【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ကိုဗစ်အခြေပြု ရောင်တော်ပြန်အာဏာပြမှုတွေ

【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ကိုဗစ်အခြေပြု ရောင်တော်ပြန်အာဏာပြမှုတွေ

ယခုရက်အတွင်းဖြစ်ခဲ့တဲ့ သတင်းတွေထဲမှာ ကိုဗစ်ကူးစက်မှုကို အကြောင်းပြုပြီးဖြစ်လာတဲ့ ထိတ်လန့်မှုတွေ၊ တိုးပွားလာတဲ့ ကူးစက်မှုကြောင့် ရန်ကုန်ကို အဝင်အထွက်ကန့်သတ်ရာကနေ တချို့နေရာတွေမှာ တစ်လမ်းတစ်ဗိုလ်ပုံစံနဲ့  မင်းမဲ့စရိုက်ဆန်ဆန်ပြုလုပ်ဖို့ ကြံစည်လာကြတဲ့ သတင်းတွေက ထိပ်တန်းသတင်းတွေဖြစ်ခဲ့ပါတယ်။
စောင့်ကြည့်ခဲ့ရတဲ့ ဒီလိုသတင်းတွေအပြင် မဲဆွယ်ပွဲနဲ့ပတ်သက်တဲ့ သတင်းတွေ၊ ကိုဗစ်ဒုတိယလှိုင်းကူးစက်မှုမှာ နာမည်ကြီးခဲ့တဲ့ သင်္ဃန်းကျွန်း Music Zone ကေတီဗွီကို ပိုင်ဆိုင်မှုနဲ့ပတ်သက်တဲ့ သတင်းတွေကလည်း လူတိုင်းကိုသတိထားမိစေခဲ့ပါတယ်။ဒီသတင်းနဲ့အတူ ရွေးကောက်ပွဲနီးလာတာနဲ့အမျှ အာဏာရပါတီရဲ့ မဲဆွယ်ဆိုင်းဘုတ်တွေ ဖျက်စီးခံရတဲ့ သတင်းတွေကလည်း စောင့်ကြည့်ချင်စရာကောင်းခဲ့ပါတယ်။

ဒီလိုသတင်းတွေအပြင်  ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေဖြစ်နေတဲ့အတွက် မူဆယ်က မန်ကောင်းကျေးရွာကလူတွေ ရွာလုံးကျွတ်ထွက်ပြေးနေရတယ်ဆိုတဲ့သတင်း၊ ရခိုင်ပြည်နယ်အစိုးရကို အယုံကြည်မရှိကြောင်း ဆန္ဒဖော်ထုတ်ခဲ့တဲ့ ကျောင်းသား ၃ ဦးကို သဘာ၀ဘေးအန္တရာယ်အက်ဥပဒေနဲ့ ဖမ်းဆီးခဲ့တဲ့သတင်း၊ ရသေ့တောင်တွင် လက်နက်ကြီးကျည်ထိလို့ အိမ်ထဲတီဗီကြည့်နေတဲ့ ကလေးငယ်တစ်ဦး ဒဏ်ရာရခဲ့တဲ့သတင်း၊ နေပြည်တော် ပုဗ္ပသီရိမြို့နယ်မှာ အစိုးရအရာရှိတစ်ယောက်ရဲ့ဇနီး နေအိမ်ထဲမှာအသတ်ခံရတဲ့သတင်း၊ ရုရှားမှာကျင်းပမယ့် စစ်ရေးလေ့ကျင့်မှုမှာ တရုတ်နဲ့အတူ မြန်မာ၊ ဘီလာရပ်စ်တို့ ပါဝင်မယ်ဆိုတဲ့သတင်းတွေ စတဲ့သတင်းတွေလည်း ဖြစ်ခဲ့ပါတယ်။

ဒီသတင်းတွေထဲကနေ အရင်ဆုံး ဗိုင်းရပ်စ်ကူးစက်မှုမှာ သတိထားမိတဲ့ သတင်းအချို့ကို ပထမဆုံးဖော်ပြပေးချင်ပါတယ်။

အခွင့်ရတဲ့ခဏမှာ အာဏာပြတဲ့ တောကြောင်တွေ

ကူးစက်မှုပြင်းထန်လာတဲ့ ရန်ကုန်မှာ တစ်ရက်ထက်တစ်ရက် ကူးစက်ခံရသူတိုးလာတာနဲ့အတူ အကြောက်တရားက ပိုမြင့်တက်လာပါတယ်။ပထမဆုံး မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူကို တွေ့ရှိပြီး ၅ လအကြာ ဩဂုတ်လ ၁၆ အထိ ကူးစက်ခံရသူ ၃၅၀ ကျော်ရှိခဲ့ပေမယ့် ရက် ၂၀ ကျော်အတွင်း ကူးစက်ခံရသူ ၃၀၀၀ အထိ ရှိခဲ့တာကိုကြည့်ရင် ဒီဗိုင်းရပ်စ်ကူးစက်မှုက ဘယ်လောက်မြန်ဆန်သလဲဆိုတာကို မြင်နိုင်မှာဖြစ်သလို သေဆုံးသူအရေအတွက်ကလည်း တစ်လအတွင်း ၁၈ ဦးထပ်တိုးခဲ့တဲ့အတွက် ပထမပိုးထက် ပိုပြီးအသေအပျောက်များနေတာကို တွေ့ရမှာဖြစ်ပါတယ်။

ယခု ဒုတိယအကျော့ဟာ ရခိုင်ကနေပြန်လာတဲ့သူတွေကနေ အဓိကကူးစက်တယ်လို့ အများစုက ယူဆထားပါတယ်။ရခိုင်ကနေ ရန်ကုန်ကိုပြန်လာတဲ့ ခရီးသည် ၅၀၀၀ ထောင်ကျော်ကို ထိစပ်စာရင်းလိုက်ဖို့အတွက် ပြန်လာသူတွေကို ဆက်သွယ်ပေးဖို့ သတိပေးခဲ့ရာမှာ နှစ်ထောင်ကျော်သာ သတင်းပေးခဲ့တဲ့အတွက် ကျန်တဲ့ခရီးသည်နှစ်ထောင်ကျော်ကို စက်တင်ဘာ ၁၁ ရက်အထိ နောက်ဆုံးထားဆက်သွယ်ဖို့ သတိပေးခဲ့ပေမယ့်  စက်တင်ဘာ ၁၂ ရက်အထိ ပြန်ဆက်သွယ်တဲ့ သူတွေက ၂၆ ဦး သာ ရှိခဲ့ပါတယ်။ဒီရက်ထဲ ဆတိုးတက်ခဲ့တဲ့ ဗိုင်းရပ်စ်ကူးစက်ခံရသူတွေထဲမှာ အများစုက ရခိုင်နဲ့ ပြည်ပသို့ သွားရောက်ခြင်းမရှိသလို ပိုးကူးစက်ခံထားရတဲ့သူတွေနဲ့လည်း ထိစပ်ခဲ့ခြင်းမရှိတဲ့ ပြည်တွင်းကူးစက်ခံရသူတွေချည်းဘဲ ဖြစ်နေတဲ့အတွက် ဒီကျန်တဲ့သူတွေကနေ ကူးစက်တယ်လို့ယူဆရပြီး ဒီလူတွေရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့အတ္တက စက်ဆုပ်စရာကောင်းတဲ့အတွက် မှတ်လောက်သားလောက်အောင် ပြင်းပြင်းထန်ထန်ကိုင်တွယ်ဖို့ အများစုကဆန္ဒရှိခဲ့ကြပါတယ်။အများပြည်သူအနေနဲ့လည်း အစိုးရအနေနဲ့ ဒီပြဿနာကို ဘယ်လိုများကိုင်တွယ်မလဲ၊ ပြောသလိုလုပ်ရဲ့လားဆိုတာကို စောင့်ကြည့်နေမှာပါ။  

လက်ရှိ ရန်ကုန်မှာ ပိုးကူးစက်မှုက အရမ်းမြင့်တက်လာခဲ့တယ်ဆိုပေမယ့် အစိုးရအနေနဲ့ ပထမတစ်ခါတုန်းကလို စီးပွားရေးလုပ်ငန်းတွေ အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေကို ရပ်ဆိုင်းလို့မရတဲ့အတွက် စွန့်စားပြီးကိုင်တွယ်ရတဲ့အတွက် ကူးစက်မှုအတွက် အခွင့်အလမ်းပေးသလိုဖြစ်ခဲ့ပါတယ်။
ရန်ကုန်နေလူထုအကြားမှာလည်း အကြောက်တရားက ကူးစက်သူမြင့်လာတာနဲ့အမျှ မြင့်တက်လာခဲ့ပါတယ်။ရန်ကုန်မြို့ လမ်းတွေ၊ ရပ်ကွက်မှာ လူနာတင်ယာဉ်တွေဝင်လာတာ၊ ဝတ်စုံဖြူဝတ်သူတွေဝင်လာတာ စိပ်လာတာနဲ့အမျှ ပြည်သူတွေစိတ်ထဲ အခြေအနေတစ်ခုကို ရိပ်စားမိနေကြပါတယ်။ဒါက ဗိုင်းရပ်စ်က ကိုယ့်အဝန်းဝိုင်းထိ ရောက်လာခဲ့ပြီဆိုတာကိုပါ။ဒီအတွက် ကိုယ်နဲ့နီးစပ်တဲ့နေရာတိုင်းကို သံသယနဲ့သွားလာနေထိုင်မှုရှိလာခဲ့ပြီး စက်တင်ဘာ ၁၄ ရက်မှာ ပိုးကူးစက်ခံရသူ ၃၀၁၅ ဦးရှိလာချိန်မှာ ကျန်းမာရေးအာဏာပိုင်တွေက ရန်ကုန်တိုင်းဒေသကြီးထဲ အဝင်အထွက်ကို ကန့်သတ်ခဲ့သလို မြို့နယ် ၂၈ မြို့နယ်ကို stay at Home အဖြစ် သတ်မှတ်ထားခဲ့ပါတယ်။

