【 အားကစား 】 ဂိုးပြတ်နိုင်ပွဲယူမယ့် မန်စီးတီး

【 အားကစား 】 ဂိုးပြတ်နိုင်ပွဲယူမယ့် မန်စီးတီး

ပရီးမီးယားလိဂ် ပွဲစဉ် (၁၀) အဖြစ် မန်စီးတီးအသင်းနဲ့ အက်စတွန်ဗီလာအသင်းတို့ ယနေ့ည ၆း၀၀ နာရီအချိန်မှာ မန်စီးတီးအသင်းရဲ့ အိမ်ကွင်းဖြစ်တဲ့ အီတီဟတ်ကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

မန်စီးတီးအသင်းအနေနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်များအဖြစ် အိမ်ကွင်းမှာ ဘရိုက်တန်အသင်းကို ၄-၀၊ ဝက်ဖို့ဒ်အသင်းကို ၈-၀ နဲ့ အနိုင်ရရှိခဲ့ပြီး စပါးအသင်းနဲ့ သရေရလဒ်ရရှိခဲ့ကာ ဝုဗ်အသင်းကို ရှုံးနိမ့်ခဲ့ပါတယ်။

အဝေးကွင်းသွားရောက်ကစားခဲ့တဲ့ ပွဲစဉ်တွေမှာ ဝက်စ်ဟမ်း၊ ဘုန်းမောက်၊ အဲဗာတန်၊ ခရစ္စတယ်ပဲလေ့စ် အသင်းတွေကို ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး နော့ဝစ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့အတွက် ၉ ပွဲကစားအပြီး ရမှတ် ၁၉ မှတ်ရရှိကာ အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရပ်တည်လျက်ရှိပါတယ်။

အက်စတွန်ဗီလာအသင်းအနေနဲ့ အိမ်ကွင်းပွဲစဉ်တွေမှာ အဲဗာတန်၊ ဘရိုက်တန် အသင်းတွေကို အနိုင်ရရှိခဲ့ပြီး ဝက်စ်ဟမ်း၊ ဘန်လေ အသင်းတို့နဲ့ သရေရလဒ်ရရှိခဲ့ကာ ဘုန်းမောက်အသင်းကို ရှုံးနိမ့်ခဲ့ပါတယ်။

အဝေးကွင်းပွဲစဉ်တွေမှာ စပါး၊ ခရစ္စတယ်ပဲလေ့စ်၊ အာဆင်နယ် အသင်းတွေကို ရှုံးနိမ့်ခဲ့ပြီး နော့ဝစ်အသင်းကို အနိုင်ရရှိခဲ့တဲ့အတွက် ၉ ပွဲကစားအပြီး ရမှတ် ၁၁ မှတ်ရရှိကာ အမှတ်ပေးဇယား အဆင့် ၁၂ နေရာမှာ ရပ်နည်လျက်ရှိပါတယ်။

အခုပွဲစဉ်ကို ဘွတ်ကီဒိုင်တွေက မန်စီးတီးအသင်းဘက်မှ ၃ လုံး ၅၀ အနိုင် ဖွင့်လှစ်ထားပြီး ဂိုးပေါင်း ၄ လုံး ၂၀ အရှုံး ဖွင့်လှစ်ထားပါတယ်။

နှစ်သင်းတွေ့ဆုံမှု နောက်ဆုံး ၁၅ ကြိမ်မှာ မန်စီးတီးအသင်းက ၁၁ ပွဲနိုင် ၁ ပွဲသရေ ၃ ပွဲရှုံးနိမ့်ခဲ့ပါတယ်။မန်စီးတီး အိမ်ကွင်းမှာ နောက်ဆုံးကစားခဲ့တဲ့ ၇ ပွဲမှာ မန်းစီးတီးအသင်းက ပွဲစဉ်အားလုံးအနိုင်ရရှိခဲ့ပြီး အဲ့ဒီအနိုင်ရတဲ့ပွဲစဉ်တွေမှာ ၆ ပွဲက ၃ ဂိုးနဲ့အထက် ဂိုးပြတ်နိုင်ပွဲ ရယူထားတာဖြစ်ပါတယ်။

 

အက်စတွန်ဗီလာအသင်းအနေနဲ့ စုစည်းညီညွတ်မှု အားကောင်းနေပြီး နောက်ဆုံးကစားခဲ့တဲ့ ၃ ပွဲမှာ ၂ ပွဲနိုင် ၁ ပွဲသရေရလဒ် ရရှိခဲ့ပါတယ်။ကစားခဲ့ပြီးတဲ့ ၉ ပွဲမှာ ၃ ဂိုးပြတ် ရှုံးနိမ့်ခဲ့ခြင်းမရှိဘဲ အခုပွဲစဉ်ကို ရလဒ်ကောင်းရရှိဖို့ ကြိုးစားကစားလာမှာ ဖြစ်ပါတယ်။

မန်စီးတီးအသင်းအနေနဲ့ လီဗာပူးလ်အသင်းနဲ့ ၆ မှတ် ကွာဟနေပြီး သောကြာနေ့က ကစားခဲ့တဲ့ပွဲစဉ်မှာ လက်စတာအသင်း ဂိုးပြတ်အနိုင်ရရှိသွားတဲ့အတွက် အမှတ်ပေးဇယား အဆင့် ၂ နေရာမှ အဆင့် ၃ နေရာ ဆင်းပေးလိုက်ရတဲ့အတွက် အခုပွဲစဉ်ကို အနိုင်ရရှိဖို့ ကြိုးစားကစားလာမှာ ဖြစ်ပါတယ်။

မန်စီးတီးအသင်းရဲ့ ခံစစ်ကစားသမားများ ဒဏ်ရာရရှိနေပြီး အသင်းရဲ့ အားထားရတဲ့ ကစားသမားဖြစ်တဲ့ ရိုဒရီဂို ထပ်မံဒဏ်ရာရရှိသွားပေမယ့် အကောင်းဆုံးတိုက်စစ်ကို ပိုင်ဆိုင်ထားမှု၊ အိမ်ကွင်းအားသာချက်၊ အမှတ်လိုအပ်ချက် ပြင်းထန်နေမှု၊ လက်ရှိခြေစွမ်း၊ သမိုင်းအစဉ်အလာ ဂိုးပြတ်နိုင်ပွဲရယူထားနိုင်တဲ့ မန်စီးတီးအသင်းနဲ့သာ လက်တွဲသင့်ပါကြောင်း....................။

KON (SPORT)

( Zawgyi )











KON (SPORT)