【 အားကစား 】 လီဗာပူးလ်တို့ ဘာစီလိုနာကို ဖြတ်ကျော်နိုင်မလား

【 အားကစား 】 လီဗာပူးလ်တို့ ဘာစီလိုနာကို ဖြတ်ကျော်နိုင်မလား

ယနေ့ည ၁ နာရီခွဲမှာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့အဖြစ် စပိန်အသင်း ဘာစီလိုနာနဲ့ အင်္ဂလန်အသင်း လီဗာပူးလိတို့ ဘာစီလိုနာရဲ့ နူးကမ့်ကွင်းမှာ တွေ့ဆုံယှဉ်ပြိုင်တော့မှာ ဖြစ်ပါတယ်။

ဘောလုံးပရိတ်သတ်တွေ အထူးစိတ်ဝင်စားတဲ့  ပွဲစဉ်တစ်ပွဲလည်းဖြစ်ပြီး ပွဲကလည်း ပြိုင်ဆိုင်မှုပြင်းထန်မှာ အသေအချာဘဲဖြစ်ပါတယ်။

ခြေစွမ်းထက်လာတဲ့ လီဗာပူးလ်အသင်းအနေနဲ့ ဘာစီလိုနာအသင်းကို ဖြတ်ကျော်နိုင်ပါ့မလားဆိုတာ ဒီပွဲက အဓိကအဆုံးအဖြတ်ပေးသွားနိုင်ပါတယ်။လီဗာပူးလ်အသင်းအနေနဲ့ ပရီးမီးယားလိဂ် ၃၆ ပွဲ ကစားခဲ့ရာမှာ ၂၈ ပွဲ အနိုင်ရခဲ့ပြီး ၇ ပွဲသရေ ၁ ပွဲသာ ရှုံးနိမ့်ခဲ့ပြီး ရဂိုး ၈၄ ဂိုးအထိ သွင်းနိုင်ခဲ့ပြီး ဂိုး ၂၀ သာ ပြန်လည်ခွင့်ပြုပေးခဲ့ရတာ ဖြစ်ပါတယ်။ချန်ပီယံလိဂ် ပွဲစဉ်တွေမှာတော့ ၁၀ ပွဲ ကစားခဲ့ရာမှာ အုပ်စုတွင်းပွဲစဉ် အဝေးကွင်း ပွဲစဉ် ၃ ပွဲစလုံး ရှုံးနိမ့်ခဲ့ပြီး အိမ်ကွင်းပွဲစဉ်အားလုံး အနိုင်ရခဲ့တဲ့အတွက် ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ရှုံးထွက်အဆင့်မှာ ဘိုင်ယန်မြူးနစ်နဲ့ တွေ့ဆုံခဲ့ပြီး အိမ်ကွင်းမှာ သရေကစားပြီး အဝေးကွင်း အနိုင်ကစားပြီး နောက်တစ်ဆင့်ကို ထပ်မံတက်လှမ်းကာ ပေါ်တိုအသင်းကို နှစ်ကျော့စလုံး အနိုင်ကစားပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းအနေနဲ့ စပိန်လာလီဂါပွဲစဉ် ၃၅ ပွဲ ကစားခဲ့ရာမှာ ၂၅ ပွဲ အနိုင်ရခဲ့ပြီး ၈ ပွဲ သရေ၊ ၂ ပွဲ ရှုံးနိမ့်ခဲ့ပြီး ရဂိုး ၈၆ ဂိုး ပေးဂိုး ၃၂ ဂိုး ရှိခဲ့ပါတယ်။ချန်ပီယံလိဂ်ပွဲစဉ်တွေမှာတော့ ၁၀ ပွဲကစားခဲ့ရာမှာ အုပ်စုပွဲစဉ် ၆ ပွဲမှာ ၄ ပွဲ အနိုင်ရရှိခဲ့ပြီး ၂ ပွဲ သရေကျကာ ရှုံးထွက်အဆင့်ကို တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ရှုံးထွက်အဆင့်မှာ PSV ကို အဝေးကွင်း ဝ-၀၊ အိမ်ကွင်း ၅-၁ ဂိုး အနိုင်ယူခဲ့ပြီး နောက်တစ်ဆင့်ကို ထပ်မံတက်လှမ်းကာ အင်္ဂလန်အသင်းတစ်သင်းဖြစ်တဲ့ မန်ယူကို နှစ်ကျော့စလုံး အနိုင်ကစားပြီး ဆီးမီးဖိုင်နယ်အဆင့်ကို တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

