အသံစုံညံနေကြတဲ့ ပြည်တွင်းစီးပွားရေး တိုးတက်မှုရောင်ခြည် ပိုင်ဆိုင်တော့မလား

အသံစုံညံနေကြတဲ့ ပြည်တွင်းစီးပွားရေး တိုးတက်မှုရောင်ခြည် ပိုင်ဆိုင်တော့မလား

မြန်မာနိုင်ငံရဲ့ စီးပွားရေးကဏ္ဍမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ အများအပြားဝင်ရောက်ကာ ဖွံ့ဖြိုးတိုးတက်လာစေဖို့ အစိုးရပိုင်းက မူဝါဒတွေ အသီးသီးချမှတ်ကာ လုပ်ဆောင်လို့နေပါတယ်။၂၀၁၈ ခုနှစ်ထဲမှာ ရန်ကုန်မြို့သစ်စီမံကိန်း အပါအဝင် ရန်ကုန်တိုင်းဒေသကြီးထဲမှာ အခြားသော ရင်းနှီးမြှုပ်နှံဖို့ အကောင်းဆုံးဖြစ်နိုင်မယ့် နေရာအခြေအနေတွေအတွက် မိတ်ဆက်ရှင်းလင်းခဲ့တာတွေကို တိုင်းဒေသကြီး ဝန်ကြီးချုပ်ကိုယ်တိုင် ဦးဆောင်ကာ လုပ်ဆောင်ခဲ့ကြတာပါ။

အဲ့ဒီလို ပြည်ပရင်းနှီးမြှုပ်နှံသူတွေ အခွင့်အလမ်းကောင်းစေဖို့အတွက်ကိုလည်း ကုမ္ပဏီများဆိုင်ရာ ဥပဒေတွေကို ပြုပြင်ပြဋ္ဌာန်းတာတွေလည်း လုပ်ဆောင်နိုင်ခဲ့တဲ့အပြင် ၎င်းဥပဒေသစ်အရ ကုမ္ပဏီတွေအနေနဲ့ ပြန်လည်မှတ်ပုံတင်တာတွေကိုလည်း သြဂုတ်လက စတင်ကာ လုပ်ဆောင်နေကြပါတယ်။မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံပြီး လုပ်ကိုင်ဖို့နေရာတွေ၊ လုပ်ငန်းအခြေအနေတွေ များစွာရှိနေပေမယ့် ပြောင်းလဲနေတဲ့ မူဝါဒတွေ၊ ငွေကြေးလဲလှယ်မှုနှုန်း အပြောင်းအလဲတွေ အလုပ်သမားရေးရာ ကိစ္စတွေ အပါအဝင် အခြားသော ကိစ္စရပ် အခြေအနေတွေဟာလည်း လာရောက်လုပ်ကိုင်သူတွေအတွက် ဆုံးဖြတ်ချက်ေ၀ဝါးစေတဲ့ အခြေအနေတွေ ဖြစ်နေတယ်လို့ ပြည်တွင်းလုပ်ငန်းရှင်တစ်ချို့က သုံးသပ်ထားကြပါတယ်။

ရင်းနှီးမြှုပ်နံှသူတွေကို ခြိမ်းခြောက်သလိုဖြစ်နေတဲ့ ငွေကြေးအပြောင်းအလဲ

ပြည်တွင်း နိုင်ငံခြားငွေကြေးဈေးကွက် အပြောင်းအလဲတွေက ရင်းနှီးမြှုပ်နှံဖို့ လာရောက်မယ့်သူတွေအတွက် အထူးသတိပြုစရာ အခြေအနေတွေ ဖြစ်စေခဲ့ပါတယ်။အခု ၂၀၁၈ ခုနှစ် နှစ်လယ်ပိုင်းမှာ ဖြစ်ခဲ့တဲ့ ငွေလဲလှယ်နှုန်း အဆမတန်မြင့်တက် ပြောင်းလဲမှုတွေ ကြုံခဲ့ရသလို နောက်ကွယ်က ဈေးကစားသူတွေကို ဖမ်းဆီးခဲ့တဲ့ သတင်းတွေဟာလည်း ပြည်တွင်းစီးပွားရေး မတည်မငြိမ်ဖြစ်အောင် နောက်ကွယ်ကနေ လုပ်နေသူတွေ ရှိနေတယ်ဆိုတာ ခိုင်မာတဲ့သက်သေမျိုး ဖြစ်နေတာကြောင့် မေ့လျော့ပေါ့ဆမနေသင့်တဲ့ ဖြစ်ရပ်ပါပဲ။

“အစိုးရအပိုင်းက ငွေလဲလှယ်နှုန်း တည်ငြိမ်အောင် လုပ်ဆောင်နေတယ်လို့တော့ အန်ကယ်မြင်မိပါတယ်၊ ဒါပေမဲ့ ဘယ်လိုပုံစံမျိုးသွားနေသလဲ ဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုမှုက အင်မတန်အားနည်းတဲ့ အခြေအနေမျိုးဖြစ်လို့ လုပ်ကိုင်နေတဲ့နည်းဟာ မှန်၊ မမှန် ဆိုတာကိုတော့ အန်ကယ် မပြောနိုင်ဘူး” လို့လည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ အငြိမ်းစား ဒုတိယဥက္ကဋ္ဌ ဦးသန်းလွင် က ပြောပါတယ်။ငွေကြေးနဲ့ ရွှေကို နွယ်ပြီး လောင်းကစားဆန်ဆန်ကစားတဲ့ အခြေအနေတွေဟာလည်း လွယ်လွယ်ကြည့်ရင် ဘာမှမဟုတ်သလို ထင်ရပေမယ့် စီးပွားရေးဖွံ့ဖြိုးဖို့ အခွင့်အလမ်းတွေကို အဟန့်အတားဖြစ်စရာ အခြေအနေမျိုးအထိ ဖြစ်လာစေခဲ့တာတော့ သတိပြုရမှာ ဖြစ်ပါတယ်။

ပြင်ဆင်နိုင်မှု အားနည်းခြင်းက ဆုံးရှုံးမှုဘက် ဦးတည်နိုင်

ပြည်တွင်းရဲ့ ငွေကြေးဈေးကွက်ကို ထိန်းကျောင်းပြုပြင်နိုင်ဖို့အတွက် ပို့ကုန်မြင့်တက်စေဖို့ ကုန်သွယ်မှု ချောမွေ့စေရေးအတွက် လုပ်ဆောင်နေကြပေမယ့် သိသာထိရောက်တဲ့ အခြေအနေတွေ မဟုတ်သေးဘူးလို့ ပို့ကုန်လုပ်ငန်းရှင်တွေက ဆိုလာကြပါတယ်။

“ကျွန်တော်တို့ဆီမှာ အားနည်းတာက ဈေးကွက်ချိတ်ဆက်မှုအပိုင်းရယ်၊ အခုတစ်မျိုး တော်ကြာတစ်မျိုးလို မတည်ငြိမ်တဲ့ မူဝါဒတွေကလည်း တော်တော်လေးကို လုပ်ရကိုင်ရ ခက်ခဲပါတယ်၊ နောက်တစ်ခုက လာဘ်ပေးလာဘ်ယူမှုတွေကိုလည်း ထိထိရောက်ရောက်ဖြစ်ဖို့ လိုပါတယ်” လို့ ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

ပြည်ပပို့ကုန် မြင့်မားအောင် လုပ်ဆောင်ပေမယ့် ထုတ်ကုန်ဟာ မျှော်မှန်းသလောက် မထုတ်လုပ်နိုင်တာတွေ၊ အရည်အသွေး ကျဆင်းလာတာတွေ ရှိသလို ကုန်ကြမ်းအခက်အခဲတွေကလည်း အကျိုးအမြတ်နဲ့ ဆုံးရှုံးနိုင်မှု အခြေအနေနှစ်ခုအပေါ် စိန်ခေါ်လို့လာသလိုပါပဲ။

