【 အားကစား 】 လာဇီယို ကွင်းလယ်ကြယ်ပွင့် မီလင်ကိုဗစ် ကို ယူရို ၁၀၇ သန်းဖြင့် ခေါ်ယူရန် မန်ယူ အဆင်သင့်ဖြစ်နေ

【 အားကစား 】 လာဇီယို ကွင်းလယ်ကြယ်ပွင့် မီလင်ကိုဗစ် ကို ယူရို ၁၀၇ သန်းဖြင့် ခေါ်ယူရန် မန်ယူ အဆင်သင့်ဖြစ်နေ

စိတ်ဝင်စားဖွယ်ရာ ပေါ်ထွက်လာတဲ့ အစီရင်ခံစာတွေအရ ရက်အနည်းငယ်အတွင်း လာဇီယို ကွင်းလယ်ကစားသမား ဆာဂျီ မီလင်ကိုဗစ် ဆာဗစ် ကို ခေါ်ယူဖို့ အဆင်သင့်ဖြစ်နေပြီလို့ ဆိုပါတယ်။

ဂေဇက်တီဒယ်လိုစပေါ့ သတင်းအဆိုအရ ဒီ ဆားဘီးယား ကွင်းလယ်ကစားသမားကို ခေါ်ယူဖို့ ပေါင်စတာလင် ၆၇ သန်း (ယူရို ၁၀၇ သန်း) နဲ့ ခေါ်ယူဖို့ အဆင်သင့်ဖြစ်နေပြီလို့ ဆိုပါတယ်။

သို့သော် အီတလီဘက်မှ ထပ်မံသိရတဲ့ သတင်းတွေအရ အဆိုပါကစားသမားအတွက် အီတလီဘက်က ယူရို သန်း ၁၂၀ (စတာလင်ပေါင် ၁၀၇ သန်း) ဈေးခေါ်ထားပါတယ်။လာဇီယို ဥက္ကဋ္ဌ လိုတီတို က အဆိုပါကစားသမားနေရာ အစားထိုးရန် ဂျန်ခ့် ကစားသမားကို စောင့်ကြည့်နေတယ် ဆိုပါတယ်။လက်ရှိမှာ မန်ယူအသင်းက ယူရို သန်း ၉၀ နဲ့ ခေါ်ယူမယ် ဆိုပါတယ်။

မန်ယူအသင်းအနေနဲ့ ကွင်းလယ်ကစားသမား ဟာရဲရား PSG အသင်းကို အလွတ်ပြောင်းရွှေ့သွားတဲ့အတွက် ကွင်းလယ်မှာ အခက်အခဲဖြစ်နေပါတယ်။တခြားတစ်ဖက်မှာလည်း ကွင်းလယ်စတား ပေါ့ဂ်ဘာ ကို ခေါ်ယူဖို့ ရီးရဲလ်အသင်းနဲ့ ဂျူဗင်တပ်စ်အသင်းတို့က ဆက်သွယ်မှုတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

Linko
Ref : thefaithfulmufc.com
လန်ဒန်၊ ဇူလိုင် - ၉

( Zawgyi )

စိတ္ဝင္စားဖြယ္ရာ ေပၚထြက္လာတဲ့ အစီရင္ခံစာေတြအရ ရက္အနည္းငယ္အတြင္း လာဇီယို ကြင္းလယ္ကစားသမား ဆာဂ်ီ မီလင္ကိုဗစ္ ဆာဗစ္ ကို ေခၚယူဖို႔ အဆင္သင့္ျဖစ္ေနၿပီလို႔ ဆိုပါတယ္။

ေဂဇက္တီဒယ္လိုစေပါ့ သတင္းအဆိုအရ ဒီ ဆားဘီးယား ကြင္းလယ္ကစားသမားကို ေခၚယူဖို႔ ေပါင္စတာလင္ ၆၇ သန္း (ယူ႐ို ၁၀၇ သန္း) နဲ႔ ေခၚယူဖို႔ အဆင္သင့္ျဖစ္ေနၿပီလို႔ ဆိုပါတယ္။

သို႔ေသာ္ အီတလီဘက္မွ ထပ္မံသိရတဲ့ သတင္းေတြအရ အဆိုပါကစားသမားအတြက္ အီတလီဘက္က ယူ႐ို သန္း ၁၂၀ (စတာလင္ေပါင္ ၁၀၇ သန္း) ေဈးေခၚထားပါတယ္။လာဇီယို ဥကၠ႒ လိုတီတို က အဆိုပါကစားသမားေနရာ အစားထိုးရန္ ဂ်န္ခ့္ ကစားသမားကို ေစာင့္ၾကည့္ေနတယ္ ဆိုပါတယ္။လက္ရွိမွာ မန္ယူအသင္းက ယူ႐ို သန္း ၉၀ နဲ႔ ေခၚယူမယ္ ဆိုပါတယ္။

မန္ယူအသင္းအေနနဲ႔ ကြင္းလယ္ကစားသမား ဟာရဲရား PSG အသင္းကို အလြတ္ေျပာင္းေ႐ႊ႕သြားတဲ့အတြက္ ကြင္းလယ္မွာ အခက္အခဲျဖစ္ေနပါတယ္။တျခားတစ္ဖက္မွာလည္း ကြင္းလယ္စတား ေပါ့ဂ္ဘာ ကို ေခၚယူဖို႔ ရီးရဲလ္အသင္းနဲ႔ ဂ်ဴဗင္တပ္စ္အသင္းတို႔က ဆက္သြယ္မႈေတြ ရွိေနတယ္ဆိုတဲ့ သတင္းေတြ ထြက္ေပၚေနပါတယ္။

Linko
Ref : thefaithfulmufc.com
လန္ဒန္၊ ဇူလိုင္ - ၉