကြေးအလိမ်ခံရခြင်း၊ လုပ်အားခ ခေါင်းပုံဖြတ်ခံရခြင်း၊ ယာယီဖမ်းဆီးခံရခြင်းများ ခံကြရသည်။ အခန့်မသင့်ပါက လူကုန်ကူးခံရခြင်းများပါ ကြုံတွေ့ရသည်။ ထိုကဲ့သို့ ဖြစ်စဉ်များကြောင့်  နိုင်ငံအတွင်းသို့ ခိုးမဝင် ဘဲ နယ်စပ်မြို့များသို့ သွားရောက်ကာ ရရာအလုပ်မှန်သမျှ လုပ်ကိုင်နေကြသည့် လူငယ်အများအပြားလည်း ရှိ နေသည်။

ထိုအထဲတွင် မကွေးတိုင်း၊ နတ်မောက်မြို့ဇာတိမှ ကိုအောင်နိုင်နှင့် သူငယ်ချင်း ၃ ဦးလည်း ပါသည်။ ကို အောင်နိုင် မှာ မကွေးတက္ကသိုလ်မှ သိပ္ပံဘွဲ့ (BSc) ရထားသူတစ်ဦးဖြစ်သော်လည်း လစာမှာ  ကျပ် ၁ သိန်းခွဲ၊ ၂ သိန်း ဝန်းကျင်သာရရှိသဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ်နယ်စပ်မြို့ဖြစ်သည့် လောက် ကိုင် မြို့သို့ သွားရောက်ကာ ရသမျှ အလုပ်မှန်သမျှ လုပ်ကိုင်ခဲ့သူဖြစ်သည်။

“ လားရှိုးက အသိနဲ့ ချိတ်ပြီးသွားကြတာ။ သွားတုန်းကတော့ ဘာလုပ်လိုက်မယ်၊ ညာလုပ်လိုက်မယ်ပေါ့။ လောက် ကိုင်ရောက်တော့ ဆောက်လုပ်ရေးဆိုရင်လည်း နယ်ခံတွေနဲ့ကို ပြည့်နေတာ၊ ကိုယ်ရထားတဲ့ ဘွဲ့နဲ့ ဘာ လုပ်လို့ရ မလဲကြည့်တော့လည်း အဲ့မှာက တရုတ်အများစုပဲဆိုတော့ အဆင်မပြေဘူး။ အဲ့ဒါနဲ့ ကြံခုတ်ကြတယ်။ သူငယ် ချင်း ၃ ယောက်နဲ့ အခန်းပေါင်းငှားပြီး တောင်ပေါ်ထိကို  ကြံလိုက်ခုတ်ကြတာပေါ့။ ကြံခုတ်ရာသီကုန်ရင် ပန်းရံ လူကြမ်းလုပ်၊ မိုးတွင်းဆို ကြံပေါင်းလိုက်၊ ဂိမ်းဆိုင်အစောင့်၊ ဂေါက်ကွင်းကယ်ရီထမ်း အစုံပဲလုပ်တာ။ အဲ့ဒီ အချိန်တုန်းက လောက်ကိုင်မြို့ အခုလောက်ထိ မစည်ကားသေးဘူး။ တစ်ရက်ကို ယွမ် ၇၀၊ ၈၀၊ တစ်ခါတလေ ၁၀၀ ကျော်ရတယ်။ ခုတ်နိုင် သလောက်၊ ကြိုးစားသလောက်ရတော့ ကြိုးစားကြတာပေါ့။ နေပူပူ၊ မိုးရွာရွာ ဆို တော့ လူရုပ်တောင် မပေါက်ဘူး။”ဟု ကိုအောင်နိုင်က ဆိုသည်။

ကိုအောင်နိုင်တို့နည်းတူ မကွေး၊ မန္တလေး၊ ဧရာဝတီ၊ ရန်ကုန်၊ စစ်ကိုင်းစသည့်နေရာများမှ  လူငယ်များ လောက် ကိုင်မြို့သို့ လာရောက်အလုပ်လုပ်သူ အများအပြားရှိခဲ့ပြီး လောက်ကိုင်မြို့နယ်စပ်ဂိတ် ရန်လုံကျိုင်းမှ တစ်ဆင့် တရုတ်နိုင်ငံ နယ်စပ်မြို့ဖြစ်သည့် နမ်ဆန်ဘက်သို့ ဝင်ခွင့်စာအုပ်အနီဖြင့် ဝင်ရောက်ကာ ဆောက်လုပ် ရေး၊ အထွေ ထွေ လုပ်သား၊  ဂိမ်းဆိုင်အစောင့်စသဖြင့် ရရာအလုပ်မှန်သမျှ ဝင်လုပ်ကိုင်သူများလည်း ရှိခဲ့သည်။ နယ်စပ်မျဉ်း အနီး ခိုးဝင်လုပ်ကိုင်သူများလည်းရှိသည်။ စစ်ဆေးတွေ့ရှိပါက ယာယီဖမ်းဆီးထိန်းသိမ်းခံရသည်။

“ ပင်ပန်းသိမ်ငယ်ပေမယ့် တရုတ်ယွမ်နဲ့ ရတာဆိုတော့ မြန်မာငွေပြန်လဲရင် တစ်ရက်လုပ်အားခက စားပြီး သောက်ပြီး တစ်သောင်းခွဲလောက်ရတာဆိုတော့ အဆင်ပြေတယ်။ အသုံးစရိတ်နည်းနည်းချန်ပြီး အိမ်ကိုလည်း တစ်လကို ၂ သိန်း၊ ၃ သိန်း လောက် ပြန်ပို့နိုင်တယ်။ ဒါက လောက်ကိုင်ကို စပြီး အခြေချခဲ့တဲ့ ၂၀၁၁ က အခြေ အနေပါ”ဟု ကိုအောင်နိုင်၏ သူငယ်ချင်းဖြစ်သူ ကိုဇော်လင်းက ပြောသည်။

