【 အားကစား 】 ဂလာဘတ်ကွင်းမှာ တိုက်စစ်အားကောင်းတဲ့ လိုက်ပ်ဇစ် အနိုင်ရမလား

【 အားကစား 】 ဂလာဘတ်ကွင်းမှာ တိုက်စစ်အားကောင်းတဲ့ လိုက်ပ်ဇစ် အနိုင်ရမလား

ဘွန်ဒက်စ်လီဂါ ပွဲစဉ် (၃) အဖြစ် ဂလက်ဘတ်အသင်းနဲ့ လိုက်ပဇစ်အသင်းတို့ ယနေ့ည ၁ နာရီအချိန်မှာ ဂလတ်ဘတ်အသင်းရဲ့ အိမ်ကွင်းဖြစ်တဲ့ ဘိုရူစီယာကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

ဂလတ်ဘတ်အသင်းအနေနဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဉ် ၂ ပွဲ ကစားအပြီး ၁ ပွဲနိုင် ၁ ပွဲသရေ ရလဒ်ရရှိခဲ့တဲ့အတွက် ရမှတ် ၄ မှတ်ရရှိပြီး အဆင့် ၇ နေရာမှာ ရပ်တည်လျှက်ရှိပါတယ်။အဖွင့်ပွဲစဉ်အဖြစ် အိမ်ကွင်းမှာကစားခဲ့တဲ့ ရှော့ကေးအသင်းနဲ့ ပွဲစဉ်မှာ ဘောလုံးပိုင်ဆိုင်ခွင့် ၆၀ ရာခိုင်နှုန်းရှိခဲ့ပြီး ဂိုးသွင်းခွင့် ၁၆ ကြိမ် ရရှိခဲ့ပေမယ့် ဂိုးသွင်းယူနိုင်ခြင်းမရှိတဲ့ အတွက် ဝ-၀ သရေရလဒ်ကို ရရှိခဲ့ပါတယ်။ဒုတိယပွဲစဉ်အဖြစ် မိန့်အသင်းရဲ့ အိမ်ကွင်းမှာ ကစားခဲ့တဲ့ ပွဲစဉ်မှာတော့ ဘောလုံးပိုင်ဆိုင်ခွင့် ၅၂ ရာခိုင်နှုန်းရှိခဲ့ပြီး ဂိုးသွင်းခွင့် ၁၅ ကြိမ် ရရှိခဲ့ကာ ၁-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

အခုပွဲစဉ်မှာ ဂိုး - ယန်းဆွန်မာ၊ နောက်တန်းကစားသမားများအဖြစ် အောစကာဝမ့်၊ မာတီးနက် ဂင်တာ၊ စတီဖင်လိုင်နာ၊ အလယ်တန်းကစားသမားများအဖြစ် ဒန်းနစ်ဇာကာရီအာ၊ ဂျွန်ဆင်၊ လက်ဇလိုဘန်းနက်၊ နူဟက် ရှေ့တန်းကစားသမားများအဖြစ် အဲလစ်ဆန်ပလီယာ၊ တူရန် တို့ ပါဝင်ကစားလာနိုင်ပါတယ်။

လိုက်ပ်ဇစ်အသင်းအနေနဲ့ ဘွန်ဒက်စ်လီဂါပွဲစဉ် ၂ ပွဲ ကစားအပြီး ၂ ပွဲစလုံး အနိုင်ရရှိခဲ့တဲ့အတွက် ရမှတ် ၆ မှတ်ရရှိပြီး ဂိုးကွားခြားချက်ကြောင့် အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။အဖွင့်ပွဲစဉ်အဖြစ် တန်းတက် ယူနီယံဘာလင်အသင်းရဲ့ အိမ်ကွင်းမှာ သွားရောက်ကစားခဲ့ရာမှာ ဘောလုံးပိုင်ဆိုင်ခွင့် ၆၄ ရာခိုင်နှုန်းရရှိခဲ့ပြီး ဂိုးကန်သွင်းမှု ၁၄ ကြိမ်ရရှိခဲ့ကာ ဝ-၄ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ဒုတိယပွဲစဉ်အဖြစ် အိမ်ကွင်းမှာ ဖရန့်ဖတ်အသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ဘောလုံးပိုင်ဆိုင်ခွင့် ၄၃ ရာခိုင်နှုန်းရှိခဲ့ပြီး ဂိုးကန်သွင်းခွင့် ၁၂ ကြိမ်ရရှိခဲ့ကာ ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

