【 အားကစား 】 အပြန်အလှန် သွင်းဂိုးတွေနဲ့ နယ်သာလန်ကို အိမ်ကွင်းမှာ ဧည့်ခံမယ့် ဂျာမနီအသင်း

【 အားကစား 】 အပြန်အလှန် သွင်းဂိုးတွေနဲ့ နယ်သာလန်ကို အိမ်ကွင်းမှာ ဧည့်ခံမယ့်  ဂျာမနီအသင်း

ယူရို ၂၀၂၀ ခြေစစ်ပွဲအဖြစ် ဂျာမနီအသင်းနဲ့ နယ်သာလန်အသင်းတို့ ယနေ့ည ၁ နာရီခွဲအချိန်မှာ ဂျာမနီနိုင်ငံမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

ဂျာမနီအသင်းအနေနဲ့ ခြေစစ်ပွဲ အဖွင့်ပွဲအဖြစ် နယ်သာလန်အသင်းရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ရာမှာ ဘောလုံးပိုင်ဆိုင်မှု ၄၆ ရာခိုင်နှုန်းရှိခဲ့ပြီး ဂိုးကန်သွင်းခွင့် ၁၁ ကြိမ်ရရှိခဲ့ကာ ၂-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ပွဲစဉ် ၂ အဖြစ် ဘီလာရုစ်ရဲ့ အိမ်ကွင်းမှာ သွားရောက်ကစားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၇၄ ရာခိုင်နှုန်းရှိခဲ့ပြီး ဂိုးကန်သွင်းခွင့် ၂၃ ကြိမ်ရရှိခဲ့ကာ ဝ-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ပွဲစဉ် ၃ အဖြစ် အိမ်ကွင်းမှာ အက်စတိုးနီးယားအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရာမှာတော့ ဘောလုံးပိုင်ဆိုင်မှု ၈၂ ရာခိုင်နှုန်းအထိရှိခဲ့ပြီး ဂိုးကန်သွင်းခွင့် ၂၇ ကြိမ် ရရှိခဲ့ကာ ၈-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့အတွက် ၃ ပွဲကစား ၉ မှတ်ရရှိခဲ့ပါတယ်။

ဂျာမနီနည်းပြ ဂျိုအာချင်လို အနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ နေရှင်းလိဂ်ပြိုင်ပွဲတွေမှာ ရလဒ်မကောင်းခဲ့တဲ့အတွက် အသင်းကို ပြန်လည်ပြင်ဆင်ခဲ့ပြီး ခြေစွမ်းကျဆင်းလာတဲ့ ကစားသမားတွေနေရာမှာ လူငယ်ကစားသမားတွေနဲ့ အစားထိုးခဲ့တဲ့အတွက် ယူရိုခြေစစ်ပွဲမှာ ရလဒ်တွေ ပြန်လည်ကောင်းမွန်လာခဲ့ပါတယ်။

အခုပွဲစဉ်မှာ ဂိုး - နျူအာ၊ နောက်တန်းကစားသမားများအဖြစ် ဂျင်တာ၊ နီကလပ်ဆူး၊ ဂျိုနသန်တာ၊ အလယ်တန်းကစားသမားများအဖြစ် ကင်မစ်ချ်၊ တိုနီခရူးစ်၊ နီကိုရှူးဂ်၊ လီယွန်ဂိုရက်ဇ်ကာ၊ မာကိုရူးစ် နဲ့ ရှေ့တန်းမှာ ဆာ့ဂ် ဂန်ဘာရီ တို့ ပါဝင်ကစားလာနိုင်ပါတယ်။