နှစ်သင်းစလုံးရဲ့ အဓိက ကစားသမားတွေ ဒဏ်ရာရရှိမှုမရှိဘဲ ဘာစီလိုနာအသင်းမှာ ရာဖင်ဟာ နဲ့ လီဗာပူးလ်အသင်းမှာတော့ လယ်လာနာ တစ်ယောက်သာ ဒဏ်ရာရရှိထားပါတယ်။

ဘာစီလိုနာအသင်းအနေနဲ့ လာလီဂါအမှတ်ပေးချန်ပီယံ ဖြစ်သွားပြီဖြစ်တာကြောင့် ချန်ပီယံလိဂ်ကို အပြည့်အဝအာရုံစိုက်လာမှာ ဖြစ်ပါတယ်။ချန်ပီယံလိဂ် အိမ်ကွင်းပွဲစဉ်တွေမှာလည်း အုပ်စုတွင်း အမှတ်မလိုတော့တဲ့ နောက်ဆုံးပွဲစဉ်မှာ စပါးအသင်းကို အရန်လူတွေနဲ့ ကစားပြီး သရေကျခဲ့တာကလွဲရင် ကျန်တဲ့ ပွဲစဉ်တွေ အားလုံးကို ဂိုးပြတ် အနိုင်ရထားတာ ဖြစ်ပါတယ်။

အင်္ဂလန်အသင်းတွေထဲမှာတော့ လီဗာပူးလ်အသင်းဟာ ဘာစီလိုနာရဲ့ အိမ်ကွင်းမှာ ရှုံးနိမ့်မှုမရှိခဲ့တဲ့ အသင်းအဖြစ် မှတ်တမ်းဝင်နေပေမယ့် ပရီးမီးယားလိဂ်ဖလားကို မန်စီးတီးအသင်းနဲ့ အပြိုင်လုနေရတဲ့အတွက် ဖိအားတွေရှိနေပြီး ချန်ပီယံလိဂ် အုပ်စုတွင်း အဝေးကွင်းပွဲစဉ်တွေမှာ PSG ၊ နာပိုလီတို့ကို ရှုံးနိမ့်ခဲ့ပြီး ဇီဗက်ဒါလို အသင်းကို ၂ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

နည်းပြ ကလော့ပ် နဲ့ ဘာစီလိုနာ နည်းပြ ဗယ်ဗာဒီ တို့ ထိပ်တိုက်တွေ့ဆုံမှုမှာလည်း ၂ ပွဲတွေ့ဆုံရာမှာ တစ်ပွဲစီ အနိုင်ရထားပါတယ်။

 

ဘာစီလိုနာအသင်းဟာ အဝေးကွင်းမှာ ထိန်းကစားလေ့ရှိပြီး အိမ်ကွင်းရောက်ရင် ဂိုးပြတ်အနိုင်ကစားလေ့ရှိတဲ့ အသင်းဖြစ်ပါတယ်။ဘာစီလိုနာရဲ့ လက်ရှိခြေစွမ်းနဲ့ ချန်ပီယံလိဂ် အတွေ့အကြုံတွေက လက်ရှိ ခြေစွမ်းထက်မြက်မှုရှိပြီး စိတ်ဓာတ်ကောင်းမွန်တဲ့ လီဗာပူးလ်အသင်းကို အိမ်ကွင်းမှာ အနိုင်ရအောင် ကစားမှာဖြစ်ပြီး ကြေးဖွင့်လှစ်မှုအရ ၁ လုံး ၇၀ အနိုင် ဖွင့်ပြီး ဂိုးပေါင်းဈေး ၃ လုံး ၂၀ အနိုင် ဖွင့်လှစ်ထားတဲ့အတွက် ဘာစီလိုနာနဲ့သာ လက်တွဲထားသင့်ပါကြောင်း---

KON (SPORT)
မေ - ၁

( Zawgyi )

ယေန႔ည ၁ နာရီခြဲမွာ ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္ ပထမအေက်ာ့အျဖစ္ စပိန္အသင္း ဘာစီလိုနာနဲ႔ အဂၤလန္အသင္း လီဗာပူးလိတို႔ ဘာစီလိုနာရဲ႕ ႏူးကမ့္ကြင္းမွာ ေတြ႕ဆုံယွဥ္ၿပိဳင္ေတာ့မွာ ျဖစ္ပါတယ္။

