【 အားကစား 】 အပြန်အလှန်သွင်းဂိုးတွေကို မြင်ရမယ့် အိုလံပီယာကော့စ်နဲ့ ဘိုင်ယန်မြူးနစ်

【 အားကစား 】 အပြန်အလှန်သွင်းဂိုးတွေကို မြင်ရမယ့် အိုလံပီယာကော့စ်နဲ့ ဘိုင်ယန်မြူးနစ်

ချန်ပီယံလိဂ် အုပ်စု B တတိယပွဲစဉ်အဖြစ် အိုလံပီယာကော့စ်အသင်းနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ ယနေ့ည ၁ နာရီခွဲအချိန်မှာ အိုလံပီယာကော့စ်အသင်းရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

အိုလံပီယာကော့စ်အသင်းအနေနဲ့  ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် ခြေစစ်ပွဲတွေကစားခဲ့ရပြီး ခြေစစ်ပွဲတလျှောက် ဗစ်တိုးရီးယားပါဇန်၊ အစ္စတန်ဘူဘာကတ်စီဟာ၊ ခရက်စ်နိုဒါ အသင်းတွေကို အနိုင်ရရှိခဲ့တဲ့အတွက် အခုပွဲစဉ်ကို ယှဉ်ပြိုင်ခွင့်ရခဲ့ခြင်းဖြစ်ပါတယ်။အုပ်စုပွဲစဉ် ပထမပွဲအဖြစ် အိမ်ကွင်းမှာ စပါးအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၄၄ ရာခိုင်နှုန်းရရှိခဲ့ကာ ဂိုးကန်သွင်းခွင့် ၁၇ ကြိမ်အထိ ရရှိခဲ့ပါတယ်။စပါးအသင်းရဲ့ ဦးဆောင်ဂိုး ၂ ဂိုးသွင်းခြင်းကို ခံခဲ့ရပြီး နောက်မှလိုက်ကစားကာ ချေပဂိုးတွေသွင်းနိုင်ခဲ့တဲ့အတွက် ပွဲအပြီးမှာ ၂-၂ သရေရလဒ် ရရှိခဲ့ပါတယ်။ဒုတိယပွဲစဉ်အဖြစ် ဇီဗက်ဒါအသင်းရဲ့ အိမ်ကွင်းမှာ သွားရောက်ကစားခဲ့ပြီး ၃၇ မိနစ်မှာ ဦးဆောင်ဂိုးသွင်းနိုင်ခဲ့ပေမယ့် အနီးကတ်နဲ့ ကစားသမား ၁ ဦး အထုတ်ခံရပြီးနောက် ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ခွင့်ပြုပေးခဲ့ရတဲ့အတွက် ပွဲအပြီးမှာ ၃-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့အတွက် ၂ ပွဲကစားအပြီး ရမှတ် ၁ မှတ်ရရှိကာ အုပ်စု B ရဲ့ အဆင့် ၃ နေရာမှာ ရပ်တည်လျှက်ရှိပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ ဂျာမန်ဘွန်ဒက်လီဂါမှာ ဗိုလ်စွဲခဲ့တဲ့အတွက် အခုပွဲစဉ်တွေကို တိုက်ရိုက်ပါဝင်ကစားခွင့်ရရှိခဲ့ပြီး အဖွင့်ပွဲစဉ်အဖြစ် အိမ်ကွင်းမှာ ဇီဗက်ဒါအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၇၂ ရာခိုင်နှုန်းရရှိခဲ့ကာ ဂိုးကန်သွင်းခွင့် ၃၄ ကြိမ်ရရှိခဲ့ပြီး ၃-၀ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ဒုတိယပွဲစဉ်အဖြစ် စပါးအသင်းရဲ့ အိမ်ကွင်းမှာ သွားရောက်ကစားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၅၈ ရာခိုင်နှုန်း ရရှိခဲ့ကာ ဂိုးကန်သွင်းမှု ၁၉ ကြိမ်ရရှိခဲ့ပြီး ၂-၇ ဂိုးနဲ့အနိုင်ရရှိခဲ့တဲ့အတွက် ၂ ပွဲကစားအပြီး ရမှတ် ၆ မှတ်ရရှိကာ အုပ်စု B ကို ဦးဆောင်လျက်ရှိပါတယ်။

အခုပွဲစဉ်ကို ဘွတ်ကီဒိုင်တွေက ဘိုင်ယန်မြူးနစ်အသင်းဘက်မှ ၁ လုံး ၇၀ အရှုံး ဖွင့်လှစ်ထားပြီး ဂိုးပေါင်း ၃ လုံး ၃၀ အရှုံး ဖွင့်လှစ်ထားပါတယ်။

၂၀၁၅ ခုနှစ်က ချန်ပီယံလိဂ်ပြိုင်ပွဲမှာ နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့ပြီး ဘိုင်ယန်အသင်းက အိမ်ကွင်းမှာ ၄-၀၊ အဝေးကွင်းမှာ ၀-၃ ဂိုးတွေနဲ့ အနိုင်ရရှိခဲ့ပါတယ်။

 

ဂရိကလပ် အိုလံပီယာကော့စ်အသင်းဟာ အိမ်ကွင်းမာကြောတဲ့ အသင်းဖြစ်ပြီး ပြိုင်ဘက်အသင်းတွေကို အိမ်ကွင်းမှာ တိုက်စစ်ဖွင့်ကစားလေ့ရှိတဲ့ အသင်းဖြစ်ပါတယ်။ယခုနှစ်အတွင်း အိမ်ကွင်းမှာ မရှုံးနိမ့်သေးဘဲ ပြိုင်ဘက်အသင်းတွေကို အနိုင်နဲ့ သရေရလဒ်တွေ ရယူထားတဲ့အသင်း ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ ဥရောပအင်အားကြီး အသင်းဖြစ်တာနဲ့အညီ ပြိုင်ဘက်အသင်းတွေကို ဂိုးပြတ်အနိုင်ကစားထားနိုင်ခဲ့ပါတယ်။အဝေးကွင်းမှာ စပါးအသင်းကို ဂိုးပြတ်အနိုင်ရရှိပြီးတဲ့နောက် ဘွန်ဒက်လီဂါပြိုင်ပွဲတွေမှာ အနိုင်မရရှိတော့ဘဲ ဟော်ဖန်ဟိမ်းအသင်းကို ရှုံးနိမ့်ကာ အော့စ်ဘတ်အသင်းနဲ့ သရေကျခဲ့ပြီး ရလဒ်တွေကျဆင်းလာခဲ့ပါတယ်။

အခုပွဲစဉ်မှာ အိုလံပီယာကော့စ်အသင်းရဲ့ အိမ်ကွင်းအားသာချက်၊ လက်ရှိခြေစွမ်းနဲ့ရလဒ်တွေအရ ဂိုးပြတ်မရှုံးနိမ့်နိုင်ဘဲ အပြန်အလှန်သွင်းဂိုးတွေကို တွေ့မြင်ရမှာဖြစ်တဲ့အတွက် အိုလံပီယာကော့စ်နဲ့ ဂိုးပေါင်းအများနဲ့သာ လက်တွဲသင့်ပါကြောင်း.......။

KON (SPORT)

( Zawgyi )









KON (SPORT)