【 အားကစား 】 ချန်ပီယံလိဂ် အဖွင့်ပွဲစဉ်မှာ အနိုင်ရဖို့မလွယ်တဲ့ ချန်ပီယံ လီဗာပူးလ်

【 အားကစား 】 ချန်ပီယံလိဂ် အဖွင့်ပွဲစဉ်မှာ အနိုင်ရဖို့မလွယ်တဲ့ ချန်ပီယံ လီဗာပူးလ်

ချန်ပီယံလိဂ် အဖွင့်ပွဲစဉ်အဖြစ် နာပိုလီအသင်းနဲ့ လီဗာပူးလ်အသင်းတို့ ယနေ့ည ၁ နာရီခွဲအချိန်မှာ နာပိုလီအသင်းရဲ့ အိမ်ကွင်းဖြစ်တဲ့ ဆမ်ပါအိုလိုကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

နာပိုလီအသင်းအနေနဲ့ ယမန်နှစ်က အီတလီ စီးရီးအေ အမှတ်ပေးပွဲမှာ ဒုတိယရရှိခဲ့တဲ့အတွက် ချန်ပီယံလိဂ်ပွဲစဉ်တွေကို တိုက်ရိုက်ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်ပြီး UEFA အဆင့်သတ်မှတ်ချက် ၁၅ နေရာမှာ ရပ်တည်နေပါတယ်။ဗိုလ်စွဲရန် ရေပန်းစားမှုအနေနဲ့ ၃၃ လေး ၁ လေး ကြေးဖွင့်လှစ်ထားပြီး ယမန်နှစ်က အုပ်စုတွင်းကစားခဲ့တဲ့ ပွဲစဉ်တွေမှာ ၂ ပွဲနိုင် ၃ ပွဲသရေ ၁ ပွဲရှုံး ရလဒ်ရရှိခဲ့ပါတယ်။

အီတလီ စီးရီးအေပြိုင်ပွဲ ၃ ပွဲကစားခဲ့တဲ့ နာပိုလီအသင်းအနေနဲ့ ဖီအိုရင်တီးနားအသင်းရဲ့ အိမ်ကွင်းမှာ ကစားခဲ့စဉ်က ဘောလုံးပိုင်ဆိုင်မှု ၅၇ ရာခိုင်နှုန်းရှိခဲ့ပြီး ဂိုးကန်သွင်းမှု ၁၆ ကြိမ်ရရှိခဲ့ကာ ၃-၄ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ပွဲစဉ် ၂ အဖြစ် ဂျူဗင်တပ်အသင်းရဲ့ အိမ်ကွင်းမှာ ကစားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၅၅ ရာခိုင်နှုန်းရှိခဲ့ပြီး ဂိုးကန်သွင်းမှု ၁၅ ကြိမ်ရရှိခဲ့ကာ ၄-၃ နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ပွဲစဉ် ၃ အဖြစ် အိမ်ကွင်းမှာ ဆမ်ဒိုးရီးယားအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၆၇ ရာခိုင်နှုန်းရှိခဲ့ပြီး ဂိုးကန်သွင်းမှု ၂၆ ကြိမ်ရရှိခဲ့ကာ ၂-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

အခုပွဲစဉ်ကို ဂိုး - အဲလက်မာရက်၊ နောက်တန်းကစားသမားများအဖြစ် ဂျီအိုဗန်နီ၊ နီကိုလာ၊ ကူလီဘလီ၊ ဂူလမ်၊ အလယ်တန်းမှာ အဲဂျက်အီမက်၊ ဇီလင်စကီး၊ ဂျို့မာရီယာ၊ ဖာဘီယန်၊ လိုဇာနို၊ ရှေ့တန်းမှာ မာတန့်စ် တို့ ပါဝင်ကစားလာနိုင်ပါတယ်။

လီဗာပူးလ်အသင်းအနေနဲ့ ယမန်နှစ်က ချန်ပီယံလိဂ်ဖလားရရှိခဲ့တဲ့အတွက် အခုပွဲစဉ်ကို တိုက်ရိုက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပြီး UEFA အဆင့်သတ်မှတ်ချက် ၁၃ နေရာမှာ ရပ်တည်နေပါတယ်။ဗိုလ်စွဲရန် ရေပန်းစားမှုအနေနဲ့ ၁၃ လေး ၂ လေး ကြေးဖွင့်လှစ်ထားပြီး ယမန်နှစ်က အုပ်စုတွင်းကစားခဲ့တဲ့ ပွဲစဉ်တွေမှာ ၃ ပွဲနိုင် ၃ ပွဲရှုံး ရလဒ်ရရှိခဲ့ပါတယ်။
ပရီးမီးယားလိဂ် ပွဲစဉ် ၅ ပွဲကစားအပြီး ပွဲစဉ်တိုင်းအနိုင်ရရှိခဲ့တဲ့အတွက် အမှတ်ပေးဇယားကို ဦးဆောင်နေပါတယ်။

