【 အားကစား 】 ကားလို့စ်ရဲ့ အကြိုက်ဆုံး အင်္ဂလန်ကစားသမား

【 အားကစား 】 ကားလို့စ်ရဲ့ အကြိုက်ဆုံး အင်္ဂလန်ကစားသမား

ဘရာဇီးနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ရဲ့ ဘယ်နောက်ခံနေရာမှာကစားပြီး ကန်ချက်ပြင်းတဲ့ တည်ကန်ဘောတွေနဲ့ ဂိုးသွင်းယူလေ့ရှိတဲ့ အရပ်ပုပုကစားသမားကြီး ရောဘတ်တို ကားလို့စ် ကို ဘောလုံးပရိသတ်တွေ မှတ်မိကြမယ်ထင်ပါတယ်။

ဘရာဇီးလက်‌ရွေးစင်‌ဟောင်း ရီးရဲလ်မက်ဒရစ်အသင်း ဂန္တဝင်ကစားသမားကြီး ရောဘတ်တို ကားလို့စ်ဟာ သူ့ရဲ့အကြိုက်ဆုံး အင်္ဂလန်ကစားသမားတစ်ဦးကို အံ့အားသင့်ဖွယ် ရွေးချယ်ပေးခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းမှာ ကစားခဲ့စဉ်က ကားလို့စ်အနေနဲ့ အင်္ဂလန်ရဲ့ နာမည်ကျော်ကစားသမားများဖြစ်တဲ့ ဒေးဗစ်ဘက်ခမ်၊ စတိဖ် မက်မာနာမန်၊ မိုက်ကယ်အိုဝင်၊ ဂျိုနသန် ဝုဒ်ဂိတ်တို့နဲ့ အသင်းဖော်ဖြစ်ခဲ့ဖူးပါတယ်။ဒီအတွက် ကားလို့စ်ရဲ့ အကြိုက်ဆုံး အင်္ဂလန်ကစားသမားဟာ ၎င်းတွဲဖက်ကစားဖူးတဲ့ အင်္ဂလန်ကစားသမားတွေထဲကပဲ ရွေးချယ်ဖွယ်ရှိတယ်လို့ မှတ်ယူထားကြပေမယ့် ကားလို့စ်ဘက်ကတော့ အံ့အားသင့်ဖွယ်ရွေးချယ်မှုကို ပြုလုပ်သွားခဲ့ပါတယ်။

ဘရာဇီးဂန္တဝင်ကြီး အံ့အားသင့်ဖွယ်ရွေးချယ်ခဲ့တဲ့ အကြိုက်ဆုံး အင်္ဂလန်ကစားသမားကတော့ ချဲလ်ဆီးဂန္တဝင်ကစားသမား အင်္ဂလန်လက်ရွေးစင်ဟောင်းဖြစ်သူ ဂျွန်တယ်ရီပဲဖြစ်ပါတယ်။ဂျွန်တယ်ရီဟာ ဥရောပအကောင်းဆုံးနောက်တန်းကစားသမားအဖြစ် ၂၀၀၅, ၂၀၀၈ နဲ့ ၂၀၀၉ တို့မှာ သတ်မှတ်ခံခဲ့ရသူဖြစ်ပါတယါ။

"ကြီးကျယ်ခမ်းနားတဲ့ ခေါင်းဆောင် ဂျွန်တယ်ရီ" လို့ ရောဘတ်တို ကားလို့စ် က SPORTbible သို့ ဖြေကြားခဲ့ပါတယ်။

"လမ်းပတ်၊ ဂျရတ်တို့က တကယ့်ကိုအံ့မခန်းကစားသမားတွေပါ၊ ဒါပေမဲ့ ဂျွန်တယ်ရီကတော့ ကွဲပြားတယ်" လို့ ကားလို့စ် က ဆက်ပြောပါတယ်။

"ကျနော် အင်္ဂလိပ်ဘောလုံးကို ကြိုက်တယ်၊ ကစားသမားတွေရဲ့ အရည်အသွေးနဲ့ ခံစားချက်‌ကို ကျနော်အရမ်းသဘောကျတယ်၊ အင်္ဂလိပ်လိဂ်က ကမ္ဘာ့အကောင်းဆုံးတွေထဲက တစ်ခုပါ" လို့ ကားလို့စ် က ပြောကြားခဲ့ပါသေးတယ်။

ရောဘတ်တို ကားလို့စ်ဟာ ဘရာဇီးလက်ရွေးစင်အသင်းအတွက် ကစားရင်း အင်္ဂလန်လက်ရွေးစင်အသင်းနဲ့ အကြိမ်ကြိမ်ယှဉ်ပြိုင်ခဲ့ဖူးသူဖြစ်ပြီး၊ ၂၀၀၂ ကမ္ဘာ့ဖလား ကွာတား‌ဖိုင်နယ်မှာ ဘရာဇီးအသင်းက အင်္ဂလန်အသင်းကို ၂-၁ ဂိုးရလဒ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်ကတော့ ကားလို့စ်အတွက် အမှတ်တရအရှိဆုံး ပွဲစဉ်ဖြစ်ခဲ့ပါတယ်။

Linko
ဇန်နဝါရီ - ၁၁