【 အားကစား 】 ဈေးနှုန်းပျော့ပြောင်းလာတဲ့ ဂျူဗင်တပ်အသင်း ဂိုးပြတ်နိုင်ပွဲရမလား

【 အားကစား 】 ဈေးနှုန်းပျော့ပြောင်းလာတဲ့ ဂျူဗင်တပ်အသင်း ဂိုးပြတ်နိုင်ပွဲရမလား

အီတလီ စီးရီးအေ ပွဲစဉ် ၅ အဖြစ် ဘရက်ရှားအသင်းနဲ့ ဂျူဗင်တပ်အသင်းတို့ ယနေ့ည ၁ နာရီခွဲအချိန်မှာ ဘရက်ရှားအသင်းရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

ဘရက်ရှားအသင်းအနေနဲ့ စီးရီးအေ အဖွင့်ပွဲစဉ်အဖြစ် ကာဂလီယာရီအသင်းရဲ့ အိမ်ကွင်းမှာ သွားရောက်ကစားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၄၁ ရာခိုင်နှုန်းရရှိခဲ့ပြီး ဂိုးကန်သွင်းခွင့် ၁၀ ကြိမ်ရရှိခဲ့ကာ ဝ-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ပွဲစဉ် ၂ အဖြစ် အေစီမီလန်အသင်းရဲ့ အိမ်ကွင်းမှာ သွားရောက်ကစားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၃၇ ရာခိုင်နှုန်းရရှိခဲ့ပြီး ဂိုးကန်သွင်းခွင့် ၆ ကြိမ်ရရှိခဲ့ကာ ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ပွဲစဉ် ၃ အဖြစ် အိမ်ကွင်းမှာ ဘိုလော့နာအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၃၂ ရာခိုင်နှုန်းရရှိခဲ့ပြီး ဂိုးကန်သွင်းခွင့် ၉ ကြိမ်ရရှိခဲ့ကာ ၃-၄ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ပွဲစဉ် ၄ အဖြစ် အူဒီးနိစ်ရဲ့ အိမ်ကွင်းမှာ သွားရောက်ကစားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၄၂ ရာခိုင်နှုန်းရရှိခဲ့ပြီး ဂိုးကန်သွင်းခွင့် ၉ ကြိမ်ရရှိခဲ့ကာ ဝ-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့အတွက် ၄ ပွဲကစားအပြီး ရမှတ် ၆ မှတ်ရရှိကာ အဆင့် ၁၁ နေရာမှာ ရပ်တည်လျှက်ရှိပါတယ်။

ဂျူဗင်တပ်အသင်းအနေနဲ့ စီးရီးအေ အဖွင့်ပွဲစဉ်အဖြစ် ပါးမားအသင်းရဲ့ အိမ်ကွင်းမှာ သွားရောက်ကစားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၆၁ ရာခိုင်နှုန်းရရှိခဲ့ပြီး ဂိုးကန်သွင်းခွင့် ၁၄ ကြိမ်ရရှိခဲ့ကာ ဝ-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ပွဲစဉ် ၂ အဖြစ် အိမ်ကွင်းမှာ နာပိုလီအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၄၅  ရာခိုင်နှုန်းရရှိခဲ့ပြီး ဂိုးကန်သွင်းခွင့် ၁၂ ကြိမ်ရရှိခဲ့ကာ ၄-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ပွဲစဉ် ၃ အဖြစ် ဖီအိုရင်တီးနားအသင်းရဲ့ကွင်းမှာ သွားရောက်ကစားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၅၃ ရာခိုင်နှုန်းရရှိခဲ့ပြီး ဂိုးကန်သွင်းခွင့် ၈ ကြိမ်ရရှိခဲ့ကာ ဝ-၀ သရေရလဒ် ရရှိခဲ့ပါတယ်။ပွဲစဉ် ၄ အဖြစ် အိမ်ကွင်းမှာ ဗီရိုနာအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၅၉ ရာခိုင်နှုန်းရရှိခဲ့ပြီး ဂိုးကန်သွင်းခွင့် ၂၁ ကြိမ်ရရှိခဲ့ကာ ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့အတွက် ၄ ပွဲကစားအပြီး ရမှတ် ၁၀ မှတ်ရရှိကာ အဆင့် ၂ နေရာမှာ ရပ်တည်လျှက်ရှိပါတယ်။

