【 အားကစား 】 တန်းတက် အက်စတွန်ဗီလာကို အနိုင်ယူမယ့် အဲဗာတန်

【 အားကစား 】 တန်းတက် အက်စတွန်ဗီလာကို အနိုင်ယူမယ့် အဲဗာတန်

ပရီးမီးယားလိဂ် ပွဲစဉ် ၃ အဖြစ် တန်းတက် အက်စတွန်ဗီလာအသင်းနဲ့ အဲဗာတန်အသင်းတို့ ယနေ့ ည ၁ နာရီခွဲအချိန်မှာ အက်စတွန်ဗီလာရဲ့ အိမ်ကွင်းဖြစ်တဲ့ ဗီလာပာ့ခ်မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

အက်စတွန်ဗီလာအသင်းအနေနဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၂ ပွဲ ယှဉ်ပြိုင်ကစားခဲ့ရာမှာ အဝေးကွင်းမှာ ကစားခဲ့တဲ့ စပါးအသင်းနဲ့ ပွဲစဉ်မှာ ဘောလုံးပိုင်ဆိုင်ခွင့် ၃၀ ရာခိုင်နှုန်းသာ ရှိခဲ့ပြီး ဂိုးပေါက်ကန်သွင်းခွင့် ၇ ကြိမ် ရရှိခဲ့ကာ ၃-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။အိမ်ကွင်းမှာကစားတဲ့ ဘုန်းမောက်အသင်းနဲ့ ပွဲစဉ်မှာတော့ ဘောလုံးပိုင်ဆိုင်ခွင့် ၆၂ ရာခိုင်နှုန်း ရှိခဲ့ပြီး ဂိုးကန်သွင်းခွင့် ၂၂ ကြိမ် ရရှိခဲ့ကာ ၁-၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။
အခုပွဲစဉ်မှာ ဂိုး - တွန်ဟတ်တန်၊ နောက်တန်းကစားသမားများအဖြစ် မိုဟာမန်ဒီ၊ အန်ဂလက်၊ ထရိုင်အိုမန့်၊ နီးတေလာ၊ အလယ်တန်းကစားသမားများအဖြစ် ဂျွန်မက်ဂျင်၊ ဒေါက်ဂလပ်ဆိုရပ်၊ ဂျက်ဂရီးလစ်ရှ်၊ ရှေ့တန်းကစားသမားများအဖြစ် ထရီဇီဂက်၊ ဝီဆလီ၊ အန်ဝါအီဂါဇီ တို့ ပါဝင်ကစားလာနိုင်ပါတယ်။

အဲဗာတန်အသင်းအနေနဲ့ ပရီမီးယားလိဂ် ပွဲစဉ် ၂ ပွဲ ယှဉ်ပြိုင်ကစားခဲ့ရာမှာ အဝေးကွင်းမှာကစားတဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ပွဲစဉ်မှာ ဘောလုံးပိုင်ဆိုင်ခွင့် ၆၄ ရာခိုင်နှုန်း ရှိခဲ့ပြီး ဂိုးပေါက်ကန်သွင်းမှု ၁၀ ကြိမ်ရှိခဲ့ကာ ဂိုးမရှိ သရေရလဒ် ရရှိခဲ့ပါတယ်။အိမ်ကွင်းမှာကစားတဲ့ ဝက်ဖို့ဒ်အသင်းနဲ့ ပွဲစဉ်မှာ ဘောလုံးပိုင်ဆိုင်မှု ၄၄ ရာခိုင်နှုန်း ရှိခဲ့ပြီး ဂိုးကန်သွင်းမှု ၁၂ ကြိမ်ရှိခဲ့ကာ ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။အခုပွဲစဉ်မှာ ဂိုး - ဂျော်ဒန်ပစ်ဖို့ဒ်၊ နောက်တန်းကစားသမားများအဖြစ် ကိုးလ်မန်း၊ မိုက်ကယ်ကိန်း၊ ယယ်ရီမီနာ၊ လူးကပ်စ်ဒစ်ဂနီ၊ အလယ်တန်းကစားသမားများအဖြစ် ဂီဘာမင်း၊ ဂိုးမက်စ်၊ ရစ်ချာလီဆန်၊ ဆီဂါဆန်၊ ဘားနက်၊ ရှေ့တန်းတိုက်စစ်မှူးအဖြစ် ဒိုမီနစ်ကဲလ်ဗက်လီဝင် တို့ ပါဝင်ကစားလာနိုင်ပါတယ်။