အခုပွဲစဉ်ကို ဂိုး - အက်ဒရီယန်၊ နောက်တန်းကစားသမားများအဖြစ် ရော်ဘတ်ဆန်၊ ဗန်ဒိုက်၊ ဂျိုးမာတစ်၊ အလက်ဇန်ဒါး အာနိုးလ်၊ အလယ်တန်းမှာ ဝင်ဒန်ဂျယ်လ်၊ ဖာဘင်ဟို၊ ဟန်ဒါဆန်၊ ရှေ့တန်းကစားသမားများအဖြစ် မာနေး၊ ဖာမီနို၊ ဆာလက်ချ် တို့ ပါဝင်ကစားလာနိုင်ပါတယ်။

အခုပွဲစဉ်ကို ဘွတ်ကီဒိုင်တွေက လီဗာပူးလ်အသင်းဘက်မှ သရေ ၃၀ အရှုံး ဖွင့်လှစ်ထားပြီး ဂိုးပေါင်း ၃ လုံး ၄၀ အနိုင် ဖွင့်လှစ်ထားပါတယ်။

နှစ်သင်းတွေ့ဆုံမှု နောက်ဆုံး ၆ ကြိမ်မှာ နာပိုလီအသင်းက ၂ ပွဲနိုင် ၁ ပွဲသရေ ၃ ပွဲရှုံးနိမ့်ခဲ့ပါတယ်။

 

လီဗာပူးလ်အသင်းအနေနဲ့ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ်တိုင်းအနိုင်ရရှိထားတဲ့အတွက် ယုံကြည်မှုမြင့်မားနေမှာဖြစ်ပြီး အခုပွဲစဉ်ကိုလည်း အနိုင်ရရှိဖို့ တိုက်စစ်ဖွင့်ကစားလာမှာ ဖြစ်ပါတယ်။

နာပိုလီအသင်းအနေနဲ့ အိမ်ကွင်းမှာ ပွဲဦးထွက်ယှဉ်ပြိုင်ကစားရမှာ ဖြစ်တဲ့အတွက် တိုက်စစ်ဖွင့် ကစားလာမှာဖြစ်ပြီး စီးရီးအေပြိုင်ပွဲ ပွဲစဉ်တွေမှာ တစ်ဖက်အသင်းကို ဘောလုံးပိုင်ဆိုင်မှုအသာ၊ ဂိုးသွင်းခွင့်အသာ ရရှိအောင် စွမ်းဆောင်ကစားနိုင်ခဲ့ပါတယ်။

ယမန်နှစ်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုအဆ ပွဲစဉ်မှာလည်း နာပိုလီအသင်းနဲ့ လီဗာပူးလ်အသင်းတို့ အုပ်စုအဆင့်မှာဘဲ တွေ့ဆုံယှဉ်ပြိုင်ခဲ့ပြီး နာပိုလီအသင်းက ၁-၀ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ရာသီကြို ခြေစမ်းပွဲစဉ်မှာလည်း နာပိုလီအသင်းက ဝ-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ချန်ပီယံလိဂ်အိမ်ကွင်းမှာ ၂၀၁၀ ခုနှစ်နောက်ပိုင်း  လီဗာပူးလ်အသင်းကို မရှုံးနိမ့်ခဲ့တဲ့ နာပိုလီအသင်းအနေနဲ့ အဝေးကွင်းခြေစွမ်းညံ့လေ့ရှိတဲ့ လီဗာပူးလ်အသင်းကို အိမ်ကွင်းအားသာချက်၊ သမိုင်းအစဉ်အလာတွေကြောင့် မရှုံးနိမ့်နိုင်တဲ့အတွက် အခုပွဲစဉ်ကို နာပိုလီအသင်းနဲ့သာ လက်တွဲသင့်ပါကြောင်း.........................။

KON (SPORT)

( Zawgyi )

ခ်န္ပီယံလိဂ္ အဖြင့္ပြဲစဥ္အျဖစ္ နာပိုလီအသင္းနဲ႔ လီဗာပူးလ္အသင္းတို႔ ယေန႔ည ၁ နာရီခြဲအခ်ိန္မွာ နာပိုလီအသင္းရဲ႕ အိမ္ကြင္းျဖစ္တဲ့ ဆမ္ပါအိုလိုကြင္းမွာ ယွဥ္ၿပိဳင္ကစားၾကမွာ ျဖစ္ပါတယ္။

