【 အားကစား 】 တန်းတက်အသင်းကို အနိုင်ယူဖို့မလွယ်တဲ့ အာဆင်နယ်

【 အားကစား 】 တန်းတက်အသင်းကို အနိုင်ယူဖို့မလွယ်တဲ့ အာဆင်နယ်

ပရီးမီးယားလိဂ် ပွဲစဉ် ၉ နောက်ဆုံးပွဲစဉ်အဖြစ် ရှက်ဖီးယူနိုက်တက်အသင်းနဲ့ အာဆင်နယ်အသင်းတို့ ယနေ့ည ၁ နာရီခွဲအချိန်မှာ ရှက်ဖီးယူနိုက်တက်အသင်းရဲ့ အိမ်ကွင်းဖြစ်တဲ့ ဘရာမယ်လိန်းကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

ရှက်ဖီးယူနိုက်တက်အသင်းအနေနဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲတွေမှာ ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ရရှိခဲ့ပြီး လက်စတာ၊ ဆောက်သင်ပတန်၊ လီဗာပူးလ် အသင်းတွေကို ရှုံးနိမ့်ခဲ့ပါတယ်။အဝေးကွင်းပွဲစဉ်တွေမှာ အဲဗာတန်အသင်းကို အနိုင်ရရှိခဲ့ပြီး ဘုန်းမောက်၊ ချဲလ်ဆီး၊ ဝက်ဖို့ဒ် အသင်းတွေနဲ့ သရေကျခဲ့တဲ့အတွက် ၈ ပွဲကစားအပြီး ရမှတ် ၉ မှတ်ရရှိကာ အဆင့် ၁၅ နေရာမှာ ရပ်တည်လျှက်ရှိပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘန်လေ၊ အက်စတွန်ဗီလာ၊ ဘုန်းမောက် အသင်းတွေကို အနိုင်ရရှိခဲ့ပြီး စပါးအသင်းနဲ့ သရေရလဒ် ရရှိခဲ့ပါတယ်။အဝေးကွင်းပွဲစဉ်တွေမှာ နယူးကာဆယ်အသင်းကို အနိုင်ရရှိခဲ့ပြီး လီဗာပူးလ်အသင်းကို ရှုံးနိမ့်ကာ မန်ယူ၊ ဝက်ဖို့ဒ် အသင်းတို့နဲ့ သရေရလဒ် ရရှိခဲ့တဲ့အတွက် ၈ ပွဲကစားအပြီး ရမှတ် ၁၅ မှတ်ရရှိကာ အဆင့် ၅ နေရာမှာ ရပ်တည်လျှက်ရှိပါတယ်။

အခုပွဲစဉ်ကို ဘွတ်ကီဒိုင်တွေက အာဆင်နယ်အသင်းဘက်မှ သရေအရှုံး ဖွင့်လှစ်ထားပြီး ဂိုးပေါင်း ၃ လုံး ၅၀ အနိုင် ဖွင့်လှစ်ထားပါတယ်။

ရှက်ဖီးယူနိုက်တက်ရဲ့ အိမ်ကွင်းမှာ ကစားခဲ့တဲ့ ၄၉ ပွဲမှာ အာဆင်နယ်အသင်းက ၁၀ ကြိမ်သာ အနိုင်ရရှိခဲ့ပါတယ်။အခုပွဲစဉ်ကို အာဆင်နယ်အသင်း ကွင်းလယ်ကစားသမား အိုဇေးလ် ပါဝင်ကစားလာမှာဖြစ်ပြီး ယခုပွဲအနိုင်ရရှိပါက အမှတ်ပေးဇယား အဆင့် ၃ နေရာ ရောက်ရှိမှာဖြစ်တဲ့အတွက် အနိုင်ရရှိဖို့ ကြိုးစားကစားလာမှာ ဖြစ်ပါတယ်။
ယူရိုပါလိဂ်ပြိုင်ပွဲမှာလည်း ၂ ပွဲကစားအပြီး ရမှတ် ၆ မှတ် ရရှိထားတဲ့အတွက် ယခုပွဲစဉ်ပြီးပါက ကစားမယ့် ဂွီမာရေးအသင်းနဲ့ ပွဲစဉ်ထက် ယခုပွဲကို ပိုမိုအာရုံစိုက် ကစားလာမှာဖြစ်ပါတယ်။

