【 အားကစား 】 စပါးရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ဝက်စ်ဟမ်းက အဟန့်အတားလား

【 အားကစား 】 စပါးရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ဝက်စ်ဟမ်းက အဟန့်အတားလား

ယနေ့ ညနေ ၆ နာရီမှာ ဒီရာသီ ကမောက်ကမ ရလဒ်တွေနဲ့ ပရိတ်သတ်ကို ဖမ်းစားနေတဲ့ စပါးအသင်းနဲ့ ရာသီကုန်ဆုံးဖို့ ၃ ပွဲသာ ကျန်တော့တဲ့အချိန်မှာ တန်းဆင်းဇုန်ထဲက အသင်းတွေနဲ့ ၁၃ မှတ်ကွာဟပြီး တန်းဆင်းဖို့ ဖိအားမရှိတော့တဲ့ ဝက်စ်ဟမ်းအသင်းတို့ ဆုံတွေ့ကြမှာ ဖြစ်ပါတယ်။

အိမ်ကွင်း လက်ခံကစားမယ့် စပါးက ပရီးမီးယားလိဂ် အဆင့် ၃ နေရာမှာ၊ ဧည့်သည်အဖြစ် လာကစားမယ့် ဝက်စ်ဟမ်းက အမှတ်ပေးဇယား အဆင့် ၁၁ နေရာမှာ ဖြစ်သလို အစဉ်အလာနဲ့ ကစားပုံခြေစွမ်းအရ  ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ဖိအားနဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အေဂျက်ဇ်နဲ့ ပထမအကျော့အတွက် ဖိအားများနေတဲ့ စပါးအသင်းအဖို့ ယခုပွဲမှာ ဝက်စ်ဟမ်းကို အနိုင်ကစားရမှာဖြစ်သလို ကစားသမားအချို့ကို မဖြစ်မနေ အနားပေးထားရမှာ ဖြစ်ပါတယ်။

လေးပွဲဆက်တိုက် နိုင်ပွဲမဲ့ခဲ့တဲ့ ဝက်စ်ဟမ်းအသင်းကတော့ ဒီပွဲမှာ အဓိက ကစားသမားတွေ  ပွဲထွက်မှာဖြစ်သလို ပြီးခဲ့တဲ့နှစ်က  စပါးကွင်းမှာ သရေခံကစားခဲ့တဲ့ အဖြစ်ကလည်း ရှိခဲ့တဲ့အတွက် ဒီပွဲမှာ အမှတ်လိုအပ်ချက်ရှိနေတဲ့ စပါးအတွက် ခက်ခက်ခဲခဲ ရင်ဆိုင်ကစားရမယ့် ပွဲစဉ်ပါဘဲ။

ဝက်စ်ဟမ်းအသင်းဟာ နည်းပြသစ် ပယ်ရီလီဂနီ လက်ထက်မှာ အာဆင်နယ်က ဝီလ်ရှိုင်းယား၊ လူကပ်ပီရီးဇီး၊ ဖီအိုရင်တီးနားက ကားလို့စ်ဆန်းချက်ဇ်၊ ဆွမ်ဆီးက ဖေဘီယန်စကီး၊ လာဇီယိုက ဖိလစ် အန်ဒါဆန် စတဲ့ ကစားသမားတွေ အားဖြည့်မှုများစွာ ပြုလုပ်ခဲ့ကာ ရှိပြီးသား တိုက်စစ်က အာနာတိုဗစ် တို့နဲ့ တွဲဖက်ကာ အိမ်ကွင်းကို အဓိကထားကစားတဲ့အတွက် ပွဲစဉ်မကုန်မီမှာဘဲ တန်းဆင်းရမယ့် ဖိအားကနေ ကင်းလွတ်နေတာကို တွေ့ရပါတယ်။အဝေးကွင်းမှာလည်း ခြေတွေ့ရင် တွေ့သလို မထင်မှတ်စွာ ခြေစွမ်းကောင်းလေ့ရှိတဲ့အတွက် ဝက်စ်ဟမ်းအသင်းကို ပေါ့ဆကစားမိတဲ့  အသင်းမှန်သမျှ ရလဒ်တွေ ဆုံးရှုံးခဲ့တာ၊ ခဲရာခဲဆစ် ကစားရတာတွေကို တွေ့ရပါတယ်။ပယ်လ်ရီဂနီ လက်ထက် ၄-၁ ၄- ၁ ကစားကွက်နဲ့ ခင်းနေတဲ့ ဝက်စ်ဟမ်းအသင်း ကစားကွက်မှာ နောက်တန်းက ဇာဘလက်တာ၊ ဘာဘူနာ၊ အော့ဘွန်နာ၊ မာဆူကူ အတွဲက လူးကပ်စ်မိုရာ၊ လောရန်တေး၊ ဆွန်ဟောင်မင် တို့ပါတဲ့ စပါးတိုက်စစ်ကို ထိန်းနိုင်ဖို့ ဘယ်လောက်ပြင်ဆင်ထားမလဲဆိုတာ ကြည့်ရမှာပါ။

