【 အားကစား 】 အမှတ်ပေးဇယား အောက်ဆုံးက ဝက်ဖို့ဒ်ကို မန်စီးတီး ဂိုးပြတ်အနိုင်ယူမလား

【 အားကစား 】 အမှတ်ပေးဇယား အောက်ဆုံးက ဝက်ဖို့ဒ်ကို မန်စီးတီး ဂိုးပြတ်အနိုင်ယူမလား

ပရီးမီးယားလိဂ် ပွဲစဉ် ၆ အဖြစ် မန်စီးတီးအသင်းနဲ့ ဝက်ဖို့ဒ်အသင်းတို့ ယနေ့ည ၈ နာရီခွဲအချိန်မှာ မန်စီးတီးရဲ့ အိမ်ကွင်းဖြစ်တဲ့ အီတီဟတ်ကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။

မန်စီးတီးအသင်းအနေနဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်အဖြစ် ဝက်ဟမ်းအသင်းရဲ့ အိမ်ကွင်းမှာ ကစားခဲ့တဲ့ပွဲစဉ်မှာ ဘောလုံးပိုင်ဆိုင်ခွင့် ၇၇ ရာခိုင်နှုန်းရှိခဲ့ပြီး ဂိုးကန်သွင်းခွင့် ၁၄ ကြိမ်ရရှိခဲ့ပြီး ဝ-၅ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒုတိယပွဲစဉ်အဖြစ် အိမ်ကွင်းမှာ ကစားခဲ့တဲ့ စပါးအသင်းနဲ့ပွဲစဉ်မှာ ဘောလုံးပိုင်ဆိုင်ခွင့် ၅၅ ရာခိုင်နှုန်းရှိခဲ့ပြီး ဂိုးကန်သွင်းမှု အကြိမ် ၃၀ ရရှိခဲ့ကာ ၂-၂ ဂိုးနဲ့ သရေကျခဲ့ပါတယ်။ ပွဲစဉ် ၃ အဖြစ် ဘုန်းမောက်အသင်းရဲ့အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ပြီး ၁-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ပွဲစဉ် ၄ အဖြစ် အိမ်ကွင်းမှာ ဘရိုက်တန်အသင်းကို ၄-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ပွဲစဉ် ၅ အဖြစ် နော့ဝစ် အသင်းရဲ့ အိမ်ကွင်းမှာ သွားရောက်ကစားခဲ့ရာ ၃-၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ အတွက် ၅ ပွဲကစားအပြီး ရမှတ် ၁၀ မှတ် ရရှိကာ အဆင့် ၂ နေရာမှာ ရပ်တည်လျှက်ရှိပါတယ်။

အခုပွဲစဉ်ကို ဂိုး အက်ဒါဆန်၊ နောက်တန်း အဖြစ် ဝေါ့ကာ၊ ၊ အိုတာမန်ဒီ၊ဖာနန်ဒင်ဟို၊ အိုလက်ဆန်ဒရာ ၊ အလယ်တန်း အဖြစ် ရိုဒရီ၊ဒေးဗစ်ဆေးဗား၊ဒီဘရူနီ၊ရှေ့တန်းအဖြစ် စတားလင်း၊အဂူရို၊မာရက် တို့ပါဝင်ကစား လာနိုင်ပါတယ်။

ဝက်ဖို့အသင်းအနေနဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်အဖြစ် အိမ်ကွင်းမှာဘရိုက်တန်အသင်းနဲ့ယှဉ်ပြိုင်ကစားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၄၈ ရာခိုင်နှုန်းရှိခဲ့ပြီး ဂိုးပေါက်ကန်သွင်းမှု ၁၁ ကြိမ်ရှိခဲ့ကာ ဝ-၃နဲ့ရှုံးနိမ့်ခဲ့ပါတယ်။ပွဲစဉ် ၂ အဖြစ် အဲဗာတန်အသင်းရဲ့ကွင်းမှာ သွားရောက်ကစားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၅၆ ရာခိုင်နှုန်းရှိခဲ့ပြီး ဂိုးကန်သွင်းမှု ၈ ကြိမ်ရှိခဲ့ကာ ၁-၀ နဲ့ရှုံးနိမ့်ခဲ့ပါတယ်။ပွဲစဉ် ၃ အဖြစ် အိမ်ကွင်းမှာ ဝက်ဟမ်းအသင်းနဲ့ယှဉ်ပြိုင် ကစားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၅၅ ရာခိုင်နှုန်းရှိခဲ့ပြီး ဂိုးပေါက်ကန်သွင်းမှု ၂၃ကြိမ်ရရှိခဲ့ပြီး ၁-၃ နဲ့ရှုံးနိမ့်ခဲ့ပါတယ်။ပွဲစဉ် ၄ အဖြစ် နယူးကာဆယ်အသင်းရဲ့ အိမ်ကွင်းမှာ ကစားခဲ့ရာ ဘောလုံးပိုင်ဆိုင်မှု ၅၁ ရာခိုင်နှုန်းရှိခဲ့ပြီး ဂိုးကန်သွင်းခွင့် ၁၃ ကြိမ်ရရှိခဲ့ကာ ၁-၁ သရေကျခဲ့ပါတယ်။ပွဲစဉ် ၅ အဖြစ် အိမ်ကွင်းမှာ အာဆင်နယ် အသင်းနဲ့ယှဉ်ပြိုင်ကစားခဲ့ပြီး ၂-၂ သရေရလဒ်ရရှိခဲ့တဲ့ အတွက် ၅ ပွဲကစားအပြီး ရမှတ် ၂ မှတ်သာရရှိကာ ဇယားအောက်ဆုံး အဆင့် ၂၀ မှာ ရပ်တည်လျှက်ရှိပါတယ်။

