【 အားကစား 】 အိမ်ကွင်းမှာ မန်စီးတီးက စပါးကို သတ်မလား၊ စပါးကပဲ မန်စီးတီးကို သတ်မလား

【 အားကစား 】 အိမ်ကွင်းမှာ မန်စီးတီးက စပါးကို သတ်မလား၊ စပါးကပဲ မန်စီးတီးကို သတ်မလား

ဒီနှစ်သင်းက မကြာခင်ရက်ပိုင်းကမှ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ကစားခဲ့တဲ့ အသင်းနှစ်သင်းပါ။

နှစ်ကျော့ ကစားရတဲ့ အဲဒီပွဲမှာ စပါးအသင်းက အိမ်ကွင်းမှာ ၁-၀ နဲ့ နိုင်ပြီး မန်စီးတီးကသူ့အိမ်ကွင်းမှာ ၄-၃ နဲ့ ပြန်နိုင်ပေမယ့် အဝေးဂိုးစည်းမျည်းအရ စပါးအသင်း နောက်တစ်ဆင့်တက်သွားတဲ့အတွက် ချန်ပီယံလိဂ်အိမ်မက် ရိုက်ချိုးခံရတဲ့ မန်စီးတီးအသင်း ခံရခက်နေမှာပါ။ဒီအတွက် စပါးကို ပရီးမီးယားလိဂ် ပွဲစဉ် ၃၅ အဖြစ် ဧည့်ခံကစားရတဲ့ပွဲမှာ သေချာပေါက် အနိုင်ကစားမှာ ဖြစ်ပါတယ်။

လက်ရှိမှာလည်း ဒီပွဲစဉ် ၃၃ မှာ ထိပ်တိုက်လာတွေ့ဆုံတဲ့ မန်စီးတီးနဲ့ စပါးအတွက်က အမှတ်ပေးချန်ပီယံဆုနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက်  ဒီပွဲအရှုံးအနိုင်က အရေးကြီးနေပါတယ်။အိမ်ရှင် မန်စီးတီးအတွက်က လီဗာပူးလ်အသင်းထက် တစ်ပွဲလျော့ကစားထားပေမယ့်  လီဗာပူးလ်က နှစ်မှတ်ဖြတ်ထားတဲ့အတွက် လက်ကျန်တစ်ပွဲကို အနိုင်ကစားဖို့လိုသလို၊ ကျန်ပွဲစဉ်တစ်ပွဲကိုမှ ခြေချော်လို့လည်း မရပါဘူး။ပွဲစဉ်တွေ ကုန်ဆုံးဖို့ကလည်း  ၅ ပွဲသာ ကျန်တော့တဲ့အတွက် အမှားမခံတဲ့ အနေအထားမှာ စပါးလိုအသင်းကို လက်ခံကစားရတဲ့အတွက် ဒီပွဲကိုအနိုင်ရရင် ချန်ပီယံလိဂ်က ထွက်ခဲ့ရတဲ့အရှုံးကို ပြန်ချေနိုင်မှာဖြစ်သလို နောက်တချက်က စပါးရဲ့ ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်ကိုလည်း ရိုက်ချိုးနိုင်မှာဖြစ်ပါတယ်။

စပါးအသင်းကတော့ ဒီပွဲကိုနိုင်ရင် အဆင့် ၃ နေရာမှာ ဆက်တည်မြဲမှာ ဖြစ်ပေမယ့် ရှုံးခဲ့ရင် ရမှတ် ၆၆ မှတ်စီနဲ့ အဆင့် ၄ နေရာက အာဆင်နယ်၊ အဆင့် ၅ နေရာက ချယ်လ်ဆီးတို့ရဲ့ ကျော်တက်ခြင်းကို ခံရမှာဖြစ်ပါ တယ်။ဒီအတွက် စပါးအသင်းအဖို့လည်း ရှုံးလို့မရတဲ့ အနေအထားကို ရောက်နေတာဖြစ်ပါတယ်။ဒီလိုအခြေအနေ ရှိနေတဲ့အတွက် နှစ်သင်းစလုံးရဲ့ ယခုရာသီကစားခဲ့တဲ့ အချက်အလက်တွေ၊ ရလဒ်တွေကို ပြန်ကြည့်ဖို့ လိုလာနေပြီ ဖြစ်ပါတယ်။

