【 အားကစား 】 အနိုင်အတွက် တိုက်ပွဲဝင်မယ့် ဒိန်းမတ်အသင်းနဲ့ လက်တွဲမယ်

【 အားကစား 】 အနိုင်အတွက် တိုက်ပွဲဝင်မယ့် ဒိန်းမတ်အသင်းနဲ့ လက်တွဲမယ်

ယနေ့ည ၁း၁၅ နာရီမှာ ယူရို ၂၀၂၀ ခြေစစ်ပွဲအတွက် ဒိန်းမတ်အသင်းနဲ့ အိုင်ယာလန်အသင်းတို့ ဒိန်းမတ်နိုင်ငံမှာ ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။

ယူရိုဖလား ၁ ကြိမ်ရဖူးတဲ့ ဒိန်းမတ်အသင်းအနေနဲ့ ယူရိုခြေစစ်ပွဲ ၁ ပွဲသာ ယှဉ်ပြိုင်ကစားရသေးပြီး ဆွစ်ဇာလန်မြေပေါ်မှာ ၃ ဂိုးစီ သရေကျခဲ့ပါတယ်။

ဆွစ်ဇာလန်အသင်းနဲ့ အဝေးကွင်းကစားခဲ့ရာမှာ ၃ ဂိုးပြတ်ရှုံးနိမ့်နေပြီး နောက်ကျချေပဂိုးတွေ ရရှိခဲ့တဲ့အတွက် သရေရရှိအောင် စွမ်းဆောင်ခဲ့တဲ့အသင်းရဲ့ စိတ်ဓာတ်ဟာ အမြင့်မားဆုံးအခြေအနေ ရောက်ရှိနေမှာဖြစ်ပါတယ်။လက်စတာအသင်းရဲ့ ဂိုးသမား ကတ်စပါ ရှမိုက်ကယ်၊ ကွင်းလယ်မှာ စပါးအသင်းရဲ့ အားထားရတဲ့ အဲရစ်ဆင် တို့ အထူးခြေစွမ်းပြကစားနေတဲ့ ဒိန်းမတ်အသင်းဟာ ကမ္ဘာ့ဖလား အပါအဝင် နောက်ဆုံးကစားခဲ့တဲ့ ၁၃ ပွဲမှာ ၅ ပွဲနိုင် ၇ ပွဲသရေ ၁ ပွဲသာ ရှုံးနိမ့်ခဲ့ပါတယ်။ရှုံးနိမ့်တဲ့ပွဲစဉ်ဟာ ဆလိုဗက်ကီးယားရဲ့ အိမ်ကွင်းမှာ ချစ်ကြည်ရေးကစားခဲ့တဲ့ပွဲ ဖြစ်ပါတယ်။

အိုင်ယာလန်အသင်းအနေနဲ့ ယူရိုခြေစစ်ပွဲ ၂ ပွဲကစားအပြီး ၂ ပွဲစလုံး အနိုင်ရရှိကာ ရမှတ် ၆ မှတ်နဲ့ အုပ်စုကို ဦးဆောင်နေပါတယ်။ဂျီဘရော်တာအသင်းကို အဝေးကွင်းမှာ ၁ - ဝ၊ ဂျော်ဂျီယာအသင်းကို အိမ်ကွင်းမှာ ၁ - ၀ တွေနဲ့ အနိုင်ယူထားတာ ဖြစ်ပါတယ်။နောက်ဆုံးကစားခဲ့တဲ့ ၇ ပွဲမှာ ဂျီဘရော်တာနဲ့ ဂျော်ဂျီယာအသင်းတွေကိုသာ အနိုင်ရရှိခဲ့ပြီး ဝေးလ်အသင်းကို နေရှင်းလိဂ်ပြိုင်ပွဲမှာ ၂ ကျော့စလုံး ရှုံးနိမ့်ကာ ပိုလန်၊ ဒိန်းမတ်၊ မြောက်အိုင်ယာလန် အသင်းတွေနဲ့ သရေကျခဲ့ပါတယ်။

ဒိန်းမတ်အသင်းနဲ့ အိုင်ယာလန်အသင်းတို့ နေရှင်းလိဂ်ပြိုင်ပွဲ ၂ ကျော့ ယှဉ်ပြိုင်ကစားခဲ့ရာ ၂ ကျော့စလုံး ဂိုးမရှိ သရေလဒ် ရရှိခဲ့ပါတယ်။အိုင်ယာလန် အိမ်ကွင်းမှာ နေရှင်းလိဂ် ကစားစဉ်က ဒိန်းမတ်အသင်း ဘောလုံးပိုင်ဆိုင်မှု ၆၁ ရာခိုင်နှုန်းအထိ ရရှိခဲ့ပြီး ဒိန်းမတ်အသင်းရဲ့ ကွင်းမှာမှာတော့ ဒိန်းမတ်အသင်းက ဘောလုံးပိုင်ဆိုင် မှု ၇၀ ရာခိုင်နှုန်း ရှိခဲ့ပေမယ့် အိုင်ယာလန်အသင်းကို ဂိုးသွင်းယူနိုင်ခဲ့ခြင်း မရှိတဲ့အတွက် သရေနဲ့သာ ကျေနပ်ခဲ့ရပါတယ်။အဲဒီပွဲစဉ်တွေမှာ ဒိန်းမတ်အသင်း ခြေစွမ်းအသာရခဲ့ပေမယ့် ပိတ်ဆို့ကစားခဲ့တဲ့ အိုင်ယာလန်ကြောင့် သရေရလဒ်တွေသာ ရရှိခဲ့ပါတယ်။

 

အခုပွဲမှာ ဘွတ်ကီဒိုင်တွေက အိမ်ရှင် ဒိန်းမတ်ဘက်မှ ၁ ဂိုး ၆၀ အနိုင် စတင်ဖွင့်လှစိခဲ့ပြီ ၁ ဂိုး ၄၀ အနိုင်အထိ ဈေးနှုန်းမြင့်တက်လာခဲ့ပါတယ်။

အနီးစပ်ဆုံးပြိုင်ပွဲမှာ ဂိုးသွင်းယူနိုင်ခြင်း မရှိတဲ့အတွက် ဂိုးပေါင်းဈေး ၂ လုံးသရေသာ ဖွင့်လှစ်ထားပါတယ်။ခြေစွမ်း၊ အိမ်ကွင်းအားသာချက်၊ ကစားသမားစုဖွဲ့မှုနဲ့ အကောင်းဆုံးစိတ်ဓာတ် ပိုင်ဆိုင်နေတဲ့ ဒိန်းမတ်အသင်း ဒီတစ်ကြိမ်မှာ အိုင်ယာလန်အသင်းရဲ့ခံစစ်ကို ထိုးဖောက်ဂိုးသွင်းပြီး အနိုင်ရလဒ်ရယူနိုင်တဲ့အတွက် ဒိန်းမတ်အသင်းနဲ့သာ လက်တွဲသင့်ပါကြောင်း-----။

KON (SPORT)

( Zawgyi )








KON (SPORT)