ဒီနောက်မှာ ရပ်ကွက်တိုင်း လမ်းတိုင်းက အပြင်သူမဝင်ရအောင်ဆိုပြီး အကာအရံတွေ၊ လမ်းတွေကို အခိုင်အမာပိတ်ဆို့မှုတွေလုပ်ခဲ့သလို တချို့လမ်းတွေ၊ ရပ်ကွက်တွေမှာဖြစ်လာတဲ့ အခွင့်အရေးအာဏာကိုအသုံးချပြီး နိုင်လိုမင်းထက်လုပ်ဆောင်မှုတွေ ဖြစ်လာခဲ့ပါတယ်။ထင်ထင်ရှားရှားအနေနဲ့ စက်တင်ဘာ ၁၂ ရက်က တာမွေမြို့နယ် ၁၃၈ လမ်းထိပ်မှာ အုပ်ချုပ်ရေးပိုင်းမှ ညွှန်ကြားချက်မရှိဘဲ နှာခေါင်းစည်း (Mask) မတပ်သူများကို အဆိုပါလမ်းထိပ်ရှိ ပရဟိတဆောင်ရွက်နေသူများက ထိုင်ထအခါ ၃၀ ပြုလုပ်စေတဲ့ဖြစ်ရပ်နဲ့ သင်္ဃန်းကျွန်းမြို့နယ်မှာ ခြံဝင်းတစ်ခုအတွင်း နှာခေါင်းစည်းမတပ်ဟုဆိုကာ အမျိုးသမီးငယ်နှစ်ဦးကို ခြိမ်းခြောက်ခြင်း၊ ဆဲဆိုခြင်းနှင့် အုပ်စုဖွဲ့အနိုင်ကျင့်ခြင်းများ ဖြစ်ပေါ်ခဲ့တဲ့လုပ်ရပ်တွေက အတော်လေးကို ရုပ်ပျက်ဆင်းပျက်စေတဲ့ နိုင်လိုမင်းထက်ဖြစ်ရပ်တွေ ရန်ကုန်မှာဖြစ်ခဲ့သလို နယ်တွေမှာလည်း ကျန်းမာရေးဆိုင်ရာ ဘေးအန္တရာယ်ကို အကြောင်းပြပြီး ဧည့်သည်တွေလာရောက်တာကိုစစ်ဆေးတဲ့ ရမ်းကားတဲ့ဖြစ်ရပ်တွေ ပေါ်ပေါက်ခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။ဖြစ်ရပ်အများစုကိုကြည့်မိရင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးတာ၊ လမ်းမှူးရွေးချယ်တာမှာ ပညာအသိဉာဏ်မရှိတဲ့သူတွေ နေရာပေးမိရင် ကျဉ်းထဲကျပ်ထဲ အချိန်ကာလတွေမှာ ဘယ်လောက်ထိအန္တရာယ်ကြီးလဲဆိုတာကို ပြက်ပြက်ထင်ထင် မြင်လိုက်ကြရမှာဖြစ်ပါတယ်။

ဒီလို လမ်းတိုင်းကြပ်မတ်စစ်ဆေးဖို့ဆိုတာကို လုပ်ဆောင်သူတွေရဲ့ ဉာဏ်ရည်အပေါ် အခြေခံပြီး လုပ်ကိုင်ဆောင်ရွက်မှုတွေကြောင့် စက်တင်ဘာ ၁၁ ရက် ညက ရန်ကုန်အခြေအနေက ၁၉၈၈ ခုနှစ်က မြင်ခဲ့ရတဲ့ တစ်လမ်းနဲ့ တစ်လမ်းတောင် ကူးလို့မလွယ်တဲ့အခြေအနေမျိုးတွေ ဖြစ်ခဲ့ရပါတယ်။လက်ခံလို့မရတဲ့ ရတဲ့အခွင့်အရေးကို အမိအရယူပြီး လမ်းများအား အခိုင်အမာပိတ်ဆို့ထားခြင်းအပေါ် ရန်ကုန်မြို့ခံများကြား ဝေဖန်မှုများမြင့်တက်ခဲ့ကာ ယင်းလုပ်ရပ်ကိုရ‌ည်ညွှန်းပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရသွားကြတဲ့ပုံစံ သရော်စာတွေနဲ့ မြို့နယ်တွေကို နိုင်ငံတွေပမာခွဲထွက်တွေ ထူထောင်သရော်ခဲ့တဲ့ သရော်မှုဝေဖန်မှုကလည်း လူထုအကြား ပေါက်ရောက်ခဲ့ပါတယ်။ဒီလို ပြည်သူကို နိုင်လိုမင်းထက်လုပ်တဲ့ ဒီလုပ်ရပ်တွေကို အများပြည်သူက အာဏာပိုင်တွေသိအောင် လူမှုကွန်ရက်ကနေ တင်ပြခဲ့သလို စည်းလွတ်ဘောင်လွတ် လုပ်ပိုင်ခွင့်ရတဲ့ နယ်စား မြို့စား အပိုင်စားတွေပမာ ကဲကဲလှုပ်လုပ်ပြ၊ ကာကွယ်ပြတဲ့ အာဏာပြတဲ့အဖွဲ့အစည်းတွေ၊ အာဏာပြတဲ့လူပုဂ္ဂိုလ်တွေကို မအေနှမတုပ်ခဲ့ကြပါတယ်။

နောက်ရက်ဖြစ်တဲ့ စက်တင်ဘာ ၁၂ ရက်မှာတော့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လမ်းသွယ်များတွင် ကန့်သတ်ပိတ်ဆို့တားမြစ်ခြင်းများ မရှိစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် မြို့တော်ဝန် ကွင်းဆင်းကြည့်ရှုခဲ့သလို COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး အမျိုးသားအဆင့်ဗဟိုကော်မတီက စက်တင်ဘာ ၁၂ ရက်စွဲဖြင့် ရန်ကုန်မြို့ရှိ  မြို့နယ်၊ ရပ်ကွက်များအတွင်း လမ်းများပိတ်ဆို့ပြီး အများပြည်သူအကြပ်အတည်းဖြစ်စေရန် ဆောင်ရွက်ခဲ့သည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို တရားဥပဒေနှင့်အညီဆောင်ရွက်ရန် ၎င်းတို့၏အမည်စာရင်းများအား စက်တင်ဘာ ၁၈ ရက် နောက်ဆုံးပေးပို့ရန် စာကိုလည်း ထုတ်ပြန်ခဲ့တာတွေ့ရပါတယ်။

ကျန်းမာရေးအာဏာပိုင်တွေအနေနဲ့ လုပ်ကိုင်ဆောင်ရွက်ရာမှာ အာဏာစက်လိုနေတဲ့အတွက် အခက်အခဲဖြစ်နေသလို တင်းတင်းကျပ်ကျပ်ကိုင်တွယ်ရင်လည်း ရပ်ကွက်တွေ၊ လမ်းတွေမှာရှိနေတဲ့  ယခင်က လူဟောင်းအများစုကြီးစိုးထားတဲ့ ရပ်ကွက်အာဏာပိုင်အချို့ရဲ့ အာဏာပြမှု၊ လုပ်ပိုင်ခွင့်တလွဲအသုံးချမှုတွေကိုလည်း ဖြစ်မှာစိုးရတဲ့အတွက် ဒီဗိုင်းရပ်စ်ထိန်းနိုင်ဖို့က အတော်လေးကိုခက်ခဲမယ့် အခြေအနေရှိနေပါတယ်။ဩဂုတ်လ သတ်မှတ်ရက်အတွင်း ရခိုင်ကို လေကြောင်းကနေသွားရောက်ခဲ့တဲ့သူတွေထဲ အများစုက ရန်ကုန်ရပ်ကွက်ထဲမှာရှိနေသလို နည်းအမျိုးမျိုးနဲ့ ဝင်ရောက်လာတဲ့သူတွေလည်း ရှိနေတဲ့အတွက် ဒီလူတွေ လူစိတ်ရှိပြီး ပူးပေါင်းမှဘဲ ဒီကူးစက်ရောဂါကို ထိန်းချုပ်နိုင်ဖွယ်ရှိနေပါတယ်။လက်ရှိမှာ ကူးစက်ခံရသူအရေအတွက်က ရန်ကုန်တစ်ခုတည်းမှာဘဲ ၁၃၀၀ ကျော်နေသလို ဆေးရုံမလောက်အောင် ပိုးတွေ့လို့ကုသနေရတဲ့သူတွေ၊ ကွာရင်တိုင်းဝင်နေရတဲ့သူတွေ၊ ဟိုတယ်နဲ့ ဟုမ်းကွာရင်တိုင်းဝင်နေရတဲ့သူတွေလည်း အတော်လေးများနေတဲ့အတွက် ကျန်းမာရေးဝန်ကြီးကိုယ်တိုင်က ကျန်းမာရေးဝန်ထမ်းများ ခြေကုန်လက်ပန်းကျပါက ကျန်းမာရေးစနစ်ကြီးတစ်ခုလုံး ပြိုလဲသွားနိုင်သည့်အတွက် ဝန်ကြီးဌာနရှိ တက္ကသိုလ် ၁၆ ခုမှ ဆရာ၊ ဆရာမများကို အလှည့်ကျတာဝန်ချထားနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိတယ်ဆိုပြီး စာထုတ်ရတဲ့အထိ အခြေအနေကဆိုးနေပါတယ်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ချက်အရဆိုရင် ဆေးရုံများတွင် ရောဂါအတည်ပြုလူနာနှင့် သံသယလူနာများ အလွန်များပြားလျက်ရှိသလို သေဆုံးမှုကလည်း မြင့်တက်နေတဲ့အတွက် အရပ်သားအစိုးရကို ကူညီနိုင်ဖို့ဆိုရင် ကူးစက်ကပ်ဘေးကနေလွတ်ဖို့ ကိုယ်ကိုယ်တိုင်စောင့်ရှောက်ရုံမှတစ်ပါး မရှိပါဘူး။

ဒီကပ်ဘေးမှာ အရပ်သားအစိုးရနဲ့ ပြည်သူတို့ ပူးပေါင်းလက်တွဲတိုက်ဖျက်မှု၊ ကြံ့ကြံ့ခိုင်မှုက ချီးကျူးစရာပါ။စက်တင်ဘာ ၁၀ ရက် Covid-19 ရောဂါနှင့်ပတ်သက်၍ ပြည်သူသို့ အစီရင်ခံတင်ပြသည့်မိန့်ခွန်းမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က "အခု ရန်ကုန်တိုင်းနဲ့ပတ်သက်ပြီးတော့လည်း ကျွန်မတို့ စည်းမျဉ်း၊ စည်းကမ်းတွေ ထုတ်ထားပါတယ်။ဒါကိုတင်းကျပ်တယ်လို့ တချို့ကထင်ပါလိမ့်မယ်။ဒါပေမဲ့လည်း ဒီလိုတင်းတင်းကျပ်ကျပ်နဲ့ ကျွန်မတို့ နှစ်ပတ်၊ သုံးပတ်လောက် လိုက်နာမယ်ဆိုရင် ကျွန်မတို့ ဒီရောဂါကိုထိန်းချုပ်နိုင်မယ့်အခြေအနေကို ရောက်လာမှာပါ။အဲဒါကြောင့် အားလုံးကနေပြီးတော့ စည်းမျဉ်း၊ စည်းကမ်းတွေ လိုက်နာပေးပါ'' လို့ တောင်းဆိုခဲ့ပါတယ်။ကျန်းမာရေးဝန်ထမ်းတွေပြိုလဲရင် ဖျာခင်းနေရာယူမယ့်  အတ္တကြီးပြီး ကိုယ်ချင်းစာတရားမရှိတဲ့သူတွေဘေးလည်း ရှိနေတဲ့အတွက် ညွှန်ကြားတဲ့အတိုင်းနေခြင်းနဲ့ စည်းကမ်းလိုက်နာနေထိုင်ပြီး ကိုယ်တင်ခဲ့တဲ့အရပ်သားအစိုးရကို ကူညီပေးရုံမှတပါး မရှိတော့ပါဘူး။ရှေ့ရက်တွေမှာ ဘယ်သူတွေ ဘယ်အဖွဲ့အစည်းတွေက ပြည်သူဘက်ကရပ်သလဲ၊ ဘယ်သူကတောကြောင်လဲဆိုတာ ကွဲကွဲပြားပြားမြင်ရတော့မှာဖြစ်ပါတယ်။ဒီအတွက် စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။  

