【 အားကစား 】 မန်ယူအသင်းကို လက်စားချေဖို့ ကြိုးစားမယ့် ချဲလ်ဆီး

【 အားကစား 】 မန်ယူအသင်းကို လက်စားချေဖို့ ကြိုးစားမယ့် ချဲလ်ဆီး

အင်္ဂလန် လိဂ်ဖလား ၁၆ သင့်အဆင့် ရှုံးထွက်ပွဲစဉ်အဖြစ် ချဲလ်ဆီးအသင်းနဲ့ မန်ယူအသင်းတို့ ယနေ့ည ၂ နာရီ ၃၅ မိနစ် အချိန်မှာ ချဲလ်ဆီးအသင်းရဲ့ အိမ်ကွင်းဖြစ်တဲ့ စတန်းဖို့ဒ်ဘရစ်ကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

ချဲလ်ဆီးအနေနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်များအဖြစ် အိမ်ကွင်းမှာ ဘရိုက်တန်အသင်းကို ၂-၀၊ နယူးကာဆယ်အသင်းကို ၁-၀ နဲ့ အနိုင်ရရှိခဲ့ပြီး လက်စတာ၊ ရှက်ဖီးယူနိုက်တက် အသင်းတွေနဲ့ သရေရလဒ်ရရှိခဲ့ကာ လီဗာပူးလ်အသင်းကို ရှုံးနိမ့်ခဲ့ပါတယ်။အဝေးကွင်း သွားရောက်ကစားခဲ့တဲ့ ပွဲစဉ်တွေမှာ မန်ယူအသင်းကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီး နော့ဝစ်၊ ဝုဗ်၊ ဆောက်သင်မ်တန်၊ ဘန်လေ အသင်းတွေကို အနိုင်ရရှိခဲ့တဲ့အတွက် ၁၀ ပွဲကစားအပြီး ရမှတ် ၂၀ ရရှိကာ အမှတ်ပေးဇယား ၄ နေရာမှာ ရပ်တည်လျက်ရှိပါတယ်။အင်္ဂလန် လိဂ်ဖလား ကာရာဘောင်းပွဲစဉ်မှာလည်း ဂရင်စဘီအသင်းကို အိမ်ကွင်းမှာ ၇-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

မန်ယူအသင်းအနေနဲ့ အိမ်ကွင်းပွဲစဉ်တွေမှာ ချဲလ်ဆီး၊ လက်စတာ အသင်းတွေကို အနိုင်ရရှိခဲ့ပြီး အာဆင်နယ်၊ လီဗာပူးလ် အသင်းတို့နဲ့ သရေရလဒ်ရရှိခဲ့ကာ ခရစ္စတယ်ပဲလေ့စ်အသင်းကို ရှုံးနိမ့်ခဲ့ပါတယ်။

အဝေးကွင်းပွဲစဉ်တွေမှာ ဝက်ဟမ်း၊ နယူးကာဆယ် အသင်းတွေကို ရှုံးနိမ့်ခဲ့ပြီး ဝုဗ်၊ ဆောက်သင်မ်တန် အသင်းတွေနဲ့ သရေကျခဲ့ပြီး နော့ဝစ်အသင်းကို အနိုင်ရရှိခဲ့တဲ့အတွက် ၁၀ ပွဲကစားအပြီး ရမှတ် ၁၃ မှတ်ရရှိကာ အမှတ်ပေးဇယား အဆင့် ၇ နေရာမှာ ရပ်တည်လျှက်ရှိပါတယ်။ကာရာဘောင်းဖလားပွဲစဉ်မှာ ရို့စ်ချယ်ဒီအသင်းကို အိမ်ကွင်းမှာ ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

အခုပွဲစဉ်မှာ ဂိုး - ဒီဂီယာ၊ နောက်တန်းကစားသမားများအဖြစ် တွန်ဇန်ဘီ၊ မက်ဂွဲယား၊ နစ်ဆင်၊ ဝမ်ဘစ်ဆာကာ၊ အလယ်တန်းကစားသမားအဖြစ် ဖရက်၊ တိုမီနေး၊ ရက်ရ်ဖို့၊ ဒန်နီယယ်ဂျိမ်းစ်၊ ရှေ့တန်းကစားသမားအဖြစ် မာရှယ် တို့ ပါဝင်ကစားလာနိုင်ပါတယ်။