ထိုအခြေအနေက လွန်ခဲ့သည့် ၂၀၁၁ ခုနှစ်က အခြေအနေဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် လောက်ကိုင်မြို့အ တွင်း စစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ တိုက်ပွဲအကြီးအကျယ်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း  လက်ရှိ တွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ လောက်ကိုင်မြို့သည် တရုတ်စီးပွားရေးလုပ်ငန်းရှင်များ၏ ဝင်ရောက် ရင်းနှီး မြှုပ်နှံမှုဖြင့် ယခင်ထက် ပိုမိုစည်ကား တိုးတက်နေပြီဖြစ်သည

“ တိုက်ပွဲဖြစ်တော့ လားရှိုးဘက်ကို ခဏပြေးတယ်။ တိုက်ပွဲက ဆက်တိုက်ဖြစ်တာမဟုတ်ဘူးဆိုတော့ ဝင်လို့ရ တယ်ဆိုရင် ပြန်ဝင်လုပ်တယ်။ အခုဆိုရင် လောက်ကိုင်မှာ မြန်မာတွေအများကြီးပဲ။ ကျွန်တော်တို့ သူ ငယ်ချင်း တွေဆိုရင် အရင်းအနှီးရလို့ အခုစားသောက်ဆိုင် ပေါင်းပြီးဖွင့်ထားတယ်။ ဖွင့်တုန်းက ဆိုင်သေးလေးပေါ့။ အခု တော်တော်လေးကို အဆင်ပြေတယ်လို့ ပြောရမယ်။ အရင်က တစ်လကို ၁ သိန်း၊ ၂ သိန်းလောက် အိမ်ပြန် ပို့ နိုင် ပေမယ့် အခု တစ်လ ၁၀ သိန်း၊ ၁၅ သိန်းလောက် ပို့နိုင်တယ်။ အခုက ယွမ် ၁၀၀ ကို မြန်မာငွေ ၄ သောင်း လောက် ရတော့ ပိုအဆင်ပြေတယ်လေ။ သူငယ်ချင်း ၄ ယောက်ဆိုတော့ အခု စားသောက် ဆိုင်က ၄ ဆိုင်ပေါ့။ တစ်ယောက်တစ်ဆိုင်ကိုင်ထားပြီး အမျိုးတွေ၊ အသိတွေခေါ်ပြီး အလုပ် တွေပေးထားတယ်။”ဟု ကိုအောင်နိုင်က အပြုံးဖြင့်ပြောသည်။

လောက်ကိုင်မြို့သည် နယ်စပ်မြို့ဖြစ်သည်နှင့်အညီ လောင်းကစား၊ KTV နှင့် အပျော်အပါးမျိုးစုံ စုံလင် များပြားလှ သည့် မြို့ဖြစ်ရာ ကိုအောင်နိုင်ကဲ့သို့ ခြစ်ကုပ်စုဆောင်းပြီး ကိုယ်ပိုင်လုပ်ငန်းတည်ထောင်ကာ ကြီးပွား တိုး တက်သွားသည့် လူငယ်များရှိသကဲ့သို့ လောင်းကစားနှင့် အပျော်အပါးတို့၏ ကျေးကျွန်ဖြစ်ကာ နစ်မွန်း သွား ကြ သည့် လူငယ်၊ လူလတ်များလည်း ရှိနေသည်။ ချင်းရွှေဟော်၊ မူဆယ်နှင့် တရုတ်နယ်စပ်မြို့များ၊ မြဝတီ စသည့် နယ်စပ်နေရာများတွင်လည်း  အလားတူဖြစ်ရပ်များရှိသည်။

“ ကိုယ့်မွေးရပ်စွန့်ပြီး ငွေလာရှာကြတာလေ။ ငွေလေး ပေါပေါများများရတော့ လောင်းကစား၊ KTV၊ မာ ဆက် အစုံ ပေါ့ အဲ့ဒီနေရာတွေ သွားကြပြီး နောက်ဆုံးအကြွေးတွေနဲ့ နစ်မွန်း၊ ဘဝတွေ ပျက်ကုန်တယ်။ ဒီလို မဖြစ်စေချင်ဘူး။ အခုက မြန်မာနိုင်ငံမှာလည်း ဘာမှ လုပ်စားလို့မရဘူး။ ဒီကိုလာကြတဲ့ လူငယ်တွေကြိုးစား စေချင်တယ်။ ကျွန်တော်တို့လည်း ပျော်ချင်တာပဲ။ ဒါပေမယ့် ကိုယ့်ဘဝကို ပြန်ကြည့်ရမယ်။ ရုန်းထွက်ရမယ်။ ကောက်ရိုး တစ်မျှင်က ကျွန်တော်တို့အတွက် တစ်ခါလောက် အသက်ရှုခွင့်ပေးတယ်ဆိုရင် အဲ့ဒီအခွင့်အရေးကို ကျွန်တော်တို့ ဘဝတွေအတွက် အကောင်းဆုံး အသုံးချနိုင်ရမယ်” ဟု ကိုအောင်နိုင်က မာန်ပါပါပြောသည်။

ဓာတ်ပုံ- လောက်ကိုင်မြို့မြင်ကွင်း(Local)

ထွေးမောင်