အခုပွဲစဉ်ကို ဘွတ်ကီဒိုင်တွေက မန်စီးတီးအသင်းဘက်မှ ၂လုံး၈၀အရှုံးဖွင့်လှစ်ထားပြီး ဂိုးပေါင်း ၄လုံး ၂၀အနိုင်ဖွင့်လှစ်ထားပါတယ်။

နှစ်သင်းတွေ့ဆုံမှု နောက်ဆုံး ၁၁ ကြိမ်လုံး မန်စီးတီးက အနိုင်ရရှိထားပါတယ်။ယမန်နှစ်က ကစားခဲ့တဲ့ ပရီးမီးယာလိဂ်ပွဲစဉ်မှာ အိမ်ကွင်းမှာ ၃-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး အဝေးကွင်းမှာ ၁-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။FA ဖလားပွဲစဉ်မှာတော့ ၆-၀ နဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။

 

မန်စီးတီးအသင်းအနေနဲ့ ပြိုင်ဘက် လီဗာပူအသင်းနဲ့ အမှတ် ၅ မှတ်ကွာခြားနေတဲ့ အတွက် အခုပွဲစဉ်ကို မဖြစ်မနေ အနိုင်ရရှိဖို့ တိုက်စစ်ဖွင့်ကစားလာမှာဖြစ်ပါတယ်။

ဝက်ဖို့ဒ်အသင်းအနေနဲ့ ရာသီအစရလဒ်တွေမကောင်းမွန်တဲ့ အတွက် နည်းပြထုတ်ပယ်ပြီး စပိန်လူမျိုးနည်းပြ ဆန်းချက်ဖလိုရက်ကို အစားထိုးကိုင်တွယ်စေခဲ့ပါတယ်။နည်းပြသစ်ရဲ့လက်ထက်မှာ အာဆင်နယ်အသင်းနဲ့ယှဉ်ပြိုင်ကစားခဲ့ပြီး ၂ ဂိုးပြတ် ရှုံးနိမ့်နေရာမှ နောက်မှလိုက်ကစားပြီး သရေရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။၆ ပွဲကစား ရမှတ် ၂ မှတ်သာရရှိသေးတဲ့ အတွက် အခုပွဲစဉ်မှာ မန်စီးတီးထံမှ အမှတ်ခွဲယူဖို့အတွက် ကြိုးစားကစားလာမှာဖြစ်ပါတယ်။

မန်စီးတီးအသင်းအနေနဲ့ ချန်ပီယံလိဂ်မှာ ပွဲပန်းလာမှု၊ နောက်တန်းကစားသမားများ ဒဏ်ရာများရရှိနေမှု၊ ဝက်ဖို့အသင်းအနေနဲ့ အာဆင်နယ်အသင်းနဲ့ ကစားစဉ် ကစားခဲ့တဲ့ ခြေစွမ်းနဲ့ စိတ်ဓာတ်တွေအရ အခုပွဲစဉ်မှာ ဝက်ဖို့ဒ်အသင်းအနေနဲ့ မန်စီးတီးအသင်းကို ဂိုးပြတ်မရှုံးနိမ့်နိုင်တဲ့ အတွက် ဝက်ဖို့ဒ် အသင်းနဲ့သာလက်တွဲသင့်ပါကြောင်း

KON (SPORT)

( Zawgyi )










KON (SPORT)