ကိုဗစ်ကာလမှာဖွင့်ခဲ့တဲ့ ကေတီဗွီပြဿနာ

ယခုပြန်ခေါင်းထလာပြီး ကူးစက်မှုများပြားကာ သေဆုံးမှုများတဲ့ ဒုတိယာအကျော့ ကိုဗစ်ကူးစက်ကပ်ရောဂါက ရန်ကုန်မှာအဖြစ်များခဲ့ပါတယ်။ဒီထဲမှာ ရန်ကုန်မြို့နယ်ပေါင်း ၅၀ နီးပါးရှိပေမယ့် ကူးစက်မှုအများဆုံးဖြစ်ခဲ့တာ သင်္ဃန်းကျွန်းမြို့နယ်ဖြစ်ခဲ့ပါတယ်။ကိုဗစ်ပထမလှိုင်းတုန်းက တားထားတဲ့ကြားထဲကနေလုပ်ခဲ့တဲ့ တရားဟောပြောပွဲ‌ကြောင့် မရမ်းကုန်းနဲ့ အင်းစိန်က ထိစပ်ကူးစက်သူအများဆုံးဖြစ်ခဲ့ရသလိုဘဲ ယခုဒုတိယလှိုင်းမှာ ပိတ်ဖို့အားလုံးကိုတားမြစ်ထားတဲ့ကြားထဲကနေ ရအောင်ဖွင့်ခဲ့တဲ့ ကေတီဗွီနဲ့ စားသောက်ဆိုင်ကြောင့် ကူးစက်သူအရေအတွက်က တစ်ရာဝန်းကျင်ရှိခဲ့ပါတယ်။တိုက်ရိုက်ထိစပ်သူ၊ သွယ်၀ိုက်ကူးစက်သူတွေနဲ့ ပေါင်းလိုက်မယ်ဆိုရင် ကူးစက်ခံရသူအရေအတွက်က တစ်ရာနီးပါးထိ ရှိခဲ့ပါတယ်။

လူမှုကွန်ရက်မှာထွက်ပေါ်လာတဲ့ သတင်းတွေအရဆိုရင် အဆိုပါကြီးမားတဲ့ကေတီဗွီကို ပိုင်ဆိုင်တဲ့ ပိုင်ရှင်က အငြိမ်းစား အဆင့်မြင့်အရာရှိကြီးတစ်ဦးနှင့် ဆက်စပ်နေတဲ့သူဖြစ်တယ် ဆိုပါတယ်။တရားဝင်မဟုတ်တဲ့ သတင်းတွေအရ ယခင် ကိုဗစ်ပထမလှိုင်းကတည်းက ဆိုင်ကိုမပိတ်ခဲ့တာလို့ ပြောဆိုမှုတွေရှိသလို ယခု ပြင်းထန်တဲ့ဒုတိယလှိုင်းမှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက တားမြစ်ချက်ကိုချိုးဖောက်ပြီး အတင့်ရဲစွာဖွင့်ခဲ့တာပါ။ဒီအတွက် ဆိုင်ရှင်မှာ အတော်လေးကို ကြီးကြီးမားမားနောက်ခံ အဆက်အသွယ်ကောင်းတွေရှိတယ်ဆိုပြီး သတင်းတွေထွက်ခဲ့ပါတယ်။အထူးသဖြင့် ယခင်စစ်အစိုးရလက်ထက် နှစ်အတော်ကြာ အကြီးအကဲတာဝန်ယူခဲ့သူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ မြေးတော်စပ်သူ ရှယ်ယာပါဝင်တယ်ဆိုပြီး သတင်းတွေထွက်လာခဲ့သလို အွန်လိုင်းသတင်းအချို့မှာ  ရေးသားဖော်ပြမှုတွေရှိခဲ့ပါတယ်။ဒီလိုဖော်ပြမှုတွေကြောင့် စွပ်စွဲခံရသူ နေရွှေသွေးအောင်၏ ဖခင်ဖြစ်သူက ၎င်းရဲ့လူမှုကွန်ရက်စာမျက်နှာမှာ သင်္ဃန်းကျွန်းမြို့နယ်အတွင်း ကိုဗစ် (၁၉) ပိုးတွေ့လူနာများတွေ့ရှိခဲ့သည့် Music Zone KTV ကို နေရွှေသွေးအောင် ဖွင့်လှစ်ထားသည်ဟု အသရေဖျက်နေမှုများမှာ မဟုတ်မှန်ကြောင်းကို ရေးသားခဲ့ကာ 'လတ်တလော ကိုဗစ် (၁၉) ပိုးတွေ့ရှိခဲ့ပြီး သင်္ဃန်းကျွန်းမြို့နယ်အတွင်း ပိုးများအဓိကဖြန့်ဖြူးသည်ဟု နာမည်ထွက်နေသော Music Zone KTV Karaoke Restaurant သည် ဦးနေစိုးမောင်၏ သား နေရွှေသွေးအောင် ဖွင့်လှစ်ထားသည်ဆိုကာ အသရေဖျက်မှုများ လုပ်ဆောင်လျက်ရှိပါသည်။ယင်း KTV သည် မဖွင့်ခင်ကပင် သား ဖိုးလ ပိုင်သယောင်ယောင်ပြောပြီး ဖွင့်ပြီးချိန်တွင်လည်း Waiter လေးများကို ပိုင်ရှင်ဘယ်သူလည်းမေးလျှင် ပြော၍မရပါကြောင်း ဟုတ်သယောင်ယောင်ဖြစ်အောင်၊ ရဲများမဝင်အောင် နည်းဗျူဟာသုံးကြောင်းလည်း ရဲစခန်းမှပြောပြပါသည်။နေရွှေသွေးအောင်မှာ အများထင်သလို လုပ်ငန်းကြီးများလည်း မရှိသည့်အပြင် KTV Club များ ဖွင့်ရန်မဆိုထားနှင့် သွားရောက်လေ့ပင်မရှိပါ။ထို့ကြောင့် မနာလိုဝန်တို မစ္ဆရိယစိတ်ဖြင့် နာမည်ဖျက်မှုများသည် လုံး၀မဟုတ်မှန် ကြောင်း သိစေအပ်ပါသည်' ဆိုပြီး  ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့ပါတယ်။ဒါ့အပြင် ၎င်းက ကိုဗစ်ကာလတွင် စည်းကမ်းမလိုက်နာခဲ့သော လူအများကိုရောဂါကူးစက်စေခဲ့သည့် Music Zone KTV Restaurant အား ဖျက်သိမ်းပေးရန် တောင်းဆိုကြောင်းကိုပါ ရေးသားခဲ့ပါတယ်။

ဒီလိုရေးသားဖော်ပြခဲ့တဲ့အတွက် အဆိုပါ လူရာဂဏန်းနီးပါးကူးစက်မှုပြခဲ့တဲ့ Music Zone ကေတီဗွီဆိုင်ပိုင်ရှင် ဘယ်သူလဲဆိုတာ စိတ်ဝင်စားစရာဖြစ်လာခဲ့ပါတယ်။ဒါ့အပြင် နယ်မြေအာဏာပိုင်တွေ မထိရဲအောင် ဘယ်သူရှယ်ယာပါတယ်၊ ဘယ်ဝါရှယ်ယာပါတယ်ဆိုပြီး အယောင်ဆောင်လုပ်စားခဲ့တာ ဥပဒေကို လက်တစ်လုံးခြား ချိုးဖောက်တာလား၊ ချိုးဖောက်ရဲအောင် ဘယ်သူတွေက အကာအကွယ်ပေးနေသလဲ၊ ဘယ်သူတွေက ပူးပေါင်းကာကွယ်နေသလဲဆိုတာ မေးခွန်းထုတ်စရာဖြစ်လာပါတယ်။မီဒီယာတွေမှာဖော်ပြချက်အရ အဆိုပါမြေနေရာ ဂရန်အမည်ပေါက်မှာ ဦးဇော်မင်းဆိုသူဖြစ်ပြီး လက်ရှိမှာ အဆိုပါဆိုင်ရှင်ကို တရားစွဲဖို့ အထက်ဌာနများထံမှ ခွင့်ပြုချက်တောင်းနေတယ်ဆိုပြီး ခွင့်ပြုချက်ရလို့ တရားစွဲတဲ့အခါ တရားရုံးကျမှ ပိုင်ရှင်ဘယ်သူလဲဆိုတာ ဖွင့်ပြမယ်ဆိုတဲ့အတွက် စောင့်ကြည့်ချင်စရာပါ။ဒီပြဿနာကို ပြတ်ပြတ်သားသားမကိုင်တွယ်ရင် ဥပဒေချိုးဖောက်ပြီး စီးပွားရေးသောင်းကျန်းမယ့်ဆိုင်တွေ နောက်ထပ်ရှိလာစရာရှိတဲ့အတွက် အာဏာပိုင်တွေ ဘယ်လိုလုပ်နိုင်စရာရှိသလဲဆိုတာ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