“အခုပဲကြည့်လေဗျာ၊ ဒီကပို့တဲ့ ဆန်တွေကို EU က အခွန်ကောက်မယ်ဆိုတော့ ဒီဘက်မှာ လုပ်ငန်းရှင်တွေ တုန်လှုပ်ကုန်ရော၊ ကျွန်တော်တို့ဆီမှာက ပြင်ဆင်နိုင်မှု အားနည်းတယ်လေ၊ ဒီဈေးကွက်ကို နောင်နှစ်လည်း ဒီလိုပဲရောင်းနေရမယ်လို့ ပုံသေထင်ထားကြတာ၊ ဟိုတစ်လောကလည်း မူဆယ်ဈေးကွက်မှာ ဟိုဘက်ကုန်သည်က အဝယ်ရပ်လိုက်တော့ ဒီဘက်က ဘာလုပ်ရမှန်းမသိ ကိုးယို့ကားယားဖြစ်ကုန်ရော၊ EU က သူ့ဆီက လုပ်ငန်းရှင်တွေကိုသူ ကာကွယ်ပေးတာ၊ ကျွန်တော်တို့ဆီမှာကျတော့ လုပ်ငန်းရှင်အချင်းချင်းတောင်မှ မညီညွတ်ကြဘူး” လို့လည်း သူက ဆိုပါတယ်။

ဆူလွယ်နပ်လွယ် သဘောမျိုး စဉ်းစားလုပ်ကိုင်မှုက တိုင်းပြည်စီးပွားရေး ထိခိုက်နိုင်

အခုလတ်တလောမှာ လုပ်ငန်းရှင်တွေရဲ့ကြားထဲ ဆူလွယ်နပ်လွယ် အကျိုးရလာဒ်ကောင်းတဲ့ စီးပွားရေးမျိုးကို စိတ်ဝင်စားကာ လုပ်ကိုင်နေကြပြီး အဲ့ဒီလိုလုပ်ဆောင်မှုတွေက တိုင်းပြည်ရဲ့ စီးပွားရေးအပေါ် ထိခိုက်လာရာကနေ မုန့်လုံးစက္ကူကပ်တဲ့ အဖြစ်လို နောက်ဆုံးမှာ စားသုံးသူပြည်သူတွေနဲ့ အဲ့ဒီလိုလုပ်ကိုင်ကြတဲ့ လုပ်ငန်းရှင်တွေဆီသာ ပြန်လည်ခံစားကြရမှာပါ။အဲ့ဒီလို ဆူလွယ်နပ်လွယ် လုပ်ငန်းမျိုးကို လုပ်ငန်းရှင်တွေ အများဆုံးစိတ်ဝင်စားနေကြတယ်လို့လည်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစိုးရအဖွဲ့ရဲ့ ဒုတိယသက်တမ်း အစီရင်ခံစာ ရှင်းလင်းခဲ့စဉ်က ထုတ်ဖော်ပြောကြားသွားခဲ့ဖူးပါတယ်။

လတ်တလောဖြစ်နေတဲ့ ဈေးကွက်အပြောင်းအလဲပေါ် တွက်ချက်ကာ ငွေမြန်မြန်ပေါ်စေမယ့် အခြေအနေမျိုးနဲ့ လုပ်ကိုင်ကြတဲ့ ဖြစ်စဉ်တွေက ပိုမိုများလာကြပါတယ်။ပြီးခဲ့တဲ့ နှစ်လယ်ပိုင်းတုန်းက ဒေါ်လာငွေဈေး မြင့်တဲ့အချိန်တုန်းကဆိုရင် ဈေးမမြင့်သေးခင် ခြောက်လ၊ တစ်နှစ်လောက်ကတည်းက ဝယ်ယူတင်သွင်းထားတဲ့ သွင်းကုန်တွေဟာလည်း ဈေးကွက်အပြောင်းအလဲထဲမှာ သံယောင်လိုက်ကာ ဈေးတင်ရောင်းချဖို့ အခြေအနေဖြစ်ခဲ့ပြီး ဝယ်ယူသိုလှောင်ထားသူ အများစုဟာ ဈေးတင်ရောင်းတာကို တွေ့ဖူးကြမှာပါပဲ။

“ဥပမာပြောရရင် အီလက်ထရွန်နစ် ပစ္စည်းတွေဆိုရင် သွင်းထားတာကြာပြီ၊ ဂိုဒေါင်ထဲမှာ နှစ်နဲ့ချီပြီး အောင်းထားကြတာများတယ်၊ ပြီးတော့ ပြန်ထုတ်ရောင်းတော့ ဒေါ်လာဈေးတက်လို့ တက်တယ်ဖြစ်ရော၊ ဒါက ကျွန်တော်တို့ အရင်လုပ်ခဲ့ဖူးတဲ့ ကုမ္ပဏီအတွေ့အကြုံအရ ပြောပြတာ၊ မယုံရင်ကြည့်နေ ဒေါ်လာဈေးကျလို့ ပြန်ကျတယ်ဆိုတာ ဘယ်တော့မှမရှိဘူး” လို့လည်း အီလက်ထရွန်နစ် ကုမ္ပဏီတစ်ခုတွင် မန်နေဂျာအဖြစ် လုပ်ကိုင်ဖူးတဲ့ ကိုသန်းထွန်းအောင် က ပြောပြပါတယ်။

ဒါ့အပြင် ငွေကြေးလဲလှယ်နှုန်း အတက်အကျအပေါ် အခြေခံကာ ငွေလဲဈေးတက်ရင် ပို့ကုန်သမားတွေ အကျိုးရှိသလို ငွေလဲနှုန်းကျရင် သွင်းကုန်သမားတွေ အကျိုးရှိတယ်ဆိုတဲ့ အကြမ်းဖျဉ်းဆိုကြပေမယ့် လက်တွေ့မှာတော့ ကွဲလွဲနေပြီး ငွေလဲဈေးတက်နေချိန်မှာ ပို့ကုန်တွေအနေနဲ့ ထင်သလောက် များများစားစား မပို့နိုင်ခဲ့တာကြောင့် ပို့ကုန်သမားတွေအတွက် အခွင့်အလမ်းတွေဟာ ပျောက်ကွယ်ခဲ့ရပါတယ်။

စားဝတ်နေရေး လုံလောက်မှုမရှိသေးတဲ့ ပြည်တွင်းအလုပ်သမားဈေးကွက်

ပြည်တွင်းမှာ အလုပ်သမားတွေရဲ့ လုပ်အားခဈေးနှုန်းတွေဟာ တခြားနိုင်ငံတွေနဲ့ ယှဉ်ကြည့်ရင် အများကြီးသက်သာနေတာကြောင့် ရင်းနှီးမြှုပ်နှံမယ့် ပြည်ပကုမ္ပဏီကြီးတွေအတွက် စွဲမက်ဖွယ်ဖြစ်ပေမယ့် အလုပ်သမားပြဿနာတွေကြောင့် စက်မှုဇုန်တွေမှာ ဆန္ဒပြလာတဲ့ ကိစ္စတွေ အပါအဝင် တခြားသော အရေးကိစ္စတွေက မီးစတစ်ဖက် ရေတစ်ဖက်သဖွယ် အခြေအနေမျိုးကို ပြောင်းသွားစေတတ်တာပါ။

“အဲ့ဒီလိုမျိုးဖြစ်နေရင် မြှုပ်နှံလုပ်ကိုင်ချင်တဲ့သူတွေအဖို့ကတော့ ဘယ်လိုလုပ်စိတ်ချရနိုင်မလဲဆိုတာ ကျွန်တော်တို့ နားလည်ပါတယ်။ တစ်ချို့ကျတော့လည်း ဟိုဘက်က ပြည်ပကုမ္ပဏီနဲ့ ဒီဘက်က ပြည်တွင်းကုမ္ပဏီနဲ့ Joint ပေါင်းပြီးတော့ လုပ်တယ်၊ အလုပ်သမားခတွေ တခြားအခွင့်အရေးတွေအတွက်ကျတော့ ပြည်တွင်းကုမ္ပဏီဘက်က ခေါင်းပုံဖြတ်တဲ့ ကိစ္စတွေဟာဒီလိုမျိုး ပြဿနာမီးမွှေးသလို အခြေအနေမျိုးတွေ ဖြစ်လာစေပါတယ်။ တကယ်တမ်းကျတော့ အခု အနိမ့်ဆုံးလုပ်အားခ ၄၈၀၀ ကျပ်ဟာ ဘယ်လိုမှကို လုံလောက်မှုမရှိတာ အမှန်ပါပဲ၊ အရင် ၃၆၀၀ ကျပ်ကနေ ပြင်ဖို့လုပ်တုန်းက လုပ်ငန်းရှင်တွေ ကန့်ကွက်တာ အများအပြားပဲလေ၊ ဒါကိုကြည့်ရင် စိတ်ဓာတ်ဘယ်လိုဆိုတာ သိနိုင်ပါတယ်” လို့လည်းဥပဒေအတိုင်ပင်ခံလုပ်ငန်းအဖြစ် လုပ်ကိုင်နေတဲ့ ကိုကျော်မျိုးဝင်း က ပြောပါတယ်။