ရှက်ဖီးယူနိုက်တက်အသင်းအနေနဲ့ အိမ်ကွင်း နောက်ဆုံး ၃ ပွဲဆက် ရှုံးနိမ့်ထားတဲ့အတွက် အခုပွဲစဉ်ကို အနိုင်ရရှိအောင် ကစားလာမှာဖြစ်ပါတယ်။နောက်ပိုင်းပွဲစဉ်တွေမှာလည်း ခြေစွမ်းတည်ငြိမ်လာပြီး ၅ ပွဲဆက် ကြေးအောင်ထားတဲ့ အသင်းဖြစ်ပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ အဝေးကွင်းပွဲစဉ် ၄ ပွဲမှာ ၁ ပွဲသာ အနိုင်ရရှိမှု၊ ကြားရက်မှာ ယူရိုပါလိဂ်ကစားရမယ့် အာဆင်နယ်အသင်းအနေနဲ့ ရှက်ဖီးယူနိုက်တက်အသင်းကို သမိုင်းအစဉ်အလာအရ အသာမရခဲ့မှု၊ ဘွတ်ကီဒိုင်တွေ စျေးစတင်ဖွင့်လှစ်စဉ်က ၁ လုံး ၄၀ အနိုင်မှ ၁ လုံး ၉၀ အနိုင်အထိ စျေးနှုန်းများ ကျဆင်းလာတဲ့အတွက် အခုပွဲစဉ်ကို ရှက်ဖီးယူနိုက်တက်အသင်းနဲ့ လက်တွဲသင့်ပါကြောင်း.......။

KON (SPORT)

( Zawgyi )

ပရီးမီးယားလိဂ္ ပြဲစဥ္ ၉ ေနာက္ဆုံးပြဲစဥ္အျဖစ္ ရွက္ဖီးယူႏိုက္တက္အသင္းနဲ႔ အာဆင္နယ္အသင္းတို႔ ယေန႔ည ၁ နာရီခြဲအခ်ိန္မွာ ရွက္ဖီးယူႏိုက္တက္အသင္းရဲ႕ အိမ္ကြင္းျဖစ္တဲ့ ဘရာမယ္လိန္းကြင္းမွာ ယွဥ္ၿပိဳင္ကစားၾကမွာ ျဖစ္ပါတယ္။

ရွက္ဖီးယူႏိုက္တက္အသင္းအေနနဲ႔ အိမ္ကြင္းမွာ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ပြဲေတြမွာ ခရစၥတယ္ပဲေလ့စ္ကို အႏိုင္ရရွိခဲ့ၿပီး လက္စတာ၊ ေဆာက္သင္ပတန္၊ လီဗာပူးလ္ အသင္းေတြကို ရႈံးနိမ့္ခဲ့ပါတယ္။အေဝးကြင္းပြဲစဥ္ေတြမွာ အဲဗာတန္အသင္းကို အႏိုင္ရရွိခဲ့ၿပီး ဘုန္းေမာက္၊ ခ်ဲလ္ဆီး၊ ဝက္ဖို႔ဒ္ အသင္းေတြနဲ႔ သေရက်ခဲ့တဲ့အတြက္ ၈ ပြဲကစားအၿပီး ရမွတ္ ၉ မွတ္ရရွိကာ အဆင့္ ၁၅ ေနရာမွာ ရပ္တည္လွ်က္ရွိပါတယ္။

