【 အားကစား 】 အပြန်အလှန်သွင်းဂိုးတွေ မြင်တွေ့ရမယ့် ဒူဆယ်ဒေါ့နဲ့ ဝုဖ်ဘတ်
【 အားကစား 】 အပြန်အလှန်သွင်းဂိုးတွေ မြင်တွေ့ရမယ့် ဒူဆယ်ဒေါ့နဲ့ ဝုဖ်ဘတ်
ဘွန်ဒက်လီဂါ ပွဲစဉ် ၄ အဖြစ် ဒူဆယ်ဒေါ့နဲ့ ဝုဖ်ဘတ်အသင်းတို့ ယနေ့ည ၁ နာရီမှာ ဒူဆယ်ဒေါ့ရဲ့ကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။
ဒူဆယ်ဒေါ့အသင်းအနေနဲ့ အဖွင့်ပွဲစဉ်အဖြစ် ဝါဒါဘရီမင်အသင်းရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ရာ ဘောလုံးပိုင်ဆိုင်မှု ၃၃ ရာခိုင်နှုန်းရှိခဲ့ပြီး ကန်သွင်းခွင့် ၁၂ ကြိမ်ရရှိခဲ့ကာ ၁-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ပွဲစဉ် ၂ အဖြစ် အိမ်ကွင်းမှာ လီဗာကူဆင်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၃၂ ရာခိုင်နှုန်းရှိခဲ့ပြီး ဂိုးကန်သွင်းမှု ၁၂ ကြိမ်ရရှိခဲ့ကာ ၁-၃ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ပွဲစဉ် ၃ အဖြစ် ဖရန့်ဖတ်အသင်းရဲ့ အိမ်ကွင်းမှာ ကစားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၄၁ ရာခိုင်နှုန်းရှိခဲ့ပြီး ဂိုးကန်သွင်းခွင့် ၁၄ ကြိမ်ရရှိခဲ့ကာ ၂-၁ ဂိုးနဲ့ ရှှုံးနိမ့်ခဲ့တဲ့အတွက် ၃ ပွဲကစားအပြီး ရမှတ် ၃ မှတ်ရရှိကာ အဆင့် ၁၂ နေရာမှာ ရပ်တည်လျှက်ရှိပါတယ်။
ဝုဖ်ဘတ်အသင်းအနေနဲ့ အဖွင့်ပွဲစဉ်အဖြစ် အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၄၇ ရာခိုင်နှုန်းရှိခဲ့ပြီး ဂိုးကန်သွင်းမှု ၁၅ ကြိမ်ရရှိခဲ့ကာ ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ပွဲစဉ် ၂ အဖြစ် ဟာသာဘာလင်အသင်းရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၄၃ ရာခိုင်နှုန်းရှိခဲ့ပြီး ဂိုးကန်သွင်းမှု ၁၀ ကြိမ်ရရှိခဲ့ကာ ဝ-၃ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ပွဲစဉ် ၃ အဖြစ် အိမ်ကွင်းမှာ ပါဒါဘွန်းအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၆၃ ရာခိုင်နှုန်းရှိခဲ့ပြီး ဂိုးကန်သွင်းမှု ၁၆ ကြိမ်ရရှိခဲ့ကာ ၁-၁ သရေရလဒ် ရရှိခဲ့တဲ့အတွက် ၃ ပွဲကစားအပြီး ရမှတ် ၇ မှတ် အဆင့် ၃ နေရာမှာ ရပ်တည်လျှက်ရှိပါတယ်။
အခုပွဲစဉ်ကို ဘွတ်ကီဒိုင်တွေက ဝုဖ်ဘတ်အသင်းဘက်မှ သရေ ၅၀ အရှုံး ဖွင့်လှစ်ထားပြီး ဂိုးပေါင်း ၃ လုံး ၄၀ အနိုင် ဖွင့်လှစ်ထားပါတယ်။
နှစ်သင်းတွေ့ဆုံမှု နောက်ဆုံး ၄ ပွဲမှာ ဝုဖ်ဘတ်အသင်းက ၃ ပွဲနိုင် ၁ ပွဲသရေကျခဲ့ပါတယ်။
ဒူဆယ်ဒေါ့နဲ့ ဝုဖ်ဘတ်အသင်းတို့ ကစားပြီးပွဲစဉ်တွေမှာ ပွဲစဉ်တိုင်း သွင်းဂိုးအသီးသီးရရှိခဲ့ပြီး ယခုနှစ် ဘွန်ဒစ်လီဂါပွဲစဉ်တွေကလည်း ဂိုးမြူးနေတဲ့အတွက် အခုပွဲစဉ်ဟာလည်း အပြန်အလှန်သွင်းဂိုးတွေကို မြင်တွေ့နိုင်တဲ့ပွဲစဉ် ဖြစ်လာနိုင်ပါကြောင်း..............။
KON (SPORT)
( Zawgyi )
KON (SPORT)