အောက်လုံးတွေနဲ့ ပြင်းထန်လာတဲ့ မဲဆွယ်ပွဲ

ရွေးကောက်ပွဲနီးလာတာနဲ့အမျှ ပါတီကိုထောက်ခံသူတွေနဲ့ ဝန်းရံသူတွေကြား ပြိုင်ဆိုင်မှုက ပြင်းထန်လာခဲ့ပါတယ်။ဒီရက်သတ္တပတ်ထဲမှာ မီဒီယာမှာတက်လာတဲ့ သတင်းတွေအရ အာဏာရပါတီရဲ့ မဲဆွယ်ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရတာတွေရှိခဲ့ပါတယ်။ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး ရွေးကောက်ပွဲဝင်ပြိုင်မည့် ဇေယျာသီရိမြို့နယ်ရှိ ရွာတစ်ရွာတွင် NLD အမတ်လောင်းများ၏ စည်းရုံးရေးပိုစတာဆိုင်းဘုတ် ဖျက်ဆီးခံရသလို ကိုးကိုးကျွန်းမြို့နယ်တွင်လည်း NLD အမတ်လောင်းများ၏ စည်းရုံးရေးပိုစတာဆိုင်းဘုတ် ဖျက်ဆီးခံရပါတယ်။ဒါ့အပြင် မန္တလေးမြို့ မဟာအောင်မြေမြို့နယ် မစိုးရိမ်တိုက်သစ်ထောင့်မှာ စိုက်ထူထားတဲ့ NLD အောင်နိုင်ရေးဆိုင်းဘုတ်ကို ဖျက်ဆီးပြီး ရေထဲပစ်ချခဲ့တဲ့ဖြစ်စဉ်လည်း ဖြစ်ခဲ့ပါတယ်။စက်တင်ဘာ ၁၃ ရက်မှာ မွန်ပြည်နယ် ပေါင်မြို့နယ် ထန်ပင်ချောင်ကြီးကျေးရွာမှာ NLD အမတ်လောင်း မိကွန်ချမ်း၏ မဲဆွယ်ဆိုင်းဘုတ် ဖျက်ဆီးခံခဲ့ရသလို တောင်ကုတ်မြို့နယ် မအီမြို့က NLD လွှတ်တော်ကိုယ်စားလှယ် မဲဆွယ်ဆိုင်းဘုတ်ကို ဖျက်ဆီးခံခဲ့ရပါတယ်။စက်တင်ဘာ ၁၁ ရက် မှာလဲ ပြည်ခိုင်ဖြိုး ဟင်္သာတပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဌေးဦးရဲ့ ဟင်္သာတနေအိမ်ကို ကုန်းသီးနဲ့လာပစ်ခဲ့တာ ရှိခဲ့ပါတယ်။

ဒီလိုအကြမ်းဖက်ခံရတဲ့အဖြစ်က တခြားပါတီတွေမှာထက် အာဏာရပါတီကိုဦးတည်တဲ့အဖြစ်များနေတာက အတော်လေးထူးဆန်းတဲ့ကိစ္စပါဘဲ။တစ်ကယ်တော့ မထူးဆန်းပါဘူး။မကြာမီက အာဏာရပါတီရဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က NLD ပါတီကို ထောက်ခံတဲ့သူတွေအနေနဲ့ အိမ်ရှေ့နဲ့ ယာဉ်တွေမှာ စက်တင်ဘာ ၈ ရက်နေ့ကို ပါတီအလံထိုးစိုက်ဖို့ ပြောပြီးနောက် တစ်နိုင်ငံလုံးမြင်ရတဲ့အခြေအနေအရ ၂၀၂၀ ရွေးကောက်ပွဲမှာ ရေပန်းစားနေတာ အာဏာရပါတီဖြစ်နေတာကို တွေ့ရပါတယ်။ဒီအခြေအနေအရသာဆိုရင် ၂၀၁၅ တုန်းကလို သောင်ပြိုကမ်းပြို နိုင်/မနိုင် မပြောနိုင်ပေမယ့် နိုင်မှာအသေအချာပါဘဲ။ဒီလိုအနေအထားဖြစ်လာချိန်မှာ ထုံးစံအတိုင်း မဲဆွယ်ဖို့အရေးထက် အောက်လုံးထိုးတာ၊ မထောက်ခံရဲအောင်လုပ်တာက တချို့သောသူတွေ အဖွဲ့အစည်းတွေအတွက် ယခင်ကထက် ပိုအရေးကြီးလာခဲ့ပါတယ်။လတ်တလောမှာ ကိုဗစ်ဒုတိယလှိုင်းကလည်း ပိုပြင်းထန်လာခဲတဲ့အတွက် ရန်ကုန်မှာ မဲဆွယ်ခွင့်ကလည်း Stay at Home မြို့နယ်ချည်းဘဲ ၂၈ မြို့နယ်ထိ ရှိလာတဲ့အတွက် ပါတီတိုင်းအတွက် မဲဆွယ်ခွင့်က ခက်ခဲလာခဲ့ပါတယ်။ဒီတစ်ခါပြုလုပ်တဲ့ ရွေးကောက်ပွဲက တချို့သောပါတီတွေအတွက် နောက်ဆုံးအခွင့်အရေးဖြစ်သလို တချို့သောပါတီတွေအတွက်လည်း ရွေးကောက်ခံရမှုရှိမှ အရှက်မကွဲမယ့်အနေအထားရှိတဲ့အတွက် မီးကုန်ယမ်းကုန် မဲရအောင်နည်းမျိုးစုံသုံးရမယ့် အနေအထားပါ။ဒါ့အပြင် ပြင်းထန်လာတဲ့ ဗိုင်းရပ်စ်ကူးစက်မှုကို အကြောင်းပြပြီး ပါတီတစ်ချို့က ရွေးကောက်ပွဲကို ရွှေ့ဆိုင်းခွင့်တောင်းခဲ့တာလည်း ရှိခဲ့ပါတယ်။

ပါတီငယ်တွေက ရွေးကောက်ပွဲရက် ရွှေ့ဆိုင်းခွင့်တောင်းပေမယ်လည်း နိုင်ငံတစ်ဝန်းရွေးကောက်ပွဲဝင်မယ့် အဓိကပါတီတွေဖြစ်တဲ့ အာဏာပါတီ NLD နဲ့ အတိုက်အခံပါတီ ပြည်ခိုင်ဖြိုးပါတီကြား အားပြိုင်မှုကတော့ ဆက်လက်မြင့်တက်နေဆဲဖြစ်ပါတယ်။လူမှုကွန်ရက်ပေါ်မှာသာ အပြိုင်အဆိုင်ဖြစ်တာသာမဟုတ်။စက်တင်ဘာ ၁၃ ရက်က ပဲခူးမှာပြုလုပ်တဲ့ မဲဆွယ်ပွဲမှာ ပါတီနှစ်ခုကြားအားပြိုင်မှုက ပဲခူးမြို့ကို အတော်လေးသတိထားစရာဖြစ်အောင် ရှိခဲ့ပါတယ်။

လက်ရှိမှာ ကော်မရှင်အနေနဲ့ ရွေးကောက်ပွဲကိုရွှေ့ဆိုင်းမယ်ဆိုလည်း အောက်တိုဘာမှသာ ကြေညာမယ်ဆိုတဲ့အတွက် ဒီကြားထဲမှာ ကူးစက်ရောဂါကိုထိန်းချုပ်ဖို့ အတော်လေးကြိုးစားလုပ်ကိုင်မယ့် သဘောလည်းရှိနေပါတယ်။ကမ္ဘာ့အနှံအပြားမှာ ကိုဗစ်ကပ်ဆိုးကြီးနဲ့ တိုက်ပွဲဝင်နေရပေမယ့် တောင်ကိုရီးယား၊ သီရိလင်္ကာ၊ စင်ကာပူ၊ မွန်ဂိုလီးယား၊ ဂျပန်နဲ့ ထိုင်းနိုင်ငံတို့မှာ အထွေထွေရွေးကောက်ပွဲ၊ မြို့တော်ဝန်ရွေးကောက်ပွဲ၊ ပြည်နယ်ရွေးကောက်ပွဲ စတာတွေကို အအောင်မြင်ဆုံးရလဒ်တွေရအောင် ကျင်းပခဲ့ကြတဲ့အတွက် မြန်မာရွေးကောက်ပွဲ ပုံမှန်အတိုင်းဆက်သွားနိုင်တဲ့ဘက်မှာ ရာခိုင်နူန်းများနေတဲ့အတွက် ရှေ့ဆက် ဘယ်လိုပြဿနာတွေ ဆက်မြင်ရလာနိုင်သလဲ၊ ရွေးကောက်ပွဲမှာ ပြည်သူက ဓမ္မဘက်က ဘယ်လောက်ထိရပ်တည်ပြခွင့်ရမလဲ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

မာလင်း
စက်တင်ဘာ - ၁၄

( Zawgyi )

ယခုရက္အတြင္းျဖစ္ခဲ့တဲ့ သတင္းေတြထဲမွာ ကိုဗစ္ကူးစက္မႈကို အေၾကာင္းျပဳၿပီးျဖစ္လာတဲ့ ထိတ္လန႔္မႈေတြ၊ တိုးပြားလာတဲ့ ကူးစက္မႈေၾကာင့္ ရန္ကုန္ကို အဝင္အထြက္ကန႔္သတ္ရာကေန တခ်ိဳ႕ေနရာေတြမွာ တစ္လမ္းတစ္ဗိုလ္ပုံစံနဲ႔  မင္းမဲ့စ႐ိုက္ဆန္ဆန္ျပဳလုပ္ဖို႔ ႀကံစည္လာၾကတဲ့ သတင္းေတြက ထိပ္တန္းသတင္းေတြျဖစ္ခဲ့ပါတယ္။
ေစာင့္ၾကည့္ခဲ့ရတဲ့ ဒီလိုသတင္းေတြအျပင္ မဲဆြယ္ပြဲနဲ႔ပတ္သက္တဲ့ သတင္းေတြ၊ ကိုဗစ္ဒုတိယလႈိင္းကူးစက္မႈမွာ နာမည္ႀကီးခဲ့တဲ့ သဃၤန္းကြၽန္း Music Zone ေကတီဗြီကို ပိုင္ဆိုင္မႈနဲ႔ပတ္သက္တဲ့ သတင္းေတြကလည္း လူတိုင္းကိုသတိထားမိေစခဲ့ပါတယ္။ဒီသတင္းနဲ႔အတူ ေ႐ြးေကာက္ပြဲနီးလာတာနဲ႔အမွ် အာဏာရပါတီရဲ႕ မဲဆြယ္ဆိုင္းဘုတ္ေတြ ဖ်က္စီးခံရတဲ့ သတင္းေတြကလည္း ေစာင့္ၾကည့္ခ်င္စရာေကာင္းခဲ့ပါတယ္။