ပြည်တွင်းမှာ လုပ်ခလစာ မလုံလောက်မှုတွေကြောင့်လည်း အလုပ်သမားအများစုဟာ ပြည်ပနိုင်ငံတွေဆီကို သွားရောက်လေ့ရှိကြပြီး အရင်တုန်းက မလေးရှား၊ ဒူဘိုင်း၊ ကာတာ စတဲ့ နိုင်ငံတွေဆီ သွားရောက်ကြပေမယ့် အခုနောက်ပိုင်းမှာ အိမ်နီးချင်းဖြစ်တဲ့ ထိုင်းနိုင်ငံကို နယ်စပ်ကနေ သွားရောက်တာတွေဟာ များပြားလာတယ်လို့ ပြည်ပအလုပ်အကိုင် အကျိုးဆောင်ကုမ္ပဏီတွေဆီက သိရပါတယ်။

“တစ်ချို့ကကျတော့ ပြည်တွင်းက စက်ရုံတွေမှာ နည်းနည်းပါးပါး လုပ်ငန်းသဘောသိအောင် ဝင်လုပ်ပြီးတော့ ပြည်ပကိုသွားကြတယ်၊ တစ်ချို့ကျတော့လည်း တိုက်ရိုက်ထွက်သွားကြတယ်၊ တရားဝင်ရော တရားမဝင်ရော သွားတာအများကြီးပဲ၊ ကြပ်တည်းလာကြတော့လည်း တစ်ဖက်နိုင်ငံမှာ သွားလုပ်ကြတာ၊ ဒါကြောင့်လည်း ဥပမာ တရားဝင်လုပ်သားဦးရေ တစ်သိန်းရှိရင် တရားမဝင်က အဲ့ဒီထက် သုံးဆလောက်များတယ်၊ အခုရက်ပိုင်း စစ်ဆေးဖမ်းဆီးတာတွေနဲ့ ကြပ်မတ်နေတာတောင်မှ ဒီတစ်လတည်းမှာ ထိုင်းကိုသွားတာ ၅၀၀၀၀ ကျော်လောက် ရှိတယ်” လို့ ပြည်ပအလုပ်အကိုင် အကျိုးဆောင်ကုမ္ပဏီတစ်ခုမှ အထွေထွေမန်နေဂျာ ဦးသန်းစိုးလွင် က ရှင်းပြပါတယ်။

ငွေအတုပြဿနာကလည်း စီးပွားရေးအပေါ် ဟန့်တားသလိုဖြစ်နေ

ငွေလဲနှုန်း အပြောင်းအလဲတွေ ဖြစ်ခဲ့ပြီးတဲ့နောက်မှာ အခုနောက်ပိုင်း တွင်ကျယ်လာခဲ့တဲ့ ငွေစက္ကူအတု ပြဿနာတွေကလည်း စီးပွားရေးလုပ်ငန်းတွေရဲ့ တိုးတက်ဖို့ အခွင့်အလမ်းတွေအပေါ် အဟန့်အတား အခြေအနေမျိုး ဖြစ်စေခဲ့တယ်လို့ စီးပွားရေးပညာရှင်တွေက သုံးသပ်ထားကြပါတယ်။

ပြည်ပမှာ သွားရောက်လုပ်ကိုင်ရင်း ပြန်လာတာပဲဖြစ်ဖြစ်၊ ပြည်တွင်းမှာရင်းနှီးမြှုပ်နှံဖို့ လုပ်ကိုင်တာပဲဖြစ်ဖြစ် ငွေစက္ကူတွေကို လွှဲပြောင်းတာတွေ၊ ပေးချေတာတွေ လုပ်ကိုင်ရာမှာ အခန့်မသင့်လို့ ငွေစက္ကူအတု ပါလာပါက တည်ဆဲဥပဒေဖြစ်တဲ့ ဗဟိုဘဏ်ဥပဒေနဲ့ ငြိစွန်းခံရနိုင်တာတွေကလည်း မြန်မာ့စီးပွားရေး တိုးတက်ဖို့ နောက်ပြန်ဆွဲနေတဲ့ အခြေအနေမျိုး ဖြစ်တာကြောင့် ခိုင်ခိုင်မာမာနဲ့ အများယုံကြည်လက်ခံနိုင်တဲ့ ငွေကြေးမျိုးဖြစ်အောင် အစိုးရပိုင်းက လုပ်ကိုင်ဆောင်ရွက်ပေးဖို့ လိုအပ်လှပါတယ်။

“ညီမတစ်ခါကြုံဖူးတယ်၊ ၂၀၁၇ တုန်းကပါ၊ ကုမ္ပဏီက ဘဏ်မှာ ငွေသွားလွှဲခိုင်းတော့ တစ်သောင်းတန် နှစ်ရွက်ပါလာတယ်၊ အဲ့ဒီတုန်းကတော့ ဘဏ်က အဲ့ပိုက်ဆံကို အပေါက်ဖောက်ပြီး ညီမကိုလည်း လက်မှတ်ထိုးခိုင်းတယ်၊ လက်ခံ ဘာအထောက်အထားမှလည်း ပြန်မပေးဘူးလေ၊ ဒီဘက် ကုမ္ပဏီငွေစာရင်းမှာ ပြန်ပြီးတော့ နှစ်ချုပ်စာရင်း ရှင်းလင်းတော့ အဲ့ဒီပိုက်ဆံဖိုး လစာထဲကနေ ဖြတ်ခံလိုက်ရဖူးတယ်လေ၊ ဒိုက်ဦးက မိန်းကလေးကိစ္စဆိုရင် သူ့ကိုလွှတ်ပေးရင်တောင်မှ တစ်ခြားနိုင်ငံမှာ သူလုပ်ကိုင်လာခဲ့တဲ့ လုပ်အားခက ဆုံးရှုံးသလို ဖြစ်နေပြီလေ” လို့ ကိုယ်တိုင်ကြုံဖူးသူတစ်ဦးက ပြောပါတယ်။

“အရောင်းအဝယ်ကိစ္စတွေကို လုပ်ပြီးတဲ့အခါ လုပ်ငန်းရှင်အချင်းချင်း ရောင်းသူကနေ ဝယ်သူဆီ ငွေလွှဲတဲ့ကိစ္စတွေအတွက်လည်း ကိုယ့်ဘဏ်စာရင်းထဲကလွှဲရင် ပုဂ္ဂလိကဘဏ်တစ်ခုနဲ့ တစ်ခုက ဝန်ဆောင်ခကြေးတွေ မတူဘူး၊ ဝန်ဆောင်ကြေးသက်သာတဲ့ ဘဏ်ကနေ လွှဲကြတာများတယ်၊ တစ်ချို့ကိစ္စတွေကျတော့ ဘဏ်ကိုငွေယူသွားပြီး သွားလွှဲပေးရတယ်၊ အဲ့ဒီကြားထဲ ငွေအတုကိစ္စကလည်းမ လွယ်ဘူးလေ၊ တစ်ဖက်က လွှဲတဲ့ငွေကို ပြန်ထုတ်ယူလာရင်လည်း ဘယ်လောက်အထိ အာမခံပေးနိုင်မလဲ၊ တစ်ရွက်ချင်းစီစစ်ဖို့ကလည်း မလွယ်ဘူးလေ” လို့ သူက ဆက်လက်ရှင်းပြပါတယ်။