နယ်သာလန်အသင်းအနေနဲ့ ယူရိုခြေစစ်ပွဲ အဖွင့်ပွဲအဖြစ် အိမ်ကွင်းမှာ ဘီလာရုစ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၆၂ ရာခိုင်နှုန်းရှိခဲ့ကာ ဂိုးကန်သွင်းခွင့် ၁၀ ကြိမ်ရရှိခဲ့ပြီး ၄-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ပွဲစဉ် ၂ အဖြစ် အိမ်ကွင်းမှာ ဂျာမဏီအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရာမှာတော့ ဘောလုံးပိုင်ဆိုင်မှု ၅၃ ရာခိုင်နှုန်းရှိခဲ့ပြီး ဂိုးကန်သွင်းမှု ၁၆ ကြိမ်ရရှိခဲ့ကာ ၂-၃ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့အတွက် ၂ ပွဲကစားအပြီး ရမှတ် ၃ မှတ်သာ ရရှိခဲ့ပါတယ်။

နေးရှင်းလိဂ်ပြိုင်ပွဲမှာ အုပ်စုပထမရထားတဲ့ နယ်သာလန်အသင်းအနေနဲ့ လက်ရှိခြေစစ်ပွဲမှာ ကျဆုံးခဲ့ရင်တောင် Play-Offs ယှဉ်ပြိုင်ကစားခွင့်ရရှိထားပြီး အသင်းကို ဝါရင့်ကစားသမားနဲ့ လူငယ်တွေကို အချိုးကျပေါင်းစပ်ထား ပြီး ခြေစွမ်းပိုင်း တိုးတက်လာပါတယ်။

အခုပွဲစဉ်ကို ဂိုး - ဂျက်စပါ ဆီလက်ဆန်၊ နောက်တန်းကစားသမားများအဖြစ် ဒယ်လီဘလိုင်း၊ ဗန်ဒိုက်၊ ဒီလိုက်၊ ဒန်ဇယ်၊ အလယ်တန်းကစားသမားများအဖြစ် ဝင်ဒန်ဂျယ်၊ ဒီဂျောင်း၊ မာတန်ဒီရွန်၊ ရှေ့တန်းကစားသမားများအဖြစ် ဘာဘယ်၊ ဒီပေး၊ စတီဗင်ဘက်ဝင့် တို့ ပါဝင်ကစားလာနိုင်ပါတယ်။

အခုပွဲစဉ်ကို ဘွတ်ကီဒိုင်တွေက ဂျာမနီအသင်းဘက်မှ သရေအရှုံး ဖွင့်လှစ်ထားပြီး ဂိုးပေါင်း ၃ လုံး ၃၀ အနိုင် ဖွင့်လှစ်ထားပါတယ်။

နှစ်သင်းတွေ့ဆုံမှုအရ နောက်ဆုံး ၆ ပွဲမှာ ဂျာမနီအသင်းက ၃ ပွဲနိုင် ၂ ပွဲသရေ ၁ ပွဲရှုံးရလဒ် ရရှိခဲ့ပါတယ်။

 

အခုပွဲစဉ်ကို ဘွတ်ကီဒိုင်တွေရဲ့ကြေးဖွင့်လှစ်မှု ပျော့ပျောင်းနေပြီး နယ်သာလန်အသင်းအနေနဲ့လည်း လက်ရှိကစားသမားတွေရဲ့ စွမ်းဆောင်ရည်ဟာ အကောင်းဆုံးပုံစံ ရရှိနေတဲ့အတွက် အခုပွဲစဉ်မှာ ဂျာမနီအသင်းကို အကောင်းဆုံးတုံ့ပြန် ကစားလာနိုင်တဲ့အတွက် နယ်သာလန်အသင်းနဲ့သာ လက်တွဲသင့်ပါကြောင်း

KON (SPORT)

( Zawgyi )

ယူ႐ို ၂၀၂၀ ေျခစစ္ပြဲအျဖစ္ ဂ်ာမနီအသင္းနဲ႔ နယ္သာလန္အသင္းတို႔ ယေန႔ည ၁ နာရီခြဲအခ်ိန္မွာ ဂ်ာမနီႏိုင္ငံမွာ ယွဥ္ၿပိဳင္ကစားၾကမွာ ျဖစ္ပါတယ္။

