【 အားကစား 】 အိမ်ကွင်းမှာ အနိုင်ယူမယ့် ချဲလ်ဆီး

【 အားကစား 】 အိမ်ကွင်းမှာ အနိုင်ယူမယ့် ချဲလ်ဆီး

ယနေ့ည ၁ နာရီခွဲမှာ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်အဖြစ် ဂျာမဏီအသင်း ဖရန့်ဖတ်နဲ့ အင်္ဂလန်အသင်း ချဲလ်ဆီးတို့ ဒုတိယအကျော့အဖြစ် ချဲလ်ဆီးရဲ့ အိမ်ကွင်းဖြစ်တဲ့ စတမ်းဖို့ဘရစ်ချ်မှာ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။

ဆီမီးဖိုင်နယ် ပွဲစဉ်တစ်ပွဲ ဖြစ်တာနဲ့အညီ ဗိုလ်လုပွဲကို တက်ရောက်နိုင်ဖို့ အပြင်းအထန် ကြိုးစားကြမှာဖြစ်တဲ့အတွက် ယှဉ်ပြိုင်မှု ပြင်းထန်ဦးမှာဖြစ်တဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်ပါတယ်။

ဖရန့်ဖတ်အသင်းအနေနဲ့ ဘွန်ဒက်လီဂါ ပွဲစဉ် ၃၂ ပွဲ ကစားပြီး ၁၅ ပွဲနိုင် ၉ ပွဲသရေ ၈ ပွဲရှုံး ရလဒ်နဲ့ အမှတ်ပေးဇယား အဆင့် ၄ မှာ ရပ်တည်နေပါတယ်။ယူရိုပါလိဂ် ၁၁ ပွဲ ကစားခဲ့ပြီး အုပ်စုတွင်းပြိုင်ဖက်များဖြစ်တဲ့ လာဇီယို၊ မာဆေးလ်၊ လီမာဆိုး အသင်းတွေကို အိမ်ကွင်း၊ အဝေးကွင်း အားလုံးအနိုင်ရရှိခဲ့ပြီး ရှုံးထွက်ပွဲစဉ်မှာ အင်တာအသင်းနဲ့ တွေ့ဆုံခဲ့ပြီး အိမ်ကွင်းမှာ သရေကစားပြီး အဝေးကွင်းမှာ အနိုင်ရရှိခဲ့တဲ့အတွက် နောက်တစ်ဆင့်ကို တက်ရောက်ခဲ့ပါတယ်။နောက်တစ်ဆင့်မှာ ဘင်ဖီကာအသင်းနဲ့ တွေ့ဆုံခဲ့ပြီး ပထမအကျော့ အဝေးကွင်းမှာ ပွဲအစ မိနစ် ၂၀ မှာ ရရှိခဲ့တဲ့ အနီကဒ်ပြစ်ဒဏ်ကြောင့် ၁ ယောက်လျော့နဲ့ ကစားခဲ့ရပြီး ၄-၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ဒုတိယအကျော့ အိမ်ကွင်းပွဲစဉ်မှာ တော့ ၂-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ဆီမီးဖိုင်နယ်မှာ ချဲလ်ဆီးအသင်းနဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းအနေနဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃၇ ပွဲ ကစားခဲ့ပြီး ၂၁ ပွဲနိုင်၊ ၈ ပွဲ သရေ ၈ ပွဲရှုံးနိမ့်ခဲ့ပြီး အဆင့် ၃ နေရာမှာ ရပ်တည်နေပြီး ချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ရောက်ကစားခွင့် ရရှိခဲ့ပြီဖြစ်တဲ့အတွက် အခုပွဲကို အာရုံစိုက် ကစားလာမှာ ဖြစ်ပါတယ်။ယူရိုပါလိဂ် ၁၁ ပွဲ ကစားခဲ့ရာမှာတော့ အုပ်စုတွင်း ၆ ပွဲမှာ ၅ ပွဲ အနိုင်ရရှိခဲ့ပြီး ရှုံးထွက်ပွဲစဉ်တွေမှာ ဒိုင်နမိုကိယက်နဲ့ ဆလားဗီးယား ပရက်တို့ကို အိမ်ကွင်း အဝေးကွင်း အနိုင်ရရှိခဲ့ပြီး ဆီးမီးအဆင့်ကို တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

ဒဏ်ရာရရှိမှုမှာ ချဲလ်ဆီးအသင်းအနေနဲ့ ရူဒီဂါ၊ ဒရင့်ဝါးကား၊ ကန်တီ အပါအဝင် ၇ ဦး ဒဏ်ရာရရှိနေပြီး ဖရန့်ဖတ်အသင်းမှာ ၂ ဦး ဒဏ်ရာရရှိနေပါတယ်။