ဒီလိုသတင္းေတြအျပင္  ရွမ္းျပည္နယ္ေျမာက္ပိုင္းမွာ တိုက္ပြဲေတြျဖစ္ေနတဲ့အတြက္ မူဆယ္က မန္ေကာင္းေက်း႐ြာကလူေတြ ႐ြာလုံးကြၽတ္ထြက္ေျပးေနရတယ္ဆိုတဲ့သတင္း၊ ရခိုင္ျပည္နယ္အစိုးရကို အယုံၾကည္မရွိေၾကာင္း ဆႏၵေဖာ္ထုတ္ခဲ့တဲ့ ေက်ာင္းသား ၃ ဦးကို သဘာ၀ေဘးအႏၲရာယ္အက္ဥပေဒနဲ႔ ဖမ္းဆီးခဲ့တဲ့သတင္း၊ ရေသ့ေတာင္တြင္ လက္နက္ႀကီးက်ည္ထိလို႔ အိမ္ထဲတီဗီၾကည့္ေနတဲ့ ကေလးငယ္တစ္ဦး ဒဏ္ရာရခဲ့တဲ့သတင္း၊ ေနျပည္ေတာ္ ပုဗၸသီရိၿမိဳ႕နယ္မွာ အစိုးရအရာရွိတစ္ေယာက္ရဲ႕ဇနီး ေနအိမ္ထဲမွာအသတ္ခံရတဲ့သတင္း၊ ႐ုရွားမွာက်င္းပမယ့္ စစ္ေရးေလ့က်င့္မႈမွာ တ႐ုတ္နဲ႔အတူ ျမန္မာ၊ ဘီလာရပ္စ္တို႔ ပါဝင္မယ္ဆိုတဲ့သတင္းေတြ စတဲ့သတင္းေတြလည္း ျဖစ္ခဲ့ပါတယ္။

ဒီသတင္းေတြထဲကေန အရင္ဆုံး ဗိုင္းရပ္စ္ကူးစက္မႈမွာ သတိထားမိတဲ့ သတင္းအခ်ိဳ႕ကို ပထမဆုံးေဖာ္ျပေပးခ်င္ပါတယ္။

အခြင့္ရတဲ့ခဏမွာ အာဏာျပတဲ့ ေတာေၾကာင္ေတြ

ကူးစက္မႈျပင္းထန္လာတဲ့ ရန္ကုန္မွာ တစ္ရက္ထက္တစ္ရက္ ကူးစက္ခံရသူတိုးလာတာနဲ႔အတူ အေၾကာက္တရားက ပိုျမင့္တက္လာပါတယ္။ပထမဆုံး ျမန္မာႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူကို ေတြ႕ရွိၿပီး ၅ လအၾကာ ဩဂုတ္လ ၁၆ အထိ ကူးစက္ခံရသူ ၃၅၀ ေက်ာ္ရွိခဲ့ေပမယ့္ ရက္ ၂၀ ေက်ာ္အတြင္း ကူးစက္ခံရသူ ၃၀၀၀ အထိ ရွိခဲ့တာကိုၾကည့္ရင္ ဒီဗိုင္းရပ္စ္ကူးစက္မႈက ဘယ္ေလာက္ျမန္ဆန္သလဲဆိုတာကို ျမင္ႏိုင္မွာျဖစ္သလို ေသဆုံးသူအေရအတြက္ကလည္း တစ္လအတြင္း ၁၈ ဦးထပ္တိုးခဲ့တဲ့အတြက္ ပထမပိုးထက္ ပိုၿပီးအေသအေပ်ာက္မ်ားေနတာကို ေတြ႕ရမွာျဖစ္ပါတယ္။

ယခု ဒုတိယအေက်ာ့ဟာ ရခိုင္ကေနျပန္လာတဲ့သူေတြကေန အဓိကကူးစက္တယ္လို႔ အမ်ားစုက ယူဆထားပါတယ္။ရခိုင္ကေန ရန္ကုန္ကိုျပန္လာတဲ့ ခရီးသည္ ၅၀၀၀ ေထာင္ေက်ာ္ကို ထိစပ္စာရင္းလိုက္ဖို႔အတြက္ ျပန္လာသူေတြကို ဆက္သြယ္ေပးဖို႔ သတိေပးခဲ့ရာမွာ ႏွစ္ေထာင္ေက်ာ္သာ သတင္းေပးခဲ့တဲ့အတြက္ က်န္တဲ့ခရီးသည္ႏွစ္ေထာင္ေက်ာ္ကို စက္တင္ဘာ ၁၁ ရက္အထိ ေနာက္ဆုံးထားဆက္သြယ္ဖို႔ သတိေပးခဲ့ေပမယ့္  စက္တင္ဘာ ၁၂ ရက္အထိ ျပန္ဆက္သြယ္တဲ့ သူေတြက ၂၆ ဦး သာ ရွိခဲ့ပါတယ္။ဒီရက္ထဲ ဆတိုးတက္ခဲ့တဲ့ ဗိုင္းရပ္စ္ကူးစက္ခံရသူေတြထဲမွာ အမ်ားစုက ရခိုင္နဲ႔ ျပည္ပသို႔ သြားေရာက္ျခင္းမရွိသလို ပိုးကူးစက္ခံထားရတဲ့သူေတြနဲ႔လည္း ထိစပ္ခဲ့ျခင္းမရွိတဲ့ ျပည္တြင္းကူးစက္ခံရသူေတြခ်ည္းဘဲ ျဖစ္ေနတဲ့အတြက္ ဒီက်န္တဲ့သူေတြကေန ကူးစက္တယ္လို႔ယူဆရၿပီး ဒီလူေတြရဲ႕ တစ္ကိုယ္ေကာင္းဆန္တဲ့အတၱက စက္ဆုပ္စရာေကာင္းတဲ့အတြက္ မွတ္ေလာက္သားေလာက္ေအာင္ ျပင္းျပင္းထန္ထန္ကိုင္တြယ္ဖို႔ အမ်ားစုကဆႏၵရွိခဲ့ၾကပါတယ္။အမ်ားျပည္သူအေနနဲ႔လည္း အစိုးရအေနနဲ႔ ဒီျပႆနာကို ဘယ္လိုမ်ားကိုင္တြယ္မလဲ၊ ေျပာသလိုလုပ္ရဲ႕လားဆိုတာကို ေစာင့္ၾကည့္ေနမွာပါ။  

လက္ရွိ ရန္ကုန္မွာ ပိုးကူးစက္မႈက အရမ္းျမင့္တက္လာခဲ့တယ္ဆိုေပမယ့္ အစိုးရအေနနဲ႔ ပထမတစ္ခါတုန္းကလို စီးပြားေရးလုပ္ငန္းေတြ အမ်ားျပည္သူသယ္ယူပို႔ေဆာင္ေရးလုပ္ငန္းေတြကို ရပ္ဆိုင္းလို႔မရတဲ့အတြက္ စြန႔္စားၿပီးကိုင္တြယ္ရတဲ့အတြက္ ကူးစက္မႈအတြက္ အခြင့္အလမ္းေပးသလိုျဖစ္ခဲ့ပါတယ္။
ရန္ကုန္ေနလူထုအၾကားမွာလည္း အေၾကာက္တရားက ကူးစက္သူျမင့္လာတာနဲ႔အမွ် ျမင့္တက္လာခဲ့ပါတယ္။ရန္ကုန္ၿမိဳ႕ လမ္းေတြ၊ ရပ္ကြက္မွာ လူနာတင္ယာဥ္ေတြဝင္လာတာ၊ ဝတ္စုံျဖဴဝတ္သူေတြဝင္လာတာ စိပ္လာတာနဲ႔အမွ် ျပည္သူေတြစိတ္ထဲ အေျခအေနတစ္ခုကို ရိပ္စားမိေနၾကပါတယ္။ဒါက ဗိုင္းရပ္စ္က ကိုယ့္အဝန္းဝိုင္းထိ ေရာက္လာခဲ့ၿပီဆိုတာကိုပါ။ဒီအတြက္ ကိုယ္နဲ႔နီးစပ္တဲ့ေနရာတိုင္းကို သံသယနဲ႔သြားလာေနထိုင္မႈရွိလာခဲ့ၿပီး စက္တင္ဘာ ၁၄ ရက္မွာ ပိုးကူးစက္ခံရသူ ၃၀၁၅ ဦးရွိလာခ်ိန္မွာ က်န္းမာေရးအာဏာပိုင္ေတြက ရန္ကုန္တိုင္းေဒသႀကီးထဲ အဝင္အထြက္ကို ကန႔္သတ္ခဲ့သလို ၿမိဳ႕နယ္ ၂၈ ၿမိဳ႕နယ္ကို stay at Home အျဖစ္ သတ္မွတ္ထားခဲ့ပါတယ္။

ဒီေနာက္မွာ ရပ္ကြက္တိုင္း လမ္းတိုင္းက အျပင္သူမဝင္ရေအာင္ဆိုၿပီး အကာအရံေတြ၊ လမ္းေတြကို အခိုင္အမာပိတ္ဆို႔မႈေတြလုပ္ခဲ့သလို တခ်ိဳ႕လမ္းေတြ၊ ရပ္ကြက္ေတြမွာျဖစ္လာတဲ့ အခြင့္အေရးအာဏာကိုအသုံးခ်ၿပီး ႏိုင္လိုမင္းထက္လုပ္ေဆာင္မႈေတြ ျဖစ္လာခဲ့ပါတယ္။ထင္ထင္ရွားရွားအေနနဲ႔ စက္တင္ဘာ ၁၂ ရက္က တာေမြၿမိဳ႕နယ္ ၁၃၈ လမ္းထိပ္မွာ အုပ္ခ်ဳပ္ေရးပိုင္းမွ ၫႊန္ၾကားခ်က္မရွိဘဲ ႏွာေခါင္းစည္း (Mask) မတပ္သူမ်ားကို အဆိုပါလမ္းထိပ္ရွိ ပရဟိတေဆာင္႐ြက္ေနသူမ်ားက ထိုင္ထအခါ ၃၀ ျပဳလုပ္ေစတဲ့ျဖစ္ရပ္နဲ႔ သဃၤန္းကြၽန္းၿမိဳ႕နယ္မွာ ၿခံဝင္းတစ္ခုအတြင္း ႏွာေခါင္းစည္းမတပ္ဟုဆိုကာ အမ်ိဳးသမီးငယ္ႏွစ္ဦးကို ၿခိမ္းေျခာက္ျခင္း၊ ဆဲဆိုျခင္းႏွင့္ အုပ္စုဖြဲ႕အႏိုင္က်င့္ျခင္းမ်ား ျဖစ္ေပၚခဲ့တဲ့လုပ္ရပ္ေတြက အေတာ္ေလးကို ႐ုပ္ပ်က္ဆင္းပ်က္ေစတဲ့ ႏိုင္လိုမင္းထက္ျဖစ္ရပ္ေတြ ရန္ကုန္မွာျဖစ္ခဲ့သလို နယ္ေတြမွာလည္း က်န္းမာေရးဆိုင္ရာ ေဘးအႏၲရာယ္ကို အေၾကာင္းျပၿပီး ဧည့္သည္ေတြလာေရာက္တာကိုစစ္ေဆးတဲ့ ရမ္းကားတဲ့ျဖစ္ရပ္ေတြ ေပၚေပါက္ခဲ့တာကိုလည္း ေတြ႕ခဲ့ရပါတယ္။ျဖစ္ရပ္အမ်ားစုကိုၾကည့္မိရင္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးေ႐ြးတာ၊ လမ္းမႉးေ႐ြးခ်ယ္တာမွာ ပညာအသိဉာဏ္မရွိတဲ့သူေတြ ေနရာေပးမိရင္ က်ဥ္းထဲက်ပ္ထဲ အခ်ိန္ကာလေတြမွာ ဘယ္ေလာက္ထိအႏၲရာယ္ႀကီးလဲဆိုတာကို ျပက္ျပက္ထင္ထင္ ျမင္လိုက္ၾကရမွာျဖစ္ပါတယ္။

