【 အားကစား 】 အီတလီအသင်း နိုင်ပွဲဆက်ဦးမယ့် ယူရိုခြေစစ်ပွဲ

【 အားကစား 】 အီတလီအသင်း နိုင်ပွဲဆက်ဦးမယ့် ယူရိုခြေစစ်ပွဲ

၂၀၂၀ ယူရိုခြေစစ်ပွဲအဖြစ် အာမေးနီးယားအသင်းနဲ့ အီတလီအသင်းတို့ ယနေ့ည ၁၀ နာရီခွဲအချိန်မှာ အာမေးနီးယားအသင်းရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

အာမေးနီးယားအသင်းအနေနဲ့ ယူရိုခြေစစ်ပွဲ အဖွင့်ပွဲစဉ်အဖြစ် ဘော်စနီးယားအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရာမှာ ဘောလုံးပိုင်ဆိုင်မှု ၃၁ ရာခိုင်နှုန်းရှိခဲ့ပြီး ဂိုးကန်သွင်းခွင့် ၇ ကြိမ်ရရှိခဲ့ကာ ၂-၁ နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ဒုတိယခြေစစ်ပွဲအဖြစ် အိမ်ကွင်းမှာ ဖင်လန်အသင်းနဲ့ ကစားခဲ့ရာမှာ ဘောလုံးပိုင်ဆိုင်မှု ၄၇ ရာခိုင်နှုန်းရှိခဲ့ပြီး ဂိုးကန်သွင်းခွင့် ၁၈ ကြိမ်ရရှိခဲ့ပေမယ့် ဝ-၂ နဲ့ ရှုံနိမ့်ခဲ့ပါတယ်။ပွဲစဉ် (၃) အဖြစ် လက်ချက်စတိန်းအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရာမှာ ဘောလုံးပိုင်ဆိုင်မှု ၆၂ ရာခိုင်နှုန်းရှိခဲ့ပြီး ဂိုးကန်သွင်းခွင့် ၃၁ ကြိမ်ရရှိခဲ့ကာ ၃-၀ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ပွဲစဉ် ၄ အဖြစ် ဂရိအသင်းရဲ့ အိမ်ကွင်းမှာ ကစားခဲ့ရာမှာတော့ ဘောလုံးပိုင်ဆိုင်မှု ၂၅ ရာခိုင်နှုန်းရှိခဲ့ပြီး ဂိုးကန်သွင်းခွင့် ၁၁ ကြိမ်ရရှိခဲ့ကာ ၁-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့အတွက် ၄ ပွဲကစားအပြီး ရမှတ် ၆ မှတ်ရရှိကာ အုပ်စု J ရဲ့အဆင့် ၃ နေရာမှာ ရပ်တည်လျက်ရှိပါတယ်။

အီတလီအသင်းအနေနဲ့ ခြေစစ်ပွဲ ပထမပွဲစဉ်အဖြစ် အိမ်ကွင်းမှာ ဖင်လန်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၅၈ ရာခိုင်နှုန်းရရှိခဲ့ပြီး ဂိုးကန်သွင်းခွင့် ၁၁ ကြိမ်ရရှိခဲ့ကာ ၂-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ပွဲစဉ် ၂ အဖြစ် အိမ်ကွင်းမှာ လက်ချက်စတိန်းအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၇၉ ရာခိုင်နှုန်းရရှိခဲ့ပြီး ဂိုးကန်သွင်းမှု ၄၁ ကြိမ်ရရှိခဲ့ကာ ၆ ဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။ပွဲစဉ် ၃ အဖြစ် ဂရိအသင်းရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၇၀ ရာခိုင်နှုန်းရှိခဲ့ပြီး ဂိုးကန်သွင်းခွင့် ၁၆ ကြိမ်ရရှိခဲ့ကာ ၃ ဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။ပွဲစဉ် ၄ အဖြစ် အိမ်မှာကစားတဲ့ ဘော့စနီးယားအသင်းနဲ့ ပွဲစဉ်မှာ ဘောလုံးပိုင်ဆိုင်မှု ၆၅ ရာခိုင်နှုန်းရှိခဲ့ပြီး ဂိုးပေါက်ကန်သွင်းမှု ၁၇ ကြိမ်ရရှိခဲ့ကာ ၂-၁ နဲ့ အနိုင်ရရှိခဲ့တဲ့အတွက် ကစားပြီးပွဲစဉ် ၄ ပွဲစလုံး အနိုင်ရရှိခဲ့ပြီး ရမှတ် ၁၂ မှတ်ရရှိကာ အုပ်စု J ကို ဦးဆောင်လျက်ရှိပါတယ်။

အခုပွဲစဉ်ကို ဘွတ်ကီဒိုင်တွေက အီတလီအသင်းဘက်မှ ၂ လုံး ၆၀ အနိုင် ဖွင့်လှစ်ထားပြီး ဂိုးပေါင်း ၃ လုံး ၃၀ အနိုင် ဖွင့်လှစ်ထားပါတယ်။

နှစ်သင်းတွေ့ဆုံမှု နောက်ဆုံး ၂ ပွဲမှာ အီတလီအသင်းက ၁ ပွဲနိုင် ၁ ပွဲသရေကျခဲ့ပါတယ်။

အာမေးနီးယားအသင်းအနေနဲ့  နောက်ပိုင်းနှစ်တွေမှာ ခြေစွမ်းတည်ငြိမ်မှုရှိလာပြီး အိမ်ကွင်းမှာ အီတလီအသင်းကို အနိုင်ရဖို့ ကြိုးစားကစားလာမှာ ဖြစ်ပါတယ်။အီတလီအသင်းအနေနဲ့ ယှဉ်ပြိုင်ကစားခဲ့ပြီး ပွဲစဉ်တွေမှာ ပြိုင်ဘက်အသင်းကို ခြေစွမ်းအသာ ဂိုးသွင်းခွင့်အသာတွေနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး အသင်းလိုက်စုစည်းမှု အားကောင်းစွာနဲ့ ပြိုင်ဘက်အသင်းကို ယှဉ်ပြိုင်ကစားနေတဲ့အတွက် အခုပွဲစဉ်မှာလည်း အာမေးနီးယားအသင်းကို ဂိုးပြတ်အနိုင်ရရှိသွားနိုင်ပါကြောင်း.............။

KON (SPORT)

( Zawgyi )







KON (SPORT)