နာပိုလီအသင္းအေနနဲ႔ ယမန္ႏွစ္က အီတလီ စီးရီးေအ အမွတ္ေပးပြဲမွာ ဒုတိယရရွိခဲ့တဲ့အတြက္ ခ်န္ပီယံလိဂ္ပြဲစဥ္ေတြကို တိုက္႐ိုက္ဝင္ေရာက္ ယွဥ္ၿပိဳင္ခြင့္ရရွိခဲ့ျခင္းျဖစ္ၿပီး UEFA အဆင့္သတ္မွတ္ခ်က္ ၁၅ ေနရာမွာ ရပ္တည္ေနပါတယ္။ဗိုလ္စြဲရန္ ေရပန္းစားမႈအေနနဲ႔ ၃၃ ေလး ၁ ေလး ေၾကးဖြင့္လွစ္ထားၿပီး ယမန္ႏွစ္က အုပ္စုတြင္းကစားခဲ့တဲ့ ပြဲစဥ္ေတြမွာ ၂ ပြဲႏိုင္ ၃ ပြဲသေရ ၁ ပြဲရႈံး ရလဒ္ရရွိခဲ့ပါတယ္။

အီတလီ စီးရီးေအၿပိဳင္ပြဲ ၃ ပြဲကစားခဲ့တဲ့ နာပိုလီအသင္းအေနနဲ႔ ဖီအိုရင္တီးနားအသင္းရဲ႕ အိမ္ကြင္းမွာ ကစားခဲ့စဥ္က ေဘာလုံးပိုင္ဆိုင္မႈ ၅၇ ရာခိုင္ႏႈန္းရွိခဲ့ၿပီး ဂိုးကန္သြင္းမႈ ၁၆ ႀကိမ္ရရွိခဲ့ကာ ၃-၄ နဲ႔ အႏိုင္ရရွိခဲ့ပါတယ္။ပြဲစဥ္ ၂ အျဖစ္ ဂ်ဴဗင္တပ္အသင္းရဲ႕ အိမ္ကြင္းမွာ ကစားခဲ့ၿပီး ေဘာလုံးပိုင္ဆိုင္မႈ ၅၅ ရာခိုင္ႏႈန္းရွိခဲ့ၿပီး ဂိုးကန္သြင္းမႈ ၁၅ ႀကိမ္ရရွိခဲ့ကာ ၄-၃ နဲ႔ ရႈံးနိမ့္ခဲ့ပါတယ္။ပြဲစဥ္ ၃ အျဖစ္ အိမ္ကြင္းမွာ ဆမ္ဒိုးရီးယားအသင္းနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့ၿပီး ေဘာလုံးပိုင္ဆိုင္မႈ ၆၇ ရာခိုင္ႏႈန္းရွိခဲ့ၿပီး ဂိုးကန္သြင္းမႈ ၂၆ ႀကိမ္ရရွိခဲ့ကာ ၂-၀ ဂိုးနဲ႔ အႏိုင္ရရွိခဲ့ပါတယ္။

အခုပြဲစဥ္ကို ဂိုး - အဲလက္မာရက္၊ ေနာက္တန္းကစားသမားမ်ားအျဖစ္ ဂ်ီအိုဗန္နီ၊ နီကိုလာ၊ ကူလီဘလီ၊ ဂူလမ္၊ အလယ္တန္းမွာ အဲဂ်က္အီမက္၊ ဇီလင္စကီး၊ ဂ်ိဳ႕မာရီယာ၊ ဖာဘီယန္၊ လိုဇာႏို၊ ေရွ႕တန္းမွာ မာတန႔္စ္ တို႔ ပါဝင္ကစားလာႏိုင္ပါတယ္။

လီဗာပူးလ္အသင္းအေနနဲ႔ ယမန္ႏွစ္က ခ်န္ပီယံလိဂ္ဖလားရရွိခဲ့တဲ့အတြက္ အခုပြဲစဥ္ကို တိုက္႐ိုက္ယွဥ္ၿပိဳင္ခြင့္ ရရွိခဲ့ၿပီး UEFA အဆင့္သတ္မွတ္ခ်က္ ၁၃ ေနရာမွာ ရပ္တည္ေနပါတယ္။ဗိုလ္စြဲရန္ ေရပန္းစားမႈအေနနဲ႔ ၁၃ ေလး ၂ ေလး ေၾကးဖြင့္လွစ္ထားၿပီး ယမန္ႏွစ္က အုပ္စုတြင္းကစားခဲ့တဲ့ ပြဲစဥ္ေတြမွာ ၃ ပြဲႏိုင္ ၃ ပြဲရႈံး ရလဒ္ရရွိခဲ့ပါတယ္။
ပရီးမီးယားလိဂ္ ပြဲစဥ္ ၅ ပြဲကစားအၿပီး ပြဲစဥ္တိုင္းအႏိုင္ရရွိခဲ့တဲ့အတြက္ အမွတ္ေပးဇယားကို ဦးေဆာင္ေနပါတယ္။