အခုပွဲစဉ်ကို ဂိုး - ပီတာ၊ နောက်တန်းကစားသမားများအဖြစ် နော်ဒီမူကီလီ၊ အီဘရာဟီမာကိုနိတ်၊ ဝီလီအော်ဘန်၊ အလယ်တန်းကစားသမားများအဖြစ် လူးကပ်ကလော်စတာ၊ မာဆယ်ဆာဘစ်ဇာ၊ ဒီဂျီယိုဒန်မီ၊ ခရစ်စတိုဖာ၊ မာဆယ်ဟယ်စတန်ဘာ့၊ ရှေ့တန်းကစားသမားများအဖြစ် ယူဆွတ်ပေါ်ဆင် တို့ ပါဝင်ကစားလာနိုင်ပါတယ်။

အခုပွဲစဉ်ကို ဘွတ်ကီဒိုင်တွေက လိုက်ပဇစ်အသင်းဘက်မှ သရေ ၇၀ အရှုံး ဖွင့်လှစ်ထားပြီး ဂိုးပေါင်း ၃ လုံး ၁၀ ပြားအနိုင် ဖွင့်လှစ်ထားပါတယ်။

နှစ်သင်းတွေ့ဆုံမှု နောက်ဆုံး ၆ ပွဲမှာ လိုက်ပဇစ်အသင်းက ၄ ပွဲနိုင်၊ ၂ ပွဲသရေ ရလဒ်ရရှိခဲ့ပါတယ်။ယမန်နှစ်က ကစားခဲ့တဲ့ ဂလတ်ဘတ်အသင်းရဲ့ အိမ်ကွင်းပွဲစဉ်မှာ ဂလာဘတ်အသင်းက ဘောလုံးပိုင်ဆိုင်ခွင့် ၆၁ ရာခိုင်နှုန်းရှိခဲ့ပြီး ဂိုးပေါက်ကန်သွင်းမှု ၁၅ ကြိမ် ရရှိခဲ့ပေမယ့် ၁-၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

 

အခုပွဲစဉ်မှာ ဂလာဘတ်အသင်း အိမ်ကွင်းအားသာချက်နဲ့ ယမန်နှစ်က ရှုံးနိမ့်ခဲ့တဲ့ ရှုံးကြွေးကို ပြန်လည်လက်စားချေဖို့ ကြိုးစားလာမှာဖြစ်ပြီး အခုနှစ်မှာလည်း ရလဒ်ကောင်းကို ရရှိနေတဲ့အတွက် အဝေးကွင်းရလဒ် တည်ငြိမ်မှုမရှိတဲ့ လက်ပဇစ်အသင်းကို အခုပွဲစဉ်မှာ မရှုံးနိမ့်နိုင်တဲ့အတွက် ဂလတ်ဘတ်အသင်းနဲ့သာ လက်တွဲသင့်ပါကြောင်း..........။

KON (SPORT)

( Zawgyi )

ဘြန္ဒက္စ္လီဂါ ပြဲစဥ္ (၃) အျဖစ္ ဂလက္ဘတ္အသင္းနဲ႔ လိုက္ပဇစ္အသင္းတို႔ ယေန႔ည ၁ နာရီအခ်ိန္မွာ ဂလတ္ဘတ္အသင္းရဲ႕ အိမ္ကြင္းျဖစ္တဲ့ ဘိုရူစီယာကြင္းမွာ ယွဥ္ၿပိဳင္ကစားၾကမွာ ျဖစ္ပါတယ္။