ဒီလို လမ္းတိုင္းၾကပ္မတ္စစ္ေဆးဖို႔ဆိုတာကို လုပ္ေဆာင္သူေတြရဲ႕ ဉာဏ္ရည္အေပၚ အေျခခံၿပီး လုပ္ကိုင္ေဆာင္႐ြက္မႈေတြေၾကာင့္ စက္တင္ဘာ ၁၁ ရက္ ညက ရန္ကုန္အေျခအေနက ၁၉၈၈ ခုႏွစ္က ျမင္ခဲ့ရတဲ့ တစ္လမ္းနဲ႔ တစ္လမ္းေတာင္ ကူးလို႔မလြယ္တဲ့အေျခအေနမ်ိဳးေတြ ျဖစ္ခဲ့ရပါတယ္။လက္ခံလို႔မရတဲ့ ရတဲ့အခြင့္အေရးကို အမိအရယူၿပီး လမ္းမ်ားအား အခိုင္အမာပိတ္ဆို႔ထားျခင္းအေပၚ ရန္ကုန္ၿမိဳ႕ခံမ်ားၾကား ေဝဖန္မႈမ်ားျမင့္တက္ခဲ့ကာ ယင္းလုပ္ရပ္ကိုရ‌ည္ၫႊန္းၿပီး ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရသြားၾကတဲ့ပုံစံ သေရာ္စာေတြနဲ႔ ၿမိဳ႕နယ္ေတြကို ႏိုင္ငံေတြပမာခြဲထြက္ေတြ ထူေထာင္သေရာ္ခဲ့တဲ့ သေရာ္မႈေဝဖန္မႈကလည္း လူထုအၾကား ေပါက္ေရာက္ခဲ့ပါတယ္။ဒီလို ျပည္သူကို ႏိုင္လိုမင္းထက္လုပ္တဲ့ ဒီလုပ္ရပ္ေတြကို အမ်ားျပည္သူက အာဏာပိုင္ေတြသိေအာင္ လူမႈကြန္ရက္ကေန တင္ျပခဲ့သလို စည္းလြတ္ေဘာင္လြတ္ လုပ္ပိုင္ခြင့္ရတဲ့ နယ္စား ၿမိဳ႕စား အပိုင္စားေတြပမာ ကဲကဲလႈပ္လုပ္ျပ၊ ကာကြယ္ျပတဲ့ အာဏာျပတဲ့အဖြဲ႕အစည္းေတြ၊ အာဏာျပတဲ့လူပုဂၢိဳလ္ေတြကို မေအႏွမတုပ္ခဲ့ၾကပါတယ္။

ေနာက္ရက္ျဖစ္တဲ့ စက္တင္ဘာ ၁၂ ရက္မွာေတာ့ ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ လမ္းသြယ္မ်ားတြင္ ကန႔္သတ္ပိတ္ဆို႔တားျမစ္ျခင္းမ်ား မရွိေစေရးအတြက္ ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္ဥကၠ႒ႏွင့္ ၿမိဳ႕ေတာ္ဝန္ ကြင္းဆင္းၾကည့္ရႈခဲ့သလို COVID-19 ထိန္းခ်ဳပ္ေရးႏွင့္ အေရးေပၚတုံ႔ျပန္ေရး အမ်ိဳးသားအဆင့္ဗဟိုေကာ္မတီက စက္တင္ဘာ ၁၂ ရက္စြဲျဖင့္ ရန္ကုန္ၿမိဳ႕ရွိ  ၿမိဳ႕နယ္၊ ရပ္ကြက္မ်ားအတြင္း လမ္းမ်ားပိတ္ဆို႔ၿပီး အမ်ားျပည္သူအၾကပ္အတည္းျဖစ္ေစရန္ ေဆာင္႐ြက္ခဲ့သည့္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးမ်ားကို တရားဥပေဒႏွင့္အညီေဆာင္႐ြက္ရန္ ၎တို႔၏အမည္စာရင္းမ်ားအား စက္တင္ဘာ ၁၈ ရက္ ေနာက္ဆုံးေပးပို႔ရန္ စာကိုလည္း ထုတ္ျပန္ခဲ့တာေတြ႕ရပါတယ္။

က်န္းမာေရးအာဏာပိုင္ေတြအေနနဲ႔ လုပ္ကိုင္ေဆာင္႐ြက္ရာမွာ အာဏာစက္လိုေနတဲ့အတြက္ အခက္အခဲျဖစ္ေနသလို တင္းတင္းက်ပ္က်ပ္ကိုင္တြယ္ရင္လည္း ရပ္ကြက္ေတြ၊ လမ္းေတြမွာရွိေနတဲ့  ယခင္က လူေဟာင္းအမ်ားစုႀကီးစိုးထားတဲ့ ရပ္ကြက္အာဏာပိုင္အခ်ိဳ႕ရဲ႕ အာဏာျပမႈ၊ လုပ္ပိုင္ခြင့္တလြဲအသုံးခ်မႈေတြကိုလည္း ျဖစ္မွာစိုးရတဲ့အတြက္ ဒီဗိုင္းရပ္စ္ထိန္းႏိုင္ဖို႔က အေတာ္ေလးကိုခက္ခဲမယ့္ အေျခအေနရွိေနပါတယ္။ဩဂုတ္လ သတ္မွတ္ရက္အတြင္း ရခိုင္ကို ေလေၾကာင္းကေနသြားေရာက္ခဲ့တဲ့သူေတြထဲ အမ်ားစုက ရန္ကုန္ရပ္ကြက္ထဲမွာရွိေနသလို နည္းအမ်ိဳးမ်ိဳးနဲ႔ ဝင္ေရာက္လာတဲ့သူေတြလည္း ရွိေနတဲ့အတြက္ ဒီလူေတြ လူစိတ္ရွိၿပီး ပူးေပါင္းမွဘဲ ဒီကူးစက္ေရာဂါကို ထိန္းခ်ဳပ္ႏိုင္ဖြယ္ရွိေနပါတယ္။လက္ရွိမွာ ကူးစက္ခံရသူအေရအတြက္က ရန္ကုန္တစ္ခုတည္းမွာဘဲ ၁၃၀၀ ေက်ာ္ေနသလို ေဆး႐ုံမေလာက္ေအာင္ ပိုးေတြ႕လို႔ကုသေနရတဲ့သူေတြ၊ ကြာရင္တိုင္းဝင္ေနရတဲ့သူေတြ၊ ဟိုတယ္နဲ႔ ဟုမ္းကြာရင္တိုင္းဝင္ေနရတဲ့သူေတြလည္း အေတာ္ေလးမ်ားေနတဲ့အတြက္ က်န္းမာေရးဝန္ႀကီးကိုယ္တိုင္က က်န္းမာေရးဝန္ထမ္းမ်ား ေျခကုန္လက္ပန္းက်ပါက က်န္းမာေရးစနစ္ႀကီးတစ္ခုလုံး ၿပိဳလဲသြားႏိုင္သည့္အတြက္ ဝန္ႀကီးဌာနရွိ တကၠသိုလ္ ၁၆ ခုမွ ဆရာ၊ ဆရာမမ်ားကို အလွည့္က်တာဝန္ခ်ထားႏိုင္ရန္ စီစဥ္ေဆာင္႐ြက္လ်က္ရွိတယ္ဆိုၿပီး စာထုတ္ရတဲ့အထိ အေျခအေနကဆိုးေနပါတယ္။
က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ခ်က္အရဆိုရင္ ေဆး႐ုံမ်ားတြင္ ေရာဂါအတည္ျပဳလူနာႏွင့္ သံသယလူနာမ်ား အလြန္မ်ားျပားလ်က္ရွိသလို ေသဆုံးမႈကလည္း ျမင့္တက္ေနတဲ့အတြက္ အရပ္သားအစိုးရကို ကူညီႏိုင္ဖို႔ဆိုရင္ ကူးစက္ကပ္ေဘးကေနလြတ္ဖို႔ ကိုယ္ကိုယ္တိုင္ေစာင့္ေရွာက္႐ုံမွတစ္ပါး မရွိပါဘူး။

ဒီကပ္ေဘးမွာ အရပ္သားအစိုးရနဲ႔ ျပည္သူတို႔ ပူးေပါင္းလက္တြဲတိုက္ဖ်က္မႈ၊ ႀကံ့ႀကံ့ခိုင္မႈက ခ်ီးက်ဴးစရာပါ။စက္တင္ဘာ ၁၀ ရက္ Covid-19 ေရာဂါႏွင့္ပတ္သက္၍ ျပည္သူသို႔ အစီရင္ခံတင္ျပသည့္မိန႔္ခြန္းမွာ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ က "အခု ရန္ကုန္တိုင္းနဲ႔ပတ္သက္ၿပီးေတာ့လည္း ကြၽန္မတို႔ စည္းမ်ဥ္း၊ စည္းကမ္းေတြ ထုတ္ထားပါတယ္။ဒါကိုတင္းက်ပ္တယ္လို႔ တခ်ိဳ႕ကထင္ပါလိမ့္မယ္။ဒါေပမဲ့လည္း ဒီလိုတင္းတင္းက်ပ္က်ပ္နဲ႔ ကြၽန္မတို႔ ႏွစ္ပတ္၊ သုံးပတ္ေလာက္ လိုက္နာမယ္ဆိုရင္ ကြၽန္မတို႔ ဒီေရာဂါကိုထိန္းခ်ဳပ္ႏိုင္မယ့္အေျခအေနကို ေရာက္လာမွာပါ။အဲဒါေၾကာင့္ အားလုံးကေနၿပီးေတာ့ စည္းမ်ဥ္း၊ စည္းကမ္းေတြ လိုက္နာေပးပါ'' လို႔ ေတာင္းဆိုခဲ့ပါတယ္။က်န္းမာေရးဝန္ထမ္းေတြၿပိဳလဲရင္ ဖ်ာခင္းေနရာယူမယ့္  အတၱႀကီးၿပီး ကိုယ္ခ်င္းစာတရားမရွိတဲ့သူေတြေဘးလည္း ရွိေနတဲ့အတြက္ ၫႊန္ၾကားတဲ့အတိုင္းေနျခင္းနဲ႔ စည္းကမ္းလိုက္နာေနထိုင္ၿပီး ကိုယ္တင္ခဲ့တဲ့အရပ္သားအစိုးရကို ကူညီေပး႐ုံမွတပါး မရွိေတာ့ပါဘူး။ေရွ႕ရက္ေတြမွာ ဘယ္သူေတြ ဘယ္အဖြဲ႕အစည္းေတြက ျပည္သူဘက္ကရပ္သလဲ၊ ဘယ္သူကေတာေၾကာင္လဲဆိုတာ ကြဲကြဲျပားျပားျမင္ရေတာ့မွာျဖစ္ပါတယ္။ဒီအတြက္ ေစာင့္ၾကည့္ရေတာ့မွာျဖစ္ပါတယ္။  

