【 အားကစား 】 ပီလီ ကို ကျော်ဖြတ်ပြီး ဂိုးသွင်းအများဆုံးကစားသမားဖြစ်လာတဲ့ မက်ဆီ

【 အားကစား 】 ပီလီ ကို ကျော်ဖြတ်ပြီး ဂိုးသွင်းအများဆုံးကစားသမားဖြစ်လာတဲ့ မက်ဆီ

ခေတ်ပြိုင် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားနှစ်ဦးလို့ဆိုရမယ့် စီရော်နယ်လ်ဒိုနဲ့ လီယွန်နယ် မက်ဆီတို့ကတော့ ဂိုးသွင်းစံချိန်တွေကို အပြိုင်အဆိုင်ချိုးဖျက်နေတာကို မြင်တွေ့ရပါတယ်။
 
ယခုလည်း ဘိုလီးဗီးယားအသင်းကို ၃ ဂိုးပြတ် အနိုင်ရခဲ့တဲ့ တောင်အမေရိကဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ မက်ဆီ က ဟက်ထရစ် (၃ ဂိုး) သွင်းယူပြီး ဘရာဇီးဂန္တဝင်ကစားသမားကြီး ပီလီရဲ့ ဂိုးသွင်းစံချိန်ကို ချိုးဖျက်လိုက်တယ်လို့ သိရပါတယ်။
 
မက်ဆီဟာ အာဂျင်တီးနားလက်ရွေးစင်အသင်းအတွက် ဘိုလီဗီးယားနဲ့ ပွဲစဉ်အပြီး  ၇၉ ဂိုး သွင်းယူပေးထားပြီး၊ ဘရာဇီးဂန္တဝင်ကစားသမားကြီး ပီလီရဲ့ တောင်အမေရိက ဂိုးသွင်းအများဆုံးစံချိန် ၇၇ ဂိုးကို ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။ 
 
"ကျနော် အရမ်းပဲ စိတ်လှုပ်ရှားနေပါတယ်၊ ဒီည အရမ်းကိုပျော်ပါတယ်၊ ကျနော် ဒီဂိုးသွင်းစံချိန်ကို ရယူနိုင်ဖို့ အကြာကြီးစောင့်ခဲ့ရတာပါ" လို့ မက်ဆီ က ဘိုလီးဗီးယားနဲ့ ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။
 
အသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့ မက်ဆီဟာ အာဂျင်တီးနား လက်ရွေးစင်အသင်းရဲ့ ဂိုးသွင်းအများဆုံးကစားသမားအဖြစ်လည်း ရပ်တည်နေတာဖြစ်ပြီး၊ ယခင်ဂိုးသွင်းအများဆုံးကစားသမားကတော့ အာဂျင်တီးနားဂန္တဝင်ကစားသမားကြီး ဂါဘရီယယ် ဘာတစ္စတူတာ (၅၄ ဂိုး) ဖြစ်ပါတယ်။
 
လွန်ခဲ့သော ရက်သတ္တပတ်တွေက မက်ဆီရဲ့ ခေတ်ပြိုင်ကစားသမားလို့ဆိုရမယ့် စီရော်နယ်လ်ဒိုဟာ ဂိုးသွင်းစံချိန်သစ်တင်ခဲ့ပြီး၊ လက်ရှိမှာ စီရော်နယ်လ်ဒိုကတော့ နိုင်ငံ့လက်ရွေးစင်အသင်းအတွက် ဂိုးသွင်းအများဆုံးသူအဖြစ် ရပ်တည်လျက်ရှိနေပါတယ်။
 
Linko
စက်တင်ဘာ - ၁၀