ဖရန့်ဖတ်အသင်းမှာ ဂျိုဗစ် နဲ့ ဟော်လာ တို့ အကောင်းဆုံးခြေစွမ်းပြနေပြီး ကွင်းလယ်ကလည်း ဖန်တီးပေးပို့မှု ကောင်းကောင်းနဲ့ တိုက်စစ်ဖွင့်ကစားပြီး ရလဒ်ကောင်းတွေရရှိနေတဲ့ အသင်းဖြစ်ပါတယ်။

ဒီပွဲကို ဘွတ်ကီဒိုင်တွေက ချဲလ်ဆီးဘက်မှ ၁ ဂိုး ၇၀ ပြား အရှုံးပေးထားပြီး ဂိုးပေါင်း ၃ လုံး သရေ ပေးထားပါတယ်။

 

ချဲလ်ဆီးအသင်းအနေနဲ့ ဂျာမဏီအသင်းတွေနဲ့ ၈ ပွဲ တွေ့ဆုံခဲ့ရာ ၆ ပွဲ အနိုင်ရရှိခဲ့ပြီး ၂ ပွဲ သရေကျခဲ့ပါတယ်။ယူရိုပါလိဂ် ကစားခဲ့တဲ့ အိမ်ကွင်းပွဲစဉ်တွေမှာ ဂိုးပြတ်နဲ့အနိုင်ရရှိခဲ့ပြီး ပထမအကျော့ ပွဲစဉ်မှာလည်း ဖရန့်ဖတ်အသင်းကို ခြေစွမ်းအသာနဲ့ ကစားထားတဲ့အတွက် အခုပွဲကို အိမ်ကွင်းပရိတ်သတ်အားနဲ့ ဂိုးပြတ်နိုင်ပွဲရအောင် စွမ်းဆောင်လာနိုင်တဲ့ ချဲလ်ဆီးနဲ့သာ လက်တွဲထားသင့်ပါကြောင်း.........။

KON (SPORT)
မေ - ၉

( Zawgyi )

ယေန႔ည ၁ နာရီခြဲမွာ ယူ႐ိုပါလိဂ္ ဆီမီးဖိုင္နယ္ ဒုတိယအေက်ာ့ပြဲစဥ္အျဖစ္ ဂ်ာမဏီအသင္း ဖရန႔္ဖတ္နဲ႔ အဂၤလန္အသင္း ခ်ဲလ္ဆီးတို႔ ဒုတိယအေက်ာ့အျဖစ္ ခ်ဲလ္ဆီးရဲ႕ အိမ္ကြင္းျဖစ္တဲ့ စတမ္းဖို႔ဘရစ္ခ်္မွာ ယွဥ္ၿပိဳင္ကစားမွာ ျဖစ္ပါတယ္။

ဆီမီးဖိုင္နယ္ ပြဲစဥ္တစ္ပြဲ ျဖစ္တာနဲ႔အညီ ဗိုလ္လုပြဲကို တက္ေရာက္ႏိုင္ဖို႔ အျပင္းအထန္ ႀကိဳးစားၾကမွာျဖစ္တဲ့အတြက္ ယွဥ္ၿပိဳင္မႈ ျပင္းထန္ဦးမွာျဖစ္တဲ့ ပြဲစဥ္တစ္ပြဲ ျဖစ္ပါတယ္။

