【 အားကစား 】 စျေးကွက်ဖွင့်လှစ်မှု ပျော့ပျောင်းနေတဲ့ လက်စတာကို ငြင်းမယ်

【 အားကစား 】 စျေးကွက်ဖွင့်လှစ်မှု ပျော့ပျောင်းနေတဲ့ လက်စတာကို ငြင်းမယ်

ပရီးမီးယားလိဂ် ပွဲစဉ် (၁၀) အဖြစ် ဆောက်သင်မ်တန်အသင်းနဲ့ လက်စတာအသင်းတို့ ယနေ့ည ၁ နာရီခွဲအချိန်မှာ ဆောက်သင်မ်တန်အသင်းရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

ဆောက်သင်မ်တန်အသင်းအနေနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်များအဖြစ် အိမ်ကွင်းမှာ မန်ယူအသင်းနဲ့ သရေရလဒ်ရရှိခဲ့ပြီး လီဗာပူးလ်၊ ဘုန်းမောက်၊ ချဲလ်ဆီး အသင်းတွေကို ရှုံးနိမ့်ခဲ့ပါတယ်။အဝေးကွင်းသွားရောက်ကစားခဲ့တဲ့ ပွဲစဉ်မှာ ဘရိုက်တန်၊ ရှက်ဖီးယူနိုက်တက် အသင်းတွေကို အနိုင်ရရှိခဲ့ပြီး ဝုဗ်အသင်းနဲ့ သရေရလဒ်ရရှိခဲ့ကာ ဘန်လေ၊ စပါး အသင်းတွေကို ရှုံးနိမ့်ခဲ့တဲ့အတွက် ၉ ပွဲကစားအပြီး ရမှတ် ၈ မှတ်ရရှိကာ အမှတ်ပေးဇယား အဆင့် ၁၇ မှာ ရပ်တည်လျှက်ရှိပါတယ်။

လက်စတာအသင်းအနေနဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်အဖြစ် အိမ်ကွင်းမှာ ဝုဗ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၇၀ ရာခိုင်နှုန်းရှိခဲ့ပြီး ဂိုးကန်သွင်းမှု ၁၆ ကြိမ်ရရှိခဲ့ကာ ၀-၀ သရေရလဒ်ရရှိခဲ့ပါတယ်။ပွဲစဉ် ၂ အဖြစ် ချဲလ်ဆီးအသင်းရဲ့ အိမ်ကွင်းမှာ သွားရောက်ကစားခဲ့ရာ ဘောလုံးပိုင်ဆိုင်မှု ၅၀ ရာခိုင်နှုန်းရှိခဲ့ပြီး ဂိုးကန်သွင်းမှု ၁၂ ကြိမ်ရရှိခဲ့ကာ ၁-၁ သရေရလဒ်ရရှိခဲ့ပါတယ်။ပွဲစဉ် ၃ အဖြစ် ရှက်ဖီးယူနိုက်တက် အိမ်ကွင်းမှာ သွားရောက်ကစားခဲ့ရာ ဘောလုံးပိုင်ဆိုင်မှု ၅၁ ရာခိုင်နှုန်းရှိခဲ့ပြီး ဂိုးကန်သွင်းခွင့် ၁၀ ကြိမ်ရရှိခဲ့ကာ ၁-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ပွဲစဉ် ၄ အဖြစ် အိမ်ကွင်းမှာ ဘုန်းမောက်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရာ ဘောလုံးပိုင်ဆိုင်မှု ၅၅ ရာခိုင်နှုန်းရှိခဲ့ပြီး ဂိုးကန်သွင်းမှု ၁၅ ကြိမ်ရရှိခဲ့ကာ ၃-၁ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ပွဲစဉ် ၅ အဖြစ် မန်ယူအသင်းရဲ့ ကွင်းမှာ ၀-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ပွဲစဉ် ၆ အဖြစ် အိမ်ကွင်းမှာ စပါးအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၄၄ ရာခိုင်နှုန်းရရှိခဲ့ပြီး ဂိုးကန်သွင်းမှု ၁၆ ကြိမ်ရရှိခဲ့ကာ ၂-၁ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ပွဲစဉ် ၇ အဖြစ် အိမ်ကွင်းမှာ နယူးကာဆယ်အသင်းကို ၅ ဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။ပွဲစဉ် ၈ အဖြစ် လီဗာပူးလ်အိမ်ကွင်းမှာ ၂ - ၁ ဂိုးနဲ့ရှုံးနိမ့်ခဲ့ပြီး ပွဲစဉ် ၉ အဖြစ် အိမ်ကွင်းမှာ ဘန်လေအသင်းကို ၂ - ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့အတွက် ၉ ပွဲကစားအပြီး ရမှတ် ၁၇ မှတ် ရရှိကာ အဆင့် ၃ နေရာမှာ ရပ်တည်လျှက်ရှိပါတယ်။

