【 အားကစား 】 ဘိုလီဗီးယားအသင်း ရုန်းအားကိုတွေ့မြင်ရမယ် ကိုပါဖလား

【 အားကစား 】 ဘိုလီဗီးယားအသင်း ရုန်းအားကိုတွေ့မြင်ရမယ် ကိုပါဖလား

ကိုပါအမေရိကဖလားပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ဗင်နီဇွဲလားအသင်းနဲ့ ဘိုလီးဗီးယားအသင်းတို့ ဇွန်လ ၂၂ ရက် ည ၁နာရီခွဲအချိန်မှာ မှာယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။

အုပ်စု A မှာ အိမ်ရှင်ဘရာဇီး၊ဘိုလီးဗီးယား၊ပီရူး၊ဗင်နီဇွဲလားတို့ အုပ်စုအဆင့်ကိုကျော်ဖြတ်ရေးအတွက်အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဘရာဇီးအသက်းနဲ့ပီရူးအသင်းတို့ နောက်တစ်ဆင့်တက်ဖို့ သေချာသလောက်ရှိနေပြီး အုပ်စု တတိယ အကောင်းဆုံး ၂ သင်းလည်း အုပ်စုတက်ရောက်ဖို့ အခွင့်အရေးရှိနေတဲ့အတွက် အခုပွဲစဉ်ကလည်း ပြိုင်ဆိုင်မှုပြင်းထန်ဦးမှာဖြစ်ပါတယ်။

ကိုပါအမေရိကဖလားမှာ ၄ သင်းစီပါဝင်တဲ့ အုပ်စု ၃ အုပ်စု မှ အုပ်စုဗိုလ် ၂ သင်းစီ နောက်တစ်ဆင့်တက်ရောက်မှာဖြစ်ပြီး အကောင်းဆုံး တတိယ ၂ သင်းလည်း နောက်တစ်ဆင့်တက်ရောက်မှာ ဖြစ်ပါတယ်။

နည်းပြ ဗီလီဂတ်ရဲ့ ဘိုလီးဗီးယားအသင်းမှာ နာမည်ကျော်ကစားသမားတွေ မပါဝင်ဘဲ နောက်ဆုံးကစားခဲ့တဲ့၅ ပွဲမှာ ကိုပါဖလားအပါအဝင် ၅ ပွဲဆက်ရှုံးနိမ့်ခဲ့တဲ့အတွက် အသင်းသမိုင်းမှာ ဆိုးရွားလွန်းတဲ့ရလဒ်အဖြစ်မှတ်တမ်းဝင်လျှက်ရှိပါတယ်။

ဗင်နီဇွဲလားအသင်းဟာ ဒီဘက်နှစ်တွေမှာ ခြေစွမ်းတိုးတက်လာပြီး ကိုပါဖလားနောက်ဆုံး ၄ ကြိမ်မှာ ၃ ကြိမ်အထိ ကွာတားတက်ရောက်နိုင်ခဲ့ပါတယ်။အခုနှစ်မှာကစားတဲ့ ကိုပါဖလားပွဲမှာလည်း ပီရူးအသင်းနဲ့ဘရာဇီး အသင်းတွေကို အကောင်းဆုံးယှဉ်ပြိုင်နိုင်ခဲ့ပြီး ဂိုးမရှိသရေကစားနိုင်ခဲ့ပါတယ်။

နှစ်သင်းတွေ့ဆုံမှုရလဒ်အရ ဘိုလီဗီးယားအသင်းက ၃ပွဲနိုင် ၁ ပွဲသရေ ၁ပွဲရှုံးနိမ့်ခဲ့ပါတယ်။

 

အခုပွဲကို ဘွတ်ကီဒိုင်တွေက ဗင်နီဇွဲလားအသင်းဘက်မှ ၁ ဂိုး ၁၅ပြား အရှုံးဈေးဖွင့်ထားပြီး ဂိုးပေါင်း ၂ ဂိုး ၉၀ အရှုံးဖွင့်လှစ်ထားပါတယ်။

နှစ်သင်းစလုံးကိုလေ့လာကြည့်ရင် ဗင်နီဇွဲလားအသင်းဟာ အနိုင်ရရှိခဲ့ပါက နောက်တစ်ဆင့်တက်ရောက်မှာဖြစ်ပြီး သရေကျခဲ့ရင်လည်း နောက်တစ်ဆင့်တက်ဖို့ အခွင့်အရေးရှိနေတာဖြစ်ပါတယ်။

ဘိုလီဗီးယားအသင်းအနေနဲ့ အခုပွဲစဉ်ကို အနိုင်ရရှိမှသာ နောက်တစ်ဆင့်တက်ရောက်ဖို့ မျှော်လင့်နိုင်တဲ့အတွက် လတ်တလော ဆိုးရွားလွန်းတဲ့ရလဒ်တွေကို ချေဖျက်ဖို့ အခုပွဲစဉ်ကို ရုန်းကန်ကစားလာနိုင်တဲ့အတွက် ဘိုလီဗီးယားအသင်းနဲ့သာ လက်တွဲသင့်ပါကြောင်း....။

KON (SPORT)
ဇွန် - ၂၂

( Zawgyi )