ဂ်ာမနီအသင္းအေနနဲ႔ ေျခစစ္ပြဲ အဖြင့္ပြဲအျဖစ္ နယ္သာလန္အသင္းရဲ႕ အိမ္ကြင္းမွာ ယွဥ္ၿပိဳင္ကစားခဲ့ရာမွာ ေဘာလုံးပိုင္ဆိုင္မႈ ၄၆ ရာခိုင္ႏႈန္းရွိခဲ့ၿပီး ဂိုးကန္သြင္းခြင့္ ၁၁ ႀကိမ္ရရွိခဲ့ကာ ၂-၃ ဂိုးနဲ႔ အႏိုင္ရရွိခဲ့ပါတယ္။ပြဲစဥ္ ၂ အျဖစ္ ဘီလာ႐ုစ္ရဲ႕ အိမ္ကြင္းမွာ သြားေရာက္ကစားခဲ့ၿပီး ေဘာလုံးပိုင္ဆိုင္မႈ ၇၄ ရာခိုင္ႏႈန္းရွိခဲ့ၿပီး ဂိုးကန္သြင္းခြင့္ ၂၃ ႀကိမ္ရရွိခဲ့ကာ ဝ-၂ ဂိုးနဲ႔ အႏိုင္ရရွိခဲ့ပါတယ္။ပြဲစဥ္ ၃ အျဖစ္ အိမ္ကြင္းမွာ အက္စတိုးနီးယားအသင္းနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့ရာမွာေတာ့ ေဘာလုံးပိုင္ဆိုင္မႈ ၈၂ ရာခိုင္ႏႈန္းအထိရွိခဲ့ၿပီး ဂိုးကန္သြင္းခြင့္ ၂၇ ႀကိမ္ ရရွိခဲ့ကာ ၈-၀ ဂိုးနဲ႔ အႏိုင္ရရွိခဲ့တဲ့အတြက္ ၃ ပြဲကစား ၉ မွတ္ရရွိခဲ့ပါတယ္။

ဂ်ာမနီနည္းျပ ဂ်ိဳအာခ်င္လို အေနနဲ႔ ကမာၻ႔ဖလားၿပိဳင္ပြဲနဲ႔ ေနရွင္းလိဂ္ၿပိဳင္ပြဲေတြမွာ ရလဒ္မေကာင္းခဲ့တဲ့အတြက္ အသင္းကို ျပန္လည္ျပင္ဆင္ခဲ့ၿပီး ေျခစြမ္းက်ဆင္းလာတဲ့ ကစားသမားေတြေနရာမွာ လူငယ္ကစားသမားေတြနဲ႔ အစားထိုးခဲ့တဲ့အတြက္ ယူ႐ိုေျခစစ္ပြဲမွာ ရလဒ္ေတြ ျပန္လည္ေကာင္းမြန္လာခဲ့ပါတယ္။

အခုပြဲစဥ္မွာ ဂိုး - န်ဴအာ၊ ေနာက္တန္းကစားသမားမ်ားအျဖစ္ ဂ်င္တာ၊ နီကလပ္ဆူး၊ ဂ်ိဳနသန္တာ၊ အလယ္တန္းကစားသမားမ်ားအျဖစ္ ကင္မစ္ခ်္၊ တိုနီခ႐ူးစ္၊ နီကိုရွဴးဂ္၊ လီယြန္ဂိုရက္ဇ္ကာ၊ မာကို႐ူးစ္ နဲ႔ ေရွ႕တန္းမွာ ဆာ့ဂ္ ဂန္ဘာရီ တို႔ ပါဝင္ကစားလာႏိုင္ပါတယ္။