စပါးအတွက် ဒီရာသီအိမ်ကွင်း ၁၇ ပွဲမှာ ၁၂ ပွဲနိုင် ၁ ပွဲသရေ ၄ ပွဲရှုံးပြီး သွင်းဂိုး ၃၂ ဂိုး ပေးဂိုး ၁၂ ဂိုးထိ ရှိနေပါတယ်။ဒီအချက်အလက်တွေအရ စပါးခြေစွမ်းက အိမ်ကွင်းမှာ  တကယ်ဖိဖိစီစီး ကစားတဲ့အတွက် အလယ်အလတ် အသင်းတွေကို နိုင်သင့်တာနိုင်အောင် ကစားနိုင်တာကို ပြီးခဲ့တဲ့ ဘရိုက်တန်နဲ့ပွဲမှာ တွေ့ရမှာဖြစ်ပါတယ်။

ဝက်စ်ဟမ်းကတော့ ယခုရာသီမှာ အမှတ်ပေးပွဲ ၃၅ ပွဲ ကစားပြီးချိန်အထိ ၁၂ ပွဲနိုင် ၇ ပွဲသရေ၊ ၁၆ ပွဲရှုံးထားပြီး ရမှတ် ၄၃ မှတ်နဲ့ အဆင့်-၁၁ နေရာမှာ ရပ်တည်နေပါတယ်။အဝေးကွင်း ၁၇ ပွဲမှာ ၄ ပွဲနိုင် ၃ပွဲသရေ ၁၀ ပွဲရှုံးနိမ့်ထားပါတယ်။အဝေးကွင်းရဂိုး ၁၅ ဂိုးသွင်းကာ ၂၇ ဂိုးပေးထားရပါတယ်။လတ်တလောကစားထားတဲ့  အဝေးကွင်း ၅ ပွဲမှာ ၁ ပွဲသရေကျကာ ၄ ပွဲရှုံးထားပါတယ်။

ဒီနှစ်သင်း စပါးကွင်း နောက်ဆုံးတွေ့ဆုံမှု ၅ ကြိမ်ကို ပြန်ကြည့်မယ်ဆိုရင် အိမ်ရှင် စပါးက ၂ ပွဲနိုင်ပြီး ၂ ပွဲသရေကျထားပြီး ဝက်စ်ဟမ်းက တစ်ပွဲနိုင်ထားပါတယ်။နောက်ဆုံးတွေ့ဆုံမှုမှာလည်း စပါးက အဝေးကွင်းမှာ ဝက်စ်ဟမ်းကို ဝ-၁ နဲ့ အနိုင်ရထားပါတယ်။

 