ဂလတ္ဘတ္အသင္းအေနနဲ႔ ဘြန္ဒက္စ္လီဂါ ပြဲစဥ္ ၂ ပြဲ ကစားအၿပီး ၁ ပြဲႏိုင္ ၁ ပြဲသေရ ရလဒ္ရရွိခဲ့တဲ့အတြက္ ရမွတ္ ၄ မွတ္ရရွိၿပီး အဆင့္ ၇ ေနရာမွာ ရပ္တည္လွ်က္ရွိပါတယ္။အဖြင့္ပြဲစဥ္အျဖစ္ အိမ္ကြင္းမွာကစားခဲ့တဲ့ ေရွာ႔ေကးအသင္းနဲ႔ ပြဲစဥ္မွာ ေဘာလံုးပိုင္ဆိုင္ခြင့္ ၆၀ ရာခိုင္ႏွဳန္းရွိခဲ့ၿပီး ဂိုးသြင္းခြင့္ ၁၆ ႀကိမ္ ရရွိခဲ့ေပမယ့္ ဂိုးသြင္းယူႏိုင္ျခင္းမရွိတဲ့ အတြက္ ၀-၀ သေရရလဒ္ကို ရရွိခဲ့ပါတယ္။ဒုတိယပြဲစဥ္အျဖစ္ မိန္႔အသင္းရဲ႕ အိမ္ကြင္းမွာ ကစားခဲ့တဲ့ ပြဲစဥ္မွာေတာ့ ေဘာလံုးပိုင္ဆိုင္ခြင့္ ၅၂ ရာခိုင္ႏွဳန္းရွိခဲ့ၿပီး ဂိုးသြင္းခြင့္ ၁၅ ႀကိမ္ ရရွိခဲ့ကာ ၁-၃ ဂိုးနဲ႔ အႏုိင္ရရွိခဲ့ပါတယ္။

အခုပြဲစဥ္မွာ ဂိုး - ယန္းဆြန္မာ၊ ေနာက္တန္းကစားသမားမ်ားအျဖစ္ ေအာစကာဝမ့္၊ မာတီးနက္ ဂင္တာ၊ စတီဖင္လိုင္နာ၊ အလယ္တန္းကစားသမားမ်ားအျဖစ္ ဒန္းနစ္ဇာကာရီအာ၊ ဂၽြန္ဆင္၊ လက္ဇလိုဘန္းနက္၊ ႏူဟက္ ေရွ႕တန္းကစားသမားမ်ားအျဖစ္ အဲလစ္ဆန္ပလီယာ၊ တူရန္ တို႔ ပါဝင္ကစားလာႏုိင္ပါတယ္။

လိုက္ပ္ဇစ္အသင္းအေနနဲ႔ ဘြန္ဒက္စ္လီဂါပြဲစဥ္ ၂ ပြဲ ကစားအၿပီး ၂ ပြဲစလံုး အႏုိင္ရရွိခဲ့တဲ့အတြက္ ရမွတ္ ၆ မွတ္ရရွိၿပီး ဂိုးကြားျခားခ်က္ေၾကာင့္ အဆင့္ ၃ ေနရာမွာ ရပ္တည္ေနပါတယ္။အဖြင့္ပြဲစဥ္အျဖစ္ တန္းတက္ ယူနီယံဘာလင္အသင္းရဲ႕ အိမ္ကြင္းမွာ သြားေရာက္ကစားခဲ့ရာမွာ ေဘာလံုးပိုင္ဆိုင္ခြင့္ ၆၄ ရာခိုင္ႏွဳန္းရရွိခဲ့ၿပီး ဂိုးကန္သြင္းမႈ ၁၄ ႀကိမ္ရရွိခဲ့ကာ ၀-၄ ဂိုးနဲ႔ အႏိုင္ရရွိခဲ့ပါတယ္။ဒုတိယပြဲစဥ္အျဖစ္ အိမ္ကြင္းမွာ ဖရန္႔ဖတ္အသင္းနဲ႔ ကစားခဲ့တဲ့ပြဲစဥ္မွာ ေဘာလံုးပိုင္ဆိုင္ခြင့္ ၄၃ ရာခိုင္ႏွဳန္းရွိခဲ့ၿပီး ဂိုးကန္သြင္းခြင့္ ၁၂ ႀကိမ္ရရွိခဲ့ကာ ၂-၁ ဂိုးနဲ႔ အႏိုင္ရရွိခဲ့ပါတယ္။