အိမ်ရှင် မန်စီးတီးအသင်းက ယခုရာသီအိမ်ကွင်း ၁၇ ပွဲကစားခဲ့ရာမှာ ၁၆ ပွဲနိုင်ပြီး ၁ ပွဲသာရှုံးခဲ့ပါတယ်။အဲဒီ ၁၇ ပွဲမှာ ရဂိုး ၅၅ ဂိုး ပေးဂိုး ၁၂ ဂိုးသာ ရှိပါတယ်။အိမ်ကွင်းပွဲစဉ်တွေမှာ တစ်ပွဲကို ၃ ဂိုးသွင်းပြီး တစ်ဂိုးအောက် ပြန်ပေးရတဲ့ ခြေစွမ်းပါ။

စပါးအသင်းကတော့ အဝေးကွင်း ၁၇ ပွဲမှာ ၁၁ ပွဲနိုင်ပြီး ၆ ပွဲရှုံးထားပါတယ်။ရဂိုး ၃၃ ဂိုး ပေးဂိုး ၂၁ ဂိုးရှိပါတယ်။တစ်ပွဲကို နှစ်ဂိုးနှုန်းသွင်းယူပြီး နှစ်ဂိုးအောက် ပြန်ပေးနေရတယ်ဆိုတဲ့ သဘောပါဘဲ။

နောက်တစ်ချက်ဖြစ်တဲ့ ဒီနှစ်သင်း မန်စီးတီးကွင်း တွေ့ဆုံမှုကို  ပြန်ကြည့်မယ်ဆိုရင် နောက်ဆုံးတွေ့ဆုံမှု ၅ ကြိမ်မှာ မန်စီးတီးက ၃ ပွဲနိုင်ကာ စပါးက တစ်ပွဲနိုင်ပြီး တစ်ပွဲသရေကျထားပါတယ်။ပထမအကျော့ တွေ့ဆုံမှုမှာ မန်စီးတီးက စပါးကွင်းမှာ ၁-၀ နဲ့ အနိုင်ရထားခဲ့ပါတယ်။ဒါပေမယ့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ သူ့ကွင်းကိုယ့်ကွင်း အပြန်အလှန် အနိုင်ရထားတဲ့အတွက် စပါးအသင်း ထပ်ပြီး မန်စီးတီးအသင်းကို ခံကစားနိုင်ပါဦးမလားဆိုတာ ထည့်တွက်ရမှာဖြစ်ပါတယ်။

 

မနက်ဖြန် ညနေ ၆ နာရီမှာ ကစားမယ့် ပွဲစဉ် ၃၅ အစောဆုံးပွဲဖြစ်တဲ့ မန်စီးတီး - စပါး ပွဲစဉ်မှာ ထွက်ပေါ်လာတဲ့ အကြိုလူစာရင်းအရ အိမ်ရှင် မန်စီးတီးမှာ ဂိုး - အီဒါဆန်၊ နောက်တန်း - ကိုင်လီဝေါ်လ်ကာ၊ ဂျွန်စတုန်း၊ လောပေါ်တီ၊ ဖေဘီယန်ဒပ်ဖ်၊ အလယ်တန်း - ဘာနာဒိုဆေးလ်ဗား၊ ဖာနန်ဒင်ဟို၊ ဒီဘရိုင်း၊ ရှေ့တန်း - စတာလင်း၊ အဂူရို၊ ဆာနေး တို့နဲ့ ပွဲထွက်လာဖွယ်ရှိနေပြီး၊

စပါးအသင်းကတော့ ဂိုး - ဟူဂိုလိုရစ်စ်၊ နောက်တန်း - အန်ဒါဝီရယ်လ်၊ ဒေ့ဗ်ဆန်ဆန်းချက်ဇ်၊ ဗာတွန်ဂန်၊ အလယ်တန်း - ဘန်ဒေးဗီးစ်၊ ဗစ်တာဝမ်ယာမာ၊ ဒယ်လီအယ်လီ၊ ကီရန် ထရစ်ပီယာ၊ အဲရစ်ဆင်၊ ရှေ့တန်း - ဆွန်ဟောင်မင်၊ လူးကပ်စ်မော်ရာ တို့နဲ့ ပွဲထွက်လာဖွယ် ရှိနေပါတယ်။

ဒီပွဲကို မန်စီးတီးဘက်ကနေ နှစ်လုံး ပြား ၆၀ အနိုင်ပေးထားပြီး ဂိုးပေါင်း သုံးလုံး ပြား ၆၀ အရှုံးပေးထားပါတယ်။ဒီပွဲမှာဂိုးအပေါ်နဲ့ အရှုံးအတွက် နာကြည်းချက်ပြင်းနေတဲ့ မန်စီးတီးနဲ့ ရပ်တည်တာ အကောင်းဆုံးလို့ ထင်ပါကြောင်း….။

KON (SPORT)

( Zawgyi )

ဒီႏွစ္သင္းက မၾကာခင္ရက္ပိုင္းကမွ ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္ ကစားခဲ့တဲ့ အသင္းႏွစ္သင္းပါ။