အခုပြဲစဥ္ကို ဂိုး - အက္ဒရီယန္၊ ေနာက္တန္းကစားသမားမ်ားအျဖစ္ ေရာ္ဘတ္ဆန္၊ ဗန္ဒိုက္၊ ဂ်ိဳးမာတစ္၊ အလက္ဇန္ဒါး အာႏိုးလ္၊ အလယ္တန္းမွာ ဝင္ဒန္ဂ်ယ္လ္၊ ဖာဘင္ဟို၊ ဟန္ဒါဆန္၊ ေရွ႕တန္းကစားသမားမ်ားအျဖစ္ မာေနး၊ ဖာမီႏို၊ ဆာလက္ခ်္ တို႔ ပါဝင္ကစားလာႏိုင္ပါတယ္။

အခုပြဲစဥ္ကို ဘြတ္ကီဒိုင္ေတြက လီဗာပူးလ္အသင္းဘက္မွ သေရ ၃၀ အရႈံး ဖြင့္လွစ္ထားၿပီး ဂိုးေပါင္း ၃ လုံး ၄၀ အႏိုင္ ဖြင့္လွစ္ထားပါတယ္။

ႏွစ္သင္းေတြ႕ဆုံမႈ ေနာက္ဆုံး ၆ ႀကိမ္မွာ နာပိုလီအသင္းက ၂ ပြဲႏိုင္ ၁ ပြဲသေရ ၃ ပြဲရႈံးနိမ့္ခဲ့ပါတယ္။

လီဗာပူးလ္အသင္းအေနနဲ႔ လက္ရွိအခ်ိန္မွာ ပရီးမီးယားလိဂ္ၿပိဳင္ပြဲ ပြဲစဥ္တိုင္းအႏိုင္ရရွိထားတဲ့အတြက္ ယုံၾကည္မႈျမင့္မားေနမွာျဖစ္ၿပီး အခုပြဲစဥ္ကိုလည္း အႏိုင္ရရွိဖို႔ တိုက္စစ္ဖြင့္ကစားလာမွာ ျဖစ္ပါတယ္။

နာပိုလီအသင္းအေနနဲ႔ အိမ္ကြင္းမွာ ပြဲဦးထြက္ယွဥ္ၿပိဳင္ကစားရမွာ ျဖစ္တဲ့အတြက္ တိုက္စစ္ဖြင့္ ကစားလာမွာျဖစ္ၿပီး စီးရီးေအၿပိဳင္ပြဲ ပြဲစဥ္ေတြမွာ တစ္ဖက္အသင္းကို ေဘာလုံးပိုင္ဆိုင္မႈအသာ၊ ဂိုးသြင္းခြင့္အသာ ရရွိေအာင္ စြမ္းေဆာင္ကစားႏိုင္ခဲ့ပါတယ္။

ယမန္ႏွစ္ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲ အုပ္စုအဆ ပြဲစဥ္မွာလည္း နာပိုလီအသင္းနဲ႔ လီဗာပူးလ္အသင္းတို႔ အုပ္စုအဆင့္မွာဘဲ ေတြ႕ဆုံယွဥ္ၿပိဳင္ခဲ့ၿပီး နာပိုလီအသင္းက ၁-၀ နဲ႔ အႏိုင္ရရွိခဲ့ပါတယ္။ရာသီႀကိဳ ေျခစမ္းပြဲစဥ္မွာလည္း နာပိုလီအသင္းက ဝ-၃ ဂိုးနဲ႔ အႏိုင္ရရွိခဲ့ပါတယ္။

ခ်န္ပီယံလိဂ္အိမ္ကြင္းမွာ ၂၀၁၀ ခုႏွစ္ေနာက္ပိုင္း  လီဗာပူးလ္အသင္းကို မရႈံးနိမ့္ခဲ့တဲ့ နာပိုလီအသင္းအေနနဲ႔ အေဝးကြင္းေျခစြမ္းညံ့ေလ့ရွိတဲ့ လီဗာပူးလ္အသင္းကို အိမ္ကြင္းအားသာခ်က္၊ သမိုင္းအစဥ္အလာေတြေၾကာင့္ မရႈံးနိမ့္ႏိုင္တဲ့အတြက္ အခုပြဲစဥ္ကို နာပိုလီအသင္းနဲ႔သာ လက္တြဲသင့္ပါေၾကာင္း.........................။

KON (SPORT)