အခုပွဲစဉ်ကို ဘွတ်ကီဒိုင်တွေက ချဲလ်ဆီးအသင်းဘက်မှ သရေ ၅၀ အရှံး ဖွင့်လှစ်ထားပြီး ဂိုးပေါင်း ၃ လုံး ၇၀ အနိုင် ဖွင့်လှစ်ထားပါတယ်။

နှစ်သင်းတွေ့ဆုံမှု နောက်ဆုံး ၂၈ ကြိမ်မှာ မန်ယူအသင်းက ၁၀ ပွဲနိုင် ၈ ပွဲသရေ ၁၀ ပွဲ ရှုံးနိမ့်ခဲ့ပါတယ်။

 

ချဲလ်ဆီးအသင်းအနေနဲ့ ပရီးမီယားလိဂ်အဖွင့်ပွဲစဉ်မှာ မန်ယူအသင်းကို ဂိုးပြတ်ရှုံးနိမ့်ထားတဲ့အတွက် အခုပွဲစဉ်မှာ ပြန်လည်လက်စားချေဖို့ ကြိုးစားလာမှာဖြစ်ပြီး နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၇ ပွဲဆက် နိုင်ပွဲတွေရယူထားနိုင်ခဲ့ပါတယ်။နည်းပြ လမ်းပတ် လက်အောက်မှာ လူငယ်ကစားသမားတွေနဲ့ အထိုင်ကျလာပြီဖြစ်ပြီး နောက်တစ်ဆင့်တက်ရောက်နိုင်ဖို့ ကြိုးစားကစားလာမှာဖြစ်ပါတယ်။

မန်ယူအသင်းအနေနဲ့ အဝေးကွင်းရလဒ်တွေ ဆိုးရွားနေပေမယ့် နောက်ဆုံးကစားခဲ့တဲ့ အဝေးကွင်း ၂ ပွဲမှာ နိုင်ပွဲရယူထားနိုင်တဲ့အတွက် လမ်းကြောင်းမှန်ပေါ် ပြန်လည်ရောက်ရှိလာပြီလားဆိုတာ အခုပွဲစဉ်က အဆုံးအဖြတ်ပေးမှာဖြစ်ပါတယ်။

အသင်းလိုက်စုစည်းမှု အားကောင်းပေမယ့် ဂိုးသွင်းနိုင်တဲ့သူမရှိတဲ့အတွက် ရလဒ်တွေဆိုးရွားနေပြီး လီဗာပူးလ်အသင်းကို သရေရရှိအောင် ကစားနိုင်ခဲ့တာက အသင်းရဲ့ ယုံကြည်မှုစိတ်ဓာတ်ကို အလှည့်အပြောင်းဖြစ်လာစေခဲ့ပြီး နော့ဝစ်အသင်းကို အဝေးကွင်းမှာ ဂိုးပြတ်အနိုင်ရရှိမှုက အသင်းကို ယုံကြည်မှုပိုမိုတိုးတက်လာစေခဲ့ပါတယ်။

အခုပွဲစဉ်မှာ ဘွက်ကီဒိုင်တွေ စျေးစတင်ဖွင့်လှစ်စဉ်က သရေ ၈၀ အရှုံးဖွင့်လှစ်ထားပြီး သရေ ၅၀ အရှုံးထိ စျေးနှုန်းများ ကျဆင်းလာမှု၊ မန်ယူအသင်းအနေနဲ့ ရလဒ်တွေဆိုးဝါးနေပေမယ့် အသင်းကြီးတွေနဲ့ တွေ့ဆုံတဲ့ပွဲစဉ်တွေမှာ မရှုံးနိမ့်အောင် ကစားထားနိုင်မှု၊ ကစားသမားတွေရဲ့ အတွေ့အကြုံရင့်ကျက်မှုတွေကြောင့် အခုပွဲစဉ်ကို မန်ယူအသင်းနဲ့သာ လက်တွဲသင့်ပါကြောင်း...........။

KON (SPORT)

( Zawgyi )

အဂၤလန္ လိဂ္ဖလား ၁၆ သင့္အဆင့္ ရႈံးထြက္ပြဲစဥ္အျဖစ္ ခ်ဲလ္ဆီးအသင္းနဲ႔ မန္ယူအသင္းတို႔ ယေန႔ည ၂ နာရီ ၃၅ မိနစ္ အခ်ိန္မွာ ခ်ဲလ္ဆီးအသင္းရဲ႕ အိမ္ကြင္းျဖစ္တဲ့ စတန္းဖို႔ဒ္ဘရစ္ကြင္းမွာ ယွဥ္ၿပိဳင္ကစားၾကမွာ ျဖစ္ပါတယ္။