ပွဲကြိုထွက်ပေါ်လာတဲ့ လူစာရင်းအရ အိမ်ရှင် စပါးအသင်းမှာတော့ ရှေ့တန်း - လူးကပ်စ်မိုရာ၊ လောရန်တေး၊ ဆွန်ဟောင်မင်၊ အလယ်တန်း - အဲရစ်ဆင်၊ ဝမ်ယာမာ၊ ဒယ်လီအယ်လီ၊ နောက်တန်း - ထရစ်ပီယာ၊ အန်ဒါဝီရယ်လ်၊ ဗာတွန်ဂန်၊ ဒန်နီရိုစ့်၊ ဂိုးသမား - ဟူဂိုလိုရစ်စ် တို့နဲ့ ပွဲထွက်လာဖို့များပြီး၊

ပွဲကြိုစာရင်းအရ ဝက်စ်ဟမ်းအသင်းမှာ ဂိုး - ဖေဘီယန်စကီး၊ နောက်တန်း - ဇာဘလက်တာ၊ ဘာဘူနာ၊ အော့ဘွန်နာ၊ မာဆူကာ၊ အလယ်တန်း - ဒီကလိုင်း ရီစ်၊ မာခ်နိုဘယ်၊ အန်တိုရီနို၊ ဆန်ဒိုဂရက်ဇ်၊ ဖိလစ် အန်ဒါဆင်၊ ရှေ့တန်းမှာ အာနာတိုဗစ် ကို တင်ပြီး ပွဲထွက်လာဖို့ များနေပါတယ်။

ဒီပွဲကိုဘွတ်ကီဒိုင်တွေက အိမ်ရှင် စပါးဘက်ကနေ တစ်လုံး ၅၅ ပြား အရှုံးပေးထားပြီး ဂိုးပေါင်းကို သုံးလုံး ၁၅ ပြား အရှုံးပေးထားပါတယ်။အစဉ်အလာအရ အိမ်ရှင်စပါး သာပေမယ့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ရှိတာကြောင့် စပါးအသင်းနဲ့ ဂိုးအနည်းကို အားပေးရမှာ ဖြစ်ပါကြောင်း...........။

KON (SPORT)

( Zawgyi )

ယေန႔ ညေန ၆ နာရီမွာ ဒီရာသီ ကေမာက္ကမ ရလဒ္ေတြနဲ႔ ပရိတ္သတ္ကို ဖမ္းစားေနတဲ့ စပါးအသင္းနဲ႔ ရာသီကုန္ဆုံးဖို႔ ၃ ပြဲသာ က်န္ေတာ့တဲ့အခ်ိန္မွာ တန္းဆင္းဇုန္ထဲက အသင္းေတြနဲ႔ ၁၃ မွတ္ကြာဟၿပီး တန္းဆင္းဖို႔ ဖိအားမရွိေတာ့တဲ့ ဝက္စ္ဟမ္းအသင္းတို႔ ဆုံေတြ႕ၾကမွာ ျဖစ္ပါတယ္။

အိမ္ကြင္း လက္ခံကစားမယ့္ စပါးက ပရီးမီးယားလိဂ္ အဆင့္ ၃ ေနရာမွာ၊ ဧည့္သည္အျဖစ္ လာကစားမယ့္ ဝက္စ္ဟမ္းက အမွတ္ေပးဇယား အဆင့္ ၁၁ ေနရာမွာ ျဖစ္သလို အစဥ္အလာနဲ႔ ကစားပုံေျခစြမ္းအရ  ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ ဖိအားနဲ႔ ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္ ေအဂ်က္ဇ္နဲ႔ ပထမအေက်ာ့အတြက္ ဖိအားမ်ားေနတဲ့ စပါးအသင္းအဖို႔ ယခုပြဲမွာ ဝက္စ္ဟမ္းကို အႏိုင္ကစားရမွာျဖစ္သလို ကစားသမားအခ်ိဳ႕ကို မျဖစ္မေန အနားေပးထားရမွာ ျဖစ္ပါတယ္။

