【 အားကစား 】 လီဗာပူးလ်တို့ ဘာစီလိုနာကို ဖြတ်ကျော်နိုင်မလား

【 အားကစား 】 လီဗာပူးလ်တို့ ဘာစီလိုနာကို ဖြတ်ကျော်နိုင်မလား

ယနေ့ည ၁ နာရီခွဲမှာ ချန်ပီယံလိဂ် ဆီမီး ဖိုင်နယ် ဒုတိယအကျော့အဖြစ် စပိန်အသင်း ဘာစီလိုနာနဲ့ အင်္ဂလန် အသင်း လီဗာပူးလ်တို့ လီဗာပူးလ်ရဲ့ အန်ဖီးလ်ကွင်းမှာ တွေ့ဆုံယှဉ်ပြိုင်တော့မှာ ဖြစ်ပါတယ်။

ဘောလုံးပရိတ်သတ်တွေ အထူးစိတ်ဝင်စားတဲ့  ပွဲစဉ်တစ်ပွဲလည်းဖြစ်ပြီး ပွဲကလည်း ပြိုင်ဆိုင်မှုပြင်းထန်မှာ အသေအချာဘဲ ဖြစ်ပါတယ်။

ခြေစွမ်းထက်လာတဲ့ လီဗာပူးလ်အသင်းအနေနဲ့ ဘာစီလိုနာအသင်းကို ဖြတ်ကျော်နိုင်ပါ့မလားဆိုတာ ဒီပွဲက အဆုံးအဖြတ်ပေးသွားမှာဖြစ်ပြီး လီဗာပူးလ်အသင်းအနေနဲ့ ပရီးမီးယားလိဂ် ၃၇ ပွဲ ကစားခဲ့ရာမှာ ၂၉ ပွဲ အနိုင်ရခဲ့ပြီး ၇ ပွဲသရေ ၁ ပွဲသာ ရှုံးနိမ့်ခဲ့ပြီး ရဂိုး ၈၇ ဂိုးအထိ သွင်းနိုင်ခဲ့ပြီး ၂၂ ဂိုး ပြန်လည်ခွင့်ပြုပေးခဲ့ရတာ ဖြစ်ပါတယ်။
ချန်ပီယံလိဂ် ပွဲစဉ်တွေမှာတော့ ၁၁ ပွဲ ကစားခဲ့ရာမှာ အုပ်စုတွင်း ပွဲစဉ် အဝေးကွင်းပွဲစဉ် ၃ ပွဲစလုံး ရှုံးနိမ့်ခဲ့ပြီး အိမ်ကွင်းပွဲစဉ်အားလုံး အနိုင်ရခဲ့တဲ့အတွက် ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ရှုံးထွက်အဆင့်မှာ ဘိုင်ယန်မြူးနစ်နဲ့ တွေ့ဆုံခဲ့ပြီး အိမ်ကွင်းမှာ သရေကစားပြီး အဝေးကွင်း အနိုင်ကစားကာ နောက်တစ်ဆင့်ကို ထပ်မံတက်လှမ်းကာ ပေါ်တိုအသင်းကို နှစ်ကျော့စလုံး အနိုင်ကစားပြီး ဆီမီးဖိုင်နယ် အဆင့်ကို တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းအနေနဲ့ စပိန်လာလီဂါပွဲစဉ် ၃၆ ပွဲ ကစားခဲ့ရာမှာ ၂၅ ပွဲ အနိုင်ရခဲ့ပြီး ၈ ပွဲ သရေ၊ ၃ ပွဲ ရှုံးနိမ့်ခဲ့ပြီး ရဂိုး ၈၆ ဂိုး ပေးဂိုး ၃၄ ဂိုး ရှိခဲ့ပါတယ်။ချန်ပီယံလိဂ် ပွဲစဉ်တွေမှာတော့ ၁၀ ပွဲ ကစားခဲ့ရာမှာ အုပ်စုပွဲစဉ် ၆ ပွဲမှာ ၄ ပွဲ အနိုင်ရရှိခဲ့ပြီး ၂ ပွဲ သရေကျကာ ရှုံးထွက်အဆင့်ကို တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ရှုံးထွက်အဆင့်မှာ PSV ကို အဝေးကွင်း ဝ-၀၊ အိမ်ကွင်း ၅-၁ ဂိုး အနိုင်ယူခဲ့ပြီး နောက်တစ်ဆင့်ကို ထပ်မံတက်လှမ်းကာ အင်္ဂလန်အသင်း တစ်သင်းဖြစ်တဲ့ မန်ယူကို နှစ်ကျော့စလုံး အနိုင်ကစားပြီး ဆီးမီးဖိုင်နယ်အဆင့်ကို တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ဘာစီလိုနာအသင်းအနေနဲ့ လာလီဂါ အမှတ်ပေးချန်ပီယံ ဖြစ်သွားပြီဖြစ်တာကြောင့် ချန်ပီယံလိဂ်ကို အပြည့်အဝ အာရုံစိုက်လာမှာ ဖြစ်ပါတယ်။ပြီးခဲ့တဲ့ လာလီဂါပွဲစဉ်မှာလည်း ဆဲလ်တာဗီဂိုအသင်းကို အရန်လူတွေနဲ့သာ ကစားခဲ့ပြီး ချန်ပီယံလိဂ်အတွက် ကစားသမားတွေ အနားပေး ကစားခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ် ဖလားကို မန်စီးတီးအသင်းနဲ့ အပြိုင်လုနေရတဲ့အတွက် ဖိအားတွေရှိနေပြီး ပရီးမီးယားလိဂ် ပွဲစဉ်မှာလည်း နယူးကာဆယ်အသင်းကို အနိုင်ရအောင် ရုန်းကန်ခဲ့ရပါတယ်။အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ ဆာလက်ချ် နဲ့ ဖာမီနို တို့ ဒဏ်ရာပြဿနာကြောင့် အခုပွဲကို လွဲချော်မှာဖြစ်တဲ့အတွက် ကြီးမားတဲ့ထိုးနှက်ချက်ဘဲ ဖြစ်ပါတယ်။