ခ်ဲလ္ဆီးအေနနဲ႔ ပရီးမီးယားလိဂ္ ပြဲစဥ္မ်ားအျဖစ္ အိမ္ကြင္းမွာ ဘ႐ိုက္တန္အသင္းကို ၂-၀၊ နယူးကာဆယ္အသင္းကို ၁-၀ နဲ႔ အႏိုင္ရရွိခဲ့ၿပီး လက္စတာ၊ ရွက္ဖီးယူႏိုက္တက္ အသင္းေတြနဲ႔ သေရရလဒ္ရရွိခဲ့ကာ လီဗာပူးလ္အသင္းကို ရႈံးနိမ့္ခဲ့ပါတယ္။အေဝးကြင္း သြားေရာက္ကစားခဲ့တဲ့ ပြဲစဥ္ေတြမွာ မန္ယူအသင္းကို ဂိုးျပတ္ရႈံးနိမ့္ခဲ့ၿပီး ေနာ့ဝစ္၊ ဝုဗ္၊ ေဆာက္သင္မ္တန္၊ ဘန္ေလ အသင္းေတြကို အႏိုင္ရရွိခဲ့တဲ့အတြက္ ၁၀ ပြဲကစားအၿပီး ရမွတ္ ၂၀ ရရွိကာ အမွတ္ေပးဇယား ၄ ေနရာမွာ ရပ္တည္လ်က္ရွိပါတယ္။အဂၤလန္ လိဂ္ဖလား ကာရာေဘာင္းပြဲစဥ္မွာလည္း ဂရင္စဘီအသင္းကို အိမ္ကြင္းမွာ ၇-၁ ဂိုးနဲ႔ အႏိုင္ရရွိခဲ့ပါတယ္။

မန္ယူအသင္းအေနနဲ႔ အိမ္ကြင္းပြဲစဥ္ေတြမွာ ခ်ဲလ္ဆီး၊ လက္စတာ အသင္းေတြကို အႏိုင္ရရွိခဲ့ၿပီး အာဆင္နယ္၊ လီဗာပူးလ္ အသင္းတို႔နဲ႔ သေရရလဒ္ရရွိခဲ့ကာ ခရစၥတယ္ပဲေလ့စ္အသင္းကို ရႈံးနိမ့္ခဲ့ပါတယ္။

အေဝးကြင္းပြဲစဥ္ေတြမွာ ဝက္ဟမ္း၊ နယူးကာဆယ္ အသင္းေတြကို ရႈံးနိမ့္ခဲ့ၿပီး ဝုဗ္၊ ေဆာက္သင္မ္တန္ အသင္းေတြနဲ႔ သေရက်ခဲ့ၿပီး ေနာ့ဝစ္အသင္းကို အႏိုင္ရရွိခဲ့တဲ့အတြက္ ၁၀ ပြဲကစားအၿပီး ရမွတ္ ၁၃ မွတ္ရရွိကာ အမွတ္ေပးဇယား အဆင့္ ၇ ေနရာမွာ ရပ္တည္လွ်က္ရွိပါတယ္။ကာရာေဘာင္းဖလားပြဲစဥ္မွာ ႐ို႕စ္ခ်ယ္ဒီအသင္းကို အိမ္ကြင္းမွာ ပင္နယ္တီအဆုံးအျဖတ္နဲ႔ အႏိုင္ရရွိခဲ့ပါတယ္။

အခုပြဲစဥ္မွာ ဂိုး - ဒီဂီယာ၊ ေနာက္တန္းကစားသမားမ်ားအျဖစ္ တြန္ဇန္ဘီ၊ မက္ဂြဲယား၊ နစ္ဆင္၊ ဝမ္ဘစ္ဆာကာ၊ အလယ္တန္းကစားသမားအျဖစ္ ဖရက္၊ တိုမီေနး၊ ရက္ရ္ဖို႔၊ ဒန္နီယယ္ဂ်ိမ္းစ္၊ ေရွ႕တန္းကစားသမားအျဖစ္ မာရွယ္ တို႔ ပါဝင္ကစားလာႏိုင္ပါတယ္။