နယ္သာလန္အသင္းအေနနဲ႔ ယူ႐ိုေျခစစ္ပြဲ အဖြင့္ပြဲအျဖစ္ အိမ္ကြင္းမွာ ဘီလာ႐ုစ္အသင္းနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့ၿပီး ေဘာလုံးပိုင္ဆိုင္မႈ ၆၂ ရာခိုင္ႏႈန္းရွိခဲ့ကာ ဂိုးကန္သြင္းခြင့္ ၁၀ ႀကိမ္ရရွိခဲ့ၿပီး ၄-၀ ဂိုးနဲ႔ အႏိုင္ရရွိခဲ့ပါတယ္။ပြဲစဥ္ ၂ အျဖစ္ အိမ္ကြင္းမွာ ဂ်ာမဏီအသင္းနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့ရာမွာေတာ့ ေဘာလုံးပိုင္ဆိုင္မႈ ၅၃ ရာခိုင္ႏႈန္းရွိခဲ့ၿပီး ဂိုးကန္သြင္းမႈ ၁၆ ႀကိမ္ရရွိခဲ့ကာ ၂-၃ ဂိုးနဲ႔ ရႈံးနိမ့္ခဲ့တဲ့အတြက္ ၂ ပြဲကစားအၿပီး ရမွတ္ ၃ မွတ္သာ ရရွိခဲ့ပါတယ္။

ေနးရွင္းလိဂ္ၿပိဳင္ပြဲမွာ အုပ္စုပထမရထားတဲ့ နယ္သာလန္အသင္းအေနနဲ႔ လက္ရွိေျခစစ္ပြဲမွာ က်ဆုံးခဲ့ရင္ေတာင္ Play-Offs ယွဥ္ၿပိဳင္ကစားခြင့္ရရွိထားၿပီး အသင္းကို ဝါရင့္ကစားသမားနဲ႔ လူငယ္ေတြကို အခ်ိဳးက်ေပါင္းစပ္ထား ၿပီး ေျခစြမ္းပိုင္း တိုးတက္လာပါတယ္။

အခုပြဲစဥ္ကို ဂိုး - ဂ်က္စပါ ဆီလက္ဆန္၊ ေနာက္တန္းကစားသမားမ်ားအျဖစ္ ဒယ္လီဘလိုင္း၊ ဗန္ဒိုက္၊ ဒီလိုက္၊ ဒန္ဇယ္၊ အလယ္တန္းကစားသမားမ်ားအျဖစ္ ဝင္ဒန္ဂ်ယ္၊ ဒီေဂ်ာင္း၊ မာတန္ဒီ႐ြန္၊ ေရွ႕တန္းကစားသမားမ်ားအျဖစ္ ဘာဘယ္၊ ဒီေပး၊ စတီဗင္ဘက္ဝင့္ တို႔ ပါဝင္ကစားလာႏိုင္ပါတယ္။

အခုပြဲစဥ္ကို ဘြတ္ကီဒိုင္ေတြက ဂ်ာမနီအသင္းဘက္မွ သေရအရႈံး ဖြင့္လွစ္ထားၿပီး ဂိုးေပါင္း ၃ လုံး ၃၀ အႏိုင္ ဖြင့္လွစ္ထားပါတယ္။

ႏွစ္သင္းေတြ႕ဆုံမႈအရ ေနာက္ဆုံး ၆ ပြဲမွာ ဂ်ာမနီအသင္းက ၃ ပြဲႏိုင္ ၂ ပြဲသေရ ၁ ပြဲရႈံးရလဒ္ ရရွိခဲ့ပါတယ္။

အခုပြဲစဥ္ကို ဘြတ္ကီဒိုင္ေတြရဲ႕ေၾကးဖြင့္လွစ္မႈ ေပ်ာ့ေပ်ာင္းေနၿပီး နယ္သာလန္အသင္းအေနနဲ႔လည္း လက္ရွိကစားသမားေတြရဲ႕ စြမ္းေဆာင္ရည္ဟာ အေကာင္းဆုံးပုံစံ ရရွိေနတဲ့အတြက္ အခုပြဲစဥ္မွာ ဂ်ာမနီအသင္းကို အေကာင္းဆုံးတုံ႔ျပန္ ကစားလာႏိုင္တဲ့အတြက္ နယ္သာလန္အသင္းနဲ႔သာ လက္တြဲသင့္ပါေၾကာင္း

KON (SPORT)