ႏွစ္ေက်ာ့ ကစားရတဲ့ အဲဒီပြဲမွာ စပါးအသင္းက အိမ္ကြင္းမွာ ၁-၀ နဲ႔ ႏိုင္ၿပီး မန္စီးတီးကသူ႔အိမ္ကြင္းမွာ ၄-၃ နဲ႔ ျပန္ႏိုင္ေပမယ့္ အေဝးဂိုးစည္းမ်ည္းအရ စပါးအသင္း ေနာက္တစ္ဆင့္တက္သြားတဲ့အတြက္ ခ်န္ပီယံလိဂ္အိမ္မက္ ႐ိုက္ခ်ိဳးခံရတဲ့ မန္စီးတီးအသင္း ခံရခက္ေနမွာပါ။ဒီအတြက္ စပါးကို ပရီးမီးယားလိဂ္ ပြဲစဥ္ ၃၅ အျဖစ္ ဧည့္ခံကစားရတဲ့ပြဲမွာ ေသခ်ာေပါက္ အႏိုင္ကစားမွာ ျဖစ္ပါတယ္။

လက္ရွိမွာလည္း ဒီပြဲစဥ္ ၃၃ မွာ ထိပ္တိုက္လာေတြ႕ဆုံတဲ့ မန္စီးတီးနဲ႔ စပါးအတြက္က အမွတ္ေပးခ်န္ပီယံဆုနဲ႔ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္  ဒီပြဲအရႈံးအႏိုင္က အေရးႀကီးေနပါတယ္။အိမ္ရွင္ မန္စီးတီးအတြက္က လီဗာပူးလ္အသင္းထက္ တစ္ပြဲေလ်ာ့ကစားထားေပမယ့္  လီဗာပူးလ္က ႏွစ္မွတ္ျဖတ္ထားတဲ့အတြက္ လက္က်န္တစ္ပြဲကို အႏိုင္ကစားဖို႔လိုသလို၊ က်န္ပြဲစဥ္တစ္ပြဲကိုမွ ေျခေခ်ာ္လို႔လည္း မရပါဘူး။ပြဲစဥ္ေတြ ကုန္ဆုံးဖို႔ကလည္း  ၅ ပြဲသာ က်န္ေတာ့တဲ့အတြက္ အမွားမခံတဲ့ အေနအထားမွာ စပါးလိုအသင္းကို လက္ခံကစားရတဲ့အတြက္ ဒီပြဲကိုအႏိုင္ရရင္ ခ်န္ပီယံလိဂ္က ထြက္ခဲ့ရတဲ့အရႈံးကို ျပန္ေခ်ႏိုင္မွာျဖစ္သလို ေနာက္တခ်က္က စပါးရဲ႕ ခ်န္ပီယံလိဂ္ဝင္ခြင့္ ေမွ်ာ္လင့္ခ်က္ကိုလည္း ႐ိုက္ခ်ိဳးႏိုင္မွာျဖစ္ပါတယ္။

စပါးအသင္းကေတာ့ ဒီပြဲကိုႏိုင္ရင္ အဆင့္ ၃ ေနရာမွာ ဆက္တည္ၿမဲမွာ ျဖစ္ေပမယ့္ ရႈံးခဲ့ရင္ ရမွတ္ ၆၆ မွတ္စီနဲ႔ အဆင့္ ၄ ေနရာက အာဆင္နယ္၊ အဆင့္ ၅ ေနရာက ခ်ယ္လ္ဆီးတို႔ရဲ႕ ေက်ာ္တက္ျခင္းကို ခံရမွာျဖစ္ပါ တယ္။ဒီအတြက္ စပါးအသင္းအဖို႔လည္း ရႈံးလို႔မရတဲ့ အေနအထားကို ေရာက္ေနတာျဖစ္ပါတယ္။ဒီလိုအေျခအေန ရွိေနတဲ့အတြက္ ႏွစ္သင္းစလုံးရဲ႕ ယခုရာသီကစားခဲ့တဲ့ အခ်က္အလက္ေတြ၊ ရလဒ္ေတြကို ျပန္ၾကည့္ဖို႔ လိုလာေနၿပီ ျဖစ္ပါတယ္။

အိမ္ရွင္ မန္စီးတီးအသင္းက ယခုရာသီအိမ္ကြင္း ၁၇ ပြဲကစားခဲ့ရာမွာ ၁၆ ပြဲႏိုင္ၿပီး ၁ ပြဲသာရႈံးခဲ့ပါတယ္။အဲဒီ ၁၇ ပြဲမွာ ရဂိုး ၅၅ ဂိုး ေပးဂိုး ၁၂ ဂိုးသာ ရွိပါတယ္။အိမ္ကြင္းပြဲစဥ္ေတြမွာ တစ္ပြဲကို ၃ ဂိုးသြင္းၿပီး တစ္ဂိုးေအာက္ ျပန္ေပးရတဲ့ ေျခစြမ္းပါ။