ကိုဗစ္ကာလမွာဖြင့္ခဲ့တဲ့ ေကတီဗြီျပႆနာ

ယခုျပန္ေခါင္းထလာၿပီး ကူးစက္မႈမ်ားျပားကာ ေသဆုံးမႈမ်ားတဲ့ ဒုတိယာအေက်ာ့ ကိုဗစ္ကူးစက္ကပ္ေရာဂါက ရန္ကုန္မွာအျဖစ္မ်ားခဲ့ပါတယ္။ဒီထဲမွာ ရန္ကုန္ၿမိဳ႕နယ္ေပါင္း ၅၀ နီးပါးရွိေပမယ့္ ကူးစက္မႈအမ်ားဆုံးျဖစ္ခဲ့တာ သဃၤန္းကြၽန္းၿမိဳ႕နယ္ျဖစ္ခဲ့ပါတယ္။ကိုဗစ္ပထမလႈိင္းတုန္းက တားထားတဲ့ၾကားထဲကေနလုပ္ခဲ့တဲ့ တရားေဟာေျပာပြဲ‌ေၾကာင့္ မရမ္းကုန္းနဲ႔ အင္းစိန္က ထိစပ္ကူးစက္သူအမ်ားဆုံးျဖစ္ခဲ့ရသလိုဘဲ ယခုဒုတိယလႈိင္းမွာ ပိတ္ဖို႔အားလုံးကိုတားျမစ္ထားတဲ့ၾကားထဲကေန ရေအာင္ဖြင့္ခဲ့တဲ့ ေကတီဗြီနဲ႔ စားေသာက္ဆိုင္ေၾကာင့္ ကူးစက္သူအေရအတြက္က တစ္ရာဝန္းက်င္ရွိခဲ့ပါတယ္။တိုက္႐ိုက္ထိစပ္သူ၊ သြယ္၀ိုက္ကူးစက္သူေတြနဲ႔ ေပါင္းလိုက္မယ္ဆိုရင္ ကူးစက္ခံရသူအေရအတြက္က တစ္ရာနီးပါးထိ ရွိခဲ့ပါတယ္။

လူမႈကြန္ရက္မွာထြက္ေပၚလာတဲ့ သတင္းေတြအရဆိုရင္ အဆိုပါႀကီးမားတဲ့ေကတီဗြီကို ပိုင္ဆိုင္တဲ့ ပိုင္ရွင္က အၿငိမ္းစား အဆင့္ျမင့္အရာရွိႀကီးတစ္ဦးႏွင့္ ဆက္စပ္ေနတဲ့သူျဖစ္တယ္ ဆိုပါတယ္။တရားဝင္မဟုတ္တဲ့ သတင္းေတြအရ ယခင္ ကိုဗစ္ပထမလႈိင္းကတည္းက ဆိုင္ကိုမပိတ္ခဲ့တာလို႔ ေျပာဆိုမႈေတြရွိသလို ယခု ျပင္းထန္တဲ့ဒုတိယလႈိင္းမွာ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက တားျမစ္ခ်က္ကိုခ်ိဳးေဖာက္ၿပီး အတင့္ရဲစြာဖြင့္ခဲ့တာပါ။ဒီအတြက္ ဆိုင္ရွင္မွာ အေတာ္ေလးကို ႀကီးႀကီးမားမားေနာက္ခံ အဆက္အသြယ္ေကာင္းေတြရွိတယ္ဆိုၿပီး သတင္းေတြထြက္ခဲ့ပါတယ္။အထူးသျဖင့္ ယခင္စစ္အစိုးရလက္ထက္ ႏွစ္အေတာ္ၾကာ အႀကီးအကဲတာဝန္ယူခဲ့သူ ဗိုလ္ခ်ဳပ္မႉးႀကီးသန္းေ႐ႊရဲ႕ ေျမးေတာ္စပ္သူ ရွယ္ယာပါဝင္တယ္ဆိုၿပီး သတင္းေတြထြက္လာခဲ့သလို အြန္လိုင္းသတင္းအခ်ိဳ႕မွာ  ေရးသားေဖာ္ျပမႈေတြရွိခဲ့ပါတယ္။ဒီလိုေဖာ္ျပမႈေတြေၾကာင့္ စြပ္စြဲခံရသူ ေနေ႐ႊေသြးေအာင္၏ ဖခင္ျဖစ္သူက ၎ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာမွာ သဃၤန္းကြၽန္းၿမိဳ႕နယ္အတြင္း ကိုဗစ္ (၁၉) ပိုးေတြ႕လူနာမ်ားေတြ႕ရွိခဲ့သည့္ Music Zone KTV ကို ေနေ႐ႊေသြးေအာင္ ဖြင့္လွစ္ထားသည္ဟု အသေရဖ်က္ေနမႈမ်ားမွာ မဟုတ္မွန္ေၾကာင္းကို ေရးသားခဲ့ကာ 'လတ္တေလာ ကိုဗစ္ (၁၉) ပိုးေတြ႕ရွိခဲ့ၿပီး သဃၤန္းကြၽန္းၿမိဳ႕နယ္အတြင္း ပိုးမ်ားအဓိကျဖန႔္ျဖဴးသည္ဟု နာမည္ထြက္ေနေသာ Music Zone KTV Karaoke Restaurant သည္ ဦးေနစိုးေမာင္၏ သား ေနေ႐ႊေသြးေအာင္ ဖြင့္လွစ္ထားသည္ဆိုကာ အသေရဖ်က္မႈမ်ား လုပ္ေဆာင္လ်က္ရွိပါသည္။ယင္း KTV သည္ မဖြင့္ခင္ကပင္ သား ဖိုးလ ပိုင္သေယာင္ေယာင္ေျပာၿပီး ဖြင့္ၿပီးခ်ိန္တြင္လည္း Waiter ေလးမ်ားကို ပိုင္ရွင္ဘယ္သူလည္းေမးလွ်င္ ေျပာ၍မရပါေၾကာင္း ဟုတ္သေယာင္ေယာင္ျဖစ္ေအာင္၊ ရဲမ်ားမဝင္ေအာင္ နည္းဗ်ဴဟာသုံးေၾကာင္းလည္း ရဲစခန္းမွေျပာျပပါသည္။ေနေ႐ႊေသြးေအာင္မွာ အမ်ားထင္သလို လုပ္ငန္းႀကီးမ်ားလည္း မရွိသည့္အျပင္ KTV Club မ်ား ဖြင့္ရန္မဆိုထားႏွင့္ သြားေရာက္ေလ့ပင္မရွိပါ။ထို႔ေၾကာင့္ မနာလိုဝန္တို မစၦရိယစိတ္ျဖင့္ နာမည္ဖ်က္မႈမ်ားသည္ လုံး၀မဟုတ္မွန္ ေၾကာင္း သိေစအပ္ပါသည္' ဆိုၿပီး  ၎၏လူမႈကြန္ရက္စာမ်က္ႏွာတြင္ ေရးသားခဲ့ပါတယ္။ဒါ့အျပင္ ၎က ကိုဗစ္ကာလတြင္ စည္းကမ္းမလိုက္နာခဲ့ေသာ လူအမ်ားကိုေရာဂါကူးစက္ေစခဲ့သည့္ Music Zone KTV Restaurant အား ဖ်က္သိမ္းေပးရန္ ေတာင္းဆိုေၾကာင္းကိုပါ ေရးသားခဲ့ပါတယ္။

ဒီလိုေရးသားေဖာ္ျပခဲ့တဲ့အတြက္ အဆိုပါ လူရာဂဏန္းနီးပါးကူးစက္မႈျပခဲ့တဲ့ Music Zone ေကတီဗြီဆိုင္ပိုင္ရွင္ ဘယ္သူလဲဆိုတာ စိတ္ဝင္စားစရာျဖစ္လာခဲ့ပါတယ္။ဒါ့အျပင္ နယ္ေျမအာဏာပိုင္ေတြ မထိရဲေအာင္ ဘယ္သူရွယ္ယာပါတယ္၊ ဘယ္ဝါရွယ္ယာပါတယ္ဆိုၿပီး အေယာင္ေဆာင္လုပ္စားခဲ့တာ ဥပေဒကို လက္တစ္လုံးျခား ခ်ိဳးေဖာက္တာလား၊ ခ်ိဳးေဖာက္ရဲေအာင္ ဘယ္သူေတြက အကာအကြယ္ေပးေနသလဲ၊ ဘယ္သူေတြက ပူးေပါင္းကာကြယ္ေနသလဲဆိုတာ ေမးခြန္းထုတ္စရာျဖစ္လာပါတယ္။မီဒီယာေတြမွာေဖာ္ျပခ်က္အရ အဆိုပါေျမေနရာ ဂရန္အမည္ေပါက္မွာ ဦးေဇာ္မင္းဆိုသူျဖစ္ၿပီး လက္ရွိမွာ အဆိုပါဆိုင္ရွင္ကို တရားစြဲဖို႔ အထက္ဌာနမ်ားထံမွ ခြင့္ျပဳခ်က္ေတာင္းေနတယ္ဆိုၿပီး ခြင့္ျပဳခ်က္ရလို႔ တရားစြဲတဲ့အခါ တရား႐ုံးက်မွ ပိုင္ရွင္ဘယ္သူလဲဆိုတာ ဖြင့္ျပမယ္ဆိုတဲ့အတြက္ ေစာင့္ၾကည့္ခ်င္စရာပါ။ဒီျပႆနာကို ျပတ္ျပတ္သားသားမကိုင္တြယ္ရင္ ဥပေဒခ်ိဳးေဖာက္ၿပီး စီးပြားေရးေသာင္းက်န္းမယ့္ဆိုင္ေတြ ေနာက္ထပ္ရွိလာစရာရွိတဲ့အတြက္ အာဏာပိုင္ေတြ ဘယ္လိုလုပ္ႏိုင္စရာရွိသလဲဆိုတာ ေစာင့္ၾကည့္ရဦးမွာျဖစ္ပါတယ္။

