【 အားကစား 】 မန်စီးတီးကို အဝေးကွင်းမှာ မဖြစ်မနေအနိုင်ကစားရမယ့် ဟော့ဖန်ဟိမ်း

【 အားကစား 】 မန်စီးတီးကို အဝေးကွင်းမှာ မဖြစ်မနေအနိုင်ကစားရမယ့် ဟော့ဖန်ဟိမ်း

ချန်ပီယံလိဂ် အုပ်စု (F) ရဲ့ နောက်ဆုံးပွဲစဉ်တွေကို ယနေ့ည ၂ နာရီခွဲမှာ တစ်ပြိုင်နက်တည်း ကစားကြမှာ ဖြစ်ပါတယ်။ဒီအုပ်စုမှာ မန်စီးတီးအသင်းက ချန်ပီယံလိဂ် ရှုံးထွက်ကို တက်သွားပေမယ့် ယနေ့ည မန်စီးတီးနဲ့ ကစားရမယ့် ဟော့ဖန်ဟိမ်းအသင်းကတော့ ဒီပွဲကိုအနိုင်ကစားနိုင်ခဲ့ရင် ယူရိုပါလိဂ်ကို ဝင်ခွင့်ရမှာ ဖြစ်တဲ့အတွက်  အိမ်ရှင်အသင်းကို ဟော့ဖန်ဟိမ်းအသင်းအနေနဲ့ အနိုင်ကစားရဖို့ ဖြစ်လာပါတယ်။

အိမ်ရှင် မန်စီးတီးအသင်းကတော့ ဒီရာသီမှာ ပုံစံကောင်းတွေပြနေပြီး ပြည်တွင်းလိဂ်ဖြစ်တဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ဒုတိယနေရာမှုာ ရပ်တည်နေပါတယ်။လက်ရှိ မန်စီးတီးရဲ့ ယခုရာသီအမှတ်ပေးပွဲ ၁၅ ပွဲကို ပြန်ကြည့်ရင် ၁၃ ပွဲနိုင် ၂ ပွဲသရေ ကျထားပါတယ်။အိမ်ကွင်း ၈ ပွဲမှာ ၈ ပွဲနိုင်ထားပါတယ်။အိမ်ကွင်းရဂိုး ၃၀ ရှိကာ ပေးဂိုး ၅ ဂိုးပေးထားပါတယ်။လတ်တလောကစားထားတဲ့  အိမ်ကွင်း ၅ ပွဲမှာ ၅ ပွဲစလုံးနိုင်ထားပါတယ်။

လက်ရှိနည်းပြ ဂွာဒီယိုလာ အနေနဲ့ ဒီရာသီမှာ အသင်းကို စိတ်ကြိုက်ပုံဖော်နေနိုင်တဲ့အတွက်  ကစားသမား ဘယ်လိုပြောင်းပြောင်း အသင်းကစားပုံ ထိခိုက်မှုမရှိတာကို တွေ့ရသလို အလယ်တန်းနဲ့တိုက်စစ်မှူး နေရာတွေမှာ ဒီဘရိုင်း က လွဲပြီး လူစုံပြန်ပါလာတဲ့အတွက် မန်စီးတီးအသင်းကို အနိုင်ကစားဖို့က အသင်းတိုင်းအတွက် အတော်အခက်တွေ့မယ့် အနေအထားပါ။  