ဘာစီလိုနာရဲ့ ခြေစွမ်းနဲ့ ချန်ပီယံလိဂ် အတွေ့အကြုံတွေက လက်ရှိ ခြေစွမ်းထက်မြက်မှုရှိပြီး စိတ်ဓာတ်ကောင်းမွန်တဲ့ လီဗာပူးလ်အသင်းကို အဝေးကွင်းမှာ မရှုံးနိမ့်အောင် ကစားနိုင်မလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။ဘာစီလိုနာအသင်းဟာ အဝေးကွင်းမှာ ထိန်းကစားလေ့ရှိပြီး အိမ်ကွင်းရောက်ရင် ဂိုးပြတ် အနိုင်ကစားလေ့ရှိတဲ့ အသင်းဖြစ်ပါတယ်။ပထမအကျော့မှာ လီဗာပူးလ်ကို ၃ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပြီး ဖြစ်တဲ့အတွက် အခုပွဲကို ၂ ဂိုးပြတ် ရှုံးနိမ့်ရင်တောင် နောက်တစ်ဆင့်ကို တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

 

လီဗာပူးလ်အသင်းအနေနဲ့ အခုပွဲကို အနိုင်ရရှိအောင် တိုက်စစ်ဖွင့်ကစားလာမှာဖြစ်ပြီး ပထမအကျော့ပွဲစဉ်မှာလည်း ဘာစီလိုနာအသင်းကို ခြေရည်တူကစားနိုင်ခဲ့တဲ့အတွက် အိမ်ကွင်းမှာ ဖောင်ဖျက်ကစားလာမှာ ဖြစ်ပါတယ်။အခုနှစ် ချန်ပီယံလိဂ် ပွဲစဉ်တလျှောက် အိမ်ကွင်းပွဲစဉ်အားလုံး အနိုင်ရရှိအောင် စွမ်းဆောင်ထားနိုင်ပြီး
ကြေးဖွင့်လှစ်မှုအရ လီဗာပူးလ်ဘက်မှ သရေ ၂၀ အရှုံး ဖွင့်လှစ်ထားပြီး ဂိုးပေါင်းဈေး ၃ လုံး ၂၀ အနိုင် ဖွင့်လှစ်ထားတဲ့အတွက် အိမ်ကွင်းမရှုံးနိမ့်နိုင်တဲ့ လီဗာပူးလ်နဲ့သာ လက်တွဲထားသင့်ပြီး အပြန်အလှန် သွင်းဂိုးတွေကို တွေ့မြင်ဖို့ ရှိလာနိုင်တဲ့အတွက် ဂိုးအများကိုသာ ရွေးချယ်သင့်ပါကြောင်း------။

KON (SPORT)
မေ - ၇

( Zawgyi )

ယေန႔ည ၁ နာရီခြဲမွာ ခ်န္ပီယံလိဂ္ ဆီမီး ဖိုင္နယ္ ဒုတိယအေက်ာ့အျဖစ္ စပိန္အသင္း ဘာစီလိုနာနဲ႔ အဂၤလန္ အသင္း လီဗာပူးလ္တို႔ လီဗာပူးလ္ရဲ႕ အန္ဖီးလ္ကြင္းမွာ ေတြ႕ဆုံယွဥ္ၿပိဳင္ေတာ့မွာ ျဖစ္ပါတယ္။