တည်ဆောက်ရေးစီမံကိန်းတွေ လုပ်တဲ့အခါ အသုံးပြုမယ့် ကုန်ပစ္စည်းတွေအတွက် ဝယ်ယူရာမှာ ငွေပေးချေတာကို လုပ်ဆောင်ချိန်မှာလည်း ငွေစက္ကူအတု ပြဿနာကြောင့် တစ်ဦးနဲ့ တစ်ဦး သံသယစိတ်ဖြင့် ငွေကိုစစ်ဆေးရတာတွေကလည်း မလိုလားအပ်ဘဲ အချိန်ကြာမြင့်စေတတ်တယ်လို့ ဆိုပါတယ်။

ကွဲလွဲနေတဲ့ သုံးသပ်မှုတွေ

မြန်မာ့စီးပွားရေးကို ကျဆင်းနေတယ်လို့ ပြည်ပက ငွေကြေးဆိုင်ရာ အဖွဲ့အစည်းတစ်ချို့နဲ့ ငွေကြေးဆိုင်ရာ NGO တွေက သုံးသပ်ပေမယ့် အစိုးရအဖွဲ့ အကြီးအကဲတွေ အပါအဝင် ဌာနဆိုင်ရာတွေရဲ့ ထုတ်ပြန်ချက်မှာတော့ တိုးတက်နေတယ်လို့ ဖော်ပြတာတွေရှိပါတယ်။

အခုလတ်တလောမှာ အထည်ချုပ်လုပ်ငန်းတွေအနေနဲ့ လက်ခစားလုပ်ငန်းတွေဟာ အကျိုးဖြစ်ထွန်းနေတယ်လို့လည်း ကုန်သည်/စက်မှု အသင်းချုပ်က ကိန်းဂဏန်းတွေမှာ ဖော်ပြတာတွေရှိသလို အခု ၂၀၁၈-၁၉ ဘဏ္ဍာနှစ် နှစ်လတာအတွင်း ပြည်ပကုန်သွယ်မှုကို လေ့လာကြည့်ပါက မြန်မာနိုင်ငံက တင်ပို့တဲ့ ပို့ကုန်ကဏ္ဍမှ ရရှိသော ဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၂၁၁၃ ဒသမ ၂၃၅ သန်းကျော်သာ ရရှိထားကြောင်း၊ ပြည်ပမှ တင်သွင်းထားတဲ့ သွင်းကုန်ပမာဏဟာ အမေရိကန်ဒေါ်လာ၂၆၂၇ ဒသမ ၆၉၅ သန်းအထိ တင်သွင်းထားတာကြောင့် ကုန်သွယ်မှုပမာဏဟာ အမေရိကန်ဒေါ်လာ ၅၁၄ ဒသမ ၇၃ သန်းအထိ ရှိခဲ့တယ်လို့ ဖော်ပြကြပါတယ်။

ကမ္ဘာ့ဘဏ် အစီရင်ခံစာမှာတော့ အထည်ချုပ် ပို့ကုန်မြင့်တက်လာတာနဲ့ သွင်းကုန်တိုးတက်မှုပမာဏ နှေးကွေးလာတာတွေက မြန်မာနိုင်ငံအနေဖြင့် လတ်တလောမှာ Current Account လိုငွေပြမှု လျော့ကျလာပြီး အထည်ချုပ် ပို့ကုန်မြင့်တက်လာခြင်းနှင့် သွင်းကုန်တိုးတက်မှုပမာဏ နှေးကွေးလာခြင်းအစရှိတဲ့ အခြေအနေတွေက မြန်မာနိုင်ငံအနေဖြင့် လတ်တလောမှာ Current Account (လှည့်လည်စီးဆင်းငွေ) လိုငွေပြမှု လျော့ကျလာတယ်လို့ မြန်မာ့စီးပွားရေးလေ့လာမှု အစီရင်ခံစာမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ Current Account (လှည့်လည်စီးဆင်းငွေ) လိုငွေဟာ ဂျီဒီပီရဲ့ ၅ ဒသမ ၅ ရာခိုင်နှုန်း (အမေရိကန်ဒေါ်လာ ၃ ဒသမ ၅ ဘီလျံ) ရှိခဲ့ရာကနေ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ ဂျီဒီပီရဲ့ ၂ ဒသမ ၆ ရာခိုင်နှုန်း (အမေရိကန် ဒေါ်လာ ၁ ဒသမ ၇ ဘီလျံ) သို့ လျော့ကျခဲ့ကြောင်း၊ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှာ အထည်ချုပ်လုပ်ငန်း ပြည်ပပို့ကုန်များ လျင်မြန်စွာတိုးတက်လာတာကြောင့် စုစုပေါင်းပို့ကုန်ပမာဏဟာ ဂျီဒီပီရဲ့ ၁၆ ဒသမ ၈ ရာခိုင်နှုန်းကနေ ၂၀ ဒသမ ၂ ရာခိုင်နှုန်းသို့ တိုးတက်လာခဲ့ကြောင်း၊ ကုန်သွယ်ရေးလိုငွေပြမှုဟာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှာ ဂျီဒီပီရဲ့ ၈ ဒသမ ၅ ရာခိုင်နှုန်းရှိခဲ့ရာကနေ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ ၅ ဒသမ ၇ ရာခိုင်နှုန်းအထိ လျော့ကျခဲ့တယ်လို့ ကမ္ဘာ့ဘဏ် အစီရင်ခံစာမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အနေနဲ့လည်း ရင်းနှီးမြှုပ်နှံမှုတွေ ပြည်တွင်းမှာ တိုးပွားလာအောင် လုပ်ဆောင်နေသလို မူဝါဒတွေ ပြင်ဆင်တဲ့အပြင် ဝန်ထမ်းတွေရဲ့ အရည်အသွေးတွေကအစ အမျိုးမျိုးတိုးတက်အောင် လုပ်ကိုင်ဆောင်ရွက်နေသလို ရင်းနှီးမြှုပ်နှံခွင့်ပြုပေးမှုတွေကလည်း နှစ်ဆလောက် မြင့်တက်လာပါတယ်။မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ ၂၀၁၈ ခုနှစ်ထဲ အတက်အကျ အပြောင်းအလဲတွေနဲ့ အသံစုံညံခဲ့သော အခြေအနေမျိုးကနေ ၂၀၁၉ ထဲမှာတော့ ရွှေရောင်နေ့သစ်တွေ ဖြစ်လာမလားဆိုတာကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဇွဲမာန်
ရန်ကုန်၊ ဒီဇင်ဘာ - ၂၅

( Zawgyi )

ျမန္မာႏိုင္ငံရဲ႕ စီးပြားေရးက႑မွာ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈေတြ အမ်ားအျပားဝင္ေရာက္ကာ ဖြံ႕ၿဖိဳးတိုးတက္လာေစဖို႔ အစိုးရပိုင္းက မူဝါဒေတြ အသီးသီးခ်မွတ္ကာ လုပ္ေဆာင္လို႔ေနပါတယ္။၂၀၁၈ ခုႏွစ္ထဲမွာ ရန္ကုန္ၿမိဳ႕သစ္စီမံကိန္း အပါအဝင္ ရန္ကုန္တိုင္းေဒသႀကီးထဲမွာ အျခားေသာ ရင္းႏွီးျမႇဳပ္ႏွံဖို႔ အေကာင္းဆုံးျဖစ္ႏိုင္မယ့္ ေနရာအေျခအေနေတြအတြက္ မိတ္ဆက္ရွင္းလင္းခဲ့တာေတြကို တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ကိုယ္တိုင္ ဦးေဆာင္ကာ လုပ္ေဆာင္ခဲ့ၾကတာပါ။