အခုပွဲစဉ်ကို ဘွတ်ကီဒိုင်တွေက ဂျူဗင်တပ်အသင်းဘက်မှ ၁ လုံး သရေ ဖွင့်လှစ်ထားပြီး ဂိုးပေါင်း ၃ လုံး ၇၅ အနိုင် ဖွင့်လှစ်ထားပါတယ်။

နှစ်သင်းတွေ့ဆုံမှု နောက်ဆုံး ၂ ကြိမ်မှာ ဂျူဗင်တပ်အသင်းက ၁ ပွဲနိုင် ၁ ပွဲသရေ ရလဒ်ရရှိခဲ့ပါတယ်။

ဘရက်ရှားအသင်းအနေနဲ့ ကစားပြီးသမျှ ပွဲစဉ်တွေမှာ တစ်ဖက်အသင်းရဲ့ ဖိအားပေးမှုတွေကို ခံခဲ့ရပြီး ဘောလုံးပိုင်ဆိုင်မှုနဲ့ ဂိုးကန်သွင်းခွင့်တွေဟာ ပြိုင်ဘက်အသင်းတွေထက် အားနည်းခဲ့ပါတယ်။

ဂျူဗင်တပ်အသင်းအနေနဲ့ ကစားပြီးသမျှ ပွဲစဉ်တွေမှာ ပြိုင်ဘက်အသင်းကို အသာစီးရယူ ကစားနိုင်ခဲ့ပေမယ့် ဂိုးပြတ်နိုင်ပွဲ မရရှိသေးတဲ့အတွက် အခုပွဲစဉ်ကို ဂိုးပြတ်နိုင်ပွဲရယူနိုင်ဖို့ ကြိုးစားကစားလာမှာ ဖြစ်ပါတယ်။တိုက်စစ်မှူး ရော်နယ်ဒို အနေနဲ့လည်း ပွဲစဉ်တိုင်း ပါဝင်ကစားခဲ့ပေမယ့် စီးရီးအေမှာ ပင်နယ်တီဂိုး အပါအဝင် ၂ ဂိုးသာ ရရှိအောင် စွမ်းဆောင်ထားနိုင်တဲ့အတွက် အခုပွဲစဉ်ကို ပိုမိုအားထည့်ကစားလာမှာ ဖြစ်ပါတယ်။

အခုပွဲစဉ်ကို ဘွတ်ကီဒိုင်တွေ ဈေးစတင်ဖွင့်လှစ်စဉ်က ဂျူဗင်တပ်အသင်းဘက်မှ ၁ လုံး ၃၀ အရှုံး ဖွင့်လှစ်ထားရာမှ ၁ လုံး သရေအထိ ဈေးနှုန်းတွေ ကျဆင်းလာပါတယ်။ဂိုးပေါင်းဈေးမှာလည်း ၃ လုံး ၃၀ အနိုင်မှ ၃လုံး ၇၅ အနိုင်ထိ ပြောင်းလဲလာတဲ့အတွက် အိမ်ကွင်းအားသာချက်၊ ကြေးပြောင်းလဲမှု၊ သမိုင်းအစဉ်အလာအရ ဂိုးပြတ်ရှုံးနိမ့်မှု မရှိခဲ့တဲ့ ဘရက်ရှားအသင်းနဲ့သာ လက်တွဲသင့်ပါကြောင်း.............။

KON (SPORT)

( Zawgyi )









KON (SPORT)