ေအာက္လုံးေတြနဲ႔ ျပင္းထန္လာတဲ့ မဲဆြယ္ပြဲ

ေ႐ြးေကာက္ပြဲနီးလာတာနဲ႔အမွ် ပါတီကိုေထာက္ခံသူေတြနဲ႔ ဝန္းရံသူေတြၾကား ၿပိဳင္ဆိုင္မႈက ျပင္းထန္လာခဲ့ပါတယ္။ဒီရက္သတၱပတ္ထဲမွာ မီဒီယာမွာတက္လာတဲ့ သတင္းေတြအရ အာဏာရပါတီရဲ႕ မဲဆြယ္ဆိုင္းဘုတ္ေတြ ဖ်က္ဆီးခံရတာေတြရွိခဲ့ပါတယ္။ျပည္ခိုင္ၿဖိဳးပါတီ ဥကၠ႒ ဦးသန္းေဌး ေ႐ြးေကာက္ပြဲဝင္ၿပိဳင္မည့္ ေဇယ်ာသီရိၿမိဳ႕နယ္ရွိ ႐ြာတစ္႐ြာတြင္ NLD အမတ္ေလာင္းမ်ား၏ စည္း႐ုံးေရးပိုစတာဆိုင္းဘုတ္ ဖ်က္ဆီးခံရသလို ကိုးကိုးကြၽန္းၿမိဳ႕နယ္တြင္လည္း NLD အမတ္ေလာင္းမ်ား၏ စည္း႐ုံးေရးပိုစတာဆိုင္းဘုတ္ ဖ်က္ဆီးခံရပါတယ္။ဒါ့အျပင္ မႏၲေလးၿမိဳ႕ မဟာေအာင္ေျမၿမိဳ႕နယ္ မစိုးရိမ္တိုက္သစ္ေထာင့္မွာ စိုက္ထူထားတဲ့ NLD ေအာင္ႏိုင္ေရးဆိုင္းဘုတ္ကို ဖ်က္ဆီးၿပီး ေရထဲပစ္ခ်ခဲ့တဲ့ျဖစ္စဥ္လည္း ျဖစ္ခဲ့ပါတယ္။စက္တင္ဘာ ၁၃ ရက္မွာ မြန္ျပည္နယ္ ေပါင္ၿမိဳ႕နယ္ ထန္ပင္ေခ်ာင္ႀကီးေက်း႐ြာမွာ NLD အမတ္ေလာင္း မိကြန္ခ်မ္း၏ မဲဆြယ္ဆိုင္းဘုတ္ ဖ်က္ဆီးခံခဲ့ရသလို ေတာင္ကုတ္ၿမိဳ႕နယ္ မအီၿမိဳ႕က NLD လႊတ္ေတာ္ကိုယ္စားလွယ္ မဲဆြယ္ဆိုင္းဘုတ္ကို ဖ်က္ဆီးခံခဲ့ရပါတယ္။စက္တင္ဘာ ၁၁ ရက္ မွာလဲ ျပည္ခိုင္ၿဖိဳး ဟသၤာတျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္း ဦးေဌးဦးရဲ႕ ဟသၤာတေနအိမ္ကို ကုန္းသီးနဲ႔လာပစ္ခဲ့တာ ရွိခဲ့ပါတယ္။

ဒီလိုအၾကမ္းဖက္ခံရတဲ့အျဖစ္က တျခားပါတီေတြမွာထက္ အာဏာရပါတီကိုဦးတည္တဲ့အျဖစ္မ်ားေနတာက အေတာ္ေလးထူးဆန္းတဲ့ကိစၥပါဘဲ။တစ္ကယ္ေတာ့ မထူးဆန္းပါဘူး။မၾကာမီက အာဏာရပါတီရဲ႕ေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ က NLD ပါတီကို ေထာက္ခံတဲ့သူေတြအေနနဲ႔ အိမ္ေရွ႕နဲ႔ ယာဥ္ေတြမွာ စက္တင္ဘာ ၈ ရက္ေန႔ကို ပါတီအလံထိုးစိုက္ဖို႔ ေျပာၿပီးေနာက္ တစ္ႏိုင္ငံလုံးျမင္ရတဲ့အေျခအေနအရ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ ေရပန္းစားေနတာ အာဏာရပါတီျဖစ္ေနတာကို ေတြ႕ရပါတယ္။ဒီအေျခအေနအရသာဆိုရင္ ၂၀၁၅ တုန္းကလို ေသာင္ၿပိဳကမ္းၿပိဳ ႏိုင္/မႏိုင္ မေျပာႏိုင္ေပမယ့္ ႏိုင္မွာအေသအခ်ာပါဘဲ။ဒီလိုအေနအထားျဖစ္လာခ်ိန္မွာ ထုံးစံအတိုင္း မဲဆြယ္ဖို႔အေရးထက္ ေအာက္လုံးထိုးတာ၊ မေထာက္ခံရဲေအာင္လုပ္တာက တခ်ိဳ႕ေသာသူေတြ အဖြဲ႕အစည္းေတြအတြက္ ယခင္ကထက္ ပိုအေရးႀကီးလာခဲ့ပါတယ္။လတ္တေလာမွာ ကိုဗစ္ဒုတိယလႈိင္းကလည္း ပိုျပင္းထန္လာခဲတဲ့အတြက္ ရန္ကုန္မွာ မဲဆြယ္ခြင့္ကလည္း Stay at Home ၿမိဳ႕နယ္ခ်ည္းဘဲ ၂၈ ၿမိဳ႕နယ္ထိ ရွိလာတဲ့အတြက္ ပါတီတိုင္းအတြက္ မဲဆြယ္ခြင့္က ခက္ခဲလာခဲ့ပါတယ္။ဒီတစ္ခါျပဳလုပ္တဲ့ ေ႐ြးေကာက္ပြဲက တခ်ိဳ႕ေသာပါတီေတြအတြက္ ေနာက္ဆုံးအခြင့္အေရးျဖစ္သလို တခ်ိဳ႕ေသာပါတီေတြအတြက္လည္း ေ႐ြးေကာက္ခံရမႈရွိမွ အရွက္မကြဲမယ့္အေနအထားရွိတဲ့အတြက္ မီးကုန္ယမ္းကုန္ မဲရေအာင္နည္းမ်ိဳးစုံသုံးရမယ့္ အေနအထားပါ။ဒါ့အျပင္ ျပင္းထန္လာတဲ့ ဗိုင္းရပ္စ္ကူးစက္မႈကို အေၾကာင္းျပၿပီး ပါတီတစ္ခ်ိဳ႕က ေ႐ြးေကာက္ပြဲကို ေ႐ႊ႕ဆိုင္းခြင့္ေတာင္းခဲ့တာလည္း ရွိခဲ့ပါတယ္။

ပါတီငယ္ေတြက ေ႐ြးေကာက္ပြဲရက္ ေ႐ႊ႕ဆိုင္းခြင့္ေတာင္းေပမယ္လည္း ႏိုင္ငံတစ္ဝန္းေ႐ြးေကာက္ပြဲဝင္မယ့္ အဓိကပါတီေတြျဖစ္တဲ့ အာဏာပါတီ NLD နဲ႔ အတိုက္အခံပါတီ ျပည္ခိုင္ၿဖိဳးပါတီၾကား အားၿပိဳင္မႈကေတာ့ ဆက္လက္ျမင့္တက္ေနဆဲျဖစ္ပါတယ္။လူမႈကြန္ရက္ေပၚမွာသာ အၿပိဳင္အဆိုင္ျဖစ္တာသာမဟုတ္။စက္တင္ဘာ ၁၃ ရက္က ပဲခူးမွာျပဳလုပ္တဲ့ မဲဆြယ္ပြဲမွာ ပါတီႏွစ္ခုၾကားအားၿပိဳင္မႈက ပဲခူးၿမိဳ႕ကို အေတာ္ေလးသတိထားစရာျဖစ္ေအာင္ ရွိခဲ့ပါတယ္။

လက္ရွိမွာ ေကာ္မရွင္အေနနဲ႔ ေ႐ြးေကာက္ပြဲကိုေ႐ႊ႕ဆိုင္းမယ္ဆိုလည္း ေအာက္တိုဘာမွသာ ေၾကညာမယ္ဆိုတဲ့အတြက္ ဒီၾကားထဲမွာ ကူးစက္ေရာဂါကိုထိန္းခ်ဳပ္ဖို႔ အေတာ္ေလးႀကိဳးစားလုပ္ကိုင္မယ့္ သေဘာလည္းရွိေနပါတယ္။ကမာၻ႔အႏွံအျပားမွာ ကိုဗစ္ကပ္ဆိုးႀကီးနဲ႔ တိုက္ပြဲဝင္ေနရေပမယ့္ ေတာင္ကိုရီးယား၊ သီရိလကၤာ၊ စင္ကာပူ၊ မြန္ဂိုလီးယား၊ ဂ်ပန္နဲ႔ ထိုင္းႏိုင္ငံတို႔မွာ အေထြေထြေ႐ြးေကာက္ပြဲ၊ ၿမိဳ႕ေတာ္ဝန္ေ႐ြးေကာက္ပြဲ၊ ျပည္နယ္ေ႐ြးေကာက္ပြဲ စတာေတြကို အေအာင္ျမင္ဆုံးရလဒ္ေတြရေအာင္ က်င္းပခဲ့ၾကတဲ့အတြက္ ျမန္မာေ႐ြးေကာက္ပြဲ ပုံမွန္အတိုင္းဆက္သြားႏိုင္တဲ့ဘက္မွာ ရာခိုင္ႏူန္းမ်ားေနတဲ့အတြက္ ေရွ႕ဆက္ ဘယ္လိုျပႆနာေတြ ဆက္ျမင္ရလာႏိုင္သလဲ၊ ေ႐ြးေကာက္ပြဲမွာ ျပည္သူက ဓမၼဘက္က ဘယ္ေလာက္ထိရပ္တည္ျပခြင့္ရမလဲ ေစာင့္ၾကည့္ရေတာ့မွာျဖစ္ပါတယ္။

မာလင္း
စက္တင္ဘာ - ၁၄