မန္တလေး၊ ဧပြီ - ၂၄
နေ့အပူချိန်တွေ မြင့်မားနေတာကြောင့် မန္တလေးမြို့ပေါ်က စူပါမားကက်တွေ၊ အပန်းဖြေစခန်းတွေနဲ့ ချောင်းငယ် မြောင်းငယ်တွေမှာ သွားရောက်အပူရှောင်သူတွေ ပိုမိုများပြားလာတယ်လို့ ဒေသခံတွေကပြောပါတယ်။
သင်္ကြန်ကာလမတိုင်မီကတည်းက နေ့အပူချိန်တွေ မြင့်တက်နေခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ လျှပ်စစ်မီးရရှိချိန် နည်းပါးလာတာကြောင့် နီးစပ်ရာနေရာတွေမှာ သွားရောက်အပူရှောင်နေကြတာဖြစ်ပါတယ်။