【 အားကစား 】 အဝေးကွင်းမှာ မရှုံးနိမ့်နိုင်တဲ့ အေစီ

【 အားကစား 】 အဝေးကွင်းမှာ မရှုံးနိမ့်နိုင်တဲ့ အေစီ

အီတလီ စီးရီးအေ ပွဲစဉ် ၅ အဖြစ် တိုရီနိုအသင်းနဲ့ အေစီမီလန်အသင်းတို့ ယနေ့ည ၁ နာရီခွဲအချိန်မှာ တိုရီနိုအသင်းရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

တိုရီနိုအသင်းအနေနဲ့ စီးရီးအေ အဖွင့်ပွဲစဉ်အဖြစ်  အိမ်ကွင်းမှာ ဆာဆူအိုလိုအသင်းနဲ့ ကစားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၃၅ ရာခိုင်နှုန်းရရှိခဲ့ပြီး ဂိုးကန်သွင်းမှု ၁၀ ကြိမ်ရရှိခဲ့ကာ ၂-၁ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ပွဲစဉ် ၂ အဖြစ် အတ္တလန္တာအသင်းရဲ့ အိမ်ကွင်းမှာ သွားရောက်ကစားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၄၁ ရာခိုင်နှုန်းရရှိခဲ့ပြီး ဂိုးကန်သွင်းမှု ၁၀ ကြိမ်ရရှိခဲ့ကာ ၂-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ပွဲစဉ် ၃ အဖြစ် အိမ်ကွင်းမှာ လက်ချီအသင်းနဲ့ ကစားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၆၀ ရာခိုင်နှုန်းရရှိခဲ့ပြီး ဂိုးကန်သွင်းမှု ၁၅ ကြိမ်ရရှိခဲ့ကာ ၁-၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ပွဲစဉ် ၄ အဖြစ် ဆမ်ဒိုးရီးယားအသင်းရဲ့ အိမ်ကွင်းမှာ သွားရောက်ကစားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၆၂ ရာခိုင်နှုန်းရရှိခဲ့ပြီး ဂိုးကန်သွင်းမှု ၅ ကြိမ်ရရှိခဲ့ကာ ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့အတွက် ၄ ပွဲကစားအပြီး ရမှတ် ၆ မှတ်ရရှိကာ အမှတ်ပေးဇယား အဆင့် ၁၀ မှာ ရပ်တည်နေပါတယ်။

အေစီမီလန်အသင်းအနေနဲ့ စီးရီးအေ အဖွင့်ပွဲစဉ်အဖြစ် အူဒီးနိစ်အသင်းရဲ့ အိမ်ကွင်းမှာ သွားရောက်ကစားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၆၀ ရာခိုင်နှုန်းရရှိခဲ့ပြီး ဂိုးကန်သွင်းမှု ၁၄ ကြိမ်ရရှိခဲ့ကာ ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ပွဲစဉ် ၂ အဖြစ် အိမ်ကွင်းမှာ ဘရက်ရှားအသင်းနဲ့ ကစားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၆၂ ရာခိုင်နှုန်းရရှိခဲ့ပြီး ဂိုးကန်သွင်းမှု ၁၆ ကြိမ်ရရှိခဲ့ကာ ၁-၀ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ပွဲစဉ် ၃ အဖြစ် ဗီရိုနာအသင်းရဲ့ အိမ်ကွင်းမှာ သွားရောက်ကစားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၇၀ ရာခိုင်နှုန်းရရှိခဲ့ပြီး ဂိုးကန်သွင်းမှု ၁၇ ကြိမ်ရရှိခဲ့ကာ ဝ-၁ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ပွဲစဉ် ၄ အဖြစ် အိမ်ကွင်းမှာ အင်တာမီလန်အသင်းနဲ့ ကစားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၅၂ ရာခိုင်နှုန်းရရှိခဲ့ပြီး ဂိုးကန်သွင်းမှု ၉ ကြိမ်ရရှိခဲ့ကာ ဝ-၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့အတွက် ၄ ပွဲကစားအပြီး ရမှတ် ၆ မှတ် ရရှိကာ အမှတ်ပေးဇယား အဆင့် ၁၁ မှာ ရပ်တည်လျက်ရှိပါတယ်။

အခုပွဲစဉ်ကို ဘွတ်ကီဒိုင်တွေက တိုရီနိုအသင်းဘက်မှ သရေ ၃၀ အရှုံးပေးထားပြီး ဂိုးပေါင်း ၂ လုံး ၅၅ အရှုံး ဖွင့်လှစ်ထားပါတယ်။

နှစ်သင်းတွေ့ဆုံမှု နောက်ဆုံး ၁၅ ပွဲမှာ အေစီမီလန်အသင်းက ၆ ပွဲနိုင် ၈ ပွဲသရေ ၁ ပွဲရှုံးနိမ့်ခဲ့ပါတယ်။

 

တိုရီနိုအသင်းအနေနဲ့ အိမ်ကွင်းခြေစွမ်း မာကျောတဲ့အသင်းဖြစ်ပြီး စီးရီးအေမှာ ၂ ပွဲဆက် ရှုံးနိမ့်ထားတဲ့အတွက် အခုပွဲစဉ်ကို နိုင်ပွဲရရှိအောင် ကြိုးစားကစားလာမှာ ဖြစ်ပါတယ်။

အေစီမီလန်အသင်းအနေနဲ့ ကစားပြီးသမျှ ပွဲစဉ်တိုင်း ခြေစွမ်းပြကစားနိုင်ပြီး ပြိုင်ဘက်အသင်းတွေထက် ဘောလုံးပိုင်ဆိုင်မှုနဲ့ ဂိုးကန်သွင်းခွင့်တွေ အသာရရှိထားပါတယ်။

ယခုနှစ်ခြေစွမ်းအရ တိုရီနိုအသင်း ခြေစွမ်းအနည်းငယ်ကျဆင်းနေပြီး အေစီမီလန်အသင်းက စုဖွဲ့မှုကို ပိုမိုကောင်းမွန်နေပါတယ်။သမိုင်းအစဉ်အလာနဲ့ လက်ရှိခြေစွမ်းတွေအရ အခုပွဲစဉ်ကို အေစီမီလန်အသင်းနဲ့သာ လက်တွဲသင့်ပါကြောင်း................။

KON (SPORT)

( Zawgyi )









KON (SPORT)