အဲ့ဒီလို ျပည္ပရင္းႏွီးျမႇဳပ္ႏွံသူေတြ အခြင့္အလမ္းေကာင္းေစဖို႔အတြက္ကိုလည္း ကုမၸဏီမ်ားဆိုင္ရာ ဥပေဒေတြကို ျပဳျပင္ျပ႒ာန္းတာေတြလည္း လုပ္ေဆာင္ႏိုင္ခဲ့တဲ့အျပင္ ၎ဥပေဒသစ္အရ ကုမၸဏီေတြအေနနဲ႔ ျပန္လည္မွတ္ပုံတင္တာေတြကိုလည္း ၾသဂုတ္လက စတင္ကာ လုပ္ေဆာင္ေနၾကပါတယ္။ျမန္မာႏိုင္ငံမွာ ရင္းႏွီးျမႇဳပ္ႏွံၿပီး လုပ္ကိုင္ဖို႔ေနရာေတြ၊ လုပ္ငန္းအေျခအေနေတြ မ်ားစြာရွိေနေပမယ့္ ေျပာင္းလဲေနတဲ့ မူဝါဒေတြ၊ ေငြေၾကးလဲလွယ္မႈႏႈန္း အေျပာင္းအလဲေတြ အလုပ္သမားေရးရာ ကိစၥေတြ အပါအဝင္ အျခားေသာ ကိစၥရပ္ အေျခအေနေတြဟာလည္း လာေရာက္လုပ္ကိုင္သူေတြအတြက္ ဆုံးျဖတ္ခ်က္ေ၀ဝါးေစတဲ့ အေျခအေနေတြ ျဖစ္ေနတယ္လို႔ ျပည္တြင္းလုပ္ငန္းရွင္တစ္ခ်ိဳ႕က သုံးသပ္ထားၾကပါတယ္။

ရင္းႏွီးျမႇဳပ္နံွသူေတြကို ၿခိမ္းေျခာက္သလိုျဖစ္ေနတဲ့ ေငြေၾကးအေျပာင္းအလဲ

ျပည္တြင္း ႏိုင္ငံျခားေငြေၾကးေဈးကြက္ အေျပာင္းအလဲေတြက ရင္းႏွီးျမႇဳပ္ႏွံဖို႔ လာေရာက္မယ့္သူေတြအတြက္ အထူးသတိျပဳစရာ အေျခအေနေတြ ျဖစ္ေစခဲ့ပါတယ္။အခု ၂၀၁၈ ခုႏွစ္ ႏွစ္လယ္ပိုင္းမွာ ျဖစ္ခဲ့တဲ့ ေငြလဲလွယ္ႏႈန္း အဆမတန္ျမင့္တက္ ေျပာင္းလဲမႈေတြ ႀကဳံခဲ့ရသလို ေနာက္ကြယ္က ေဈးကစားသူေတြကို ဖမ္းဆီးခဲ့တဲ့ သတင္းေတြဟာလည္း ျပည္တြင္းစီးပြားေရး မတည္မၿငိမ္ျဖစ္ေအာင္ ေနာက္ကြယ္ကေန လုပ္ေနသူေတြ ရွိေနတယ္ဆိုတာ ခိုင္မာတဲ့သက္ေသမ်ိဳး ျဖစ္ေနတာေၾကာင့္ ေမ့ေလ်ာ့ေပါ့ဆမေနသင့္တဲ့ ျဖစ္ရပ္ပါပဲ။

“အစိုးရအပိုင္းက ေငြလဲလွယ္ႏႈန္း တည္ၿငိမ္ေအာင္ လုပ္ေဆာင္ေနတယ္လို႔ေတာ့ အန္ကယ္ျမင္မိပါတယ္၊ ဒါေပမဲ့ ဘယ္လိုပုံစံမ်ိဳးသြားေနသလဲ ဆိုတာကိုေတာ့ ထုတ္ေဖာ္ေျပာဆိုမႈက အင္မတန္အားနည္းတဲ့ အေျခအေနမ်ိဳးျဖစ္လို႔ လုပ္ကိုင္ေနတဲ့နည္းဟာ မွန္၊ မမွန္ ဆိုတာကိုေတာ့ အန္ကယ္ မေျပာႏိုင္ဘူး” လို႔လည္း ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ရဲ႕ အၿငိမ္းစား ဒုတိယဥကၠ႒ ဦးသန္းလြင္ က ေျပာပါတယ္။ေငြေၾကးနဲ႔ ေ႐ႊကို ႏြယ္ၿပီး ေလာင္းကစားဆန္ဆန္ကစားတဲ့ အေျခအေနေတြဟာလည္း လြယ္လြယ္ၾကည့္ရင္ ဘာမွမဟုတ္သလို ထင္ရေပမယ့္ စီးပြားေရးဖြံ႕ၿဖိဳးဖို႔ အခြင့္အလမ္းေတြကို အဟန႔္အတားျဖစ္စရာ အေျခအေနမ်ိဳးအထိ ျဖစ္လာေစခဲ့တာေတာ့ သတိျပဳရမွာ ျဖစ္ပါတယ္။

ျပင္ဆင္ႏိုင္မႈ အားနည္းျခင္းက ဆုံးရႈံးမႈဘက္ ဦးတည္ႏိုင္

ျပည္တြင္းရဲ႕ ေငြေၾကးေဈးကြက္ကို ထိန္းေက်ာင္းျပဳျပင္ႏိုင္ဖို႔အတြက္ ပို႔ကုန္ျမင့္တက္ေစဖို႔ ကုန္သြယ္မႈ ေခ်ာေမြ႕ေစေရးအတြက္ လုပ္ေဆာင္ေနၾကေပမယ့္ သိသာထိေရာက္တဲ့ အေျခအေနေတြ မဟုတ္ေသးဘူးလို႔ ပို႔ကုန္လုပ္ငန္းရွင္ေတြက ဆိုလာၾကပါတယ္။

“ကြၽန္ေတာ္တို႔ဆီမွာ အားနည္းတာက ေဈးကြက္ခ်ိတ္ဆက္မႈအပိုင္းရယ္၊ အခုတစ္မ်ိဳး ေတာ္ၾကာတစ္မ်ိဳးလို မတည္ၿငိမ္တဲ့ မူဝါဒေတြကလည္း ေတာ္ေတာ္ေလးကို လုပ္ရကိုင္ရ ခက္ခဲပါတယ္၊ ေနာက္တစ္ခုက လာဘ္ေပးလာဘ္ယူမႈေတြကိုလည္း ထိထိေရာက္ေရာက္ျဖစ္ဖို႔ လိုပါတယ္” လို႔ ပို႔ကုန္လုပ္ငန္းရွင္တစ္ဦးက ေျပာပါတယ္။

ျပည္ပပို႔ကုန္ ျမင့္မားေအာင္ လုပ္ေဆာင္ေပမယ့္ ထုတ္ကုန္ဟာ ေမွ်ာ္မွန္းသေလာက္ မထုတ္လုပ္ႏိုင္တာေတြ၊ အရည္အေသြး က်ဆင္းလာတာေတြ ရွိသလို ကုန္ၾကမ္းအခက္အခဲေတြကလည္း အက်ိဳးအျမတ္နဲ႔ ဆုံးရႈံးႏိုင္မႈ အေျခအေနႏွစ္ခုအေပၚ စိန္ေခၚလို႔လာသလိုပါပဲ။

“အခုပဲၾကည့္ေလဗ်ာ၊ ဒီကပို႔တဲ့ ဆန္ေတြကို EU က အခြန္ေကာက္မယ္ဆိုေတာ့ ဒီဘက္မွာ လုပ္ငန္းရွင္ေတြ တုန္လႈပ္ကုန္ေရာ၊ ကြၽန္ေတာ္တို႔ဆီမွာက ျပင္ဆင္ႏိုင္မႈ အားနည္းတယ္ေလ၊ ဒီေဈးကြက္ကို ေနာင္ႏွစ္လည္း ဒီလိုပဲေရာင္းေနရမယ္လို႔ ပုံေသထင္ထားၾကတာ၊ ဟိုတစ္ေလာကလည္း မူဆယ္ေဈးကြက္မွာ ဟိုဘက္ကုန္သည္က အဝယ္ရပ္လိုက္ေတာ့ ဒီဘက္က ဘာလုပ္ရမွန္းမသိ ကိုးယို႔ကားယားျဖစ္ကုန္ေရာ၊ EU က သူ႔ဆီက လုပ္ငန္းရွင္ေတြကိုသူ ကာကြယ္ေပးတာ၊ ကြၽန္ေတာ္တို႔ဆီမွာက်ေတာ့ လုပ္ငန္းရွင္အခ်င္းခ်င္းေတာင္မွ မညီၫြတ္ၾကဘူး” လို႔လည္း သူက ဆိုပါတယ္။