ေဘာလုံးပရိတ္သတ္ေတြ အထူးစိတ္ဝင္စားတဲ့  ပြဲစဥ္တစ္ပြဲလည္းျဖစ္ၿပီး ပြဲကလည္း ၿပိဳင္ဆိုင္မႈျပင္းထန္မွာ အေသအခ်ာဘဲ ျဖစ္ပါတယ္။

ေျခစြမ္းထက္လာတဲ့ လီဗာပူးလ္အသင္းအေနနဲ႔ ဘာစီလိုနာအသင္းကို ျဖတ္ေက်ာ္ႏိုင္ပါ့မလားဆိုတာ ဒီပြဲက အဆုံးအျဖတ္ေပးသြားမွာျဖစ္ၿပီး လီဗာပူးလ္အသင္းအေနနဲ႔ ပရီးမီးယားလိဂ္ ၃၇ ပြဲ ကစားခဲ့ရာမွာ ၂၉ ပြဲ အႏိုင္ရခဲ့ၿပီး ၇ ပြဲသေရ ၁ ပြဲသာ ရႈံးနိမ့္ခဲ့ၿပီး ရဂိုး ၈၇ ဂိုးအထိ သြင္းႏိုင္ခဲ့ၿပီး ၂၂ ဂိုး ျပန္လည္ခြင့္ျပဳေပးခဲ့ရတာ ျဖစ္ပါတယ္။
ခ်န္ပီယံလိဂ္ ပြဲစဥ္ေတြမွာေတာ့ ၁၁ ပြဲ ကစားခဲ့ရာမွာ အုပ္စုတြင္း ပြဲစဥ္ အေဝးကြင္းပြဲစဥ္ ၃ ပြဲစလုံး ရႈံးနိမ့္ခဲ့ၿပီး အိမ္ကြင္းပြဲစဥ္အားလုံး အႏိုင္ရခဲ့တဲ့အတြက္ ရႈံးထြက္အဆင့္ကို တက္ေရာက္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။ရႈံးထြက္အဆင့္မွာ ဘိုင္ယန္ျမဴးနစ္နဲ႔ ေတြ႕ဆုံခဲ့ၿပီး အိမ္ကြင္းမွာ သေရကစားၿပီး အေဝးကြင္း အႏိုင္ကစားကာ ေနာက္တစ္ဆင့္ကို ထပ္မံတက္လွမ္းကာ ေပၚတိုအသင္းကို ႏွစ္ေက်ာ့စလုံး အႏိုင္ကစားၿပီး ဆီမီးဖိုင္နယ္ အဆင့္ကို တက္ေရာက္ခဲ့တာ ျဖစ္ပါတယ္။

ဘာစီလိုနာအသင္းအေနနဲ႔ စပိန္လာလီဂါပြဲစဥ္ ၃၆ ပြဲ ကစားခဲ့ရာမွာ ၂၅ ပြဲ အႏိုင္ရခဲ့ၿပီး ၈ ပြဲ သေရ၊ ၃ ပြဲ ရႈံးနိမ့္ခဲ့ၿပီး ရဂိုး ၈၆ ဂိုး ေပးဂိုး ၃၄ ဂိုး ရွိခဲ့ပါတယ္။ခ်န္ပီယံလိဂ္ ပြဲစဥ္ေတြမွာေတာ့ ၁၀ ပြဲ ကစားခဲ့ရာမွာ အုပ္စုပြဲစဥ္ ၆ ပြဲမွာ ၄ ပြဲ အႏိုင္ရရွိခဲ့ၿပီး ၂ ပြဲ သေရက်ကာ ရႈံးထြက္အဆင့္ကို တက္ေရာက္ခဲ့တာ ျဖစ္ပါတယ္။ရႈံးထြက္အဆင့္မွာ PSV ကို အေဝးကြင္း ဝ-၀၊ အိမ္ကြင္း ၅-၁ ဂိုး အႏိုင္ယူခဲ့ၿပီး ေနာက္တစ္ဆင့္ကို ထပ္မံတက္လွမ္းကာ အဂၤလန္အသင္း တစ္သင္းျဖစ္တဲ့ မန္ယူကို ႏွစ္ေက်ာ့စလုံး အႏိုင္ကစားၿပီး ဆီးမီးဖိုင္နယ္အဆင့္ကို တက္ေရာက္ခဲ့တာ ျဖစ္ပါတယ္။ဘာစီလိုနာအသင္းအေနနဲ႔ လာလီဂါ အမွတ္ေပးခ်န္ပီယံ ျဖစ္သြားၿပီျဖစ္တာေၾကာင့္ ခ်န္ပီယံလိဂ္ကို အျပည့္အဝ အာ႐ုံစိုက္လာမွာ ျဖစ္ပါတယ္။ၿပီးခဲ့တဲ့ လာလီဂါပြဲစဥ္မွာလည္း ဆဲလ္တာဗီဂိုအသင္းကို အရန္လူေတြနဲ႔သာ ကစားခဲ့ၿပီး ခ်န္ပီယံလိဂ္အတြက္ ကစားသမားေတြ အနားေပး ကစားခဲ့ပါတယ္။