ေလးပြဲဆက္တိုက္ ႏိုင္ပြဲမဲ့ခဲ့တဲ့ ဝက္စ္ဟမ္းအသင္းကေတာ့ ဒီပြဲမွာ အဓိက ကစားသမားေတြ  ပြဲထြက္မွာျဖစ္သလို ၿပီးခဲ့တဲ့ႏွစ္က  စပါးကြင္းမွာ သေရခံကစားခဲ့တဲ့ အျဖစ္ကလည္း ရွိခဲ့တဲ့အတြက္ ဒီပြဲမွာ အမွတ္လိုအပ္ခ်က္ရွိေနတဲ့ စပါးအတြက္ ခက္ခက္ခဲခဲ ရင္ဆိုင္ကစားရမယ့္ ပြဲစဥ္ပါဘဲ။

ဝက္စ္ဟမ္းအသင္းဟာ နည္းျပသစ္ ပယ္ရီလီဂနီ လက္ထက္မွာ အာဆင္နယ္က ဝီလ္ရႈိင္းယား၊ လူကပ္ပီရီးဇီး၊ ဖီအိုရင္တီးနားက ကားလို႔စ္ဆန္းခ်က္ဇ္၊ ဆြမ္ဆီးက ေဖဘီယန္စကီး၊ လာဇီယိုက ဖိလစ္ အန္ဒါဆန္ စတဲ့ ကစားသမားေတြ အားျဖည့္မႈမ်ားစြာ ျပဳလုပ္ခဲ့ကာ ရွိၿပီးသား တိုက္စစ္က အာနာတိုဗစ္ တို႔နဲ႔ တြဲဖက္ကာ အိမ္ကြင္းကို အဓိကထားကစားတဲ့အတြက္ ပြဲစဥ္မကုန္မီမွာဘဲ တန္းဆင္းရမယ့္ ဖိအားကေန ကင္းလြတ္ေနတာကို ေတြ႕ရပါတယ္။အေဝးကြင္းမွာလည္း ေျခေတြ႕ရင္ ေတြ႕သလို မထင္မွတ္စြာ ေျခစြမ္းေကာင္းေလ့ရွိတဲ့အတြက္ ဝက္စ္ဟမ္းအသင္းကို ေပါ့ဆကစားမိတဲ့  အသင္းမွန္သမွ် ရလဒ္ေတြ ဆုံးရႈံးခဲ့တာ၊ ခဲရာခဲဆစ္ ကစားရတာေတြကို ေတြ႕ရပါတယ္။ပယ္လ္ရီဂနီ လက္ထက္ ၄-၁ ၄- ၁ ကစားကြက္နဲ႔ ခင္းေနတဲ့ ဝက္စ္ဟမ္းအသင္း ကစားကြက္မွာ ေနာက္တန္းက ဇာဘလက္တာ၊ ဘာဘူနာ၊ ေအာ့ဘြန္နာ၊ မာဆူကူ အတြဲက လူးကပ္စ္မိုရာ၊ ေလာရန္ေတး၊ ဆြန္ေဟာင္မင္ တို႔ပါတဲ့ စပါးတိုက္စစ္ကို ထိန္းႏိုင္ဖို႔ ဘယ္ေလာက္ျပင္ဆင္ထားမလဲဆိုတာ ၾကည့္ရမွာပါ။

စပါးအတြက္ ဒီရာသီအိမ္ကြင္း ၁၇ ပြဲမွာ ၁၂ ပြဲႏိုင္ ၁ ပြဲသေရ ၄ ပြဲရႈံးၿပီး သြင္းဂိုး ၃၂ ဂိုး ေပးဂိုး ၁၂ ဂိုးထိ ရွိေနပါတယ္။ဒီအခ်က္အလက္ေတြအရ စပါးေျခစြမ္းက အိမ္ကြင္းမွာ  တကယ္ဖိဖိစီစီး ကစားတဲ့အတြက္ အလယ္အလတ္ အသင္းေတြကို ႏိုင္သင့္တာႏိုင္ေအာင္ ကစားႏိုင္တာကို ၿပီးခဲ့တဲ့ ဘ႐ိုက္တန္နဲ႔ပြဲမွာ ေတြ႕ရမွာျဖစ္ပါတယ္။