ဆူလြယ္နပ္လြယ္ သေဘာမ်ိဳး စဥ္းစားလုပ္ကိုင္မႈက တိုင္းျပည္စီးပြားေရး ထိခိုက္ႏိုင္

အခုလတ္တေလာမွာ လုပ္ငန္းရွင္ေတြရဲ႕ၾကားထဲ ဆူလြယ္နပ္လြယ္ အက်ိဳးရလာဒ္ေကာင္းတဲ့ စီးပြားေရးမ်ိဳးကို စိတ္ဝင္စားကာ လုပ္ကိုင္ေနၾကၿပီး အဲ့ဒီလိုလုပ္ေဆာင္မႈေတြက တိုင္းျပည္ရဲ႕ စီးပြားေရးအေပၚ ထိခိုက္လာရာကေန မုန႔္လုံးစကၠဴကပ္တဲ့ အျဖစ္လို ေနာက္ဆုံးမွာ စားသုံးသူျပည္သူေတြနဲ႔ အဲ့ဒီလိုလုပ္ကိုင္ၾကတဲ့ လုပ္ငန္းရွင္ေတြဆီသာ ျပန္လည္ခံစားၾကရမွာပါ။အဲ့ဒီလို ဆူလြယ္နပ္လြယ္ လုပ္ငန္းမ်ိဳးကို လုပ္ငန္းရွင္ေတြ အမ်ားဆုံးစိတ္ဝင္စားေနၾကတယ္လို႔လည္း ရန္ကုန္တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္က အစိုးရအဖြဲ႕ရဲ႕ ဒုတိယသက္တမ္း အစီရင္ခံစာ ရွင္းလင္းခဲ့စဥ္က ထုတ္ေဖာ္ေျပာၾကားသြားခဲ့ဖူးပါတယ္။

လတ္တေလာျဖစ္ေနတဲ့ ေဈးကြက္အေျပာင္းအလဲေပၚ တြက္ခ်က္ကာ ေငြျမန္ျမန္ေပၚေစမယ့္ အေျခအေနမ်ိဳးနဲ႔ လုပ္ကိုင္ၾကတဲ့ ျဖစ္စဥ္ေတြက ပိုမိုမ်ားလာၾကပါတယ္။ၿပီးခဲ့တဲ့ ႏွစ္လယ္ပိုင္းတုန္းက ေဒၚလာေငြေဈး ျမင့္တဲ့အခ်ိန္တုန္းကဆိုရင္ ေဈးမျမင့္ေသးခင္ ေျခာက္လ၊ တစ္ႏွစ္ေလာက္ကတည္းက ဝယ္ယူတင္သြင္းထားတဲ့ သြင္းကုန္ေတြဟာလည္း ေဈးကြက္အေျပာင္းအလဲထဲမွာ သံေယာင္လိုက္ကာ ေဈးတင္ေရာင္းခ်ဖို႔ အေျခအေနျဖစ္ခဲ့ၿပီး ဝယ္ယူသိုေလွာင္ထားသူ အမ်ားစုဟာ ေဈးတင္ေရာင္းတာကို ေတြ႕ဖူးၾကမွာပါပဲ။

“ဥပမာေျပာရရင္ အီလက္ထ႐ြန္နစ္ ပစၥည္းေတြဆိုရင္ သြင္းထားတာၾကာၿပီ၊ ဂိုေဒါင္ထဲမွာ ႏွစ္နဲ႔ခ်ီၿပီး ေအာင္းထားၾကတာမ်ားတယ္၊ ၿပီးေတာ့ ျပန္ထုတ္ေရာင္းေတာ့ ေဒၚလာေဈးတက္လို႔ တက္တယ္ျဖစ္ေရာ၊ ဒါက ကြၽန္ေတာ္တို႔ အရင္လုပ္ခဲ့ဖူးတဲ့ ကုမၸဏီအေတြ႕အႀကဳံအရ ေျပာျပတာ၊ မယုံရင္ၾကည့္ေန ေဒၚလာေဈးက်လို႔ ျပန္က်တယ္ဆိုတာ ဘယ္ေတာ့မွမရွိဘူး” လို႔လည္း အီလက္ထ႐ြန္နစ္ ကုမၸဏီတစ္ခုတြင္ မန္ေနဂ်ာအျဖစ္ လုပ္ကိုင္ဖူးတဲ့ ကိုသန္းထြန္းေအာင္ က ေျပာျပပါတယ္။

ဒါ့အျပင္ ေငြေၾကးလဲလွယ္ႏႈန္း အတက္အက်အေပၚ အေျခခံကာ ေငြလဲေဈးတက္ရင္ ပို႔ကုန္သမားေတြ အက်ိဳးရွိသလို ေငြလဲႏႈန္းက်ရင္ သြင္းကုန္သမားေတြ အက်ိဳးရွိတယ္ဆိုတဲ့ အၾကမ္းဖ်ဥ္းဆိုၾကေပမယ့္ လက္ေတြ႕မွာေတာ့ ကြဲလြဲေနၿပီး ေငြလဲေဈးတက္ေနခ်ိန္မွာ ပို႔ကုန္ေတြအေနနဲ႔ ထင္သေလာက္ မ်ားမ်ားစားစား မပို႔ႏိုင္ခဲ့တာေၾကာင့္ ပို႔ကုန္သမားေတြအတြက္ အခြင့္အလမ္းေတြဟာ ေပ်ာက္ကြယ္ခဲ့ရပါတယ္။

စားဝတ္ေနေရး လုံေလာက္မႈမရွိေသးတဲ့ ျပည္တြင္းအလုပ္သမားေဈးကြက္

ျပည္တြင္းမွာ အလုပ္သမားေတြရဲ႕ လုပ္အားခေဈးႏႈန္းေတြဟာ တျခားႏိုင္ငံေတြနဲ႔ ယွဥ္ၾကည့္ရင္ အမ်ားႀကီးသက္သာေနတာေၾကာင့္ ရင္းႏွီးျမႇဳပ္ႏွံမယ့္ ျပည္ပကုမၸဏီႀကီးေတြအတြက္ စြဲမက္ဖြယ္ျဖစ္ေပမယ့္ အလုပ္သမားျပႆနာေတြေၾကာင့္ စက္မႈဇုန္ေတြမွာ ဆႏၵျပလာတဲ့ ကိစၥေတြ အပါအဝင္ တျခားေသာ အေရးကိစၥေတြက မီးစတစ္ဖက္ ေရတစ္ဖက္သဖြယ္ အေျခအေနမ်ိဳးကို ေျပာင္းသြားေစတတ္တာပါ။

“အဲ့ဒီလိုမ်ိဳးျဖစ္ေနရင္ ျမႇဳပ္ႏွံလုပ္ကိုင္ခ်င္တဲ့သူေတြအဖို႔ကေတာ့ ဘယ္လိုလုပ္စိတ္ခ်ရႏိုင္မလဲဆိုတာ ကြၽန္ေတာ္တို႔ နားလည္ပါတယ္။ တစ္ခ်ိဳ႕က်ေတာ့လည္း ဟိုဘက္က ျပည္ပကုမၸဏီနဲ႔ ဒီဘက္က ျပည္တြင္းကုမၸဏီနဲ႔ Joint ေပါင္းၿပီးေတာ့ လုပ္တယ္၊ အလုပ္သမားခေတြ တျခားအခြင့္အေရးေတြအတြက္က်ေတာ့ ျပည္တြင္းကုမၸဏီဘက္က ေခါင္းပုံျဖတ္တဲ့ ကိစၥေတြဟာဒီလိုမ်ိဳး ျပႆနာမီးေမႊးသလို အေျခအေနမ်ိဳးေတြ ျဖစ္လာေစပါတယ္။ တကယ္တမ္းက်ေတာ့ အခု အနိမ့္ဆုံးလုပ္အားခ ၄၈၀၀ က်ပ္ဟာ ဘယ္လိုမွကို လုံေလာက္မႈမရွိတာ အမွန္ပါပဲ၊ အရင္ ၃၆၀၀ က်ပ္ကေန ျပင္ဖို႔လုပ္တုန္းက လုပ္ငန္းရွင္ေတြ ကန႔္ကြက္တာ အမ်ားအျပားပဲေလ၊ ဒါကိုၾကည့္ရင္ စိတ္ဓာတ္ဘယ္လိုဆိုတာ သိႏိုင္ပါတယ္” လို႔လည္းဥပေဒအတိုင္ပင္ခံလုပ္ငန္းအျဖစ္ လုပ္ကိုင္ေနတဲ့ ကိုေက်ာ္မ်ိဳးဝင္း က ေျပာပါတယ္။