အခုပြဲစဥ္ကို ဘြတ္ကီဒိုင္ေတြက ခ်ဲလ္ဆီးအသင္းဘက္မွ သေရ ၅၀ အရွံး ဖြင့္လွစ္ထားၿပီး ဂိုးေပါင္း ၃ လုံး ၇၀ အႏိုင္ ဖြင့္လွစ္ထားပါတယ္။

ႏွစ္သင္းေတြ႕ဆုံမႈ ေနာက္ဆုံး ၂၈ ႀကိမ္မွာ မန္ယူအသင္းက ၁၀ ပြဲႏိုင္ ၈ ပြဲသေရ ၁၀ ပြဲ ရႈံးနိမ့္ခဲ့ပါတယ္။

ခ်ဲလ္ဆီးအသင္းအေနနဲ႔ ပရီးမီယားလိဂ္အဖြင့္ပြဲစဥ္မွာ မန္ယူအသင္းကို ဂိုးျပတ္ရႈံးနိမ့္ထားတဲ့အတြက္ အခုပြဲစဥ္မွာ ျပန္လည္လက္စားေခ်ဖို႔ ႀကိဳးစားလာမွာျဖစ္ၿပီး ေနာက္ဆုံးကစားခဲ့တဲ့ ၿပိဳင္ပြဲစုံ ၇ ပြဲဆက္ ႏိုင္ပြဲေတြရယူထားႏိုင္ခဲ့ပါတယ္။နည္းျပ လမ္းပတ္ လက္ေအာက္မွာ လူငယ္ကစားသမားေတြနဲ႔ အထိုင္က်လာၿပီျဖစ္ၿပီး ေနာက္တစ္ဆင့္တက္ေရာက္ႏိုင္ဖို႔ ႀကိဳးစားကစားလာမွာျဖစ္ပါတယ္။

မန္ယူအသင္းအေနနဲ႔ အေဝးကြင္းရလဒ္ေတြ ဆိုး႐ြားေနေပမယ့္ ေနာက္ဆုံးကစားခဲ့တဲ့ အေဝးကြင္း ၂ ပြဲမွာ ႏိုင္ပြဲရယူထားႏိုင္တဲ့အတြက္ လမ္းေၾကာင္းမွန္ေပၚ ျပန္လည္ေရာက္ရွိလာၿပီလားဆိုတာ အခုပြဲစဥ္က အဆုံးအျဖတ္ေပးမွာျဖစ္ပါတယ္။

အသင္းလိုက္စုစည္းမႈ အားေကာင္းေပမယ့္ ဂိုးသြင္းႏိုင္တဲ့သူမရွိတဲ့အတြက္ ရလဒ္ေတြဆိုး႐ြားေနၿပီး လီဗာပူးလ္အသင္းကို သေရရရွိေအာင္ ကစားႏိုင္ခဲ့တာက အသင္းရဲ႕ ယုံၾကည္မႈစိတ္ဓာတ္ကို အလွည့္အေျပာင္းျဖစ္လာေစခဲ့ၿပီး ေနာ့ဝစ္အသင္းကို အေဝးကြင္းမွာ ဂိုးျပတ္အႏိုင္ရရွိမႈက အသင္းကို ယုံၾကည္မႈပိုမိုတိုးတက္လာေစခဲ့ပါတယ္။

အခုပြဲစဥ္မွာ ဘြက္ကီဒိုင္ေတြ ေစ်းစတင္ဖြင့္လွစ္စဥ္က သေရ ၈၀ အရႈံးဖြင့္လွစ္ထားၿပီး သေရ ၅၀ အရႈံးထိ ေစ်းႏႈန္းမ်ား က်ဆင္းလာမႈ၊ မန္ယူအသင္းအေနနဲ႔ ရလဒ္ေတြဆိုးဝါးေနေပမယ့္ အသင္းႀကီးေတြနဲ႔ ေတြ႕ဆုံတဲ့ပြဲစဥ္ေတြမွာ မရႈံးနိမ့္ေအာင္ ကစားထားႏိုင္မႈ၊ ကစားသမားေတြရဲ႕ အေတြ႕အႀကဳံရင့္က်က္မႈေတြေၾကာင့္ အခုပြဲစဥ္ကို မန္ယူအသင္းနဲ႔သာ လက္တြဲသင့္ပါေၾကာင္း...........။

KON (SPORT)