လီဗာပူးလ္အသင္းဟာ ပရီးမီးယားလိဂ္ ဖလားကို မန္စီးတီးအသင္းနဲ႔ အၿပိဳင္လုေနရတဲ့အတြက္ ဖိအားေတြရွိေနၿပီး ပရီးမီးယားလိဂ္ ပြဲစဥ္မွာလည္း နယူးကာဆယ္အသင္းကို အႏိုင္ရေအာင္ ႐ုန္းကန္ခဲ့ရပါတယ္။အသင္းရဲ႕ အဓိက ကစားသမားေတြျဖစ္တဲ့ ဆာလက္ခ်္ နဲ႔ ဖာမီႏို တို႔ ဒဏ္ရာျပႆနာေၾကာင့္ အခုပြဲကို လြဲေခ်ာ္မွာျဖစ္တဲ့အတြက္ ႀကီးမားတဲ့ထိုးႏွက္ခ်က္ဘဲ ျဖစ္ပါတယ္။

ဘာစီလိုနာရဲ႕ ေျခစြမ္းနဲ႔ ခ်န္ပီယံလိဂ္ အေတြ႕အႀကဳံေတြက လက္ရွိ ေျခစြမ္းထက္ျမက္မႈရွိၿပီး စိတ္ဓာတ္ေကာင္းမြန္တဲ့ လီဗာပူးလ္အသင္းကို အေဝးကြင္းမွာ မရႈံးနိမ့္ေအာင္ ကစားႏိုင္မလားဆိုတာ ေမးခြန္းထုတ္စရာ ျဖစ္ပါတယ္။ဘာစီလိုနာအသင္းဟာ အေဝးကြင္းမွာ ထိန္းကစားေလ့ရွိၿပီး အိမ္ကြင္းေရာက္ရင္ ဂိုးျပတ္ အႏိုင္ကစားေလ့ရွိတဲ့ အသင္းျဖစ္ပါတယ္။ပထမအေက်ာ့မွာ လီဗာပူးလ္ကို ၃ ဂိုးျပတ္နဲ႔ အႏိုင္ရရွိခဲ့ၿပီး ျဖစ္တဲ့အတြက္ အခုပြဲကို ၂ ဂိုးျပတ္ ရႈံးနိမ့္ရင္ေတာင္ ေနာက္တစ္ဆင့္ကို တက္ေရာက္ႏိုင္မွာ ျဖစ္ပါတယ္။

လီဗာပူးလ္အသင္းအေနနဲ႔ အခုပြဲကို အႏိုင္ရရွိေအာင္ တိုက္စစ္ဖြင့္ကစားလာမွာျဖစ္ၿပီး ပထမအေက်ာ့ပြဲစဥ္မွာလည္း ဘာစီလိုနာအသင္းကို ေျခရည္တူကစားႏိုင္ခဲ့တဲ့အတြက္ အိမ္ကြင္းမွာ ေဖာင္ဖ်က္ကစားလာမွာ ျဖစ္ပါတယ္။အခုႏွစ္ ခ်န္ပီယံလိဂ္ ပြဲစဥ္တေလွ်ာက္ အိမ္ကြင္းပြဲစဥ္အားလုံး အႏိုင္ရရွိေအာင္ စြမ္းေဆာင္ထားႏိုင္ၿပီး
ေၾကးဖြင့္လွစ္မႈအရ လီဗာပူးလ္ဘက္မွ သေရ ၂၀ အရႈံး ဖြင့္လွစ္ထားၿပီး ဂိုးေပါင္းေဈး ၃ လုံး ၂၀ အႏိုင္ ဖြင့္လွစ္ထားတဲ့အတြက္ အိမ္ကြင္းမရႈံးနိမ့္ႏိုင္တဲ့ လီဗာပူးလ္နဲ႔သာ လက္တြဲထားသင့္ၿပီး အျပန္အလွန္ သြင္းဂိုးေတြကို ေတြ႕ျမင္ဖို႔ ရွိလာႏိုင္တဲ့အတြက္ ဂိုးအမ်ားကိုသာ ေ႐ြးခ်ယ္သင့္ပါေၾကာင္း------။

KON (SPORT)
ေမ - ၇