အာဆင္နယ္အသင္းအေနနဲ႔ အိမ္ကြင္းမွာ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ဘန္ေလ၊ အက္စတြန္ဗီလာ၊ ဘုန္းေမာက္ အသင္းေတြကို အႏိုင္ရရွိခဲ့ၿပီး စပါးအသင္းနဲ႔ သေရရလဒ္ ရရွိခဲ့ပါတယ္။အေဝးကြင္းပြဲစဥ္ေတြမွာ နယူးကာဆယ္အသင္းကို အႏိုင္ရရွိခဲ့ၿပီး လီဗာပူးလ္အသင္းကို ရႈံးနိမ့္ကာ မန္ယူ၊ ဝက္ဖို႔ဒ္ အသင္းတို႔နဲ႔ သေရရလဒ္ ရရွိခဲ့တဲ့အတြက္ ၈ ပြဲကစားအၿပီး ရမွတ္ ၁၅ မွတ္ရရွိကာ အဆင့္ ၅ ေနရာမွာ ရပ္တည္လွ်က္ရွိပါတယ္။

အခုပြဲစဥ္ကို ဘြတ္ကီဒိုင္ေတြက အာဆင္နယ္အသင္းဘက္မွ သေရအရႈံး ဖြင့္လွစ္ထားၿပီး ဂိုးေပါင္း ၃ လုံး ၅၀ အႏိုင္ ဖြင့္လွစ္ထားပါတယ္။

ရွက္ဖီးယူႏိုက္တက္ရဲ႕ အိမ္ကြင္းမွာ ကစားခဲ့တဲ့ ၄၉ ပြဲမွာ အာဆင္နယ္အသင္းက ၁၀ ႀကိမ္သာ အႏိုင္ရရွိခဲ့ပါတယ္။အခုပြဲစဥ္ကို အာဆင္နယ္အသင္း ကြင္းလယ္ကစားသမား အိုေဇးလ္ ပါဝင္ကစားလာမွာျဖစ္ၿပီး ယခုပြဲအႏိုင္ရရွိပါက အမွတ္ေပးဇယား အဆင့္ ၃ ေနရာ ေရာက္ရွိမွာျဖစ္တဲ့အတြက္ အႏိုင္ရရွိဖို႔ ႀကိဳးစားကစားလာမွာ ျဖစ္ပါတယ္။
ယူ႐ိုပါလိဂ္ၿပိဳင္ပြဲမွာလည္း ၂ ပြဲကစားအၿပီး ရမွတ္ ၆ မွတ္ ရရွိထားတဲ့အတြက္ ယခုပြဲစဥ္ၿပီးပါက ကစားမယ့္ ဂြီမာေရးအသင္းနဲ႔ ပြဲစဥ္ထက္ ယခုပြဲကို ပိုမိုအာ႐ုံစိုက္ ကစားလာမွာျဖစ္ပါတယ္။

ရွက္ဖီးယူႏိုက္တက္အသင္းအေနနဲ႔ အိမ္ကြင္း ေနာက္ဆုံး ၃ ပြဲဆက္ ရႈံးနိမ့္ထားတဲ့အတြက္ အခုပြဲစဥ္ကို အႏိုင္ရရွိေအာင္ ကစားလာမွာျဖစ္ပါတယ္။ေနာက္ပိုင္းပြဲစဥ္ေတြမွာလည္း ေျခစြမ္းတည္ၿငိမ္လာၿပီး ၅ ပြဲဆက္ ေၾကးေအာင္ထားတဲ့ အသင္းျဖစ္ပါတယ္။

အာဆင္နယ္အသင္းအေနနဲ႔ အေဝးကြင္းပြဲစဥ္ ၄ ပြဲမွာ ၁ ပြဲသာ အႏိုင္ရရွိမႈ၊ ၾကားရက္မွာ ယူ႐ိုပါလိဂ္ကစားရမယ့္ အာဆင္နယ္အသင္းအေနနဲ႔ ရွက္ဖီးယူႏိုက္တက္အသင္းကို သမိုင္းအစဥ္အလာအရ အသာမရခဲ့မႈ၊ ဘြတ္ကီဒိုင္ေတြ ေစ်းစတင္ဖြင့္လွစ္စဥ္က ၁ လုံး ၄၀ အႏိုင္မွ ၁ လုံး ၉၀ အႏိုင္အထိ ေစ်းႏႈန္းမ်ား က်ဆင္းလာတဲ့အတြက္ အခုပြဲစဥ္ကို ရွက္ဖီးယူႏိုက္တက္အသင္းနဲ႔ လက္တြဲသင့္ပါေၾကာင္း.......။

KON (SPORT)