ေဘာလုံးပရိတ္သတ္ေတြ အထူးစိတ္ဝင္စားတဲ့  ပြဲစဥ္တစ္ပြဲလည္းျဖစ္ၿပီး ပြဲကလည္း ၿပိဳင္ဆိုင္မႈျပင္းထန္မွာ အေသအခ်ာဘဲျဖစ္ပါတယ္။

ေျခစြမ္းထက္လာတဲ့ လီဗာပူးလ္အသင္းအေနနဲ႔ ဘာစီလိုနာအသင္းကို ျဖတ္ေက်ာ္ႏိုင္ပါ့မလားဆိုတာ ဒီပြဲက အဓိကအဆုံးအျဖတ္ေပးသြားႏိုင္ပါတယ္။လီဗာပူးလ္အသင္းအေနနဲ႔ ပရီးမီးယားလိဂ္ ၃၆ ပြဲ ကစားခဲ့ရာမွာ ၂၈ ပြဲ အႏိုင္ရခဲ့ၿပီး ၇ ပြဲသေရ ၁ ပြဲသာ ရႈံးနိမ့္ခဲ့ၿပီး ရဂိုး ၈၄ ဂိုးအထိ သြင္းႏိုင္ခဲ့ၿပီး ဂိုး ၂၀ သာ ျပန္လည္ခြင့္ျပဳေပးခဲ့ရတာ ျဖစ္ပါတယ္။ခ်န္ပီယံလိဂ္ ပြဲစဥ္ေတြမွာေတာ့ ၁၀ ပြဲ ကစားခဲ့ရာမွာ အုပ္စုတြင္းပြဲစဥ္ အေဝးကြင္း ပြဲစဥ္ ၃ ပြဲစလုံး ရႈံးနိမ့္ခဲ့ၿပီး အိမ္ကြင္းပြဲစဥ္အားလုံး အႏိုင္ရခဲ့တဲ့အတြက္ ရႈံးထြက္အဆင့္ကို တက္ေရာက္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။ရႈံးထြက္အဆင့္မွာ ဘိုင္ယန္ျမဴးနစ္နဲ႔ ေတြ႕ဆုံခဲ့ၿပီး အိမ္ကြင္းမွာ သေရကစားၿပီး အေဝးကြင္း အႏိုင္ကစားၿပီး ေနာက္တစ္ဆင့္ကို ထပ္မံတက္လွမ္းကာ ေပၚတိုအသင္းကို ႏွစ္ေက်ာ့စလုံး အႏိုင္ကစားၿပီး ဆီမီးဖိုင္နယ္အဆင့္ကို တက္ေရာက္ခဲ့တာ ျဖစ္ပါတယ္။

ဘာစီလိုနာအသင္းအေနနဲ႔ စပိန္လာလီဂါပြဲစဥ္ ၃၅ ပြဲ ကစားခဲ့ရာမွာ ၂၅ ပြဲ အႏိုင္ရခဲ့ၿပီး ၈ ပြဲ သေရ၊ ၂ ပြဲ ရႈံးနိမ့္ခဲ့ၿပီး ရဂိုး ၈၆ ဂိုး ေပးဂိုး ၃၂ ဂိုး ရွိခဲ့ပါတယ္။ခ်န္ပီယံလိဂ္ပြဲစဥ္ေတြမွာေတာ့ ၁၀ ပြဲကစားခဲ့ရာမွာ အုပ္စုပြဲစဥ္ ၆ ပြဲမွာ ၄ ပြဲ အႏိုင္ရရွိခဲ့ၿပီး ၂ ပြဲ သေရက်ကာ ရႈံးထြက္အဆင့္ကို တက္ေရာက္ခဲ့တာ ျဖစ္ပါတယ္။ရႈံးထြက္အဆင့္မွာ PSV ကို အေဝးကြင္း ဝ-၀၊ အိမ္ကြင္း ၅-၁ ဂိုး အႏိုင္ယူခဲ့ၿပီး ေနာက္တစ္ဆင့္ကို ထပ္မံတက္လွမ္းကာ အဂၤလန္အသင္းတစ္သင္းျဖစ္တဲ့ မန္ယူကို ႏွစ္ေက်ာ့စလုံး အႏိုင္ကစားၿပီး ဆီးမီးဖိုင္နယ္အဆင့္ကို တက္ေရာက္ခဲ့တာ ျဖစ္ပါတယ္။