စပါးအသင္းကေတာ့ အေဝးကြင္း ၁၇ ပြဲမွာ ၁၁ ပြဲႏိုင္ၿပီး ၆ ပြဲရႈံးထားပါတယ္။ရဂိုး ၃၃ ဂိုး ေပးဂိုး ၂၁ ဂိုးရွိပါတယ္။တစ္ပြဲကို ႏွစ္ဂိုးႏႈန္းသြင္းယူၿပီး ႏွစ္ဂိုးေအာက္ ျပန္ေပးေနရတယ္ဆိုတဲ့ သေဘာပါဘဲ။

ေနာက္တစ္ခ်က္ျဖစ္တဲ့ ဒီႏွစ္သင္း မန္စီးတီးကြင္း ေတြ႕ဆုံမႈကို  ျပန္ၾကည့္မယ္ဆိုရင္ ေနာက္ဆုံးေတြ႕ဆုံမႈ ၅ ႀကိမ္မွာ မန္စီးတီးက ၃ ပြဲႏိုင္ကာ စပါးက တစ္ပြဲႏိုင္ၿပီး တစ္ပြဲသေရက်ထားပါတယ္။ပထမအေက်ာ့ ေတြ႕ဆုံမႈမွာ မန္စီးတီးက စပါးကြင္းမွာ ၁-၀ နဲ႔ အႏိုင္ရထားခဲ့ပါတယ္။ဒါေပမယ့္ ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္မွာ သူ႔ကြင္းကိုယ့္ကြင္း အျပန္အလွန္ အႏိုင္ရထားတဲ့အတြက္ စပါးအသင္း ထပ္ၿပီး မန္စီးတီးအသင္းကို ခံကစားႏိုင္ပါဦးမလားဆိုတာ ထည့္တြက္ရမွာျဖစ္ပါတယ္။

မနက္ျဖန္ ညေန ၆ နာရီမွာ ကစားမယ့္ ပြဲစဥ္ ၃၅ အေစာဆုံးပြဲျဖစ္တဲ့ မန္စီးတီး - စပါး ပြဲစဥ္မွာ ထြက္ေပၚလာတဲ့ အႀကိဳလူစာရင္းအရ အိမ္ရွင္ မန္စီးတီးမွာ ဂိုး - အီဒါဆန္၊ ေနာက္တန္း - ကိုင္လီေဝၚလ္ကာ၊ ဂြၽန္စတုန္း၊ ေလာေပၚတီ၊ ေဖဘီယန္ဒပ္ဖ္၊ အလယ္တန္း - ဘာနာဒိုေဆးလ္ဗား၊ ဖာနန္ဒင္ဟို၊ ဒီဘ႐ိုင္း၊ ေရွ႕တန္း - စတာလင္း၊ အဂူ႐ို၊ ဆာေနး တို႔နဲ႔ ပြဲထြက္လာဖြယ္ရွိေနၿပီး၊

စပါးအသင္းကေတာ့ ဂိုး - ဟူဂိုလိုရစ္စ္၊ ေနာက္တန္း - အန္ဒါဝီရယ္လ္၊ ေဒ့ဗ္ဆန္ဆန္းခ်က္ဇ္၊ ဗာတြန္ဂန္၊ အလယ္တန္း - ဘန္ေဒးဗီးစ္၊ ဗစ္တာဝမ္ယာမာ၊ ဒယ္လီအယ္လီ၊ ကီရန္ ထရစ္ပီယာ၊ အဲရစ္ဆင္၊ ေရွ႕တန္း - ဆြန္ေဟာင္မင္၊ လူးကပ္စ္ေမာ္ရာ တို႔နဲ႔ ပြဲထြက္လာဖြယ္ ရွိေနပါတယ္။

ဒီပြဲကို မန္စီးတီးဘက္ကေန ႏွစ္လုံး ျပား ၆၀ အႏိုင္ေပးထားၿပီး ဂိုးေပါင္း သုံးလုံး ျပား ၆၀ အရႈံးေပးထားပါတယ္။ဒီပြဲမွာဂိုးအေပၚနဲ႔ အရႈံးအတြက္ နာၾကည္းခ်က္ျပင္းေနတဲ့ မန္စီးတီးနဲ႔ ရပ္တည္တာ အေကာင္းဆုံးလို႔ ထင္ပါေၾကာင္း….။

KON (SPORT)