ျပည္တြင္းမွာ လုပ္ခလစာ မလုံေလာက္မႈေတြေၾကာင့္လည္း အလုပ္သမားအမ်ားစုဟာ ျပည္ပႏိုင္ငံေတြဆီကို သြားေရာက္ေလ့ရွိၾကၿပီး အရင္တုန္းက မေလးရွား၊ ဒူဘိုင္း၊ ကာတာ စတဲ့ ႏိုင္ငံေတြဆီ သြားေရာက္ၾကေပမယ့္ အခုေနာက္ပိုင္းမွာ အိမ္နီးခ်င္းျဖစ္တဲ့ ထိုင္းႏိုင္ငံကို နယ္စပ္ကေန သြားေရာက္တာေတြဟာ မ်ားျပားလာတယ္လို႔ ျပည္ပအလုပ္အကိုင္ အက်ိဳးေဆာင္ကုမၸဏီေတြဆီက သိရပါတယ္။

“တစ္ခ်ိဳ႕ကက်ေတာ့ ျပည္တြင္းက စက္႐ုံေတြမွာ နည္းနည္းပါးပါး လုပ္ငန္းသေဘာသိေအာင္ ဝင္လုပ္ၿပီးေတာ့ ျပည္ပကိုသြားၾကတယ္၊ တစ္ခ်ိဳ႕က်ေတာ့လည္း တိုက္႐ိုက္ထြက္သြားၾကတယ္၊ တရားဝင္ေရာ တရားမဝင္ေရာ သြားတာအမ်ားႀကီးပဲ၊ ၾကပ္တည္းလာၾကေတာ့လည္း တစ္ဖက္ႏိုင္ငံမွာ သြားလုပ္ၾကတာ၊ ဒါေၾကာင့္လည္း ဥပမာ တရားဝင္လုပ္သားဦးေရ တစ္သိန္းရွိရင္ တရားမဝင္က အဲ့ဒီထက္ သုံးဆေလာက္မ်ားတယ္၊ အခုရက္ပိုင္း စစ္ေဆးဖမ္းဆီးတာေတြနဲ႔ ၾကပ္မတ္ေနတာေတာင္မွ ဒီတစ္လတည္းမွာ ထိုင္းကိုသြားတာ ၅၀၀၀၀ ေက်ာ္ေလာက္ ရွိတယ္” လို႔ ျပည္ပအလုပ္အကိုင္ အက်ိဳးေဆာင္ကုမၸဏီတစ္ခုမွ အေထြေထြမန္ေနဂ်ာ ဦးသန္းစိုးလြင္ က ရွင္းျပပါတယ္။

ေငြအတုျပႆနာကလည္း စီးပြားေရးအေပၚ ဟန႔္တားသလိုျဖစ္ေန

ေငြလဲႏႈန္း အေျပာင္းအလဲေတြ ျဖစ္ခဲ့ၿပီးတဲ့ေနာက္မွာ အခုေနာက္ပိုင္း တြင္က်ယ္လာခဲ့တဲ့ ေငြစကၠဴအတု ျပႆနာေတြကလည္း စီးပြားေရးလုပ္ငန္းေတြရဲ႕ တိုးတက္ဖို႔ အခြင့္အလမ္းေတြအေပၚ အဟန႔္အတား အေျခအေနမ်ိဳး ျဖစ္ေစခဲ့တယ္လို႔ စီးပြားေရးပညာရွင္ေတြက သုံးသပ္ထားၾကပါတယ္။

ျပည္ပမွာ သြားေရာက္လုပ္ကိုင္ရင္း ျပန္လာတာပဲျဖစ္ျဖစ္၊ ျပည္တြင္းမွာရင္းႏွီးျမႇဳပ္ႏွံဖို႔ လုပ္ကိုင္တာပဲျဖစ္ျဖစ္ ေငြစကၠဴေတြကို လႊဲေျပာင္းတာေတြ၊ ေပးေခ်တာေတြ လုပ္ကိုင္ရာမွာ အခန႔္မသင့္လို႔ ေငြစကၠဴအတု ပါလာပါက တည္ဆဲဥပေဒျဖစ္တဲ့ ဗဟိုဘဏ္ဥပေဒနဲ႔ ၿငိစြန္းခံရႏိုင္တာေတြကလည္း ျမန္မာ့စီးပြားေရး တိုးတက္ဖို႔ ေနာက္ျပန္ဆြဲေနတဲ့ အေျခအေနမ်ိဳး ျဖစ္တာေၾကာင့္ ခိုင္ခိုင္မာမာနဲ႔ အမ်ားယုံၾကည္လက္ခံႏိုင္တဲ့ ေငြေၾကးမ်ိဳးျဖစ္ေအာင္ အစိုးရပိုင္းက လုပ္ကိုင္ေဆာင္႐ြက္ေပးဖို႔ လိုအပ္လွပါတယ္။

“ညီမတစ္ခါႀကဳံဖူးတယ္၊ ၂၀၁၇ တုန္းကပါ၊ ကုမၸဏီက ဘဏ္မွာ ေငြသြားလႊဲခိုင္းေတာ့ တစ္ေသာင္းတန္ ႏွစ္႐ြက္ပါလာတယ္၊ အဲ့ဒီတုန္းကေတာ့ ဘဏ္က အဲ့ပိုက္ဆံကို အေပါက္ေဖာက္ၿပီး ညီမကိုလည္း လက္မွတ္ထိုးခိုင္းတယ္၊ လက္ခံ ဘာအေထာက္အထားမွလည္း ျပန္မေပးဘူးေလ၊ ဒီဘက္ ကုမၸဏီေငြစာရင္းမွာ ျပန္ၿပီးေတာ့ ႏွစ္ခ်ဳပ္စာရင္း ရွင္းလင္းေတာ့ အဲ့ဒီပိုက္ဆံဖိုး လစာထဲကေန ျဖတ္ခံလိုက္ရဖူးတယ္ေလ၊ ဒိုက္ဦးက မိန္းကေလးကိစၥဆိုရင္ သူ႔ကိုလႊတ္ေပးရင္ေတာင္မွ တစ္ျခားႏိုင္ငံမွာ သူလုပ္ကိုင္လာခဲ့တဲ့ လုပ္အားခက ဆုံးရႈံးသလို ျဖစ္ေနၿပီေလ” လို႔ ကိုယ္တိုင္ႀကဳံဖူးသူတစ္ဦးက ေျပာပါတယ္။

“အေရာင္းအဝယ္ကိစၥေတြကို လုပ္ၿပီးတဲ့အခါ လုပ္ငန္းရွင္အခ်င္းခ်င္း ေရာင္းသူကေန ဝယ္သူဆီ ေငြလႊဲတဲ့ကိစၥေတြအတြက္လည္း ကိုယ့္ဘဏ္စာရင္းထဲကလႊဲရင္ ပုဂၢလိကဘဏ္တစ္ခုနဲ႔ တစ္ခုက ဝန္ေဆာင္ခေၾကးေတြ မတူဘူး၊ ဝန္ေဆာင္ေၾကးသက္သာတဲ့ ဘဏ္ကေန လႊဲၾကတာမ်ားတယ္၊ တစ္ခ်ိဳ႕ကိစၥေတြက်ေတာ့ ဘဏ္ကိုေငြယူသြားၿပီး သြားလႊဲေပးရတယ္၊ အဲ့ဒီၾကားထဲ ေငြအတုကိစၥကလည္းမ လြယ္ဘူးေလ၊ တစ္ဖက္က လႊဲတဲ့ေငြကို ျပန္ထုတ္ယူလာရင္လည္း ဘယ္ေလာက္အထိ အာမခံေပးႏိုင္မလဲ၊ တစ္႐ြက္ခ်င္းစီစစ္ဖို႔ကလည္း မလြယ္ဘူးေလ” လို႔ သူက ဆက္လက္ရွင္းျပပါတယ္။