ဖရန႔္ဖတ္အသင္းအေနနဲ႔ ဘြန္ဒက္လီဂါ ပြဲစဥ္ ၃၂ ပြဲ ကစားၿပီး ၁၅ ပြဲႏိုင္ ၉ ပြဲသေရ ၈ ပြဲရႈံး ရလဒ္နဲ႔ အမွတ္ေပးဇယား အဆင့္ ၄ မွာ ရပ္တည္ေနပါတယ္။ယူ႐ိုပါလိဂ္ ၁၁ ပြဲ ကစားခဲ့ၿပီး အုပ္စုတြင္းၿပိဳင္ဖက္မ်ားျဖစ္တဲ့ လာဇီယို၊ မာေဆးလ္၊ လီမာဆိုး အသင္းေတြကို အိမ္ကြင္း၊ အေဝးကြင္း အားလုံးအႏိုင္ရရွိခဲ့ၿပီး ရႈံးထြက္ပြဲစဥ္မွာ အင္တာအသင္းနဲ႔ ေတြ႕ဆုံခဲ့ၿပီး အိမ္ကြင္းမွာ သေရကစားၿပီး အေဝးကြင္းမွာ အႏိုင္ရရွိခဲ့တဲ့အတြက္ ေနာက္တစ္ဆင့္ကို တက္ေရာက္ခဲ့ပါတယ္။ေနာက္တစ္ဆင့္မွာ ဘင္ဖီကာအသင္းနဲ႔ ေတြ႕ဆုံခဲ့ၿပီး ပထမအေက်ာ့ အေဝးကြင္းမွာ ပြဲအစ မိနစ္ ၂၀ မွာ ရရွိခဲ့တဲ့ အနီကဒ္ျပစ္ဒဏ္ေၾကာင့္ ၁ ေယာက္ေလ်ာ့နဲ႔ ကစားခဲ့ရၿပီး ၄-၂ ဂိုးနဲ႔ ရႈံးနိမ့္ခဲ့ပါတယ္။ဒုတိယအေက်ာ့ အိမ္ကြင္းပြဲစဥ္မွာ ေတာ့ ၂-၀ ဂိုးနဲ႔ အႏိုင္ရရွိခဲ့ၿပီး ဆီမီးဖိုင္နယ္မွာ ခ်ဲလ္ဆီးအသင္းနဲ႔ ေတြ႕ဆုံခဲ့တာ ျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းအေနနဲ႔ ပရီးမီးယားလိဂ္ ပြဲစဥ္ ၃၇ ပြဲ ကစားခဲ့ၿပီး ၂၁ ပြဲႏိုင္၊ ၈ ပြဲ သေရ ၈ ပြဲရႈံးနိမ့္ခဲ့ၿပီး အဆင့္ ၃ ေနရာမွာ ရပ္တည္ေနၿပီး ခ်န္ပီယံလိဂ္ၿပိဳင္ပြဲကို ဝင္ေရာက္ကစားခြင့္ ရရွိခဲ့ၿပီျဖစ္တဲ့အတြက္ အခုပြဲကို အာ႐ုံစိုက္ ကစားလာမွာ ျဖစ္ပါတယ္။ယူ႐ိုပါလိဂ္ ၁၁ ပြဲ ကစားခဲ့ရာမွာေတာ့ အုပ္စုတြင္း ၆ ပြဲမွာ ၅ ပြဲ အႏိုင္ရရွိခဲ့ၿပီး ရႈံးထြက္ပြဲစဥ္ေတြမွာ ဒိုင္နမိုကိယက္နဲ႔ ဆလားဗီးယား ပရက္တို႔ကို အိမ္ကြင္း အေဝးကြင္း အႏိုင္ရရွိခဲ့ၿပီး ဆီးမီးအဆင့္ကို တက္ေရာက္ခဲ့တာ ျဖစ္ပါတယ္။

ဒဏ္ရာရရွိမႈမွာ ခ်ဲလ္ဆီးအသင္းအေနနဲ႔ ႐ူဒီဂါ၊ ဒရင့္ဝါးကား၊ ကန္တီ အပါအဝင္ ၇ ဦး ဒဏ္ရာရရွိေနၿပီး ဖရန႔္ဖတ္အသင္းမွာ ၂ ဦး ဒဏ္ရာရရွိေနပါတယ္။

ဖရန႔္ဖတ္အသင္းမွာ ဂ်ိဳဗစ္ နဲ႔ ေဟာ္လာ တို႔ အေကာင္းဆုံးေျခစြမ္းျပေနၿပီး ကြင္းလယ္ကလည္း ဖန္တီးေပးပို႔မႈ ေကာင္းေကာင္းနဲ႔ တိုက္စစ္ဖြင့္ကစားၿပီး ရလဒ္ေကာင္းေတြရရွိေနတဲ့ အသင္းျဖစ္ပါတယ္။

ဒီပြဲကို ဘြတ္ကီဒိုင္ေတြက ခ်ဲလ္ဆီးဘက္မွ ၁ ဂိုး ၇၀ ျပား အရႈံးေပးထားၿပီး ဂိုးေပါင္း ၃ လုံး သေရ ေပးထားပါတယ္။

ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဂ်ာမဏီအသင္းေတြနဲ႔ ၈ ပြဲ ေတြ႕ဆုံခဲ့ရာ ၆ ပြဲ အႏိုင္ရရွိခဲ့ၿပီး ၂ ပြဲ သေရက်ခဲ့ပါတယ္။ယူ႐ိုပါလိဂ္ ကစားခဲ့တဲ့ အိမ္ကြင္းပြဲစဥ္ေတြမွာ ဂိုးျပတ္နဲ႔အႏိုင္ရရွိခဲ့ၿပီး ပထမအေက်ာ့ ပြဲစဥ္မွာလည္း ဖရန႔္ဖတ္အသင္းကို ေျခစြမ္းအသာနဲ႔ ကစားထားတဲ့အတြက္ အခုပြဲကို အိမ္ကြင္းပရိတ္သတ္အားနဲ႔ ဂိုးျပတ္ႏိုင္ပြဲရေအာင္ စြမ္းေဆာင္လာႏိုင္တဲ့ ခ်ဲလ္ဆီးနဲ႔သာ လက္တြဲထားသင့္ပါေၾကာင္း.........။

KON (SPORT)
ေမ - ၉