အခုပွဲစဉ်ကို ဘွတ်ကီဒိုင်တွေက လက်စတာအသင်းဘက်မှ သရေ ၃၅ ပြားအရှုံး ဖွင့်လှစ်ထားပြီး ဂိုးပေါင်း ၃ လုံး ၉၅ အနိုင် ဖွင့်လှစ်ထားပါတယ်။

နှစ်သင်းတွေ့ဆုံမှု နောက်ဆုံး ၁၃ ကြိမ်မှာ လက်စတာအသင်းက ၆ ပွဲနိုင် ၄ ပွဲသရေ ၃ ပွဲရှုူံးနိမ့်ခဲ့ပါတယ်။

 

လက်စတာအသင်းအနေနဲ့ စုစည်းညီညွတ်မှု အားကောင်းနေပြီး အမှတ်ပေးဇယား အဆင့် ၃ မှာ ရောက်ရှိနေတဲ့အတွက် အခုပွဲစဉ်ကိုလည်း အနိုင်ရရှိဖို့ ကြိုးစားကစားလာမှာဖြစ်ပါတယ်။နည်းပြ ဘရန်ဒန်ရော်ဂျာ လက်အောက်မှာ ခြေစွမ်းတည်ငြိမ်နေပြီး နည်းပြရဲ့ တစ်ပွဲထိုးနည်းဗျူဟာ ကောင်းမွန်မှု၊ အသင်းလိုက်စုစည်းမှု အားကောင်းနေတဲ့အတွက် အခုပွဲစဉ်မှာလည်း ရလဒ်ကောင်းရရှိဖို့ ကြိုးစားကစားလာမှာ ဖြစ်ပါတယ်။

ဆောက်သင်မ်တန်အသင်းအနေနဲ့ တန်းဆင်းဇုန်အနီး ကျရောက်နေတဲ့အတွက် အခုပွဲစဉ်ကို အနိုင်ရရှိဖို့ ကြိုးစားကစားလာမှာဖြစ်ပါတယ်။ယခုပွဲစဉ်ပြီးပါက မန်စီးတီး၊ အဲဗာတန်၊ အာဆင်နယ် အသင်းတွေနဲ့ ကစားရမှာဖြစ်တဲ့အတွက် အခုပွဲစဉ်မှာ အမှတ်ရရှိဖို့ ကြိုးစားကစားလာမှာ ဖြစ်ပါတယ်။အိမ်ကွင်းမှာ နိုင်ပွဲမရရှိသေးပေမယ့် မန်ယူအသင်းကို သရေကစားနိုင်ခဲ့ပြီး လီဗာပူးလ်၊ ချဲလ်ဆီး၊ ဘုန်းမောက် အသင်းတွေကို ရှုံးနိမ့်တဲ့ပွဲစဉ်မှာ ခြေရည်တူကစားနိုင်ခဲ့ပါတယ်။

လက်စတာအသင်းအနေနဲ့ အဝေးကွင်းကစားခဲ့တဲ့ ပွဲစဉ်တွေမှာ ရှက်ဖီးအသင်းကိုသာ ၁-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး မန်ယူ၊ လီဗာပူးလ် အသင်းတွေကို ရှုံးနိမ့်ကာ ချဲလ်ဆီးအသင်းနဲ့ သရေရလဒ်ရရှိခဲ့ပါတယ်။

စျေးကွက်စတင်ဖွင့်လှစ်စဉ်က လက်စတာအသင်းဘက်မှ သရေ ၆၀ အရှုံးအထိ အကျောပေးထားပြီး သရေ ၃၅ ပြား အရှုံးအထိ စျေးနှုန်းကျဆင်းလာမှု၊ ဆောက်သင်မ်တန်အသင်းရဲ့ တန်းဆင်းဇုန်ရုန်းအားတွေကြောင့် အခုပွဲစဉ်ကို ဆောက်သင်မ်တန်အသင်းနဲ့သာ လက်တွဲသင့်ပါကြောင်း.............။

KON (SPORT)

( Zawgyi )





နှစ်သင်းတွေ့ဆုံမှု နောက်ဆုံး ၁၃ ကြိမ်မှာ လက်စတာအသင်းက ၆ ပွဲနိုင် ၄ ပွဲသရေ ၃ ပွဲရှုံးနိမ့်ခဲ့ပါတယ်။




ဈေးကွက်စတင်ဖွင့်လှစ်စဉ်က လက်စတာအသင်းဘက်မှ သရေ ၆၀ အရှုံးအထိ အကျောပေးထားပြီး သရေ ၃၅ ပြား အရှုံးအထိ ဈေးနှုန်းကျဆင်းလာမှု၊ ဆောက်သင်မ်တန်အသင်းရဲ့ တန်းဆင်းဇုန်ရုန်းအားတွေကြောင့် အခုပွဲစဉ်ကို ဆောက်သင်မ်တန်အသင်းနဲ့သာ လက်တွဲသင့်ပါကြောင်း.............။

KON (SPORT)