ႏွစ္သင္းစလုံးရဲ႕ အဓိက ကစားသမားေတြ ဒဏ္ရာရရွိမႈမရွိဘဲ ဘာစီလိုနာအသင္းမွာ ရာဖင္ဟာ နဲ႔ လီဗာပူးလ္အသင္းမွာေတာ့ လယ္လာနာ တစ္ေယာက္သာ ဒဏ္ရာရရွိထားပါတယ္။

ဘာစီလိုနာအသင္းအေနနဲ႔ လာလီဂါအမွတ္ေပးခ်န္ပီယံ ျဖစ္သြားၿပီျဖစ္တာေၾကာင့္ ခ်န္ပီယံလိဂ္ကို အျပည့္အဝအာ႐ုံစိုက္လာမွာ ျဖစ္ပါတယ္။ခ်န္ပီယံလိဂ္ အိမ္ကြင္းပြဲစဥ္ေတြမွာလည္း အုပ္စုတြင္း အမွတ္မလိုေတာ့တဲ့ ေနာက္ဆုံးပြဲစဥ္မွာ စပါးအသင္းကို အရန္လူေတြနဲ႔ ကစားၿပီး သေရက်ခဲ့တာကလြဲရင္ က်န္တဲ့ ပြဲစဥ္ေတြ အားလုံးကို ဂိုးျပတ္ အႏိုင္ရထားတာ ျဖစ္ပါတယ္။

အဂၤလန္အသင္းေတြထဲမွာေတာ့ လီဗာပူးလ္အသင္းဟာ ဘာစီလိုနာရဲ႕ အိမ္ကြင္းမွာ ရႈံးနိမ့္မႈမရွိခဲ့တဲ့ အသင္းအျဖစ္ မွတ္တမ္းဝင္ေနေပမယ့္ ပရီးမီးယားလိဂ္ဖလားကို မန္စီးတီးအသင္းနဲ႔ အၿပိဳင္လုေနရတဲ့အတြက္ ဖိအားေတြရွိေနၿပီး ခ်န္ပီယံလိဂ္ အုပ္စုတြင္း အေဝးကြင္းပြဲစဥ္ေတြမွာ PSG ၊ နာပိုလီတို႔ကို ရႈံးနိမ့္ခဲ့ၿပီး ဇီဗက္ဒါလို အသင္းကို ၂ ဂိုးျပတ္နဲ႔ ရႈံးနိမ့္ခဲ့ပါတယ္။

နည္းျပ ကေလာ့ပ္ နဲ႔ ဘာစီလိုနာ နည္းျပ ဗယ္ဗာဒီ တို႔ ထိပ္တိုက္ေတြ႕ဆုံမႈမွာလည္း ၂ ပြဲေတြ႕ဆုံရာမွာ တစ္ပြဲစီ အႏိုင္ရထားပါတယ္။

ဘာစီလိုနာအသင္းဟာ အေဝးကြင္းမွာ ထိန္းကစားေလ့ရွိၿပီး အိမ္ကြင္းေရာက္ရင္ ဂိုးျပတ္အႏိုင္ကစားေလ့ရွိတဲ့ အသင္းျဖစ္ပါတယ္။ဘာစီလိုနာရဲ႕ လက္ရွိေျခစြမ္းနဲ႔ ခ်န္ပီယံလိဂ္ အေတြ႕အႀကဳံေတြက လက္ရွိ ေျခစြမ္းထက္ျမက္မႈရွိၿပီး စိတ္ဓာတ္ေကာင္းမြန္တဲ့ လီဗာပူးလ္အသင္းကို အိမ္ကြင္းမွာ အႏိုင္ရေအာင္ ကစားမွာျဖစ္ၿပီး ေၾကးဖြင့္လွစ္မႈအရ ၁ လုံး ၇၀ အႏိုင္ ဖြင့္ၿပီး ဂိုးေပါင္းေဈး ၃ လုံး ၂၀ အႏိုင္ ဖြင့္လွစ္ထားတဲ့အတြက္ ဘာစီလိုနာနဲ႔သာ လက္တြဲထားသင့္ပါေၾကာင္း---

KON (SPORT)
ေမ - ၁