ဝက္စ္ဟမ္းကေတာ့ ယခုရာသီမွာ အမွတ္ေပးပြဲ ၃၅ ပြဲ ကစားၿပီးခ်ိန္အထိ ၁၂ ပြဲႏိုင္ ၇ ပြဲသေရ၊ ၁၆ ပြဲရႈံးထားၿပီး ရမွတ္ ၄၃ မွတ္နဲ႔ အဆင့္-၁၁ ေနရာမွာ ရပ္တည္ေနပါတယ္။အေဝးကြင္း ၁၇ ပြဲမွာ ၄ ပြဲႏိုင္ ၃ပြဲသေရ ၁၀ ပြဲရႈံးနိမ့္ထားပါတယ္။အေဝးကြင္းရဂိုး ၁၅ ဂိုးသြင္းကာ ၂၇ ဂိုးေပးထားရပါတယ္။လတ္တေလာကစားထားတဲ့  အေဝးကြင္း ၅ ပြဲမွာ ၁ ပြဲသေရက်ကာ ၄ ပြဲရႈံးထားပါတယ္။

ဒီႏွစ္သင္း စပါးကြင္း ေနာက္ဆုံးေတြ႕ဆုံမႈ ၅ ႀကိမ္ကို ျပန္ၾကည့္မယ္ဆိုရင္ အိမ္ရွင္ စပါးက ၂ ပြဲႏိုင္ၿပီး ၂ ပြဲသေရက်ထားၿပီး ဝက္စ္ဟမ္းက တစ္ပြဲႏိုင္ထားပါတယ္။ေနာက္ဆုံးေတြ႕ဆုံမႈမွာလည္း စပါးက အေဝးကြင္းမွာ ဝက္စ္ဟမ္းကို ဝ-၁ နဲ႔ အႏိုင္ရထားပါတယ္။

ပြဲႀကိဳထြက္ေပၚလာတဲ့ လူစာရင္းအရ အိမ္ရွင္ စပါးအသင္းမွာေတာ့ ေရွ႕တန္း - လူးကပ္စ္မိုရာ၊ ေလာရန္ေတး၊ ဆြန္ေဟာင္မင္၊ အလယ္တန္း - အဲရစ္ဆင္၊ ဝမ္ယာမာ၊ ဒယ္လီအယ္လီ၊ ေနာက္တန္း - ထရစ္ပီယာ၊ အန္ဒါဝီရယ္လ္၊ ဗာတြန္ဂန္၊ ဒန္နီ႐ိုစ့္၊ ဂိုးသမား - ဟူဂိုလိုရစ္စ္ တို႔နဲ႔ ပြဲထြက္လာဖို႔မ်ားၿပီး၊

ပြဲႀကိဳစာရင္းအရ ဝက္စ္ဟမ္းအသင္းမွာ ဂိုး - ေဖဘီယန္စကီး၊ ေနာက္တန္း - ဇာဘလက္တာ၊ ဘာဘူနာ၊ ေအာ့ဘြန္နာ၊ မာဆူကာ၊ အလယ္တန္း - ဒီကလိုင္း ရီစ္၊ မာခ္ႏိုဘယ္၊ အန္တိုရီႏို၊ ဆန္ဒိုဂရက္ဇ္၊ ဖိလစ္ အန္ဒါဆင္၊ ေရွ႕တန္းမွာ အာနာတိုဗစ္ ကို တင္ၿပီး ပြဲထြက္လာဖို႔ မ်ားေနပါတယ္။

ဒီပြဲကိုဘြတ္ကီဒိုင္ေတြက အိမ္ရွင္ စပါးဘက္ကေန တစ္လုံး ၅၅ ျပား အရႈံးေပးထားၿပီး ဂိုးေပါင္းကို သုံးလုံး ၁၅ ျပား အရႈံးေပးထားပါတယ္။အစဥ္အလာအရ အိမ္ရွင္စပါး သာေပမယ့္ ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္ ရွိတာေၾကာင့္ စပါးအသင္းနဲ႔ ဂိုးအနည္းကို အားေပးရမွာ ျဖစ္ပါေၾကာင္း...........။

KON (SPORT)