အခုပွဲစဉ်ကို ဘွတ်ကီဒိုင်တွေက အဲဗာတန်အသင်းဘက်မှ သရေ ၅၀ အရှုံး ဖွင့်လှစ်ထားပြီး ဂိုးပေါင်း ၃ လုံး ၈၀ အနိုင် ဖွင့်လှစ်ထားပါတယ်။

နှစ်သင်းတွေ့ဆုံမှု နောက်ဆုံး ၁၂ ပွဲမှာ အဲဗာတန်အသင်းက ၆ ပွဲနိုင် ၄ ပွဲသရေ ၂ ပွဲရှုံးရလဒ် ရရှိခဲ့ပါတယ်။အက်စတွန်ဗီလာ အိမ်ကွင်း နောက်ဆုံး ၆ ပွဲ ကစားခဲ့ရာမှာ အဲဗာတန်အသင်းက ၃ ပွဲနိုင် ၁ ပွဲသရေ ၂ ပွဲရှုံးနိမ့်ခဲ့ပါတယ်။

အက်စတွန်ဗီလာအသင်းအနေနဲ့ အမှတ်မရရှိသေးတဲ့အတွက် အခုပွဲစဉ်ကို အနိုင်ရရှိဖို့ တိုက်စစ်ဖွင့် ကစားလာနိုင်ပါတယ်။ကစားသမားခေါ်ယူမှုတွေမှာ အဝင်ထက် အထွက်ကစားသမားတွေ ပိုမိုများပြားနေပြီး အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘုန်းမောက်အသင်းနဲ့ ပွဲစဉ်မှာ ဘောလုံးပိုင်ဆိုင်မှု ၆၂ ရာခိုင်နှုန်း ရရှိခဲ့တယ်ဆိုပေမယ့် ၂ မိနစ် နဲ့ ၁၂ မိနစ်မှာ ပေးခဲ့ရတဲ့ဂိုးတွေကြောင့် တိုက်စစ်ဖွင့်ကစားခဲ့ရာမှာ ဘုန်းမောက်အသင်းက အနိုင်ကိုထိန်းရင်း ခံစစ်ကို အကောင်းဆုံး တည်ဆောက်ကစားခဲ့တာ ဖြစ်ပါတယ်။

အဲဗာတန်အသင်းအနေနဲ့ အသင်းကို အကောင်းဆုံးပြင်ဆင် တည်ဆောက်ထားပြီး အာဆင်နယ်အသင်းမှ အီဝိုဘီ၊ မိုနာကိုအသင်းမှ ဆစ်ဒီဘီ၊ ဂျူဗင်တပ်အသင်းမှ မွိုက်စ်ကိန်း၊ မိန့်ဇ်အသင်းမှ ဂျိမ်းဖိလစ်ပီ၊ မန်စီးတီးအသင်းမှ ဖာဘီယံဒက်ဖ် တို့ကို ခေါ်ယူအားဖြည့်ထားပါတယ်။အမှတ်ပေးပွဲ ၂ ပွဲလုံး ခြေစွမ်းအသာ ဂိုးသွင်းခွင့်အသာနဲ့ ကစားထားနိုင်ပြီး ပေးဂိုးမရှိသေးတဲ့အတွက် အခုပွဲစဉ်မှာ တိုက်စစ်ဖွင့်ကစားလာမယ့် အက်စတွန်ဗီလာအသင်းကို ပွဲချိန်အတွင်း အနိုင်ရရှိသွားနိုင်တဲ့အတွက် အဲဗာတန်အသင်းနဲ့သာ လက်တွဲသင့်ပါကြောင်း..............။

KON (SPORT)

( Zawgyi )








KON (SPORT)