အခုပြဲစဥ္ကို ဂိုး - ပီတာ၊ ေနာက္တန္းကစားသမားမ်ားအျဖစ္ ေနာ္ဒီမူကီလီ၊ အီဘရာဟီမာကိုနိတ္၊ ဝီလီေအာ္ဘန္၊ အလယ္တန္းကစားသမားမ်ားအျဖစ္ လူးကပ္ကေလာ္စတာ၊ မာဆယ္ဆာဘစ္ဇာ၊ ဒီဂ်ီယိုဒန္မီ၊ ခရစ္စတိုဖာ၊ မာဆယ္ဟယ္စတန္ဘာ့၊ ေရွ႕တန္းကစားသမားမ်ားအျဖစ္ ယူဆြတ္ေပၚဆင္ တို႔ ပါဝင္ကစားလာႏုိင္ပါတယ္။

အခုပြဲစဥ္ကို ဘြတ္ကီဒိုင္ေတြက လိုက္ပဇစ္အသင္းဘက္မွ သေရ ၇၀ အရွံဳး ဖြင့္လွစ္ထားၿပီး ဂိုးေပါင္း ၃ လံုး ၁၀ ျပားအႏုိင္ ဖြင့္လွစ္ထားပါတယ္။

ႏွစ္သင္းေတြ႕ဆံုမႈ ေနာက္ဆံုး ၆ ပြဲမွာ လိုက္ပဇစ္အသင္းက ၄ ပြဲႏိုင္၊ ၂ ပြဲသေရ ရလဒ္ရရွိခဲ့ပါတယ္။ယမန္ႏွစ္က ကစားခဲ့တဲ့ ဂလတ္ဘတ္အသင္းရဲ႕ အိမ္ကြင္းပြဲစဥ္မွာ ဂလာဘတ္အသင္းက ေဘာလံုးပိုင္ဆိုင္ခြင့္ ၆၁ ရာခိုင္ႏွဳန္းရွိခဲ့ၿပီး ဂိုးေပါက္ကန္သြင္းမႈ ၁၅ ႀကိမ္ ရရွိခဲ့ေပမယ့္ ၁-၂ ဂိုးနဲ႔ ရွံဳးနိမ့္ခဲ့ပါတယ္။

အခုပြဲစဥ္မွာ ဂလာဘတ္အသင္း အိမ္ကြင္းအားသာခ်က္နဲ႔ ယမန္ႏွစ္က ရွံဳးနိမ့္ခဲ့တဲ့ ရွံဳးေၾကြးကို ျပန္လည္လက္စားေခ်ဖို႔ ႀကိဳးစားလာမွာျဖစ္ၿပီး အခုႏွစ္မွာလည္း ရလဒ္ေကာင္းကို ရရွိေနတဲ့အတြက္ အေဝးကြင္းရလဒ္ တည္ၿငိမ္မႈမရွိတဲ့ လက္ပဇစ္အသင္းကို အခုပြဲစဥ္မွာ မရွံဳးနိမ့္ႏိုင္တဲ့အတြက္ ဂလတ္ဘတ္အသင္းနဲ႔သာ လက္တြဲသင့္ပါေၾကာင္း..........။

KON (SPORT)