ဟော့ဖန်ဟိမ်းအသင်းက နည်းပြ ဂျူလီယန်နီဂယ်လ်မန်း က ဒီရာသီမှာ အသင်းက ၁၁ ဦးကို ထွက်ခွာစေခဲ့ပြီး အာဆင်နယ်က ရီးစ်နယ်လ်ဆင် အပါအဝင် ၁၈ ဦးကို အငှားတွေ၊ အပြီးသတ်ခေါ်ယူမှုတွေကနေ ခေါ်ယူခဲ့ပြီး ဂိုးသွင်းအားကောင်းခဲ့ပေမယ့် ဟော့ဖန်ဟိမ်းအသင်း ခြေစွမ်းက ယခင်ရာသီကနဲ့မတူဘဲ ခြေစွမ်းမတည်ငြိမ်မှုတွေကြောင့် ရာသီစ ရလဒ်တွေ မတည်မငြိမ်ဖြစ်သလို ရလဒ်တွေက မနှစ်ကရလဒ်နဲ့ တော်တော်လေးကွာဟနေကာ အသင်းရဲ့ စွမ်းဆောင်ရည်ကလည်း ထိုးကျနေတာကို တွေ့ရပါတယ်။လက်ရှိမှာ ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယား အဆင့် ၆နေရာမှာ ရှိနေပြီး ဘွန်ဒက်စ်လီဂါ ၁၃ ပွဲမှာ ၆ ပွဲနိုင် ၃ ပွဲသရေ ၃ ပွဲရှုံးထားပါတယ်။အဝေးကွင်း ၆ ပွဲမှာ ၃ ပွဲနိုင် ၁ ပွဲသရေ၊ ၂ ပွဲရှုံးထားပါတယ်။အဝေးကွင်းမှာ သွင်းဂိုး ၁၅ ဂိုးရှိပြီး ပေးဂိုး ၁၁ ဂိုးရှိကာ ချန်ပီယံလိဂ် အုပ်စုပွဲစဉ် အဝေးကွင်းပွဲစဉ်တွေမှာ လိုင်ယွန်ကို ၂-၂ ၊ ရှက်တာဒိုးနက်ကို ၂-၂ နဲ့ သရေကစားထားနိုင်ခဲ့လို့ဟော့ဖန်ဟိမ်းရဲ့ အဝေးကွင်းရလဒ်က သတိထားစရာပါ။အထူးသဖြင့် မန်စီးတီးအသင်း နောက်တစ်ဆင့်တက်နေပြီ ဖြစ်တဲ့အတွက် ဒီပွဲကို အားစိုက်ကစားပါ့မလားဆိုတာ ထည့်စဉ်းစားရမယ့် အခြေအနေပါဘဲ။

 

ယခုပွဲမှာ မန်စီးတီးအသင်းကတော့ ဂိုး - အီဒါဆန်၊ နောက်တန်း - ဒန်နီလို၊ ကွန်ပနီ၊ လာပေါ်တီ၊ ဇင်ချန်ကို၊ အလယ်တန်း - ဘာနာဒိုဆေးလ်ဗားလ်၊ ဒေးဗစ်ဆေးလ်ဗား၊ ဖာနန်ဒင်ဟို၊ ရှေ့တန်း - စတာလင်၊ ဆာနေး၊ ဂါဘရီရယ်ဂျီးဆပ်စ် တို့နဲ့ ပွဲထွက်လာဖွယ်ရှိနေပြီး၊

ဟော့ဖန်ဟိမ်းအသင်းက ဂိုး - အိုလီဗာဘရူမန်း၊ နောက်တန်း - ကီဗင်ဗော့ဂ်၊ ကီဗင်အက်ပိုဂန့်၊ စတီဖန်ပိုရ်ှက်၊ ပါဗယ်ကာဒါဘက်၊ အလယ်တန်း - ဖလိုရီးယန့်ဂရီးလီးစ်၊ လီအိုနာဒိုဘစ်တန်ကော့ချ်၊ နီကိုရှုလ်ဇ်၊ အန်ဒရီ ကရမာရစ်၊ ရှေ့တန်းမှာ အဒမ်ဆပ်ဇလီ၊ ဂျိုလင်တန် တို့နဲ့ ပွဲထွက်လာဖို့ များနေပါတယ်။

ယခုပွဲကို ဘွတ်ကီဒိုင်တွေက မန်စီးတီးဘက်ကနေ တစ်လုံးအရှုံးပေးထားပြီး နှစ်သင်းပေါင်း သုံးဂိုးကို ၉၅ ပြား အရှုံးပေးထားပါတယ်။

ဒီဈေးအရဆို နှစ်ဂိုးပြတ်မှ ကြေးနိုင်မယ့် မန်စီးတီးထက် အဝေးကွင်းမာတဲ့ ဟော့ဖန်ဟိမ်းနဲ့ ဂိုးအပေါ်နေတာက အဆင်ပြေဖို့ များနေပါကြောင်း……။

KON (SPORT)
ဒီဇင်ဘာ - ၁၂

( Zawgyi )