တည္ေဆာက္ေရးစီမံကိန္းေတြ လုပ္တဲ့အခါ အသုံးျပဳမယ့္ ကုန္ပစၥည္းေတြအတြက္ ဝယ္ယူရာမွာ ေငြေပးေခ်တာကို လုပ္ေဆာင္ခ်ိန္မွာလည္း ေငြစကၠဴအတု ျပႆနာေၾကာင့္ တစ္ဦးနဲ႔ တစ္ဦး သံသယစိတ္ျဖင့္ ေငြကိုစစ္ေဆးရတာေတြကလည္း မလိုလားအပ္ဘဲ အခ်ိန္ၾကာျမင့္ေစတတ္တယ္လို႔ ဆိုပါတယ္။

ကြဲလြဲေနတဲ့ သုံးသပ္မႈေတြ

ျမန္မာ့စီးပြားေရးကို က်ဆင္းေနတယ္လို႔ ျပည္ပက ေငြေၾကးဆိုင္ရာ အဖြဲ႕အစည္းတစ္ခ်ိဳ႕နဲ႔ ေငြေၾကးဆိုင္ရာ NGO ေတြက သုံးသပ္ေပမယ့္ အစိုးရအဖြဲ႕ အႀကီးအကဲေတြ အပါအဝင္ ဌာနဆိုင္ရာေတြရဲ႕ ထုတ္ျပန္ခ်က္မွာေတာ့ တိုးတက္ေနတယ္လို႔ ေဖာ္ျပတာေတြရွိပါတယ္။

အခုလတ္တေလာမွာ အထည္ခ်ဳပ္လုပ္ငန္းေတြအေနနဲ႔ လက္ခစားလုပ္ငန္းေတြဟာ အက်ိဳးျဖစ္ထြန္းေနတယ္လို႔လည္း ကုန္သည္/စက္မႈ အသင္းခ်ဳပ္က ကိန္းဂဏန္းေတြမွာ ေဖာ္ျပတာေတြရွိသလို အခု ၂၀၁၈-၁၉ ဘ႑ာႏွစ္ ႏွစ္လတာအတြင္း ျပည္ပကုန္သြယ္မႈကို ေလ့လာၾကည့္ပါက ျမန္မာႏိုင္ငံက တင္ပို႔တဲ့ ပို႔ကုန္က႑မွ ရရွိေသာ ဝင္ေငြဟာ အေမရိကန္ေဒၚလာ ၂၁၁၃ ဒသမ ၂၃၅ သန္းေက်ာ္သာ ရရွိထားေၾကာင္း၊ ျပည္ပမွ တင္သြင္းထားတဲ့ သြင္းကုန္ပမာဏဟာ အေမရိကန္ေဒၚလာ၂၆၂၇ ဒသမ ၆၉၅ သန္းအထိ တင္သြင္းထားတာေၾကာင့္ ကုန္သြယ္မႈပမာဏဟာ အေမရိကန္ေဒၚလာ ၅၁၄ ဒသမ ၇၃ သန္းအထိ ရွိခဲ့တယ္လို႔ ေဖာ္ျပၾကပါတယ္။

ကမာၻ႔ဘဏ္ အစီရင္ခံစာမွာေတာ့ အထည္ခ်ဳပ္ ပို႔ကုန္ျမင့္တက္လာတာနဲ႔ သြင္းကုန္တိုးတက္မႈပမာဏ ေႏွးေကြးလာတာေတြက ျမန္မာႏိုင္ငံအေနျဖင့္ လတ္တေလာမွာ Current Account လိုေငြျပမႈ ေလ်ာ့က်လာၿပီး အထည္ခ်ဳပ္ ပို႔ကုန္ျမင့္တက္လာျခင္းႏွင့္ သြင္းကုန္တိုးတက္မႈပမာဏ ေႏွးေကြးလာျခင္းအစရွိတဲ့ အေျခအေနေတြက ျမန္မာႏိုင္ငံအေနျဖင့္ လတ္တေလာမွာ Current Account (လွည့္လည္စီးဆင္းေငြ) လိုေငြျပမႈ ေလ်ာ့က်လာတယ္လို႔ ျမန္မာ့စီးပြားေရးေလ့လာမႈ အစီရင္ခံစာမွာ ေဖာ္ျပထားတာ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံရဲ႕ Current Account (လွည့္လည္စီးဆင္းေငြ) လိုေငြဟာ ဂ်ီဒီပီရဲ႕ ၅ ဒသမ ၅ ရာခိုင္ႏႈန္း (အေမရိကန္ေဒၚလာ ၃ ဒသမ ၅ ဘီလ်ံ) ရွိခဲ့ရာကေန ၂၀၁၇-၂၀၁၈ ဘ႑ာႏွစ္မွာ ဂ်ီဒီပီရဲ႕ ၂ ဒသမ ၆ ရာခိုင္ႏႈန္း (အေမရိကန္ ေဒၚလာ ၁ ဒသမ ၇ ဘီလ်ံ) သို႔ ေလ်ာ့က်ခဲ့ေၾကာင္း၊ ၂၀၁၈-၁၉ ဘ႑ာႏွစ္မွာ အထည္ခ်ဳပ္လုပ္ငန္း ျပည္ပပို႔ကုန္မ်ား လ်င္ျမန္စြာတိုးတက္လာတာေၾကာင့္ စုစုေပါင္းပို႔ကုန္ပမာဏဟာ ဂ်ီဒီပီရဲ႕ ၁၆ ဒသမ ၈ ရာခိုင္ႏႈန္းကေန ၂၀ ဒသမ ၂ ရာခိုင္ႏႈန္းသို႔ တိုးတက္လာခဲ့ေၾကာင္း၊ ကုန္သြယ္ေရးလိုေငြျပမႈဟာ ၂၀၁၆-၂၀၁၇ ဘ႑ာႏွစ္မွာ ဂ်ီဒီပီရဲ႕ ၈ ဒသမ ၅ ရာခိုင္ႏႈန္းရွိခဲ့ရာကေန ၂၀၁၇-၂၀၁၈ ဘ႑ာႏွစ္မွာ ၅ ဒသမ ၇ ရာခိုင္ႏႈန္းအထိ ေလ်ာ့က်ခဲ့တယ္လို႔ ကမာၻ႔ဘဏ္ အစီရင္ခံစာမွာ ေဖာ္ျပထားတာ ျဖစ္ပါတယ္။

ျမန္မာ့ရင္းႏွီးျမႇဳပ္ႏွံမႈ ေကာ္မရွင္အေနနဲ႔လည္း ရင္းႏွီးျမႇဳပ္ႏွံမႈေတြ ျပည္တြင္းမွာ တိုးပြားလာေအာင္ လုပ္ေဆာင္ေနသလို မူဝါဒေတြ ျပင္ဆင္တဲ့အျပင္ ဝန္ထမ္းေတြရဲ႕ အရည္အေသြးေတြကအစ အမ်ိဳးမ်ိဳးတိုးတက္ေအာင္ လုပ္ကိုင္ေဆာင္႐ြက္ေနသလို ရင္းႏွီးျမႇဳပ္ႏွံခြင့္ျပဳေပးမႈေတြကလည္း ႏွစ္ဆေလာက္ ျမင့္တက္လာပါတယ္။ျမန္မာႏိုင္ငံရဲ႕ စီးပြားေရးဟာ ၂၀၁၈ ခုႏွစ္ထဲ အတက္အက် အေျပာင္းအလဲေတြနဲ႔ အသံစုံညံခဲ့ေသာ အေျခအေနမ်ိဳးကေန ၂၀၁၉ ထဲမွာေတာ့ ေ႐ႊေရာင္ေန႔သစ္ေတြ ျဖစ္လာမလားဆိုတာကိုေတာ့ ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။

ဇြဲမာန္
ရန္ကုန္၊ ဒီဇင္ဘာ - ၂၅