【 အားကစား 】 အိမ်ကွင်းမှာ ဗီလာရီးရဲလ် အနိုင်ရမယ်

【 အားကစား 】 အိမ်ကွင်းမှာ ဗီလာရီးရဲလ် အနိုင်ရမယ်

စပိန်လာလီဂါ  ပွဲစဉ် ၇ အဖြစ် ဗီလာရီးရဲလ်အသင်းနဲ့ ဘက်တစ်အသင်းတို့ ယနေ့ည ၁ နာရီခွဲအချိန်မှာ ဗီလာရီးရဲလ်အသင်းရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

ဗီလာရီးရဲလ်အသင်းအနေနဲ့ လာလီဂါအဖွင့်ပွဲစဉ်အဖြစ်  အိမ်ကွင်းမှာ ဂရန်နာဒါအသင်းနဲ့ ကစားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၅၄ ရာခိုင်နှုန်းရရှိခဲ့ပြီး ဂိုးကန်သွင်းမှု ၁၂ ကြိမ်ရရှိခဲ့ကာ ၄-၄ သရေရလဒ် ရရှိခဲ့ပါတယ်။ပွဲစဉ် ၂ အဖြစ် လီဗန်တေးအသင်းရဲ့ အိမ်ကွင်းမှာ သွားရောက်ကစားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၅၁ ရာခိုင်နှုန်းရရှိခဲ့ပြီး ဂိုးကန်သွင်းမှု ၂၃ ကြိမ်ရရှိခဲ့ကာ ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ပွဲစဉ် ၃အဖြစ် အိမ်ကွင်းမှာ ရီးရဲလ်အသင်းနဲ့ ကစားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၄၃ ရာခိုင်နှုန်းရရှိခဲ့ပြီး ဂိုးကန်သွင်းမှု ၁၀ ကြိမ်ရရှိခဲ့ကာ ၂-၂ ဂိုးနဲ့ သရေရလဒ် ရရှိခဲ့ပါတယ်။ပွဲစဉ် ၄ အဖြစ် လီဂါနက်အသင်းရဲ့ အိမ်ကွင်းမှာ သွားရောက်ကစားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၅၁ ရာခိုင်နှုန်းရရှိခဲ့ပြီး ဂိုးကန်သွင်းမှု ၈ ကြိမ်ရရှိခဲ့ကာ  ဝ-၃ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ပွဲစဉ် ၅ အဖြစ် အိမ်ကွင်းမှာ ဗယ်လာဒိုလစ်အသင်းနဲ့ ကစားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၆၀ ရာခိုင်နှုန်းရရှိခဲ့ပြီး ဂိုးကန်သွင်းမှု ၁၈ ကြိမ်ရရှိခဲ့ကာ ၂-၀ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ပွဲစဉ် ၇ အဖြစ် ဘာစီလိုနာအသင်းရဲ့ အိမ်ကွင်းမှာ သွားရောက်ကစားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၄၂ ရာခိုင်နှုန်းရရှိခဲ့ပြီး ဂိုးကန်သွင်းမှု ၁၁ ကြိမ်ရရှိခဲ့ကာ ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့အတွက် ၆ ပွဲကစားအပြီး ရမှတ် ၈ မှတ် ရရှိကာ အမှတ်ပေးဇယား အဆင့် ၈ မှာ ရပ်တည်လျှက်ရှိပါတယ်။