ခ်န္ပီယံလိဂ္ အုပ္စု (F) ရဲ႕ ေနာက္ဆုံးပြဲစဥ္ေတြကို ယေန႔ည ၂ နာရီခြဲမွာ တစ္ၿပိဳင္နက္တည္း ကစားၾကမွာ ျဖစ္ပါတယ္။ဒီအုပ္စုမွာ မန္စီးတီးအသင္းက ခ်န္ပီယံလိဂ္ ရႈံးထြက္ကို တက္သြားေပမယ့္ ယေန႔ည မန္စီးတီးနဲ႔ ကစားရမယ့္ ေဟာ့ဖန္ဟိမ္းအသင္းကေတာ့ ဒီပြဲကိုအႏိုင္ကစားႏိုင္ခဲ့ရင္ ယူ႐ိုပါလိဂ္ကို ဝင္ခြင့္ရမွာ ျဖစ္တဲ့အတြက္  အိမ္ရွင္အသင္းကို ေဟာ့ဖန္ဟိမ္းအသင္းအေနနဲ႔ အႏိုင္ကစားရဖို႔ ျဖစ္လာပါတယ္။

အိမ္ရွင္ မန္စီးတီးအသင္းကေတာ့ ဒီရာသီမွာ ပုံစံေကာင္းေတြျပေနၿပီး ျပည္တြင္းလိဂ္ျဖစ္တဲ့ ပရီးမီးယားလိဂ္ အမွတ္ေပးဇယား ဒုတိယေနရာမႈာ ရပ္တည္ေနပါတယ္။လက္ရွိ မန္စီးတီးရဲ႕ ယခုရာသီအမွတ္ေပးပြဲ ၁၅ ပြဲကို ျပန္ၾကည့္ရင္ ၁၃ ပြဲႏိုင္ ၂ ပြဲသေရ က်ထားပါတယ္။အိမ္ကြင္း ၈ ပြဲမွာ ၈ ပြဲႏိုင္ထားပါတယ္။အိမ္ကြင္းရဂိုး ၃၀ ရွိကာ ေပးဂိုး ၅ ဂိုးေပးထားပါတယ္။လတ္တေလာကစားထားတဲ့  အိမ္ကြင္း ၅ ပြဲမွာ ၅ ပြဲစလုံးႏိုင္ထားပါတယ္။

လက္ရွိနည္းျပ ဂြာဒီယိုလာ အေနနဲ႔ ဒီရာသီမွာ အသင္းကို စိတ္ႀကိဳက္ပုံေဖာ္ေနႏိုင္တဲ့အတြက္  ကစားသမား ဘယ္လိုေျပာင္းေျပာင္း အသင္းကစားပုံ ထိခိုက္မႈမရွိတာကို ေတြ႕ရသလို အလယ္တန္းနဲ႔တိုက္စစ္မႉး ေနရာေတြမွာ ဒီဘ႐ိုင္း က လြဲၿပီး လူစုံျပန္ပါလာတဲ့အတြက္ မန္စီးတီးအသင္းကို အႏိုင္ကစားဖို႔က အသင္းတိုင္းအတြက္ အေတာ္အခက္ေတြ႕မယ့္ အေနအထားပါ။  