ကိုပါအေမရိကဖလားၿပိဳင္ပြဲ အုပ္စုေနာက္ဆုံးပြဲစဥ္အျဖစ္ ဗင္နီဇြဲလားအသင္းနဲ႔ ဘိုလီးဗီးယားအသင္းတို႔ ဇြန္လ ၂၂ ရက္ ည ၁နာရီခြဲအခ်ိန္မွာ မွာယွဥ္ၿပိဳင္ကစားမွာျဖစ္ပါတယ္။

အုပ္စု A မွာ အိမ္ရွင္ဘရာဇီး၊ဘိုလီးဗီးယား၊ပီ႐ူး၊ဗင္နီဇြဲလားတို႔ အုပ္စုအဆင့္ကိုေက်ာ္ျဖတ္ေရးအတြက္အႀကိတ္အနယ္ယွဥ္ၿပိဳင္ကစားခဲ့ၾကၿပီး ဘရာဇီးအသက္းနဲ႔ပီ႐ူးအသင္းတို႔ ေနာက္တစ္ဆင့္တက္ဖို႔ ေသခ်ာသေလာက္ရွိေနၿပီး အုပ္စု တတိယ အေကာင္းဆုံး ၂ သင္းလည္း အုပ္စုတက္ေရာက္ဖို႔ အခြင့္အေရးရွိေနတဲ့အတြက္ အခုပြဲစဥ္ကလည္း ၿပိဳင္ဆိုင္မႈျပင္းထန္ဦးမွာျဖစ္ပါတယ္။

ကိုပါအေမရိကဖလားမွာ ၄ သင္းစီပါဝင္တဲ့ အုပ္စု ၃ အုပ္စု မွ အုပ္စုဗိုလ္ ၂ သင္းစီ ေနာက္တစ္ဆင့္တက္ေရာက္မွာျဖစ္ၿပီး အေကာင္းဆုံး တတိယ ၂ သင္းလည္း ေနာက္တစ္ဆင့္တက္ေရာက္မွာ ျဖစ္ပါတယ္။

နည္းျပ ဗီလီဂတ္ရဲ႕ ဘိုလီးဗီးယားအသင္းမွာ နာမည္ေက်ာ္ကစားသမားေတြ မပါဝင္ဘဲ ေနာက္ဆုံးကစားခဲ့တဲ့၅ ပြဲမွာ ကိုပါဖလားအပါအဝင္ ၅ ပြဲဆက္ရႈံးနိမ့္ခဲ့တဲ့အတြက္ အသင္းသမိုင္းမွာ ဆိုး႐ြားလြန္းတဲ့ရလဒ္အျဖစ္မွတ္တမ္းဝင္လွ်က္ရွိပါတယ္။

ဗင္နီဇြဲလားအသင္းဟာ ဒီဘက္ႏွစ္ေတြမွာ ေျခစြမ္းတိုးတက္လာၿပီး ကိုပါဖလားေနာက္ဆုံး ၄ ႀကိမ္မွာ ၃ ႀကိမ္အထိ ကြာတားတက္ေရာက္ႏိုင္ခဲ့ပါတယ္။အခုႏွစ္မွာကစားတဲ့ ကိုပါဖလားပြဲမွာလည္း ပီ႐ူးအသင္းနဲ႔ဘရာဇီး အသင္းေတြကို အေကာင္းဆုံးယွဥ္ၿပိဳင္ႏိုင္ခဲ့ၿပီး ဂိုးမရွိသေရကစားႏိုင္ခဲ့ပါတယ္။

ႏွစ္သင္းေတြ႕ဆုံမႈရလဒ္အရ ဘိုလီဗီးယားအသင္းက ၃ပြဲႏိုင္ ၁ ပြဲသေရ ၁ပြဲရႈံးနိမ့္ခဲ့ပါတယ္။

အခုပြဲကို ဘြတ္ကီဒိုင္ေတြက ဗင္နီဇြဲလားအသင္းဘက္မွ ၁ ဂိုး ၁၅ျပား အရႈံးေဈးဖြင့္ထားၿပီး ဂိုးေပါင္း ၂ ဂိုး ၉၀ အရႈံးဖြင့္လွစ္ထားပါတယ္။

ႏွစ္သင္းစလုံးကိုေလ့လာၾကည့္ရင္ ဗင္နီဇြဲလားအသင္းဟာ အႏိုင္ရရွိခဲ့ပါက ေနာက္တစ္ဆင့္တက္ေရာက္မွာျဖစ္ၿပီး သေရက်ခဲ့ရင္လည္း ေနာက္တစ္ဆင့္တက္ဖို႔ အခြင့္အေရးရွိေနတာျဖစ္ပါတယ္။

ဘိုလီဗီးယားအသင္းအေနနဲ႔ အခုပြဲစဥ္ကို အႏိုင္ရရွိမွသာ ေနာက္တစ္ဆင့္တက္ေရာက္ဖို႔ ေမွ်ာ္လင့္ႏိုင္တဲ့အတြက္ လတ္တေလာ ဆိုး႐ြားလြန္းတဲ့ရလဒ္ေတြကို ေခ်ဖ်က္ဖို႔ အခုပြဲစဥ္ကို ႐ုန္းကန္ကစားလာႏိုင္တဲ့အတြက္ ဘိုလီဗီးယားအသင္းနဲ႔သာ လက္တြဲသင့္ပါေၾကာင္း....။

KON (SPORT)
ဇြန္ - ၂၂