ဘက်တစ်အသင်းအနေနဲ့စပိန်လာလီဂါ အဖွင့်ပွဲစဉ်အဖြစ် အိမ်ကွင်းမှာ ဗယ်လာဒိုလစ်အသင်းနဲ့ ကစားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၄၇ ရာခိုင်နှုန်းရရှိခဲ့ပြီး ဂိုးကန်သွင်းမှု ၁၃ ကြိမ်ရရှိခဲ့ကာ ၁-၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ပွဲစဉ် ၂ အဖြစ် ဘာစီလိုနာရဲ့ အိမ်ကွင်းမှာ သွားရောက်ကစားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၃၀ ရာခိုင်နှုန်းရရှိခဲ့ပြီး ဂိုးကန်သွင်းမှု ၄ ကြိမ်ရရှိခဲ့ကာ ၅-၂ နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ပွဲစဉ် ၃ အဖြစ် အိမ်ကွင်းမှာ လီဂါနက်အသင်းနဲ့ ကစားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၆၈ ရာခိုင်နှုန်းရရှိခဲ့ပြီး ဂိုးကန်သွင်းမှု ၁၇ ကြိမ်ရရှိခဲ့ကာ ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ပွဲစဉ် ၄ အဖြစ် အိမ်ကွင်းမှာ ဂီတာဖေးအသင်းနဲ့ ကစားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၆၁ ရာခိုင်နှုန်းရရှိခဲ့ပြီး ဂိုးကန်သွင်းမှု ၇ ကြိမ်ရရှိခဲ့ကာ ၁-၁ သရေရလဒ် ရရှိခဲ့ပါတယ်။ပွဲစဉ် ၅ အဖြစ် အိုဆာဆူနာရဲ့ အိမ်ကွင်းမှာ သွားရောက်ကစားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၅၁ ရာခိုင်နှုန်းရရှိခဲ့ပြီး ဂိုးကန်သွင်းမှု ၇ ကြိမ်ရရှိခဲ့ကာ ဝ-၀ နဲ့ သရေရလဒ် ရရှိခဲ့ပါတယ်။ပွဲစဉ် ၆ အဖြစ် အိမ်ကွင်းမှာ လီဗန်တေးအသင်းနဲ့ ကစားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၅၇ ရာခိုင်နှုန်းရရှိခဲ့ပြီး ဂိုးကန်သွင်းမှု ၁၇ ကြိမ်ရရှိခဲ့ကာ ၃-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့အတွက် ၆ ပွဲကစားအပြီး ရမှတ် ၇ မှတ်ရရှိကာ အမှတ်ပေးဇယား အဆင့် ၁၁ နေရာမှာ ရပ်တည်လျှက်ရှိပါတယ်။

အခုပွဲစဉ်ကို ဘွတ်ကီဒိုင်တွေက ဗီလာရီးရဲလ်အသင်းဘက်မှ ၁ လုံး ၉၀ အနိုင် ဖွင့်လှစ်ထားပြီး ဂိုးပေါင်း ၃ လုံး ၃၅ အနိုင် ဖွင့်လှစ်ထားပါတယ်။

နှစ်သင်းတွေ့ဆုံမှု နောက်ဆုံး ၁၂ ပွဲမှာ  ဗီလာရီးရဲလ်အသင်းက ၅ ပွဲနိုင် ၃ ပွဲသရေ  ၄ ပွဲရှုံးနိမ့်ခဲ့ပါတယ်။

 

ဗီလာရီးရဲလ်အသင်းအနေနဲ့ နောက်ဆုံး ၃ ရာသီဆက်တိုက် အိမ်ကွင်းမှာ ဘက်တစ်အသင်းကို အနိုင်ရရှိခဲ့ပါတယ်။ယခုနှစ် လာလီဂါ ကစားပြီးသမျှ ပွဲစဉ်တွေမှာလည်း အကောင်းဆုံးခြေစွမ်းကို ပြသနိုင်ခဲ့ပြီး ပွဲစဉ်တိုင်း ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။လာလီဂါ အသင်းကြီးတွေဖြစ်တဲ့ ရီးရဲလ်၊ ဘာစီလိုနာ အသင်းတွေကို ယှဉ်ပြိုင်ကစားခဲ့ရာမှာလည်း ခြေရည်မနိမ့်ကျခဲ့ဘဲ အပြန်အလှန် တိုက်စစ်ဖွင့်ကစားထားနိုင်ခဲ့ပါတယ်။

အိမ်ကွင်းအားသာချက်၊ နှစ်သင်းတွေ့ဆုံမှုအစဉ်အလာ အသားစီးရယူထားမှု၊ လက်ရှိခြေစွမ်းတွေအရ ဗီလာရီးရဲလ်အသင်းသာ အနိုင်ရရှိသွားနိုင်ပြီး သွင်းဂိုးများတဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်လာနိုင်ပါကြောင်း........။

KON (SPORT)

( Zawgyi )








KON (SPORT)