ေဟာ့ဖန္ဟိမ္းအသင္းက နည္းျပ ဂ်ဴလီယန္နီဂယ္လ္မန္း က ဒီရာသီမွာ အသင္းက ၁၁ ဦးကို ထြက္ခြာေစခဲ့ၿပီး အာဆင္နယ္က ရီးစ္နယ္လ္ဆင္ အပါအဝင္ ၁၈ ဦးကို အငွားေတြ၊ အၿပီးသတ္ေခၚယူမႈေတြကေန ေခၚယူခဲ့ၿပီး ဂိုးသြင္းအားေကာင္းခဲ့ေပမယ့္ ေဟာ့ဖန္ဟိမ္းအသင္း ေျခစြမ္းက ယခင္ရာသီကနဲ႔မတူဘဲ ေျခစြမ္းမတည္ၿငိမ္မႈေတြေၾကာင့္ ရာသီစ ရလဒ္ေတြ မတည္မၿငိမ္ျဖစ္သလို ရလဒ္ေတြက မႏွစ္ကရလဒ္နဲ႔ ေတာ္ေတာ္ေလးကြာဟေနကာ အသင္းရဲ႕ စြမ္းေဆာင္ရည္ကလည္း ထိုးက်ေနတာကို ေတြ႕ရပါတယ္။လက္ရွိမွာ ဘြန္ဒက္စ္လီဂါ အမွတ္ေပးဇယား အဆင့္ ၆ေနရာမွာ ရွိေနၿပီး ဘြန္ဒက္စ္လီဂါ ၁၃ ပြဲမွာ ၆ ပြဲႏိုင္ ၃ ပြဲသေရ ၃ ပြဲရႈံးထားပါတယ္။အေဝးကြင္း ၆ ပြဲမွာ ၃ ပြဲႏိုင္ ၁ ပြဲသေရ၊ ၂ ပြဲရႈံးထားပါတယ္။အေဝးကြင္းမွာ သြင္းဂိုး ၁၅ ဂိုးရွိၿပီး ေပးဂိုး ၁၁ ဂိုးရွိကာ ခ်န္ပီယံလိဂ္ အုပ္စုပြဲစဥ္ အေဝးကြင္းပြဲစဥ္ေတြမွာ လိုင္ယြန္ကို ၂-၂ ၊ ရွက္တာဒိုးနက္ကို ၂-၂ နဲ႔ သေရကစားထားႏိုင္ခဲ့လို႔ေဟာ့ဖန္ဟိမ္းရဲ႕ အေဝးကြင္းရလဒ္က သတိထားစရာပါ။အထူးသျဖင့္ မန္စီးတီးအသင္း ေနာက္တစ္ဆင့္တက္ေနၿပီ ျဖစ္တဲ့အတြက္ ဒီပြဲကို အားစိုက္ကစားပါ့မလားဆိုတာ ထည့္စဥ္းစားရမယ့္ အေျခအေနပါဘဲ။

ယခုပြဲမွာ မန္စီးတီးအသင္းကေတာ့ ဂိုး - အီဒါဆန္၊ ေနာက္တန္း - ဒန္နီလို၊ ကြန္ပနီ၊ လာေပၚတီ၊ ဇင္ခ်န္ကို၊ အလယ္တန္း - ဘာနာဒိုေဆးလ္ဗားလ္၊ ေဒးဗစ္ေဆးလ္ဗား၊ ဖာနန္ဒင္ဟို၊ ေရွ႕တန္း - စတာလင္၊ ဆာေနး၊ ဂါဘရီရယ္ဂ်ီးဆပ္စ္ တို႔နဲ႔ ပြဲထြက္လာဖြယ္ရွိေနၿပီး၊

ေဟာ့ဖန္ဟိမ္းအသင္းက ဂိုး - အိုလီဗာဘ႐ူမန္း၊ ေနာက္တန္း - ကီဗင္ေဗာ့ဂ္၊ ကီဗင္အက္ပိုဂန႔္၊ စတီဖန္ပိုရ္ွက္၊ ပါဗယ္ကာဒါဘက္၊ အလယ္တန္း - ဖလိုရီးယန႔္ဂရီးလီးစ္၊ လီအိုနာဒိုဘစ္တန္ေကာ့ခ်္၊ နီကိုရႈလ္ဇ္၊ အန္ဒရီ ကရမာရစ္၊ ေရွ႕တန္းမွာ အဒမ္ဆပ္ဇလီ၊ ဂ်ိဳလင္တန္ တို႔နဲ႔ ပြဲထြက္လာဖို႔ မ်ားေနပါတယ္။

ယခုပြဲကို ဘြတ္ကီဒိုင္ေတြက မန္စီးတီးဘက္ကေန တစ္လုံးအရႈံးေပးထားၿပီး ႏွစ္သင္းေပါင္း သုံးဂိုးကို ၉၅ ျပား အရႈံးေပးထားပါတယ္။

ဒီေဈးအရဆို ႏွစ္ဂိုးျပတ္မွ ေၾကးႏိုင္မယ့္ မန္စီးတီးထက္ အေဝးကြင္းမာတဲ့ ေဟာ့ဖန္ဟိမ္းနဲ႔ ဂိုးအေပၚေနတာက အဆင္ေျပဖို႔ မ်ားေနပါေၾကာင္း……။

KON (SPORT)
ဒီဇင္ဘာ - ၁၂